Channel Myanmar

Thriller

San Andreas (2015) 6.1
San Andreas (2015) Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size…    7GB / 1.5 GB /  813 MB Quality… BluRay 4k ...
movie

San Andreas (2015)

4K HEVC
The Image of You (2024)
The Image of You (2024)  ၂၀၂၄ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ လျှို့ဝှက်သည်းဖိုအပြင် ရိုမန်တစ်ဆန်တဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ identical twins ညီအစ်မဖြစ်တဲ့ အန်နာနဲ့ဇိုဝီကိုဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတူပြီး သံယောဇဥ်လည်းရှိကြသော်လည်းမတူညီတဲ့ စရိုက်သွင်ပြင်လက္ခဏာတွေရှိတဲ့အန်နာနဲ့ ဇိုဝီ တို့ အမြွှာညီမရဲ့ အတိတ်ကအကြောင်းတွေကဘယ်လိုဖြစ်မလဲဆိုတာအပြင် ဒီဇာတ်ကားမှာဆိုရင်တော့ မင်းသမီး Sasha Pieterseရဲ့ မတူညီတဲ့ ဇာတ်ကောင်၂ခုကို ငြိမ့်ငြိမ့်လေးနဲ့ကွဲနေအောင်သရုပ်ဆောင်သွားပုံကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ကားလုံးဇာတ်ရှိန်မပျက်ရ‌‌၊မပျင်းရအောင် ခေါ်ဆောင်သွားနိုင်စွမ်းရှိတဲ့ ဒီကားလေးကို Channel Myanmar ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie

The Image of You (2024)

Mad Fate (2023) 6.4
Mad Fate (2023)  Mad Fate (2023)============"ကံလမ်းကြောင်းက ခင်းပြီးသားပေမဲ့ လျှောက်လှမ်းမဲ့ပုံစံကို ရွေးချယ်လို့ရတယ်" လူငယ်လေးတစ်ယောက်ရဲ့ဇာတာကိုကြည့်ပြီးနောက် လူသတ်‌ပြီး‌ထောင်ကျကိန်းရှိနိုင်တဲ့အတွက် ‌ဗေဒင်ဆရာကအရမ်းထိတ်လန့်သွားပြီး ကူညီပေးချင်စိတ်တွေပေါ်သွားတယ်။ အကြောင်းကတော့ အဲ့လူငယ်လေးက မကောင်းတဲ့နက္ခတ်တွေနဲ့ယှဉ်ပြီးမွေးဖွားလာတဲ့အတွက် လူသတ်ချင်စိတ်တွေအမြဲဖြစ်ပေါ်လေ့ရှိပြီး ကံအညံ့တွေနဲ့ပဲကြုံရမှာပဲဖြစ်တယ်။‌ အစက‌တော့ ဒါတွေကိုမယုံသလိုလိုနဲ့ ဂျစ်ကန်ကန်ဖြစ်ခဲ့ပေမဲ့ ထောင်မကျချင်တဲ့ဆန္ဒလေးတစ်ခုကြောင့် ဗေဒင်ဆရာဖြစ်သူကိုအကူအညီတောင်းလာပါတော့တယ်။ သူတို့နှစ်ယောက် ကံကြမ္မာကိုဘယ်လိုပြောင်းလဲကြမလဲ ပြောင်းလဲလို့ရောရပါ့မလားဆိုတာကြည့်ရှုရမဲ့ ဟောင်ကောင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.6GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Mystery, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Mad Fate (2023)

O2 (2024) 7.5
O2 (2024) O2 (2024) "အသက်ကယ်ဆေး"အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယကန်နာဒါ နောက်ခံစကားပြော ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Raghav Nayak နဲ့ Prashanth Raj တို့က ရိုက်ကူးပေးထားပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့အပြင် Ashika Ranganath, Praveen Tej နဲ့ Raghav Nayak တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအငယ်ဆုံး ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရှာရဒါလေးဟာ ငယ်ဘဝတုန်းက ဖခင်သေဆုံးမှုကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ကုသနိုင်ဖို့အတွက် သေဆုံးသွားတဲ့လူကို O2 ဆေးရည်ထိုးသွင်းပြီး ပြန်လည်အသက်ရှင်အောင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဒေါက်တာဒေ့ဗ်၊ ဒေါက်တာဗန်ကီ၊ဒေါက်တာရှရီရတီတို့နဲ့အတူတူ ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ဒီလိုမျိုး အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ရင်ဆိုင်ရင်း နောက်ဆုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့ O2 ဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…1.26GB / 605MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 45m Subtitle….Myanmar ...
movie

O2 (2024)

2024
Tarot (2024)
Tarot (2024)  နာမည်ကြီးနေတဲ့ တားရော့ သရဲကား လာပါပြီ။ ဒီကားကတော့ Final Destination ဆန်ပါတယ်။ သူငယ်ချင်းတစ်စု တောထဲကို အလည်ထွက်ရင်း အိမ်ဟောင်းကြီးထဲမှာ တားရော့ကတ်ထပ် အဟောင်းကြီးတစ်ခုကိုတွေ့သွားပါတယ်။ အဲဒီကတ်တွေက လက်နဲ့ ကိုယ်တိုင်ပုံဆွဲထားတဲ့ ကြောက်စရာပုံတွေနဲ့ ဖြစ်နေပါတယ်။သူငယ်ချင်းအုပ်ထဲကတစ်ယောက်က တားရော့ ဟောတတ်တဲ့သူဆိုတော့ အားလုံးကို အပျော်တမ်းဟောပေးလိုက်ပါတယ်။ ဟောတဲ့အချိန်မှာ ရာသီခွင်တွေနဲ့ ကတ်တွေဆက်စပ်ပြီးဟောပေးလိုက်တာပါ။ မကြာခင်မှာပဲ ဟောကိန်းထဲကအတိုင်း ကတ်ထဲက ပုံတွေအတိုင်း ကြောက်စရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပြီး သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အချိန်မှာ အသက်ရှင်ကျန်နေတဲ့ သူငယ်ချင်းတစ်အုပ်က အဖြေရှာဖို့ကြိုးစားရင်း အသက်ရှင်အောင်လုပ်ရပါတော့တယ်....ဒီဟော်ရာကားက ဇာတ်လမ်းစိတ်ဝင်စားဖို့ကောင်းသလို ဝုန်းခနဲခြောက်တာတွေလည်း ပါတာကြောင့် ဟော်ရာပရိသတ်တွေကြိုက်ကြမှာပါ။ ကတ်တွေရဲ့ကျိန်စာကို ပြန်ဖျက်ရတာကလည်း မိုက်ပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။File size…(2.2 GB) / (1.1 GB)/(550 MB) Quality….Webrip 4K HEVC / Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... ...
movie

Tarot (2024)

4K HEVC
The Dry 2 – Force of Nature (2024) 6.2
The Dry 2 – Force of Nature (2024) The Dry 2 - Force of Nature (2024)=======================စုံထောက် Aaron Falk က တောထဲ ခရီးထွက်ရာကနေ လမ်းပျောက်ခဲ့တဲ့ အမျိုးသမီးလေးယောက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ငါးယောက်မြောက်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Alice ကတော့ ကယ်တင်ခံရတဲ့အထဲမပါဘဲ ကျန်တဲ့အမျိုးသမီးတွေနဲ့ အဖွဲ့ကွဲပြီး တောထဲကျန်ခဲ့တယ်လို့ပြောတယ်။ ရဲတွေလည်း ပျောက်သွားတဲ့အမျိုးသမီး Alice ကို ရှာဖို့ တောထဲမှာ ကယ်ဆယ်ရေးအဖွဲ့တွေလွှတ်ပြီး ရှာဖွေကြတော့တယ်။ ဒါပေမဲ့ ကယ်တင်ခံရတဲ့ အမျိုးသမီးတွေပြောတဲ့စကားက တစ်ယောက်နဲ့တစ်ယောက်မတူဘဲ အမျိုးမျိုးကွဲထွက်နေပြီး ယုံစားရခက်နေတာကြောင့် Alice ကို ရှာဖွေဖို့ ဘယ်လိုတွေအခက်အခဲဖြစ်မလဲ၊ တောထဲမှာ Alice ပါဝင်တဲ့ အမျိုးသမီးအဖွဲ့ရဲ့ တကယ်ဖြစ်ပျက်ခဲ့တဲ့ဇာတ်ကြောင်းအစစ်အမှန်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ Mystery ဆန်စွာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ )File ...
movie

The Dry 2 – Force of Nature (2024)

Enough (2002) 5.8
Enough (2002) Enough (2002)===========ဆလင်းမ်ဟာ အယ်လ်အေမှာအလုပ်လုပ်တဲ့စားပွဲထိုးမလေးတစ်ယောက်ဖြစ်ပြီး သူအလုပ်လုပ်တဲ့စားသောက်ဆိုင်မှာပဲ မစ်ချ်ဟီလာ ဆိုတဲ့ အိမ်မက်ထဲက မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မစ်ချ်ဟာ ငယ်ရွယ်ချောမောပြီး မိဘအသိုင်းအဝိုင်းတောင့်တင်းသလို ငွေရှာနိုင်သူလည်းဖြစ်တယ်။သူ့ကိုလည်း လိုလေသေးမရှိဖူးဖူးမှုတ်ဂရုစိုက်တတ်လေတော့ နောက်ဆုံးမှာ လက်ထပ်ဖြစ်၊ သမီးလေးတစ်ယောက်ရလာတဲ့အထိ ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ခြောက်နှစ်ကြာပြီးတဲ့နောက်မှာတော့ အဲ့ဒီပျော်စရာအချိန်တွေကုန်လွန်ချိန်ရောက်ခဲ့ပါပြီ။အိမ်မက်ထဲက မင်းသားလေးဟာ မျက်နှာဖုံးတစ်စစနဲ့ကွာကျလာခဲ့ပြီး အကြိမ်ကြိမ်အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေစိပ်လာချိန်မှာတော့ ဆလင်းမ်တစ်ယောက်သမီးလေးကိုခေါ်ပြီး တိတ်တိတ်ကလေးအဝေးကြီးကိုထွက်ပြေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း မစ်ချ်ဟာငွေကြေးချမ်းသာရုံမက၊အဆက်အသွယ်ကလည်းကောင်းလေတော့ ဘယ်လောက်အဝေးကြီးကိုပြေးပြေး အချိန်တိုင်းသူ့လက်က မလွတ်နိုင်တဲ့အခါမှာ ဆလင်းမ်တစ်ယောက်ပြေးနေတာကိုရပ်ပြီး ပြန်လည်ရင်ဆိုင်ဖို့ပြင်ဆင်ရပါတော့တယ်။Enough Is Enough ပါပဲ။အိမ်တွင်းအကြမ်းဖက်မှုကိုအခြေခံတဲ့ thriller ကားကောင်းတစ်ကားဖြစ်ပြီး၊ အခုချိန်ထိအရွယ်တင်လှပဆဲဖြစ်တဲ့ အန်တီမမ J-lo က ခေါင်းဆောင်ပါဝင်ထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Enough (2002)

Valentine (2001) 5.0
Valentine (2001) Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie

Valentine (2001)

Faceless After Dark (2023)
Faceless After Dark (2023) Coulrophobia ဆိုတဲ့ clown တွေ လူပြက်တွေ၊ မျက်နှာမှာ ဆေးတွေခြယ် ပြုံးနေတဲ့ မျက်နှာကြီးနဲ့ လူတွေ အဲ့ပုံစံတွေကို ကြောက်ကြတဲ့ phobia တစ်ခုက လူတော်တော်များများမှာ ရှိကြတယ်။ ဒါပေမယ့် သည်ဇာတ်ကားမှာကတော့ အဲ့ဒီ့ clown တွေကို clown တွေ လူသတ်တဲ့ပုံစံအတိုင်း ပြန်သတ်ပြတာကို သေချာကြည့်ရမှာပဲ ဖြစ်ပါတယ်။ဘယ်လို clown တွေ ကို သတ်တာလဲ။ ဘာကြောင့် သတ်တာလဲ။ နောက်ခံက အကြောင်းတွေကကော ဘာတွေရှိမလဲ။ ပြီးတော့ ရုပ်ရှင်လောကနဲ့ လူမှုကွန်ရက်က ပုပ်ပွနေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သွေးတွေသံတွေနဲ့ တသသ ကြည့်ရမယ့် ဇာတ်ကားမျိုးကို ကြည့်ချင်ရင်တော့ ခုဇာတ်ကားက အကြည့်သင့်ဆုံးကားပဲ ဖြစ်ပါတယ်။File size…(1.1 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Faceless After Dark (2023)

You Can’t Run Forever (2024)
You Can’t Run Forever (2024) မီရန်ဒါဟာ မျက်စိရှေ့မှာ သူ့အဖေသတ်သေသွားတာကို ကိုယ်တိုင်မြင်တွေ့လိုက်ရပြီးတဲ့အခါ တစ်နှစ်ကျော်ကြာပြီးတာတောင် စိတ်ဖိစီးမှုဝေဒနာခံစားနေရပြီး အမေဖြစ်သူနဲ့လည်း အဆင်မပြေတော့ပဲ တစ်ယောက်တည်း အချိန်ကုန်ဆုံးနေပါတော့တယ်။ ဒါကို မကြည့်ရက်တဲ့ အမေဖြစ်သူက သူ့လက်ထပ်တော့မယ့် နောက်ယောက်ျား မီရန်ဒါရဲ့ ပထွေးဖြစ်သူ အက်ဒီကို မြို့ထဲသွားတဲ့အချိန်မှာ မီရန်ဒါတစ်ယောက် စိတ်ပြေလက်ပျောက်ဖြစ်အောင် ခေါ်သွားဖို့ တိုက်တွန်းရှာပါတယ်။ဒီလိုနဲ့ အက်ဒီကလည်း မီရန်ဒါကို မြို့ထဲသွားဖို့ ကားပေါ်ခေါ်လာခဲ့ပြီး စကားစမြည်ပြောနေတုန်း မီးနီသွားလို့ ကားရပ်လိုက်ပါတယ်။ အဲဒီအချိန်မှာ သက်ကြီးပိုင်း လူတစ်ယောက် ဘေးမှာ ဆိုင်ကယ်နဲ့ပေါ်ချလာပြီး အက်ဒီကို သေနတ်နဲ့ ပစ်သတ်ပါတော့တယ်။ အဲဒီအချိန်မှာ မီရန်ဒါတစ်ယောက် ဘေးက တောအုပ်ထဲကို ကမန်းကတန်း ထွက်ပြေးရပြီး သူ့နောက်မှာ ဒီလူကြီးက သေနတ်နဲ့ လိုက်လာပါတော့တယ်။ဒီတော့ ဒီလူကြီးက ဘယ်သူလဲ ဘာလို့ မီရန်ဒါတို့ကို လိုက်သတ်နေတာလဲ မီရန်ဒါကရော တောအုပ်ထဲမှာ ဒီလူကြီး အသတ်မခံရအောင် ဘယ်လိုထွက်ပြေးမလဲ လွတ်ရော လွှတ်မြောက်နိုင်ပါ့မလားဆိုတာကို ...
movie

You Can’t Run Forever (2024)

Carbone (2017) 6.5
Carbone (2017)  စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင်တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar ...
movie

Carbone (2017)

Hard Target 2 (2016) 5.3
Hard Target 2 (2016) သူငယ်ချင်းကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ မတော်တဆသတ်ခဲ့မိလို့ အပြစ်ကြွေးဆပ်ချင်ရာကနေ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ သတ်ကွင်းမှာ အမဲလိုက်ခံရသူ ဇာတ်ကားအကျဉ်း ဘေလာနှင့် ဆူသာလန်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီးတော့ နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လက်ဝှေ့သမားတွေဖြစ်ပါတယ်။သူတို့ဟာ နှစ်ယောက်ယှဉ်ထိုးဖို့ ငွေပမာဏအများကြီး ကမ်းလှမ်းခံရတဲ့အခါ ဘယ်သူနိုင်နိုင်အရေးမကြီးဘူး ပိုက်ဆံရဖို့ အဓိကပဲဆိုပြီး ယှဉ်ထိုးဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အနိုင်ရလိုစိတ်ပြင်းပြသွားတဲ့ ဘေလာက လက်လွန်သွားပြီး ဆူသာလန်ကို သေအောင် ထိုးလိုက်မိပါတယ်။ ဒီလိုကနေ စိတ်ရောလူရော ထောင်းထောင်းကြေသွားတဲ့ ဘေလာဟာ ဆူသာလန် မသေခင်ကို လိုချင်တဲ့တဲ့ ကမ်းခြေဘေးက အိမ်ကို ဝယ်ပေးဖို့ မြန်မာပြည်က ဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ရှိတဲ့ အဲဒရစ်ချ်ဆိုတဲ့လူနဲ့ ဆုံမိပြီး ထိုးပွဲတစ်ခုအတွက် လက်ခံပြီး မြန်မာပြည်ကို လိုက်လာခဲ့ပါတယ်။ဒါပေမဲ့ အဲဒီကိုရောက်သွားတဲ့အခါမှ လက်ဝှေ့ပွဲမဟုတ်ပဲ သူ့ကို ဝိုင်းအမဲလိုက်မယ့် သတ်ပွဲဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုလွှတ်မြောက်အောင်လုပ်မလဲဆိုတာကို ရင်ထဲ တလှိုက်လှိုက် ...
movie

Hard Target 2 (2016)

2016
Precious Cargo (2016) 5.5
Precious Cargo (2016)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adamsကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီးClaire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ်အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင်ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလိုခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက်မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကိုကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်းကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းကကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကိုအကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန်ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကိုဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကိုခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ်ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော်အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစားကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေသူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ...
movie

Precious Cargo (2016)

Spring Break Nightmare (2023)

Spring Break Nightmare (2023)

Paune 9 (2023) 6
Paune 9 (2023) Paune 9 (2023)ဒီတစ်ခါမှာတော့ မိုးအေးအေးလေးမှာ စိမ့်နေအောင် အသတ်အဖြတ်တွေ ကြည့်ရမယ့် TV-movie လေး တင်ဆက်ပေးလိုက်ပါတယ်ဂျက်ဖာက အရမ်းကြမ်းတဲ့ ဘဲတစ်ဗွေဖြစ်ပြီး သူတို့မြို့က ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကို လုပ်ကြံကာ လူတိုင်းကြောက်ရတဲ့ ဒုစရိုက်ရာဇာတစ်ယောက် ဖြစ်လာတယ်ညဥ့်နက်သန်းခေါင် ဘာမှစားစရာမကျန်တော့တဲ့ ဆိုင်တစ်ဆိုင်မှာ အသားမှာတာကြောင့် ဆိုင်ရှင်က သူ့သားလေးအသက်ကို ရန်ရှာမှာစိုးရိမ်ပြီး ကိုယ့်အသားကိုယ်လှီးကာ ချက်ကျွေးရတဲ့အဆင့်ဒီကနေ လူသားကိုခုံမင်သွားတဲ့ ဂျက်ဖာက "လူ့အသား" လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့ နောက်မှာ ...ဘယ်လိုတွေ ရက်ရက်စက်စက် ပြကွက်တွေနဲ့အတူ horror တစ်ကားလို ပရိသတ်ကြီးကို ဖျော်ဖြေသွားမလဲဆိုတာ ကိုယ်တိုင်ဒေါင်းကြည့်လိုက်ပါနော်အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ် File size…1.43GB  / 697MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by ...
movie

Paune 9 (2023)

2023
Confidential Assignment (2017) 6.7
Confidential Assignment (2017) Confidental Assignment (2017) ****************************** ကလေးအဖေဖြစ်သွားပြီဖြစ်တဲ့ နာမည်ကြီးမင်းသား ဟျွန်ဘင်း၊ သူ့ဇနီးဖြစ်သူ ဆုန်းရယ်ဂျင်းနဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲကို အများစုက မြောက်ကိုရီးယားဗိုလ်ကြီးကားဆိုပြီး လူသိများကြပါတယ်... မင်းသားက မြောက်ကိုရီးယားဗိုလ်ကြီးကားကနေတစ်ဆင့် လက်တွေ့ဘဝမှာ ဖူးစာစုံခဲ့သလို မြောက်ကိုရီးယားလူမျိုး Character ကလည်း မင်းသားနဲ့အတော်လေး လိုက်ဖက်ပြီး အကျိုးပေးတယ်ပြောရပါမယ်...အခုတင်ဆက်ပေးတဲ့ Confidential Assignment ဇာတ်ကားကလည်းမြောက်ကိုရီးယားက ဗိုလ်မှူး Character ဖြစ်တဲ့အပြင်Girl Generation အဖွဲ့က Idol ယွန်းနာနဲ့ဟာသနာမည်ကြီးမင်းသားကြီး ယူဟယ်ဂျင်းတို့ ပါဝင်ရိုက်ကူးထားတဲ့ ကားကောင်းလေးဖြစ်လို့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး...ဇာတ်လမ်းအကျဉ်းကတော့....မြောက်ကိုရီးယားသမ္မတက စက်ရုံထောင်ပြီးတော့အထိဘယ်လိုနောက်ဆုံးပေါ်စက်တွေနဲ့စစ်စစ်အတုဆိုတာမပေါ်နိုင်တဲ့ အမေရိကန်ဒေါ်လာငွေ ငွေစက္ကူရိုက်ပလိတ်ပြားကိုလျှို့ဝှက်ပြီး ဖန်တီးနေခဲ့ပါတယ်...အဲဒါကို လာခိုးမဲ့သူတွေရှိတယ်လို့ သတင်းရထားတဲ့ဗိုလ်မှူး အင်မ်ချောလျောင်းကတော့ အထက်အမိန့်အရသူ့ရဲ့နောက်လိုက်အဖွဲ့နဲ့အတူ အသင့်အနေအထားနဲ့ စစ်ဆင်ရေးစတင်ဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်...အဲဒီအချိန်မှာ ကင်းပုန်းစောင့်နေတဲ့နေရာဆီထမင်းမစားရမှာစိုးလို့ဆိုပြီး ချောလျောင်းရဲ့မိန်းမဖြစ်သူကလည်းထမင်းဘူးလေးကိုင်ပြီး ယောကျ်ားဖြစ်သူကို ထမင်းဝင်အောင်ကျွေးဖို့ရောက်လာခဲ့ပါတယ်...ဒီလိုကနေ အထက်လူကြီးက အသင့်အနေအထားပဲနေခိုင်းနေပေမဲ့အခြေအနေမဟန်ဘူးထင်တဲ့ ချောလျောင်းကစက်ရုံထဲကိုအဖွဲ့နဲ့ဝင်သွားပြီး စစ်ဆင်ရေးစတင်ခဲ့ပါတယ်...ဒါပေမဲ့ ပလိတ်ပြားကို ခိုးယူမဲ့သူတွေက သူထင်ထားသလို ပြင်ပကလူမဟုတ်ဘဲသူ့ရဲ့အထက်လူကြီးကိုယ်တိုင်ဖြစ်နေတဲ့အခါ ..ဝင်ရှုပ်တာပဲဆိုတဲ့သဘောနဲ့ ချောလျောင်းရဲ့မိန်းမအပါအဝင်သူ့လက်အောက်က တပ်ဖွဲ့တစ်ခုလုံးကိုပါခေါင်းဆောင်ဖြစ်သူ ချာဂီဆောင်းက သူ့ရှေ့မှာ ပစ်သတ်ပြခဲ့ပါတယ်...ပြီးတာနဲ့ ချာဂီဆောင်းက ...
movie

Confidential Assignment (2017)

Stockholm, Pennsylvania (2015) 6.0
Stockholm, Pennsylvania (2015)  ရိုးရိုးရှင်းရှင်းလေးကိုမှ ရှုပ်ရှုပ်ထွေးထွေးလေးဖြစ်အောင်ရိုက်ကူးထားတဲ့ Psycho ကားတွေ ကြည့်ချင်ရင်တော့ပရိသတ်ကြီးတို့အတွက် ၂၀၁၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားဟောင်းလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ StockholmPennsylvania ဖြစ်ပြီး IMDb Rating 6 အထိရရှိထားပါတယ်။ကလေးဘ၀မှာ ကိုယ့်ကိုလူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးအဲ့ဒီလူနဲ့ပဲ ၁၇ နှစ်ကြာအောင်နေရမယ်ဆိုရင်ပရိသတ်ကြီးတို့ရောနေနိုင်ပါ့မလား။ဒီကားထဲက လေယာဆိုတဲ့ကောင်မလေးကတော့ အဲ့ဒီလိုအဖြစ်အပျက်ကိုတကယ်ကြုံခဲ့ရပြီး ၁၇ နှစ်ကြာပြီး နောက်မှာပြန်ပေးသမားကိုဖမ်းမိသွားကာသူလဲမိဘတွေရှိရာ အိမ်ကိုပြန်ရောက်လာပါတော့တယ်။ဒါပေမယ့်သူပြန်ပေးဆွဲခံရပြီး ပြန်ပေးသမားနဲ့အတူနေလာခဲ့ရတဲ့နှစ်ကာလတွေက ကြာမြင့်လွန်းတဲ့အတွက်ဦးနှောက်အဆေးခံထားရပြီး အပြင်လောကကြီးနဲ့ထိတွေ့ရတဲ့အခါမှာကြောင်တောင်တောင်ဖြစ်နေပါတော့တယ်။ဒါပေမယ့်သူ့မိဘတွေက တတ်နိုင်သလောက်သူ့အပေါ်မှာဂရုစိုက်ပေးပြီးတော်တော်ကြီးကိုဂရုစိုက်လွန်သွားတဲ့အခါမှာတော့ သူတကယ်တမ်းပျောက်ဆုံးသွားခဲ့ရတဲ့ အကြောင်းအရင်းကပြန်ပေးဆွဲခံရလို့လား တခြားအကြောင်းအရာတွေရောရှိနေဦးမလားဆိုတာတွေကိုကြည့်ရှုရမဲ့ Psycho ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.24GB / 491MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Stockholm, Pennsylvania (2015)

The Town that Dreaded Sundown (2014)
The Town that Dreaded Sundown (2014)  ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie

The Town that Dreaded Sundown (2014)

White Rose (2024) 6
White Rose (2024) White Rose (2024) "နှင်းဆီဖြူ" IMDb - 7.2/10နာမည်ကြီးမင်းသမီးချော Anandhi ပါဝင်ထားပြီးတော့ မှုခင်းဘက်ဆိုင်ရာထောက်လှမ်းစုံစမ်းရေးတွေကို သဘောကျနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်စေမှာပါ ဇာတ်လမ်းအစမှာတော့ တံတားနားမှာ မိန်းကလေးတစ်ယောက်ရဲ့အလောင်းတွေ့ရှိခဲ့တယ် အပိုင်းပိုင်းခုတ်ဖြတ်ပြီးတော့ အိတ်ထဲထည့်ပြီးစွန့်ပစ်ထားတာပါ လက်ချောင်းလေးကအစ ခုတ်ထားပါသေးတယ် အရင်ကလည်း ဒီလိုလူသတ်ပုံတွေရှိခဲ့တာ‌ကြောင့် ကွင်းဆက်လူသတ်မှုလို့‌ရဲတွေက ကောက်ချက်ချထားပါတယ်တစ်ဖက်မှာတော့ပျော်ရွှင်စရာအတိနဲ့မိသားစုလေးတစ်စု ဒီဗယာရယ် ချစ်လွန်းလို့သမီးလေးဖြစ်သူကို ဒီယာလို့တောင် နာမည်ပေးထားပြီးတော့ ဖခင်ဖြစ်သူအာရှရဖ်ရယ်က သားအမိသားအဖ ၃ယောက်သားရဲ့ ကမ္ဘာကြီးတစ်ခုပေါ့ မိန်းမဖြစ်သူမွေးနေ့မှာ ဆိုင်ကြီး ဆိုင်ကောင်းခေါ်သွားပြီး စပရိုက်စ်တွေလုပ်ပေးရင်းအပြန် လမ်းမှာ ရဲနဲ့အကြမ်းဖက်သမားတွေရဲ့ အပြတ်ရှင်းပွဲထဲလမ်းမှားဝင်သွားမိရင်း ရှေ့ဆုံးကဒီဗယာ့ အမျိုးသားအာရှရဖ်က သေနတ်ထိမှန်ခဲ့လို့ပွဲချင်းပြီးဆုံးသွားခဲ့တယ် ဒီလိုထရော်မာကနေ အချိန်အတော်ကြာပြန်ကုစားနေရတဲ့ ဒီဗယာ့အပေါ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သမီးလေးဒီယာပါ ပြန်ပေးဆွဲခံလိုက်ရချိန်မှာတော့...သမီးဖြစ်သူကို ပြန်ရအောင်ဘယ်လိုတွေကြိုးပမ်းသွားမလဲ အတိတ်ဖြစ်ရပ်ဆိုးတွေက ရုန်းထွက်နိုင်မှာလားဆိုတာကိုတော့...(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 1.8GB / 753MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

White Rose (2024)

2024
Mother’s Day (2010) 6.2
Mother’s Day (2010)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို၂၀၁၀ ကထွက်ရှိထားတဲ့ Mother ‘s Day ဆိုတဲ့ဇာတ်ကား ကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်ကားကို ဒါရိုက်တာ Darren LynnBousman ကရိုက်ကူးပုံဖော်ထားပြီး rating 6.2/10 အထိရရှိထားပါတယ်..ဒီဇာတ်ကားမှာ မင်းသား Shawn Ashmore , PartrickJohn Flueger , Warren Kole စတဲ့နာမည်ကြီးမင်းသားတွေနဲ့ မင်းသမီး Rebecca De Mornay , Jaime Kingစတဲ့နာမည်ကြီးအနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအစက ဆေးရုံတစ်ခုမှာ မိန်းမကြီးတစ်ယောက်ကလေးလိုက်ခိုးနေပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးတဲ့ တစ်ညမှာတော့ လူသုံးယောက်ဘဏ်ကိုဓားပြတိုက်မှုနဲ့ ထွက်ပြေးနေရပါတယ် သူတို့ကတော့ အိုက်, အက်ဒ်လေ နဲ့ ဂျွန်နီတို့ ညီအစ်ကိုသုံးယောက်ပဲဖြစ်ပါတယ် သူတို့ရဲ့ညီအငယ်ဆုံးလေးဖြစ်တဲ့ ဂျွန်နီကလည်းဘဏ်ဓားပြ တိုက်မှုအတွင်းမှာ သေနတ်နဲ့အပစ်ခံထားရပါတယ်ဒီကြားထဲ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်က သစ္စာဖောက်သွားတာကိုခံလိုက်ရပြီး တိုက်ရာပါပစ္စည်းတွေ ပိုက်ဆံတွေအားလုံးကလည်းပါသွားပြန်ပါတယ် ...
movie

Mother’s Day (2010)