Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
4.8
Assimilate (2019)
ဇက်နဲ့ရန်ဒီ သူငယ်ချင်း၂ယောက်ပေါင်းပြီး သူတို့ မြို့ငယ်လေးအကြောင်း လူသိအောင်လုပ်ဖို့ကြိုးစားကြရင်း youtube ပေါ်တင်ဖို့ video အတိုလေးတွေရိုက်တင်လေ့ရှိပါတယ် သူတို့မြို့လေးမှာထူးဆန်းစွာပဲ တစ်ယောက်ပြီးတစ်ယောက် အကောင်ကိုက်ခံရပြီးသေကုန်တာကို video သက်သေတွေနဲ့တကွတွေ့ရပေမယ့် အဲဒီလူတွေကို နောက်တစ်ရက် အကောင်းပကတိအတိုင်းပြန်တွေ့ရပြန်ပါတယ် အဲ့လူတွေကမူလအစကလူတွေမဟုတ်တော့ပဲ ပုံစံတူအစားထိုးခံထားရတာကိုရှာတွေ့သွားတဲ့အခါမှာတော့... ဒီကားကကြောက်ဖို့လည်းကောင်းပြီးလူသတ်တဲ့အခန်းတွေကိုဆိုရင် တကယ်အနီးကပ်ရိုက်ပြထားတာပဲဖြစ်ပါတယ် Horrorကြိုက်တဲ့သူတွေအတွက်တော့ကားသစ်တွေထဲမှာမှ ကြည့်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ် File Size : (1.32 GB,682 MB) Quality : Blu-ray 1080p,720p Running Time : 2h 03min Format : Mp4 Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : Blu-ray 1080p Translated by Noe Encoded by sithu
movie
Assimilate (2019)
2019
Neighbour ( 2019 )
ဒီဇာတ်ကားလေးကတော့ စိတ္တဇဆန်ဆန်လူသတ်ကားဖြစ်ပါတယ်..ဇာတ်လမ်းအစမှာ ဆယ်လီတွေရဲ့ အဝတ်လဲနေစဉ်..ရေချိုးစဉ်ဓာတ်ပုံတွေကိုခိုးရိုက်လေ့ရှိတဲ့ ချိန်ကျေ့ရုံကိုဆိုင်ကယ်ဦးထုပ်နဲ့သူသတ်သွားတဲ့အမှုကိုစုံစမ်းရာကနေ... နာမည်ကြီးဂိမ်းကြေငြာသူရှကျေရှီးကဆိုင်ကယ်ဦးထုပ်နဲ့သူနှောက်ယှက်တာခံရတဲ့အပြင်သူ့ဘေးကသူတစ်ယာက်ပြီးတစ်ယာက် ဆိုင်ကယ်ဦးထုပ်နဲ့သူသတ်တာခံနေရတဲ့အခါ... သူ့အိမ်နီးချင်းပေါ်ဝိန်နဲ့အတူဘယ်လိုတွေရင်ဆိုင်ဖြေရှင်းကြမှာလဲ...ဆိုင်ကယ်ဦးထုပ်နဲ့လူသတ်သမားကဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဒီလိုတွေလုပ်ဆောင်နေရတာလဲ...ဇာတ်လမ်းမှာမြှုပ်ကွက်မျိုးစုံနဲ့ စိတ်ဝင်စားဖွယ် ခြောက်ခြားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်.... Translated & Review By Phyo ZawEncoded By LK
movie
Neighbour ( 2019 )
6.2
Pet Sematary (2019)
စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ...
movie
Pet Sematary (2019)
2019
7.4
The Hidden Face (2011)
ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာက အဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။ သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံ အဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။ သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။ လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။ အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား? ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား? သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ? အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။ File size…(1 GB) and (480 MB) Quality….Blu-Ray 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
The Hidden Face (2011)
2011
7.5
Chase(2019)
Chase(2019)IMDb...7.5 ဒီဇာတ်ကားကတော့ဒီနှစ်မှထွက်ရှိထားတဲ့ အက်ရှင်ဇာတ်ကားလေးပါ Michael Matteo Rossi ရိုက်ကူးထားတဲ့ဒီဇာတ်ကားမှာDamian Pucker, Aries Spear, Jessica Morris တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်လမ်းအကျဉ်း ချေစ့်ဆိုတဲ့သူဟာသွေးအေးရက်စက်တဲ့ကြေးစားလူသတ်သမားတယောက်ပေါ့ သူ့ကိုဒီလောကထဲကိုဆွဲသွင်းခဲ့တာကသူ့အချစ်ဆုံးသူငယ်ချင်းမိုင်းလ် သူဒီလောကထဲစရောက်တော့သူ့အသက်က၁၅နှစ် ဒီလောကမှာသူကျင်လည်နေရင်းဘလဲဆိုတဲ့အမျိုးသမီးလေးနဲ့မိုက်ကာဆိုတဲ့ကလေးလေးသူ့ဘ၀ထဲကိုဝင်ရောက်လာတဲ့အခါမှာတော့သူဟာမေတ္တာတရားနဲ့မိသားစုကိုရှာဖွေတွေ့ရှိခဲ့တာပေါ့ ... ငြိမ်းအေးတဲ့ ဘဝကို ပိုင်ဆိုင်ထားပေမယ့် သူ့အတွက် ဒီနိဗ္ဗန်ဘုံလေးဟာ ကြာရှည်ခံချင်ဟန်မတူပါဘူး...အရင်ဒုစရိုက်လောက က အရိပ်မည်းကြီးတွေက သူ့နောက်ကိုလိုက်လာလေရဲ့....ကိုင်း သူဘယ်လိုရုန်းထွက်မလဲ....မိသားစုကိုရော စောင့်ရှောက်နိုင်ပါဦးမလား...ခံစားကြည့်လိုက်ပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Chan Myae Thu Aungပဲဖြစ်ပါတယ်... File Size : (800MB) and (304MB) Quality : Web-Dl720p Format…mp4 Duration…01:24:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Phyo Pyae
movie
Chase(2019)
2019
7.6
The Wolf’s Call (2019)
Rating 7.7 အထိရရှိထားတဲ့ ပြင်သစ် Action/Drama/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့ ရေငုတ်သင်္ဘောသားတွေကိုအခြေပြုပြီးရိုက်ကူးထားတာပါ။ရေငုတ်သင်္ဘောတစ်စီးမှာ Sonar ဆိုတဲ့ Radar ကဲ့သို့သော Detection and Navigationလုပ်ငန်းကိုဆောင်ရွက်ပေးနိုင်တဲ့ အသံလှိုင်းသုံးကိရိယာတစ်ခုရှိပါတယ်။အဲဒါကနေရလာတဲ့အသံလှိုင်းတွေကိုကြည့်ပြီး ဒါဟာဘယ်ကလာတဲ့အသံ...ဘယ်လိုရေယာဉ်အမျိုးအစားဆိုတာကိုခွဲခြမ်းစိတ်ဖြာရတဲ့ Analyst တွေလည်းရှိပါတယ်။ဒီကားလေးမှာတော့ အဲလို အသံလှိုင်းစီစစ်ရတဲ့သူဖြစ်တဲ့ ချန်တာရိန်ဆိုတဲ့လူငယ်လေးကိုတည်ထားပြီး ပြင်သစ်နိုင်ငံကိုဘယ်လိုကယ်တင်သွားလဲဆိုတာကိုတွေ့မြင်ရမှာပါ။Drama/Thriller ဆိုတဲ့အတိုင်း ကောင်းကောင်းကြီးခံစားရမှာဖြစ်ပါတယ်။နားပါးလှပါတယ်တဲ့သူကိုမှ ဘယ်လိုလှည့်စားပြီးကမ္ဘာပျက်ကိန်းရောက်အောင် ဘယ်သူတွေလုပ်သွားလဲ။ဘယ်လိုပြန်လည်ဟန့်တားရလဲဆိုတာကိုတွေ့မြင်ရမှာပါ။( ရေတပ်ဆိုက်ရာအသုံးအနှုန်းတွေပါဝင်တဲ့အတွက် အဓိပ္ပါယ်တစ်ချို့ကွဲလွဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။အနီးစပ်ဆုံးဖြစ်အောင်ဘာသာပြန်ထားပေမယ့် ကွဲလွဲတာရှိရင်သည်းခံပေးကြပါ။) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရ ပါ) File Size : (1.80 GB) , (900 MB) and (450 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 1hr 55min Format ...
movie
The Wolf’s Call (2019)
2019
4.4
Escape Plan: The Extractors (2019) 1080p BluRay 5.1 Ch Quality နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ ဒီဇာတ်ကားဆိုရင် အားလုံးသိကြတဲ့ မင်းသားကြီး Sylvester Stallone ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အရင်ထွက်ရှိထားပြီးဖြစ်တဲ့ Escape Plan (2013) နဲ့Escape Plan 2: Hades (2018) တွေ ရဲ့ တတိယမြောက် ထွက်ရှိလာတဲ့ ဇာတ်ကား Escape Plan: The Extractors (2019) ဟာဆိုရင်လည်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လုံခြုံရေးအထူးကျွမ်းကျင်သူ Ray Breslin (Sylvester Stallone) ဟာဆိုရင် ဟောင်ကောင်နည်းပညာလုပ်ငန်းရှင်ရဲ့သမီး ဖြစ်သူ ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး ပြန်လည်ကယ်ဖို့ ငှားရမ်းခြင်းခံရပါတယ် ။ ထိုပြန်ပေးဆွဲတဲ့သူတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူကို မင်းသားကြီး စတားလုံး နဲ့သူ့ရဲ့အဖွဲ့တို့ ဘယ်လို ဖော်ထုတ်ပြီး ဓားစာခံတွေကို ကယ်တင်မလဲဆိုတာကို ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ။ 1080p ...
movie
Escape Plan: The Extractors (2019)
2019
7.7
Homestay (2018)
Homestay (2018) တဲ့ ထိုင်းကားလေး။ပုံမှန်ထိုင်းကားဆိုကြည့်မရတတ်တဲ့ ကျွန်တော် ဒီကားကိုကြည့်ပြီး တော်တော်ကြွေသွားမိတယ်။ဒီကားလေးက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ၂ နာရီကြာတယ်ဆိုပေမဲ့ ပျင်းစရာမရှိတဲ့ ဇာတ်ကားပါ။Draman, Fantasy , Thriller ဆိုတဲ့ ဇာတ်ကားအမျိုးအစားဆိုတဲ့အတိုင်း Drama လိုရိုပြီး Fantasy လို ထူးခြားတာတွေလည်းတွေ့ရပြီး Thriller ဆိုတဲ့အတိုင်း တစ်ချက်တစ်ချက် ရင်တုန်စရာလေးတွေပါ ထည့်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဓိကဇာတ်ဆောင်ဖြစ်သူက လတ်တလော ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ မင်ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ ခန္ဓာကိုယ်ထဲမှာ နိုးထလာပါတယ်။သူ့ကို ကိုယ်စောင့်နတ် ဆိုတဲ့သူက ဒီခန္ဓာကိုယ်ပိုင်ရှင်ဖြစ်တဲ့ မင် ဘာလို့ကိုယ့်ကိုကိုယ် သတ်သေခဲ့ရလဲဆိုတဲ့ အကြောင်းအရင်းကို ရက်တစ်ရာအတွင်းမှာ ရှာခိုင်းပါတယ်။ရှာလို့တွေ့ခဲ့ရင် ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာဖြစ်ပြီး မရှာနိုင်ရင်တော့ ဘယ်လိုမှပြန်ဝင်စားလို့မရတဲ့ဘဝကို ရောက်သွားမှာပါလို့ပြောပါတယ်။မင်ရဲ့ ခန္ဓာကိုယ်ကို ရထားတဲ့သူ မင်ဘာလို့ ကိုယ့်ကိုကိုယ်သတ်သေရလဲဆိုတာကို ...
movie
Homestay (2018)
2018
5.5
Rattlesnakes (2019)
ဒီတစ်ခါတော့ Rattlesnakes (ခလောက်မြွေ) ဆိုတဲ့ကားကောင်းလေးတစ်ကားကို တစ်ဆက်ပေးလိုက်ပါတယ်။Drama, Crime အမျိုးအစားဖြစ်ပြီး အဆုံးသတ်ရောက်တဲ့အထိ ဘယ်သူမှန်ပြီးဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ လူတစ်ယောက်က သူ့မိန်းမဟာစိတ်ကုထုံးဆရာဝန်တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ သံသယဝင်ပြီးနောက်ယောင်ခံလိုက် စုံစမ်းတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဘယ်သူကမှားလို့ ဘယ်သူကမှန်ပြီးဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦးဗျာ File Size : (798 MB) & (497 MB)Quality :Web DL 720pRunning Time :1hr 25 minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee PoeEncoded by Moe Myint Lwin
movie
Rattlesnakes (2019)
2019
7.3
The Tale(2018)
The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Tale(2018)
2018
7.0
Project Ithaca (2019)
Sci-fi ဇာတ်ကားတွေ နက်နဲ လာပြီဆိုရင် ကျန်တဲ့ကားတွေ လိုက်မမှီပါဘူး။ Project Ithaca က အဲ့ဒီလို ကားတွေထဲက တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို spoiler မပါအောင် ညွှန်းရမယ် ဆိုရင်တော့ တစ်ကြောင်း တည်းနဲ့ ပြီးပါတယ်။ "ဂြိုလ်သားတွေ ဖမ်းဆီးတာ ခံရတဲ့ လူတစ်စုရဲ့ လွတ်မြောက်ဖို့ ကြိုးစားတဲ့ အကြောင်း" ဖြစ်ပါတယ်။ Sci-fi ကားတွေထဲမှာမှ ဇာတ်အိမ် မြှုပ်ကွက်တွေ ဝေဝေဆာဆာနဲ့ ကြည့်ချင်သူတွေ အတွက်တော့ Project Ithaca က အယားပြေစေမှာပါ။ ဇာတ်အိမ် နဲ့ သရုပ်ဆောင်တွေက ရမ်းကောင်းတဲ့ အတွက် ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ရုပ်ရှင်ကားကို ဘာသာပြန်ပေးပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai Lwin ဖြစ်ပါတယ်
movie
Project Ithaca (2019)
2019
6.5
The Hummingbird Project (2018)
ငှက်ပိတုန်းတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက်ခတ်ဖို့အချိန်က ၁ စက္ကန့်ရဲ့ ၁၀၀၀ ပုံ ၁၆ ပုံဖြစ်တဲ့ ၁၆ မီလီစက္ကန့်ပဲကြာပါတယ်။ဒီအချိန်လေးက လူတစ်ယောက်ရဲ့ ဘဝဖြစ်ခဲ့တယ်လို့ ပြောရင် ခင်ဗျားတို့ယုံကြမလား။ရေပိုင်ပြင်သူ တစ်ဖြစ်လဲ စတော့ရှယ်ယာ ရောင်းဝယ်တဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းလေး Vincent Zaleski ရဲ့ ဘဝကတော့ ဒီအချိန် ၁၆ မီလီစက္ကန့်လေးပေါ်မူတည်နေပါတယ်။သူအလုပ်လုပ်နေတဲ့ကုမ္ပဏီက နာနိုစက္ကန့်စီးပွားရေးလို့ခေါ်တဲ့ အမြန်နှုန်းကို အဓိကထားပြီး စတော့တွေကို ရောင်းဝယ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။Stock Exchange နှစ်ခုကြားက အချက်အလက်တွေကို အမြန်ဆုံးရယူပြီး Stock တွေကို အမြတ်ရအောင် ရောင်းဝယ်နေတဲ့ သူတို့လုပ်ငန်းမှာ အချက်အလက်ကူးပြောင်းနှုန်းက အရေးအကြီးဆုံးဖြစ်ပါတယ်။တစ်မီလီစက္ကန့်ဆိုရင်တောင်မှပေါ့။တစ်နေ့မှာ Vincent က အလုပ်ကထွက်ပြီး အစ်ကိုတဝမ်းကွဲဖြစ်သူ ဥာဏ်ကြီးရှင် Anton Zaleski ရဲ့အကူအညီနဲ့ အမြန်ဆုံး လိုင်းတစ်ခုဆွဲဖို့စီစဉ်ကြပါတယ်။...
movie
The Hummingbird Project (2018)
2018
4.4
Let Her Out (2016)
ညဘက်တစ်ယောက်တည်း ကျောချမ်းချမ်းနဲ့ သရဲကားကောင်းကောင်း ကြည့်ချင်သူတွေအတွက် Let Her Out ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ကြည့်ရှုသူတွေရဲ့ ရေဒါအောက်က ပျောက်နေတဲ့ ထိတ်လန့်သဲဖို ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Helen ဆိုတဲ့ ကောင်မလေးတစ်ယောက် ယာဉ်မတော်တဆမှုဖြစ်အပြီးမှာ အသိစိတ်လွတ်တာတွေနဲ့ အိမ်မက်ဆိုးမက်တာတွေ ခဏခဏဖြစ်လာပါတယ်။ ဆရာဝန်ဆီပြန်သွားပြတဲ့ အခါမှာ သူ့ရဲ့ ခေါင်းထဲမှာ အကျိတ်တစ်ခုရှိနေတာ သိလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီအကျိတ်က သာမန်မဟုတ်ဘဲ သူ့အမွှာညီမရဲ့ ခန္တာကိုယ် တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ Let Her Out ဇာတ်ကားထဲမှာ ဒါရိုက်တာ John Ainslie က လှပပြီးတော့ အသည်းယားစရာကောင်းတဲ့ ရိုက်ချက်တွေနဲ့ လက်စွမ်းပြထားပါတယ်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai lwin ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
movie
Let Her Out (2016)
2016
6.5
Mata Batin 2(2019)
Indonesia သရဲကားလေးပါ။ဇာတ်လမ်းလေးကတော့ ဆဌမအာရုံပိုင်ဆိုင်တဲ့ ညီအစ်မနှစ်ယောက်ဟာသူတို့နောက်ကိုလိုက်နေတဲ့မီယာဆိုတဲ့ဝိညာဉ်ကိုကူညီဖို့ ဆက်သွယ်မေးမြန်းရင်းညီမဖြစ်သူသေဆုံးအသွားမှာ အရာရာဟာကံစီမံရာအတိုင်းတဖြေးဖြေးရုပ်လုံးပေါ်လာတာပါပဲ။မထင်မှတ်ထားတဲ့လျို့ဝှက်ချက်တွေ ရက်စက်မှုတွေကတစ်ခုပြီးတစ်ခုပေါ်လာတော့တာပါပဲ။သွေးထွက်သံယိုတွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရသလိုမင်းသမီးလေးတွေကလည်းချောတော့ ချစ်ကြောက်ရသကြီးကိုခံစာရမှာဖြစ်ပါတယ်:3။Horror ကားကြိုက်တဲ့သူတွေအတွက် နားကြပ်လေးတပ်ပြီး ဖီးအပြည့်ခံစားရမယ့်ကားလေးဖြစ်ပြီးမင်းသမီးလေးတွေကိုလည်းကောင်းကောင်းငမ်းရမယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (900 MB) and (450 MB) Quality : NF WEB-DL 720p Running Time : 1h 56min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.DDP5.1.x264-Ao Translated by Thura Zarni Aung Encoded by THZ
movie
Mata Batin 2(2019)
2019
4.5
Domino (2019)
ဒီကားထဲကမင်းသမီးကတော့အကုန်လုံးနဲ့မစိမ်းတဲ့game of thronesထဲကmelisandreအဖြစ်သရုပ်ဆောင်တဲ့ မင်းသမီးကရိုက်ကူးထားပါတယ်....လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းနှစ်ယောက် တစ်ရက်မှာကင်းလှည့်ရင်းတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါမှာ...သတ်သွားတဲ့သူကိုပြန်ကလဲ့စားချေဖို့လိုက်ရင်းအိုင်အက်အိုင်အက်အကြမ်းဖက်အဖွဲ့တွေနဲ့အမေရိကန်ကအထူးစုံစမ်းရေးအဖွဲ့တွေပါပါနေတာကိုသိလာတဲ့အခါ..ကိုယ်ချစ်တဲ့သူအတွက်လက်စားချေချင်စိတ်နဲ့မင်းသားနဲ့ပူးပေါင်းပြီးအမှုကိုလိုက်တဲ့အခါမှာ သူတို့တွေဖမ်းမိမလား လက်စားချေခွင့်ရောရမလားဆိုတာကိုတော့...ဇာတ်ကားလေးကြည့်ကြည့်လိုက်ပါနော် File Size : (836 MB) & (269 MB)Quality :Web DL 720pRunning Time :1hr 29 minFormat : Mp4Genre :Crime , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie
Domino (2019)
2019
7.3
Crimson Tide (1995)
Crimson Tide (1995) IMDb..........7.3,,,,,,Rotten.....88% ရှရှားသူပုန်တွေဟာ အိုင်စီဘီအမ်ကို ဝင်စီးလိုက်တဲ့အချိန်မှာ အမေရိကန်တွေဟာ စစ်ဆင်ရေးလုပ်ပါတော့တယ်.... ပို့ပေးလိုက်တဲ့ သဘောၤတွေဟာ နူကလီးယားပါဝါသုံး အလဘာမား ရေငုတ်သဘောၤပါ.. ဒါပေမယ့် သူတို့မသွားခင်မှာ အက်စ်အိုအသစ်လိုတဲ့အတွက်ထက်မြက်ပေမယ့် စွမ်းဆောင်ရည်အားသိပ်မပြဖူးတဲ့ ကော်မန်ဒါ ဟန်တာကိုပဲ ရွေးစရာရှိခဲ့ပါတယ်... ...ဒါပေမယ့် သဘောၤကပ္ပတိန် ရမ်စေ အိုကေကတော့ သူ့ကိုသဘောကျခဲ့ပါတယ်...ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အမေရိကန် ရေတပ် စစ်သည်တွေနဲ့အတူ ရေငုတ်သင်္ဘောကြီးနဲ့ စစ်မျက်နှာဖွင့်ခဲ့ကြတယ်... ကိုင်း ဒန်ဇယ်ကားလည်းကြိုက်တယ်..စစ်ကားလည်းကြည့်ချင်တယ်ဆိုရင်တော့....ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားဆိုတာ ခင်ဗျားတို့က ပိုတောင်သိမယ်ထင်ပါရဲ့....ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်.. ---------------------------------------------------- ရှရှားသူပုန်တွေဟာ အိုင်စီဘီအမ်ကို ဝင်စီးလိုက်တဲ့အချိန်မှာ အမေရိကန်တွေဟာ စစ်ဆင်ရေးလုပ်ပါတော့တယ်.... ပို့ပေးလိုက်တဲ့ သဘောင်္တွေဟာ နူကလီးယားပါဝါသုံး အလဘာမား ရေငုတ်သဘောင်္ပါ.. ဒါပေမယ့် သူတို့မသွားခင်မှာ အက်စ်အိုအသစ်လိုတဲ့အတွက်ထက်မြက်ပေမယ့် စွမ်းဆောင်ရည်အားသိပ်မပြဖူးတဲ့ ကော်မန်ဒါ ဟန်တာကိုပဲ ရွေးစရာရှိခဲ့ပါတယ်... ...ဒါပေမယ့် သဘောင်္ကပ္ပတိန် ရမ်စေ အိုကေကတော့ သူ့ကိုသဘောကျခဲ့ပါတယ်...ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အမေရိကန် ရေတပ် စစ်သည်တွေနဲ့အတူ ရေငုတ်သင်္ဘောကြီးနဲ့ စစ်မျက်နှာဖွင့်ခဲ့ကြတယ်... ကိုင်း ဒန်ဇယ်ကားလည်းကြိုက်တယ်..စစ်ကားလည်းကြည့်ချင်တယ်ဆိုရင်တော့....ထွေထွေထူးထူးညွှန်းစရာမလိုတဲ့ကားဆိုတာ ခင်ဗျားတို့က ပိုတောင်သိမယ်ထင်ပါရဲ့....ဘာသာပြန်သူကတော့ ကိုမြန်မာကြီးပဲ ဖြစ်ပါတယ်.. File Size : (913 MB) Quality : Blu-Ray 720p Format…mp4 Duration…01:56:00 Genre ...
movie
Crimson Tide (1995)
1995
7.6
United 93 (2006)
9/11 ကိစ္စ ကို မှတ်မိကြအုံးမယ် ထင်ပါတယ် အမေရိကန် လေကြောင်းလိုင်းက လေယဉ် (၄) စီးအား အနုကြမ်းစီးကာ အမေရိကန်နိုင်ငံ ရဲ့ လူနေထူထပ်ပြီး တန်ဖိုးရှိတဲ့ နေရာတွေကို အသေခံ မောင်းချတိုက်ရန် စစ်သွေးကြွ အကြမ်းဖက်သမားများ က အကွက်ချ စီစဉ်ခဲ့တဲ့ ကိစ္စပါ... ဒီလေယဉ်တွေထဲမှာ United Flight 93 ခရီးသယ်တင် လေယဉ်ကြီး လဲ ပါဝင်ခဲ့ပါတယ်.... ဒီရုပ်ရှင်ကား ဟာ အကြမ်းဖက်ခံရတဲ့ လေယဉ် အမှတ် ၉၃ ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ခရီးသယ်များ ရဲ့ ဖုန်းအဆက်အသွယ် ပိုင်းလော့တွေ ရဲ့ သတင်းပို့ချက်တွေ အပေါ် ကိုးကားရိုက်ကူးထားတာဖြစ်ပါတယ် ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပြီး ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ် Thit San Khant က Encode ၍ တင်တက်ပေးထားပါတယ်
movie
United 93 (2006)
2006
5.2
The Vanished Murderer ( 2015 )
ဒီကားလေးဟာ Imdb5.4ရထားပြီးChinese box officeမှာယွမ်2.6 millionရထားတဲ့ 2015ထွက်ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီကားထဲမှာ စုန်းတုန်းလုဆိုတဲ့ရဲအရာရှိတစ်ယောက်ဟာဖူယွမ်ဆိုတဲ့မိန်းကလေးထောင်ဖောက်ပြေးတဲ့အမှုကိုလိုက်စုံစမ်းရင်းဖူယွမ်ဆီကစာတစ်စောင်ရခဲ့ပါတယ်...ဒီလိုနဲ့ရှမ်းမြို့ကိုလိုက်သွားဖို့ဖြစ်လာပါတော့တယ်...အဲ့မြို့မှာတိုက်ပေါ်ကသတ်သေမှုတွေဆက်တိုက်ဖြစ်လာပြီးကောင်းမင်ရှုံဆိုတဲ့ စီးပွားရေးသမားကိုဦးတည်လာတဲ့အခါ..ဆူပူမှုတွေ...ဆန္ဒပြမှုတွေ ...ဆက်တိုက်သတ်သေမှုတွေရဲ့အဓိကကြိုးကိုင်သူကဘယ်သူဖြစ်မလဲ...ဇာတ်ကားတစ်ခုလုံးကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... Translated & Review By Phyo ZawEncoded By LK
movie
The Vanished Murderer ( 2015 )
2015
6.3
The Devotion of Suspect X ( 2017 )
2017 တုန်းက ထွက်ခဲ့တဲ့ The Devotion of Suspect X ဇာတ်ကားဖြစ်ပါတယ်သူများနဲ့မတူ တမူထူးခြားတဲ့ ဉာဏ်ကြီးရှင်တွေ မြင်ဖူး ကြားဖူးကြမယ် ထင်ပါရဲ့...တကယ်လို့များ ဒီလိုလူတွေက ပြစ်မှု ကျူးလွန်မယ်ဆိုရင်...ဘယ်လိုတွေ ထူးခြားပြောင်မြောက်တဲ့ ပြစ်မှုကြီး ဖြစ်သွားမယ်ထင်လဲ...အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သင်္ချာပါရမီရှင်ကြီးရဲ့ကာကွယ်ပေးချင်တဲ့သူကို ကာကွယ်ဖို့ အမှုဆင်ပုံနဲ့ဒီဆင်ထားတာတွေကို ပြန်ဖြေရှင်းမယ့် မိတ်ဆွေဟောင်းပရော်ဖက်ဆာတို့ရဲ့ သူမတူတဲ့ တွက်ချက်မှန်းဆတတ်ပုံတွေစဉ်းစားပုံတွေကို ဒီကားလေးထဲမှာ ခံစားမိမှာပါဇာတ်လမ်းထဲမှာမျောပြီးအတော်ကြည့်ကောင်းတဲ့ဇာတ်ကားမျိုးပါပဲ Translated & Review By Chu ChuEncoded By LK
movie
The Devotion of Suspect X ( 2017 )
2017
4.8
Don’t Click (2012)
Don't Click (2012)_____IMDb - 4.8/10 အခုမိတ်ဆက်ပေးမယ့် don't click ဆိုတဲ့ဇာတ်ကားလေးရဲ့ဇာတ်ဆောင်ကတော့ K drama fan တွေရဲ့အချစ်တော်မလေး Park Bo Yong ပဲဖြစ်ပါတယ် ချစ်ရာကောင်းတဲ့မင်းသမီးချောလေးက ဒီတစ်ခါတော့ ကြောက်တတ်သူများမကြည့်သင့်တဲ့ဒီဇာတ်ကားမှာ ဖခင်ဟာ အမေရိကားမှာအလုပ်သွားလုပ်နေပြီး ညီမလေးနဲ့ ၂ယောက်ထဲနေကာ အစ်မကြီးတစ်ယောက်ရဲ့တာဝန်ကိုထမ်းနေရတဲ့မိန်းမငယ်လေးအဖြစ် သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းတော့ ရုန်းကန်နေရတဲ့ မိသားစုလေးဖြစ်တဲ့အလျောက် ညီမလေးဟာ YouTube ဗီဒီယို တင်ပြီး ကျော်ကြားမှုနဲ့ ဝင်ငွေရှာပါတယ် ဗီဒီယိုအဆန်းတွေကြည့်ရတာလဲခုံမင်တယ် ဒီလိုနဲ့ တားမြစ်ဗီဒီယိုတစ်ခုကိုကြည့်မိတာနေ ပြဿနာစတော့တာပါပဲ don't click ဆိုတဲ့အတိုင်းclick မိပြီဆိုတာနဲ့ အဆုံးထိကြည့်ရသတဲ့ ကြည့်မိတဲ့သူတိုင်းဟာလဲ အဖြစ်ဆိုးတွေနဲ့ ကြုံရပါတယ် အဲ့ဒီဗီဒီယိုရဲ့နောက်ကွယ်ကဇာတ်လမ်းဟာဘယ်လိုဖြစ်သလဲ သူတို့ညီအစ်မ၂ယောက်ကကောဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာ ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ် ည ၁၂ နာရီလောက်အချိန်မျိုးမှာထိုင်ကြည့်တာတော့ပိုအရသာရှိတာပေါ့ Translated & Review By Nu Mon Encoded By LK
movie
Don’t Click (2012)
2012
First
155
156
157
158
159
Last
Previous
Next