Channel Myanmar

Thriller

Tenant (2024) 5
Tenant (2024) Tenant (2024) "အငှား" IMDb - 6.4/10လူကြီးမင်းတို့အတွက် စိတ်ဝင်စားဖို့ကောင်းမဲ့ တလေဂူးမှုခင်းဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကောင်ခြောက်ယောက်ကို ဦးတည်ထားပြီး မြွေလှေခါးကစားနည်းမှာ အံစာတုံးခေါက်သလိုမျိုး အတက်အကျတွေနဲ့ ဘာဖြစ်မလဲမှန်းဆဖို့ ရိုက်ကူးပုံဖော်ထားတာမျိုး။ချစ်လှစွာသော ဇနီးသည်ဖြစ်သူ အသတ်ခံလိုက်ရလို့ ရဲစခန်းကိုတိုင်ချက်ဖွင့်ပါမှ သူ့ကိုပဲ တရားခံအဖြစ်စစ်မေးခံရတဲ့ ခင်ပွန်းသည်တစ်ယောက်ကနေစလိုက်တဲ့ဇာတ်လမ်း။ နောက်ကြောင်းပြန်ရင်း တရားခံကသူပါလားလို့ ထင်မိပြီးမှ နောက်ထပ်အဖြစ်အပျက်တွေ ဆက်တိုက်ထပ်ဖြစ်လာတာမျိုးမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMO ~ Yunniတို့ဖြစ်ပါတယ်) File size… 1.17GB / 545MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMO ~ Yunni
movie

Tenant (2024)

2024
Visions (2023) 5.3
Visions (2023)  Thriller Mystery ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် 2023 မှာထွက်ရှိခဲ့တဲ့ Visions ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Estelleဟာ နာမည်ကြီးဆရာဝန်တစ်ဦးနဲ့လက်ထပ်ထားပြီး ထူးချွန်တဲ့ ပိုင်းလော့တစ်ဦးလည်းဖြစ်ပါတယ်။ အရာရာပြည့်စုံနေတဲ့ Estelle ဘဝထဲကို အတိတ်မှာဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ Ana ဆိုတဲ့အမျိုးသမီးတစ်ဦးပြန်လည်ဝင်ရောက်လာချိန်မှာ Estelle ဟာ Ana နဲ့ ဖောက်ပြားမိပါတယ်။ Ana ပြန်ရောက်လာတဲ့အချိန်ကစပြီး Estelle ဘဝမှာ ဂြိုလ်ဆိုးဝင်သလို ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ်။ Estelle ကြုံတွေ့လာရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနောက်ကွယ်မှာတော့…။Ana အဖြစ် Marta Nieto, Estelle အဖြစ် National Treasure, TROY, Inglourious basterds သရုပ်ဆောင် Diane Kruger ကပါဝင်ထားပါတယ်။ မင်းသမီး ၂ လက်ရဲ့ အပြိုင်သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်ရှုရမှာမလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း.။ (မိသားစုနှင့်အတူ ကြည့်ရှုရန်မသင့်တော်သော ဇာတ်ဝင်ခန်းအချို့ပါဝင်ပါတယ်) File size…(1.8 GB)/(870 Mb) Quality….Webrip ...
movie

Visions (2023)

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Jackdaw (2023) 5.8
Jackdaw (2023)  မော်တိုခရော့ ဆိုင်ကယ်ချန်ပီယံဟောင်းဖြစ်သလိုစစ်မှုထမ်းဟောင်းဖြစ်တဲ့ Jack Dawson ဟာသူ့မိခင်သေဆုံးပြီးနောက်မှာ သူ့ညီအရင်းကိုပြုစုစောင့်ရှောက်ဖို့ သူ့ရဲ့ဇာတိမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဘဝသစ်ကိုစတင်ဖို့မျှော်လင့်ရင်း ကျောင်းနေဘက်သူငယ်ချင်းဟောင်းတစ်ယောက်ဖြစ်တဲ့ Silas ဆီကနေဘဝတဆစ်ချိုးပြောင်းလဲနိုင်တဲ့ အလုပ်တစ်ခုကိုလက်ခံခဲ့ပါတယ်။ မြောက်ပင်လယ်မှာရှိတဲ့လျှို့ဝှက်အထုပ်တစ်ထုပ်ကို ယူပေးဖို့ပါ။ ဒါပေမဲ့‌Jackdaw ဟာ ဒေသခံမူးယစ်ဂိုဏ်း၊ ဒုစရိုက်သမားဖြစ်တဲ့ Silas ရဲ့သစ္စာဖောက်ခံရပြီး Jackdaw ရဲ့ညီဟာလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။ဒီနောက်မှာတော့ Jackdaw အတွက် အိပ်မက်ဆိုးတွေဝင်ရောက်လာခဲ့ပြီး အဖြစ်မှန်ကိုရှာဖွေဖို့ တိုက်ပွဲဝင်ရပါတော့တယ်။ Jackdaw တယောက် ရောဂါသည်ညီဖြစ်သူကို ရှာတွေ့နိုင်မလား။ တညတာရဲ့ကြမ်းတမ်းတဲ့ခရီးမှာ မိတ်ဆွေဟောင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေရန်သူသစ်တွေနဲ့ ဘယ်လိုတွေ့ဆုံရမလဲဆိုတာကိုကြည့်ရှုခံစားရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။  File size…2.14GB / 707MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Jackdaw (2023)

Life After Fighting (2024) 6.5
Life After Fighting (2024)  Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက်သြစတြေးလျ Action Drama ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးကဟောလီဝုဒ်မှီပါတယ်။ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့်အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူတစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက်သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေကထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကိုတစ်ကားလုံး သေနတ်မသုံးဘဲ hand-to-handတိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်ကကားတွေကိုတောင် သတိရမိစေပါတယ်။ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့လက်တို့လိုက်ပါရစေ..,... File size…2.37GB / 944MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle ...
movie

Life After Fighting (2024)

Fighter (2023) 7.9
Fighter (2023) Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်....... သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ .....သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား ...... တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ....... ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.2GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Fighter (2023)

2023
Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC
A Ranjith Cinema (2023) 5.9
A Ranjith Cinema (2023) A Ranjith Cinema 2023 (ဟာသ) Imdb -5.8/10ဘဝကရိုလာကိုစတာစီးသလိုဖြစ်ချင်ရင်တော့ ဒီကားလေးကြည့်သင့်ပါတယ် Netflix ကနေထုတ်လွှင့်ထားတဲ့ Prankတွေ ဗီဒီယိုတွေရိုက်တင်ပြီး ပျော်စေပြက်စေသဘောမျိုးနဲ့ လူကြည့်များအောင်နည်းလမ်းစုံသုံးကြတဲ့ပရိုဂရမ်ကြောင့် ဘဝတွေကဘာတွေဖြစ်သွားကြတယ်ဆိုတာကို တင်ဆက်ထားတာပါဘဏ်ကိုအနုကြမ်းဝင်စီးနေကြတဲ့ ဓားပြတစ်ဖွဲ့.. သေနတ်ကိုယ်စီနဲ့ ဘဏ်ထဲကလူတိုင်းကို ခြိမ်းခြောက်ပြီး ကြမ်းပေါ်ဝပ်ခိုင်းထားတယ် သေနတ်တွေနဲ့ဆိုတော့ လူတွေကမတတ်သာဘဲ ခိုင်းသမျှလုပ်နေရင်း လုံခြုံရေးကဝင်ကယ်လို့ ဓားပြတွေရဲစခန်းရောက်သွားလေရဲ့ ဒီတော့စုံစမ်းစစ်ဆေးရင်းပေါ်လာတာကတော့ တီဗီမှာထုတ်လွှင့်ဖို့ prank တစ်ခုပါတဲ့လေ ဓားပြတွေကလည်း သရုပ်ဆောင်တွေဖြစ်ပြီး သေနတ်တွေကလည်းအတုပေါ့ဒီလိုနဲ့တရားရင်ဆိုင်နေချိန် နောက်ထပ် prank တစ်ခုထပ်လုပ်ကြပြန်တယ် အဲဒါကတော့ လူခေါင်းတစ်ခေါင်းကို အိတ်ထဲထည့်ပြီး အိတ်ခဏကိုင်ထားပါဆိုပြီး ရဲဖမ်းအောင်လုပ်တာပါ ဖြစ်ချင်တော့ ဒီ prank အလုပ်ခံရတဲ့လူက ဆန်နီ ..ဆန်နီကအဲဒီနေ့မှာ သိန်းထောင်ချီမြတ်မဲ့မီတင်တစ်ခုကိုသွားနေတဲ့လမ်းမှာပေါ့ ကံဆိုးချင်တော့ကားပျက်ရာကနေ ဒီ prank နဲ့တိုးပြီး မီတင်ရော ငွေတွေပါလက်လွှတ်လိုက်ရတယ် ဒီ prank ကြောင့် ဆန်နီနဲ့အတူ တခြားနစ်နာသူလည်းရှိပါတယ် အဲဒါကတော့ပြည်သူ့ရှေ့နေတစ်ယောက်ပါ ဆိုတော့ ဇာတ်လမ်းက ဘယ်လိုဇာတ်ရှိန်မြင့်အောင်ခေါ်သွားမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Zwe ~ Alex ~ ...
movie

A Ranjith Cinema (2023)

2023
Blackout (2024)
Blackout (2024) Blackout 2024 ကံခေလွန်းတဲ့မီးပြတ်ညဝေဖန်သံတွေ ဆူညံသွားစေတဲ့ ၁၂ တန်းကျတဲ့ 12th failထဲကမင်းသားVikrant Masseyရဲ့ crimeနဲ့comedyရောစပ်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ပရိသတ်အသဲနှလုံးကို quality performance တွေနဲ့ အမြဲသိမ်းပိုက်ထားတဲ့Vikrantတစ်ယောက် ဒီတစ်ခါရော ဘယ်လိုလာမလဲ ရှုစားကြပါဦးစို့။ဇာတ်လိုက်ကျော်ကြီးလန်နီက သတင်းထောက်ဆိုပေမဲ့ တဇွတ်ထိုးဆန်ပြီး အရှက်တွေသိက္ခာတွေမငဲ့ဘဲ ထင်ရာစိုင်းတတ်တဲ့သူ၊ ကလေးတွေဘောလုံးကစားလို့ သူ့ကိုလာမှန်ရင် ဘောလုံးကိုခွဲပြီးမှပြန်ပေးတတ်တဲ့သူမျိုးပါ။ လန်နီတစ်ယောက် တခြားသူတွေကိုဘယ်လိုပဲ‌ဆက်ဆံနေပါစေ မိန်းမကိုတော့အရမ်းချစ်တတ်တဲ့သူကြီးပေါ့။လန်နီရဲ့မဟေသီ ရိုရှ်နီကတော့ ဟင်းမချက်တတ်တာကလွဲရင် ဘာမှပြောစရာမရှိတဲ့သူလေးပေါ့။ ဒီလိုနဲ့ညစာစားဖို့ပြန်လာတဲ့ ကိုလန်နီတစ်ယောက် မဟေသီရဲ့ဟင်းချက်စကေးကြောင့် စားစရာမရှိနေရတဲ့ထဲ မီးကပါပြတ်သွားတော့ မိန်းမကိုပဲစားမယ်ဆိုပြီး ကွန်ဒုံးအဝယ်ထွက်ပါသတဲ့။မီးပြတ်တာကိုရိုးနေတဲ့ လင်းနို့တစ်ပိုင်းမီယမ်မာသားတွေအတွက် မထူးဆန်းပေမဲ့ အမြဲမီးလာနေတဲ့ရပ်ကွက်က ဆရာလန်နီကတော့ အမှောင်ထဲကားမောင်းရင်း လူတိုက်မိရာကနေ ကံဆိုးမိုးမှောင်ကျဖို့ဖြစ်လာတဲ့အခါမှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size…2.1GB / 867MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Blackout (2024)

2024
Shadow Land (2024) 5.5
Shadow Land (2024)  လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Shadow Land (2024)

What You Wish For (2024) 6.7
What You Wish For (2024)  လောင်းကစားပြဿနာတွေကြောင့် လက်တင်အမေရိကကိုထွက်ပြေးလာခဲ့တဲ့ စားဖိုမှူးရိုင်ယန်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းတဦးဖြစ်တဲ့ ဂျက်နဲ့ဆုံတွေတဲ့အခါမှာတော့.....ဂျက်ကလည်း သူဌေးကြီးမိသားစုတစုအတွက်သီးသန့်စားဖိုမှူးအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီးတရက်မှာတော့ ဂျက်ဟာ သူ့ကိုယ်သူ ရုတ်တရက်သေ‌ကြောင်းကြံစည်သွားခဲ့ပါတယ်။ဒီနောက်မှာတော့ ရိုင်ယန်က ဂျက်ရဲ့နာမည်ကိုယူ၊ဂျက်ရဲ့နေရာမှာ လူစားဝင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ဖောက်သည်တွေနဲ့ ဆုံတွေ့ရတဲ့အခါမှာတော့.....သူ့ရဲ့မိတ်ဆွေဂျက်က ဘာကြောင့်ကြိုးဆွဲချသတ်သေသွားခဲ့ရတာလဲ၊ သူလုပ်ကိုင်နေတာက တကယ့်စားဖိုမှူးအလုပ်မှဟုတ်ပါ့မလား၊ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့သူဌေးကြီးတွေရဲ့လျှို့ဝှက်ချက်က ဘာတွေဖြစ်မလဲနောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာကို အသဲတအေးအေးနဲ့ ရင်ဖိုစွာကြည့်ရှုရမယ့်သဲထိတ်ရင်ဖို ဇာတ်ကားကောင်းတခုဖြစ်ပါတယ်.... File size…2.13GB / 731MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

What You Wish For (2024)

Mothers’ Instinct (2024) 6.3
Mothers’ Instinct (2024)  The idea of youထဲက လန်ဒန်ဘွိုင်းလေးရဲ့ မမကြီးAnne Hathaway ရဲ့ crime dramaလေးကိုတင်ဆက်ပေးချင်ပါတယ်။ဒီတစ်ခါတော့ ချစ်တတ်တဲ့မမ မဟုတ်ဘဲအချစ်ကြီးလွန်းတဲ့ မိခင်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့တွေ့မြင်ရမှာပါ။စီလင်းတို့လင်မယားနှစ်ယောက် ခက်ခက်ခဲခဲကြိုးစားပြီးတော့မှ မက်စ်ဆိုတဲ့သားငယ်လေးကိုမွေးလာတာပေါ့။ ဖြစ်ချင်တော့ မက်စ်လေးကိုမွေးအပြီးမှာ စီလင်းတစ်ယောက် ချို့ယွင်းမှုတစ်ခုရှိနေတာသိလိုက်ရပြီး မက်စ်လေးဟာ သူ့ဘဝရဲ့တစ်ယောက်တည်းသောကလေးဆိုတာ သိလိုက်ရချိန်မှာတော့ ကလေးရူးရူးနေတဲ့စီလင်းတို့မက်စ်လေးကို ပိုးလိုဥထားကြတာပေါ့။စီလင်းတို့အိမ်ဘေးမှာရှိနေတာကတော့စီလင်းရဲ့သူငယ်ချင်း အဲလစ်တို့လင်မယားဖြစ်ပြီးတော့သူတို့မှာလည်း သီအိုဆိုတဲ့သားငယ်လေးတစ်ယောက်ကိုပိုင်ဆိုင်ထားတာပေါ့။စီလင်းနဲ့ အဲလစ်တို့ခင်မင်ကြသလိုပဲ မက်စ်လေးဟာလည်းသီအိုရဲ့ကစားဖော်ဖြစ်နေခဲ့တာပေါ့။ဒီလိုသာယာနေတဲ့ မိသားစုနှစ်ခုရဲ့အလယ်ကိုကံကြမ္မာဆိုးဝင်လာပြီးတော့ မက်စ်လေးကိုခေါ်ဆောင်သွားရာကစလို့ စီလင်းတစ်ယောက်တစ်စစနဲ့ပြောင်းလဲသွားတဲ့အခါ...မူရင်း French versionမှာကလည်း လူကြိုက်များသလိုဝတ္ထုကလည်းအောင်မြင်ထားတဲ့ ဒီရုပ်ရှင်လေးကိုAnne Hathaway ရဲ့သရုပ်ဆောင်စွမ်းရည်နဲ့ပေါင်းစပ်လို့ပဟေဠိအဖြေညှိလိုက်ကြပါစို့လား။ File size…1.13GB / 558MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD
movie

Mothers’ Instinct (2024)

Bade Miyan Chote Miyan (2024) 5
Bade Miyan Chote Miyan (2024) Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB  Quality…WEB ...
movie

Bade Miyan Chote Miyan (2024)

2024
Agent Vinod (2012) 5.2
Agent Vinod (2012) James Bond ဇာတ်ကားလို ကြည့်ရှုရမယ့် အိန္ဒိယအေးဂျင့် ဗီနွတ် အဖြစ်  ဆစ်အလီခန်း နဲ့ မင်းသမီးချော ကရီနားကပူရ် တို့ရဲ့ သည်းထိတ်ရင်ဖို အက်ရှင်စပိုင်ဇာတ်ကြမ်းကား တစ်ကားဖြစ်ပါတယ်။Agent Vinod ဟာ ဂျိမ်စ်းဘွန်းလို ရုပ်ချောစတိုင်ကျ လျင်မြန်သွက်လက် ဉာဏ်ကောင်းတဲ့အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်သူဟာ သူ့ရဲ့သူငယ်ချင်းလုပ်ဖေါ်ကိုင်ဖက်ဖြစ်တဲ့ ရာဂျန်အသတ်ခံရတဲ့ကိစ္စမှာ အမှုမှန်ကိုဖေါ်ထုတ်ဖို့တာဝန်ပေးထားခြင်းခံရပါတယ်Vinod ဟာ တရားခံကိုဖေါ်ထုတ်ဖို့ကြိုးစားနေရင်းက အမှုကနက်နဲလာပြီးကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကနေတဆင့်ကြီးမားတဲ့ သဲလွန်စတွေကိုခြေရာခံမိပါတော့တယ်...ခြေရာအားလုံးက "424" ဆိုတဲ့အရာပေါ်မူတည်နေပြီး ဒီဇာတ်လမ်းရဲ့အသက် "၄၂၄" ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာ အဖြေရှာရမှာပါ။တစ်ကားလုံးမပျင်းရအောင် အပစ်အခတ်အက်ရှင်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တဲ့အပြင် မင်းသမီးချော ကရီနားကပူရ်းကလဲ လန်ပျံနေအောင်မိုက်တာရှုစားရမှာပါ။ File size…(3.5 GB )/(1.5 GB) Quality….WEB-DL 1080p / 720p Format…mkv/mp4 Duration….02:29:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by H&Y
movie

Agent Vinod (2012)

2012
Juliet 2 (2023) 7
Juliet 2 (2023) Juliet 2 (2023) ဂျူးလိယက်IMDb-8.2/10လူတိုင်းရဲ့ဘဝမှာ လက်မလွှတ်နိုင်တဲ့သူကိုယ်စီရှိကြပါတယ်။ တချို့တွေလည်း ရင်ထဲကသူ့ကို မေ့မရကြသလို ဂျူးလိယက်တစ်ယောက်လည်း အဖေတစ်ခုသမီးတစ်ခုဘဝမလို့ အဖေဆုံးသွားတာက သူ့ရဲ့ဘဝတစ်ခြမ်းကို ဖဲ့ပေးလိုက်ရသလို ခံစားနေရတာပေါ့။နေ့ဘက်မှာလည်း မပျော်ရွှင်နိုင် ညဘက်ရောက်တော့လည်း အဖေ့ကိုပဲတမ်းတနေလို့ အိပ်ဆေးတွေသောက်နေရတဲ့ဂျူးလိယက်တစ်ယောက် အဖေ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ သူတို့တစ်ချိန်ကအိမ်ဟောင်းကို အပေါင်ပြန်ရွေးဖို့ ထွက်လာခဲ့တာပေါ့။အလုပ်ကိစ္စမပြီးပြတ်သေးတာကနေ အလုပ်နဲ့ပတ်သက်တဲ့ငွေတွေလည်းပါလာပြီး မိန်းကလေးတစ်ယောက်တည်း နယ်ဘက်ကိုခရီးထွက်လာတာဆိုတော့ မ သမာသူတွေရဲ့မျက်စိကျစရာ ပစ်မှတ်ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ V ~ ToMoတို့ပဲဖြစ်ပါတယ်) File size…1.5GB / 654MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ V ~ ToMo
movie

Juliet 2 (2023)

Bad Manners (2023) 6
Bad Manners (2023) Bad Manners (2023) ဇိုးဒီနေ့မှာတော့ CMဘောလိဝုဒ်ပရိသတ်ကြီးအတွက် ကန်နာဒါ အက်ရှင် ဇာတ်ကြမ်းကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ Amar (2019) ကားထဲကမင်းသား Abishek Ambareesh ကပါဝင်သရုပ်ဆောင်ထားပါတယ်။ရုဒရာလို့ခေါ်တဲ့ ရုဒ်က လူဆိုးပါ။ လူဆိုးလူမိုက်ပေမယ့် မိသားစုအကြွေးကြောင့် ရဲဌာနမှာ အလုပ်လုပ်နေရပါတယ်။ ရဲပေမယ့် အမူအကျင့်မကောင်းလို့လည်း နာမည်ကြီးနာမည်ပျက်နေတဲ့သူပါ။ဒီလိုလူကတစ်နေ့မှာ အခင်းဖြစ်တဲ့နေရာမှာ သေနတ်ပျောက်သွားတဲ့အခါ အလုပ်မပြုတ်ဖို့အရေး အပူတပြင်း ရှာပုံတော်ဖွင့်ရပါတော့တယ်။ဒီလိုနဲ့သေနတ်လေး တစ်လက်ရှာရာကနေ ပြည်တွင်းမှာ လက်နက်ခိုးထုတ်လုပ်နေတာတွေ၊ ဓားပြမှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ နိုင်ငံရေးနောက်ကွယ်က လက်မည်းတွေအထိ နက်ရှိုင်းသိပ်သည်းတဲ့ အမှုတစ်ခုကို အစလိုက်မိသလို ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ ရုဒ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့မလဲဆိုတာကို ခပ်မိုက်မိုက် အသတ်အပုတ်၊ အတိုက်အခိုက်ခန်းတွေနဲ့ ဒီကားလေးမှာ ဆက်စောင့်ကြည့်ပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်) File size… 2.64GB /1.27GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bad Manners (2023)

2023
Anveshi (2023) 6.4
Anveshi (2023) Anveshi (2023) သရဲခြောက်သောဆေးရုံကြီးဒီတစ်ခါမှာတော့ IMDb 6.4/10 ရှိတဲ့ Romance & Thriller ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရွာလေးတစ်ရွာရဲ့ ဆေးရုံတစ်ရုံဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားရာကနေ မီးထဲမှာပါသွားတဲ့ ဒေါက်တာတစ်ယောက်ဟာ သရဲအဖြစ်နဲ့ရှိနေပြီး လိုက်ခြောက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒီလိုနဲ့ ပညာမတတ်တဲ့ရွာသားတွေဟာလည်း ဘယ်သူက ဘာပြောပြော မျက်စိစုံမှိတ်ပြီး ယုံတတ်ကြတော့ ပိုပြီးတော့ ဆိုးတာပေါ့။ဒီလိုနဲ့ တစ်နေ့မှာ ဆေးရုံရှေ့မှာတင် လူတစ်ယောက်သေဆုံးသွားရာကနေ ကိစ္စတွေက ပိုပြီးတော့ ဆိုးရွားလာခဲ့ပြီးတော့ ညဘက်ဆို လူခြေတိတ်သွားတဲ့အထိ ဘယ်သူကမှ အပြင်မထွက်ရဲကြတော့ပါဘူး။ ဒီလိုသရဲကိစ္စကို ယုံကြည်တဲ့သူတွေထဲမှာ ရဲအရာရှိဝန်ထမ်းတွေပါ ပါနေတော့ ပိုဆိုးတော့တာပေါ့လေ။ဒီလိုနဲ့ အဲဒီရွာက သရဲဆိုတာကို အယုံအကြည်မရှိတဲ့လူတစ်ယောက်ဟာ ဒီကိစ္စကို အဖြစ်မှန်သိအောင် လိုက်လံပြီးတော့ စုံစမ်းနေပါတော့တယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းရဲ့ ညီမပျောက်လို့လိုက်ရှာရာကနေ မထင်မှတ်ဘဲ ဘတ်စ်ကားပေါ်မှာတွေ့တဲ့ကောင်မလေး အာနူကို ချစ်မိသွားတဲ့ကောင်လေးတစ်ယောက်။ မြင်မြင်ချင်းမှာတင် ချစ်မိသွားပြီး နောက်ထပ် ထပ်တွေ့ရဖို့ မျှော်လင့်နေသူ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မမျှော်လင့်ဘဲ ဘဏ်တစ်ခုမှာ ပြန်ဆုံတွေ့ကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ...... သူတို့နှစ်ယောက်နဲ့ ...
movie

Anveshi (2023)

2023