Channel Myanmar

Thriller

Dangerous Lies(2020) 5.3
Dangerous Lies(2020) Dangerous Lies(2020)Netflixက​နေ မကြာ​​သေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားက​တော့ ​တော်​တော်​လေး စိတ်၀င်စားဖို့​ကောင်းတယ်လို့ကို​ ​ပြောလို့ရပါတယ်။ ​ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီး​​​မောင်နှံ​တွေဖြစ်ပြီး သူတို့မှာ ​ငွေ​​ရေး​ကြေး​ရေး အခက်အခဲ ​တော်​တော်​လေးရှိ​နေကြပါတယ်။​ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစု​စောင့်​ရှောက်​ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။ ​ငွေ​ကြေးပြည့်စုံတဲ့ တ​ကောင်ကြွက် အဘိုးအို တစ်​​ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ ​နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး ​လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွား​တော့အံ့သြစရာ​ကောင်း​လောက်​​အောင် ​ကေတီက အိမ်ကြီးကို အ​မွေ​ဆက်ခံခွင့်ရခဲ့ပါ​တော့တယ်။ဒီမှာပဲ ဇာတ်ခမ်းစပါ​တော့တယ်။ သူအ​မွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာ​တွေများရှိ​နေမလဲ။ဒီအိမ်ကြီးကို အ​ကြောင်းပြုပြီး သူတို့လင်မယားနှစ်​ယောက် ဘယ်လိုဒုက္ခ​တွေကြုံ​တွေ့ရမလဲ။ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာ​တွေများ ကွာခြားမလဲ အမျိုးမျိုး​သော အဖြစ်အပျက်​တွေနဲ့အတူ ​နောက်ဆုံး ရဲ​တပ်ဖွဲ့ကပါ ​​ခြေချင်းလိမ်လာတဲ့ အခါမှာ​တော့.... Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အ​ပြောင်း​တွေနဲ့ ...
movie

Dangerous Lies(2020)

Raja Natwarlal(2014) 6.1
Raja Natwarlal(2014) Raja Natwarlal(2014)ဒီRraja Natwarlalဇာတ်ကားလေးကတော့ 2014ခုနှစ်ထွက်ရှိထားတဲ့ကားလေးဖြစ်ပြီးတော့ IMDB rating 6.1 ရ ရှိထားတဲ့ကားလေးဖြစ်ပါတယ်။Crime Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာမ်းလမ်းဇာတ်အိမ် တော်တော်ကောင်းပါတယ်... ရာဂျာဟာဂိမ်းကစားပြီးငွေရှာတာဝါသနာပါတဲ့သူဖြစ်ပြီး လောင်းကစားသမားအများစုကြုံလေ့ရှိတဲ့အတိုင်း ငွေက အမြဲပြတ်နေတတ်ပါတယ်။ဒါနဲ့ပဲသူ့ရဲ့အစ်ကိုရာဂဗ်နဲ့တိုင်ပင်ပြီးပိုက်ဆံရဖို့ဂွင်အကြီးကြီးရိုက်ပါတော့တယ်။သူတို့ဂွင်သွားရိုက်မိတဲ့သူကဘယ်သူဖြစ်နေမလဲ?သူလိုချင်တဲ့ပိုက်ဆံရောရနိုင်ပါ့မလား?Thriller အမျိုးအစားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း... အညွှန်းနဲ့ဘာသာပြန်ကတော့Thaik Sanဖြစ်ပါတယ်...File Size : (1.19GB) (507MB) Quality : WEB-DL 720p Format…mp4 Duration…02:21:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Raja Natwarlal(2014)

The Empire of Corpses (2015) 6.0
The Empire of Corpses (2015) The empire of corpses ........................................... IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ တခုတော့ သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြာuးniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေါ့ဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ The empire of corpses ........................................... IMDb 6/10 My anime list 7/10 ဒီကားဟာနည်းနည်းတော့ထူးခြားတယ်ဗျ နောက်တိုင်းမှာထင်ရှားကျော်ကြားတဲ့ဇာတ်ကောင်တွေရော အပြင်မှာတကယ်ရှိခဲ့တဲ့ဇာတ်ကောင်တွေကိုသုံးထားတာဗျ တခုတော့ သူ့ရဲ့ဇာတ်အိမ်ကဒီUniverse မှာတည်တာမဟုတ်ဘူး တခြားuniverseမှာတည်တာဗျ ဇာတ်လမ်းအကျဉ်းမပြောခင် ဇာတ်လမ်းမကြည့်ခင်သိသင့်တာတွေအရင်ပြောထားမှဖြစ်မယ်ထင်တယ် ဒီကားတွန်းကားရဲ့အဓိကဇာတ်ကောင်နေရာကို ရှားလော့ဒ်ဟုမ်းရဲ့တွဲဖက် ဒေါက်တာဝပ်ဆန်ကိုထားထားတယ် (ရှားလော့ဒ်ဟုမ်းဆိုတာဟာ ဆာအာသာကိုနန်ဒွိုင်းရဲ့ နာမည်ကျော်ဝတ္ထုဇာတ်ကောင်ဖြစ်ပါတယ် မြန်မာကလူတော်တော်များလည်း BBC ရှားလော့ဒ်ဟုမ်းဇာတ်လမ်းတွဲကိုကြိုက်ကြတဲ့လူများလို့သိကြမယ်ထင်ပါတယ်) ဒီကားရဲ့ဇာတ်လမ်းကို ဗစ်တာ ဖရန်ကန်စတိုင်းရဲ့ သေလူကိုအသက်ပြန်သွင်းတဲ့နည်းပညာမှာအခြေခံပြီးကွန့်မြူးထားတာဗျ ဖရန်ကန်စတိုင်းဆိုတာက ၁၈ရာစုမှာ ပေါ်ထွန်းခဲ့တဲ့စာရေးဆရာ Mary Shellyရဲ့ ကမ္ဘာကျော်ဝတ္ထုထဲကဇာတ်ကောင်ပါ ဆိုတော့ကာ ဒီကားကြည့်ဖို့ဖရန်ကန်စတိုင်းဇာတ်လမ်းကိုအကျဉ်းလောက်တော့သိထားဖို့လိုပါလိမ့်မယ် ၁၈ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ယောက်ရှိဖူးပါတယ် သူဟာ အလောင်းတွေဆီကနေ ‌အကောင်းဆုံးအလှဆုံး ခြေထောက်တွေလက်တွေခေါင်းတွေအစရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုဖြုတ်ယူပြီး ပြီးပြည့်စုံတဲ့အလောင်းတစ်လောင်းဖြစ်လာအောင်ဖန်တီးတယ် နောက်တော့လျှပ်စီးစီးဝင်စေပြီးအသက်သွင်းပေးတယ် ဒါပေမယ့် အရေပြားဟာလျှပ်စီးဖြတ်တဲ့အရှိန်ကြောင့် တွန့်လိမ်ကုန်ပြီးအရမ်းကိုကြောက်စရာအသွင်ရှိတဲ့မကောင်းဆိုးဝါးတစ်ကောင်ပုံစံဖြစ်သွားခဲ့တယ် ဖရန်ကန်စတိုင်းသိပ္ပံပညာရှင်လည်းကြောက်ပြီးထွက်ပြေးသွားခဲ့တယ် အဲ့ဒီမကောင်းဆိုးဝါးဟာ ဖရန်ကန်စတိုင်းကိုမုန်းတီးသွားပြီး လိုက်သတ်တယ် နောက်တော့ရေခဲပြင်မှာပျောက်ကွယ်သွားတယ်ဆိုတဲ့ဇာတ်လမ်းဗျ တချို့ရုပ်ရှင်ကားတွေမှာတော့ သူ့အတွက်သူ့လိုမိန်းကလေးအဖော်ကိုဖန်တီးပေးတာတောင် လက်မခံပဲအဲ့ဒီမိန်းကလေးအလောင်းကောင်ကိုရော ဖရန်ကန်စတိုင်းကိုပါသတ်ပစ်ခဲ့တယ်တဲ့ ဒီဇာတ်ကားရဲ့ဇာတ်လမ်အကျဉ်းကတော့ ၁၉ရာစုမှာလူသေတွေကိုအသက်သွင်းတဲ့နည်းပညာဟာ ကမ္ဘာမှာထွန်းကားလာနေပါတယ် အဲ့ဒီနည်းပညာဟာ ၁၈ရာစုမှာပေါ်ထွန်းခဲ့တဲ့ဖရန်ကန်စတိုင်းရဲ့ နည်းပညာကိုအခြေခံပြီးဖန်တီးထားတာပါ ဒါပေမယ့် ဖရန်ကန်စတိုင်းဖန်တီးခဲ့တဲ့ The Oneလို့ခေါ်တဲ့ အသက်ဝင်နေတဲ့အလောင်းကောင်တစ်ကောင်ပဲ စကားပြောနိုင်၊ တွေးနိုင်စွမ်းရှိပြီး နောက်ပိုင်းမှာထွက်ပေါ်လာတဲ့နည်းပညာနဲ့ဖန်တီးထားတဲ့ အလောင်းကောင်တွေမှာကျတော့ စကားပြောနိုင်၊တွေးနိုင်စွမ်းလုံးလုံးမရှိဘူးတဲ့ ပြောရရင်တော့soulမရှိတဲ့အခွံကြီးသက်သက်လိုဖြစ်နေတာပေ့ါဗျာ အဲ့မှာမှ ဒေါက်တာဝပ်ဆန်ဆိုတဲ့လူဟာ သူ့သူငယ်ချင်းကိုအသက်ပြန်သွင်းပြီး Soulကိုပါပြန်‌ရအောင်အသည်းအသန်ကြိုစားနေတယ် Soulကိုပြန်ရနိုင်တဲ့နည်းလမ်းဟာလည်း ဖရန်ကန်စတိုင်းရဲ့နည်းလမ်းပဲရှိတာကိုသိလာတဲ့နောက်မှာတော့ သေတနမှတ်တမ်းတွေကိုဝပ်ဆန်တစ်ယောက်ရှာဖွေဖို့ဖြစ်လာပါတယ် ဒါပေမယ့်ထူးဆန်းတာက ဖရန်ကန်စတိုင်းသေပြီးနောက်မှာ The oneဟာမှတ်တမ်းတွေကိုယူပြီးပျောက်ကွယ်သွားခဲ့တယ် အဲ့လိုနဲ့ဖရန်ကန်စတိုင်းရဲ့မှတ်တမ်းတွေကိုလိုက်ရှာတဲ့ ခရီးစဉ်တွေကိုစတဲ့အခါမှာတော့မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ် ဝပ်ဆန်တစ်ယောက်မှတ်တမ်းတွေကိုရခါနီးလေ မှတ်တမ်းတွေနောက်ကွယ်ကအမှန်တရားကိုသိလာလေလေဖြစ်လာလေပါပဲ အဲ့ဒီအမှန်တရားဟာဘာဖြစ်မလဲ ဝပ်ဆန်တစ်ယောက် သူငယ်ချင်းဖြစ်သူကိုsoulပြန်ရအောင်လုပ်ပေးနိုင်ပါ့မလားဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ File size…1.9GB/900MBQuality…1080p ...
movie

The Empire of Corpses (2015)

2015
Ashfall (2019) 6.5
Ashfall (2019) ဒီကားကတော့ ရုံမှာကြည့်ဖူးတဲ့သူတွေ အတွက်ဘယ်လောက်ကောင်းတယ်ဆိုတာ အထူးညွှန်းဖို့တောင် လိုမယ်မထင်ဖူး။ IMDB 10 out of 6.5 နဲ့ Rotten Tomatoes 71% အထိရရှိထားတဲ့၂၀၁၉ ခုနှစ်ထွက် အမိုက်စား Action/Drama ရုံတင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ကြတဲ့သူတွေကလည်း အကုန်ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ပရိတ်သတ်ရင်းနှီးပြီးသား Lee Byung Hun,Train to Busan ထဲကလူသန်ကြီး Ma Dong Seok,Along with the God ထဲက Ha Jung woo,The King ထဲက ဘုရင်ကြီးရဲ့အဆက်ဟောင်းလေး Bae Suzyအစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်အားဖြည့်ထားတဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ Action ကားကောင်းလေးပါ။ ဇာတ်လမ်းဇာတ်ကွက်လေးလဲ ကောင်းသလို Action ခန်းတွေကလည် းတော်တော်အားရစရာကောင်းလို့ Action ကားကောင်းမျှော်နေတဲ့ ပရိတ်သတ်ကြီးနဲ့ကွက်တိကျမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့နည်းနည်းပဲပြောပြမယ်။ အရမ်းကောင်းလို့ကိုယ်တိုင်ကြည့်စေချင်ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းမရတဲ့အရာမျိုးပါ။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားဆိုတာကလည်း မတည့်သာမတည့်တာ နိုင်ငံချင်းကျစပ်ဆက်နေတာပါ။ မြောက်မှာတစ်ခုခုဖြစ်ရင်အဲ့အကျိုးဆက်ကို တောင်ကိုရီးယားက ခံစားရမှာဖြစ်သလို တောင်ကိုရီးယားမှာ တစ်ခုခုဖြစ်ရင်လည်း မြောက်ကိုရီးယားကခံစားကြရမှာပါ။ နိုင်ငံချင်းအမုန်းတရားနဲ့ကွဲနေကြပေမယ့် တချိန်ကလူမျိုးတူနိုင်ငံတူဖြစ်လို့ စည်းလုံးသင့်တယ်ဆိုတဲ့ msgလေးကိုလဲ ထည့်ပေးထားပါတယ်။ မြောက်ကိုရီးယားမှာရှိတဲ့ ဘတ်ဒူမီးတောင်ပေါက်ကွဲမှုကိုအခြေခံ ရိုက်ကူးထားပြီးဒီသဘာဝဘေးအန္တရာယ်ဆိုးကြီးကို နယ်ပယ်အသီးသီးအလွှာစုံကလူတွေ ဘယ်လိုတွန်းလှန်ကြတယ် အရေးကြုံရင်ဘယ်လို စည်းလုံးကြတယ်ဆိုတာလေးကို တွေ့မြင်ရမှာပါ။ မင်းသားကြီး မာဒုန်ဆော့ကဒီကားမှာမီးတောင်လေ့လာသူ ပရောဖက်ဆာဂန်းဘုန်ရယ်အဖြစ် သရုပ်ဆောင်ထားပြီး Along with the God မင်းသား ဟာဂျန်ဝူးကတော့ လက်နက်လေ့လာရေးနဲ့ကျွမ်းကျင်တပ်ကြပ် ဂျိုအင်ချန်းအဖြစ်သရုပ်ဆောင်ထားပါတယ်။ ထူးချွန်မင်းသား လီဗြောင်ဟွန်းကတော့ မြောက်ကိုရီးယားအထူးလေ့ကျင့်တပ်သားလျှို့ဝှက်သူလျှို လီဂျွန်းဖြောင်းအဖြစ် ...
movie

Ashfall (2019)

2020
Mega Crocodile (2019) 5.2
Mega Crocodile (2019) [Unicode]ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်းသူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်...တစ်ဖက်မှာတော့ ...တရုတ်ပြည်ရဲ့ စီးပွားရေးလောကမှာ အသက်အငယ်ဆုံး စီးပွားရေးလုပ်ငန်းရှင် ချန်ရှိုင်း...သူက မောင်ဖြစ်သူကို မိသားစုအမွေဆက်ခံခိုင်းပေမယ့် သူ့မောင်ကငြင်းဆိုပြီးတော့ဝါသနာပါတဲ့ ဇီဝဗေဒဆိုင်ရာ သုသေတနတွေလုပ်ဖို့ ထွက်သွားရာမှာ မုန်တိုင်းမိပြီး မမျှော်လင့်ပဲ မိကျောင်းကျွန်းကို ရောက်သွားပါတယ် ၊ဇီဝဗေဒ မိကျောင်းကျွမ်းကျင်ပညာရှင်နဲ့ တရုတ်ပြည်ရဲ့ အငယ်ဆုံးစီးပွားရေး လုပ်ငန်းရှင်တို့...လူပျောက်ရှာပုံတော်ကို ဘယ်လိုများ ရှာပုံတော်ဖွင့်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦး...။( အညွှန်းနဲ့ဘာသာပြန်သူကတော့ Chen Ai Zhen ဖြစ်ပါတယ် )[Zawgyi]ဒီတစ်ခါတော့ ၂၀၁၉ ထွက် မိကျောင်း ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...လော်ဟန် ဆိုသူ ဇီဝဗေဒမိကျောင်းကျွမ်းကျင်ပညာရှင်က မိကျောင်းကျွန်းမှာ သုသေတနလုပ်ဖို့သွားရင်းသူ့ရဲ့ဇနီးလောင်းကို ဆုံးရှုံးပြီး‌နောက် ဖြစ်ကတက်ဆန်းနေချင်သလိုနေလာခဲ့တယ် ၊တစ်နေ့ သူနေတဲ့ကျွန်းမှာ ကလေးငယ်တစ်ယောက် မိကျောင်းကိုက်ခံရတယ်...တစ်ဖက်မှာတော့ ...
movie

Mega Crocodile (2019)

2019
Baaghi 3 (2020) 1.8
Baaghi 3 (2020) မင်းသားချော တိုက်ဂါးရဲ့ ၂၀၂၀ထွက် အက်ရှင်ကြမ်းကြမ်းကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တိုက်ဂါးဆိုတာနဲ့ အက်ရှင်အလန်းတွေကို ပြေးမြင်ကြမှာ လူတိုင်းပါပဲ။မကြာသေးခင်ကလည်း War မှာ လင်ပွားမင်းသားနဲ့အတူ အလန်းတွေ ချပြထားခဲ့တယ်။Baaghi ဆိုတဲ့အတိုင်းပဲ လက်စားချေတဲ့ ဇာတ်လမ်းပေါ့။အရင် Baaghi 1,2 ကတော့ ဇာတ်လမ်းချင်းတူပေမဲ့ Baaghiမှာတော့ မတူပါဘူး။ဇာတ်လမ်းအကျဉ်းအရ ဖခင်ဆုံးပြီး နောက်ပိုင်း ညီအစ်ကို နှစ်ယောက် ကျန်နေခဲ့ပါတယ်။အစ်ကိုကတော့ နုံနုံအအ ကြောက်တတ်တဲ့ ဗစ်ကရမ်၊ ညီကတော့ အစ်ကိုကို ထိရင် ငြိမ်မနေတတ်တဲ့ ရွန်နီသူတို့အဖေ ၊သူတို့အဘိုးဟာ ရဲအရာရှိတွေ၊ စံပြရဲသားကြီးတွေ။ဒါကြောင့် အစ်ကိုဖြစ်သူ ဗစ်ကရမ်ကိုလည်း ညီဖြစ်တဲ့ ရွန်နီက ရဲအရာရှိလုပ်ခိုင်းခဲ့ပါတယ်။လူရှိန်အောင်သာ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တာ၊ တကယ်တော့ သူက ရာဇဝတ်သားတွေကို ကြောက်တတ်သူ။ဒီလိုနဲ့ ရဲအရာရှိဖြစ်လာတော့ မြို့နယ်အတွင်း ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို ဝင်စီးရာကနေ ဗစ်ကရမ်ဟာ ပြန်ပေးဆွဲဂိုဏ်းရဲ့ ရန်သူဖြစ်လာပါတယ်။အဲ့ဒီဂိုဏ်းဟာလည်း နိုင်ငံခြားသား အစွန်းရောက်တစ်ဦးရဲ့ လက်ပါးစေ အိန္ဒိယဂိုဏ်း၊ ...
movie

Baaghi 3 (2020)

2020
Unthinkable (2010) 7.1
Unthinkable (2010) ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie

Unthinkable (2010)

2010
Arkansas (2020)
Arkansas (2020) Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Arkansas (2020)

The Lodge (2019) 6.6
The Lodge (2019) ဟော်ရာ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။IT ရုပ်ရှင်ထဲက ကလေးသရုပ်ဆောင်လေးလည်း ပါပါတယ်။ဇာတ်လမ်းအကျဉ်း - သားတစ်ယောက် သမီး ၁ ယောက် ရှိတဲ့လင်မယား ၂ ယောက်ဟာ ကွာရှင်းဖို့အကြောင်းဖန်လာပါတယ်။ခင်ပွန်းဖြစ်သူက နောက်မိန်းမလည်း ယူတော့မယ့် အခြေအနေမှာမိန်းမဖြစ်သူဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။နောက်မိန်းမကလည်း ငယ်ငယ်တုန်းက တစ်မိသားစုလုံးဘာသာရေးအစွန်းရောက်ပြီး သတ်သေသွားခဲ့တဲ့မိသားစုရဲ့ တစ်ဦးတည်းကျန်ခဲ့တဲ့သူပါ။အဲဒီနောက်မှာတော့ ခရစ္စမတ်အတွက် တောင်ကုန်းတွေပေါ်ကအိမ်ကလေးတစ်လုံးမှာ ကလေး ၂ ယောက်ရယ် မိထွေးလောင်းရယ်အချိန်အတူကုန်ဆုံးဖို့ ကြုံလာခဲ့တယ်။အဲဒီနောက်မှာတော့ သရဲလေလား၊ လူလေလား၊ဘယ်သူက သေပြီးဘယ်သူက ရှင်နေတာလဲဆိုတော့ပဟေဠိတွေနဲ့ ကြောက်စရာတွေ ကြုံလာရပါတော့တယ်။ File Size : ( 1 GB , 314 MB) Quality : ...
movie

The Lodge (2019)

The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီးဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်ကခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီးရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်းစုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက်သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာသည်းထိတ်ရင်ဖိုကားလေးတစ်ကားကိုလက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married coupleဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-aeပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-wooစုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။  Translated ...
movie

The Vanished ( 2018 )

We Summon the Darkness(2019) 5.3
We Summon the Darkness(2019) We Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။ ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့ ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကော ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae zawgyiWe Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က ...
movie


Outbreak (1995) 6.6
Outbreak (1995) ဒီတစ်ခါမှာတော့ လတ်တလော ဖြစ်ပွားနေတဲ့ Covid 19 လိုမျိုး ဗိုင်းရပ်စ်တစ်မျိုးကြောင့်လူတွေ ဘယ်လိုဒုက္ခရောက်ရလဲဆိုတာကို ရိုက်ကူးပြထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်1995 ခုနှစ်မှာ ထွက်ခဲ့တဲ့ Outbreak ဆိုတဲ့ အမေရိကန်ကားလေးပါဒီဇာတ်ကားထဲက ဇာတ်လိုက်ကျော်ဗိုင်းရပ်စ်ကတော့ အာဖရိကမှာ စတင်ပေါ်ပေါက်လာခဲ့တဲ့ Motaba ဗိုင်းရပ်စ်ပါဘီလီဖော့ဒ်နဲ့ သူ့အထက်အရာရှိ မက်ကလင်တော့တို့ဟာ အာဖရိကကို ကူညီဖို့ သွားခဲ့ပေမဲ့ ပြင်းထန်လွန်းပီးကူးစက်မြန်တဲ့ ရောဂါ ဖြစ်နေတဲ့အတွက် မတတ်သာဘဲ စခန်းကို အပျောက်ရှင်းခဲ့လိုက်ကြပါတယ်ဒီဗိုင်းရပ်စ်အတွက် ကုသဆေးကိုတော့ အမေရိကမှာ စမ်းသပ်ထုတ်ဖော်ခဲ့ကြပီး လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ သိမ်းထားခဲ့ကြပါတယ်တစ်နေ့မှာ အာဖရိကမှ မျောက်တစ်ကောင်ကို ဂျင်ဘိုဆိုတဲ့ကောင်လေးက ဖမ်းလာခဲ့မိပါတယ်အဲဒီမျောက်မှာ Motaba virus ပါလာပြီး ဂျင်ဘိုကတစ်ဆင့် ကူးစက်ပါတော့တယ်ဂျင်ဘိုက မျောက်ကို လွှတ်ပေးလိုက်တဲ့အခါ အစရှာမရဖြစ်ပီး ရောဂါဟာ ကယ်လီဖိုးနီးယားက ...
movie

Outbreak (1995)

1995
[18+] Corpse Prison: Part 2 (2017)
[18+] Corpse Prison: Part 2 (2017) ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။ အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။ ၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။ ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။Dark Side Production မှ တင်ဆက်လိုက်တာပါ။  File size…(800 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by ALS zawgyiယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ ...
movie


Madha (2020) 5.5
Madha (2020) အသစ် ထွက်ရှိလာတဲ့ တောင်ပိုင်း တေလဂူးကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။မြင်နေကျ အိန္ဒိယကားတွေနဲ့ မတူဘူး။စကားတွေ အများကြီး မပြောဘူး။ဖိုက်တင်အက်ရှင်တွေ ပါမနေဘူး။ဆိုက်ကို ဆန်ဆန်နဲ့ Thriller နောက်ခံတေးကိုအဆက်မပြတ် ကြားနေရပြီး စကားနည်းနည်းနဲ့ဖော်ကျူးထားပါတယ်။ဇာတ်လမ်းစစချင်းမှာ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ယောက်စာသင်နေပုံနဲ့ စတယ်။"လူသားတွေ အတွက် အန္တရာယ်အရှိဆုံး လက်နက်ကလူတွေရဲ့ စိတ်ပဲ"တဲ့။ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့နေရပါတယ်။အကြောက်တရားနဲ့ အသိစိတ်ကို အပြင်ထုတ်ပေးခံနေရတဲ့လူတွေ ခုတလော အမြင်ရဆုံးပဲမဟုတ်လား။ကျွန်တော်တို့ စိတ်တွေဟာ ဘယ်အချိန်မှာလက်နက်ဖြစ်သွားတာလဲတဲ့။အဲ့ဒီမှာပဲ တည်ငြိမ်ပြီး နေသားကျနေတဲ့မိန်းကလေးတစ်ယောက်နဲ့ သူ့ဘဝကိုအချက်ကျကျ လာရောက်ဖျက်ဆီးတဲ့ လူတစ်ယောက်တို့ရဲ့ဇာတ်လမ်း အစပျိုးလိုက်ပါတယ်။မေးစရာ တစ်ခုရှိတယ်ဗျ။ကျွန်တော်တို့တွေ အရူးလို့ ဘယ်သူ့ကို ခေါ်ကြတာလဲ။ဘယ်လိုလူမျိုးကို ရူးတယ်လို့ စွပ်စွဲနိုင်မလဲ။လမ်းပေါ် အမှိုက်တွေ့လို့ ကောက်ယူသွားတဲ့လူကိုဝတ်ကောင်းစားလှနဲ့ မြင်ရရင်တော့လူကောင်းလို့ခေါ်ပြီးစုတ်ပြတ်နွမ်းရိတဲ့ အဝတ်အစားနဲ့မြင်ရရင်တော့အရူးလို့ပဲ သတ်မှတ်လိုက်ကြတာမလား။လမ်းပေါ်က အရာဝတ္ထုတစ်ခုဆိုပါစို့။ကိုယ်မြတ်နိုးတဲ့အရာကို ကိုယ်ကောက်ယူသွားတာကတပါးသူအတွက် ရူးတယ်ခေါ်နိုင်သလို ကိုယ်မလိုချင်လို့ပစ်ထားတဲ့ ပစ္စည်းအစုတ်ကတပါးသူကောက်ယူစရာဖြစ်နေလို့ ကောက်ယူသွားတဲ့အခါအဲ့ဒီလူကို ရူးတယ်လို့ ခေါ်ကြပြန်ရော။ဇာတ်လမ်းထဲမှာတော့ မင်းသမီးကို အကွက်ကျကျ စီစဉ်ထားတဲ့လှည့်ကွက်တွေ၊ တပါးသူမသိနိုင်အောင် ကြံစည်ထားမှုတွေနဲ့သူ့ကို အရူးပါလို့ ...
movie

Madha (2020)

2020
The Nightmare (2020) 7.0
The Nightmare (2020) တွေးရတာ ကြောက်လန့်ရတာ ကြိုက်တဲ့ သူတွေအတွက် ဒီရုပ်ရှင်က သင့်တော်ပါတယ် လီယွန်ဝူး ဆိုတဲ့ လူငယ်ဒါရိုက်တာ တစ်ယောက်ဟာ ငွေကြေးထက် ဝါသနာကို အရင်းခံတဲ့ အနုပညာရှင်တစ်ယောက်ပါ သူ့မှာ ချစ်ရတဲ့ ဇနီး ရယ် အရမ်းချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ရှိတယ် ဒါပေမဲ့ သူ့ရဲ့ မာန ကြောင့် ရုပ်ရှင်လောက မှာဝင်တိုးဖို့ ခက်နေပြီး အတော်လေး ကြိုးစားရုန်းကန်နေရတဲ့ ကာလ တစ်ခုပေါ့ တစ်နေ့တစ်နေ့ အလုပ်က မိန်းမကို ရုံးလိုက်ပို့လိုက် သမီးလေးကို ကျောင်းပို့ ကျောင်းကြို လုပ်လိုက် အားရင် အိမ်မှာ ဇတ်ညွန်းထိုင်ရေး နေတက်တဲ့သူ.... သမီးလေး ဖြစ်သူကတော့ သူ့ကို နိုင်ငံခြားက ကစားကွင်းတွေ သွားချင်တယ်လို့ ခနခန ပူဆာခဲ့ပေမဲ့ သူ့အလုပ် မအောင်မြင်သေးတော့ သမီးဖြစ်သူကို လိုက်ပို့ပါမယ်လို့ပဲ ကတိပေးခဲ့ရတယ်.... အဲ့လို ကတိပေးပြီး နောက်တစ်နေ့မှာပဲ သမီးဖြစ်သူ ရုတ်တရက် အက်ဆီးဒင့် တစ်ခုဖြင့် သေဆုံးသွားခဲ့သောအခါ..... ဒီရုပ်ရှင်ကားကို Duli Lay က ဘာသာပြန်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie

The Nightmare (2020)

2020
Gretel & Hansel (2020) 5.3
Gretel & Hansel (2020) Gretel & Hansel (2020) IMDb - 5.3/10_____Rotten - 65%  ၂၀၂၀ ခုနစ်ထွက် Fantasy/ Horror ဇာတ်ကားလေးဖြစ်ပါတယ်... ဂရင်းစ်ညီအစ်ကိုတွေရဲ့ ပုံပြင်တွေထဲက တစ်ပုဒ်ဖြစ်တဲ့ တောအုပ်ထဲက လူသားစားတဲ့ စုန်းမကြီးအိမ်ကို ရောက်ရှိသွားတဲ့ ဟန်ဆယ်နဲ့ ဂရက်တယ်တို့မောင်နှမနှစ်ယောက်အကြောင်းကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်... ဒီဇာတ်ကားလေးကလည်း အဲဒါကို အခြေတည်ပြီးရိုက်ကူးထားတာပါ... ဟန်ဆယ်နဲ့ ဂရက်တယ်တို့ မောင်နှမနှစ်ယောက်ဟာ မုဆိုးမ အမေနဲ့အတူတူ ဆင်းဆင်းရဲရဲနေထိုင်ကြရပါတယ်... တစ်နေ့မှာတော့ သူတို့အမေက ကိုယ့်ဝမ်းကိုယ့်ကျောင်းဖို့ သူတို့နှစ်ယောက်ကိုနှင်ထုတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ စိတ်မနောကောင်းတဲ့ မုဆိုးတစ်ယောက်က တောထိန်းတွေဆီ သွားခိုလှုံဖို့ လမ်းညွှန်လိုက်ပါတယ်... ဒီလိုနဲ့ သွားရင်းနဲ့ တောထဲမှာ စားကောင်းသောက်ဖွယ်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးတစ်လုံးကို တွေ့လိုက်ရပါတော့တယ်... အိမ်ပိုင်ရှင်ကတော့ သဘောကောင်းပုံရတဲ့ အဖွားအိုတစ်ယောက်ပဲ... အဲဒီအဖွားအိုဟာ ပုံပြင်ထဲကအတိုင်း စုန်းမကြီးများလား... ဒီဇာတ်ကားမှာ မတူခြားနားတဲ့ မြှုပ်ကွက်တွေပါတာကြောင့် ဘာတွေလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး... IMDB 5.3/10 ရရှိထားပါတယ်   File Size : ( 817 MB , 240 MB) Quality : WEB-DL 720p Running Time : 1 hr 27 min Format ...
movie

Gretel & Hansel (2020)

2020
The Cave(2019) 6.5
The Cave(2019) The Cave(2019)(unicode)Documentary မဟုတ်ပါ...ဇာတ်လမ်းသွားနဲ့ ရိုက်ကူးထားတာပါ...ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ဒီကလေးတွေကို ကယ်ဆိုဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံစုံက ရေငုပ်သမားတွေဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အကြောင်းရယ် လူသားဆန်လှစွာ ကူညီကြတဲ့သူတွေအကြောင်းကို ရိုက်ကူးပြထားတာပါ... ပျောက်သွားတဲ့အကြောင်းကစလို့ ရေငုတ်သမားတွေ ပညာရှင်တွေ ပူးပေါင်းပြီး အဖြေထုတ်ရင်း ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်... ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောတွေအတွက် စာဖိုင် မထွက်လို့ ကိုယ်တိုင်စာဖိုင်လုပ်ပြီး နားထောင်ပြီး ဘာသာပြန်ပေးထားပါတယ်။ ရေသံတွေ လှိုင်ဂူသံတွေကြောင့် အသံတွေက သိပ်မရှင်းလို့ ကွက်လပ်လေးတွေ ပါပေမယ့် အရေးကြီးတဲ့အပိုင်းတွေကို အပြည့်စုံဆုံးဖြစ်အောင် ဖြည့်ပေးထားပါတယ်...။ စာဖိုင် အမှန်ရရင်တော့ ထပ်ပြီး တင်ပေးပါဦးမယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....(zawgyi)ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ...
movie

The Cave(2019)

The Man Standing Next (2020) 7.3
The Man Standing Next (2020)  ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်းပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်းတခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ...
movie

The Man Standing Next (2020)

2020
Yeh Saali Aashiqui (2019) 8.2
Yeh Saali Aashiqui (2019) နိုင်ငံတကာအဆင့်သတ်မှတ်ချက်များIMDb 8.3/10, The Economic Times 3.5/5, BollywoodMDB 5/5ဆာဟေးလ်ဆိုတဲ့ကောင်လေးနဲ့ မီတီးဆိုတဲ့ကောင်မလေး ဟိုတည်စီမံခန့်ခွဲရေးသင်းတန်းကျောင်းမှာ တွေ့ဆုံခဲ့ကြတယ်နှစ်ယောက်သား Love at first sight ဆိုသလို မြင်မြင်ချင်း သဘောကျခဲ့ကြတယ်အဲ့ဒိလိုနဲ့ သိပ်ကြည်နူးစရာကောင်းတဲ့အချစ်ကမ္ဘာလေးကို အချစ်ဌက်နှစ်ကောင် ပျံသန်းနေတယ်လို့ဆိုရအောင်သူတို့သံယောဇဉ်ဟာ သိပ်ကိုအဆင်ပြေချောမွေ့လို့နေပါတယ်ဒါပေမဲ့လည်း အိပ်မက်ကမ္ဘာထဲကလိုလှပနေတဲ့ သူတို့အချစ်ရေးဟာမထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် အိပ်မက်ဆိုးအသွင်ပြောင်းသွားခဲ့ပါတယ်အဲ့ဒိအဖြစ်ကတော့ ဆာဟေးလ်က သူ့သိပ်ချစ်တဲ့ မီတီးကိုအတင်းအဓမ္မပြုကျင့်ဖို့ကြံခဲ့ပါတယ်ဆိုပြီး အဖမ်းခံလိုက်ရပါတယ်ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတဲ့ သူတို့နှစ်ယောက်ကြားမှာဘာအလှည့်အပြောင်းတွေရှိနေမလဲဘာပြဿနာတွေ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု့လိုက်ပါဦးဇာတ်လမ်းကလှည့်ကွက်အပြည့်နဲ့မို့လို့ သိပ်အများကြီးမပြောချင်တော့ပါဘူးဟိုးအပေါ်က နိုင်ငံတကာအဆင့်သတ်မှတ်ချက်တွေဟာ ဒီဇာတ်ကား ကောင်းမကောင်းဆိုတာ သက်သေပါပဲသရုပ်ဆောင်အသစ်တွေဆိုပေမယ့် လက်ရှိနာမည်ရနေတဲ့ ငပေါတချို့ထက် သရုပ်ဆောင်ပိုကောင်းကြောင့် တွေ့ရပါလိမ့်မယ်ဗျာအဓိကဇာတ်လိုက်မင်းသားက တခြားလူမဟုတ်ပါဘူး နာမည်ကျော်သရုပ်ဆောင်ကြီး Amrish Puri ၏မြေး Vardhan Puri ပဲဖြစ်ပါတယ်ဒီဇာတ်ကားကြည့်လိုက်ပါ "ခင်ဗျား အချစ်ဆိုတာကို မုန်းသွားပါလိမ့်မယ် "(အားလုံးပဲ ဇာတ်ကားတွေကြည့်ကာ ...
movie

Yeh Saali Aashiqui (2019)

2019
U Turn (1997) 6.8
U Turn (1997) [Unicode] U Turn (1997) ========= ဘဝမှာမှားခဲ့တဲ့ လူတိုင်းကို ဘုရားသခင်က ဂငယ်ကွေ့ခွင့်ပြုပါတယ်တဲ့။ ကိုယ် ဒီလမ်းကလေးကို ဂငယ်ကွေ့ခဲ့မိတဲ့ဘက်က ငရဲလမ်းတုရှုပါပဲ။ ကုန်းကမူ ကန္တာရလွင်ပြင်နဲ့ ဖုန်ထူတဲ့ ဒီလမ်း‌ဘေးမှာ လဒတွေ ယုန်သေကောင်ပုပ်အပေါ်နားလို့။ ငရဲဖြစ်စေ သင်္ချိုင်းဖြစ်စေ သေဘေးလွတ်ဖို့ လူဟာ ဘာမဆို လုပ်မှာပဲမဟုတ်လား။ လက်ချောင်းနှစ်ချောင်းနှုတ်ယူခံထားရတဲ့ ကိုယ့်ဆီက သူတို့က အသက်ကိုယူဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ တိမ်းရှောင်သူကိုယ်က မင်းနဲ့တွေ့ခဲ့တယ် အင်းဒီယန်းတစ်ဝက်မ‌လေးရေ။ မင်းတို့နေတဲ့ မြို့ကလေးကို ကိုကွေ့လာတဲ့အချိန်မှာ ကတောက်ကဆတ် ၁ က စတာပါပဲ။မင်းသိမှာပါ ပြဿနာဟာ မြို့အဝင်ဝပ်ရှော့က ဗိုက်ပူပူ ချေးအထပ်ထပ်နဲ့ အေးတဲ့အချိန်နဲ့ ပူတဲ့အချိန် အလုပ်မလုပ်ချင်တဲ့ စက်ပြင်ဆရာငတိနဲ့ စတာပေါ့။ ကိုယ်ပိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ၁၉၆၄မော်ဒယ် မတ်စတန်းအမိုးဖွင့်ကားလေးကို ဒီငတိနဲ့ ထားခဲ့ရတာ သိပ်စိတ်မချလှပါဘူး ရွေးစရာမှမရှိပဲ။ ဒီညစ်ပတ်ဖုန်ထူတဲ့ မြို့ဟာ မင်းကို မတွေ့ခင်အထိတော့ တကယ်ငရဲပါပဲ။ ကတောက်ကဆတ် ၂ ကတော့ ခရီးသွားဟန်လွဲ စားသောက်ဆိုင်အသွားတိုးတဲ့ မျက်မမြင် အင်းဒီးယန်းအဘိုးကြီးပါပဲ။ ဒီအဘိုးကြီးက အတော်ခက်ပါတယ်။ မျက်မမြင်တစ်ယောက်နဲ့ မလိုက်အောင်ကို ကင်းမြှီးကောက်သတ်သေတာအစ အတွဲတွေပလီတာအဆုံး အကုန်မြင်နေတော့တာပါပဲ။ စကားတွေကလည်း ဖောင်ဖွဲ့လို့ မကုန်အောင်ပါပဲ။ ဒီအချိန်မှာပဲ လမ်းတစ်ဘက်က မင်းကို ကိုယ် မြင်လိုက်ပါတယ်။ ဒါအချစ်မဟုတ်ပါဘူး။ အလှကိုတပ်မက်မှုပါ။ အချစ်ဟာ လှတာကိုလိုချင်တာဆိုတဲ့ ...
movie

U Turn (1997)