Channel Myanmar

Thriller

The Entity(2019) 6.0
The Entity(2019) The Entity(2019)ညီမဖြစ်သူ Pam ရဲ့ရုတ်တရက်သေဆုံးသွားတဲ့သတင်းကိုကြားတော့ ကောလိပ်ကျောင်းသား Kent Gonzalez ကအိမ်ကို ဝမ်းနည်းကြေကွဲစွာပြန်လာခဲ့တယ်...အိမ်ရောက်တော့  အဖေ အမေနဲ့အတူစျာပနာကျင်းပခဲ့တယ်...နောက်ရက်များမှာ သူ့အတွက်ထူးဆန်းတဲ့ကိစ္စတွေဖြစ်လာတယ်...ကွယ်လွန်သွားတဲ့သူ့ညီမဝိညာဥ်က သူ့အိမ်မက်ထဲကိုအလည်လာခဲ့ပြီး သူမသိသေးတဲ့အကြောင်းအရာတွေကိုလာပြောပြသွားတယ်..... Kent အတွက်ထိန့်လန့်စရာကောင်းသလို ဝိညာဉ်ရဲ့ပြောပြချက်တွေကလည်းသူ့အတွက် စက်ဆုတ်စရာတွေဖြစ်နေတယ်....အဲ့ဒီနောက်မှာတော့.....ဝိညာဉ်ကဘာတွေပြောခဲ့လို့လဲ...အဲ့ဒီဝိညာဉ်ကရော ဘာတွေဆက်ပြီး Kent ကိုဆက်ပြောနေမှာလဲ...Kent ကရော ဝိညာဉ်ပြောခဲ့တာတွေနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်မှာလဲ...Horror ကားကြိုက်သူတို့အတွက် တော်တော်မိုက်တယ်လို့ပြောရမှာပါ..ခံစားကြည့်ကြပါကုန်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Shoon Thu Thu Chain ပဲဖြစ်ပါတယ်... File Size : (1.3 GB) and (692 MB) Quality :WEB-DL 720p 5.1CH Format…mp4 Duration…01:45:00 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

The Entity(2019)

Shooting Heroin (2020) 7.2
Shooting Heroin (2020) Shooting Heroin (2020)=================IMDb Rating 7.2/10#Unicode2020 ခုနစ်ထွက် Action / Drama / Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDB 7.2/10 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲမှုတွေဟာ မြင့်တတ်လာပြီး . တစ်နေ့နဲ့တစ်နေ့ လူသေမှုနှုန်းဟာတစ်ဖြည်ဖြည်းမြင့်တတ်လာပြီး . နိုင်ငံအတွင်း တစ်ရက်ကိုလူသေနှုန်းဟာ ၁၀၀ ကျော်ထိရှိလာခဲ့ပါတယ်။ အစိုးရရဲ့ထိန်းချုပ်မှုဟာလည်း မနိုင်လောက်ဖြစ်လာခဲ့ပါတယ်။အဒမ်ဟာ မြို့ငယ်လေးတစ်မြိုက စစ်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ချစ်ရတဲ့ မွေးကင်းစသားလေးရယ်၊ သူ့ မိခင်ရယ် ၊ သူ့ ညီမလေးတစ်ဦးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဆေးဖြတ်ထားတဲ့ သူ့ညီမဖြစ်သူ ရှန်ယန်းတစ်ယောက် ဆေးပြန်သုံးနေတာကို သိလိုက်ရပါတယ်။အဲ့ဒါတင် မကသေးပဲ ရှန်ယန်းဟာ ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါမှာတော့ အဒမ်တစ်ယောက်မူးယစ်ဆေး နဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကို စိတ်နာတာကနေ ချေမှုန်းဖို့ဖြစ်လာပါတော့တယ်။အဓိက ဇာတ်ဝင်ခန်းတွေဟာ အဲ့အချိန်မှာစမှာပါ . အကြမ်းအရမ်း အတိုက်အခိုက်လေးတွေလည်းမြင်တွေ့ရမှာ သေချာပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

Shooting Heroin (2020)

2020
Ponmagal Vandhal (2020) 7.1
Ponmagal Vandhal (2020) (မင်းသမီးလေး ရောက်လာပါပြီ)ကျောင်းအုပ်ဆရာမကြီးအဖြစ် အများသိကြတဲ့ တမီးလ်မင်းသမီးကြီး Jyotikaရဲ့ ကားသစ်စစ်စစ်က ကိုဗစ်ကာလမှာ ရုံမတင်ရဘဲ Amazonကနေ ဖြန့်ချိခဲ့ပါတယ်။ဇာတ်ကားကောင်းတစ်ကားဆိုတာလည်း ကြည့်ရှုပြီးကြသူတွေရော၊ မကြည့်ရသေးသူတွေပါ သိပြီးကြပြီထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို အနည်းငယ် ချပြပါမယ်။ကလေးမလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်း လူငယ်လေးနှစ်ယောက် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်...တရားခံရဲ့နာမည်က ဂျိုသီ မြောက်ပိုင်းသူ...စိတ္တဇလူသတ်သမား သူ(မ)ရဲ့အိမ်ကို ရဲတွေရှာဖွေစစ်ဆေးကြည့်တော့ အိမ်အနောက်ဘက်မှာ ကလေးအလောင်း (၄)လောင်း မြှပ်ထားတာတွေ့ရတယ်...သေဆုံးသွားတဲ့ကလေးတွေရဲ့မိဘတွေသာမက ပြည်သူတွေကပါ သူ(မ)ကိုသတ်ပစ်ဖို့တောင်းဆိုကြတယ်...သတင်းအရ ဂျိုသီပုန်းနေတဲ့နေရာကိုသွားဖမ်းတော့ သေနတ်နဲ့ခုခံတဲ့အတွက် ဂျိုသီ့ကို ရဲတွေပြန်လည်ပစ်ခတ်ခဲ့ရတယ်...စိတ္တဇလူသတ်သမားဂျိုသီရဲ့ပုံပြင်ဟာ ဒီမှာတစ်ခန်းရပ်ခဲ့တယ်...အချိန်တွေ ရာသီတွေအလီလီပြောင်းလို့ (၁၅)နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကိုရောက်ခဲ့ပြီ...ဂျိုသီရဲ့အမှုကိုပြန်ဖွင့်ပြီး ပြန်လိုက်တော့မယ်ဆိုတဲ့သတင်းထွက်လာတော့ လူတွေအကုန်အံ့သြသွားကြတယ်...နဂိုတည်းက သွေးဆူခဲ့ကြတဲ့အမှုဆိုတော့ အားလုံးဝိုင်းပြီးကန့့််ကွက်ကြတယ်...တရားရုံးရှေ့အထိ လူစုလူဝေးနဲ့ဆန္ဒလာပြကြတယ်...လယ်ပြင်ဆင်သွားသလို ထင်းနေတဲ့အမှုကို နာမည်ကြီးချင်လို့အစပြန်ဖော်တယ်လို့ သူတို့တွေးမိကြတယ်...ဒီရှေ့နေမ ငွေလိုလို့လား...နာမည်ကြီးချင်လို့လားပေါ့...ဂျိုသီ့အမှုကို ပြန်လိုက်မဲ့ရှေ့နေမလေးနာမည်က ဗန်ဘာ... မစ္စစ်ဗန်ဘာ...ဂျိုသီ့အမှုက သူ့အတွက်ပထမဆုံးအမှု ပြည်သူတွေ ဆတ်ဆတ်ထိမခံတဲ့အမှု ဗန်ဘာ့အတွက်တော့ ဒါဟာ ရှေ့နေဘဝရဲ့ပထမဆုံးခြေလှမ်း...အမှားခံလို့မရတဲ့ ကိစ္စရပ်တစ်ခု... လူတွေရဲ့ပြစ်တင်ရှုံ့ချတဲ့အကြည့်တွေ ဖိနပ်တွေနဲ့ပစ်ပေါက်ခံရတာတွေကြားကနေ ဒီအမှုကိုဆက်လိုက်ဖို့ သူဆုံးဖြတ်ခဲ့တယ်...ကဲ ရှေ့ဆက်ဘယ်လို ဖြစ်ကြဦးမလဲ ...
movie

Ponmagal Vandhal (2020)

2020
[18+] L’Amant Double (Aka) Double Lover (2017) 6.2
[18+] L’Amant Double (Aka) Double Lover (2017) IMDb (6.2/10) / Rotten Tomatoes (70%)French-Belgian ဇာတ်ကားဖြစ်ပြီး Erotic,Thriller,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ကလိုဝီဆိုတဲ့ ကောင်မလေးဟာ စိတ်အားငယ်တတ်သလိုသူ့ကိုယ်သူ ဝေဒနာရှိနေတယ်လို့ထင်နေတဲ့ မော်ဒယ်ဘဝကိုစွန့်ခွာလာတဲ့ မိန်းမလှလေးတစ်ယောက်ပါ။သူ့ဗိုက်အောင့်ရောဂါဟာ စိတ်ကြောင့်ဖြစ်ရတယ်လို့ ယူဆတဲ့အတွက် ဒေါက်တာ ပေါလ်မေယာဆိုတဲ့ စိတ်ကုဆရာဝန်တစ်ယောက်နဲ့တိုင်ပင်ကုသရာကနေ သံယောဇဉ်တွယ်ပြီး အတူတူနေဖြစ်သွားပါတယ်။အတူတူနေကြတဲ့ နောက်ပိုင်း ကလိုဝီ သိလာတာကတော့ သူ့ချစ်သူဟာ လျှို့ဝှက်ချက်တွေ ဖုံးကွယ်မှုတွေ အတိနဲ့ဆိုတာပါပဲ။သူ့ကိုမိတ်ဆက်ထားတဲ့အမည်ဟာ သူ့နာမည်အရင်းမဟုတ်တဲ့အပြင် သူနဲ့ တစ်ထေရာထဲထပ်တူ အမြွှာညီအစ်ကို တစ်ယောက်ထပ်ရှိနေသေးပြီးအဲ့ဒီအမြွှာဟာလဲ သူ့လို စိတ်ကုဆရာဝန်အဖြစ်ပဲ အသက်မွေးနေတဲ့အကြောင်း တစ်စစ သိလာရာကနေသူတို့ဇာတ်လမ်းဟာ သုံးပွင့်ဆိုင်အဖြစ်အသွင်ပြောင်း ရှုပ်ထွေးလာပါတော့တယ်။ဒါမှမဟုတ် လေးပွင့်ဆိုင်ဖြစ်လာမလား?သူကိုယ်တိုင်ဆီမှာကော သူ့ဘဝထဲက ဖျောက်ဖျက်မေ့လျော့ထားချင်မယ့် အတိတ်တစ်ခု ဒါမှမဟုတ် သွေးသားရင်းချာတစ်ယောက်ရှိနေနိုင်မလား?L’Amant Double သို့မဟုတ် Double Lover ဟာအခုချိန်မှာ ရှားပါးနေတဲ့ Erotic thriller ကားကောင်းတစ်ကားပါ။အမေရိကန်ကားတွေနဲ့ တင်ပြပုံဇာတ်လမ်းတစ်မူကွဲပြားနေပြီးအိပ်ယာပေါ်ကအခန်းတွေ ပီပြင်ကြမ်းတမ်းလွန်းတဲ့အတွက် ၂၁ နှစ်ပြည့်ပြီးလောက်မှ ကြည့်သင့်တဲ့ ...
movie

[18+] L’Amant Double (Aka) Double Lover (2017)

Trance (2020) 7.3
Trance (2020) Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie

Trance (2020)

2020
Hunter Killer(2018) 6.8
Hunter Killer(2018) Hunter Killer(2018) ((အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH ,Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...))စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့...တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်...ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ်...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက်နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ်ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်....ရုရှား ...
movie

Hunter Killer(2018)

2018
Beasts Clawing at Straws(2020) 7.1
Beasts Clawing at Straws(2020) Beasts Clawing at Straws(2020)IMDb...7.1ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်.. ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ.. တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့ အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်... သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်... သူဘယ်လိုဆက်လုပ်မလဲ.... တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်.. ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင် သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့ ဇောချွေးပြန်နေတယ်...သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာ ခံစားကြည့်ကြပါ... Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်.... ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး..... ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး..... ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်... အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားတယ်....File Size : (947 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Thriller , ...
movie

Beasts Clawing at Straws(2020)

[18+] Body Weapon (1999)
[18+] Body Weapon (1999) ဒီကားလေးဟာ1999ခုနစ်ကထွက်ခဲ့တာဖြစ်လို့ ဟောင်းနေပြီဆိုပေမယ့်ဟွမ်ဖေးဟုန်လို့လူသိများတဲ့ မင်းသားကြီးVicent Zhao အဓိကပါဝင်သရုပ်ဆောင်ထားလို့ အကြိုက်တွေ့စေမှာပါ..Body weaponဆိုတဲ့ ခေါင်းစဉ်အတိုင်း ညစ်ညမ်းတဲ့အခန်းတွေပါလို့မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူး..ဇာတ်လမ်းအကျဉ်းကတော့ ဟောင်ကောင်မြို့မှာ မျက်နှာဖုံးနဲ့လူဦးဆောင်တဲ့အဖွဲ့ဟာ အကြမ်းဖက်နှိပ်စက်ပြီးမိန်းကလေးကိုအဓမ္မကျင့်သတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်...ဒီအမှုကိုစုံစမ်းနေတဲ့ ရဲမေတစ်ယောက်ဟာ သူမရဲ့မဂ်လာဦးညမှာ ဒီမျက်နှာဖုံးလူသတ်သမားနဲ့ဆုံတွေ့ရတဲ့အခါ...သူမရော ဒီလူရမ်းကားလက်ကလွတ်မလား...မျက်နှာဖုံးလူသတ်သမားခေါင်းဆောင်ကိုဘယ်သူတွေက ဘယ်လိုဖော်ထုတ်ကြမှာလဲ..စိတ်ဝင်စားစရာပါ။တိုက်ခိုက်ထိုးသတ်မှုတွေနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဟောင်ကောင် အက်ရှင်ဇာတ်ကားကောင်းတစ်ပုဒ်ပါ။  File size…(1.6 GB) and (999 MB) Quality….WEBDL Rip 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Phyo Zaw
movie

[18+] Body Weapon (1999)

Suicide Club(2018) 3.3
Suicide Club(2018) Suicide Club(2018)ဒီတစ်ခါတော့ သဲထိတ်ရင်ဖိုဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သိပ်မကြာသေးခင်ကမှ Mo Mo Challenge ဆိုတာကြီးကို သတိပြုမိကြမယ် ထင်ပါတယ်။ Youtube ကနေ redirect လုပ်ထားတဲ့ website တစ်ခုမှာ ကလေးငယ်တွေကို ထူးဆန်းတဲ့ activity တွေ challenge တွေကို လုပ်ဖို့ လှုံ့ဆော်ရာကနေ တစ်ဆင့်တက်ပြီး အသားနာအောင်စေခိုင်းတာ အဲဒီနောက် ကိုယ့်ကိုယ်ကို သတ်သေအောင်စေခိုင်းတဲ့အထိ လုပ်ခိုင်းကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ခိုင်းတာကို Internet addiction ရနေတဲ့ လူငယ်တွေ အခန်းအောင်းပြီး social media တွေပေါ်မှာ ပျော်မွေ့နေကြတဲ့၊ အထီးကျန်နေကြတဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်နေကြတဲ့ လူငယ်တွေ အများဆုံးခံရလေ့ရှိပါတယ်။ ဒီဇာတ်လမ်းမှာလည်း Website ကတစ်ဆင့် သင့်ရဲ့လက်တွေ့ဘဝကို အမှောင်နေ့တွေပေးမယ့် Suicide Club ဆိုတာကို တွေ့ရမှာပါ။ ပြင်ပလောကကို နှစ်အတော်ကြာ အဆက်အသွယ်ဖြတ်ပြီး အခန်းလေးထဲမှာ တံခါးပိတ်တစ်ကိုယ်တည်းနေတဲ့ လစ်ဇ် လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ အွန်လိုင်းပေါ်မှာပဲ ...
movie

Suicide Club(2018)

Heat(1995) 8.2
Heat(1995) HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie

Heat(1995)

1995
The Untouchables(1987) 7.9
The Untouchables(1987) The Untouchables(1987) IMDb....7.9,,,,,Rotten.....80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်...သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်..သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ...ဆိုင်တွေဖြန့်တယ်..မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်...ဆိုင်ကိုဗုံးခွဲတယ်..ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်..ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်...အဲ့ဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်...ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်းသူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်...ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး..တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်... ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ....Kevin Costner, Sean Connery, Robert De Niro တို့ပါ...ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတေ်ာများများတင်ခဲ့ပါတယ် ...အထူးသဖြင့် Robert De Niro  ပေါ့...ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ...ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery  ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်...ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး....File Size : 900 MB Quality : Blu-Ray 720p Format…mp4 Duration…01:59:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Sherlock Encoded by Phyo Pyae
movie

The Untouchables(1987)

1987
Collateral(2004) 7.6
Collateral(2004) Collateral(2004)မိသားစုကို Taxi မောင်းရင်း လုပ်ကျွေးနေတဲ့ Max...ခေါက်ရိုးကျိုးနေ့ရက်တွေကို ဖြတ်သန်းရင်း တစ်နေ့မှာ လူတစ်ယောက်က သူ့ကို ကားငှားခဲ့တယ် ...သူ့ကိုကားငှားတဲ့ခရီးသည်ကို နေရာတစ်ခုကိုလိုက်ပို့တယ် ဒါပေမယ့် ခရီးသည်ကအဲ့ဒီနေရာမှာပဲသူ့ကိုစောင့်ခိုင်းထားလေတော့ သူစောင့်နေမိတယ်....မမျှော်လင့်ဘဲ အလောင်းတစ်လောင်းဟာ Max ရဲ့ကားပေါ်ပြုတ်ကျလာတယ်....သူလိုက်ပို့တဲ့ခရီးသည်ရဲ့လက်ချက်ပါပဲ ...သူ့ကိုငှားတဲ့ခရီးသည် ဟာ သာမန်လူမဟုတ်ဘဲ ကြေးစားလူသတ်သမားဖြစ်နေတယ်...မျက်မြင်သက်သေလိုဖြစ်နေတဲ့ Maxတစ်ယောက် ခရီးသည်ကြေးစားလူသတ်သမား ရဲ့အကြပ်ကိုင်မှုတွေနဲ့အတူရာဇဝတ်မှုတွေမှာ ပါဝင်လာရပါတော့တယ်။နောက်ပိုင်းသူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ။နာမည်ကျော် မင်းသားနှစ်လက်ဖြစ်တဲ့ တွမ်ခရုစ်နဲ့ဂျေမီဖောက်စ် တို့ရဲ့လိုက်ဖက်ညီလှတဲ့သရုပ်ဆောင်ချက်တွေကို ရင်တစ်ဖိုဖို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Imdb Rating 7.6Rotten Tomatoes 86%ရထားတဲ့  Collateral (2004)ကို CM ပရိသတ်ကြီးအတွက်ခရစ်စမတ်ကာလလေးမှာတင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအညွှန်းရေးသားပေးသူကတော့ Aye Mon Kyaw ဖြစ်ပါတယ်File Size…(900MB) and (340MB) Quality…BluRay 720p Format…mp4 Duration…01:55:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie

Collateral(2004)

2004
Frieda – Coming Home (2020) 7.3
Frieda – Coming Home (2020) သရဲကားကိုမှ ဘွားခနဲ ဘွားခနဲ​ခြောက်တာမဟုတ်ပဲ တစိမ့်စိမ့်​​တွေးရင်း ​​​ကြောက်ရတဲ့ အရသာကိုကြိုက်ရင် ဒီကားကိုမဖြစ်မ​နေကြည့်ဖို့ အကြံ​ပေးချင်ပါတယ် ဇာတ်​ဆောင်၂ဦးဖြစ်တဲ့ ​ဝေလ်ဒါလင်မယားဟာ သူတို့အရမ်းသွားချင်​နေတဲ့ ဥ​ရောပခရီးစဥ်ကို သွားကြတယ် မိန်းမဖြစ်သူက​တော့ ခုမှပူပူ​နွေး​​​နွေးကိုယ်ဝန်ရစ​ပေါ့ ဥ​ရောပကိုသွား​​နေရင်း လမ်းမှာ က​လေး​​လေးအတွက်နာမည်ကို စဥ်းစားကြတယ် မိန်းက​လေးဖြစ်ရင် သူ့အဖွားရဲ့နာမည် (ဖရီဒါ) ကို​ပေးမယ်တဲ့ သူတို့ဥ​ရောပ​ရောက်​တော့ သူတို့​​နေမယ့်အိမ်ကတကယ့်​တောထဲမှာ ​ ရေကန်​ခြောက်ကပ်ကပ်ကြီးရဲ့​ဘေး တကယ့်ကို​​​တောကျတယ် အိမ်ကိုလိုက်ပို့ တဲ့အဲလိစဘတ်ဆိုသူက သူ့အ​မေကဒီအိမ်ကိုပိုင်ခဲ့တာ​ပေါ့ အခု​တော့ ​ဆေးရုံမှာအ​ခြေအ​နေမ​ကောင်းဘူးလို့​ပြောပြီး မြန်မြန်ပြန်သွားတယ် အဲ့ကစပြီး သူတို့လင်မယား တစ်ခုပြီးတစ်ခုထူးဆန်းတာကြုံရပါ​လေ​ရော ဒီကား​​​လေးကိုဆုံး​အောင်ကြည့်ပြီးသွားရင် သနားမိတဲ့စိတ်​လေးလုံးဝကိုကျန်ခဲ့မှာပါ   File Size - 650 MB Quality - Web-Dl 720P Runtime - 1h 31min Subtitle - Burmese (Hardsub) Translator - Dolly Encoder - Thit San Khant
movie

Frieda – Coming Home (2020)

Operation Parindey(2020) 5.5
Operation Parindey(2020) Operation Parindey(2020)ဒီဇာတ်ကားဟာAction, Drama, Thrillerအမျိုးအစားဖြစ်ပါတယ်။အိန္ဒိယကိုအကြမ်းဖက်တိုက်ခိုက်ရေးရောက်လာတဲ့ရာဇဝတ်သားကိုလောယာဥ်ကွင်းတွင်ဖမ်းမိကာအချုပ်ချထားရာရုတ်တရက်ဘယ်ကမှန်းမသိတဲ့ရဲတပ်ဖွဲ့ဝင်အတုတွေရောက်ရှိလာပြီးအကြမ်းဖက်သမားအပါအဝင်အခြားအကျဥ်းသားတွေ ကိုကယ်ထုတ်သွားကြပါတယ်။လန်ဂါခေါ် အစားအသောက်ပွဲစီစဥ်နေကြတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာလဲဘာမှပြင်ဆင်ချိန်မရလိုက်ပဲရုတ်တရက်ဒီလိုဖြစ်လာတာကြောင့်မတားဆီးလိုက်နိုင်ခဲ့ပါဘူး အထက်အရာရှိကြီးရဲ့အမိန့်အရဒီကိစ္စကိုကိုင်တွယ်ဖို့နဲ့ ဖြေရှင်းဖို့အတွက်ရောက်ရှိလာခဲ့တဲ့လျှို့ဝှက်စုံထောက် အဘီမာနဗ်က ၂၄နာရီနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမယ်ဆိုတာကိုတော့ဇာတ်လမ်းမှာပဲကြည့်ရှုပေးကြပါလို့........ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားတာကတော့ Thaik San ပဲဖြစ်ပါတယ်။  File Size : (750 MB) and (380 MB) Quality :WEB-DL  720p Format…mp4 Duration…01:00:00 Genre : Action , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Operation Parindey(2020)

Training Day(2001) 7.7
Training Day(2001) Training Day(2001) IMDb....7.7,,,,Rotten....77% ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ... သူတို့ပါရင် အဲ့ဒီကားက တနည်းမဟုတ်တစ်နည်းကောင်းကိုကောင်းနေတတ်တာ....ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး....ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ...ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်....သူပါဝင်သရုပ်ဆောင်ထားတဲ့The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire  စသည်ဖြင့် နာမည်ကြီးကားများစွာကို သိရှိကြမယ်ထင်ပါတယ်....ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်...ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်....ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး......သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်...တစ်ခုတော့ သတိပေးပါရစေ...ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ  ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆိုဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ.... File Size : (950 MB) and (358 MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard ...
movie

Training Day(2001)

2001
The Legacy of the Bones (2019) 6.1
The Legacy of the Bones (2019) Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်မီးရှို့ခံရတဲ့သူတွေရယ်မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီးChurch ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်ကသူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကိုSalazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားကTarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။နောက်ထပ်လည်း ...
movie

The Legacy of the Bones (2019)

Z (2019)
Z (2019) ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီးဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိကျောင်းနားခံလိုက်ရတော့တယ်။ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လားသဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်းငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ File Size : ( 779 MB , 286 MB) Quality : WEBRip 720p Running Time ...
movie

Z (2019)

[18+] Dream Crimes (1985) 6.1
[18+] Dream Crimes (1985) ယု ဆိုတဲ့ မိန်းမလှလေးဟာ အချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကို အခုချိန်ထိ ခံနေရတဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးအဖြစ် အသက်မွေးနေပြီး တစ်နေ့မှာတော့ သူ့ကို အလုပ်အပ်တဲ့ မြေအောက်လောကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။ အဲ့ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်း သူ့ ငယ်ချစ်ဦးကို ပြန်သတိရစေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကို ဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာ မရုန်းနိုင်စရာ သုံးပွင့်ဆိုင် ဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။ ၁၉၇၀ ၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။ ခေါင်းဆောင်မင်းသမီးရဲ့ ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလို ဇာတ်လမ်းလေးလဲမဆိုးပါဘူး။ အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။(Dark Side Production မှ ရှေးခေတ်ကိုလွမ်းလို့ တင်ဆက်သည်။)  File size…(999 MB) Quality…DVD-Rip Format…mp4 Duration….01:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated by ALS
movie

[18+] Dream Crimes (1985)

Hacked(2020) 4.2
Hacked(2020) Hacked(2020)ဆမ်မီရာဆိုတဲ့ကောင်မလေးက ဖက်ရှင်မဂ္ဂဇင်း အယ်ဒီတာတစ်ယောက်ပါ...စွဲမက်ဖွယ် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သိပ်လှတဲ့ကောင်မလေးဖြစ်တဲ့အပြင် လုပ်ငန်းပိုင်းမှာလည်းအောင်မြင်မှုရလေတော့ခုခေတ် Social Media ကိုလည်း လူသိများစေဖို့ နည်းလမ်းစုံအသုံးပြုတတ်တယ်...တစ်နေတော့ သူမကိုကောင်လေးတစ်ယောက်က ကြွေသွားတယ်...ဒီကောင်လေးက အသက်သာငယ်ပေမဲ့ အရမ်းတော်တဲ့ဟက်ကာတစ်ယောက်...ပိုင်ဆိုင်ဖို့အတ္တတစ်ခုသာသိတဲ့ ဒီကောင်လေးဟာ သူအကျွမ်းကျင်ဆုံးဟက်ကာပညာရပ်တွေနဲ့စောင့်ထိန်းအပ်တဲ့လောကဝတ်တွေကိုဘေးချိတ်ပြီး နည်းမျိုးစုံသုံးကာ ဆမ်မီရာကို လိုက်ပါတော့တယ်...ဆမ်မီရာတစ်ယောက်ကို ဒီကောင်လေး ဘယ်လိုတွေ ချဉ်းကပ်လဲ...သူချဉ်းကပ်တဲ့နည်းတွေကရော ဒီကောင်မလေးအတွက်ဘယ်လိုခံစားရမလဲ...ကောင်မလေးကရော ဘယ်လိုတွေဖြစ်မလဲ...သူမကရော ဒီလိုမျိုးချဉ်းကပ်တဲ့ကောင်လေးကိုဘယ်လိုတုန့်ပြန်မလဲ...ဒီဇာတ်ကားက ဒီဘက်ခေတ်နဲ့အတော်လိုက်ဖက်တယ်လို့တောင်ပြောလို့ရပါတယ်...မိန်းကလေးတွေအတွက်ပညာပေးကားဖြစ်သလိုဆောင်ရန်ရှောင်ရန်လေးတွေကို ခပ်မိုက်မိုက်ပြသွားတာပါ....အညွှန်းနှင့်ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်....File Size : (1.02GB) and (526 MB) Quality : WEB-DL 720p Format…mp4 Duration…01:58:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Hacked(2020)

Strawberry Night (2013) 6.3
Strawberry Night (2013) [Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie

Strawberry Night (2013)