Channel Myanmar
Thriller
Kannum Kannum Kollaiyadithaal(2020) 7.7
Kannum Kannum Kollaiyadithaal(2020) Kannum Kannum Kollaiyadithaal(2020)IMDb..7.7App Developerနဲ့ Animator တို့ သူငယ်ချင်း ၂ယောက် ရှိတယ်။ နည်းပညာသမား သူငယ်ချင်း၂ယောက်ပေါ့။အမြဲလိုလို သောက်လိုက်စားလိုက်၊ ပါတီသွားလိုက်၊ မိန်းမပွေးလိုက်နဲ့ သူတို့ဘဝက  လောကနိဗ္ဗန်ပဲ....မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ဘဝကိုတည်ငြိမ်သွားစေမဲ့ချစ်သူလေးကိုယ်စီတွေ့ဖို့အကြောင်းဖန်လာခဲ့တယ်....တကယ်တော့ ဒီနည်းပညာသမား(၂)ယောက်ဟာ သူတို့တတ်စွမ်းတဲ့ပညာကိုအသုံးချပြီး ခိုးမှုများစွာကျူးလွန်ထားတဲ့သူတွေဖြစ်ကြပါတယ်...ဘဝကိုတည်တည်ငြိမ်ငြိမ်လေးနေဖို့ကြိုးစားခါမှ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုအတွက် ရဲချုပ်ကြီးဟာ မီးခိုးကြွက်လျှောက် လိုက်လံစုံစမ်းပါတော့တယ်...ရဲချုပ်ကိုယ်တိုင် အင်တိုက်အားတိုက်လိုက်လံဖမ်းဆီးရအောင် သူတို့ ဘယ်လောက်ဆိုးတဲ့အမှုတွေကျူးလွန်ခဲ့လဲ...ဒီအမှုတွေကြောင့် နောက်ဆက်တွအကျိုးဆက်တွေဘယ်လိုဖြစ်မလဲ...သူတို့(၂)ယောက်ကရော ဖြတ်ကျော်နိုင်ပါ့မလားဆိုတာကိုတော့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...File Size :(900 MB) and (436MB) Quality : WEB-DL 720p Format…mp4 Duration…02:40:00 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Koe Encoded by Phyo Pyae
movie
Kannum Kannum Kollaiyadithaal(2020)
Nobody Sleeps in the Woods Tonight(2020) 6.0
Nobody Sleeps in the Woods Tonight(2020) Nobody Sleeps in the Woods Tonight(2020)IMDb...6.0စမတ်ဖုန်းတွေ၊ဂိမ်းတွေစွဲနေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေကို နည်းပညာတွေနဲ့ဝေးဝေးနေပြီး သဘာဝတရားကိုခံစားနိုင်အောင် စီစဥ်ပေးထားတဲ့ offline campလေးတစ်ခုရှိပါတယ်။ဒီcampလေးထဲမှာဆိုရင် ဖုန်း၊လပ်တော့စတဲ့ လျှပ်စစ်ပစ္စည်းတွေလုံးဝယူမလာရဘဲ စီစဥ်ပေးထားတဲ့အတိုင်း အုပ်စုငယ်လေးတွေဖွဲ့ပြီး activityတွေလုပ်ရပါတယ်။နည်းပြ"မစ္စ အီဇာ"ဦးဆောင်တဲ့အဖွဲ့လေးကတော့ တောနက်ထဲကို ခြေလျင်ခရီးထွက်လာကြပါတယ်။တောထဲမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ရင်း စလိုက်ရန်ဖြစ်လိုက်၊ညဘက်မှာ မီးပုံဖိုရင်းသီချင်းတွေဆိုလိုက်နဲ့ ပတ်ဝန်းကျင်ကိုသတိမမူမိဘဲ ပျော်ရွှင်နေကြပါတယ်။မနက်လင်းလို့ခရီးဆက်ထွက်တော့မယ့်အချိန်မှ အဖွဲ့ထဲကကောင်လေးတစ်ယောက် ပျောက်ဆုံးနေပြီး သွေးကွက်အချို့ကျန်နေခဲ့တဲ့အတွက် လူစုခွဲပြီးလိုက်ရှာကြည့်ကြတဲ့အခါမှာတော့......တောနက်ထဲမှာရောက်နေတဲ့အပြင် ဆက်သွယ်စရာဖုန်းလည်းပါမလာကြတဲ့သူတို့တစ်တွေ တောထဲမှာ မထင်မှတ်ထားတဲ့ဘယ်လိုအန္တရာယ်မျိုးနဲ့ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦး.... File Size :(970MB) and (361 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Horror  , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Ei Phyu Khin Encoded by Phyo Pyae
movie
Nobody Sleeps in the Woods Tonight(2020)
Fishbowl (2018) 5.4
movie
Fishbowl (2018)
2018
Triggered 2020 6
Triggered 2020 အထက်တန်းကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း ၉ ယောက်ဟာ သစ်တော တစ်ခုထဲကို Camping သွားလုပ်ရင်း မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ခဲ့ရပါတယ် အဲ့ဒီနေ့ ညမှာတော့ တစ်မြို့လုံးက လူတွေက နောက်တစ်နေ့ကျင်းပမဲ့ ဘောလုံးပွဲအတွက် မြို့ထဲမှာပဲနေခဲ့ကြပြီး သူတို့ ၉ ဦးပဲ တောထဲမှာ ရှိကြပါတယ် ရှေးဟောင်းနှောင်းဖြစ်တွေ အေးအေးလူလူပြောနေခဲ့ကြပြီးနောက် ရွက်ဖျင်တဲတွေထဲ အိပ်ဖို့ ဝင်ခဲ့ကြပါတယ် အဲ့ဒီနောက်မှာတော့ သူတို့ အလန့်တကြားနူိးလာခဲ့ကြပြီး သူတို့ရဲ့ ကားတွေမရှိတော့ပါဘူး ပိုဆိုး တာကတော့ ခန္ဓာကိုယ်မှာပါ ချိန်ကို်က်ဗုံးတွေ တပ်ဆင်ထားခံရတာပါ ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူကတော့ သူတို့ရဲ့ အထက်တန်း​ကျောင်းတုန်းက သိပ္ပံဆရာ မစ္စတာ ပီတာဆန်ပါပဲ "မင်းတို့ထဲက တစ်ယောက်ပဲ ဒီတောထဲက အသက်ရှင်လျက်ထွက်နူိင်မယ်လို့ပြောပြီး" မစ္စတာ ပီတာဆန်ကသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ် ဗုံးတွေက အဆင့်မြင့် နည်းပညာတွေ ဖြစ်ပြီး ဖြုတ်ပစ်လို့လည်း မရသလို တစ်ယောက်နဲ့ တစ်ယောက်လည်း အချိန်မတူပါဘူး အနီးအနားမှာ ရှိတဲ့ အရာကို အာရုံခံနူိင်တဲ့ စနစ်တစ်ခုပါရှိပြီး ဗုံးတွေရဲ့ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို သိလိုက်ရတဲ့ အချိန်မှာတော့ သွေးပျက်လောက်စရာ ကိစ္စတွေကြုံတွေ့ရပါတော့တယ် အချိန်အများဆုံးရဖို့ အတွက် တစ်ယောက်ကိုတစ်ယောက်သတ်ရမှာပါ အခင်ဆုံး သူငယ်ချင်းတွေကနေ ရန်သူတွေဖြစ်သွားကြပါတယ် သူငယ်ချင်း အစစ်က ဘယ်လိုမျိုးဆိုတာလဲ ပြသသွားခဲ့ပါတယ် ပီတာဆန်ဟာ ဘယ်လိုအငြိုးကြောင့်များ ဒီလိုလုပ်ခဲ့ရတာလဲ သူတို့အားလုံး ...
movie
Triggered 2020
Spell 2020
Spell 2020
Diva 5.5
Diva Diva 2020 မနာလိုစိတ်ဆိုတာ တော်တော်လေးကြောက်ဖို့ကောင်းတဲ့အရာပါ ဒီကားထဲမှာလူတွေရဲ့ အတ္တစိတ် မနာလိုဝန်တိုစိတ် စတာတွေကိုကောင်းကောင်းကြီးတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း Thriller ဆန်လို့ရင်တထိတ် ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ် ၂၀၂ဝခုနှစ်ထွက် Thriller ကားကောင်းဖြစ်ပြီး မြေခွေးမလေးကိုယ့်ချစ်သူထဲက မင်းသမီး Shin Min-A ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ချွဲယောင်းဆိုတာက ဒိုင်ဗင်လောကမှာအတော်ဆုံးအားကစားမယ်တစ်ဦးပါ သူမသူငယ်ချင်းဆူဂျင်းကတော့ သူမလောက်မတော်ပဲ သူမ ကိုအားကျနေရသူတစ်ဦးလည်းဖြစ်ပါတယ် တစ်နေ့တော့သူတို့နှစ်ယောက် ကားမတော်တဆမှုတစ်ခုကြုံတွေ့ခဲ့ပြီး နောက် ချွဲယောင်းကအတိတ်မေ့သွားပြီး ဆူဂျင်းကပျောက်ဆုံးသွားပါတယ် တခြားဒိုင်ဗင်မယ်တွေက ဆူဂျင်း ပျောက်ဆုံးတာက ချွဲယောင်းလက်ချက်လို့ထင်နေကြသလို ဒီမတော်တဆမှုကနေ ချွဲယောင်းကိုယ်တိုင်ကလည်း စိတ်အခြေအနေထိခိုက်သွားရပါတယ် ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့ ဇတ်လမ်းလေးကိုကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ် ဆူဂျင်းပျောက်ဆုံးတာ သွေးရိုးသားရိုးလား ချွဲယောင်းက ကောဘယ်လိုစိတ်ရောဂါဖြစ်နေခဲ့တာလဲ အဖြေရှာကြရမှာဖြစ်ပါတယ် အကုန်ခြုံပြောရရင်စိတ်ဝင်စားဖို့ကောင်းတဲ့ Thriller ကားတစ်ကားဆိုတာ မလွဲပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie
Diva
2020
The Night of the Undead 4.8
The Night of the Undead Night of the Undead (2019) ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ Sci-fi Thriller အမျိုးအစားကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆိုအီဆို တဲ့ မိန်းကလေးဟာ မန်းဂီးဆိုတဲ့ လက်ထပ်ပြီးအိမ်ထောင်သည်ဘဝကိုပျော်မွေ့နေသူတစ်ယောက်ပါ ဒါပေမယ့် သူမအမျိုးသားမှာ ထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ် အမြဲအလုပ်များနေတတ်ပြီး ဘယ်လောက်အလုပ်များများ အနားမယူတတ်တာပါ တစ်ခါတစ်လေ ဒီ အပြုအမူတွေကြောင့်ဆိုအီကသူယောကျ်ားကို လူသားတစ်ယောက်လို့ မခံစားမိတော့အောင်ဖြစ်လာပါတယ် ဒါကြောင့်သူမအမျိုးသား ဘာတွေလုပ်နေတယ်ဆိုတာကို အလွတ်စုံထောက်တစ်ယောက်ကိုငှားပြီး နောက်ယောင်ခံစေခဲ့ပါတယ် အဲ့ဒီအခါမှာ သူမအမျိုးသားဟာ သူမအရင်ကလက်ထပ်ထားသူတွေ ရှိနေခဲ့ပြီး အဲ့ဒီမိန်းမတွေကလည်း ပုံစံတူသေဆုံးခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် သူမယောက်ျား က ဘယ်လိုလူမျိုးလဲ အစပိုင်းမှာတော့မိန်းမကိုအရမ်းချစ်တတ်ပြီး ကြင်နာတတ်တဲ့ယောက်ျားရဲ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆို တာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ Sci fi ကားကြိုက်တတ်သူတွေအတွက် ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာကြည့်ရမယ့်ကားလေး ဆိုလည်းမမှားပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie
The Night of the Undead
2019
Possessor Uncut 2020 18+ 6.5
Possessor Uncut 2020 18+ အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ.....   File size… 900 Mb ...
movie
Possessor Uncut 2020 18+
Innocent Thing (2014) 6.1
Innocent Thing (2014) Innocent Thing (2014)=================IMDb Rating - 6.1/10#Unicodeပုံမှန်ကိုရီးယားရုပ်ရှင်တစ်ကားကိုညွှန်းရင် မင်းသားဘယ်သူ မင်းသမီးဘယ်သူဆိုတာက စညွှန်းရမယ်ထင်တယ်။ Innocent Thingရဲ့ Lead Actorက Jang Hyukပါ။ Jang Hyuk ရိုက်တဲ့ရုပ်ရှင်တွေဟာ အရမ်းလန်ပြန်နေတာမျိူး တွေချည်း မဟုတ်ပေမယ့်လည်းမဆိုးတဲ့ ကားတွေပါပဲ။ You are my destinyတို့ Money Flowerတို့Work of Loveတို့လို ပေါက်စီးရီးတွေနဲ့ လူသိများတယ်။ Lead Actress Jo Bo-Ahကတော့ လက်ရှိHotနေတဲ့ vampire diaries Korean versionထဲကပါပဲ။ ဒီကားပြန်ဖြစ်တာသူ့ကြောင့်ဆိုရမယ်။ သူ့ကိုကြည့်ချင်တယ်ဆိုရင်တော့ ဒီကားထက်ပိုကောင်းတာဘာမှမရှိ‌တော့ပါဘူး။ ဒီရုပ်ရှင်မှာ သူ့ဇာတ်ကောင်ဟာ ဆရာကိုကြိုက်နေတဲ့ ကျောင်းသူမလေး‌နေရာကပါ။ ဆရာလုပ်တဲ့ Jang Hyukကိုရဖို့ မရမက ဖျားရောင်းတာတွေကို တလှေကြီးမြင်ရမှာပါပဲ။၁၆နှစ်အောက်တော့ မကြည့်သင့်ဘူးပေါ့ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာ ယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာ ကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်။ ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင် ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ သူ့ကိုအရူးအမူးဖြစ်နေကြတယ်။ သူ့တပြည့်မတွေထဲက တစ်ယောက်ကတော့ မတူပါဘူး။ သူက ယောင်းအွန်။ ယောင်းအွန်က လိုချင်တာကို ရအောင်ယူတတ်တဲ့ သဘာ၀ရှိတဲ့ ကလေးမပါပဲ။ ဇနီးလည်းရှိ ကလေးလည်းမွေးတော့မယ့် ဆရာကို ရဖို့ ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။ ကင်ဂျန်ကီကလည်း ဒီညွတ်ကွင်းကနေ မရုန်းနိုင်ပါဘူး။ တပြည့်မလေးရယ် သူ့မိန်းမရယ် မွေးတော့မယ့် ကလေးရယ်ကြားမှာ သူအကြပ်ရိုက်လာပါပြီ။ သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့ နောက်ဆက်တွဲမှာ ဘာတွေဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။ဒီရုပ်ရှင်ဟာ နာမည်ကျော် ဂျပန်ရုပ်ရှင် My Rainy Day (2009)ကို တခြားအမြင်ကနေ ရိုက်သွားတဲ့ပုံစံပါပဲ။ ...
movie
Innocent Thing (2014)
Let It Snow (2020) 4.5
movie
Let It Snow (2020)
2020
Cadaver (2020) 5.1
Cadaver (2020) Horror, Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ကမ္ဘာလုံး နျူကလီးယားကပ်ဘေးကျရောက်နေတဲ့အတွက် စားစရာနေစရာ ချို့တဲ့အနေတဲ့အချိန်မှာလီယိုနာရာ တို့မိသားစုနေထိုင်တဲ့ နေရာနားကို ပြဇာတ်ကိုလာကြည့်ရင် အစားအသောက်ပါစားရမယ်ဆိုပြီးဇာတ်ပွဲအတွက် လက်မှတ်တွေကို ပေးသလောက်ငွေနဲ့ ရောင်းပေးနေပါတယ်။လီယိုနာရာ နဲ့ သူ့ခင်ပွန်း၊ သမီးဖြစ်သူ အဲလစ်တို့ အဲဒီပြဇာတ်ကိုသွားကြည့်တဲ့အချိန်မှာတော့ ပြဇာတ်ကစင်ပေါ်မှာမကဘဲ ကျင်းပတဲ့နေရာ ဟိုတယ်တစ်ခုလုံးမှာ ကမှာဖြစ်ပြီး ပရိသတ်နဲ့ သရုပ်ဆောင်ကို ခွဲခြားထားတာကတော့ မျက်နှာဖုံးလေးတစ်ခုနဲ့ပါ။မျက်နှာဖုံးတပ်ထားတဲ့သူတွေက ပွဲကြည့်သူတွေဖြစ်ပြီး မျက်နှာဖုံးတပ်မထားတာက သရုပ်ဆောင်တွေပါ။တစ်နေရာတည်းမှာ ကပြတာမဟုတ်ဘဲ ကိုယ်နှစ်သက်ရာ သရုပ်ဆောင်နောက်ကို လိုက်သွားပြီး ကြည့်ရပါတယ်။လီယိုနာရာတို့မိသားစု သူတို့ စိတ်ဝင်စားတဲ့ သရုပ်ဆောင်နောက်ကို လိုက်သွားကြည့်ကြရင်း သမီးလေး အဲလစ် ပျောက်သွားတဲ့အချိန်မှာတော့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်… File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 26min Format ...
movie
Cadaver (2020)
2020
Welcome to Sudden Death 2020 4.9
Welcome to Sudden Death 2020 အညွှန်း ဘတ်စကတ်ဘောကွင်းကို အကြမ်းဖက်သမား အုပ်စုတစ်ခုက ဝင်စီးပြီး ဝင်ပေါက်တိုင်းမှာ ဗုံးထောင်ပြီး ငွေညှစ်ပါတယ်။ အဲဒီ ကွင်းမှာ လုံခြုံရေးလုပ်နေတဲ့ ဂျက်ဆီက မရင်းတပ်သားဟောင်း ဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ဖူးတဲ့ အတွေ့အကြုံ ရှိတဲ့လူပါ။ အခု ဒီကစားပွဲကို သူ့ကလေးနှစ်ယောက်နဲ့အတူ လာကြည့်တဲ့အခေါက်ကျမှ တိုက်တိုက်ဆိုင်ဆိုင် အကြမ်းဖက်ရန်နဲ့ လာတွေ့ကြုံရတဲ့အခါ ဖခင်တာဝန်ကျေပွန်အောင်ဖို့အပြင် လူတွေရဲ့ အသက်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။Welcome to sudden death (2020) ဟာ Die Hard (1988) ရဲ့ အငွေ့အသက်တွေ ပြန်လည်ခံစားရမယ့် အက်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။   File size… 1Gb Quality… Bluray 1080p Format…mp4 Duration….01:21:00 Genre ... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Htet Wai Lwin Encoded by Littleneo
movie
Welcome to Sudden Death 2020
The Binding 2020 4.6
The Binding 2020 Binding 2020 Horror ရုပ်ရှင် တွေကိုမှ ကြိုက်နှစ်သက်ပါတယ် ဆိုတဲ့ သူတွေအတွက် ၂၀၂၀ အောက်တိုဘာလ ကမှNetflix ကထုတ်လွှင့်ခဲ့တဲ့ အီတလီဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ အီတလီအောက်လမ်းပညာ နဲ့တိုက်ခိုက်ခံရတဲ့ မိသားစု အကြောင်းကို အဓိကထား ရိုက်ကူးထားတာပါတယ် မင်းသား တို့မိသားစု သူ့အမေရဲ့ ခြံထဲကို အလည်ထွက်လာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ အောင်လမ်းနည်းပညာနဲ့ အတိုက်အခိုက် ခံခဲ့ရပါတယ် အောက်လမ်း အစီအရင် တွေကို သူတို့မိသားစု ကျော်လွှားနိုင်ပါ့မလား ဆိုတာကတော့.... Netflix ကရိုက်တဲ့ သည်းထိတ် ရင်ဖို ဇာတ်ကားကောင်းတွေထဲက တစ်ခုပါ Imdb ကတော့ 4.7 ရရှိထားပါတယ် ခင်ဗျ Translator : Thu Khant Encoder : Thit San Khant Quality : 1080p and 720p Size : 1GB and 500MB
movie
The Binding 2020
2020
The Tunnel ( 2019 ) 6.1
The Tunnel ( 2019 ) The Tunnel 2019 ဒီကားလေးကတော့ ၂၀၁၉ ခရစ်စမတ် နေ့က ထွက်ရှိခဲ့တဲ့ နော်ဝေး ဒရမ်မာ သည်းထိတ်ရင်ဖို ကားလေး ဖြစ်ပါတယ် နော်ဝေ နိုင်ငံက ဥမင်တွေ မှာ ဖြစ်လေ့ ရှိတဲ့ အက်ဆီးဒန့် တွေ အကြောင်းကို အခြေခံ ပြီးရိုက်ကူးထားပါတယ် ဒီကားထဲမှာတော့ လူသွားလူလာများတဲ့ ခရစ်စမတ် နေ့ ကြီးမှာမှ ဥမင် အတွင်း မီးလောင် မှုတစ်ခု ဖြစ်ခဲ့ပါတယ် ဥမင် အတွင်းမှာ ရှိတဲ့ လူတွေ ဒီ မီးတော ထဲကနေ ရုန်းထွက်နိုင်ပါ့ မလား ရာသီဥတု အခြေအနေ ကြောင့် ကယ်ဆယ်ရေး တွေ အချိန်မှီ မရောက် နိုင်တဲ့အခါ ဘယ်လို အခက်အခဲ တွေကို ကျော် ဖြတ်ရမ လဲဆိုတာကတော့...... သည်းထိတ်ရင်ဖို ဒရမ်မာကို မှ ကြိုက်တဲ့ ရုပ်ရှင်ချစ် ပရိသတ် တွေအတွက် ကြည့် ပျော် ...
movie
The Tunnel ( 2019 )
2019
Surrogates (2009) 6.3
Surrogates (2009) Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie
Surrogates (2009)
2009
A Fire in the Cold Season (2019) 5.0
A Fire in the Cold Season (2019) A Fire in the Cold Season (2019)========================IMDb Rating - 5.0/10#Unicodeကန္တာရထဲမှာ ရေကြည်တစ်ပေါက်က အေးချမ်းမှုကို ပေးစွမ်းပါတယ်။ ဒီလိုပဲ ဆောင်းတွင်းအေးအေးမှာလည်း မီးတစ်ဖိုက နွေးထွေးမှုကို ပေးစွမ်းပါတယ်။ မုဆိုးတစ်ယောက်နဲ့ မုဆိုးမတစ်ယောက်ရဲ့ တွေ့ဆုံမှုက ဒီဇာတ်လမ်းလေးကို ဖြစ်စေတာပါပဲ။ မုဆိုးကတော့ တောလိုက်မုဆိုး ပါ။ မုဆိုးမကတော့ လင်ယောကျ်ားဆုံးပါးသွားတဲ့ အမျိုးသမီး မိုနာ ပါ။ဒီနှစ်ယောက် ဘယ်လိုဆုံတွေ့ခဲ့ကြတာလဲဆိုတော့ ..... မိုနာရဲ့အမျိုးသား မြစ်ဘေးမှာ လဲကျသေဆုံးနေတာကို မုဆိုးက စတွေ့ခဲ့ပြီး ရဲတိုင်ခဲ့ပါတယ်။ သူ့မှာ တာဝန်ရှိသလို ခံစားရပြီး မိုနာကိုစောင့်ရှောက်ပေးဖို့ ကြိုးစားပါတယ်။ မိုနာ့မှာလည်း ကိုယ်လေးလက်ဝန်နဲ့ ကျန်နေခဲ့တာပါ။မိုနာရဲ့အမျိုးသားဟာ အကြွေးတွေ တင်နေခဲ့ပြီး ဒီအကြွေးတွေကို လူဆိုးတွေက မိုနာ့ဆီလာတောင်းတဲ့အခါမှာတော့ ..... ဆောင်းတွင်းရဲ့မီးတစ်တောက်က ဘယ်လိုမျိုးလဲ ဆိုတာကိုဆက်လက်ကြည့်ရှုကြရအောင်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ August ပဲဖြစ်ပါတယ်။) #Zawgyiကန္တာရထဲမှာ ရေကြည်တစ်ပေါက်က ...
movie
2019
Teuri 2019
Teuri 2019 Teuri 2019 ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ triller/Mystery အမျိုးအစားကားတစ်ကားဖြစ်ပါတယ်။ဒီကားနာမည် Teuri(ထယ်အူရီ)ဆိုတာ ကိုရီးယားမှာရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့အမည်ပါ။ဇာတ်လမ်းအစမှာ ယန်းဂျန်းဂိုဆိုတဲ့ သူတစ်ယောက်က ထယ်အူရီကျွန်းမှာနေတဲ့ သူအကိုဖြစ်သူယန်းချွန်းဘယ်ဆိုတဲ့ သူရဲ့စာတွေကိုနှစ်ပေါင်းနှစ်ဆယ်ကြာမှ သက်ဆိုင်သူအသီးသီးဆီကို ကိုယ်တိုင်သွားပို့ရဖို့ဖြစ်လာခဲ့ပါတယ်။ယန်းဂျန်းဂိုဆိုတာက ဉာဏ်ရည်မမှီတဲ့ disable တစ်ယောက်ဖြစ်သလို နှစ်နှစ်ဆယ်ကြာမှ သူအကိုဆီကပထမဆုံးစာတွေလက်ခံရရှိတာလည်းဖြစ်ပါတယ်။ တော်တော်များများသိထားကြတာကတော့ ယန်းချွန်းဘယ်ဆိုသူက လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်ထဲကဆုံးပါးသွားခဲ့သူပါ။ ဒီလိုသေဆုံးသွားပြီလို့သိထားတဲ့သူတစ်ယောက်ရဲ့စာတွေက အခုချိန်ကျမှ ဘာကြောင့် ရောက်လာခဲ့တာလဲ။ဒီစာတွေကို ယန်းချွန်းဘယ်နဲ့ အလုပ်တူတူလုပ်ခဲ့သူတွေဖြစ်တဲ့ ဘို့ဂျူအင်း၊ဂျန်းဘန်းဂျွန်းနဲ့ စက်ရုံသူဠေးကင်ဆီကိုလည်း အသီးသီးဆီကိုလည်း ရေးသားထားတာ တွေ့ရပါတယ်။ ဒီစာတွေရဲ့အကြောင်းအရာကဘာလဲ။ယန်းချွန်းဘယ်ဆိုသူကကော သေသွားပြီလား။ပျောက်ဆုံးနေတာလား။ဒီစာတွေကိုလက်ခံရရှိသူ ယန်းချွန်းဘယ်ညီကလည်း ဉာဏ်ရည်မပြည့်မီသူဖြစ်နေတဲ့အပြင် သူကိုယ်တိုင် သူအကိုမှာခဲ့တဲ့ ဒီစာတွေကို သက်ဆိုင်သူအသီးသီးဆီ ကိုယ်တိုင်ကိုယ်ကျ လိုက်ပေးရတဲ့အခါ ဘယ်လို အဖြစ်အပျက်တွေကြုံလာမလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ ။ဇာတ်ကားထဲက တချို့နေရာတွေက စကားကို မြှုပ်ပြီးပြောထားလို့ နည်းနည်းလေးတော့ လိုက်တွေးပေးရမယ့်ကားလေးပါလို့ ကြို​ပြောထားချင်ပါတယ်။ကျန်တာတော့ ကိုယ်တိုင် ခံစားကြည့်လိုက်ကြပါအုန်း။ Translator - Moe Pwint  Encoder - Thit San Khant File Size - 920MB and 400MB Quality 1080p and 720p
movie
Teuri 2019
2019
The Trial of the Chicago 7 (2020) 8.0
The Trial of the Chicago 7 (2020) တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ...နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD...၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ...
movie
The Trial of the Chicago 7 (2020)
2020
The Art of the Steal (2013) 7.0
The Art of the Steal (2013) The Art of the Steal (2013)((အမိုက်စားကားမို့ Blu-Ray 1080p 5.1 CH ပါပြုလုပ်ပေးထားပါတယ်...)ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့အရမ်းသဘောကျတယ်...ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်...ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ...ညီအကို(၂)ယောက်ဉီးဆောင်ပြီးအဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ...ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်...အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်...အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့...သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့......ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...File Size :(1.6 GP) (900 MB) and (380 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Comedy ,Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie
The Art of the Steal (2013)
The Last Exorcist (2020) 5.9
movie
The Last Exorcist (2020)
2020