Channel Myanmar

Thriller

Haywire(2011) 7.0
Haywire(2011) Haywire(2011)အညွှန်း******************ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲကမင်းသမီးချောလေး Gina Carano ပါဗျာ...တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ...ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက်သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီးသူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်..File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

Haywire(2011)

The Commando (2022)
The Commando (2022)  Old School Style အက်ရှင် မူဗီအသစ်လေး တင်ပေးထားပါတယ်။ မိုက်ကယ်ဂျိုင်ဝိုက်က ဒီကားမှာ DEA မူးယစ်နှိမ်နင်းရေးအဖွဲ့ အေးဂျင့်ဟောင်း ဂျိမ်းစ် အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ စစ်ဆင်ရေးကနေ ရရှိလာတဲ့ စိတ်ဒဏ်ရာကြောင့် အဖြစ်အပျက်တွေဟာ အပြင်မှာ တကယ်ဖြစ်နေလား စိတ်ထင်နေလား ခွဲရခက်နေတဲ့လူတစ်ယောက်ပေါ့။ မိန်းမရယ် သမီးနှစ်ယောက်ရယ်နဲ့ အတူနေတယ်။ သူတို့နေတဲ့အိမ်က အရင်က ဘဏ်ဓားပြအဖွဲ့ ထောင်မကျခင် နေခဲ့တဲ့အိမ်ဖြစ်နေပြီး သူတို့ဖွက်ထားခဲ့တဲ့ ငွေသုံးသန်းတောင် အိမ်ထဲမှာ ရှိနေခဲ့တယ်။ အဲဒါကို ဘဏ်ဓားပြခေါင်းဆောင်က အကျင့်ပျက်ရဲတစ်ယောက်နဲ့ပေါင်းပြီး ပြန်ယူဖို့ကြိုးစားလာရင်း ဂျိမ်းစ်တို့မိသားစုကို ဒုက္ခပေးလာတဲ့အခါ.... File size…(1.5 GB)/(900 Mb)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMX
movie

The Commando (2022)

Don’t Look Back (2009) 5.8
Don’t Look Back (2009) Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don't Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don't Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San ...
movie

Don’t Look Back (2009)

Wolf (2021) 6.2
Wolf (2021) Wolf (2021)=========IMDb Rating - 6.2/10ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ)စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို ...
movie

Wolf (2021)

2021
Vanam (2021)
Vanam (2021) Vanam (2021)ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲကလျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူးထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်းအနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါတစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်  File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza
movie

Vanam (2021)

2021
Muddy (2021) 9.3
Muddy (2021) ဒီတစ်ခါမှာတော့ IMDB Rating မှာ 2.2K ရဲ့Rating 9.2 အထိရထားတဲ့ အိန္ဒိယ ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Muddy ဆိုတဲ့အတိုင်း တောတွေတောင်တွေ ရွံ့ဗွက်တွေ ကြားမှာ သစ်ကားမောင်းသမားတွေရဲ့ဘ၀။ရဲတွေနဲ့ပတ်သက်ပုံတွေ ရန်ညှိုးတွေအကြားရုန်းကန်ရပုံတွေကို off-road (လမ်းကြမ်း)ကားမောင်းပြိုင်ပွဲတွေနဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်းရိုက်ပြထားတာမို့ နှစ်သစ်မှာဇာတ်လမ်းကြမ်းကြမ်း ကြည့်ချင်သူတွေအဖို့ ကျေနပ်စေမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ တောင်ပိုင်းကားမို့လို့ချောချောလှလှလေးတွေတော့ မပါဘူးပေါ့ဗျာ။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီးဘာသာပြန်ကတော့ Allena နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်   File size…3GB / 1.4GB Quality…1080p AAC 5.1CH / 720p Format…mp4 Duration….2h 17min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo Aung & Allena
movie

Muddy (2021)

2021
Sinister (2012) 6.8
Sinister (2012) Sinister (2012) ~ IMDb - 6.8/10, RT - 63% ~ဒီတစ်ခါမှာ ​ကျောချမ်းချမ်းနဲ့ ကြည့်ရမယ့် Horror ကား​ကောင်းလေးကို တင်ဆက်လိုက်ပါတယ်။ ၂၀၁၂မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ထိရခဲ့တဲ့ကားပေါ့။ ကြည့်​ရှုတဲ့အခါ အ​သေးစိတ် details ​လေး​တွေကို လိုက်ရှာပြူးပြဲကြည့်ရင်း ​ကြောက်ကြဖို့ အသိပေးပါရ​စေ။ဇာတ်လမ်းလေးကို​တော့ မိသားစု၄​ယောက် သစ်ပင်တစ်ပင်က​နေ ကြိုးဆွဲချခံရတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ မှုခင်းစာ​ရေးဆရာ ​အော့စ်ဝဒ်ဟာ ဒီဖြစ်ရပ်ကို သိရှိထားပြီး မိသားစုကိုပါခေါ်ပြီး တစ်ကိုယ်​ကောင်းဆန်စွာ ​မှုခင်းဖြစ်ပွားရာအိမ်ကို ပြောင်း​ရွေ့လာခဲ့ပါတယ်။သူဒီလိုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်​​တော့ မိန်းမလုပ်သူကလည်း စိတ်ညစ်စပြု​နေ​ပြီ။ သူ့ရဲ့နာမည်ကြီး မှုခင်းစာအုပ် တစ်အုပ် အောင်မြင်ပြီး​ ၁၀နှစ်ကြာတဲ့အထိ ထပ်မထွန်း​ပေါက်လာတဲ့အတွက် ​နောက်ထပ်​အောင်မြင်မှုတစ်ခုကိုရဖို့ ဒီဖြစ်ရပ်ဆိုးတွေနဲ့ကြုံခဲ့တဲ့ အိမ်ကြီးရဲ့အမှုအ​ကြောင်း ​လေ့လာ​ရေးသားဖို့ ​ပြောင်းလာပါ​တော့တယ်။အိမ်​ပြောင်းတဲ့ ​နေ့မှာပဲ ရဲမှူးကြီးက ​ချက်ချင်းပြန်​ပြောင်းဖို့ သတိ​ပေး​ပေမဲ့ နားမ​ထောင်ခဲ့ဘူး။ ထပ်ခိုးမှာ ဘယ်ကမှန်းမသိတဲ့ ဘူးတစ်ဘူးထဲက​နေ ...
movie

Sinister (2012)

2012
IT (2017) 7.8
IT (2017) မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်...သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး...အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်...ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ...မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့...ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို... အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……''ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ...
movie

IT (2017)

2017
4K HEVC
In Hell (2003) 6.2
In Hell (2003) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထောင်ဇာတ်လမ်းကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အပြင် တစ်ခေတ်တစ်ခါက နာမည်ကြီးမင်းသားကြီး Van Damme ရဲ့ ဇာတ်ကားဖြစ်တဲ့ In Hell ဆိုတဲ့ ဇာတ်ကားပါ ။In Hell ဆိုတဲ့အတိုင်း ထောင်တွင်း လာဘ်စားမှု့တွေ ၊ ထောင်တွင်း လူမိုက်ဂိုဏ်းတွေရဲ့ အချင်းချင်းလုပ်ကြံသတ်ဖြတ်မှု့တွေ အပြင် ထောင်ဆိုတာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကိုပါ သေချာရိုက်ပြထားတာပါ ။ဇာတ်လမ်းကတော့...မင်းသားကြီး Van Damme က လူရိုးလူအေး စက်ရုံအလုပ်သမားတစ်ယောက်ပါအလုပ်မအားလို့ မိန်းမဆီကို တစ်လတစ်ခါမှ ပြန်လာဖြစ်ပြီး တစ်နေ့မှာတော့ သူပြန်ရောက်ရောက်ချင်း သူ့မိန်းမ အသတ်ခံထားရတာကို တွေ့လိုက်ရပါတယ်လူသတ်သမားကိုဖမ်းမိပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း ကွင်းလုံးကျွတ်လွတ်သွားကို ဒေါသထွက် စိတ်မထိန်းနိုင်ဘဲ တရားရုံးထဲမှာတင် တရားခံကို ရဲဆီကသေနတ်ယူပြီး ပစ်သတ်လိုက်တာကြောင့် Van Damme က ထောင်တစ်သက်တစ်ကျွန်းကျ သွားတာကနေ ဇာတ်လမ်းအစပြုထားပါတယ် ။သူရောက်တဲ့ထောင်က ထောင်တစ်ကာ့ထောင်တွေထဲ အဆိုးရွားဆုံးထောင်ပါထောင်တွင်း သတ်ကွင်းတွေ ၊ ...
movie

In Hell (2003)

The Children (2008) 6.0
The Children (2008) The Children (2008) ============================= ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ Elaineတို့ မိသားစုဟာအမဖြစ်သူ Chloe ရဲ့ တသီးတခြားဖြစ်နေတဲ့ကျေးလက်အိမ်လေးကိုအလည်သွားခဲ့ကြပါတယ်..အဲ့ဒီအိမ်လေးမှာ ကလေးတွေဟာ ရောဂါပိုးကူးစက်ခံရပြီးရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်သမားလေးတွေ ဖြစ်သွားတဲ့အခါ...အချင်းချင်းသံသယတွေ ကိုယ်စီနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲ ..ပျော်ရွှင်စရာအားလပ်ရက်ခရီးလေး‌ကနေ ပြောင်းလဲသွားတဲ့ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးကြီးကနေ ရှင်သန်နိုင်ကြမလား.......ဆိုတာကိုသည်းထိတ်ရင်ဖို စောင့်ကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်အခုလို Christmas ကာလလေးကို Christmas horror, thrillerဇာတ်ကားကောင်း‌လေး ကြည့်ရင်း ကျော်ဖြတ်လိုက်ကြရအောင် File size…1.8Gb /  880MB Quality… 1080p Blu Rayx264 AAC 5.1CH /   720p  Format…Mp4 Duration….1h 24mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khaing Su Su Htun
movie

The Children (2008)

2008
Climax (2021) 7.7
Climax (2021) Climax (2021)============IMDb Rating - 7.7/10၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ကားကောင်းလေးတွေထဲကမှ တမီးလ်မှုခင်းရုပ်ရှင်ကား ကောင်းလေးကြည့်ချင်ရင် ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းပါရစေဗျ။ တောင်ပိုင်းကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဇာတ်လမ်းထဲကပြောစကားတွေ ရှယ်ကောင်းလွန်းတာတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး။ လစ်ဟနေတာတော့ ထောက်ပြ စရာတွေပါးပါးလေးရှိပေမဲ့မို့ ဇာတ်လမ်းတစ်ဆုံးထိ တောက်လျှောက်မျောလို့ကောင်းဦးမယ့် တမီးလ်ကားကောင်းလေးပါပဲ။ဇာတ်လမ်းအကျဥ်းလေးပြောပြရရင် မိုဒီဆိုတဲ့ဘဲကြီးဟာ ဘဝမှာ ပျော်ပျော်နေသေခဲဆိုတဲ့ဘဲကြီး ပေါ့ဗျာ။ ဘဝကြီးကို အပြည့်အဝအသက်ရှင်နေထိုင်ပြီး ဘာသောကမှမရှိဘဲ နေတတ်တဲ့သူမျိူးပေါ့။ သူ့မှာရည်မှန်းချက် ၃ ခုရှိတယ်တဲ့ဗျ။ နာမည်ကြီးဖို့ရယ်၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူဖြစ်ဖို့ရယ်၊ နိုင်ငံရေးလောကထဲဝင်ဖို့ရယ်တဲ့ဗျာ။ ဒီတော့ အဲလိုလူကြီး ပက်ပက်စက်စက်အသတ်ခံရတဲ့အခါ သူ့ရဲ့ရည်မှန်းချက် ၃ ခုရောပြည့်သွားရဲ့လား၊ ဇာတ်လမ်းအစတည်းက ပါလာတဲ့ နာဗရာဆိုတဲ့ ကောင်မလေး ဘယ်ဇာတ်ရုပ်ကနေ ပါဝင်လာမလဲ၊ ဘယ်လောက်ဇာတ်ကောင်စရိုက်ရှုပ်၊ ဇာတ်လမ်းတွေရှုပ်၊ လူ့သရုပ်ဖော်ဦးမလဲဆိုတာကိုတော့ ၂၀၂၁ ခုနှစ်ထွက် Climax ဆိုတဲ့ တမီးလ်ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်။File Size - (1.26 GB)/(750 MB)/(400 MB) Quality – WebRip - (1080p)/(720p)/(480p) Duration ...
movie

Climax (2021)

2021
Pietà (2012) 7.2
Pietà (2012) Pietà (2012) ဇာတ်လမ်းအညွှန်း****************************(IMDB - 7.2)ဒီကားက Venice, Cannes & Berlin အစရှိတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကြီး သုံးခုတွင် ထိပ်တန်းဆုရရှိခဲ့တဲ့ ပထမဆုံးသော ကိုရီးယားရုပ်ရှင်ကား ဖြစ်ပါတယ်။ ၆၉ကြိမ်မြောက် Venice International Film Festivalမှာ Golden Lion ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။ Pietà ဆိုတာ အီတလီစကားမှ ဆင်းသက်လာပြီး သနားစရာကောင်းတယ်၊ ဂရုဏာသက်တယ် ဆိုတဲ့ အဓိပ္ပာယ်ရပြီး မယ်တော်မယ်ရီက သေဆုံးသွားတဲ့ Jesus ရဲ့ ရုပ်အလောင်းကို ပွေ့ဖက်ထားတဲ့ သရုပ်ကို ဖော်ဆောင်ပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ငွေတိုးချေးစားသမား ဂန်းဒိုဟာ သူငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ မိခင်နဲ့ပြန်တွေ့ပြီးနောက် ပြောင်းလဲလာပုံ၊ လောကကြီးမှာ ကိုယ်စွမ်းကိုယ်စ မရှိလျှင် ဖြစ်မယ့်ဒုက္ခ၊ လူသားချင်းစာနာမှုမရှိဘဲ ငွေနဲ့ အရာရာကို တန်ဖိုးဖြတ်ရင် ဖြစ်ပေါ်လာမဲ့ ရလဒ်၊ မေတ္တာရဲ့ အရေးပါအရာရောက်ပုံကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သင်ခန်းစာပေးထားတဲ့ ဇာတ်လမ်းလေးပဲ ...
movie

Pietà (2012)

2012
Satyameva Jayate (2018) 6.4
Satyameva Jayate (2018) "အမှန်တရားသည်သာ အောင်နိုင်ရာ၏" တဲ့။အမှန်တရားဟာ အမြဲအနိုင်ရတယ်။အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ရှိသလိုအမှန်တရားကို ထိန်ချန်ထားကြတာလည်း ရှိတယ်။တခါတလေ ကြင်နာသနားတတ်တဲ့ ခေါင်းဆေင်ကောင်းလိုအပ်တယ်။တခါတလေ ရက်စက်ကြမ်းတမ်းတဲ့ အပြစ်ပေးသူ လိုအပ်တယ်။" အညွှန်း "ဒီဇာတ်ကားထဲမှာ ရဲအရာရှိတွေကိုမှ မီးရှို့သတ်တတ်တဲ့ လူသတ်သမားတစ်ဦးနဲ့ရဲအရာရှိတစ်ဦးတို့ကို တွေ့မြင်ရမှာပါ။ရဲအရာရှိ တော်တော်များများကို သဲလွန်စပေးပြီးသတ်တဲ့ လူသတ်သမားဟာဘာကြောင့်များ ခုလို သတ်ရတာလဲ?ဒီအမှုကို ကိုင်တွယ်မယ့် ရဲအရာရှိဟာလူသတ်သမားဆီက ဖုန်းခေါ်ဆိုမှု တစ်ခု ရရှိခဲ့ပါတယ်။ရဲအရာရှိကို ယခုအမှုမှာ ဝင်မပါဖို့ တားမြစ်ခဲ့ပါတယ်။တနေ့မှာတော့...လူသတ်သမားနဲ့ ရဲအရာရှိတို့ မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။လူသတ်သမားဘက်က သိနေပေမဲ့ရဲအရာရှိကရော လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို သိနေမလား?ဘယ်သူက သားကောင်? ဘယ်သူက မုဆိုးဖြစ်မလဲ?ဘယ်သူက ခြေးတစ်လှမ်းသာမလဲ?ဘယ်သူက ခြေတစ်လှမ်း နောက်ကျမလဲ?စသဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ရင်း.... လူသတ်မှုတွေ အများကြီး ဖြစ်ပြီးချိန်မှာတော့....လူသတ်သမားဟာဘယ်လို အရာရှိမျိုးကိုမှ ရွေးချယ်သတ်တာလဲ?သူ သတ်ကွင်းထဲက ဘာဖြစ်လို့ဒီစီပီကို ပ,ထုတ်ခဲ့တာလဲ?ဘယ်လို အကြောင်းမျိုးတွေကြောင့်ခုလို ဆက်တိုက် သတ်နေရလဲဆိုတာကိုတော့ခံစားလိုက်ပါဦးဗျာ။................................................ (အညွှန်းအပြည့်အစုံကို ရေးပြဖို့ မဖြစ်နိုင်လို့ ...
movie

Satyameva Jayate (2018)

2018
HEVC 1080p
The Novice (2021)
The Novice (2021) The Novice (2021) ဇာတ်လမ်းအညွှန်း*********************************The Novice ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ပညာရေးကိုသာမကဘဲ အားကစားကိုပါ အလေးပေးကြတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ပညာသင်ဆုရဖို့ ကြိုးစားကြတဲ့ အမေရိကန်လူငယ်ကောင်မလေးတွေရဲ့ ဘဝကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲလစ်ဒေါလ်ဟာ မထက်မြက်ပေမယ့် ကြိုးစားမှုကြောင့် ထိပ်ဆုံးရောက်လာတဲ့ကောင်မလေးတစ်ယောက်ပါ။ ကြိုးစားမှုတစ်ခုတည်းနဲ့ ထိပ်ဆုံးရောက်လာတဲ့သူ့အတွက် နားနားနေနေနေပါဆိုတဲ့စကားက မုန်းစရာအကောင်းဆုံးစကားပါပဲ။ စိတ်အစွဲလမ်းကြီးတဲ့ အဲလစ်ဒေါလ်တစ်ယောက် တက္ကသိုလ်စတက်ချိန် လှေလှော်အသင်းကိုဝင်ရာကနေ ဘရေးလ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခင်မိသွားပါတယ်။ ဘရေးလ်ကတော့ အားကစားထူးချွန်တဲ့ကောင်မလေးဖြစ်ပြီး သူလှေလှော်အသင်းထဲဝင်ရတဲ့အကြောင်းအရင်းကတော့ တက္ကသိုလ်လှေလှော်အသင်းထဲပါဝင်ခွင့်ရပြီး ပညာသင်ဆုရနိုင်ဖို့ပါပဲ။ ဒီလိုနဲ့ လူသစ်တန်းထဲက သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်လှေလှော်အသင်းထဲပါဖို့ကြိုးစားကြရင်း တစ်ယောက်ပဲအဆင့်တက်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါ ... ကြိုစားလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်အရာကိုမဆို လွန်လွန်ကြူးကြူးကြိုးစားတဲ့ အဲလစ်ဒေါလ်နဲ့ ပညာသင်ဆုကိုရမှဖြစ်မယ်ဆိုတဲ့ ဘရေးလ်တို့ ဒီနေရာကိုရဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုတွေ တွေ့ကြုံ မလဲ ဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ အဲလစ်ဒေါလ်အဖြစ် Isabelle Fuhrman ၊ ဘရေးလ် အဖြစ် Amy ...
movie

The Novice (2021)

2021
The Crow(1994) 7.5
The Crow(1994) The Crow(1994) အညွှန်း*********************IMDb....7.5Halloween မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ စုံတွဲလေးဟာ တစ်ရက်အလိုမှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။The Crow (ကျီးကန်း) ဟာ သေသူတွေရဲ့ ဝိဉာဉ်ကို သယ်ဆောင်ပေးတဲ့ အချိတ်အဆက်လေးပေါ့။ထူးဆန်းစွာ တစ်နှစ်ကြာအပြီးမှာ သေဆုံးသွားတဲ့ လူရွယ်ဟာ ထူးဆန်းစွာ  ပြန်လည်နိုးထလာခဲ့တယ်..နာကျဉ်းမှုတွေနဲ့နှိုးထလာခဲ့တဲ့ သူဟာ သူနဲ့ သတို့သမီးလောင်းလေးကိုသတ်ဖြတ်ခဲ့တဲ့ လူမိုက်တွေကိုလက်စားချေဖို့ကြိုးစားပါတော့တယ်...he Crow ဆိုတဲ့ အက်ရှင်ကားဟာ Bruce Lee ရဲ့ သား Brandon Lee မကြွေလွင့်ခင်ရိုက်ခဲ့တဲ့ နောက်ဆုံး ကားလေးပေါ့။ ဒီကား‌လေး ရုံတင်ဖို့ ရက်အနည်းငယ် အလိုမှာပဲ Brandon Lee ဟာ သေဆုံးသွားခဲ့တာပါ။1994 တုန်းက အင်မတန် နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေး။အက်ရှင်ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း.ာ်   File Size :(1.9GB) (954 MB) and (309 MB) Quality : Blu-Ray 1080p5.1ch, ...
movie

The Crow(1994)

Tianqi Apocalypse (2021)
Tianqi Apocalypse (2021) ဒီတစ်ခါမှာတော့ English ရုပ်ရှင် Skyline နဲ့ Korea ရုပ်ရှင် Train to Busan တို့ကိုပြန်အမှတ်ရစေမယ့် တရုတ် ဇွန်ဘီ ဖုတ်ကောင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း စကားမပြောတတ်တဲ့ သမီးဖြစ်သူအတွက် သမားတော်ဆီမှာ ဆေး၀ယ်ပြီး အိမ်ကိုပြန်လာတဲ့ အဖေနဲ့ ဦးလေး..မြို့တစ်မြို့လုံးကိုမြူတွေဆိုင်းလာပြီး မြူခိုးထဲမှ မကောင်းဆိုးဝါး အငွေ့အသက်တွေကြောင့် ဖုတ်ကောင်ဖြစ်သွားကြတဲ့မြို့သူမြို့သားတွေကြားရောက်နေတဲ့သမီးကိုကယ်တင်ရတော့မယ့်အခါ..မကောင်းဆိုးဝါးတွေရန်က ဘယ်လိုရုန်းထွက်မလဲ။ သမီးကိုရော ပြန်တွေ့နိုင်ပါ့မလားဆိုတာခံစားကြည့်ရင်းရသမျိုးစုံခံစားရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။တင်ဆက်ပုံတစ်မျိုးပေမယ့် Train to Busan ကော Skyline ကိုကော သတိရမိစေတဲ့ကားကောင်းတကားမို့ ရှုစားအားပေးကြည့်လိုက်ပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ SST ဖြစ်ပါတယ်။) File size…(999 MB)/(550 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by SST
movie

Tianqi Apocalypse (2021)

Mother/Android (2021)
Mother/Android (2021) ဘာတဲ့လဲ..။ စက်ရုပ်ပုန်ကန်မှုတဲ့ဗျား..။Voice assistant တွေဖြစ်တဲ့ Siri သို့မဟုတ် Alexa ကို ခပ်ချောချော ခပ်တောင့်တောင့် အမျိုးသမီး ခန္ဓာကိုယ်မျိုးနဲ့ မြင်ယောင်ကြည့်စမ်းပါ..။ကိုယ်နှစ်သက်ရာ လိင်အမျိုးအစား ၊ နှစ်သက်ရာ ပုံပန်းသဏ္ဌာန်နဲ့ ရေပူရေချမ်းကမ်းမယ့် စက်ရုပ်အိမ်တော်ထိန်းတွေကို အိမ်တိုင်းစေ့ဝယ်ထားနိုင်တဲ့အထိ နည်းပညာထွန်းကားလာတဲ့ခေတ်ကြီးထဲမှာ..။ဒီစက်ရုပ်တွေဟာ ပျော်ပျော်ရွှင်ရွှင်ကြီး အစေခံလုပ်နေရာကနေ OS system အသစ်ထွက်ရှိလာမယ့် တစ်ညမှာ စိတ်ရူးပေါက်ပြီး တော်လှန်ပုန်ကန်မှုကြီး ထလုပ်ချတဲ့အခါ..။လူသားမျိုးနွယ်ဟာ သူတို့ဖန်တီးထားတဲ့ နည်းပညာတွေကြောင့်ပဲ မျိုးသုဉ်းပျက်ဆီးကြရမယ့်ကိန်းဆိုက်နေတဲ့အခါမှာမှ မတော်တဆ ကိုယ်ဝန်ရသွားခဲ့တဲ့ ဂျော်ဂျီယာ..။ဂျော်ဂျီယာရဲ့ ဇာတ်ကောင်နေရာမှာ Chloe Grace Moretz ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအဖြစ် မြင်တွေ့ရမယ်ဗျာ..။တစ်ကားလုံးမှာ အလင်းအမှောင် ကစားထားတဲ့အရောင်တွေ ၊ ပီပြင်တဲ့ SFX မိတ်ကပ်တွေနဲ့ ပုံဖော်ထားတဲ့ မနုဿစက်ရုပ်တွေနဲ့အတူ..။ကမ္ဘာပျက်ကြီးထဲမှာတောင် မိခင်တစ်ယောက်ရဲ့ ကလေးအပေါ်ထားရှိတဲ့ မေတ္တာတွေနဲ့ ဖခင်တစ်ယောက်ရဲ့ အနစ်နာခံမှုတွေကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်တော့မှာပါ..။မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ပုံဖော်ထားတဲ့ ...
movie

Mother/Android (2021)

A Perfect Enemy (2020) 5.5
A Perfect Enemy (2020) A Perfect Enemy (2020)==================“ပြီးပြည့်စုံမှုဆိုတာ ဘာမှထပ်ဖြည့်ဆွက်စရာမလိုတော့တဲ့အချိန်မှာမဟုတ်ဘဲ ဘာမှထပ်ပြီး ထုတ်ယူလို့မရတော့တဲ့အချိန်မှာ ဖြစ်တည်လာတဲ့အရာ”တဲ့ ဒီစကားကို လက်ကိုင်ထားထားတဲ့ Jeremiasz Angust ဆိုတာ တကယ်ကို အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပဲရစ်စ်ကို အလုပ်ကိစ္စနဲ့ခရီးသွားပြီးအပြန် မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။ အစပိုင်းတော့ ဒီတိုင်းအမှတ်မထင် တွေ့ဆုံခဲ့တယ်လို့ ထင်မှတ်ရင်းက တစ်စတစ်စနဲ့ စကားတွေဖောင်ဖွဲ့မိတဲ့အခါ....မိန်းကလေးတဲ့ အတိတ်ကကိစ္စတွေက သူ့အတွက်ယုံကြည်ဖို့ခက်ခဲပေမဲ့ တဖြည်းဖြည်းချင်း မယုံလို့မရတော့တဲ့အခါ.... တစ်ထိုင်တည်းနဲ့ စီးမြောခံစားလို့ရမယ့် ရုပ်ရှင်ကားဖြစ်တဲ့အပြင် သမားရိုးကျမသွားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့မလို့ သိပ်မဆိုးလှတဲ့ Thriller ဇာတ်ကားမျိုးပါပဲ ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Ameliaမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်။File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 29min Subtitle – Myanmar Hardsub Format – MP4 Genre :  Adventure, Drama, Thriller Translator – Amelia, ...
movie

A Perfect Enemy (2020)

2020
Kurup (2021) 7.9
Kurup (2021) 1984 ခုနှစ်ကစလို့ အိန္ဒိယရဲ့ အလိုအရှိဆုံး၀ရမ်းပြေးတစ်ယောက်ဖြစ်တဲ့ကူရွတ်ရဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လာပြန်ပါပြီ။ မာယာလာရမ်း ဘာသာစကားပြောဒီရုပ်ရှင်ဟာ IMDB မှာ 7.9ထိရထားကြည့်ရတန်မယ့် စုံထောက်ကားကောင်းတစ်ကားပါ။ အက်ရှင်တွေမပါပဲဇာတ်လမ်းဇာတ်ကွက်နဲ့ 420 တစ်ယောက်အကြောင်းကို အရသာရှိရှိဆွဲခေါ်သွားမှာမို့ လိုက်ပါစီးမျောခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်းထည့်မရေးတော့တာကတော့ အတ္ထုပ္ပတ္တိဖြစ်လို့Spoiler ဖြစ်မှာစိုးလို့ပါ။အညွှန်းကိုတော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Shwe Pyae Sone ~Lwin Htoo Aung ~ ThuRa Hein တို့ပဲဖြစ်ပါတယ်။  File size…1.5GB / 2.28GB Quality…720p / 1080p AAC 5.1CH Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Shwe Pyae Sone ~ ThuRa Hein
movie

Kurup (2021)

2021
Bob Biswas (2021) 7.0
Bob Biswas (2021) Bob Biswas (2021)============================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Bob Biswas လို့အမည်ရတဲ့ crime thriller ရုပ်ရှင်အမျိုးအစားလေးကို တင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးကတော့ 2012 ခုနစ်မှာ ရိုက်ကူးခဲ့တဲ့ Kahaani အမည်ရတဲ့မှုခင်းရုပ်ရှင်ရဲ့ Spin-off အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ကမှ ပူပူနွေးနွေး ထွက်ရှိထားတာ ဖြစ်ပါတယ်ဒါ့အပြင် ရုပ်ရှင်နာမည်က Bob Biswas ဆိုတဲ့အတိုင်း အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘော့နေရာမှာသရုပ်ဆောင်ထားသူကတော့ အားလုံးချစ်ကြတဲ့ နာမည်ကျော်မင်းသား အမီတာဘချန်းရဲ့ သားဖြစ်သူအာဘီရှက်ခ်ဘချန်းက သရုပ်ဆောင်ထားမလို့ တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေးကို မတိုမရှည်နဲ့ စလိုက်ကြရအောင်ယခင် 2012 က ထွက်ရှိထားတဲ့ Kahanni ရုပ်ရှင်ထဲမှာ ကားတိုက်ခံလိုက်ရတဲ့ ဘော့တစ်ယောက်ယခုထွက်ရှိလာတဲ့ Bob Biswas ရုပ်ရှင်ထဲမှာတော့ ၈ နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်လည်နိုးထလာခဲ့ပါပြီကိုမာကနေ ပြန်လည်နိုးထလာခဲ့ပေမဲ့ ဘော့ဟာ ...
movie

Bob Biswas (2021)

2021
1080p HEVC