Channel Myanmar

Thriller

The Ledge (2022) 6.0
The Ledge (2022) The Ledge (2022) =================The Ledge ဆိုတဲ့ Thriller ကားသစ်လေးက ဒါရိုက်တာ Matthew Chapman ရိုက်ကူးထားပြီး မင်းသမီး Brittany Ashworth က အဓိကပါဝင်သရုပ်ဆောင်ထား ပါတယ်။Kelly (Brittany Ashworth) ဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့သူငယ်ချင်း ကောင်မလေးနဲ့အတူ အီတလီက ဒိုလိုမိုက်‌​ကျောက် တောင်ကိုတက်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲ့ဒီမှာ သူတို့လို အလည်လာတဲ့ ယောင်္ကျားလေး ၄ ယောက်အဖွဲ့နဲ့ ဆုံမိလိုက်တဲ့အခါ ၆ ယောက်သား အတူတူ ဘယ်လို‌ေပျာ်ပျော်ရွှင်ရွှင် အပန်းဖြေကြမလဲ၊ တက်ရခက်လောက်အောင် မတ်စောက်တဲ့ အပြင် ရေခဲတွေပါ ဖုံးလွှမ်းနေတဲ့အတွက် ဒေသခံတွေက တောင်မတက်ဖို့ တားခဲ့ကြပါတယ်။ ဒါပေမယ့်... ကျောက်တောင်တက်ဖို့လာတာကို လက်လွတ်မခံဘဲ တက်ကြမယ့် သူတို့အုပ်စု... သူတို့ ပျော်ရွှင်မှုကိုရော ရရှိပါ့မလား... ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်လာမလဲ Kelly တို့ ယုံကြည်ထားသလို ယောင်္ကျားလေးအုပ်စုကရော ယံုကြည်ရပါ့မလား "cliffhanger" ဆိုတဲ့စကားလုံးအတိုင်း Thrill vibes အပြည့်နဲ့ ‌ ကြည့်ရမှာပါ။ ဒီကားထဲမှာ ...
movie

The Ledge (2022)

2022
The Debt (2010) 6.8
The Debt (2010)  ဆာရာဆိုတဲ့ အမျိုးသမီးဟာ သူရေးထားတဲ့ စာအုပ်တစ်အုပ်ရဲ့အကြောင်းကို စင်ပေါ်မှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ‌အမှတ်တရစကားပြောနေလေရဲ့ ....ဒီလို ဂုဏ်ယူနေရတဲ့ အကြောင်းရင်းကလည်း ဒီစာအုပ်ဟာ သူ့ရဲ့မိခင်ရေချယ် စင်းဂါး ဒေးဗစ် ပဲရိစ် နဲ့ စတက်ဖန်ဂိုး တို့ရဲ့ ဘ၀ဇာတ်ကြောင်းဖြစ်နေလို့ပါ။အခုချိန်မှာ အိုမင်းရင့်ရော်သွားပြီဖြစ်တဲ့ ဒီလူ ၃ ယောက်ရဲ့ ငယ်ဘ၀ဟာ ဂုဏ်ယူချီးကျူးစရာတွေ အပြည့်ပေါ့ ။မိုဆက်အေးဂျင့် ၃ ယောက်ဖြစ်တဲ့ သူတို့ဟာ ဘာလင်ကို နိုင်ငံတော်အဆင့် မစ်ရှင်တစ်ခုနဲ့ တာ၀န်ကျခဲ့တယ် ...သူတို့ရဲ့တာ၀န်က ဆရာ၀န်အမည်ခံပြီး လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ ၁၅ နှစ်တာလုံး ဘယ်လိုမှ မဖမ်းမိသူ ဒေါက်တာ ဗိုဂယ်ကို ဖမ်းဆီးဖို့ပေါ့....ဒီလို ဂုဏ်ယူစရာ အဖြစ်အပျက်ကို သမီးဖြစ်သူက စင်ပေါ်မှာ ၀မ်းပန်းတသာ ပြောနေပေမဲ့ ကာယကံရှင် ဖြစ်သူ ရေချယ်ကိုယ်တိုင်ကတော့ ရွှင်ပျမနေခဲ့တာ ဘယ်သူမှ သတိမထားမိခဲ့ပါဘူး ...လူတကာက သူတို့ရဲ့ လုပ်ရပ်ကို ချီးကျူးနေကြပေမဲ့ ဒီအဖြစ်ရဲ့ နောက်ကွယ်မှာ ကိစ္စတစ်ခု ရှိနေသေးတာကို ရေချယ်၊ စတက်ဖန်နဲ့ ...
movie

The Debt (2010)

The Village (2004) 6.5
The Village (2004) The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie

The Village (2004)

2004
Raging Flower (2018)
Raging Flower (2018) အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ "အမလေး ငါသွေးတက်" ဖြစ်သွားတော့တာပါပဲ။ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ဒီကားရဲ့အဆက် Raging Flower 2 (2021) ကို ဒီမှာ https://channelmyanmar.to/raging-flower-2021/ ကြည့်ပါ။ File size…(1.2 ...
movie

Raging Flower (2018)

Signal: Long-Term Unsolved Case Investigation – The Movie (2021) 6.0
Signal: Long-Term Unsolved Case Investigation – The Movie (2021) Signal : The Movie (2021)2021 မှာထွက်လာတဲ့ The signal ဆိုတဲ့ ဇာတ်ကားလေးကတော့2018 မှာထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ အဆက်ပဲဖြစ်ပါတယ်ဒီကားလေးက thriller ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကတော့ mysteryတွေနဲ့ပြည့်နေပြီး စုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာပါ2018 ဇာတ်ကားမှာတုန်းက အတိတ်နဲ့ ပစ္စုပ္ပန်မှာ ရှိကြတဲ့ စုံထောက်နှစ်ယောက်ဟာ စကားပြောစက် walkie-talkieလေးကနေ ထူးထူးဆန်းဆန်း ဆက်သွယ်မိကြပါတယ် သူတို့နှစ်ယောက်ဟာဒီလိုဆက်သွယ်ပြီး အနာဂတ်မှာအတိတ်ကဖြစ်ခဲ့တဲ့အမှုတွေမဖြစ်အောင် အတူတူတားဆီးကြတာဖြစ်ပါတယ်ခုဒီဇာတ်ကားမှာလည်း "‌cold case investigate team"က စုံထောက်ဆိုင်ကူဆာနဲ့ အတိတ်ကစုံထောက် အိုယာမာတို့ဟာ အတိတ်နဲ့ပစ္စုပ္ပန်တို့မှာဖြစ်တဲ့ တူညီတဲ့ လုပ်ကြံမှုအကြမ်းဖက်မှုတွေပေါ်မှာ အခြေခံပြီး နှစ်ယောက်သား အမှုမှန်ပေါ်အောင်ဖော်ထုတ်ကြတာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ပုံစံက action scene တွေသိပ်မပါဘဲ ပဟေဠိဆန်ဆန်ပုံစံနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတာပါ၂၀၁၈ တုန်းက ဇာတ်ကားမကြည့်ရသေးတဲ့သူတွေလည်း ဇာတ်ကားအစမှာ ဇာတ်လမ်းဆက်ကိုအကျဉ်းချုပ်ရှင်းပြထားတာမို့ တန်းကြည့်လို့အဆင်ပြေပါတယ် စုံထောက်ကား ဖန်တွေ အေးဆေး "chill ‌and think"လို့ရပါပြီအညွှန်း နဲ့ ဘာသာပြန်ကတော့ Loon Swal Eain ပဲ ဖြစ်ပါတယ်။Genre.....Action, Mystery, Thriller Quality….WEB-DL 1080p ...
movie

Signal: Long-Term Unsolved Case Investigation – The Movie (2021)

The Town Of Ghosts (2022) 6.0
The Town Of Ghosts (2022) မြို့ပြင်ကလူတွေဝင်လာလို့ပဲရပြီး မြို့ထဲက ဘယ်သူမှ အပြင်ကိုအသက်ရှင်လျက်ထွက်မသွားနိုင်တဲ့ တစ္ဆေမြို့...မြို့ရဲ့တားမြစ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မိရင်လည်းအသေဆိုးနဲ့သေရတတ်တယ်ဒီလိုမျိုး တစ္ဆေကျိန်စာသင့်နေတဲ့မြို့ကို အရာရာစူးစမ်းချင်ပြီးတားမြစ်ထားတဲ့အရာကိုမှ လုပ်ချင်ပါတယ်ဆိုတဲ့ ရတနာသိုက်ရှာဖွေသူ ကောင်လေးနှစ်ယောက်ရောက်လာကာ မြို့စည်းမျဉ်းကို ဖောက်ဖျက်မိချိန်မှာတော့...တစ်မြို့လုံးကံဆိုးမိုးမှောင်ကျပြီး ဘာတွေဆက်ဖြစ်ကြမှာလဲမြို့ထဲကနေရော သူတို့နှစ်ယောက်အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်လှုပ်ရှားချောက်ချားဖွယ်ကြည့်ရှုလို့ရပါပြီနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / 850MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:42:00 Type__Horror, Thriller, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

The Town Of Ghosts (2022)

Gold (2022)
Gold (2022) ဇက် အက်ဖရွန်ရဲ့ ရုပ်ရှင်အသစ်ထွက်ပါပြီ။ ရင်တထိတ်ထိတ်ကြည့်ရမယ် Thriller မျိုးပါပဲ။ ဒီဇာတ်ကားထဲမှာတော့ သူက စုတ်ပြတ်နေတဲ့ သေမထူးနေမထူး ဇာတ်ကောင်ပါပဲ။ အရမ်းဆိုးရွားတဲ့နေရာတစ်ခုကနေ ထွက်လာပြီး လူသူမနီးတဲ့မှော်ထဲမှာ အလုပ်လုပ်ဖို့ လာခဲ့တယ်။ ကန္တာရကြီးထဲကို ဖြတ်ပြီး ကားမောင်းပို့ပေးတဲ့ တက္ကစီသမားလို လူနဲ့ပေါ့။ ဒါပေမဲ့ သူအလုပ်လုပ်မယ် မှော်ထဲကိုမရောက်ခင်မှာပဲ လမ်းမှာ ရွှေကြောကြီးနဲ့ ရွှေတုံးတွေကို တွေ့လိုက်ရတော့တာပဲ။ လူနှစ်ယောက်အင်အားနဲ့မသယ်နိုင်လောက်အောင် ကြီးနေတာမို့ ကားသမားက ကရိန်းသွားငှားဖို့ ထွက်သွားရတယ်။ သူက ကန္တာရထဲမှာ တစ်ယောက်ထဲ ရွှေတုံးကြီးတွေကို ထိုင်စောင့်နေရပြီး လူတွေ ခွေးတွေ မြွေတွေနဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရတော့တာပေါ့။ အဆုံးသတ်က ထင်ထားသလိုလည်းဟုတ်တယ်ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ စိတ်ဝင်စားစရာ ဇာတ်ကားပါပဲ ကြည့်လိုက်ပါဦး။File size…(1 GB)/(500 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Gold (2022)

The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)

[18+] Fifty Shades Freed (2018) 4.4
[18+] Fifty Shades Freed (2018) Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie

[18+] Fifty Shades Freed (2018)

2018
4K HEVC
[18+] Fifty Shades of Grey (2015) 4.1
[18+] Fifty Shades of Grey (2015) Fifty Shades of Grey ဟာ ၂၀၁၅ ခုနှစ်ရဲ့ လတ်တလော လူပြောအများဆုံး ဇာတ်ကားဖြစ်နေပါတယ်။ ရုံမတင်ခင်ကတည်းက စောင့်ကြည့်ဖို့ အားတင်းထားကြသူတွေ များပြားလှတဲ့ဒီဇာတ်ကားဟာ တကယ်တမ်း ရုံတင်ခဲ့တဲ့အခါမှာလည်း အောင်မြင်ခဲ့ပါတယ်။ စံချိန်ပေါင်းမြောက်များစွာကို ချိုးဖျက်နိုင်ခဲ့ပြီး တဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ မှိုချိုးမျှစ်ချိုးပြောနေပေမယ့် သူ့ရဲ့ဝင်ငွေက သန်း ၅၀၀ ကျော်သွားပါပြီ။ နောက်ဆက်တွဲဇာတ်ကားကို ၂၀၁၆ မှာ ထပ်မံဖြန့်ချိပါမယ်။ ဒီဇာတ်ကားဟာ လိင်အသားပေးဇာတ်ကားဖြစ်ပြီး ဗြိတိသျှစာရေးဆရာ E. L. James ရဲ့ Fifty Shades Of Grey ဆိုတဲ့ စာအုပ်ကို ဇာတ်လမ်းချုံ့ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။ စာအုပ်ဟာ လိင်အသားပေးစာအုပ်ဖြစ်ပြီး မထွက်ခင်ကတည်းက အတိုက်အခံတွေ များခဲ့တာပါ။ ပုံနှိပ်ထုတ်ဝေဖို့ ဝေဖန်မှုတွေ ပြင်းထန်တာကြောင့် e-book အနေနဲ့ စတင်ဖြန့်ချိခဲ့ပါတယ်။ လူကြိုက်များကာ ဖတ်ရှုသူများပြားလွန်းတာကြောင့် မဖြစ်ဖြစ်တဲ့နည်းနဲ့ ပုံနှိပ်ဖို့ ကြိုးစားကြပါတယ်။ ပရိသတ်က ...
movie

[18+] Fifty Shades of Grey (2015)

2015
4K HEVC
Borrego (2022) 5.1
Borrego (2022) Borrego (2022)=============ဘိုရီဂိုဆိုတဲ့ သဲကန္တာရနယ်မြေထဲမှာ ပန်းပင်တစ်မျိုးအကြောင်းကွင်းဆင်းလေ့လာဖို့ အယ်လီဆိုတဲ့ ရုက္ခဗေဒပညာရှင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အယ်လီလေးက ကန္တာရထဲမှာပန်းပင်လေးတွေအကြောင်းမှတ်တမ်းလေ့လာရင်း တစ်ညမှာတော့ မထင်မှတ် ထားတာတွေဖြစ်လာခဲ့ပါတယ်။ သူနဲ့မလှမ်းမကမ်းတစ်နေရာမှာ ဘယ်ကမှန်းမသိတဲ့လေယာဥ်ပျံ တစ်စီးက ပျက်ကျလာခဲ့ပါတယ်။ ဒါနဲ့သူလည်း ပျက်ကျသွားတဲ့လေယာဥ်ပျံဆီအကူအညီပေးဖို့ သွားလိုက်ရာက ပျက်ကျတဲ့လေယာဥ်ကမူးယစ်ဆေးမှောင်ခိုသယ်လာတဲ့လေယာဥ်ဖြစ်နေတော့ အကူအညီလိုအပ်မယ့်လူကသူကိုယ်တိုင်ဖြစ်လာရပါတော့တယ်။ ပိုင်းလော့ဖြစ်သူကလည်း မသေသေးတော့ အယ်လီတစ်ယောက်အန္တရာယ်တောထဲဝင်မိသလိုဖြစ်သွားရပါတော့တယ်။ နယ်မြေကလည်းစိမ်းနေသေးတဲ့အယ်လီ ဒီလိုအန္တရာယ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကြည့်ရမယ့် ၂၀၂၂ ထွက်အသစ်စက်စက် Triller ကားသစ်လေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size -(1.67 GB) / (979 MB) / (466 MB) Quality – WebDL -(1080p) /  (720p) / (480p) Duration - 1hr 42min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Chit Tee Encoder – San Win Maung
movie

Borrego (2022)

2022
Confession (2014) 6.7
Confession (2014) Confession (2014) ==================IMDb Rating - 6.7/10ယော်ရောဘွန်းတို့ "Confession" လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ "အချစ်ဝန်ခံချက်" လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလားဒါပေမယ့်.....ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo) တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး "ညစ်တတ်တယ် လိမ်တတ်တယ်" လို့ အသိများကြတယ်။ မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူရိုး‌လူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် "အားလုံး ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး"တွေဖြစ်လာခဲ့တယ်။ ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က "Confession" ...
movie

Confession (2014)

2014
Shyam Singha Roy (2021) 8.3
Shyam Singha Roy (2021) Shyam Singha Roy (2021)ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက်IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကား‌ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲမူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီးအစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ်‌ နောက်ကွယ်အမှန်တရားကအတိတ်ဘဝနဲ့‌ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ.....  File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH /  720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko 
movie

Shyam Singha Roy (2021)

2021
Garuda Gamana Vrishabha Vahana (2021) 8.8
Garuda Gamana Vrishabha Vahana (2021) Garuda Gamana Vrishabha Vahana (2021)ဒီတစ်ခါတော့ပရိသတ်ကြီးကို IMDb rating 8.8 အထိရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ရှီဗာနဲ့ဟာရီတို့ဟာမန်ဂလောမြို့ကိုအုပ်စိုးနေတာဖြစ်ပါတယ်။ ရှီဗာဟာ ငယ်စဥ်ကလေးဘဝတည်းကအမေဖြစ်သူမှလည်ပင်းလှီးပြီးရေတွင်းထဲစွန့်ပစ်ခံရသူဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့အသက်ပြန်ရှင်လာသူပါ။ ဟာရီ့အမေမှမွေးစားထားပြီး နှစ်ယောက်သားအတူတကွကြီးပြင်းလာတဲ့သူငယ်ချင်းများဖြစ်ကြပါတယ်။ ဟာရီနဲ့ပတ်သတ်ရင် ဆတ်ဆတ်ထိမခံတတ်တဲ့ရှီဗာက ဟာရီ့ကိုသေနတ်နဲ့ခြိမ်းခြောက်တဲ့ မာကရီဒါရာနန္ဒာကိုသတ်ပြီးနောက်မှာအချိန်နဲ့အမျှ ဘယ်လိုစိန်ခေါ်မှုတွေတွေ့ကြုံလာမလဲ ရဲအရာရှိတွေနဲ့လည်း ဘယ်လိုဆက်နွယ်လာမလဲရာဇဝတ်မှုအတူကျူးလွန်‌‌နေကျ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သူတို့ကြား အတ္တ မနာလိုစိတ်တွေကြားဝင်လာတဲ့အခါဘယ်လိုဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမဲ့ Crime Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်  File size…1.6Gb / 800MB Quality…1080p ZEE5 WebDl / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Haruko & Yunni
movie

Garuda Gamana Vrishabha Vahana (2021)

2021
Memory: Manipulated Murder (2021) 4.6
Memory: Manipulated Murder (2021) Memory : Manipulated Murder (2021)ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝေဒနာရှင် လူသတ်သမားအကြောင်း ပုံဖော်ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါရစေအမျိုးသားဖြစ်သူ သေဆုံးသွားလို့ ခံစားနေရတဲ့ စိတ်ဒုက္ခတွေကိုစိတ်ပညာရှင်ဆရာဝန်နဲ့ ဆွေးနွေးခဲ့တဲ့ ဆူယောင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆရာဝန်နဲ့ဆွေးနွေးရင်း မှတ်ဉာဏ်ထဲက အမျိုးသားဖြစ်သူကို သတ်သွားတဲ့ တရားခံကိုရှာချင်နေတဲ့သူရယ်လူနာဖြစ်ပေမဲ့ ကူညီပေးချင်လို့ လိုက်စုံစမ်းပေးတဲ့ ဆရာဝန်ဂျောင်ဝူ....သူတိ့နှစ်ယောက်ကြားထဲကို တကယ့်တရားခံက ဘယ်သူလဲဆိုတာ ပြောပြီးဝင်မွှေသွားတဲ့ စုံထောက်ဟောင်း အာမခံကုမ္ပဏီဝန်ထမ်းပါလာတဲ့အချိန်ကျတကယ့်တရားခံက ဘယ်သူဖြစ်နေမလဲ တကယ်ပဲ သတ်သေမှုနဲ့ အဆုံးသတ်မလားမေးခွန်းပေါင်းများစွာနဲ့ ဇာတ်အိမ်ခိုင်ခိုင် ဖန်တီးထားတဲ့ plot twist အများကြီးနဲ့ အံ့ဩအောင်လုပ်မဲ့ ရုပ်ရှင်တစ်ကားပါပဲထိတ်လန့်မှု၊ အံ့ဩမှုတွေ အကုန်တစ်ခါတည်းခံစားချင်ရင်တော့ ဒီရုပ်ရှင်လေးကိုအတူကြည့်လိုက်ကြရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Mystery, Thriller Quality….WEB-DL 1080p and 720p File size…1.24GB, 633MB, 248MB Format…mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hardsub) Translator ..... ...
movie

Memory: Manipulated Murder (2021)

Song Ci (2022) 6.0
Song Ci (2022)  ဒီတစ်ခါ CM ကတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ နာမည်ကျော်အလောင်းစစ်ဆေးသူစုန့်စစ်ရဲ့ နဂါးဘုရင်လူသတ်သမားအမှုဖြေရှင်းခန်းပဲ ဖြစ်ပါတယ်နော်လုံယာစီရင်စုရဲ့ နဂါးဘုံကျောင်းထဲက နဂါးပိတ်လှောင်ရေတွင်းထဲမှာ နဂါးကိုပိတ်လှောင်ထားတယ်လို့ နယ်ခံအပေါင်းကယုံကြည်ထားကြပါတယ် သဘာဝဘေးအန္တရာယ်ကပ်ဆိုးနဲ့ ကြုံရတိုင်း နဂါးဘုရင်ကိုပူဇော်ပသဖို့ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ကို ဆက်သကာရေတွင်းထဲ ပစ်ချရတဲ့ ရိုးရာဓလေ့လည်း မယုံနိုင်ဖွယ်ရှိနေခဲ့ပါတယ်အဲလိုမျိုးယဇ်ပူဇော်တာကို လက်မခံနိုင်တဲ့ အရာရှိသစ်ကျွမ်းယန်နဲ့ သူ့နောက်လိုက်အပေါင်းအပါတွေက အမှန်တရားကို ရှာဖွေဖို့ကြိုးစားချိန်မှာ တစ်ယောက်ပြီးတစ်ယောက် အရေပြားပေါ် နဂါးကြေးခွံတွေပေါ်လာပြီး ထူးဆန်းစွာသေဆုံးကုန်ကြတဲ့အခါမှာတော့... အလောင်းစစ်ဆေးသူစုန့်စစ်က ဒီအမှုကိုစုံစမ်းဖို့ အကြောင်းဖန်လာပါတော့တယ်အယူသည်းလွန်းတဲ့နယ်ခံပြည်သူတွေကြားမှာ စုန့်စစ်တစ်ယောက် အလောင်းတွေကိုခွဲစိတ်ကာ သေဆုံးသူကိုမေးမြန်းပြီး သဘာဝလွန်အမှုကြီးကို သိပ္ပံနည်းကျကျဘယ်လိုစစ်ဆေးသွားမှာလဲဆိုတာ အခုပဲစိတ်ဝင်စားဖွယ် ကြည့်လို့ရပါပြီဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Adventure, Crime, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Song Ci (2022)

The Legend of La Llorona (2022) 5.3
The Legend of La Llorona (2022) The Legend of La Llorona (2022)လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Legend of La Llorona (2022)

2022
Plan A (2021) 5.7
Plan A (2021) Plan A (2021)===========ဇာတ်လမ်းအစမှာတည်းက မေးထားတာလေးက ကိုယ့်မိသားစုဝင်တွေအကြောင်းပြချက်မရှိ အသတ်ခံလိုက်ရတာမျိုးနဲ့ ကြုံလာရတဲ့အခါမှာ ဘာလုပ်မှာလဲတဲ့။ ဘယ်လိုလုပ်မယ်လို့စိတ်ကူး ထားကြလဲ? ဒီမေးခွန်းလေးကိုကိုယ့်ကိုယ်ကိုအရင်မေးကြည့်ပြီးမှ ဇာတ်ကားလေးကိုဆက်ကြည့်ပါ။ဇာတ်လမ်းလေးက နာဇီတွေရဲ့ရက်ရက်စက်စက်သတ်ဖြတ်မှုကနေလွတ်မြောက်လာကြတဲ့ ဂျူးတွေ... ကိုယ့်မိသားစုဝင်တွေ ချစ်ရတဲ့သူတွေက ကိုယ့်အရှေ့မှာရက်ရက်စက်စက်သတ်တာကို ကြုံခဲ့ရတဲ့ သူတို့တွေ..ဒုတိယကမ္ဘာစစ်မီးကြီးကပြီးသွားပေမယ့် သူတို့ရဲ့ရင်ထဲကမီးတောက်ကတော့မပြီးသေးပါဘူး။ သူတို့မိသားစုဝင်တွေကိုသတ်ခဲ့တဲ့ဂျာမာန်တွေကိုလက်စားချေမယ်ဆိုပြီး သူတို့တွေကြံစည်ကြပါတော့တယ်။ သူတို့အကြံအစည်က ဘာကိုဦးတည်မလဲဆိုတာကိုတော့ ပရိသတ်ကြီးရိပ်ခြည်ဖမ်းမိနိုင်လောက်မှာပါ။ ဒါပေမယ့် ဒီအကြံအစည်ကဘာလဲဆိုတာရယ်..အကြံအစည်ကိုအကောင်အထည်ဖော်ဖို့ သူတို့ ဘယ်လိုတွေလုပ်ပြီး သူတို့ရဲ့အဲ့ဒီအကြံအစည်ကရောဖြစ်မြောက်သွားမှာလား.. အစကပရိသတ် ကြီးစိတ်ကူးထဲမှာဖြေထားတဲ့အဖြေနဲ့ သူတို့နဲ့တူပါရဲ့လားဆိုတာကိုစောင့်ကြည့်သွားရမယ့် Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ဖြစ်ပါတယ်။)File Size - (1.8 GB) / (975 MB) / (500 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 1hr 49min Subtitle – Myanmar Hardsub Format – ...
movie

Plan A (2021)

2021
Nightshade (2022)
Nightshade (2022) လူသတ်မှုစုံထောက်ဘန်ဟာ အိပ်မပျော်သလိုခံစားနေလို့စိတ်ရောဂါကု ဆရာဝန်ဆီမှာ အိပ်ငွေ့ချကုသမှုခံယူနေရတာပါတဖြည်းဖြည်းနဲ့ အိပ်နေရင်းလမ်းလျှောက်တဲ့ရောဂါပါရလာပြီးအကြားအမြင်ရသလိုဖြစ်လာပါတော့တယ်အဲဒါကို သူ့မိန်းမကိုလည်းပြောမပြသလိုသူ့တွဲဖက်သူငယ်ချင်းကိုလည်း မပြောပြခဲ့ပါဘူးပုံစံတူ လူသတ်မှု ၃ခုဆက်တိုက်ဖြစ်လာတဲ့အခါမှာသဲလွန်စတွေကိုလိုက်ရင်း စိတ်ဝင်စားစရာလေးတွေတွေ့လာပါတော့တယ်ဘန့် ညဘက်လမ်းထလျှောက်တာကို သူ့မိန်းမကဘာလို့မသိရတာလဲသူက ဘာလို့ အကြားအမြင်ရသလိုဖြစ်နေရတာလဲသူ့သူငယ်ချင်း ကရော သူ့ကိုယုံပါ့မလားနောက်ဆုံး လူသတ်မှုကိုရောဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ရမှာပါပဲ File size…(1.5 GB)/(800 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Nightshade (2022)

Big Brother (2020) 4.4
Big Brother (2020) Big Brother (2020)မင်းသားကြီး Mohanlal ကိုတော့  ပရိတ်သတ်ကြီးတွေ အားလုံးသိကြမှာပါနော်Mohanlal ပါဝင်ထားတဲ့ Drishyam (2013) က IMDB 8.3 ထိရရှိခဲ့ပြီးပြန်လည်ရိုက်ကူးထားတဲ့Drishyam 2 (2021) မှာတောင် IMDB 8.6 ထိတောင်ရထားခဲ့တာဖြစ်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ကားကလည်း Mohanlal ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ကားလေးဖြစ်တဲ့မြှုပ်ကွက်ပေါင်းစုံနဲ့ ကြည့်ရှုသူတွေကိုလှည့်စားမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်လူသတ်မှုနဲ့ထောင်ကျနေတဲ့ Sachidanandan က တိုက်ရည်ခိုက်ရည်‌ရှိပြီးဗျူဟာကောင်းတွေထုတ်နိုင်တဲ့ အရည်အချင်းရှိသူတစ်ဦးဖြစ်ပါတယ်။အဲဒါကြောင့် ထောင်ကျနေစဉ်အတွင်းမှာ ကွန်မန်ဒိုတပ်ဖွဲ့၀င်အဖြစ် လေ့ကျင့်ခံခဲ့ရပြီးအန္တရာယ်များတဲ့မစ်ရှင်တွေကိုလုပ်ခဲ့ရတဲ့သူတစ်ယောက်ပါ။ငယ်ကတည်းကထောင်ကျခဲ့တာကြောင့် ၂၄ နှစ်အကြာ ပြန်လွတ်လာတဲ့အချိန်မှာတော့မိသားစုဝင်တွေနဲ့ အေးအေးချမ်းချမ်းပဲ ဘဝကိုဖြတ်သန်းချင်သူဖြစ်ပါတယ်ဒါပေမယ့်လည်း လွတ်‌မြောက်လာပြီးချက်ချင်းပဲ သူ့မိသားစုကိုအန္တရာယ်ပြုတဲ့ဖြစ်ရပ်ကြီးကြုံလိုက်ရတော့ Sachi တစ်ယောက်အတော်လေး တုန်လှုပ်သွားခဲ့ရပြီးမိသားစုကိုကာကွယ်နိုင်ဖို့ရာအင်အားကြီး မူးယစ်ဆေးဒုစရိုက်သမားကြီးတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်နိုင်ဖို့အကြောင်းဖန်လာတော့ Sachi ကဘယ်လိုဗျူဟာတွေထုတ်ပြီး ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာစိတ်ဝင်တစားကြည့်ရမယ့်ကားလေးဖြစ်တာကြောင့် ပရိတ်သတ်တွေ လက်မလွတ်သင့်တဲ့ကားဖြစ်ပါတယ်နော် File size…2.5GB / 1.3GB  / 615MB Quality…1080p TRUE HD AAC 5.1CH / 720p / ...
movie

Big Brother (2020)

2020