Channel Myanmar

Thriller

The Consequences of Love (2004)
The Consequences of Love (2004)  IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊Titta ဟာ မာဖီးယား‌ေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေ‌ရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama,  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw 
movie

The Consequences of Love (2004)

Nightmare Pageant Moms (2023) 5.1
Nightmare Pageant Moms (2023)  Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့... File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre... Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Nightmare Pageant Moms (2023)

Dragon Stone Password ( 2024 ) 5.7
Dragon Stone Password ( 2024 ) ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။ Filesize : 745 MB / 419 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Adventure  Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe ...
movie

Dragon Stone Password ( 2024 )

Le Samouraï (1967) 8
Le Samouraï (1967) Le Samouraï (1967)~ IMDb - 8/10, Rotten Tomatoes - 100% ~Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။Melville ဟာ ...
movie

Le Samouraï (1967)

1967
Dhanussh (2024)
Dhanussh (2024) Dhanussh (2024) လွတ်လပ်မှုပတ်ဝန်းကျင်ရဲ့အမြင်တွေ ယူဆချက်တွေ လွှမ်းမိုးနေတဲ့ လောကကြီးမှာ မရှင်သန်နိုင်ခဲ့တဲ့ အိပ်မက်တွေ အများကြီး ရှိမှာပါ။ အဲဒီထဲကမှ ရုန်းထွက်ပြီး အိပ်မက်တွေရှင်သန်ဖို့ ကြိုးစားတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ရည်မှန်းချက်က လောကသတ်မှတ်ချက်တွေနဲ့ ကွဲထွက်နေတဲ့အခါ.... နောက် ကျေးလက်တောရွာက ရွာသားဖြစ်နေလို့ တက္ကသိုလ်မှာ ဝိုင်းအနိုင်ကျင့်တာတွေ ခံရတဲ့အခါ... မိသားစုတာဝန်တွေနဲ့ ကိုယ့်ရဲ့ရည်မှန်းချက်ကြား လွန်ဆွဲရတဲ့အခါ... ဘယ်လိုတွေ ကြုံဆုံရမလဲ ဘယ်လိုတွေ ဆုံးဖြတ်ရမလဲဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ လေးနက်တဲ့အဖြစ်အပျက်တွေ ပါတဲ့ကားမျိုး ကြည့်ချင်ရင်တော့ ဒီဇာတ်ကားက ရွေးကိုရွေးသင့်တဲ့ထဲ ပါပါတယ် လွယ်မလိုနဲ့ ရဖို့ခက်တဲ့ လွတ်လပ်မှု, ပြီးတော့ ဘေးကြပ်နံကြပ်ဖြစ်တဲ့အခြေအနေမှာ မှ ပိုင်ဆိုင်ရတဲ့ ငယ်ရွယ်မှု အခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲ နောက်ဆုံးဘာဖြစ်သွားမလဲဆိုတာကိုတော့ ကြည့်ရှုပြီး အကဲဖြတ်ပေးကြဖို့ တိုက်တွန်းပါရစေ(အညွန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) File size…2.2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Dhanussh (2024)

2024
Hard Home (2024) 5.5.
Hard Home (2024)  အခုတစ်ခါ cm ပရိသတ်ကြီးကို လတ်တလော ထွက်ရှိထားပြီးသည်းထိတ်ရင်ဖို ဇာတ်ကားတစ်ခုဖြစ်တဲ့ Hard Home ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာ ဒီရာဘလို ကွင်းဆက် စိတ္တဇလူသတ်သမားရဲ့ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ကယ်လီဆိုတဲ့ကောင်မလေးရဲ့ မိခင်ဖြစ်သူ အန်နာက ကိုယ်တိုင်စုံစမ်းထောက်လှမ်းပြီး လူသတ်သမားနဲ့ အပြိုင်ကြဲတဲ့ သရုပ်ဆောင်ချက်တွေ တွေ့ရမှာပါ။ဒီလူသတ်သမား ကိုယ်တိုင်က စကားမပြောနိုင်ဘဲ အ'နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သားကောင်တွေ အားလုံးဟာ ဆံပင်အမည်းရောင်နဲ့ ပိန်ပိန်ပါးပါး မိန်းကလေးငယ်တွေချည်းပါပဲ။သူဟာ သေဆုံးသူတိုင်းကို မလှုပ်ရှားနိုင်အောင် ဆေးထိုးထားပြီးလျှာကိုဖြတ်ယူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာပါ။တစ်ဦးတည်းသော သမီးလေးအတွက် လက်စားချေဖို့ဆန္ဒပြင်းပြနေတဲ့ အန်နာဟာ ကိုယ်တိုင်လည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ထားခဲ့တဲ့စမတ်နည်းပညာအဆင့်မြင့် နေအိမ်ကို လူသတ်သမားထောင်ဖမ်းနိုင်ဖို့အတွက် လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်၊နှိပ်စက်ညှင်းပန်းဖို့အတွက် သီးသန့်အခန်းပါ နေအိမ်ထဲထပ်မံတည်ဆောက်ပါတော့တယ်။အန်နာ တစ်ယောက် လူသတ်သမားကို ထောင်ဖမ်းဖို့ ကြိုးစားရင်းကိုယ်တိုင်ပဲ သားကောင် ဖြစ်သွားမလား....ဒီလူသတ်သမားကရောဘာကြောင့် ဒီလိုမျိုးတွေ ကျူးလွန်နေတာလဲ....။ File size…1.31GB / 612MB Quality…WEB-DL ...
movie

Hard Home (2024)

Satyabhama (2024) 7
Satyabhama (2024) Satyabhama 2024 (အမျိုးသမီးတို့အတွက် အားကိုးရာ ဆတ်ယာဘမ်)အမျိုးသမီးထုကြီးကို မားမားမတ်မတ် ရပ်တည်ပေးမယ့် SHEအဖွဲ့ကို ဦးဆောင်နေတဲ့ ACPဆတ်ယာဘမ်။ တစ်ရက်မှာတော့ ဟာဆီနာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ဟာ ခင်ပွန်းသည်ရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံနေရတဲ့အတွက် ဆတ်ယာဘမ်ဆီကို လာရောက် အကူအညီတောင်းခံခဲ့ပါတယ်။ဟာဆီနာရဲ့ ခင်ပွန်းဖြစ်သူဟာ တင်ဒါက တွေ့တဲ့ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတဲ့အတွက် ဟာဆီနာဟာ သည်းမခံနိုင်တော့ဘဲ ကွာရှင်းခွင့်တောင်းလိုက်ပေမယ့် ခင်ပွန်းဖြစ်သူဟာ ကွာရှင်းခွင့်မပေးဘဲ ဟာဆီနာကို ဆက်လက်နှိပ်စက်လျက်ရှိပါတယ်။ အဲဒီအတွက် ဟာဆီနာဟာ အိမ်ကနေ ဆင်းပြီးတော့ မောင်လေးဖြစ်သူနဲ့ လာနေထိုင်တဲ့အခါ မောင်လေးဖြစ်သူကိုပါ ခင်ပွန်းက ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့အတွက် မခံနိုင်တဲ့အဆုံးမှာ ဆတ်ယာဘမ်ဆီကို ရောက်လို့လာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟာဆီဘမ်ရဲ့ ခင်ပွန်းဖြစ်သူဟာ ရဲကိုတိုင်လိုက်တာသိသွားတဲ့အချိန်မှာတော့ ဟာဆီနာ့ထံသို့ လာရောက်သောင်းကြမ်းနေစဉ် ဟာဆီနာဟာ သေဆုံးလို့ သွားခဲ့ရပါတယ်။ ကိုယ့်ဆီကို ယုံကြည်လို့ လာရောက်အကူအညီတောင်းခဲ့တဲ့သူကို မကူညီနိင်လိုက်တဲ့ ဆတ်ယာဘမ်ကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေရင်းနဲ့ ဟာဆီနာ့ရဲ့ခင်ပွန်းကို အပူတပြင်းလိုက်လံရှာဖွေရင်းနဲ့ ...... ဟာဆီနာ့ခင်ပွန်းကို လိုက်လံရှာဖွေရင်းနဲ့ရော ဘယ်လိုအဖြစ်တွေနဲ့ ကြုံတွေ့ရမလဲ ......ရှေ့ဆက် ဘယ်လိုတွေ ဖြစ်လာမလဲ ..... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ...
movie

Satyabhama (2024)

2024
Aham Reboot (2024) 6
Aham Reboot (2024) ဘဝသစ် ပြန်လည်စတင်ခြင်းဒီတစ်ခေါက် ပရိသတ်ကြီးကို တင်‌ဆက်ပေးချင်တဲ့ ဇာတ်ကားကောင်းလေးကတော့ IMDb rating 6.6 အထိ ရရှိထားတဲ့ 2024 ခုနှစ်မှ ထွက်ရှိထားတဲ့ Aham Reboot ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီကားမှာတော့ Main cast အနေနဲ့ Sumanth က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ နီလေးဆိုတဲ့လူဟာ နိုင်ငံ့ကိုယ်စားပြု ဘောလုံးသမားဖြစ်ချင်ခဲ့တဲ့သူပါ ဒါပေမဲ့ ကံဆိုး‌ချင်တော့ နီလေးကြောင့် အာဗန်သီကာဆိုတဲ့ ကောင်မလေးဟာ မတော်တဆမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ် ဒီလိုဖြစ်ရပ်ကြောင့် အပြစ်ရှိစိတ်တွေနဲ့ ရှင်သန်ရင်း ရေဒီယိုဌာနတစ်ခုမှာ အစီအစဉ်တင်ဆက်သူအနေနဲ့ အလုပ်လုပ်ခဲ့ရာ တစ်နေ့မှာတော့ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတုန်း ကောင်မလေးတစ်ယောက်ဆီက ဖုန်းဝင်လာပါတော့တယ်။ဖုန်းထဲက ကောင်မလေးက နီလေးကို သူအခန်းတစ်ခုထဲမှာ ပိတ်ခံထားရလို့ သူ့ကို ကယ်ပေးဖို့ ပြောတဲ့အချိန်မှာတော့..... ဒီကောင်မလေးက ဘယ်သူလဲ နီလေးကရော K ဆီ ဘာလို့ ဖုန်းခေါ်ခဲ့တာလဲ ရဲကရော ဒီဇာတ်ကားထဲမှာ ဘယ်ကဏ္ဍနေ ပါဝင်နေတာလဲ နီလေးကရော ဒီရှိုးကနေတဆင့် ကောင်မလေးရဲ့ နေရာကို ဘယ်လိုရှာဖွေ ဖော်ထုတ်သွားမလဲ ဖမ်းခံထားရတဲ့ ကောင်မလေးကရော ...
movie

Aham Reboot (2024)

2024
Mean Streets (1973) 7.2
Mean Streets (1973)  ချာလီက မာဖီးယားဂိုဏ်းရဲ့ မိသားစုဝင်တစ်ယောက်ပါ။ သူ့ဦးလေးက စီးပွားရေးလုပ်ငန်းတစ်ချို့ကို ဦးစီးခိုင်းစေချင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ သူငယ်ချင်းလို ညီတစ်ယောက်လို ချစ်ခင်ရတဲ့ ဂျွန်နီကို လိုက်လံစောင့်ရှောက်ပေးနေရတာနဲ့ပဲ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေခဲ့တာပါ။ဂျွန်နီက တကယ့်မလည်ရှုပ် လောင်းကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငွေကြေးအရှုပ်အရှင်းလည်း အရမ်းများတဲ့သူပါ။ ဂျွန်နီတစ်ယောက် ချာလီရဲ့ မိတ်ဆွေ မိုက်ကယ်ဆီကနေ ငွေချေးပြီး ပြန်မဆပ်ရာကနေ ပြဿနာတွေ စတော့တာပဲ။ချာလီက ဂျွန်နီရဲ့ ဝမ်းကွဲအမဖြစ်တဲ့ ထရီစာနဲ့လည်း ချစ်ကြိုက်နေတာပါ။ ထရီစာက စိတ်သိပ်မမှန်လို့ ချာလီက သနားလည်းသနားပါတယ်။ ဂျွန်နီနဲ့ ထရီစာတို့ မောင်နှမအရေးနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဘဝကြားမှာ ကြားညပ်သွားတဲ့ ချာလီရဲ့အဖြစ်ကို ရှုစားရမှာပါ။ငြိမ့်ငြိမ့်လေးနဲ့ပဲ ဆွဲခေါ်သွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး စဉ်းစားစရာ သင်ခန်းစာယူစရာတွေလည်း အများကြီးပါပဲ။တကယ့်ဇာတ်အေးကြီး ဖြစ်ပေမယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လှတဲ့ ဇာတ်ကွက်တွေကြောင့် လုံးဝမြောပါသွားပါလိမ့်မယ်။Vintage ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေနဲ့ဆိုရင် ကွက်တိပါပဲ။၁၉၇၃ ...
movie

Mean Streets (1973)

Love Marry Kill (2023) 5.6
Love Marry Kill (2023)  ဒီဇာတ်လမ်းကတော့ New Orleans က ပရဟိတသမား Elisa Harrington ရဲ့ ယာဉ်တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားမှုကို အခြေတည်ထားတဲ့ သည်းထိတ်ရင်ဖို အချစ်စုံထောက်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်လူရင်းတွေ အချင်းချင်းကြား ဖုံးဖိမှုများ၊ မူးယစ်ဆေးဝါးဂိုဏ်းများ၊ New Orleans ရဲဌာနရဲ့ အကျင့်ပျက် ခြစားမှုများ၊ အိမ်ခြံမြေအငြင်းပွားမှုများနှင့် မိသားစု၏ဂုဏ်အသရေနှင့် အာဏာတို့ရဲ့ အားပြိုင်မှုတွေကို ခပ်ပါးပါးလေး ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်းဝါရှင်တန်ဒီစီရှိ အောင်မြင်သော မှုခင်းဆေးပညာ ပညာရှင် Jordan Toussaint ဟာ ဇာတိမြို့ဖြစ်တဲ့ New Orleans ကို ညီလာခံ တက်ဖို့ လာရင်း အချစ်ဆုံးသူငယ်ချင်း Elisa Harrington ကားတိုက်သေဆုံးမှုကို ကြုံတွေ့ခဲ့ရပါတယ်။ Elisa ရဲ့ ယောက္ခမဖြစ်သူ Grace Harrington က လူမည်းတွေ ကျွန်စနစ်က လွတ်မြောက်ခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ Elisa ကိုယ်စား ပါဝင်ဖို့ ...
movie

Love Marry Kill (2023)

The Roundup: Punishment (2024) 7.0
The Roundup: Punishment (2024)  အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ....ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်...အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်...ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်... File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff    
movie

The Roundup: Punishment (2024)

Sharp Teeth ( 2024 ) 5.6
Sharp Teeth ( 2024 ) သဲထိတ်ရင်ဖိုဇာတ်လမ်းတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Sharp Teeth ဆိုတဲ့ သဲထိတ်ရင်ဖိုဇာတ်ကားကောင်းလေးကို CM ကတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ဦးလေးနျိုနဲ့သူ့နောက်လိုက်ငယ်သားတွေက ပင်လယ်ထဲကနေ ရှားပါးသတ္တဝါတွေကိုဖမ်းယူပြီး တရားမဝင် ကုန်သွင်းကုန်ပို့လုပ်ငန်းတွေနဲ့ ပိုက်ဆံအများကြီးရှာကြတဲ့သူတွေပါ။တစ်နေ့မှာတော့ ထူးဆန်းတဲ့ငါးအကြီးကြီးကိုဓာတ်တို့ဖမ်းမိလာခဲ့ရာကနေ အဲဒီငါးကြီးနဲ့မျိုးတူငါးပေါက်စလေးတွေပါပါလာခဲ့ပါတော့တယ် ။ ဒီငါးကြီး လူစားတတ်တဲ့အကြောင်းကိုတော့ အပြင်ကိုပေါက်ကြားမသွားအောင် ဖုံးထားဖိထားရင်းနဲ့ပေါ့ ။တစ်ဖက်မှာလည်း မုန့်ရှန်နဲ့သူ့ချစ်သူကျန်းရှောတို့သူငယ်ချင်းအုပ်စုက အရင်တည်းဖို့လုပ်ထားနဲ့ဟိုတယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မတည်းဖြစ်ရာကနေ နောက်ထပ်ဟိုတယ်တစ်ခုရှာရပါတော့တယ် ။ အဲဒီမှာ မထင်မှတ်ထားဘဲ လူသားစားငါးကြီးရှိတဲ့ ဟိုတယ်ကို‌သူငယ်ချင်းအုပ်စုရောက်သွားပါတော့တယ်။အဲဒီမှာ ဟိုတယ်ရဲ့တရားမဝင်အလုပ်တွေကိုဘယ်လိုဖော်ထုတ်သွားမလဲ သူတို့သူငယ်ချင်းအုပ်စုကရော လူသားစားငါးကို ဘ ယ်လိုမျိုးရင်ဆိုင်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 896 MB / 530 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Horror , Thriller , Adventure , Mystery Runtime : 1h 12 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

Sharp Teeth ( 2024 )

First Kill (2017) 5.0
First Kill (2017) First Kill (2017) IMDb: 5.0/10 Genre: Action/ThrillerWall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက် အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့ ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့ ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။သေနတ်သံကြောင့် အာမေဋိတ်ထွက်သွားတဲ့ ဒန်နီကြောင့် သေနတ်သမားရဲ့ ရန်မှုပစ်ခတ်ခြင်းကို ခံရပါတယ်။ သားဖြစ်သူရဲ့ အသက်အန္တရာယ်ကြောင့် ဝီလ်အနေနဲ့ သေနတ်သမားကို အမဲလိုက်သေနတ်နဲ့ ပြန်ပစ်ခဲ့ရပါတယ်။ နေရာမှာတင် ပွဲခြင်းပီး သေဆုံးခဲ့တာကြောင့် ...
movie

First Kill (2017)

Pagalariyaan (2024) 7.4
Pagalariyaan (2024) Pagalariyann 2024 မှောင်ရိပ်အလွန်IMDb-8.4/10 ငယ်နုစဉ်အချိန်မှာ အချစ်ကိုယုံမှတ်လို့ ပုံအပ်မိတဲ့အခါ၊ တဒင်္ဂဆုံးဖြတ်ချက်အမှားအတွက် တန်ကြေးကြီးကြီး ပေးဆပ်ရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အတော်ကိုများပါတယ်။အခုဒီဇာတ်ကားလေးကလည်း အချစ်ကိုအနှစ် ချစ်သူကို ဘဝရဲ့အလင်းရှင်လို့သတ်မှတ်မိတဲ့ မိန်းကလေးရဲ့အကြောင်းပေါ့။ အဖေရော သူငယ်ချင်းတွေက တားနေတဲ့ကြားကနေ အချစ်ကိုရှေ့တန်းတင်ပြီးတော့ ချစ်သူဝုဖ်ခေါ်ဆောင်ရာကို မိုင်သီလီတစ်ယောက် ကောက်ကောက်ပါအောင် ခိုးရာလိုက်သွားတာပေါ့။ တစ်ဖက်က အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်းခေါင်းဆောင်ကလည်း ဒီညီမလေးတစ်ယောက်ရှိတာဆိုတော့ အသည်းအသန် သူ့လူတွေကိုလွှတ်ရင်းနဲ့လိုက်ရှာ၊ အဖေကလည်း ဒီသမီးလေးကိုစိုးရိမ်စိတ်နဲ့ဗျာများနေရတဲ့အချိန်...တစ်ဖက်ကလည်း အခွင့်ကြုံတာနဲ့ တွယ်ချင်တဲ့ ပြိုင်ဘက်ဂိုဏ်းတွေက ငယ်သား‌တွေ မရှိနေတဲ့ ဆိုင်းလန့်ဆီကို လုပ်ကြံရေးသမားတွေလွှတ်လိုက်တာပေါ့။ ဒါပေမဲ့ မိုင်သီလီတစ်ယောက် ဘဝရဲ့အလင်းရှင်ရယ်လို့ သတ်မှတ်ထားတဲ့ဝုဖ်က တကယ်တော့ နာမည်နဲ့လိုက်အောင် မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးဖြစ်နေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ မထင်မှတ်ထားတဲ့ ဘယ်လိုplot twistတွေပါဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်) File size… 1.7GB / 699MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Pagalariyaan (2024)

2024
I Spit on Your Grave (1978) Day of the Woman 5.6
I Spit on Your Grave (1978) Day of the Woman I Spit on Your Grave/ Day of the Woman (1978)I Spit on Your Grave ဟာ အဓမ္မမှုကိုရက်ရက်စက်စက်လက်စားပြန်ချေတဲ့ဇာတ်ကားတွေထဲမှာ အထင်ကရဖြစ်ဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး 2010 မှာပြန်ရိုက်ခဲ့တဲ့ remake ဇာတ်ကားတွေဟာလည်းအောင်မြင်မှုရခဲ့ပါတယ်။ ခုတင်ဆက်လိုက်တာကတော့ မူရင်း အော်ရဂျင်နယ် ၁၉၇၈ ခုနှစ်က ရုပ်ရှင်ကားဖြစ်ပါတယ်။ပထမဆုံးဇာတ်ကားစတင်ထွက်ရှိချိန်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်မှုတွေ၊ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းပေါင်း မြောက်များစွာတွေကြောင့် ရုံမတင်ခင်ကတည်းက အငြင်းပွားမှုတွေပြဿနာတွေမျိုးစုံရင်ဆိုင်ခဲ့ရပြီး ဇာတ်ကား ရုံတင်ချိန်မှာလည်းဝေဖန်ရေးဆရာတွေရဲ့ရှုံ့ချမှုတွေကိုအပြင်းအထန်ခံခဲ့ရပါတယ်။ဒါပေမယ့် အခုချိန်မှာတော့ cult classic ဇာတ်ကားတစ်ကားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့... စာရေးဆရာမပေါက်စလေး ဂျနီဖာဟေးလ်ဟာ နယ်စွန်နယ်ဖျားက လူသူဝေးလံတဲ့ တောအုပ်ထဲက အိမ်တစ်လုံးကို စာရေးဖို့ရည်ရွယ်ချက်နဲ့ငှားရမ်းခဲ့ပါတယ်။မြို့အဝင်ဆီဆိုင်မှာတွေ့ခဲ့ရတဲ့ လူရွယ်တစ်စုကို မြို့ကြီးသူပီပီ မိတ်ဖွဲ့ပြီးရင်းရင်းနှီးနှီးစကားဆိုခဲ့မိရာကနေ တောသားငစနူတွေက သူ့ရဲ့ ဖော်ရွေမှုကိုအထာပေးတယ်လို့ယူဆပြီး သူငှားနေတဲ့ အိမ်ကိုလာအုပ်စုဖွဲ့မုဒိမ်းကျင့်ရာကနေ နောက်ဆုံး လက်စဖျောက်ပစ်ဖို့အထိကြိုးစားခဲ့ကြပါတယ်။ဒါပေမယ့် ကံကောင်းထောက်မစွာသေကံမရောက်ခဲ့တဲ့ ဂျနီဖာဟာ သူ့ကိုအဓမ္မကျင့်ခဲ့တဲ့မုဒိမ်းကောင်တွေကို ရက်ရက်စက်စက်ပြန်ပြီးကလဲ့စားချေပါတော့တယ်။Horror,Thriller အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းရက်စက်တဲ့သတ်ခန်းဖြတ်ခန်း ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ File size…(13 GB) / (3 GB )/(1.6 GB) Quality….BluRay ...
movie

I Spit on Your Grave (1978) Day of the Woman

(18+) An Affair (2018) 5.5
(18+) An Affair (2018) An affair (2018) ဟာ IMDb 5.5 ရရှိထားတဲ့ နော်ဝေး drama/suspense အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဂျွမ်းဘားမယ်ဟောင်းဖြစ်တဲ့ အနီတာ ဟာ အထက်တန်းကျောင်းမှာဆရာမအဖြစ်နဲ့ အလုပ်ရခဲ့ပါတယ်။အဲ့အချိန်မှာပဲ အတန်းထဲက ကျောင်းသားတစ်ယောက်ဟာ သူ့ကိုစွဲလန်းနေမှန်းသိလိုက်ရချိန်မှာ အနီတာ တစ်ယောက်ဘယ်လိုတုန့်ပြန်မလဲ၊ ဂုဏ်သိက္ခာတွေကို စွန့်လွှတ်မလား၊ ကျင့်ဝတ်တွေကို စောင့်ထိန်းမလား၊ သူဘယ်လမ်းကိုရွေးမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။လိင်အသားပေး အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ လူတွေရဲ့သဘော သဘာဝကို မြင်သာအောင်ရိုက်ပြထားတဲ့ သဘာဝဆန်ဆန်ဇာတ်လမ်းမျိုးကြိုက်သူတို့အဖို့တော့ စိတ်အာသာပြေစေမှာပါ........... File size…1GB/ 419MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….Xcross Translated by  KK
movie

(18+) An Affair (2018)

2018
Lust, Caution (2007) 7.6
Lust, Caution (2007) Lust, Caution (2007)IMDb Rating (7.6) / Rotten Tomatoes (73%)အန်းလီဟာ သူ့ရဲ့ အင်တာနေရှင်နယ်အနေနဲ့ အအောင်မြင်ဆုံးရုပ်ရှင်လို့ဆိုလို့ရနိုင်တဲ့ Brokeback Mountains ရုပ်ရှင်အောင်မြင်ပြီးတဲ့နောက် Eileen Changရဲ့ Lust, Caution ကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့တယ်။ Lust , Cautionရဲ့ မူရင်းဝတ္တုကိုက တကယ့်အပြင်မှာရှိခဲ့တဲ့ တရုတ်စပိုင် ကျန်းဖင်းယု (Zheng Pingru)ကို အခြေခံထားတယ်။ Eileen Changကို အန်းလီမှတ်ချက်ပေးတာက Eileen Changလောက် တရုတ်စကားလုံးတွေကို ရက်ရက်စက်စက်သုံးတဲ့ စာရေးဆရာမျိုး သူမတွေ့ဖူးဘူးတဲ့။ ဒါကြောင့်ပဲထင်ပါတယ်။ အန်းလီရဲ့ Lust, Caution ဟာလည်း လိင်မှုခန်းတွေရဲ့နောက်ကွယ်မှာ တော်တော်လေးရက်စက်တဲ့အသွင်ကိုဆောင်နေတယ်။ Lust, Caution ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲဆို နိုင်ငံရေးနဲ့ ကိုယ်ပိုင်ခံယူချက်တွေရဲ့ မျဉ်းပေါ် နှလုံးသားရေးရာတွေရဲ့ ဆုံမှတ်တစ်နေရာကို ပြထားတဲ့ရုပ်ရှင်လို့ဆိုရမယ်။ ဒါပေမဲ့လည်း သစ္စာဖောက်တွေကို ...
movie

Lust, Caution (2007)

2007
Within (2016) 5.5
Within (2016)  အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးကကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင်ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲမိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေစပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ်ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေအသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြားနေပါတော့တယ်။ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာအမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီးနောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လိုကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ...
movie

Within (2016)

The Corpse Washer (2024) 7
The Corpse Washer (2024) The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie

The Corpse Washer (2024)

2024
Ghar Banduk Biryani (2023) 6.8
Ghar Banduk Biryani (2023) Ghar Banduk Biryani (2023)IMDb 6.8ဇာတ်ဝင်ခန်း ၈၀% လောက်ကို တောထဲမှာအခြေတည်ထားတဲ့ မာရသီစကားပြော အက်ရှင်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်မိဘမဲ့ စားဖိုမှူးလေး ရာဂျူးက မိန်းမရဖို့ရာ အိမ်တစ်လုံးမဖြစ်မနေ အရင်ဝယ်ဖို့ မိန်းကလေးဘက်က တောင်းဆိုတာကြောင့် စဥ်းစားရကျပ်နေချိန်မှာ ဓားပြဗိုလ်ဆီရောက်သွားပြီး ဓားပြဗိုလ်က ဆုံးသွားတဲ့ ဇနီးသည်ရဲ့ ဒန်ပေါက်လက်ရာကိုလွမ်းတာကြောင့် ဒန်ပေါက်ချက်ရမယ့် အလုပ်ပေးလာတယ်တစ်ဖက်မှာ ရဲအရာရှိပါတီးလ်ကတော့ ရိုးရာပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တဲ့ ကျောင်းသားတစ်စုကို ဆော်ပလော်တီးရာကနေ လွှတ်တော်အမတ်ရဲ့သားကို လုပ်မိလို့ ဓားပြတွေရှိရာ နယ်ဘက်ကို တာဝန်ပြောင်းခံလိုက်ရတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မှာလဲအလွမ်းအဆွေး၊ အက်ရှင်ဇာတ်ကြမ်း၊ ဟာသ၊ သီချင်းတို့နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးကို အားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 4.06GB / 1.91GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ghar Banduk Biryani (2023)

2023