Channel Myanmar

Thriller

Nr. 10 (2021) 6.8
Nr. 10 (2021) Nr. 10 (2021)========== IMDb Rating - 6.8/10အခုကမ္ဘာကြီးမှာ ပူနွေးနေတဲ့ ပြဿနာနဲ့ သက်ဆိုင်တဲ့ကားလေးတစ်ကား ကြည့်ရမယ်ဆိုရင်တော့ ဒက်ခ်ျဘာသာ စကားနဲ့ထွက်ထားတဲ့ Captain Nova ဆိုတဲ့ကား‌လေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကားလေးတွေရဲ့အစဟာ ဒီ ၂၀၂၁ က ကားလေးကနေ အစပြုတဲ့ပုံပါပဲ။ဒီကားလေးဟာ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ကားလေးဖြစ်ပြီး IMDb အနေနဲ့ 6.8 ရရှိထားသလို Drama/Thriller အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ ဒက်ခ်ျဘာသာစကားပြောတဲ့ နယ်သာလန်ရုပ်ရှင်လေးဖြစ်ပြီး နောက်ပိုင်း နယ်သာ လန်ရုပ်ရှင်တွေရဲ့ CGI အထူးကောင်းမွန်လာမှုကတော့ တော်တော့်ကို ပြောစရာ မရှိလောက်တဲ့အထိကို ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးဟာ ငြိမ့်ငြိမ့်ညောင်းညောင်း လေးနဲ့ ဇာတ်လမ်းအစကနေ အဆုံးထိခံစားကြည့်ရှုရမယ့်ကားကောင်းလေးပါ။ ဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ ကျစ်လျစ်သိပ်သည်းမှုရှိပြီး ရှေ့ဆက်ဘာဖြစ်မလဲကို မျှော်တလင့်လင့်ကြည့်ရမယ့်ကားကောင်းလေးမို့ တင်ဆက်ပေးလိုက်ရတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အဆုတ်နှစ်ခြမ်းအနက် တစ်ခြမ်းဟာ ပုံမှန် အဆုတ်တွေထက် တော်တော်ကြီးကိုကြီးနေတဲ့ သားအဖနှစ်‌‌ယောက်၊ အလွန်ထူးဆန်းတဲ့ ထိုဖြစ်ရပ်ကြောင့် ဆရာဝန်တွေက စစ်ဆေးချင်လှသော်လည်း နာမကျန်းဖြစ်၊ ချောင်းဆိုးတာ မရှိဖူးတဲ့သားအဖ နှစ်ယောက်ကတော့ ဆေးရုံဆေးခန်းဆို ဝေါင်ဝေါင်ရှေးနေခဲ့တဲ့အခါ၊ ဘာကြောင့် သူတို့အဆုတ်တွေ တစ်ခြမ်းသာပါပြီး ထိုတစ်ခြမ်းက အလွန်ကြီးနေတာလဲ၊ ဘယ်လိုရောဂါဘယမျိုးများ ...
movie

Nr. 10 (2021)

2021
Shanghai Knight (2022) 7.8
Shanghai Knight (2022) စစ်​အေး​ခေတ် ဗြိတိသျှ​နေမဝင်အင်ပါယာနဲ့ ဂျပန်အင်ပါယာတို့ အာရှတိုက်တစ်ဝန်း နယ်ချဲ့ကျွန်ပြုထားတဲ့ ​ခေတ်ကာလတစ်ခုမှာ တရုတ်ပြည်မကြီးမှာလည်း မျက်နှာဖြူနဲ့ ဂျပန်​တွေ ကြီးစိုး​​နေတဲ့ အချိန်​ပေါ့၊ရှန်ဟိုင်းမြို့Bundအရပ်မှာ ဂျင်ဂွမ်ယုံဆိုတဲ့ သူ​ဌေးက ဆိပ်ကမ်း ၇ခုပိုင်ဆိုင်ပြီး ကုန်တင်ကုန်ချလုပ်ငန်းက​နေ စီးပွားရှာနေသူ​ပေါ့၊ သူနဲ့စီးပွားပြိုင်ဖက်က​တော့ အုချီယမဆိုတဲ့ ဂျပန်ပြည်ကလာတဲ့ သူ​ဌေးတစ်​ယောက်ပါ၊ ဆိပ်ကမ်းပိုင်သူ​ဌေးနဲ့ သွင်းကုန်လုပ်ငန်းရှင်တို့ ဖြစ်တာနဲ့အညီ ရန်ပွဲ၊တိုက်ပွဲ​တွေ ပဋိပက္ခ​တွေအမြဲဖြစ်​လေ့ရှိတဲ့ ကမ္ဘာ့ရန်​သဖွယ် ဖြစ်​နေကြသူ​တွေပါ။ ဒီလိုစီးပွားပြိုင်၂ဦးလုံးက တိုက်တိုက်ဆိုင်ဆိုင် မြင်းပွဲကို​တော့ အထူးခုံမင်ကြပါတယ်၊ ဒီလိုနဲ့ပဲ နှစ်ရှည်လများ ဖြစ်တည်လာတဲ့ သူတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်းပွဲတစ်ပွဲနဲ့ စည်းစိမ်ကုန် ​​လောင်း​ကြေး ထပ်ကာ အဆုံးသတ်ဖို့သ​ဘောတူခဲ့ကြပါတယ်၊ မြင်းပွဲရှိပြီဆိုရင် ကိုယ့်ပြိုင်မြင်းကို အ​ကောင်းဆုံးထိန်း​ကျောင်းနိုင်တဲ့ ​ဂျော်ကီကို လိုလာစမြဲပါ၊ ဒီလို စည်းစိမ်ကုန်၊ ဂုဏ်သိက္ခာကုန် ​အ​လောင်းစား လုပ်ထားတဲ့ပွဲမှာ ​ဂျော်ကီ​ကောင်းရှိဖို့ ပိုလိုအပ်လာပါတယ်။အဆိုပါ​ဂျော်ကီ​နေရာကို​ လုပ်ငန်းရှင်၂ဦးက မာယွန်​ဖေးဆိုသူ ဆိပ်ကမ်းအလုပ်သမားတစ်ဦးကို မျက်စိကျလာပါတယ်၊ သူက လူရိုးလူ​ဖြောင့်ဖြစ်သလို အလုပ်သမား​တွေရဲ့ နစ်နာဆုံးရှူံးမှု​တွေတန်ရာတန်​ကြေးပြန်ရ​ဖို့ ဂျင်ဂွမ်ယုံနဲ့ မကြာခဏ ထိပ်တိုက်​တွေ့​ဖြေရှင်းတတ်တဲ့ သူတစ်​ယောက်ပါ၊ မြင်းစီးပညာလည်း ​ထူးချွန်တာဖြစ်လို့ ...
movie

Shanghai Knight (2022)

Dhruva(2016) 7.9
Dhruva(2016) Dhruva (2016)အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှmedical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။"သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....."ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော......ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ...
movie

Dhruva(2016)

2016
9 Bullets (2022)
9 Bullets (2022) 9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie

9 Bullets (2022)

2022
Gothika(2003) 5,8
Gothika(2003) Gothika (2003)ဒီတစ်ခေါက် CM ပရိတ်သတ်တွေကို ၂၀၀၃တုန်းက ထွက်ရှိထားတဲ့Gothika ဆိုတဲ့ သည်းထိပ်ရင်ဖိုသဘာ၀လွန်ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်R Rated လဲရထားပြီး ဆု၆ခုထိရထားတဲ့ Horrorကားတကားမလို့ အတော်လေးကောင်းတဲ့ထဲပါပါတယ် Castပိုင်းမှာဆိုရင်လဲ Robert Downey Jrလိုသရုပ်ဆောင်ကောင်းတစ်ယောက်ပါ ပါဝင်ထားတာမလို့ ရုပ်ရှင်ကားကောင်းတခုဆိုတာညွှန်းလိုပါတယ်.....ဇာတ်လမ်းအကျဉ်းလေးကတော့Miranda ဆိုတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်တစ်ယောက်ဟာ မိုးရွာတဲ့ညတစ်ညမှာအိမ်ပြန်ရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်ရာကနေရှောင်ရင်း ယာဉ်တိုက်မှုဖြစ်သွားခဲ့ရပါတယ်။နောက်တစ်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သူအလုပ်လုပ်ရာအကျဉ်းထောင်ရဲ့အကျဉ်းခန်းကို ရောက်နေပြီးယောက်ျားဖြစ်သူက ရက်ရက်စက်စက်အသတ်ခံခဲ့ရကြောင်းနဲ့ သူကသံသယရှိသူဖြစ်နေကြောင်းကိုသိလိုက်ရတော့Miranda တစ်ယောက်တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။သူမြင်နေတဲ့မိန်းကလေးကလည်းသေပြီးသားသူဖြစ်နေတဲ့အပြင် ယောက်ျားဖြစ်သူကိုမသတ်ကြောင်း အဲမိန်းကလေးကိုမြင်မြင်နေရကြောင်းပြောတော့လည်း ဘယ်သူကမှသူ့ကိုမယုံကြဘဲစိတ်ရောဂါသည်ကြီးလို့ထင်ကုန်ကြတဲ့အချိန်မှာ Miranda တစ်ယောက် မရူးကြောင်းဘယ်လိုသက်သေပြမလဲထောင်ထဲရောက်နေရတဲ့ပြဿနာကို တစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File size…2GB / 900MB Quality…1080p BluRay AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena
movie

Gothika(2003)

2003
Burn (2022) 6.1
Burn (2022) Burn (2022) ========== IMDb Rating - 7.7/10မက်ခ်စ် ဟာ LA မြို့မှာရှိတဲ့ နာမည်ကျော်လူဆိုးဂိုဏ်းတွေရဲ့ အဓိကခေါင်းဆောင် ဂျီနို ပင်နာရို အားကိုးရတဲ့ ညာလက်ရုံးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကြေးစားလူသတ်သမား ဆက်သ် ဟာ မက်ခ်စ် ကို တိတ်တဆိတ်ဆက်သွယ်ပြီး… "မက်ခ်စ် ရဲ့ ညီဖြစ်သူ ဗင့်စ် ဟာ...သူတို့ဘော့စ် ပင်နာရိုရဲ့ မိန်းမနဲ့ တိတ်တိတ်ပုန်းညားနေပြီး စကားများရင်း သူမကို သတ်မိသွားကြောင်း" ပြောခဲ့ ပါတယ်။ဒါ့အပြင် "ဂျီနိုပင်နာရို ဟာ...သူအရမ်းချစ်ရတဲ့ မိန်းမကိုကြာခိုတဲ့အပြင် သတ်ပါသတ်သွားတဲ့ ဗင့်စ် ကိုသတ်ဖို့ ဆက်သ် ဆီကို အလုပ်အပ်ထားကြောင်း . . . ဗင့်စ် က မက်ခ်စ် ရဲ့ညီဖြစ်တဲ့ အတွက် သူ့မျက်နှာကိုထောက်ပြီး… လိုက်မသတ်ခင် အချိန် ၂ ရက်ပေးမည်ဖြစ်ကြောင်း".... ဆက်သ် က ပြောလိုက်တဲ့အခါ…မက်ခ်စ် တစ်ယောက် သူ့ရဲ့ညီကို ကြေးစားသမားရဲ့ လက်ထဲကနေ လွတ်ဖို့အပြင် တစ်ဖက်မှာလည်း သူ့ရဲ့အလုပ်မထိခိုက်အောင် အချိန် (၂) ရက်အတွင်း ...
movie

Burn (2022)

2022
Choose or Die (2022) 4.9
Choose or Die (2022) Choose or Die (2022)===============Countdown လိုရုပ်ရှင်ကားမျို၊ Escape Room လို ရုပ်ရှင်ကားမျိုးကို မျှော်နေကြတဲ့ horror/thriller ကားကိုချစ်မြတ်နိုးသူ ရုပ်ရှင်ချစ်သူ ပရိသတ်အပေါင်းတို့အတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာခဲ့တဲ့ ကားလေး ကတော့ Choose or Die ဆိုတဲ့ကားကောင်းလေးပဲဖြစ်ပါတယ်။ Horror/Thriller ကားအမျိုးအစား၊ ဇာတ်လမ်းဇာတ်အိမ် အကြမ်းဖျင်း တူလို့သာ အပေါ်က ကားနှစ်ကားနဲ့ နှိုင်းယှဉ်ထားတာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်ကတော့ ရှယ်ကြည့်ကောင်းတယ်လို့ဆိုရမယ့် ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို Sex education စီးရီးရဲ့ မင်းသား Asa Butterfield ရယ်၊ မင်းသမီး Iola Evans ရယ်၊ Robert England တို့ပါဝင်ရိုက်ကူးထားပြီး ကြာချိန် ၈၅ မိနစ်အတွင်းမှာ ဇာတ်လမ်းဟာ ဆွဲဆန့်လွန်ခြင်း၊ တိုတုတ်လွန်ခြင်း စိတ်ကျေနပ်မှုတစ်ခုကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင်‌‌တော့ ဖခင်က စွန့်ခွာသွားလို့ မိခင်ဖြစ်သူနဲ့ မောင်လေးဖြစ်သူနဲ့ အတူတူနေနေရတဲ့ ကေလာဆိုတဲ့ ရင့်နင့်စရာ ကောင်မလေးရဲ့ ဘဝဇာတ်ကြောင်းကနေစပါတယ်။ သူဟာ အငယ်တန်း ပရိုဂရမ်မာတစ်ယောက်ဖြစ်တာကြောင့် သူ့လို့ ...
movie

Choose or Die (2022)

2022
House of Wax (2005) 5.3
House of Wax (2005) House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie

House of Wax (2005)

Azumi 2: Death or Love (2005) 6.2
Azumi 2: Death or Love (2005) Azumi 2: Death or Love (2005)IMDB Rating (6.2)ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။အာဇုမိဟာ Jidaigeki အမျိုးအစား ...
movie

Azumi 2: Death or Love (2005)

Azumi (2003) 6.9
Azumi (2003) Azumi (2003)IMDB Rating (6.9)ဂျပန်နင်ဂျာဆာမူရိုင်းကားဆိုတာ ဒါမျိုးလို့ ဆိုရလောက်အောင် Azumi ဇာတ်ကား ၂ ကားလုံးက အခုတ်အဖြတ် အတိုက်အခိုက်တွေနဲ့ နာမည်ကြီးခဲ့တဲ့ တကယ့်ဖိုက်တာ ဂျပန်ကားတွေပါပဲ။ဇာတ်လမ်းကတော့ Azumi ဆိုတဲ့ ဂျပန် နင်ဂျာမလေး တစ်ယောက်အကြောင်းကို အခြေပြုထားပါတယ်... သူမဟာ ရုပ်ကလေးလှပြီးနုဖတ်နေပေမယ့် လူသတ်ဖို့ မျက်တောင်မခတ်တမ်း ရက်စက်တတ်သူ ဖြစ်ပြီး လူပုံစံ ပျော့ပျောင်းသလောက် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက်လဲ ဖြစ်ပါတယ်... အုပ်ချုပ်ရေး အဖွဲ့တစ်ခုကို ဆန့်ကျင်တော်လှန်သူခေါင်းဆောင်တစ်ယောက်ဟာ နှစ်ပေါင်းများစွာတိုင် ကလေး တစ်ချို့ကို ဓါးသိုင်း လက်ထပ် သင်ကြားပျိုးထောင်ခဲ့ပါတယ်...အဲ့ဒီ့ကလေးတွေ အရွယ်ရောက်ပြီး ပညာစုံလာတဲ့အခါမှာ လူရောစိတ်ရောမာကျောလာဖို့နဲ့ တာဝန်တွေကို လုံးဝလိုက်နာဖို့ ပြင်းထန်တဲ့ သင်ခန်းစာကို ရက်စက်စွာ သင်ကြားပါတော့တယ်။ အဲ့ဒီ့ သင်ခန်းစာထဲမှာ ရက်စက်တတ်တဲ့ လူသတ်သမားအချို့သာ အသက်ရှင်ကျန်မှာဖြစ်ပြီး ဒီထဲမှာ မိန်းမလှလေး Azumi ဟာလဲ ပါဝင်ခဲ့ပါတယ်။အာဇုမိဟာ Jidaigeki အမျိုးအစား ရုပ်ရှင်တစ်ကားပါ။ Jidaigekiဆိုတာကတော့ ဂျပန်သမိုင်းရဲ့ 1603 ...
movie

Azumi (2003)

2003
B Cut (2022)
B Cut (2022) B Cut (2022) ဇာတ်လမ်းအညွှန်း ဒီ Action, Crime, Thriller အမျိုးအစား ရုပ်ရှင်လေးက ဖုံးကွယ်လိုသူ နဲ့ ဖော်ထုတ်လိုသူတို့အကြောင်းကို ရိုက်ကူးထားတာပါ။ဆွန်းဟျွန်း ဆိုတဲ့ အမျိုးသားတစ်ယောက်က စမတ်ဖုန်းပြုပြင်ခြင်း အထူးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီလေးတည်ထောင်ထားပါတယ်။ တစ်နေ့မှာတော့ အမျိုးသမီးတစ်ယောက် ဖုန်းပြုပြင်ဖို့အတွက် သူ့ဆီကို ရောက်လာခဲ့ပါတယ်။ဆွန်းဟျွန်းကတော့ ဖုန်းကို ပြင်ရုံမက ဖျက်ထားတဲ့ ဓာတ်ပုံကစလို့ ဒေတာတွေကိုပါ ပြန်လည် ရယူပေးရာကနေ ဇာတ်လမ်းတစ်ခု စတင်လာခဲ့ပါတယ်။ A Cut နဲ့ B Cut ဆိုပြီး ခွဲပြီး ဒေတာတွေ ပြန်ဖော်ပေးလိုက်ပါတယ်။ A Cut ကတော့ လူတိုင်းကြည့်လို့ရနိုင်တာတွေဖြစ်ပြီး B Cut ကတော့ အထူးလျှို့ဝှက် တစ်ကိုယ်ရည်ပဲ သိသင့်တာမျိုးပေ့ါ။ B Cut ဒေတာတွေကနေ စလိုက်တဲ့ ဇာတ်လမ်းက တောင်ကိုးရီးယားနိုင်ငံရဲ့ နာမည်ကျော်တစ်ယောက်ရဲ့ လူမှုရေးဖောက်ပြန်တဲ့ကိစ္စတွေထိ ပေါ်ပေါက်လာပြီးနောက်မှာတော့ ...ဆန်းဟျွန်းတစ်ယောက် ...
movie

B Cut (2022)

2022
Reside (2018) 5.5
Reside (2018) ဒိတ် အဖြစ် Ananda Everingham ပရန် အဖြစ် Ja Natthaweeranuch Thongmee ဆွိုင့် အဖြစ် Ploy Ploynarin Sornarin နုပ် အဖြစ် Apom Peerapolဇာတ်လမ်းအကျဉ်းဝိဥာဥ်ဆိုတာ ခန္ဓာကိုယ်​ပျက်စီးပြီးနော​က်ပိုင်း ပျောက်ကွယ်သွားဖို့ ငြင်းဆိုနေတဲ့ မှတ်ဥာဏ်တွေပါပဲ စစ်မှန်တဲ့သံယောဇဥ်ရှိနေရင် သူတို့ချစ်ရတဲ့သူတွေ​ဆီ အမြဲပြန်လာတတ်ကြတယ်ဒိတ်ရဲ့မိခင်ဖြစ်သူက နာမည်ကြီးဝိဥာဥ်ဆိုင်ရာအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်တစ်နေ့ လျှို့ဝှက်ဆန်းကြယ်တဲ့ဝိဥာဥ်ပြန်ခေါ်အစီအရင်တစ်ခုလုပ်နေရင်း အိမ်ထဲကို မဖိတ်ခေါ်တဲ့ဝိဥာဥ်တွေဝင်လာခဲ့ပြီး သူမကို ဝင်ပူးခဲ့ပါတော့တယ်ဒိတ်လည်း မိခင်ဖြစ်သူဆီရောက်လာခဲ့ပြီး ဝိဥာဥ်ကိုပြန်ထုတ်ပေးခဲ့ပေမယ့် အိမ်ထဲက ထွက်မသွားပဲရှိနေခဲ့တယ်ဝင်ရောက်လာတဲ့ ဝိဥာဥ်တွေဟာ အိမ်သားတွေတစ်ယောက်စီကိုဝင်ပူးရင်း အန္တရာယ်ပေးဖို့ကြိုးစားလာချိန်မှာတော့ဝိဥာဥ်တွေ မဝင်အောင် ပိတ်ထားရတဲ့အိမ်ရှေ့တံခါးကိုတောင်ဖွင့်ပြီး ဒိတ်ရဲ့မိခင် ပြန်ခေါ်နေတဲ့ဝိဥာဥ်က ဘယ်သူလဲအိမ်ထဲက ဖုံးကွယ်ထားတဲ့အလောင်းကရော ဘယ်သူ့အလောင်းလဲဘာအတွက်နဲ့ ဝိဥာဥ်တွေက ဝင်ရောက်အန္တရာယ်ပြုလာရတာလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှုကြရအောင် ။( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(1.8GB) / (880MB) Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:43:00 Type__Horror , Thriller Subtitle__Myanmar ...
movie

Reside (2018)

Night Drive(2022) 7.0
Night Drive(2022) Night Drive(2022) အညွှန်း*************************IMDb...7.0မှောင်ခိုမှုနဲ့ နိုင်ငံခြားရေးဝန်ကြီး ရာဂျန်ကူရက်ဆိုသူဟာ NIA မှာ စစ်ဆေးခံခဲ့ရတယ်။နောက်နေ့မနက်မှာ သူ့ကို လာဖမ်းမယ်ဆိုတဲ့ သတင်းကြားပြီးနောက် ရွှေတွေကိုနေရာရွှေ့ဖို့ စီစဉ်ခဲ့တယ်။ ရိုးသားတဲ့ တက္ကစီသမားလေး ဂျော်ဂျီဟာသူ့ချစ်သူ သတင်းကြေညာသူလေးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ညဘက်မှာ ကားတူတူပတ်မောင်းဖို့ ထွက်ခဲ့တယ်။အဲ့ညမှာ ဝန်ကြီးရဲ့ ရွှေမှောင်ခိုအမှုနဲ့ ပတ်သက်တဲ့သူကိုသူတို့ ကားတိုက်မိသလို ဖြစ်ပြီး ပြဿနာမျိုးစုံတက်ပါတော့တယ်...တစ်ဘက်မှာ အင်အားကြီးမားတဲ့ လူဆိုးဂိုဏ်းနဲ့  ရဲတွေအကြားသူဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့....  File Size :(1.4GB) (737MB) and (309 MB) Quality : WEB-DL1080P5.1CH, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae 
movie

Night Drive(2022)

Infinite Storm (2022) 6
Infinite Storm (2022) Infinite Storm (2022) ဇာတ်လမ်းအညွှန်း ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ Drama/ Thrillerဇာတ်ကားတစ်ကားပါ။စိတ်ဒဏ်ရာတွေရှိနေတဲ့ အသက်53နှစ်အရွယ် တောင်တက်ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပမ်ဟာ အေးစက်လှတဲ့ နိုဝင်ဘာလမှာ ရာသီဥတုအခြေနေ ဆိုးဝါးနေမှန်းသိနေခဲ့ပေမယ့်လည်း Mount Washington ကို ခါတိုင်းလိုပဲတက်ခဲ့ပါတယ်။ရာသီဥတုဆိုးလွန်းလို့ ပြန်လှည့်လာတဲ့အချိန်မှာတော့ နှင်းတွေကြားမှာ sneaker ဖိနပ်ခြေရာကိုတွေ့လိုက်ရင်း တောင်ပေါ်တက်ဖို့ဒီဖိနပ်စီးလာတဲ့သူတော့ ဒုက္ခရောက်နေမှာပဲ ဆိုပြီး လိုက်ရှာရာကနေ ...ပရဟိတစိတ်ဓာတ်ရှိလှပြီး လက်မလျှော့တတ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ ရဲရင့်ပုံနှင့် စွန့်စားပုံတို့ကို survival ဇာတ်ကားတို့ ထုံးစံအတိုင်း ပုံဖော်ရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size          :  1.8GB, 622MB & 320MB Quality            : 1080p WEBRip AC3 5.1CH, 720p WEBRip & ...
movie

Infinite Storm (2022)

2022
[18+] The Girl and the Wooden Horse Torture (1982)
[18+] The Girl and the Wooden Horse Torture (1982) နာမီဆူချီယာဟာ စာတော်ပြီး ဆရာအရေးပေးခံရတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်ချို့ကျောင်းသူတွေမနာလိုဖြစ်ကြရအောင်လဲ သူတို့တွေကြိတ်ကြွေနေတဲ့ ခန့်ညားချောမောတဲ့ ဆရာဟာ နာမီ့အပေါ်ကို သိသိသာသာကြွေဆင်းနေခဲ့တာအမှန်ပါ။ ဆရာဟာ နာမီ့အပေါ်ကို စိတ်ကူးတွေယဉ်တယ်၊ နာမီကိုယ်တိုင်ကလဲ ဆရာက သူဒုက္ခရောက်နေတဲ့ အချိန်မှာ လာရောက်ကယ်တင်တတ်တဲ့အကြောင်း၊ ကယ်တင်ပြီးရင် သူ့ကိုရက်ရက်စက်စက်နှိပ်စက်ပြီးရင် မုဒိမ်းကျင့်ဖို့ကြိုးစားတဲ့အကြောင်း အိမ်မက်တွေမက်တတ်တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားက နှောင်ဖွဲ့မှု စိတ္တဇတွေ နက်ရှိုင်းလာပါတော့တယ်။ ဒီဇာတ်ကားနဲ့ပတ်သက်တဲ့မှတ်ချက်တွေထဲမှာ ဂျပန်တွေဟာ လက်တွေ့ဘဝမှာ လိမ်မာယဉ်ကျေးကြတဲ့ အပြင်ပန်းမျက်နှာစာကို ကောင်းကောင်းထိန်းသိမ်းထားနိုင်ပြီးတော့ anime နဲ့ ရုပ်ရှင်တွေထဲမှာ စိတ်ကူးတွေကို ရိုင်းချင်တိုင်းရိုင်းကြမ်းချင်တိုင်းကြမ်းခွင့်ပေးထားတာ သိပ်ကြိုက်တယ်ဆိုတဲ့ တစ်ခုကိုသဘောကျမိပါတယ်။ဒီကားထဲမှာလဲ စိတ်ကူးယဉ်တဲ့အခန်းတွေတင်မက၊ လက်တွေ့ကျကျဆက်ဆံခန်းတွေမှာပါကြမ်းချက်တွေကတော့ ရုပ်ရှင်ကားကြီးမှ ဟုတ်ရဲ့လားလို့ပြန်ကြည့်ရလောက်အောင်ကိုကြမ်းလွန်းတာပါ။ ဒါကိုက ဇာတ်ကားရဲ့အနှစ်ပါပဲ။ Dark Side ဖက်ခြမ်းကို ဖော်ပြရာမှာတော့ ဂျပန်ကားတွေက အရင်ကတည်းက ကြမ်းနေခဲ့တာပါပဲ။( Dark Side Production မှ တင်ဆက်သည်။)File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : ...
movie

[18+] The Girl and the Wooden Horse Torture (1982)

Agent Game (2022)
Agent Game (2022) Agent Game (2022)မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie

Agent Game (2022)

All the Old Knives(2022) 6.1
All the Old Knives(2022) မင်းသား ခရစ္စပိုင်းရဲ့ ရုပ်ရှင်အသစ်လေးပါ။ စပိုင်ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။လိုက်ပြီးလည်း အတူစဉ်းစားရတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း - လွန်ခဲ့တဲ့ ၈ နှစ်ကလေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ ဓားစာခံတွေ ရာချီပြီး သေဆုံးခဲ့သလို အကြမ်းဖက်သမားတွေအကုန်သေဆုံးခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။အဲဒီအမှုမှာ ပါဝင်တဲ့သူတွေလည်း သေတဲ့သူသေ အငြိမ်းစားယူတဲ့သူ ယူကုန်ကြပါပြီ။ အကြမ်းဖက်ထောက်လှမ်းရေးအေဂျင်စီအနေနဲ့ အရှက်တကွဲနဲ့ ပိတ်သိမ်းခဲ့ရတဲ့ အမှုတစ်ခုပါပဲ။ ဒါပေမဲ့ ရှစ်နှစ်ကြာပြီးအချိန်မှာတော့လေယာဉ်ပြန်ပေးခေါင်းဆောင်ကို ဖမ်းမိခဲ့ပြီး ပြန်ပေးမှုဟာ ထောက်လှမ်းရေးအတွင်းလူတစ်ယောက်ပါဝင်နေတယ်ဆိုတာသိလိုက်ရပါတယ်။ အဲဒီအတွက် အေဂျင်စီရဲ့ အတော်ဆုံးထောက်လှမ်းရေးသမားကို တာဝန်ပေးပြီး အတွင်းလူသစ္စာဖောက် ဘယ်သူလဲဆိုတာ စုံစမ်းလာတဲ့အခါ.... File size…(1.22 GB)/(646.7MB)/(442MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

All the Old Knives(2022)

Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022
Etharkkum Thunindhavan (2022) 8.2
Etharkkum Thunindhavan (2022) Etharkum Thuninthavan 2022ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်‌ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ...တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်)  File size…3GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Jerrica & Yunni
movie

Etharkkum Thunindhavan (2022)

2022
(18+)Island of Desire (2022) 7.8
(18+)Island of Desire (2022) မာသာဆိုတဲ့ အမျိုးသမီးငယ်လေးဟာ သူ့ကလေးအသေမွေးပြီးတဲ့နောက် စိတ်ဂယောင်ချောက်ချားဝေဒနာကြောင့်ကုထုံးဆရာဝန်နဲ့ပြနေရပြီး တစ်ပူပေါ်နှစ်ပူဆင့်စရာသူ့ခင်ပွန်းရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကလဲ စိတ်ဖိစီးစရာဖြစ်နေပါသေးတယ်။တစ်နေ့ဆရာဝန်ဆီကအပြန်ကားပေါ်မှာကတောက်ကဆဖြစ်ရာကနေမတော်တဆမှုကြုံပြီးနှစ်ဦးလုံးသတိလစ်မေ့မျောသွားပါတော့တယ်။သတိရလာတဲ့အချိန်မှာတော့ မာသာဟာ အစ်စလာဘာတိုဆိုတဲ့ ဝေးခေါင်တဲ့ဒေသကျွန်းလေးတစ်ကျွန်းမှာခရိုင်ကျန်းမာရေးဌာနရဲ့သူနာပြုတစ်ယောက်အဖြစ်ရောက်ရှိနေပါတယ်။ ကျွန်းပေါ်ကဝမ်းဆွဲဆရာမ တက်စ်၊လီလွိုင်းဆိုတဲ့ဆိုင်ကယ်ကယ်ရီသမားလူငယ်လေးတို့နဲ့ရင်းနှီးလာခဲ့ပြီး လီလွိုင်းနဲ့တော့ချစ်ကျွမ်းဝင်နေကြပါပြီ။ကျွန်းပေါ်ရောက်ကတည်းက မာသာဟာထူးခြားတဲ့အိမ်မက်တွေကိုမြင်မက်ပါတယ်၊ အဲ့ဒီအိမ်မက်ကတော့ကလေးမွေးလုဆဲမိခင်တွေကို သူကူညီပြုစုပေးနေရင်း အဲ့ဒီမိခင်တွေကနေ မြွေမွေးလာပြီးထကိုက်တာ ဆိတ်ကလေးမွေးလာတာတွေပါ။ ဒီလိုပဲကျွန်းပေါ်က တစ်ချို့လူတွေက သူအရင်က သိဖူးကျွမ်းဖူးသလိုဖြစ်နေရုံတင်မကကာလရှည်ပျောက်ဆုံးနေတဲ့အစ်မအရင်းဖြစ်သူကိုပါ ကျွန်းပေါ်မှာတွေ့လာရပြီး အဲ့ဒီအစ်မက ကျွန်းပေါ်ကချက်ချင်းပြန်ဖို့ သူ့ကိုတွေ့တိုင်းတိုက်တွန်းလာတဲ့အခါ..။ သူဟာ မာသာဘဝမှာသက်ရှိထင်ရှားရှိနေသေးရဲ့လား?အခု သူရောက်နေတာ နောက်ဘဝလား? ဒါမှမဟုတ် အတိတ်ကသူ့ဘဝပဲလား? အဲ့ဒီလိုမဟုတ်ခဲ့ရင်ဒါဟာအပယ်ဘုံတစ်မျိုးမျိုးလား? ပဟေဠိဆန်တဲ့ကျွန်းရဲ့လျှို့ဝှက်ချက်တွေကို သူဘယ်လိုအဖြေရှာမလဲ?မကြာသေးမှီကထွက်ရှိထားတဲ့ Siklo နဲ့ Moonlight Butterfly တို့နဲ့ပရိသတ်စိတ်ဝင်စားမှုကိုရထားတဲ့မင်းသမီးချောလေး Christine Bermas နဲ့ Nerisa, Taya, Mahjong Night တို့ရဲ့မင်းသားငယ် Sean de Guzman တို့ဦးဆောင်ပါဝင်ထားပါတယ်။ကာမဂုဏ်တွေနဲ့လူသားတွေကိုမိန်းမောယစ်မူးစေပြီး အမှန်ကိုမမြင်နိုင်အောင်ပိတ်ပင်ဖျားယောင်းတဲ့ဘုံတစ်မျိုးမျိုးကိုရည်ရွယ်ဟန်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ကျွန်း၊ အစ်စလာဘတန်တိုခေါ်ရမ္မက်ကျွန်းရဲ့အကြောင်းကို ဆက်လက်ရှုစားကြပါ။   File size…1.7GB /860MB Quality…1080p WEB DL ...
movie

(18+)Island of Desire (2022)

2022