Channel Myanmar

Thriller

Crawlspace (2022) 5.7
Crawlspace (2022) အပ်ကျသံကအစအကုန်သိနိုင်တဲ့မြို့ငယ်လေးတစ်မြို့က ရောဘတ်ဆိုတဲ့ပိုက်ပြင်သမားလေးတစ်ယောက်...သူ့ရဲ့သဘောမနောကောင်းမှုတွေကို မိန်းမဖြစ်သူကနားပူနားဆာလုပ်လို့ ပိုက်ပြင်ဖို့ဆိုပြီးထွက်သွားခဲ့ပါတယ်။သူပြင်ရတဲ့ပိုက်နေရာက အိမ်ရဲ့အောက်မြေအောက်ခန်းငယ်လေးထဲမှာ..တွားသွားပြီးသွားမှရတဲ့နေရာလေးပေါ့။ဒီလိုနေရာထဲဝင်ပြီးပိုက်ပြင်နေရာက မထင်မှတ်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့သွားရတဲ့အခါမှာတော့...ဒီကားလေးကတော့ စိတ်လှုပ်ရှားသဲထိပ်ရင်ဖိုကားတွေကြိုက်သူတွေအတွက် ရွှေးချယ်လို့ကောင်းမယ့် Rated R , Thriller ကားသစ်လေးပဲဖြစ်ပါတယ် ။File Size__(1.6GB) / (800MB) Quality__WEBRip_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Crawlspace (2022)

Missing and Alone (2021) 5.5
Missing and Alone (2021) Missing and Alone (2021)မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ...
movie

Missing and Alone (2021)

2021
Simmer (2020) 6.3
Simmer (2020) Simmer (2020) =========== IMDb Rating 6.3/10အမေရိကန် မက္ကဆီကန် နယ်စပ်မှာဖြစ်လေ့ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာကို ဇာတ်အိမ်တည်ထားတဲ့ကားလေးဖြစ်ပါတယ် ။ အီးကနက်စ်ဆိုတဲ့ စားဖိုမှူးဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မက္ကဆီကန်စားဖိုမှူးဖြစ်ပြီး သူ့မိသားစု၀င်တွေ မက္ကဆီကိုဘက်ကို နယ်နှင်ခံရမယ့် အရေးနဲ့ကြုံနေရပါတယ် ။ အစိုးရကလည်း ဒေါ်လာ ၂ သောင်းပေးရင် ချက်ချင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ကြော်ငြာလိုက်ပြီး အီးကနက်စ်အတွက် အရေးကြီးငွေလိုလာခဲ့ပါတယ်။ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်၀င်လုပ်ရင်း အဲ့ဒီစားသောက်ဆိုင် ပိုင်ရှင်ရဲ့ စားဖိုမှူးတစ်ဖြစ်လဲ နောက်ကွယ်မှာ မှောင်ခိုဈေးကွက်ကို တရားမ၀င်ပစ္စည်းပို့ ဒါရိုက်ဘာအဖြစ်သို့ အလိုလိုရောက်ရှိ ငွေရှာနေခဲ့ရတာပေါ့ ဆိုင်ပိုင်ရှင်ဟာလည်း သူထင်ထားသလို လူတစ်ယောက်မဟုတ်ဘဲ သူ့မိသားစု အသက်အန္တရာယ်ကိုပါ ထိခိုက် ရန်ရှာလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.0 GB) / (475 MB) / (280 MB) Quality............BluRay 1080p / 720p / 480P Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Simmer (2020)

2020
The Butterfly Effect (2004) 7.6
The Butterfly Effect (2004)   The butterfly effectButterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / ...
movie

The Butterfly Effect (2004)

Trikonam (2022) 9.5
Trikonam (2022) ဒီတစ်ခေါက်မှာလည်း လူထောင်ကျော်က Vote ပေးထားပြီး IMDB မှာ၉.၅ အထိရရှိထားတဲ့ Mystery, Thriller အမျိုးအစား အိန္ဒိယဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလို့ရေးလို့မရလောက်အောင်ကို ဇာတ်လမ်းကရှုပ်ထွေးသလို ရိုးရှင်းလွန်းနေတဲ့ အခါမှာတော့ ဒီရုပ်ရှင်က ကြည့်တဲ့သူရဲ့ခံစားချက်အပေါ်မူတည်ပြီး ဇာတ်လမ်းက ကွဲသွားနိုင်လောက်တဲ့အခြေအနေပါဒါရိုက်တာတင်ပြချင်တဲ့ အကြောင်းအရင်းကတော့ လောဘ ဒေါသ မောဟ ဆိုတဲ့အထဲက ဒေါသရဲ့ နောက်ဆက်တွဲတွေကို ပြချင်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်မိသားစု သုံးစုပါဝင်ပြီး မတူညီတဲ့ စိတ်ခံစားချက်တွေကို အခြေခံတည်ဆောက်ထားပါတယ်ဒီတော့ ဒေါသရဲ့မကောင်းတဲ့နောက်ဆက်တွဲတွေဟာ ဘယ်လိုအကျိုးများရှိမှာလဲဆိုတာကိုတော့ ဒါရိုက်တာက နောက်ထပ်တမျိုးတစ်ဖုံတင်ဆက်ထားမှုကိုတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး အညွှန်းကိုတော့ Lwin Htoo Aung က ရေးသားထားပြီး ဘာသာပြန်ကတော့ Lwin Htoo Aung နှင့်Yunni  တို့ပဲဖြစ်ပါတယ်   File size…2.63GB / 1.6GB Quality…1080p HQ HDRIP Kannada AAC5.1CH / 720p Format...mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Yuuni  
movie

Trikonam (2022)

2022
The Devil Has a Name (2019) 5.4

The Devil Has a Name (2019)

CBI 5: The Brain (2022) 6.2
CBI 5: The Brain (2022) ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး...   File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ    
movie

CBI 5: The Brain (2022)

2022
As It’s Remembered (2022)
As It’s Remembered (2022) As It's Remembered (2022) ဇာတ်ကောင်ရဲ့ ကောင်လေးက သူတို့နှစ်ယောက်ချိန်းတွေ့တုန်းမှာ မျက်နှာဖုံးနဲ့လူတစ်ယောက် ဓားနဲ့ လာထိုးသတ်လို့ သေသွားတယ်။ ဇာတ်ကောင်က ဒီအဖြစ်အတွက် ဖြေမဆည်နိုင်ဖြစ်နေတယ်။ ဒီတော့ သူက အတိတ်ကိုပြန်ပြင်ဖို့ ကြိုးစားတယ်။ သူ့ကြိုးစားပုံက တစ်မျိုး။ စိတ်နဲ့ပဲ အချိန်ခရီးသွားတာမျိုးပဲ။ သူ့အတွေးအခေါ်က လူဟာ သူ့အရှိတရားရဲ့ အရှင်သခင်ပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိမြင်တဲ့လူက ကိုယ့်အရှိတရားကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်နိုင်မယ်။ ဘုရားသခင်လိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ကို ပြောင်းလဲလိုက်ရင် ကိုယ်ပြောင်းလဲသွားသလိုမျိုး သူက အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို သူက တခြားတစ်နည်းနဲ့ပြောင်းလဲလက်ခံလိုက်ရင် အတိတ်ကိုပြင်ပြီးသားဖြစ်ပြီး အတိတ်က အရှိတရားကို သက်ရောက်ပြီး လက်ရှိအရှိတရားပြောင်းလဲသွားမယ်လို့ ယုံထားတယ်။ ဒီတော့ သူက စိတ်နဲ့ အချိန်ခရီးသွားတဲ့ စက်တစ်မျိုးထွင်ပြီး သူ့အတိတ်က သူ့မှတ်ဉာဏ်ကို ပြင်ဖို့ ကြိုးစားတယ်။ ဇာတ်လမ်းကတော့ ဒါပါပဲ။ဒီရုပ်ရှင်ဟာ ကြာချိန်လည်း တစ်နာရီကျော်ကျော်ပါပဲ။ အပြအားဖြင့်ဆိုရင်လည်း နေရာလေး သုံးနေရာကို ...
movie

As It’s Remembered (2022)

2022
No Way Out (2022) 8.6
No Way Out (2022) ဒီတစ်ခါမှာတော့ IMDB မှာ ၈.၆ အထိရရှိထားတဲ့ မာလာရာလမ်း Thriller အမျိုးအစား အိန္ဒိယဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားက Thriller အမျိုးအစားဆိုတာထက် ကိုဗစ်ကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စအချို့နဲ့ လူ့သဘာ၀ ကံကြမ္မာအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း.... ရုပ်ရှင်နာမည်နဲ့အရပေါ့ ကိုဗစ်ကာလ Lock Down မချခင်မှာ သာမာန်မိသားစုတစ်စုက အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ဘ၀ကိုရိုက်ကူးထားတာပါ... ကိုဗစ်ကဖြစ် ငွေအရင်းအနှီးတွေက မြှုပ် အကြွေးရှင်တွေကလိုက် လော့ဒေါင်းတွေကကျ မိန်းမကလည်း မီးဖွား ထွက်ပေါက်က လုံး၀မရှိ... ကိုယ့် ဒီပရက်ရှင်တောင် သူ့ကြည့်ပြီး ဘယ်ရောက်သွားမှန်းမသိဘူးဒါပေမယ့် လှံထမ်းလာတာကိုမြင်ရတယ် ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့စကားပုံလည်းရှိသေးတယ်မဟုတ်လား.. ဘယ်လိုလှံ ဘယ်လိုကံတွေလည်းဆိုတာတော့ ရုပ်ရှင်ထဲမှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး....အညွှန်းနှင့်ဘာသာပြန် Lwin Htoo Aung ပဲဖြစ်ပါတယ်    File size…1.2GB / 500MB Quality…1080p HQ HDRIP AAC 5.1CH / 720p Format…mp4 Duration….1h 37mins Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie

No Way Out (2022)

2022
Innale Vare (2022) 6.1
Innale Vare (2022) Innale Vare 2022IMDb 6.2 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းလေးလာပါပြီရုပ်ရှင်သရုပ်ဆောင်အာဒီဆိုတာ မသိတဲ့လူမရှိအောင်နာမည်ကြီး‌နေတဲ့လူပါ အောင်မြင်မှုတွေရဲ့ ဘုရင်တစ်ဆူဖြစ်ပေမယ့် မျှော်လင့်မထားခဲ့တဲ့အခြေအနေတွေကြောင့် အကြွေးတွေဝိုင်းနေချိန်မှာပဲ မသမာသူလူတွေကြောင့် ပြန်ပေးဆွဲခံလိုက်ရပါ‌တယ်နည်းပညာပိုင်းကိုအကူအညီကူပြီး ပြန်ပေးဆွဲခဲ့တာကြောင့် လူမသိသူမသိအရပ်ရောက်နေတဲ့ အာဒီတစ်ယောက် လွတ်မြောက်ဖို့ဘယ်လိုကြိုးစားမလဲ အကူအညီမဲ့နေတဲ့ ဒီအိမ်ကြီးထဲကနေထွက်ပြေးနိုင်မှာလားဆိုတာ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်  File size…1.5GB / 798MB Quality…1080p HD RIP / 720p Format…mp4 Duration….2h 16mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK  Translated by Honeyey & Yunni  
movie

Innale Vare (2022)

2022
Twenty One Hours (2022) 8.3
Twenty One Hours (2022) ဒီတစ်ခေါက်မှာလည်း သိပ်မကြာခင်က ထွက်ထားတဲ့မာလာရာလမ်း ရုပ်ရှင် 12th man လို စုံထောက်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တောင်ပိုင်း ကန်နာဒါးက ရိုက်ကူးထားပြီးမှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လှည့်ကွက်မျိုးစုံနဲ့ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်း...မိန်းကလေးတစ်ယောက် အိမ်ပေါ်ကဆင်းလာတာကိုကူညီပေးဖို့ ဝန်ကြီးတစ်ယောက်ရဲ့အသိကို အကူအညီတောင်းပြီးဝန်ကြီးကတဆင့် ရဲစခန်းမှာ ခဏထိန်းထားပေးဖို့ ရဲတစ်ယောက်ကိုသွားခေါ်ခိုင်းခဲ့ရမှအစပြုပြီး မိန်းကလေးလဲပျောက်ရဲကလည်း အလီဘိုင်နဲ့ သူမသိကြောင်းချေပနိုင်ချိန်မှာတော့... မိန်းကလေးကိုပြန်တွေ့ပါ့မလား.. မိန်းကလေးရဲ့နောက်ကြောင်းနဲ့အမှုမှန်ပေါ်ဖို့အတွက် ဘယ်လိုများ စုံစမ်းထောက်လှမ်းကြသလဲဆိုတာဆွဲဆောင်မှုကောင်းကောင်းနဲ့ ကြည့်ရမယ့် ရုပ်ရှင်တကားဖြစ်ပါတယ်...မထင်မှတ်တဲ့လှည့်ကွက်တွေ စေ့စပ်သေချာတဲ့အမှုအသွားအလာတွေနဲ့ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်ကားလေးမို့ လက်မလွှတ်ဖို့ ညွှန်းလိုက်ပါတယ်အညွှန်းကို Lwin Htoo Aung မှရေးသားပေးပြီးဘာသာပြန်ကတော့ Sai Thurein Lynn နဲ့ Lwin Htoo Aung ပဲဖြစ်ပါတယ်    File size…1.58G / 712MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ...
movie

Twenty One Hours (2022)

2022
[18+] Bambola (1996)
[18+] Bambola (1996) Erotic Thriller ပုံစံနဲ့ ဒီအီတလီဇာတ်ကားက နာမည်ကြီးသလို နိုင်ငံတချို့မှာ ပြန်ရိုက်ထားကြတဲ့ Version တွေရှိပါတယ်...'ကျွန်မ နာမည်က မီနာ ဒါပေမယ့် အားလုံးက ကျွန်မကို ဘမ်ဘိုလာ (အရုပ်ကလေး)လို့ခေါ်ကြတယ်' ဘမ်ဘိုလာက နယ်မြို့လေးတစ်မြို့မှာ စားသောက်ဆိုင်သေးသေးလေးဖွင့်ထားတဲ့ မိခင်နဲ့အတူနေပြီး လိင်တူစိတ်ဝင်စားတဲ့မောင်တစ်ယောက်ရှိတယ်၊သူ့ရဲ့ငယ်ငယ်လေးကတည်းက အိမ်မက်ကတော့ နယ်မြို့လေးတွေမှာရှိတတ်တဲ့လူငယ်အတော်များများနဲ့ထပ်တူပါပဲ၊ ဒီမြို့လေးကိုစွန့်ခွာပြီး အဝေးတစ်နေရာမြို့ကြီးပြကြီးမှာ အခြေချအောင်မြင်ဖို့ပေါ့။ ဘမ်ဘိုလာဟာ နာမည်နဲ့လိုက်အောင် ချောတယ်၊ အရုပ်ကလေးတစ်ရုပ်လိုလှလွန်းတယ်။ ယောက်ျားတကာကိုဆွဲဆောင်နိုင်ရုံတင်မက ရူးသွပ်သွားအောင်ဖမ်းစားနိုင်တယ်။ အဲ့ဒီအလှအပကပဲ သူ့အတွက် အားသာချက်ဖြစ်သလို အဲ့ဒီအလှအပကပဲသူ့အတွက် အန္တရာယ်ဖြစ်လာပြန်တယ်၊အဲ့ဒါကတော့ ထောင်ထဲက စရိုက်ကြမ်းတမ်းလှတဲ့လူဆိုးလူမိုက်တစ်ယောက်က သူ့ကိုအရူးအမူးချစ်မိသွားတာဖြစ်ပြီး ပိုဆိုးတာကတော့ ဘမ်ဘိုလာကိုယ်တိုင်အဲ့ဒီလူဆိုးရဲ့ သူ့အပေါ်နိုင်ထက်စီးနင်းအဓမ္မတွေကို စွဲလန်းမိသွားခဲ့တာပါပဲ။ဒါပေမယ့်..။ Bámbola က ဘာမျှော်လင့်ချက်မထားပဲကြည့်ရမယ့် ပေါ့ပေါ့ပါးပါး cheesy ဖြစ်တဲ့ erotic melodrama ကားလေးတစ်ကားပါ၊ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ သာယာလှပတဲ့ရှုမျှော်ခင်းတွေပါမယ်၊ ပီပြင်ကြမ်းတမ်းတဲ့ လိင်ဆက်ဆံခန်းတွေများမယ်၊ ဇာတ်ရုပ်နဲ့လိုက်အောင် မင်းသမီးလေးအရမ်းလှတယ်။ အဲ့ဒီလောက်ဆိုလုံလောက်တာထက်ပိုနေပါပြီ။File Size : (1.3 GB) Quality : DVDRip 720p Running Time : 01:32:00 Format ...
movie

[18+] Bambola (1996)

The Bodyguard from Beijing: The Defender (1994) 6.5
The Bodyguard from Beijing: The Defender (1994) The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie

The Bodyguard from Beijing: The Defender (1994)

1994
1080p HEVC
Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

Last Seen Alive (2022) 5.8
Last Seen Alive (2022) Last Seen Alive (2022)မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား?ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ ...
movie

Last Seen Alive (2022)

2022
White Elephant (2022) 4.5
White Elephant (2022) White Elephant(2022) အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p ...
movie

White Elephant (2022)

2022
[18+] Pusoy (2022)
[18+] Pusoy (2022) အသစ်ထွက်လာတဲ့ ဖိလစ်ပိုင် Action,Erotic,Gambling ဇာတ်ကားသစ်ကို တင်ဆက်လိုက်ပါတယ်။ပိုပွိုင်းက နာမည်ကြီးလောင်းကစားဝိုင်းတစ်ခုမှာသက်တော်စောင့်လုပ်ပါတယ်။ အိမ်ထောင်ကျပြီးပေမယ့် မိဘနဲ့အတူနေပြီးတော့ တာဝန်ကျေချင်တဲ့သားလိမ်မာ၊ တစ်ဖက်တော့ ကြုံတဲ့လူနဲ့ကြုံသလိုဝုန်းတတ်တဲ့လူရှုပ်ကလေးတစ်ယောက်ပါ။ တစ်နေ့တော့ သူတို့အဖွဲ့ဟာ လောင်းကစားဝိုင်းမှာဖဲလိမ်ရိုက်တဲ့ပြဿနာကနေ သူတို့သတ်လိုက်မိတဲ့လူက အကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိလိုက်ရတဲ့နောက်တော့ မီးခိုးကြွက်လျှောက်ပြသနာတွေလိုက်ဖို့ဖြစ်လာပါတယ်။အဲ့ဒီပြဿနာတွေဆီကနေ ငွေနဲ့ရုန်းဖို့အရာရှိတစ်ယောက်ကိုအကူအညီတောင်းမိတော့ ဟိုက ဆယ်သန်းတောင်းပါတယ်။ ညှိရင်းနှိုင်းရင်း ၅ သန်းနဲ့ဈေးတည့်သွားပေမယ့် ငွေရှာဖို့ပေးထားတဲ့အချိန်က နည်းလွန်းတော့ အဲ့ဒီငွေကို ဖြစ်တဲ့နည်းနဲ့ရှာဖို့ကြိုးစားရင်း သူတို့အဖွဲ့ကြားမှာ စည်းလုံးမှုပြိုကွဲစပြုလာသလို သူတို့နောက်ကွယ်က မိသားစု ပြဿနာတွေကလဲ တစ်ဖြည်းဖြည်း ဇာတ်ရှိန်မြင့်လာပါတော့တယ်။Putahe (2022) ထဲက အလှမယ်မမကြီးရဲ့ အသစ်ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်ပါ။ မင်းသားကတော့ထုံးစံအတိုင်းမြင်ဖူးနေကျ Vince Rillon ပါပဲ။ သူနဲ့အတူ Angeli Khang (Eva, Taya) နဲ့အတူ Jela Cuenca (Taya, Island of Desire) တို့လဲပါဝင်ဇာတ်ပို့ထားပါသေးတယ်။BDSM ကစလို့ nylon တို့ gag တို့ကနေ Pegging လုပ်တာအထိပါဝင်တဲ့အတွက်တစ်ချို့အသည်းငယ်တတ်သူတွေ သတိထားကြည့်စေချင်ပါတယ်။အသက် ၁၈ နှစ်မပြည့်သူများ မကြည့်သင့်ပါ။File Size : ...
movie

[18+] Pusoy (2022)

Deep in the Forest (2022)
Deep in the Forest (2022) DEEP IN THE FOREST (2021)ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ ...
movie

Deep in the Forest (2022)

Emergency (2022) 6
Emergency (2022)    Emergency အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတဲ့ တက္ကသိုလ်ကျောင်းသားနှစ်ယောက်ဟာ သူတို့တက္ကသိုလ်မှာ တစ်ညတည်းနဲ့ ပါတီ ၇ခုကိုဆက်တိုက်သွားနိုင်တဲ့လူမည်းအမျိုးသားဖြစ်နိုင်ဖို့ ကြံစည်နေပါတယ်။သူတို့အပြီကဲမယ့်ညမှာပဲ သူတို့အိမ်ထဲမှာ ကောင်မလေးတစ်ယောက် အရက်မူးပြီး သတိလစ်နေတာတွေ့လိုက်ပါတယ်။သူတို့ဟာ လူမည်းဖြစ်နေလို့ရဲတွေအထင်လွဲမှာကြောက်ပြီး 911 ကိုဖုန်းမဆက်ရဲကြပါဘူး။ဒီလိုနဲ့ကောင်မလေးကို ကားနဲ့ဆေးရုံပို့ဖို့ဆုံးဖြတ်လိုက်ရာကနေ ရိုးရှင်းရမယ့်ကိစ္စက မထင်မှတ်ဘဲရယ်စရာတလွဲတွေဖြစ်လာပါတော့တယ်။ RJ Cyler,Donald Elise Watkins, Sabrina Carpenter တို့ပါ၀င်ထားပါတယ်။ရယ်စရာလည်းကောင်းသလို America ရဲ့ racism,gun violence တွေကိုလည်း လူမည်းတွေဘက်ကနေမြင်နိုင်အောင်ပြသထားပါတယ်။ Rotten tomatoes-93% IMDB -6/10 File size…(1.33GB)/(694MB)/(320MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Comedy /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

Emergency (2022)

The Surprise Visit (2022) 5.0
The Surprise Visit (2022) The Surprise Visit (2022) ===================ဒီတစ်ခေါက်မှာတော့ ငွေမရှိလို့ ကြံရာမရတဲ့အဆုံး သူငှေးအိမ်မှာ ဓားပြသွားတိုက်တဲ့ ကေစီ နဲ့ အန်နာဘဲလ်တို့အတွဲ အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ကိုဗစ်ကာလအတွင်း လူတိုင်းဘေးကြပ်နံကြပ်ဖြစ်ပြီး အလုပ်အကိုင် တွေမရှိတော့တဲ့ထဲမှာ ကေစီနဲ့ အန်နာဘဲလ်တို့ကလည်း အပါအဝင်ပေါ့ သူတို့နှစ်ယောက်ကလည်း မူးယစ်ဆေးတွေသုံး ဘဝတွေပျက်ပြီး အန်နာဘဲလ်မှာ ကိုယ်ဝန်က‌လည်းရှိနေတော့ သူတို့ရဲ့ကလေးအနာဂတ် အတွက် ခေါင်းခြောက်နေကြရှာတယ်။ ကေစီကလည်း သူ့အဖေရဲ့ အလုပ် ရှင်ဆီမှာ အလုပ်လုပ်ဖို့ပြောတော့လည်း သူ့အဖေက သားဖြစ်သူရဲ့ အသုံး မကျမှုတွေကြောင့် မောင်းထုတ်ပလိုက်ရော။ အဲလိုနဲ့ ကေစီက လုံးဝမရတဲ့အဆုံး သူ့အဖေရဲ့အလုပ်ရှင် သူဌေးမအိမ်မှာ သွားခိုးမယ်ဆိုပြီး မိန်းမဖြစ်သူကို ဖြောင်းဖျတယ်။ သူ့မိန်းမက မလုပ်ချင်ဘူး အတင်းပြောပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့ရဲ့အနာဂတ်အတွက်ပဲ ရွေးချယ်လိုက်တော့တဲ့အခါ . . . ဇာတ်လမ်းက ရင်တမမနဲ့ ကြည့်ရမယ့် ပုံစံဖြစ်လို့ Thriller ကြိုက်တဲ့ CM ပရိတ်သတ်တွေအတွက်အကြိုက်‌တွေ့‌စေမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.54 GB) / (760 MB) Quality............WebRip 1080p / ...
movie

The Surprise Visit (2022)

2022