Channel Myanmar

Thriller

Following (2024)
Following (2024) Following (2024)*****************ဒီကားလေးကတော့ ကိုယ်တွေရဲ့ ဆရာမကြီး Shin Hye Sun, Mr.Sunshine ထဲကByun Yo-Han နဲ့ My Liberation Notes ထဲက Lee El တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစရာကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-အိမ်ခြံမြေအကျိုးဆောင်တစ်ယောက်ဖြစ်တဲ့ Gu Jung Tae ရဲ့ဝါသနာကတော့ သူများတွေကို လိုက်ကြည့်ရတာပါပဲ။အိမ်ခြံမြေအကျိုးဆောင်ဖြစ်တဲ့အလျောက် သူ့ဆီမှာ အိမ်လာအပ်ထားတဲ့အိမ်တွေသာမက သူများအိမ်တွေကိုပါ လျှို့ဝှက်နံပါတ်ဖော်ပြီး ခိုးဝင်တတ်တဲ့ စရိုက်ရှိတဲ့သူပါ။ဒါပေမဲ့ တစ်နေ့ သူတို့ရပ်ကွက်ထဲကို လက်တွေဘဝနဲ့ internet ပေါ်က ဘဝတွေ ကွာခြားနေတဲ့Instagram ဆယ်လီမလေး Han So-ra ပြောင်းလာတဲ့အခါမှာတော့...။Jung-tae တစ်ယောက် So-ra ကို စိတ်ဝင်စားပြီး သူ့အိမ်ထဲကို ခိုးဝင်ဖို့လုပ်ပေမဲ့ မရလို့မှိုင်နေတဲ့အချိန်ကံကြမ္မာမျက်နှာသာပေးပြီး So-raက Jung-tae တို့ဆီမှာ အိမ်လာအပ်တဲ့အခါ...။ပျော်ပျော်ကြီး So-ra အိမ်ကို ဝင်လိုက်ထွက်လိုက် လုပ်နေတဲ့ ...
movie

Following (2024)

The Crimson Rivers (2000)
The Crimson Rivers (2000) ပြင်သစ်လျှို့ဝှက်သည်းဖို မှုခင်းရုပ်ရှင်ကောင်းလေးတစ်ကားဖြစ်ပြီး မင်းသား Jean Reno နဲ့အတူ ဗီလိန်ဇာတ်ရုပ် သရုပ်ဆောင်တာများတဲ့ Vincent Cassel တို့ ပါဝင်ထားပါတယ် ရေခဲတောင် ချိုင့်ဝှမ်းဒေသမှာလွန်စွာမှနာမည်ကြီးတဲ့ ကောလိပ်တစ်ခုက ပရော်ဖက်ဆာတစ်ယောက် ကိုယ်လက်အင်္ဂါလှီးဖြတ်ခံရပြီး ထူးဆန်းစွာ သေဆုံးတဲ့အမှု ဖြစ်တယ်သူတို့ကောလိပ်မှာ ရွာတစ်ရွာလိုနေထိုင်တဲ့ ဓလေ့၊ ဆေးရုံ၊ လျှပ်စစ်ဓာတ်အားပေး ဘာမဆို သီးသန့်တည်ရှိပြီး အထက်တန်းလွှာဆန်ဆန် သူတို့ အလွှာချင်းသာ ပြန်လက်ထပ်ကြတဲ့ သီးသန့်ဆန်လွန်းတဲ့ အသိုက်အဝန်း တစ်နေ့တည်းမှာပဲ မူလတန်းကျောင်းတစ်ကျောင်း ဖောက်ထွင်းခံရတဲ့အပြင် သင်္ချိုင်းဂူဗိမ္မာန်တစ်ခုကိုလည်း ဖျက်လိုဖျက်စီး လုပ်သွားတဲ့အမှုနဲ့ … ဘယ်လိုတွေ ပတ်သက်နေမှာလဲ အစွန်းရောက်တဲ့ အတွေးအခေါ်တွေနဲ့အတူ၊ ခက်ထန်ရက်စက်တဲ့ ပြကွက်တွေနဲ့ ရင်တမမ ကြည့်ရမယ့် ဇာတ်လမ်းလေးပါFile size…(1.7 GB)/(842 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre... Crime, Mystery, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Crimson Rivers (2000)

Willow Creek (2013)
Willow Creek (2013) 1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre... Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Willow Creek (2013)

Bhoothaddam Bhaskar Narayana (2024) 6.4
Bhoothaddam Bhaskar Narayana (2024) Bhoothaddam Bhaskar Narayana 2024 (နတ်ဆိုး)Imdb 6.4မျက်နှာဖုံးလူသတ်မှု : ဒီလူသတ်မှုက ကာနာတာကာနားက ချင်ချိုလီတောအုပ်မှာဖြစ်ပွားခဲ့တာပါ သေဆုံးသူအရေအတွက်က ၁၅ဦးထိရှိလာပြီးတော့ နစ်နာသူတွေက မသေခင်မှာအတော်လေးနှိပ်စက်ခံခဲ့ရတဲ့ အနေအထားမျိုးနဲ့တွေ့ခဲ့ရတယ် ဦးခေါင်းမပါတဲ့အမျိုးသမီးတွေကိုပါတွေ့ခဲ့ရတော့ ဒီဒေသခံတွေက ကျီးလန့်စာစားဖြစ်ကုန်ကြပြီး ရဲတွေလည်းကြံရာမရဖြစ်လာကြရတယ်။။။ဘူသာဒမ် ဒီလူကတော့ အတော်ဆုံးရှေ့နေလို့ပြောရမလားပဲ သူမရှင်းနိုင်တဲ့အမှုမရှိလို့ နာမည်ကြီးလူသိများတယ်ပေါ့ ငယ်စဉ်က အစ်ကိုဖြစ်သူကို လူသတ်သမားလို့စွပ်စွဲပြီး ထောင်သွင်းလို့ အစ်ကိုကရှက်စိတ်ကြောင့်သတ်သေသွားခဲ့တယ် ဒီတော့ မွေးရာပါပါရမီပါလာတဲ့ဒီကလေးက စုံထောက်ကားတွေကြည့်ပြီး ဘယ်လိုသင်ယူရမယ်ဆိုတာလေ့လာခဲ့ပြီး အခင်းနေရာသွား သဲလွန်စတွေစုလာခဲ့တယ် သူယူလာတဲ့သဲလွန်စက တစ်မှုလုံးအတွက် အဓိကဖြစ်နေပေမဲ့လည်း ကလေးတစ်ယောက်ရဲ့စကားကို ဘယ်ရဲမှမယုံကြည်ပေးကြလို့ အစ်ကိုကသေဆုံးခဲ့တာတောင် လူသတ်သမားဘဝနဲ့နေသွားခဲ့ရရှာတယ် ဒီလိုထရော်မာတွေကြောင့် ရဲလုပ်မယ်ဆိုပြီးလျှောက်တော့ မျက်စိမှုန်တာကြောင့် မရခဲ့ဘူးပေါ့ ကျန်တဲ့လူတွေ သူ့အစ်ကိုလိုဖြစ်မှာစိုးလို့ အမှုတွေကို ထောင့်စေ့အောင်စုံစမ်းဖော်ထုတ်ရင်း အတော်ဆုံးဖြစ်လာခဲ့တာပါမျက်နှာဖုံးအမှုမတိုင်ခင် သူရဲ့အမှုကိုင်တွယ်ဖြေရှင်းပုံတွေနဲ့ မျက်နှာဖုံးအမှုကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှုလိုက်ကြပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ KKKZ ~ Alice Wai တို့ပဲဖြစ်ပါတယ် ) File size… 2.03GB ...
movie

Bhoothaddam Bhaskar Narayana (2024)

2024
Rekha (2023) 6.4
Rekha (2023) Rekha 2023 ရေခါIMDb -6.4/10သူများအလုပ်ကို စပ်စပ်စုစုရှိတတ်တဲ့ ရပ်ကွက်စီစီတီဗီတွေများတဲ့ရပ်ကွက်မှာနေရတဲ့ရေခါဟာ ရှက်ရွံ့တတ် ကြောက်တတ်တဲ့ သာမန်မိန်းကလေးတွေမတူတဲ့ မိန်းကလေးတစ်ယောက်ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အတင်းအဖျင်းတွေပြောပြော ရေခါကတော့ သူ့ရဲ့ရပ်တည်ချက်အတိုင်းပဲ လုပ်တတ်တဲ့သူပါ။ရှေးရိုးစွဲတဲ့ အမေကြီးကတော့ ရေခါနဲ့မကြာခဏစကားများတတ်ပေမဲ့ သူ့ကိုအမြဲအလိုလိုက် နားလည်ပေးတဲ့အဖေကိုတော့ အရမ်းချစ်တဲ့ အဖေချစ်သမီးလေးပေါ့။ရှေးရိုးစွဲလူကြီးတွေကြားမှာ နေရသူပီပီ ရေခါက သူ့မှာချစ်သူရှိတာကိုထုတ်မပြောဘဲ ညတိုင်းဖုန်းနဲ့ပဲ တီတီတာတာလုပ်‌နေပေမဲ့ ချစ်သူအာဂျွန်ကတော့ ဖုန်းနဲ့စကားပြောရတာလောက်နဲ့ မတင်းတိမ်နိုင်ပဲ တစ်လက်မပေးတစ်မိုင်လိုချင်လာပြီး အဓမ္မရယူဖို့ကြံလာတဲ့အခါ...အရာရာတိုင်းမှာ ဆုံးဖြတ်ချက်ပြတ်သားခဲ့တဲ့ ရေခါတစ်ယောက် အချစ်နဲ့ပတ်သက်ပြီး မရေရာမသေချာရာကနေ စလိုက်တဲ့မီးပွားက ဘယ်လောက်ထိပြဿနာကြီးသွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ ToMo ~ KKKZတို့ပဲဖြစ်ပါတယ်။) File size… 1.5GB / 649MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex ~ ToMo ~ KKKZ
movie

Rekha (2023)

2023
In a Violent Nature (2024) 5.8
In a Violent Nature (2024)  Gore Slasher တွေအထွက်နည်းနေတဲ့အချိန်မှာတော့ အသစ်စက်စက်ဒီကားလေးဟာ Slasher ကြိုက်တဲ့သူတွေအတွက် ရေငတ်ပြေစေမှာပါ။ Personal အရတော့ Jason X တို့ Wrong Turn တို့လောက်တော့ သိပ်အားမရတာအမှန်ပဲ။ ဒါပေမယ့် ဒါရိုက်တာကလည်းတက်သစ်စ၊ ဘက်ဂျက်ကလည်းနည်းတော့ ဒီလောက်ကွာလတီရတာကိုပဲ မဆိုးဘူးလို့ဆိုရမယ့်ပုံပါ။ ဇာတ်လမ်းအရလည်း Prequel အတွက်လမ်းခင်းပေးထားတာတွေ့ရပါတယ်။ CM ပရိသတ်ကြီးကြိုက်မယ်ထင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူငယ်တစ်စုပျော်ပွဲစားထွက်ရင်း မယူသင့်တဲ့နေရာကပစ္စည်းကိုယူမိတဲ့အခါ မကျွတ်မလွတ်သေးတဲ့လူသတ်သမားဟာ ပြန်အသက်ဝင်လာပြီးတော့ သူ့ပိုင်နက်ထဲလာသမျှလူ အကုန်သတ်ပါတော့တယ်။ ဒါပါပဲ။ အဓိကကတော့ လူငယ်ခြေတက်ဒါရိုက်တာလေးရဲ့ Low budget movie လေးဟာ ဘယ်လောက်ကွာလတီရှိတယ်၊ ဘယ်လိုတွေပီပြင်အောင်လုပ်နိုင်တယ်ဆိုတာကို slasher ကြိုက်သူတွေအတွက် ရေငတ်ပြေ ခံစားကြရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Alex666 ပါ။ File size…(1.8 GB)/(1.5 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:34:00 Genre... Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

In a Violent Nature (2024)

Baltimore (aka) Rose’s War (2023) 5.7
Baltimore (aka) Rose’s War (2023)  Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ်Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Baltimore (aka) Rose’s War (2023)

From the Shadows (2022)
From the Shadows (2022) Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Science Fiction, ...
movie

From the Shadows (2022)

The Sintern (2024)
The Sintern (2024) Verity ဆိုတဲ့ အမျိုးသမီးငယ်လေးက ဘဝကို ဖြစ်သလို နေထိုင်ရင်း လမ်းပေါ်မှာ ခိုးဝှက် လုယက်မှုတွေကို Sam ဆိုတဲ့သူနဲ့ အတူ လုပ်နေတာပါ။ တစ်ရက် အမေဖြစ်သူဆီက အသံ message တစ်ခု လက်ခံရလာပါတယ်။ အမေဖြစ်သူဟာ နာမည်ကြီး Church ကျောင်းက သင်းအုပ်ဆရာ Dean Humphreys နဲ့ပတ်သတ်ပြီး ပြောသွားတာ ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ အမေဖြစ်သူကို ရှာလို့မရတော့ဘဲ Vကလည်း သူငယ်ချင်းဖြစ်တဲ့ Ruby ဆီ သွားပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းခဲ့ပါတယ်။ သူငယ်ချင်းနှစ်ယောက် ရှာပုံတော် ထွက်ကြရင်း Peter Fredrick ဆိုတဲ့ ရဲတစ်ယောက်က ဆက်သွယ်လာပြီး V ရဲ့ အမေကို ရှာတွေ့ထားကြောင်းပြောပြပါတယ်။အမေ့ကို သေလျက်နဲ့ ပြန်တွေ့လိုက်တဲ့ V ဟာ သူ့အမေ သေဆုံးရခြင်း နောက်ကွယ်က ဖြစ်ရပ်တွေကို စုံစမ်းဖို့ သင်းအုပ်ဆရာ ...
movie

The Sintern (2024)

Crimson Rivers II: Angels of the Apocalypse (2004)
Crimson Rivers II: Angels of the Apocalypse (2004) နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒို‌နှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါFile size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Thriller ,  Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Crimson Rivers II: Angels of the Apocalypse (2004)

Twisted (2004)
Twisted (2004) ဂျက်စီကာ(Ashley Judd)က ကင်းလှည့်ရဲအဖြစ်ကနေ လူသတ်မှုစုံစမ်းစစ်ဆေးရေးဌာနကို ရာထူးတိုးပြောင်းရွှေ့သွားပြီး သိပ်မကြာခင်မှာပဲ သူမ ပထမဆုံးကိုင်ရတဲ့ လူသတ်မှုက သူနဲ့ တစ်ချိန်က One Night Stand သဘောမျိုး ပတ်သက်ခဲ့ဖူးတဲ့သူ တစ်ယောက် သတ်ခံရတာ ဖြစ်နေပါတယ်။ ဂျက်စီကာရဲ့ မိဘတွေက သူ ခြောက်နှစ်သမီး အရွယ်လောက်မှာတည်းက ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီးတော့ သူ့ဖခင်ရဲ့ တွဲဖက်ဟောင်းဖြစ်တဲ့ ဂျွန် (Samuel L. Jackson) က သူမကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပါ။ဂျွန်က လက်ရှိမှာ ရဲချုပ်ကြီး ဖြစ်တဲ့အတွက် ဂျက်စီကာရဲ့ ရာထူးတိုးမှုကို မနာလိုတဲ့သူတွေကလည်း ရှိနေပါတယ်။ သူမအနေနဲ့ လူသတ်မှုကို သူမရဲ့ တွဲဖက် မိုက်ခ် (Andy Garcia) နဲ့ အတူ စုံစမ်းနေတုန်းမှာပဲ နောက်ထပ် လူသတ်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာပြီး သတ်ခံရသူတိုင်းက သူမနဲ့ One Night ...
movie

Twisted (2004)

Billion Dollar Bluff (2024)
Billion Dollar Bluff (2024) စတော့ခ်ဟုမ်းမ် ဆိုင်ဒရုမ်းဆိုတာကို Money Heist ပရိသတ်တွေဆိုရင် သေချာပေါက် သိကြပါတယ်။ ပြန်ပေးဆွဲခံရတာ၊ ဓားပြတိုက်ခံရတာ၊ အဖမ်းခံရတာလို အခြေအနေမျိုးမှာ ဓားစာခံတွေဘက်က ဖြစ်လေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားရောဂါ တစ်မျိုးပေါ့။ ဒီရောဂါကို ခံစားရတဲ့သူတွေက သူတို့ကို ဖမ်းခေါ်ထားတဲ့ . . . သူတို့ကို အန္တရာယ်ပြုနိုင်တဲ့လူတွေနဲ့ တစ်ဖက်တည်း သွားပူးပေါင်းလိုက်တာမျိုး၊ ကူညီပေးတာမျိုးတွေ လုပ်လေ့ရှိတာပါ။'Billion Dollar' Bluff လို့ခေါ်တဲ့ ပြီးခဲ့တဲ့ လပိုင်းကမှ ထွက်ထားတဲ့ ရုပ်ရှင်ကလဲ အဲဒီအိုင်ဒီယာပေါ်မှာ အများကြီး အခြေခံထားပါတယ်။ ဆာရှာဂျွိုင်းအမည်ရတဲ့ ကောင်မလေးက 'ဖလစ်ခ်မို' လို့ အမည်ရ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုပေါ်မှာ သန်းနဲ့ချီတဲ့ ဖော်လိုဝါကို ပိုင်ဆိုင်ထားတဲ့ ဆိုရှယ်အင်ဖလူဝမ်ဇာမလေးပါ။ အင်ဖလူဝမ်ဇာတွေရဲ့ ထုံးစံအတိုင်း လိုက်ဖ်တွေလွှင့်၊ သူ့ရဲ့ နေပုံထိုင်ပုံတွေနဲ့ ပတ်သက်လို့ စတေးတပ်စ်တွေ အမြဲတင်နေတော့ လူတွေကလဲ အဟုတ်မှတ်ကြပါတယ်။ဘီလျံနာသူဌေးကြီး ...
movie

Billion Dollar Bluff (2024)

The Courier (2024)
The Courier (2024) ဒီရုပ်ရှင်ကားဟာ စပိန်နိုင်ငံရဲ့ စီးပွားပျက်ကပ် နဲ့ ငွေကြေးခဝါချမှုတွေ ငွေကြေး လိမ်လည်မှုတွေကို နောက်ခံပြီး ဇာတ်လမ်းတည်ထားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ Ivan ဆိုတဲ့ ဂေါဖ့်ကွင်းက အလုပ်သမားလေး ဖြစ်ပြီး တစ်နေ့မှာ မူးနေတဲ့ ကောင်စီဝင် တစ်ယောက်ကို ကားနဲ့ ပြန်ပို့ ရင်းနဲ့ သူ့ဘဝတိုးတက်လမ်းကို ရှာတွေ့သွားတာ ဖြစ်ပါတယ်။Anne ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ပြီး သူဟာ ငွေကြေးတွေကို လက်ဆွဲသေတ္တာထဲ ထည့်ပြီး တစ်နေရာကနေ တစ်နေရာကို ကူးပြီး ပို့ပေးရတဲ့ အလုပ်ကို စလုပ်ပါတော့တယ်။ သူ့ရဲ့ ပထမဆုံး အလုပ် လုပ်ရင်း Escamez ဆိုတဲ့ လူနဲ့ သိကျွမ်းခဲ့ပါတယ်။ ဒီလူကလည်း ငွေကြေးတွေကို သယ်ပို့ပေးသူ ဖြစ်ပြီး ကော်မရှင်ခအနေနဲ့ ငွေကြေးရဲ့ 3% ကို ယူတာ ဖြစ်ပါတယ်။Ivan က Yannick ...
movie

The Courier (2024)

Wild Eyed and Wicked (2023)
Wild Eyed and Wicked (2023) အသစ်ထွက်ရှိထားတဲ့ ဟော်ရာဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် လီလီဟာ လက်စဘီယန်တစ်ယောက်ဖြစ်ပြီး ဓားရေးလေ့ကျင့်ပေးတဲ့ နည်းပြပါ ဆုံးသွားတဲ့ သူ့အမေကတော့ မကောင်းဆိုးဝါးအဖြစ် သူ့အိပ်မက်တိုင်းမှာ လာရောက်ခြောက်လှန့်လေ့ရှိတယ် မခေါ်မပြောတော့တဲ့ အဖေဖြစ်သူက တစ်နေ့မှာ လီလီ့အမေရဲ့ နှစ် ၂၀ ပြည့်ဈာပနအတွက် အရင်အိမ်ကို ပြန်လာခိုင်းတဲ့အခါ... အဖေ့ကို မုန်းနေတဲ့ လီလီ သူ့အဖေနဲ့ဆက်ဆံရေးကို ဘယ်လိုပြန်တည်ဆောက်မှာလဲ အိပ်မက်ထဲက မကောင်းဆိုးဝါးကိုရောအလယ်ခေတ် ချပ်ဝတ်တန်ဆာတွေသုံးပြီး အထာကျကျ ဘယ်လိုနှိမ်နင်းသွားမလဲ ဆိုတာကို ပရိသတ်ကြီး အားပေးကြပါဦးလို့ ...File size…(1.1 GB)/(618 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre... Horror, Fantasy, Drama, Mystery. Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Wild Eyed and Wicked (2023)

Godsend (2004)
Godsend (2004) ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie

Godsend (2004)

Creep (2004)
Creep (2004) မြေအောက်ရထားဘူတာမှာ ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေကြားမှာ ဆေးစွဲနေသူ၊ အိမ်ခြေရာမဲ့တွေရှိသလို ဟိုးအောက်ကို ဆက်သွားလိုက်ရင် ရေဆိုးပိုက်မှာ နေတဲ့ ပုံပျက်ပန်းပျက်မကောင်းဆိုးဝါးတစ်ကောင်လည်း ရှိနေတယ်ခပ်လှလှကောင်မလေး Kate မှာတော့ ဘတ်မန်းမင်းသား ဂျော့ကလူနေး ရောက်နေတယ်ဆိုလို့ သူရှိတဲ့နေရာဆီသွားဖို့ရာအတွက် ညမြေအောက်ရထားဘူတာကို အပြေးကလေးလာရင်းမှ ရထားစောင့်နေတဲ့ ထိုင်ခုံတန်းလေးမှာ အိပ်ပျော်သွားလေရဲ့… နိုးလာတော့ ညဥ့်နက်သန်းခေါင် ဘယ်သူမှ မရှိတော့ဘူး ဂိတ်တံခါးတွေလည်း အားလုံးပိတ်နေပြီ ထွက်မရပြုမရ အိပ်မက်ဆိုးသဖွယ် တစ်ညတာကနေ Kate လွတ်မြောက်နိုင်မှာလားFile size…(1.5 GB)/(819 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Creep (2004)

Killer Body Count (2024)
Killer Body Count (2024) ဒီတစ်ခါမှာတော့ Killer Body Count ဆိုတဲ့ လူငယ်တွေကိုလိုက်သတ်တဲ့လူသတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ်မီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ မိတဆိုးလေးဖြစ်ပြီး ဖခင်ဖြစ်သူ"ဘရိုင်ယန်"နဲ့အတူတူ​နေပါတယ် ဘရိုင်ယန်ဟာ ကမ်မီ့ကို လိင်မှုကိစ္စစွဲလန်းနေသူဟုအထင်မှားပြီး ဝေးလံခေါင်ဖျားတဲ့နေရာမှာရှိတဲ့ ကတ်သလစ်ကုသရေးစင်တာကိုပို့ခဲ့ပါတယ် အဲ့ဒီမှာ ကမ်မီလိုပဲ လိင်မှုကိစ္စကိုအလွန်အကျွံစွဲလန်းတာကြောင့်ဆိုပြီး စင်တာကိုရောက်လာတဲ့အခြားဆယ်ကျော်သက်များလည်းရှိပါတယ်အဲ့ဒီစင်တာကိုတော့ တော်နီနဲ့ယူဂျင်းတို့မောင်နှမနှစ်ယောက်ကဦးစီးပြီးအုပ်ချုပ်ပါတယ် ဒါပေမဲ့ နတ်ဆိုးမျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီစင်တာမှာ လိင်မှုကိစ္စကျူးလွန်တဲ့သူတွေကို လိုက်လံသတ်ဖြတ်နေပါတယ် အဲ့ဒီအကြောင်းကိုစင်တာကိုရောက်နေတဲ့လူငယ်တွေသိသွားတဲ့အခါမှာ ဘယ်လိုလွတ်အောင်ပြေးကြမလဲ လိုက်သတ်နေတဲ့လူကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းတချို့ကြောင့် မိသားစုနှင့်အတူကြည့်ရှုရန်မသင့်တော်ပါဘူးFile size…(848 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

Killer Body Count (2024)

What Happens in Miami (2024)
What Happens in Miami (2024) IMDb 6.3 ရရှိထားတဲ့ Thriller ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူသူငယ်ချင်းတစ်စုက ကျောင်းပိတ်ရက်မှာ မိုင်ယာမီကမ်းခြေကို နွေရာသီအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီအချိန်မှာ သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ဆိုတဲ့ ‌ဆယ်လီမိန်းကလေးဟာ ပျောက်ဆုံးသွားခဲ့တဲ့ပါတယ်။ရိုင်ယန်မပျောက်ဆုံးခင်မှာ သူမဟာ မိုင်ယာမီက ‌မူးယစ်ဆေးရောင်းသမားတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရိုင်ယန်ပျောက်ဆုံးသွားပြီးနောက်မှာတော့ ကျန်သူငယ်ချင်းတွေဟာ အဓိကသံသယရှိသူတွေအဖြစ် စုံစမ်းစစ်ဆေးတာကို ခံကြရပါတော့တယ်။ ရိုင်ယန်ရဲ့အမှုနောက်ကွယ်မှာ ဘယ်လိုအရှုပ်တော်ပုံတွေရှိနေတာလဲ၊ ရိုင်ယန်ကရော ဘာကြောင့်ပျောက်ဆုံးသွားခဲ့တာလဲ၊ နောက်ဆုံးမှာရော ရိုင်ယန်ကိုရှာတွေ့သွားပါ့မလား၊ အဓိကတရားခံကရော ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(939 MB) Quality…. 720p Format…mp4 Duration….01:47:00 Genre... TV Movie, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

What Happens in Miami (2024)

The Final Cut (2004)
The Final Cut (2004) လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie

The Final Cut (2004)