Channel Myanmar

Thriller

Executioner’s Strange Talk ( 2022 ) 6.5
Executioner’s Strange Talk ( 2022 ) သေဒဏ်ကျခံရတဲ့ အပြစ်သားတွေကိုခေါင်းဖြတ်ကွပ်မျက်ဖို့တာဝန်ယူရတဲ့ အာဏာပါးကွက်သားတွေမှာ စည်းမျဥ်းတစ်ခုရှိပါတယ်။ မွန်းတည့်မကျော်ခင်မှာ အပြစ်သားကို စီရင်ရတာပါပဲ။ စီရင်ချိန်ကျော်သွားခဲ့ရင် စည်းမျဥ်းကိုဖောက်ဖျက်မိသလိုဖြစ်ပြီး သရဲဝိဉာဥ်တွေက လက်စားချေဖို့ပြန်လာတတ်ကြပါတယ်တဲ့။အာဏာပါးကွက်သားတစ်ယောက်ဖြစ်တဲ့ရှဲ့ချီဟာ ပြစ်ဒဏ်စီရင်ရာမှာ အချိန်ကျော်လွန်သွားရာကနေ စည်းမျဥ်းကိုဖောက်ဖျက်မိသွားပါတယ်။ သူကွပ်မျက်ခဲ့တဲ့သရဲမဟာ သူ့ကိုပြန်လာရှာရာကနေ ၊ သူတင်မက တစ်မြို့လုံးကို ကံဆိုးမှုတွေစတင်လွှမ်းခြုံလာတဲ့အခါ ၊ ခြောက်ခြားဖွယ်ရာဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာတဲ့မခါမှာ.. မြို့ထဲကလူတွေကလည်း ရှဲ့ချီကိုဝိုင်းပြီးအပြစ်တင်ကြပါတော့တယ်။သရဲတွေ မိစ္ဆာတွေ ကျိန်စာတွေပါဝင်နေတဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Mystery , Fantasy , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Executioner’s Strange Talk ( 2022 )

Lucid Dream (2017) 6.2
Lucid Dream (2017) Lucid Dream 2017Lucid Dream ဆိုတာ လူတစ်ယောက်က အိပ်မက်ထဲမှာရောက်နေပေမယ့် ဒါဟာအိပ်မက်ပဲလို့ သူ့မှာ အသိစိတ်ရှိနေတာမျိုး အဲဒီ အိပ်မက်ကို Control လုပ်နိုင်တာမျိုးကို Lucid Dream လို့ခေါ်ပါတယ် အပြင်မှာ ကိုယ်အမှတ်မထင်ဖြစ်သွားတဲ့ အရာတွေကိုတောင်မှ Lucid Dream ထဲမှာပြန်မက်လိုက်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေလောက်တဲ့ အိပ်မက်မျိုးပေါ့ဒီဇာတ်ကားမှာတော့ မင်းသားကြီး Go Soo နဲ့ Sol Kyung Gu တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းစုံထောက်ချွဲဒယ်ဟိုဟာ လူချမ်းသာတွေ အာဏာရှိလူတန်းစားတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို အမြဲတမ်းဖော်ထုတ်လေ့ရှိတဲ့ သတင်းထောက်တစ်ယောက်ပါဒါကြောင့်လည်း အာဏာရှိလူတန်းစားတွေ လူကုံထံတွေက သူ့ကို အမြင်မကြည်ကြပါဘူးသူ့မှာ အရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသားလေး ချွဲမင်အူရှိပါတယ် အမိမဲ့သားလေး မင်အူက သတင်းထောက်ချွဲရဲ့ဘဝမှာ အရေးအပါဆုံးသူပေါ့တစ်ရက် သားအဖနှစ်ယောက် ကစားကွင်းတူတူသွားရင်း မင်အူလေး ပြန်ပေးဆွဲခံခဲ့ရပါတယ် ဒီပြန်ပေးဆွဲမှု ၃ နှစ်ကြာတဲ့အထိ ဘာသဲလွန်စတစ်ခုမှ မရခဲ့ဘူးအဲဒီအချိန်မှာ LUCID DREAM ကနေတစ်ဆင့် ပြန်ပေးသမားတွေ တရားခံတွေကို ...
movie

Lucid Dream (2017)

Black (2022) 7.9
Black (2022) ဒီတစ်ခေါက်မှာတော့ Opertaion Gold Fish ထဲက တောင်ပိုင်းမင်းသားချော အာဒီ ရဲ့ အက်ရှင်ကားလေးတစ်ကားဖြစ်ပြီး IMDB မှာ 7.9 ထိရရှိထားတဲ့ Black ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းအကျဉ်းငယ်စဉ်ဘ၀ထဲက အစ်ကိုဖြစ်သူကို ချောက်တွန်းတတ်တဲ့ အာဒီသရ သူချောက်တွန်းတာကို အမြဲခံရပြီး အိမ်ကနေထွက်သွားခဲ့တဲ့ အစ်ကိုဖြစ်သူအာဂျွန်အစ်ကိုဖြစ်သူကို အမြဲအိမ်မက်ထဲထည့်မက်ပြီး နောင်တရနေတတ်တဲ့ အာဒီသရ တစ်ယောက် ဖခင်ဖြစ်သူရဲ့ဆန္ဒအရ ရဲတစ်ယောက်အဖြစ် အမှုထမ်းခဲ့ရတဲ့အခါသူအမှုထမ်းတဲ့နှစ်ရက်အတွင်းမှာပဲ ဓါးပြမှုတစ်ခု လူသတ်မှုတစ်ခုတို့ ဖြစ်ပေါ်လာခဲ့ပြီး အဲ့ဒီအမှုတွေထဲကို ပါဝင်ပတ်သတ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူ့အစ်ကိုနဲ့ကောပြန်ဆုံမှာလား ဆိုတာတော့ ဇာတ်လမ်းမှာပဲ ဆက်လက်လိုက်ပါစီးမျောခံစားလိုက်ပါဦး... File size…2.21GB / 1GB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 18mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey ~ Lwin Htoo Aung ~ Kevin Aung
movie

Black (2022)

2022
As a Prelude to Fear (2022) 4.2
As a Prelude to Fear (2022)   ဆယ်နှစ်ကြာပြီးတဲ့အချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ လူပျောက်မှုသုံးမှု... ဒီအမှုတွေရဲ့ သံသယတရားခံ ဂီတပညာရှင်လူဂွစာကြီး ဂျားလ်စ်ကာ့ကရွန် သက်သေမပြနိုင်လို့ အခုထိမဖမ်းနိုင်ဖြစ်ခဲ့ရလို့ အခဲမကျေတဲ့ ရဲမှူးကြီး... နှစ်အတော်ကြာနေပြီဖြစ်တဲ့ သူတို့နှစ်ဦးကြားက မီးပွားလေးက အိဗ်တေလာဆိုတဲ့ကျောင်းသူတစ်ယောက် ထပ်မံပျောက်ဆုံးချိန်မှာ ပြန်ပေါ်လာတဲ့အချိိန်မှာတော့.... ဒီပျောက်ဆုံးမှုတွေဟာ သူတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ။ အမှုမှန်ရော ပေါ်ပေါက်နိုင်ပါ့မလား။ဒီရုပ်ရှင်ကိုတော့ မြန်မာပရိသတ်များရင်းနှီးနေပြီးသားဖြစ်တဲ့ ဘရိုက်တန်(Brighton)မြို့တစ်ဝိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့သိရပြီ။ independence movie ဖြစ်လို့ နည်းနည်းလိုအပ်ချက်တွေတော့ရှိတာတွေ့ရမှာပါ။ ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျာ။File size…(1.1GB)/(541MB)/(310MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...SPK
movie

As a Prelude to Fear (2022)

Snake Lady ( 2022 ) 5.9
Snake Lady ( 2022 ) မြွေကားကြိုက်တဲ့သူတွေအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဒီနှစ်ထဲအသစ်ထွက်ထားတဲ့မြွေကားတစ်ကားနဲ့တင်ဆက်ပြသလိုက်ပါတယ် ဒီကားလေးကတော့ ပုံမှန်လိုမြွေစိမ်းမလေးတွေအကြောင်းမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းမှာ မြွေနတ်ကိုသွားရှာတဲ့ကားလေးဖြစ်ပါတယ်မဂ္ဂဇင်းတိုက်ရဲ့ထုတ်လုပ်သူ ကုချိုးနဲ့ အယ်ဒီတာ လီထုံတို့ဟာ သူငယ်ချင်းတစ်ချို့ခေါ်လာပြီး ဒဏ္ဍာရီဆန်တဲ့ကျွန်းကိုရှာပြီးသွားရောက်ကြတယ် အဲ့နေရာမှာထူးခြားတဲ့မြွေကြီးတွေရှိပြီး လီထုံရဲ့အဖေက တစ်ချိန်တစ်ခါ တာဝန်ထမ်းတောင်ရင်း အဲ့ကျွန်းကိုရောက်သွားခဲ့ပြီး ဘာတွေဖြစ်လဲဆိုတာ လီထုံက သိချင်နေခဲ့တယ် ကျွန်းပေါ်ကခေါင်းဆောင်လျန်ရန်ကလည်း ရုတ်တရက်ရောက်လာတဲ့သူတို့ကို ဘယ်လိုဧည့်ခံမလဲသူတို့အပေါ်ဘာတွေလျှိုဝှက်ထားတာလဲ လီထုံကရော နောက်ဆုံးမှာ သူ့အဖေအဲ့ကျွန်းပေါ်ဘာတွေဖြစ်ခဲ့လဲဆိုတာ သိနိုင်မလားဆိုတာကို အားလုံးအတူတူကြည့်ရင်းအဖြေရှာထုတ်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Adventure Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Snake Lady ( 2022 )

[18+] Scorpio Nights 3 (2022) 9.2
[18+] Scorpio Nights 3 (2022) [18+] Scorpio Nights 3 (2022)1985 ခုနှစ်ထွက် ဖိလစ်ပိုင်နိုင်ငံရဲ့ ညစ်ညမ်းရုပ်ရှင်တစ်ကားဟာ အဲဒီအချိန်ကာလ ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်သမ္မတ မားကို့စ်ကို ဖြုတ်ချပြီး ပြိုင်ဘက်အတိုက်အခံခေါင်းဆောင် အကွီနိုကို သမ္မတတင်‌မြှောက်ဖို့အရေးအတွက် တစ်ထောင့်တစ်နေရာကနေ အကူအညီဖြစ်ခဲ့ပါတယ်။ အဲဒီကားကတော့ ကိုရီးယားကတောင် Summertime (2001) ဆိုပြီး ပြန်ရိုက်ခဲ့တဲ့၊ အပေါ်ထပ်အောက်ထပ် ဇာတ်လမ်းလို့ နာမည်ကြီးခဲ့တဲ့ Scorpio Nights ပါပဲ။မားကို့စ်အစိုးရကတော့ အဲဒီဇာတ်ကားကို လူထုကြားထဲ အာရုံလွဲစေဖို့ရည်ရွယ်ချက်နဲ့ ပြသခွင့်ပြုခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း ဇာတ်ကားရဲ့ ဆိုလိုရင်းနဲ့ ရည်ရွယ်ချက်တွေဟာ လူထုကို အတွေးအမြင် ပိုပွင့်လင်းလာစေပြီး မီးစာထည့်လိုက်သလိုဖြစ်သွားတာကြောင့် နောင်တစ်နှစ်အကြာမှာ လူထုတော်လှန်ရေးကြီးဖြစ်သွားခဲ့ပြီး မားကို့စ်အစိုးရလည်း ပြုတ်သွားခဲ့ပါတယ်။ဇာတ်ကားထဲမှာပါတဲ့ ညစ်ထေးစုတ်ပြတ်နေတဲ့ တိုက်တန်းလျားဟာ မားကို့စ်လက်ထက် ဖိလစ်ပိုင် နိုင်ငံကို ကိုယ်စားပြုတာ ဖြစ်ပြီး ရက်စက်တတ်တဲ့ အိမ်ထောင်ဦးစီး ညစောင့်အမျိုးသားဟာ အာဏာရှင် မားကို့စ်ကို ဆိုလိုတာ ဖြစ်သလို ...
movie

[18+] Scorpio Nights 3 (2022)

2022
Paradise Highway (2022) 5.3
Paradise Highway (2022) Paradise Highway (2022)ဆယ်လီဆိုတဲ့ အမျိုးသမီးဟာ ကုန်ကားကြီးတွေ မောင်းရင်း ဘ၀ဖူလုံရေးအတွက် ငွေရှာတယ်။ သူ့မှာ ဒန်းနစ်ဆိုတဲ့ ထောင်ကျနေတဲ့ မောင်တစ်ယောက်ရှိတယ်။မဝေးတော့တဲ့ တစ်ရက်နှစ်ရက်မှာ လွတ်တော့မယ့် သူ့ရဲ့မောင်က ထောင်တွင်း မူးယစ်ဆေး ရောင်း၀ယ်ဖို့ သူ့ကို အကူအညီတောင်းတဲ့အခါ ပစ္စည်းရဖို့အရေး ဆယ်လီတစ်ယောက် အပြင်မှာ ထပ်လှုပ်ရှားရတယ်။ဒီလိုနဲ့ ထောင်ထဲက မောင် ဒုက္ခမရောက်ဖို့အရေး လေလာဆိုတဲ့ ၁၀ နှစ်၀န်းကျင်ကလေးမလေးကို လူကုန်ကူးပေးဖို့ အကြောင်းဖန်လာတယ်။ ဒါပေမဲ့ နယ်စပ်ရောက်တဲ့အချိန်မှာ ကလေးမလေးက တစ်ဖက်လူကို ဆယ်လီ့ကားထဲက သေနတ်နဲ့ ပစ်လိုက်လို့ လူသေမှုတစ်ခု ပြဿနာကပါ ဆယ်လီ့ဘ၀ထဲကို ထပ်တိုး၀င်လာပါတော့တယ်။ဒီဇာတ်လမ်းမှာ အမှုစုံစမ်းတဲ့ စုံထောက် duo အဖြစ် မင်းသားကြီး Morgan Freeman နဲ့ Cameron တို့ရဲ့ အတွဲညီမှုက တစ်ဖက်၊ ဆယ်လီအဖြစ် သရုပ်ဆောင်တဲ့ မင်းသမီးကြီး Juliette Binoche နဲ့ လေလာအဖြစ် သရုပ်ဆောင်သူ ကလေးသရုပ်ဆောင် Hala Finley တို့ရဲ့ ...
movie

Paradise Highway (2022)

2022
Marionette (2020) 5.9
Marionette (2020) Marionette (2020)==============ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(1.44 GB) / (662 MB) / (376 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Sai Thurein Lynn Encoder..........SWM
movie

Marionette (2020)

2020
The Reef: Stalked(2022)
The Reef: Stalked(2022)  The Reef: Stalked The Reef(2010) ရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းပိုင်းအချိတ်အဆက်တော့မရှိပါဘူး။ နစ်ခ် တို့ညီအစ်မသုံးယောက်မှာ နစ်ခ်နဲ့ကတ်ဟာ ရေငုပ်ရတာကို ဝါသနာပါသူတွေဖြစ်ပါတယ်။ဒါပေမယ့်တစ်နေ့မှာ ကတ်ကို နှိပ်စက်တတ်တဲ့သူ့ယောက်ျားက လက်လွတ်ပြီးသတ်မိသွားတဲ့အခါ နစ်ခ်ဟာ စိတ်ဒဏ်ရာကြောင့် ပြည်ပကိုထွက်သွားပါတော့တယ်။ ၉လကြာပြီးနောက်မှာတော့ နစ်ခ်တို့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းတွေနဲ့ပြန်ဆုံပြီး အရင်လိုစိတ်ပြေလက်​ပျောက် လှေလှော်ရေငုပ်ကြဖို့ ခရီးထွက်ကြပါတယ်။ပင်လယ်ထဲမှာ လှေငယ်ကိုယ်စီနဲ့ ရေငုပ်ကြ ငါးဖမ်းကြနဲ့ ပျော်ရွှင်နေကြချိန်မှာ ရေပြင်ပေါ်မှာ အနက်ရောင်ဆူးတောင်တစ်ခုထွက်လာတာကို တွေ့လိုက်ရတဲ့အခါ.... File size…(1.68GB)/(MB)/(916MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein
movie

The Reef: Stalked(2022)

The Bad Guys: Reign of Chaos (2019) 6.5
The Bad Guys: Reign of Chaos (2019) The Bad Guys: Reign of Chaos (2019)အညွှန်း********************************************မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Chလေးနဲ့ တင်ဆက်ပေးထားပါတယ်...မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကိုကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကိုကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Bad Guys: Reign of Chaos (2019)

The Summoned (2022) 4.2
The Summoned (2022) The Summoned (2022)=================Profileခပ်မြင့်မြင့်နဲ့ သမီးရည်းစားနှစ်ယောက်ဖြစ်တဲ့ အယ်လိုင်ယာ့နဲ့ ရို့စ်...သူတို့နစ်ယောက်ကြားဆက်ဆံရေးမှာ ပြဿနာ မမည်တဲ့ အခက်အခဲလေးတွေရှိနေလို့ ကုထုံးဆရာဝန်ဆီ တိုင်ပင်ဆွေးနွေးဖို့လုပ်ခဲ့ကြပါတယ်။သူတို့သွားခဲ့တာက ဒေါက်တာဖရော့စ်၊ နာမည်ကြီးကုထုံးဆရာဝန် တစ်ယောက်၊ သူ့ဆီကုဖို့တန်းစီစောင့်ရလောက်အောင်နာမည်ကြီးတဲ့ ကုထုံးဆရာဝန်တစ်ယောက်။ ဒီလိုဆရာဝန်ဆီကနေဖိတ်ခေါ်ခံရလို့ နှစ်ယောက်သား သွားကြပါတော့တယ်။ ဒါပေမယ့် လမ်းမှာတင်ထူး ဆန်းတဲ့လူတစ်ယောက်နဲ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်း အယ်လီယာ့တစ်ယောက် ထူးဆန်းတဲ့အိပ်မက်တွေမက်လာတဲ့အခါမှာတော့......... Mystery ဆန်ဆန်ရိုက်ကူးထားတဲ့ 2022 ထွက် Horror, thriller ကားလေးမို့ ကြည့်ကောင်းမယ့်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(1.3 GB) / (584 MB) / (354 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Chit Tee Encoder..........SWM
movie

The Summoned (2022)

2022
Collateral Damage (2022) 5.5
Collateral Damage (2022)    မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie

Collateral Damage (2022)

World Ends at Camp Z(2021)
World Ends at Camp Z(2021) World Ends at Camp Z(2021) Julianလို့ခေါ်တဲ့လူငယ်လေး Camping La taque လို့ခေါ်တဲ့ စခန်းချခရီးထွက်လို့ရတဲ့နေရာမှာ ငယ်ငယ်ထဲကကြီးပြင်းလာတာပါ တကမ္ဘာလုံးကပ်ရောဂါဖြစ်နေတဲ့အချိန်မှာပဲ သူအရမ်းချစ်တဲ့အဲ့ဒီနေရာကို သူဦးလေးစတန်နဲ့ ဦးလေးသူငယ်ချင်းကလေးတို့က ရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်ဝယ်မယ့်သူတွေဖြစ်တဲ့ Aaaron Prince နဲ့သူ့ရည်းစာလည်းဖြစ်ရှေ့နေလည်းဖြစ်တဲ့Venessaeတို့အုပ်စုက ကြိုတင်လေ့လာတဲ့သဘောနဲ့ Camping La taque ကို‌အလည်လာကြပါတယ်Julianကိုလည်း ဝယ်ပြီးရင်ဒီနေရာကိုဘာမှမပြောင်းလဲဘဲဒီအတိုင်းထားမယ်ဆိုပြီးVenessaeက ချွေးသိပ်‌လိုက်ပါတယ် ဒါပေမဲ့ Aaaron Prince နဲ့အပေါင်းအပါတစ်သိုက်ရဲ့ရည်ရွယ်ချက်အမှန်က အဲ့ဒီလိုမဟုတ်ပါဘူးအဲ့ဒီလိုJulianက သူ့နေရာကိုမရောင်းရဖို့နည်းလမ်းပေါင်းစုံထုတ်သုံးနေတဲ့အချိန်မှာ Pandemic Virusက မထင်မှတ်ထားတဲ့ Mutation ဝင်သွားတဲ့အခါမှာတော့... File size…(1.35GB)/(721MB)/(421MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Action / Horror / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Kevin
movie

World Ends at Camp Z(2021)

Art of Love (2022) 5
Art of Love (2022) Art of Love (2022)တက္ကသိုလ်ပရော်ဖက်ဆာတစ်ဖြစ်၊ စာရေးဆရာအဖြစ် ကျင်လည်နေတဲ့လူတစ်ယောက်ဟာ လူမှုပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့မလွယ်တဲ့ပြဿနာနဲ့ ကြုံတွေ့နေခဲ့ရပါတယ်။အိမ်နီးချင်းတွေနဲ့လည်း အဆက်ဆံမလုပ်တတ်တဲ့ တစ်ကိုယ်တည်းသမားကြီးတစ်ယောက် တစ်နေ့မှာတော့ စာအပိုင်းအစလေးတွေနဲ့ နောက်‌ယောင်ခံဆက်သွယ်မှုကို ကြုံလာရပါတော့တယ်။ ပဟေဠိဆန်ဆန် လှည့်ကွက်တွေနဲ့ နောက်ကွယ်ကလူကို တဖြည်းဖြည်း စွဲလမ်းမိလာပြီးနောက်မှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲ? မထင်မှတ်ထားတဲ့ ဇာတ်လမ်းအပြောင်းအလဲတွေနဲ့ ဘယ်လို အဆုံးသတ်သွားကြမလဲ? ဆိုတာကို ဆက်လက် ရှုစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းကိုတော့ Hae Areum က ရေးထားတာပါ။)File Size : 797MB, 376MB Quality : 720p WEB-DL, 480p Format : mp4 Duration : 1hr & 56min Genre : Romance, Thriller Translated by Hae Areum Encoded by Kinnov
movie

Art of Love (2022)

2022
{21+}Driver (2017) 6.1
{21+}Driver (2017) လောကကြီးမှာ မျှော်မှန်းထားသလို ဖြစ်မလာတာတွေအများကြီးပါ ဒီထဲမှာမှ ကိုယ့်ဘဝရဲ့ လက်တွဲဖော်ဟာ ကို့ယ်ကို စိတ်မဝင်စားပဲ တခြားသူတွေကို စိတ်ဝင်စားတာက ဆိုးဆိုးဝါးဝါး ခံစားရစေပါတယ် အချစ်မှာ လိင်ခွဲခြားမှုမရှိဆိုသလို ကိုယ့်ချစ်တဲ့သူက လိင်တူချင်းစိတ်ဝင်စားနေပါက ဆိုးဆိုးဝါးဝါး တုန့်ပြန်ကြမှာ အမှန်ပါပဲ။အခုထိုင်းကားလေးမှာလဲ ကဒီတစ်ယောက် သူမရဲဘ ခင်ပွန်းဖြစ်သူက သူမကိုမချစ်ပဲ တခြားသူတစ်ယောက်ကိုပဲ စိတ်ရောက်နေတဲ့အတွက် ကဒီတစ်ယောက် ဘယ်လို လှလှပပ လက်တုန့်ပြန်မလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် 18+ အခန်းတွေပါဝင်တာမို့ ထိုင်းကားဆိုပြီး မိသားစုနဲ့ အတူကြည့်ဖို့ မသင့်တော်ပါဘူးဆိုတာတော့ သတိချပ်စေလိုပါတယ်။ File size…1.2GB / 500MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

{21+}Driver (2017)

2017
Retribution (2006) 6.3
Retribution (2006) Sakebi 2006ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ...
movie

Retribution (2006)

Burn Out (2017) 6.2
Burn Out (2017) Burn Out (2017) တိုနီဟာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာ အလားအလာရှိတဲ့ ဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုတော့ ပင်ပန်းစွာ ရုန်းကန်နေရသူပါ။အချိန်ပိုင်းအလုပ်လည်းလုပ်ရ၊ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းပြိုင်သမားတစ်ဦးဖြစ်လာရေးအတွက် လေ့ကျင်းရေးလည်း ဆင်းနေရချိန်မှာ သူ့ရဲ့ အဆက်ဟောင်း၊ သူ့သားရဲ့မိခင်ဖြစ်သူ လေလာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အကောင်ကြီးတစ်ကောင်ဆီကို အကြွေးတွေတင်သွားပါတယ်။လေလာတစ်ယောက် အကြွေးတွေကို ဘယ်နည်းနဲ့မှ ပြန်မဆပ်နိုင်လို့ ဘဝပျက်ရတော့မဲ့ အခြေအနေမရောက်အောင်လို့ တိုနီတစ်ယောက်ဝင်ကူညီရပါတော့တယ်။မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အလုပ်ထဲကို ပါဝင်ပတ်သတ်မိသွားရတာက တိုနီရဲ့ ဘဝကို ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ဒီ ပြင်သစ်-ဘယ်ဂျီယမ် အက်ရှင်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။)File Size : 1.5GB, 683MB, 344MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 47mins Genre : Action, ...
movie

Burn Out (2017)

2017
Death Count (2022) 5
Death Count (2022) Death Count ( 2022)Saw ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်အသစ်ပါပဲ။ Saw franchiseမှာ Mark Hoffmanအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Costas Mandylorကလည်း ဒီ Sawဆန်ဆန်ကားမှာ ကစားပွဲလုပ်တဲ့လူအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာလည်း Sawဆန်ဆန် အပြစ်လုပ်ထားတဲ့လူတွေကိုဖမ်းပြီး ကိုယ့်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် တစ်ခုခုမလုပ်ရင် သတ်ပစ်တဲ့ Warden ခေါ် ထောင်စောင့်အဖြစ် ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားပါတယ်။ Sawလိုကားမျိုးကြည့်ချင်တာဖြစ်ဖြစ် Sawအလွမ်းပြေ ကြည့်ချင်တာဖြစ်ဖြစ် ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။Sawလိုကားမျိုးတွေ ကြည့်ရဲတဲ့သူပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ Sawလောက်နီးနီး ကြမ်းတဲ့ သတ်ခန်းဖြတ်ခန်းတွေကို ဆက်တိုက်ကိုပြနေတာမို့ ကြောက်တတ်ရင်တော့ မကြည့်ကြစေချင်ပါဘူး။ Survival Horrorတွေ Slasherကားတွေ ကြိုက်ပြီး Sawပရိသတ်လည်း ဟုတ်တယ်ဆိုရင်တော့ ကြည့်ကောင်းမယ့် ရုပ်ရှင်အသစ်ပါပဲ။ ဒီလိုကားမျိုးတွေက ထွက်ခဲလှတာမို့ ရှားရှားပါးပါးကြည့်ရမှာလည်း ဖြစ်တဲ့အပြင် Sawထဲက Actorကပါ ပါတာမို့ Sawအရသာနဲ့ ...
movie

Death Count (2022)

Wrong Place (2022) 4.0
Wrong Place (2022) Wrong Place (2022) =============== Action, Crime, Thrillerကတုံးမင်းသားကြီး Bruce Willis ပါ၀င်ထားတဲ့ အက်ရှင် ဇာတ်ကြမ်းကားသစ်လေးပါ။ဇနီးဖြစ်သူကို ကားမတော်မဆမှုမှာ ဆုံးရှုံးလိုက်ရတဲ့ ရဲမှူးကြီး ဖရန့်( Bruce Willis)ဟာ ရဲဘ၀ကနေ အနားယူပြီး ကင်‌ဆာ ရောဂါသည် သမီး‌ကို စောင့်ရှောက်ရင်းနဲ့ ဘ၀ကို‌ဇာတ်မြှုပ်နေခဲ့ပါ တယ်။ ဒါပေမယ့် မူးယစ်ဂိုဏ်းတစ်ခုရဲ့ ရန်ပွဲတစ်ခုကိုမျက်မြင်တွေ့ လိုက်ပြီး ၀င်ရောက်ပတ်သတ်မိသွားပါတယ်။ အဲ့ဒီတော့ ဖရန့်ရဲ့ ဘ၀ ထဲကို အန္တာရာယ်တွေ တစ်ဖန်ပြန်လည်ကျရောက်လာတဲ့အခါ တရား ဥပဒေဘက်တော်သားပီပီ ကိုင်တွယ်ဖြေရှင်းပုံကို ပရိတ်သတ်ကြီးကပဲ ဆက်လက်စောင့်ကြည့်ရမှာပါ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.92 GB) / (884 MB) / (531 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

Wrong Place (2022)

2022
Woodland Grey (2021) 4.5
Woodland Grey (2021) Woodland Grey (2021) =================ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာတစ်ညတည်းလိုက်ရော ‌အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.4 GB) / (650 MB) / (390 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Khant Sett Naing Encoder..........SWM
movie

Woodland Grey (2021)

2021