Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
The Harbinger (2022)
The Harbinger (2022)ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie
The Harbinger (2022)
2022
5.9
Invisible Guard ( 2022 )
ဆန်းဆန်းပြားပြားမိစ္ဆာအတတ်တွေနဲ့ သိုင်းကားလေးတစ်ကားလာပါပြီ။ ထန်ခေတ်ကာလမှာ ကိုယ်ပျောက်ကိုယ်ရံတော်ဆိုတဲ့ အထူးအဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ တရားရေးဌာနအတွက်အမှုထမ်းရပေမယ့် အပယ်ခံအပြစ်သားတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါပဲ။ပိုးမိစ္ဆာတွေကိုကြိုးကိုင်ထိန်းချုပ်ပြီး လူသတ်မှုတွေဖြစ်ပွားလာတော့ အပယ်ခံကိုယ်ပျောက်ကိုယ်ရံတော်အဖွဲ့ရဲ့တပ်မှူးPeiဟာ အမှုကိုအဖြေရှာရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ မှုခင်းဖြစ်စဉ်ထဲကိုရောက်သွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အဖေကိုသတ်သွားတဲ့တရားခံကိုလိုက်ရှာနေတဲ့ မိန်းကလေး Han chu yiဟာ တရားခံကိုခြေရာမခံမိပဲ ရန်သူလိုက်သတ်တာခံရလို့ပြေးရင်းနဲ့ Pei တွေ့ဆုံဖို့အကြောင်းဖန်ပြီး သူတို့ဟာပူးပေါင်းပြီး ဖြစ်လာတဲ့အခက်အခဲတွေကိုရင်ဆိုင်ကြပါတယ်။ သူတို့မသိတာကတော့ သူတို့ကိုစောင့်နေခဲ့တာ ပိုပြီးဆိုးရွားတဲ့ စုန်းဘုရင်ကြီးဆိုတာပါပဲ။Pei ဟာ စုန်းဘုရင်ကြီးကိုဘယ်လိုရင်ဆိုင်ပြီး ပြည်သူတွေကိုဘယ်လိုကယ်မလဲဆိုတာတော့ အဆုံးထိကြည့်ရှုအားပေးလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Invisible Guard ( 2022 )
6.5
White Night (2009)
White Night (2009)"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတယ်။ ဘယ်အပြစ်မဆို (၁၅)နှစ်ကြာရင် အပြစ်ကြေတယ်တဲ့။ ငါတို့ နောက်(၁၅)နှစ်ကြာမှ ပြန်တွေ့ကြရအောင်"- ဒီစကားကို လီဂျီအာက ကင်ယိုဟန်ကို ပြောခဲ့တာပါ။သူတို့ နှစ်ယောက်ရဲ့ ကလေးဘဝက ကြမ်းတမ်းခဲ့ပါတယ်။ ကင်ယိုဟန်ရဲ့ အဖေဖြစ်သူ တစ်ညမှာ အသတ်ခံခဲ့ရပြီး လီဂျီအာရဲ့ အမေဖြစ်သူက လူသတ်မှုအတွက် အဓိက သံသယရှိသူ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ကင်ယိုဟန်ရဲ့ အမေက ခင်ပွန်းဖြစ်သူ အသတ်ခံရပြီးချိန်မှာပဲ အလုပ်သမား ကန်ဂျယ်ဒိုနဲ့ ဖောက်ပြန်ခဲ့ပါတယ်။ သပွတ်အူလို ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကြားက လူသတ်မှုကို စုံစမ်းရသူကတော့ စုံထောက်ဟန်ဒုန်ဆူပါ။ စုံစမ်းနေရင်း တန်းလန်းမှာပဲ သံသယရှိသူ လီဂျီအာရဲ့ အမေဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပါတော့တယ်။"ဘဝမှာ အချိန်အခါ ဆိုတာရှိတယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်လို့ရတဲ့ တစ်ခုတည်းသော အချိန်အခါ"ဒီစကားကို ပြောခဲ့တဲ့ စုံထောက်ဟန်ဟာ သံသယရှိသူ သတ်သေသွားလို့ အမှုပိတ်ကာမှ အမှုအတွက် မသင်္ကာစရာတွေကို ရှာတွေ့လာတဲ့အတွက် အမှုကို သဲကြီးမဲကြီးလိုက်ရင်း ...
movie
White Night (2009)
2009
Wire Room (2022)
Wire Room (2022)ရုပ်ရှင်လောကက အနားယူထားပေမယ့် တစ်လတစ်ကား မှန်မှန်ထွက်နေတဲ့ မင်းသားကြီး ဘရုစ်ဝီလီရဲ့ လစဉ်ထုတ် အက်ရှင်ကားသစ် အကြမ်းစားကြီးရပါပြီ။မင်းသားကြီးက နောက်ပိုင်းကားတွေမှာဆိုရင် ပိုစတာထဲ မျက်နှာလေးဝင်ပြပြီး မင်းသားငယ်လေးတွေကို စင်တင် ပေးနေမှန်း ဘရုစ်ဝီလီကားမှန်သမျှ မလွတ်တမ်းကြည့်တဲ့ Hardcore fanကြီးတွေဆိုရင် သိမှာပါ။ ဒီကားမှာလည်း မင်းသားကြီးက ဇာတ်ပို့အဖြစ်ပဲ အားဖြည့်ထားပါတယ်။အထူးအေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံတော်လုံခြုံရေးဌာနကနေ ဒုစရိုက်သမား အကြီးစားတွေကို လျှို့ဝှက်ပြီး စောင့်ကြည့်ရတဲ့ ကင်းထောက်ခန်းမှာ တာဝန်ကျလာရင်း သူတို့စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့မူးယစ်မှောင်ခို ခေါင်းဆောင် အက်ဒီဖလင်းပါ။ သူတို့အနေနဲ့ အက်ဒီကို ဖမ်းဆီးဖို့ စောင့်ကြည့်ရင်း သူမသေအောင်ပါ ကာကွယ်ပေးရမှာပါ။ ဘာလို့လဲဆိုတော့ အက်ဒီဆီမှာFBIဘက်က အရမ်းလိုချင်နေတဲ့ အကျင့်ပျက်ရဲဝန်ထမ်းတွေရဲ့စာရင်း ရှိနေတာပါ။ဒီလိုနဲ့ပဲ ပြဿနာပေါင်းစုံ တက်နေတဲ့ အက်ဒီဖလင်းကို အေးဂျင့်ရိုဆာတို့ဘက်က ကာကွယ်ပေးဖို့ လုပ်ရသလို တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲတွေကရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p ...
movie
Wire Room (2022)
2022
6.3
Detective vs. Sleuths ( 2022 )
CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime ...
movie
Detective vs. Sleuths ( 2022 )
Kanmani Pappa (2022)
Kanmani Pappa(2022) ====================ကာသစ်လို့ခေါ်တဲ့အစိုးရစီမံကိန်းလေးတွေကို ရင်းနှီးမြှုပ်နှံလေ့ရှိတဲ့ Contractor တစ်ယောက်ရှိပါတယ် သူ့မှာကန်မနီလို့ခေါ်တဲ့အရမ်းလည်တဲ့သမီးလေးတစ်ယောက်ရှိပြီး အရမ်းနားလည်ပေးပြီး supportiveဖြစ်တဲ့ ကန်နာမာဆိုတဲ့ ဇနီးချောလေးတစ်ယောက်ရှိပါတယ်ဒီလိုနဲ့ငွေရေးကြေးရေးအပူတွေနဲ့ပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ကာသစ်တစ်ယောက် ဇနီးချောလေးရဲ့ emotional supportတွေကြောင့် ကာသစ်တစ်ယောက်စိတ်သက်သာရာရပြီး ကံကောင်းထောက်မစွာနဲ့ ချေးထားတဲ့ငွေတွေပြန်ရကာ ပြေလည်သွားပါတော့တယ်အဲ့ဒီလိုနဲ့ကာသစ်တို့မိသားစုအိပ်မက်အိမ်ကြီးကိုဝယ်ဖို့အတွက် မက်ဒူရိုင်းကနေ ကိုဒိုင်ကန်နယ်ကိုလာကြည့်ပါတော့တယ် အဲ့ဒီအိမ်ကြီးက သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးတာကြောင့် ပွဲစားတွေတောင်အနားမကပ်ရဲတဲ့အိမ်ပါ ဒါပေမဲ့ ပွဲစားတစ်ယောက်ကဂျင်းထည့်ရောင်းတာကြောင့် ကာသစ်တို့မိသားစု အဲ့ဒီအိမ်ကြီးကို လာရောက်ချိန်မှာတော့ သူတို့သမီးလေးပျောက်ပျောက်သွားတာကစပြီး သူတို့ကြားမှာထူးဆန်းလွန်းတဲ့ငဘာဝလွန်ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပါတော့တယ် ဒီလိုနဲ့အဲ့ဒီအိမ်ကြီးကရော လူအများပြောကြသလို သရဲခြောက်တာရောတကယ်ဟုတ်ရဲ့လား အဲ့ဒီအိမ်ကြီးရြဲအရင်ပိုင်ရှင်တွေကရော ဘယ်သူတွေလဲ ဘယ်လိုရာဇဝင်အတိတ်တွေရှိခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ရင်တမမနဲ့ကြည့်ရှုရမှာပါ....။ ။.... File size…1.92GB / 884Mb Quality…`1080p True WEBDL AAC5.1CH/ 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko & Taylor & Kham Mon & OeliuJ & Kevin Ag
movie
Kanmani Pappa (2022)
2022
6.8
Stoker (2013)
Stoker (2013)~ IMDb - 6.8/10, Rotten Tomatoes - 70% ~ဒီနှစ်မှာ Decision to Leave နဲ့ ပြန်ပေါက်ခဲ့တဲ့ ကိုရီးယားဒါရိုက်တာကြီး ပတ်ချန်းဝုရဲ့ ဟောလိဝုဒ်မှာ ရိုက်ခဲ့တဲ့ကားပါ။ IMDb - 6.8/10 နဲ့ RT - 70% ဆိုတော့ rating တွေကတော့ ကောင်းမြဲပါပဲ။ ဒါပေမဲ့ ပတ်ချန်းဝုလို ဆရာ့ဆရာကြီးအနေနဲ့ဆိုရင်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒီလိုအဖြစ်က ဖြစ်နေကျပါပဲ။ အာရှက ဂိဆရာတွေ ဟောလိဝုဒ်တက်ရိုက်လိုက်တိုင်းနီးပါးကို ဖြစ်နေကျပေါ့။ ဝေါင်ကာဝေးရဲ့ အနုဆုံးကားကလည်း သူဟောလိဝုဒ်တက်ရိုက်လိုက်တဲ့ကားပါပဲ။ ပတ်ချန်းဝုရဲ့ အနုဆုံးဆိုပေမဲ့လည်း ဒီရုပ်ရှင်က သူ့ဟာနဲ့သူတော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ Thriller ကားပီသစွာပဲ တစ်စတစ်စချင်း ဆွဲခေါ်သွားပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ ပတ်ချန်းဝုကားပီပီသသ မင်းသား မင်းသမီးတွေရဲ့ သရုပ်ဆောင်စကေးပြခွင့်ရတဲ့ကားဆိုလည်းမမှားပါဘူး။ ဘာလို့ဆို တစ်ကားလုံး လူများများစားစားမပါလှပဲ ...
movie
Stoker (2013)
2013
6.6
Accident (2009)
Accident (2009)Brain လို့ နာမည်ရတဲ့ ကြေးစားလူသတ်သမားက သူ့အဖွဲ့နဲ့အတူ လူသတ်မှုတွေကို မတော်တဆမှုဖြစ်အောင် ဖန်တီးပြီး အဖွဲ့လိုက် လှုပ်ရှားပေးကြတာပါ။သူတို့ရဲ့လှုပ်ရှားမှုတစ်ခု မမျှော်လင့်ဘဲ လွဲချော်ပြီးခဲ့တဲ့နောက်မှာတော့ ဒီအဖြစ်အပျက်ဟာ တမင် ဖန်တီးခံရတာလို့ ဘရိန်းက ယူဆပါတယ်။ တစ်ယောက်ယောက်က သူနဲ့ သူ့အဖွဲ့ကို မလှုပ်ရှားနိုင်တော့အောင် ဖန်တီးတယ် ထင်လာပါတော့တယ်။ဒီအဖြစ်အပျက်နဲ့ သက်ဆိုင်မယ်လို့ ယူဆရတဲ့ အာမခံကိုယ်စားလှယ်တစ်ယောက်နဲ့ ဆုံလာချိန်မှာတော့ .... တကယ်ပဲ ကတုံးပေါ် ထ်ပ်ကွက်သလို မတော်တဆမှုနဲ့ လူသတ်နေတဲ့ ကြေးစားအဖွဲ့ကို မတော်တဆမှုတွေ တကယ်ပဲ ဖန်တီးနေတာလား? တခြားတခြားသော အကြောင်းရင်းတွေ ရှိနေတာလား ဆိုတာကတော့အညွှန်း နဲ့ ဘာသာပြန်ကတော့ Xiao Zhen ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 554MB | 2489MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie
Accident (2009)
2009
4.4
Requiem For a Scream (2022)
Horrorကားမှ ကြိုက်တဲ့သူတွေအတွက် 2022 ခုနှစ်မှ ထွက်ရှိလာတဲ့ လူသတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လူသတ်သမားဟာ သူသတ်မယ့်လူရဲ့ ခံစားနေရတဲ့အသံကို သီချင်းလိုသဘောကျနေတဲ့ စိတ္တဇကောင်တစ်ကောင်ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသမီးဖြစ်တဲ့ အာတီမစ်ဟာ သူ့အစ်မရဲ့ အရိုးပြာတွေကြဲဖို့ မြို့ပြင်ကအပန်းဖြေအိမ်ကို သူငယ်ချင်းတွေခေါပြီး လာခဲ့ကြပါတယ်။ဒါပေမယ့် သူတို့လာခဲ့တဲ့နေရာက လူသတ်သမားကျင်လည်နေတဲ့နေရာဖြစ်နေပြီး လူသတ်သမားကလည်း သူတို့ကိုမျက်စိကျသွားရာကနေ သူတို့အကုန်လုံးကိုသတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းတွေအကုန် လွတ်မြောက်သွားမလား၊ လူသတ်သမားကပဲ သူတို့ရဲ့ အသံနဲ့ သံစဉ်အသစ်တွေရသွားမလား၊ ဒါမှမဟုတ် သူလိုချင်တာတစ်ခုခုရှိနေမလား ဆိုတာကို မျက်တောင်မခတ်တမ်းကြည့်နေရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ငတ်နေတဲ့ ညိုကီဘာဘီတို့တွေ နှလုံးတုန်ရင်ခုန်နိုင်ကြစေဖို့ အခုပဲ Requiem for a Scream ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ File size…1GB / 500MB Quality…1080p / 720p Format…mp4 Duration….1h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie
Requiem For a Scream (2022)
2022
7.1
Where the Crawdads Sing (2022)
Where the Crawdads Sing (2022)~ IMDb rating - 7.1/10 ~Delia Owens ရဲ့ ၂၀၁၉မှာထွက်ခဲ့ပြီး The New York Times Fiction Best Sellers ဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာပါ။ စာအုပ်ကလည်း နာမည်ကြီးသလို ဇာတ်ကားကလည်း တော်တော်လေးကောင်းတဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကတော့ စီးရီးတွေနဲ့ နာမည်စရလာပြီး ဒီနှစ်ထဲ FRESH နဲ့ Where the Crawdads Sing လိုကားကောင်းတွေရိုက်ထားတဲ့၊ ဆုတွေတစ်သီတစ်သန်းကြီးရရနေတဲ့ Daisy Edgar-Jones ပါ။ ရုပ်လည်းလှသလို သရုပ်ဆောင်လည်းကောင်းပါတယ်။ နောက် ဒီကားထဲက သူ့ရှေ့နေနေရာမှာတော့ လင်ကွန်းကားထဲ အမေရိကန်ပြည်ထောင်စုအထွေထွေအတွင်းရေးမှူးနေရာက သရုပ်ဆောင်ခဲ့တဲ့ David Strathairn ပါပါတယ်။စိမ့်တောကြီးရှိတဲ့ မြို့လေးတစ်မြို့ရှိတယ်။ အဲဒီစိမ့်တောမှာ မိသားစုနည်းနည်းပါးပါးနေကြတယ်။ နောက်ကျ အဲဒီစိမ့်တောက မိသားစုတွေအကုန်ပြောင်းသွားကြပြီး ကောင်မလေးတစ်ယောက်နဲ့ ...
movie
Where the Crawdads Sing (2022)
2022
5.6
Ride or Die (2021)
Ride or Die (2021)IMDb - 5.6/10 Indie Wire - 3.5/5 Rotten Tomatoes - 69%ဇာတ်လမ်းရဲ့အစမှာတော့ ReiNagaswa က Nanae Tsujimuraရဲ့အမျိုးသားကိုခန္ဓာကိုယ်ရင်းကာ လှည့်စားပြီးလုပ်ကြံသတ်ဖြတ်ခဲ့ပါတယ် Rei Nagasawa နဲ့ Nanae Tsujimura တို့ကမတွေ့တော့ဘဲ အဆက်အသွယ်ဖြတ်ထားတာ ၁၀နှစ်လောက်ရှိပါပြီ တနေ့မှာNanae Tsujimura ကသူ့ရဲ့အဆက်ဟောင်းလေးဖြစ်တဲ့ Nagasawa ကိုပြန်လည်ဆက်သွယ်တွေ့ဆုံခဲ့ပါတယ် ဒါပေမဲ့သူတို့တွေရဲ့ ပတ်သက်ဆက်ဆံမှုကအထက်တန်းကျောင်းသားဘဝက သာယာလွမ်းမောဖွယ်စတင်ခဲ့ပေမဲ့ ထင်သလိုမျိုး လိင်တူချစ်သူရည်းစားတွေလည်းမဟုတ်ခဲ့ပါဘူး ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ငယ်သံယောဇဉ်တွေ ရှိတဲ့အပြင် ဘယ်လိုအကြောင်းရင်းအကြောင်းခံတွေ ဘဝနောက်ခံတွေရှိခဲ့သလဲဆိုတာ သူတို့နှစ်ယောက်ဘာလို့လမ်းခွဲခဲ့ကြသလဲ Rei က Tsujimura ရဲ့ယောက်ျားကိုဘာလို့ သတ်ဖြတ်ခဲ့တာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ ဒီဇာတ်ကားမှာတော့ Lesbianတစ်ယောက်ရဲ့ သူ့ချစ်ရသူအပေါ် စွန့်လွှတ်အနစ်နာခံမှုတွေ ပေးဆပ်မှုတွေကိုရိုက်ပြပြီး romanticဆန်ချက်ကတော့ straight တွေတောင်အရှုံးပေးရလောက်မဲ့ အချစ်စစ်မျိုးပါ Reiတို့ လူသတ်မှုကိုကျူးလွန်ပြီးထွက်ပြေးလွတ်မြောက်နိုင်ပါ့မလား.... ထို့အပြင်ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေမှာ cameraကို 360°ရိုက်ပြတဲ့ sceneတွေ ကိုယ်ကိုယ်တိုင်နောက်ကနေလိုက်ပြီး stalkingလုပ်ရသလိုမျိုး ခံစားရမဲ့ sceneတွေ ပါဝင်တာကြောင့် စကားနဲ့ထုတ်မပြောဘဲ မျက်လုံးတွေကနေ ခံစားချက်တွေကိုဖော်ထုတ်ပြသတာတွေကြောင့် တမူထူးခြားတဲ့ရသကို ခံစားရစေမှာပါ ဒါကြောင့် Japanese ...
movie
Ride or Die (2021)
2021
4.9
Burial (2022)
Burial 2022ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦးအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August
movie
Burial (2022)
2022
4K HEVC
[18+] Bula (2022)
Bula (2022)မယ်လ်ဒီက အဝတ်လျှော်လုပ်ငန်းတစ်ခုမှာအလုပ်လုပ်တဲ့မိန်းမငယ်တစ်ယောက်၊ ခင်ပွန်းသည်ဒုက္ခိတကြီးကိုပြုစုလုပ်ကျွေးနေသူလဲဖြစ်တော့ သူ့ဘဝကရိုးရှင်းဟန်ရှိတယ်။ဒါပေမယ့်အပေါ်ယံဖြူစင်တဲ့မျက်နှာစာအောက်မှာ သိပ်ကြောက်စရာကောင်းတဲ့ မိန်းမတစ်ယောက်နေထိုင်တာကို ပတ်ဝန်းကျင်တစ်ခုလုံးမသိရအောင် အနေအထိုင် သိုသိပ်ကျစ်လျစ်ပါတယ်။ သူ့မှာပြင်းပြဖောက်ပြန်တဲ့ တဏှာရမ္မက်တွေရှိတယ်။ သူ့ဖောက်သည်တွေရဲ့အဝတ်အစားတွေ ဝတ်စုံတွေကိုခိုးယူဝတ်ဆင်ပြီး သူပြုသမျှနုရာရှာတဲ့ ခင်ပွန်းသည် ဒုက္ခိတကြီးနဲ့ သူ့ရဲ့ uniform fetish တွေ Roleplay တွေနဲ့ဆန္ဒကိုဖြေဖျောက်ပါတယ်။ ဒါတင်မကပိုကြောက်ဖို့ကောင်းတဲ့အချက်က သူဟာလိုချင်တဲ့အရာတစ်ခုကို သက်မဲ့အရာဝတ္ထုကအစ သက်ရှိဘဝအဆုံး မရရအောင်ယူတတ်တဲ့သူ ရဖို့အတွက်ဘာမဆိုလုပ်ရဲတဲ့သူဖြစ်နေတာပါပဲ။ဒီလိုနဲ့ သူတို့ရဲ့ဖောက်သည်အသစ်ဖြစ်တဲ့ ရဲအရာရှိနဲ့ချစ်သူမော်ဒယ်မလေးတို့ကိုမြင်ရတဲ့အချိန်မှာ သူဟာ မော်ဒယ်မိန်းကလေးဘဝကိုအားကျပြီး ရဲအရာရှိကိုငမ်းငမ်းတက်လိုချင်လာတဲ့အချိန်... အဲ့ဒါတွေနဲ့ တပြိုင်တည်း သူတို့ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကွင်းဆက်လူသတ်မှုတွေကိုပါ ဒီရဲအရာရှိက စုံစမ်းစစ်ဆေးဖို့ဖြစ်လာတဲ့အချိန်မှာ သူတို့ချင်းထိပ်တိုက်ဆုံဖို့ ဖြစ်လာပါတော့တယ်။လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်တဲ့ မင်းသမီးငယ်လေး Ayanna Misola နဲ့ High (School) On Sex ထဲကကျောင်းဆရာမမ Rob Guinto တို့နှစ်ဦးတွဲပွဲကြမ်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ အရမ်းကောင်းပါတယ် စတော်ဘယ်ရီလိုပါပဲ...(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ...
movie
[18+] Bula (2022)
2022
5.3
Damascus Time
Damascus Time (2018)5 Wins & 5 Nominations၀၁၈မှာ ထွက်ရှိခဲ့ပြီး ဆု၃ဆုနဲ့ စကာတင် ၈နေရာအထိ ရခဲ့တဲ့ ပရိသတ်အကြိုက်တွေ့မယ့် အီရန်အက်ရှင်ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Sanction ရှိတဲ့နိုင်ငံဖြစ်တာကြောင့် Criticတွေ သိပ်အလေးပေးတာ မခံခဲ့ရပေမယ့် ပြည်တွင်းမှာတော့ အတော်လေးအောင်မြင်ခဲ့သလို အနုပညာတန်းလည်း မနိမ့်လှတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။၂၀၁၁ခုနှစ် ISISပြဿနာ အကြီးအကျယ်ဖြစ်ပွားခဲ့တဲ့ ကာလကို ဇာတ်အိမ်တည်ထားတာပဲ ဖြစ်ပါတယ်။ ISISတွေရဲ့ ကြီးစိုးမှုကြောင့် ဆီးရီးယားတစ်နိုင်ငံလုံး အကျပ်အတည်းကြုံတွေ့ကာ အကူအညီလိုအပ်နေချိန် အီရန်နိုင်ငံသားပိုင်းလော့ ၂ယောက်ဟာ Palmyra မြို့တွင်း ပိတ်မိနေတဲ့ ဆီးရီးယားပြည်သူတွေကို လေယာဉ်ဖြင့် ကယ်ထုတ်ဖို့ အကြောင်းဖန်လာပါတယ်။ သူတို့ရဲ့ ခရီးစဉ်ဟာ Palmyraမြို့တွင်းက ပျံထွက်လာချိန်အထိ အဆင်ပြေခဲ့ပေမယ့် ခရီးသည်တွေထဲမှာ မလိုလားအပ်တဲ့ဧည့်သည်တွေ ပါလာရာ...ဒီရုပ်ရှင်ဟာ အက်ရှင်ကားလို့ နာမည်တပ်ရပေမယ့် ဘာသာရေးဆိုင်ရာ အယူအဆတွေနဲ့ ယုံကြည်မှုတွေအကြောင်း အတော်လေးထည့်သွင်းထားသလို ကိုးကွယ်ရာခြင်းတူရင်တောင် ယုံကြည်မှုလွန်ကဲတဲ့ ပြဿနာက ဘယ်လောက်ထိ ဒုက္ခပေးနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ဘာသာရေးဆိုင်ရာ အသုံးတွေများပြီး မူရင်းအင်္ဂလိပ်စာဖိုင်မှာ လိုအပ်ချက်တချို့ ပါတာဖြစ်လို့ အတတ်နိုင်ဆုံး ...
movie
Damascus Time
2018
6.4
Fall (2022)
အသည်းတအေးအေးနဲ့ကြည့်ရမယ့် ရုပ်ရှင်အသစ်တစ်ကားလာပါပြီ။ ပိုစတာကြည့်ရုံနဲ့တင် ဘယ်လိုကားလဲသိမလားတောင်မသိဘူး။ အမြင့်တက်တဲ့စွန့်စားခန်းကားပါပဲ။ တောင်တက်သမားကောင်မလေးတစ်ယောက်ဟာ အတူတောင်တက်တဲ့ သူ့ယောကျ်ား ပြုတ်ကျပြီး ဆုံးသွားတဲ့နောက်မှာ စိတ်ဓာတ်ကျပြီး အရက်တွေသောက် အခန်းထဲအောင်းတာပဲလုပ်နေပါတော့တယ်။ဒီတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းသူ့ကိုစိတ်ပြေလက်ပျောက်အမြင့်တစ်ခုတက်ဖို့လာခေါ်ပါတော့တယ်။ သူတို့တက်ရမယ့်အရာ အမေရိကရဲ့ စတုတ္ထမြောက်အမြင့်ဆုံး တီဗီတာဝါဖြစ်ပြီး ပေ ၂၀၀၀ လောက်ကိုမြင့်ပါတယ်။ သူက အစပိုင်းမှာ သံဘောင်တွေပါတဲ့အတွင်းလှေကားကနေ လုံလုံခြုံခြုံတက်ရတာဖြစ်ပေမဲ့ ထိပ်တစ်ဆင့်မှာတော့ လှေကားအလွတ်ကြီးပဲ ရှိပါတယ်။ သူတို့တွေ အဲဒီအပေါ်ကို ခက်ခက်ခဲခဲတက် ဓာတ်ပုံတွေရိုက်ပြီး ပြန်အဆင်းမှာတော့ သံလှေကားဟောင်းကြီး ကျွတ်ကျသွားခဲ့ပါတယ်။အဲဒီတော့ တာဝါအမြင့်ကြီးရဲ့ ထိပ်ဆုံးမှာ သူငယ်ချင်းနှစ်ယောက် ပိတ်မိနေပြီး ကယ်မယ့်သူလည်းမရှိ၊ ဘေးပတ်လည်မှာလူလည်းမရှိ၊ ဖုန်းလိုင်းလည်းမမိတဲ့အချိန်မှာ အသက်ရှင်လျက် ပြန်ဆင်းလာနိုင်ဖို့ ဘယ်လိုတွေ နည်းမျိုးစုံနဲ့ စွန့်စားရမလဲဆိုတာ ကြည့်ရမှာပါပဲ။ အက်မင်ကတော့ အမြင့်ကြောက်တတ်လို့ ဒီကားကြည့်ရတာ ဟော်ရာကားကြီးတွေထက်တောင် ရင်တုန်ပါသေးတယ်။ အတော်လေးခံစားလို့ကောင်းတဲ့ရုပ်ရှင်ပါပဲ။File size…(1.93GB)/(1018MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar ...
movie
Fall (2022)
Out of the Blue (2022)
ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါအဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာကနေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာFile size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Out of the Blue (2022)
5.4
Low Life (2022) (18+)
ဒီတစ်ခါတော့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဘန်နီဆိုတဲ့ တစ်ယောက်ဟာ အသက်၁၃နှစ်အရွယ် ကောင်မလေးလိုမျိုး အွန်လိုင်းမှာဟန်ဆောင်စကားလိုက်ပြောပြီး သူ့ဆီကနေ ညစ်ညမ်းပုံတွေတောင်းတဲ့သူတွေကို ချိန်းဆိုဗီဒီယိုရိုက်ပြီးတော့ YOUTUBE က ချန်နယ်မှာတင်နေတဲ့သူတစ်ယောက်ပါ သူ့ရဲ့ လုပ်ရပ်က တရားမဝင်လို့ ရဲမှူးကိုယ်တိုင်ကိုက သတိပေးစာထုတ်ထားရတဲ့တစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့ အမာခံ ပရိသတ်ကောင်မလေးတစ်ယောက်က သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ အဖေကို ကလေးသူငယ်လိင်အကြမ်းဖက်တဲ့သူအဖြစ် ကောင်လေးကိုသတင်းပေးလိုက်ပြီး အဲဒီသူကိုဖော်ထုတ်ဖို့အတွက်ကြိုးစားကြတော့တာပေါ့ အဲဒီမှာပဲ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တော့တာပါပဲ ဥပဒေရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးအချိုးချိုး နေတဲ့အဲဒီကောင်လေးကဘာတွေဖြစ်သွားမလဲ သူလုပ်တာကိုကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေရောရှိနေမှာလား ကောင်မလေးသူငယ်ချင်းရဲ့ အဖေကရော တကယ်ပဲ လိင်အကြမ်းဖက်တဲ့သူတစ်ယောက်လား အဲဒီသူကိုဖော်ထုတ်ရင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ..... မှတ်ချက် ညစ်ညမ်းတဲ့စကားလုံးတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူးFile size…(2.92GB)/(1012MB)/(605MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Thriller / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Low Life (2022) (18+)
4.0
Maneater (2022)
Maneater (2022) =============လက်ထပ်ပွဲပျက်ထားတဲ့ ဂျက်စီနဲ့ သူမကို နှစ်သိမ့်ပျော်ရွှင်စေချင်တဲ့ သူငယ်ချင်းတစ်သိုက်ဟာ ကမ်းခြေကို ဟန်းနီးမွန်းအစား အဖွဲ့လိုက် ခရီးထွက်လာကြပါတယ်။သူတို့မသိထားတာကတော့ ကမ်းခြေမှာ လွန်ခဲ့တဲ့တစ်ပတ်က ငါးမန်း ကိုက်ခံရလို့ မိန်းကလေးတစ်ယောက် သေထားရတာကိုပါ။ ကျွန်းရဲ့အာဏာပိုင်တွေကလည်း ဒီအရေးကိစ္စကို အရေးမကြီးသလို ထားပြီး ဖြေရှင်းရှာဖွေရှင်းလင်းတာတွေလည်း မလုပ်ထားခဲ့ပါဘူး။ အာ့လို မဖြေရှင်းပေးကြတော့ သေဆုံးသူမိန်းကလေးရဲ့ဖခင်ဖြစ်သူ ဝါရင့်မာလိန် မှူးကြီးက သူ့ရဲ့ သမီးအတွက် လက်စားချေချင်နေသူပါ။ဂျက်စီတို့သူငယ်ချင်းတစ်သိုက်ရဲ့ ပေါ့ပါးလွတ်လပ်နေရမဲ့ အပန်းဖြေခရီး ကလည်း ထင်သလိုဖြစ်မလာတဲ့အခါ . မာလိန်မှုးကြီးနဲ့ ပေါင်းစည်းပြီး ပြန်လည်ကလဲ့စားချေတာကိုတွေ့မြင်ရမှာပါ။ တစ်ဖက်မှာလည်း ငါးမန်းကားတို့ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲနဲ့ သဝာ် ဖြတ်မှုတွေပါရှိတာမလို့ ဘယ်သူကရှင်ကျန်သူဖြစ်မလဲ။ ခွန်အားကြီးမားတဲ့ ငါးမန်းက အနိုင်ရရှိသူဖြစ်မလား၊ ဉာဏ်ပညာရှိတဲ့ လူသားတွေကပဲ ဒီငါးမန်းကို လက်စတုံးပစ်နိုင်မလား ရင်ဖိုဖိုနဲ့ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(1.69 GB) / (900 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror, ...
movie
Maneater (2022)
2022
4.3
No Way Out (2022)
No Way Out (2022) ==============ဇာတ်လမ်းအစ နစ်ကီဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် Street Photo တွေ ရိုက်နေရင်း တက်ဆာ ဆိုတဲ့ ကောင် မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။နစ်ကီက ဘဝကို သူ့ရဲ့အနုပညာထဲမှာပဲ မျောပါရင်း ဖြတ် သန်းနေသူတစ်ဦးပါ။ တက်ဆာဆိုတဲ့ ကောင်မလေးနဲ့ တွေ့ ပြီးနောက်ပိုင်း သူ့ရဲ့လုပ်ငန်းတွေလည်း အဆင်ပြေလာပြီး ကောင်မလေးနဲ့လည်း ချစ်ကြိုးသွယ်မိပါတော့တယ်။တစ်ရက် ပါတီကအပြန် တက်ဆာက နစ်ကီကို လူသတ်ခိုင်း ပါတော့တယ်။ တက်ဆာက အဲ့ဒီလူသုံးယောက်ကို ဘာကြောင့် သတ်ခိုင်းတာလဲ၊ နစ်ကီကရော လူသတ်တဲ့အလုပ်ကို လုပ်ပါ့ မလား၊ တက်ဆာနဲ့ နစ်ကီရဲ့ အချစ်ရေးလမ်းကြောင်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.4 GB) / (596 MB) / (447 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......Parris Encoder..........SWM
movie
No Way Out (2022)
5.2
3 Day Weekend (2019)
စော်ထားခဲ့လို့ဆိုပြီး တောထဲမှာတစ်ယောက်တည်း စခန်းမချပါနဲ့ တစ်ယောက်တည်းစခန်းချတယ်ဆိုတာ Tiktot ထဲမှာပဲကြည့်လို့ကောင်းတာပါ အပြင်မှာတော့ အဲဒီလိုမဟုတ်ပါဘူး ဒီကားထဲမှာတော့ စော်နဲ့ပြတ်လို့ ဆိုပြီး ပိတ်ရက် တောထဲမှာ စခန်းသွားချတဲ့ကောင်လေးဟာ ပတ်သွားရင်းနဲ့ ကားတစ်စီးထဲမှာ အမျိုးသမီးတစ်ယောက်ကို ဖမ်းထားတာ မြင်လိုက်ပါရော ကယ်ဖို့လုပ်နေတဲ့အချိန်မှာပဲ မျှားနဲ့ပစ်ခံရလို့ ထွက်ပြေးခဲ့ရတာပေါ့ဒီလိုနဲ့ ညဘက်ရောက်မှာတိတ်တိတ်လေးသွားကြည့်ရင်း အမျိုးသမီးရဲ့ စာကိုတွေ့ပြီး ဇာတ်လမ်းကစတော့တာပါပဲ စာထဲမှာ ဘာတွေများရေးထားမလဲ အမျိုးသမီးကရောဘယ်သူလဲ သူ့ကို ဘယ်သူတွေကဖမ်းလာတာလဲ ဘာကြောင့်များဖမ်းလာတာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.85GB)/(990MB)/(500MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
3 Day Weekend (2019)
First
101
102
103
104
105
Last
Previous
Next