Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Thriller
6.7
Marrowbone (2017)
Marrowbone (2017)IMDb Rating (6.7)ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ် File size…(3.1 GB )/(1.1 GB)/ (810 ...
movie
Marrowbone (2017)
2017
4K HEVC
6.3
Shree (2013)
Shree (2013) စာရေးလေးရှရီးနှင့် သူပတ်သက်မိသောပဟေဠိယခုအခါမှာတော့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကာလ ၂၀၁၃ ခုနှစ်က ထွက်ရှိထားပြီး IMDB 6.3/10 ရရှိထားတဲ့ “Shree”ဆိုတဲ့ Sci-Fi/Thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ချစ်ရသူဆိုနူးလေးကို သိပ်သိပ်ချစ်ရ ပေမယ့် ပိုက်ဆံမရှိလို့ လက်မထပ်ရသေးတဲ့ စာရေးလေး ရှရီး… Air Calling ဆိုတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ချစ်ရသူနဲ့လက်ထပ်ရဖို့အရေး ကြိုးစားရှာဖွေနေရင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး ရမ်ဒါဝမ်ရဲ့ ကမ်းလှမ်းချက်တွေအောက်မှာ စီးမျောပါသွားမိရာကနေ ပဟေဠိဆန်လှတဲ့သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မိပြီး အဆုံးသတ်မှာ ဘာတွေ ကြုံတွေ့လာရမှာလဲဆိုတာကို ပဟေဠိရှာရသလို ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team က ခံစားပြန်ဆိုရေးသားပေးထားတာပဲဖြစ်ပါတယ်) File size…1.8GB / 895MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Shree (2013)
5.5
Ganymede (2024)
ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီးသည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်းရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ်အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုကဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကိုမခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ်ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင်သိလာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီးလီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေကဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့်ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Ganymede (2024)
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
7.8
Vasco Da Gama (2024)
Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း)မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ ........ သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 2.3GB / 1.04GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 5m Subtitle….Myanmar ...
movie
Vasco Da Gama (2024)
Geylang (2023)
မကာအိုလိုပြောလိုက်ရင် အပျော်အပါးမျိုးစုံ ဒုစရိုက်မျိုးစုံနဲ့ပြည့်နှက်နေတဲ့နေရာဆိုတာ အားလုံးသတိထားမိကြမှာပါ။ ဒီတစ်ခါမှာလည်း မကာအိုလိုအပျော်အပါးမြိုကြီးကို အခြေခံပြီးတော့ ဂေးလန်းဆိုတဲ့ လောင်းကစား၊ အပျော်အပါးရမ္မက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ မြိုကြီးအကြောင်းကို တစိုးတစွင့်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းတစ်ညမှာ ဂေးလန်းက လိင်လုပ်သားအမျိုးသမီးတစ်ယောက်ဟာ အသတ်ခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အမတ်ရွေးကောက်ပွဲကလည်နောက်တစ်နေ့ဆိုစတော့မှာဖြစ်ပါတယ်။ အမတ်အဖြစ်ဝင်ပြိုင်ချင်တဲ့လူရဲ့ အမျိုးသမီးစီလင်းက ဒီကိစ္စသူနဲ့ဆက်စပ်နေတာကိုသိလိုက်ရတဲ့အခါမှာ ဒီကိစ္စကိုဖြေရှင်းဖိုကြိုးစားရင်း ကိစ္စတွေက ထင်ထားတာထက် ပိုပြီးရှုပ်ထွေနေတယ်ဆိုတာကို ဒီဇာတ်ကားထဲမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.4GB)/(680MB) Quality_Web DL 1080p HEVC / 720p Format_mp4 Duration_01:27:00 Genre_Action, Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Geylang (2023)
5.9
Murder at Honeymoon Hotel ( 2016 )
2016 ခုနှစ်က တောင်ကိုရီးယား-တရုတ် ပူးပေါင်းရိုက်ကူးထားတဲ့ ရယ်ရခက်ခက် ငိုရခက်တဲ့ ဟာသ လူသတ်သမားကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကို အကြမ်းဖြင်းမိတ်ဆက်ပေးရမယ်ဆို.. ဟိုတယ် ဧည့်ကြိုလေး ဝူတကျစ်ဟာ ကိုယ်ဝန်ဆောင် ဇနီးအသစ်စက်စက်လေးကို ဟန်နီးမွန်းမပို့နိုင်လို့ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာပဲ ပျားရည်စမ်းဖို့ စဉ်းစားခဲ့တာပေါ့...တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသမီးဆိုသူက သူဟန်နီးမွန်းဖို့ကြံထားတဲ့ အခန်းကိုမှ ရွေးတည်းခဲ့တယ်လေ... ဒီမင်းသမီးက ထူးတော့ ထူးဆန်းတယ်... ညကြီးအချိန်မတော် ကွန်ဒိုတိုက်ခန်းထဲရောက်သွားပြီးတော့... နောက်နေ့မှာ မန်နေဂျာလည်းမပါ... အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မန်နေဂျာကို ပိုက်ဆံပေးပြီး... မှတ်ပုံတင်မအပ် စာရင်းလည်းမသွင်းတဲ့အပြင်.. ဟိုတယ်တောင် အနောက် အရေးပေါ် အခန်းကနေ ဝင်ပြီးတည်းတာနော်...ဒီမင်းသမီးက ဒီဟိုတယ်မှာ ပလတ်စတစ်ဆာဂျရီနဲ့ တွေ့ဖို့ကြံထားတာဖြစ်ပြီး... တိုက်တိုက်ဆိုင်ဆိုင် အဲ့ ဆာဂျရီက ဝူတကျစ်ရဲ့ တစ်ရွာတည်းသား မ်ဝမ်ရဲ့ လက်ရှိယောက်ျားဖြစ်နေပြီး လောင်းကစားအကြွေးရှုံးလို့ ထွက်ပြေးနေရသူပေါ့...ကဲမင်းသမီးနဲ့ ဆာဂျရီနဲ့တွေ့ဖြစ်မှာလား... ဝမ်ဝမ်ကရော ဘာလို့ ဟိုတယ်ရောက်နေတာလဲ... ဝူတကျစ်ရော သူ့ဟန်နီးမွန်းအခန်း မင်းသမီးဆီက တောင်းလို့ရမှာလား... ဇာတ်ကားလေးက အလင်းပြပါလိမ့်မယ် Filesize : 2.24 GB / 1.06 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : ...
movie
Murder at Honeymoon Hotel ( 2016 )
The Clean Up Crew (2024)
ဒီကားလေးကတော့ အဲလက်စ်နဲ့ မက်ခ်ဂန်တို့ အတွဲဟာ အခင်းဖြစ်ပွါးရာမှာ ကျန်ခဲ့တဲ့ သွေးတွေကို သန့်ရှင်းရေးလုပ်ရတဲ့ သန့်ရှင်းရေးအဖွဲ့ကပါ သူတို့အဖွဲ့မှာ ရှာအိုဟန်ဆိုတော့ အဖွဲ့ခေါင်းဆောင်ရယ် ချာလီဆိုတဲ့ဆေးအမြဲသုံးနေတဲ့လူနှစ်ယောက်ပါတယ်တနေ့သူတို့မှုခင်းတစ်ခုကိုသွားရာကနေ သေတ္တာတစ်ခုကိုတွေ့ခဲ့တယ် အဲ့သေတ္တာကိုဖွင့်ကြည့်ရမှာတော့ ယူရို၂မီလီယံကို တွေ့ခဲ့တယ် အဲ့တော့ အဲ့ပိုက်ဆံသေတ္တာက ဘယ်ကရောက်လာတာလဲ ပြီးတော့ အဲ့ပိုက်ဆံနောက်ကိုလိုက်နေတဲ့ လူဆိုးအဖွဲ့စည်းတစ်ခုလည်းရှိပါသေးတယ်အဲဒီတော့ဘာတွေဘယ်လိုဖြစ်သွားမှာလဲ အဲလ်လက်စ်တို့ကရော ပိုက်ဆံတွေဘာလုပ်မှာလဲ နောက်ဆုံးမှာရော သူတို့ကိုလိုက်နေတဲ့သူတွေနောက်ကနေလွတ်မြောက်သွားမလားဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦးရှင် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe
movie
The Clean Up Crew (2024)
7.1
Riki-Oh: The Story of Ricky (1991)
Riki-Oh: The Story of Ricky (1991)IMDb Rating (7.1) / Rotten Tomatoes (90%)ဒီဇာတ်ကားက မင်းသား Louis Fan ရဲ့အကောင်းဆုံးအက်ရှင်ကားလို့ဆိုကြပြီး တကယ်လဲ အရမ်းကြမ်းတဲ့ ဟောင်ကောင်အက်ရှင်ဖိုက်တာကားဖြစ်ပါတယ်။Ricky Ho: The story of Ricky ဆိုတဲ့အတိုင်း ရစ်ကီဟိုဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပုဒ်ပေါ့ ဒီဇာတ်ကားက ၁၉၉၁ခုနှစ်မှာ ရိုက်ကူးထားတယ်ဆိုပေမယ့် ဇာတ်ကားထဲမှာအခြေတည်ထားတာ ၂၀၀၁ခုနှစ်ပါ ဇာတ်လမ်းကတော့ ၂၀၀၁ခုနှစ်မှာ ထောင်တွေက အစိုးရပိုင်မဟုတ်တော့ပဲ ပုဂ္ဂလိကတွေကိုလွှဲပေးထားပြီး ငွေရှင်အရင်းရှင်တွေခြယ်လှယ်တဲ့ခေတ်ပုံစံကို တင်ဆက်ထားပါတယ်။အဲ့ဒီပုဂ္ဂလိကထောင်တစ်ခုကို ရစ်ကီဟိုတစ်ယောက် လူသတ်မှုနဲ့ရောက်လာပါတယ်။ ထောင်တွေရဲ့ထုံးစံအတိုင်းကြီးနိုင်ငယ်ညှင်းတွေရှိနေသလို အခုသူရောက်သွားတဲ့ထောင်မှာ လေးပိုင်းပိုင်းပြီး အဖွဲ့လေးဖွဲ့ခွဲထားပါတယ်။ အရှေ့ဆောင် အနောက်ဆောင် တောင်ဖက်ဆောင်မြောက်ဖက်ဆောင်စသည်ဖြင့်ပေါ့။အဆောင်တစ်ခုချင်းဆီမှာဒိတ်ဒိတ်ကြဲသိုင်းကျွမ်းတဲ့ခေါင်းဆောင်တွေအုပ်ချုပ်တယ်။ ရစ်ကီဟိုဆိုတာကလဲ ခေသူမဟုတ် သေချာလေ့ကျင့်ထားတဲ့သိုင်းသမား စိတ်ကလဲမဟုတ်မခံ။ အဲ့မှာ ဗိုလ်ကျအနိုင်ကျင့်မှုတွေနဲ့မဟုတ်မခံနဲ့သွားတွေ့တော့တာပဲ။ပြီးတော့ ထောင်ကလဲ ထောင်ကိုဗန်းပြပြီးနောက်ကွယ်မှာမဟုတ်တရုတ်လုပ်တာတွေရှိနေပြန်တော့ ရစ်ကီဟိုလိုမဟုတ်မခံနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ဒီဇာတ်ကားက Extreme Violence အမျိုးအစားပါ သွေးထွက်သံယိုတွေတစ်ကားလုံးပြည့်နှက်နေပါတယ်လို့တော့ ကြိုသတိပေးပါရစေ။ File size…(2.7 GB )/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie
Riki-Oh: The Story of Ricky (1991)
1991
Double iSmart (2024)
Double iSmart 2024 (ဒဘယ်လ်အိုင်စမတ်)ယခုတစ်ခါမှာတော့ မင်းသားကြီး Sanjay Dutt ရဲ့ ခပ်ကြမ်းကြမ်း သရုပ်ဆောင်ချက်တွေနဲ့အတူ ခပ်မိုက်မိုက်ကြည့်ရှုရမယ့် တေလ်ဂူအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယရဲ့ အန္တရာယ်အရှိဆုံးနဲ့ အလိုချင်ဆုံးအဖြစ် ထုတ်ပြန်ခံထားရတဲ့ လူမိုက်ကျွဲကြီး၊ ကျွဲကြီးဟာ မူးယစ်ဆေးနဲ့ပတ်သတ်ရင် ဘုရင်တစ်ဆူလိုဖြစ်နေရုံသာမကဘဲ အာရှရဲ့ အကြီးမားဆုံး လက်နက်ရောင်းဝယ်ရေးအထိပါ တိုးချဲ့လုပ်ကိုင်လာခဲ့ပေမယ့် ဥပဒေဘက်တော်သားတွေအနေနဲ့ ကျွဲကြီးဟာ ဘယ်လိုပုံစံလဲဆိုတာကိုတောင် မသိကြပါဘူး။ဒီလိုမျိုးအင်အားကြီးလှတဲ့ကျွဲကြီးရဲ့ဘဝဟာ တစ်ရက်မှာတော့ ဂြိုဟ်ဆိုးဝင်ပါတော့တယ်။ သူ့မှာ ကုသလို့မရတဲ့ ဦးနှောက်အကျိတ်ဖြစ်နေပြီး ဒေါက်တာတွေက ၃လပဲ အသက်ရှင်တော့မယ်လို့ ပြောတဲ့အခါမှာတော့ သူဟာ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းရှာပါတော့တယ်။ဒီလိုနဲ့ နည်းလမ်းရှာရင်း မှတ်ဉာဏ်ရွှေ့ပြောင်းတဲ့နည်းလမ်းတစ်ခုပဲ ရွေးချယ်စရာဖြစ်လာတဲ့အခါမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ကူးပြောင်းဖို့ ခန္ဓာကိုယ်ရှာတဲ့အခါမှာ မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ကူးပြောင်းထည့်ပေးထားတဲ့ လူဆိုးလေးအိုင်စမတ်ဆိုတဲ့သူက သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့နောက်မှာတော့ ....... ကျွဲကြီးနဲ့ အိုင်စမတ်တို့ ဘယ်လိုတွေ တွေ့ကြုံရမလဲ .......သူတို့နှစ်ယောက်ရဲ့နောက်ကြောင်းတွေမှာရော ပတ်သတ်မှုတွေရှိနေလား ....... ဆိုတာတွေကို ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.8GB / 2GB Quality…WEB DL ...
movie
Double iSmart (2024)
Visfot (2024)
Visfot (2024) “တစ်ရက်တာ ကံကြမ္မာ” Genre – Crime, Thrillerမင်းသား Fardeen Khan နဲ့ Riteish Deshmukh တို့ ပါဝင်ထားတဲ့ အသစ်စက်စက် ဟင်ဒီစကားပြော လျှို့ဝှက် သည်းထိတ်ရင်ဖို မှုခင်းကားကောင်းလေးကို တင်ဆက်ပေးသွားမှာပါ။ရှိုအစ်ဆိုတာ မကောင်းတဲ့လောကထဲကနေ ရုန်းထွက်လာပြီး ကားမောင်းစားကာ အမေအိုကြီးကို လုပ်ကျွေးနေသူတစ်ယောက်ပါ။ ဘာသာမတူပေမဲ့ ငယ်စဉ်ကတည်းက ချစ်ရတဲ့ လပ်ကီးဆိုတဲ့ ချစ်သူလေးလည်း ရှိပြီး လက်ထပ်ဖို့ ကြိုးစားနေသူပေါ့။တစ်ညမှာတော့ သူ့ဆီကို မြေအောက်လောကထဲက ဘော်ဒါတစ်ယောက်က ကားထဲကို ဂျတ်ကတ်တစ်ထည် ထားသွားခဲ့ပါတယ်။ အိမ်မှာ အမှုမဲ့ အမှတ်မဲ့ သိမ်းထားပြီးနောက် မိခင်ဖြစ်သူကြောင့် ဝါယာရှော့ခ်ရပြီး အိမ်မီးလောင်သွားတဲ့အခါ ဂျက်ကတ်က ပျောက်သွားပါတယ်။အဲဒီမှာတင် လူဆိုးဘော်ဒါကို ရှိုအစ်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ အကျပ်ရိုက်ပြီး ကောင်မလေးဆီ အကူအညီ သွားတိုင်ပင်ရာကနေ ကောင်မလေးဖက်ကလည်း ပြဿနာတစ်ခု ပါလာတဲ့အခါ ပြဿနာနှစ်ခုနဲ့ စုံတွဲတစ်တွဲ တစ်ရက်တည်းမှာတင် ဘယ်လိုတွေ တိုင်ပတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Visfot (2024)
6.3
Line Walker 2 : Invisible Spy ( 2019 )
Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်...လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ.... လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ... ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား... ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ် Filesize : 1.97 GB / 971 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Thriller , Drama Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Line Walker 2 : Invisible Spy ( 2019 )
2019
7.2
Talk Radio (1988)
1984 ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ Denver ရေဒီယိုလိုင်းမှ စကားဝိုင်းရှိုးတင်ဆက်သူAlan Berg ရဲ့ တကယ့်အဖြစ်အပျက်အပေါ် အခြေခံပြီးဒါရိုက်တာ Oliver Stoneမှရိုက်ကူးထားတာပါ။ IDMbမှာ Rating 7.2 နဲ့ Rotten Tomatoes မှာ 82% ရရှိထားတဲ့ drama thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။အဲ့ခုနှစ်များဆီက ဂျူးလူမျိုးတွေ၊လူမည်းနဲ့ လိင်တူချစ်သူအသိုင်းအဝိုင်းတွေအပေါ် မြင်တဲ့ racist အမြင်တွေ၊ မူးယစ်ဆေးပြဿနာတွေ၊ ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်းရဲ့ ရှက်ရွံ့စရာ၊ ဝမ်းနည်းစရာ၊ မသတီစရာ အဖြစ်အပျက်တွေကို အသားပေးဖော်ပြထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ စာအုပ်အနေနဲ့လည်း ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် Eric Bogosianကပြဇာတ်အမျိုးအစား အဖြစ်ရေးသားထွက်ရှိထားပြီးပူလစ်ဇာရပြဇာတ်တစ်ပုဒ်လည်းဖြစ်ပါတယ်။မြို့ရဲ့အအောင်မြင်ဆုံး ရေဒီယိုစကားဝိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပါထုတ်လွှင့်ရဖို့ ကမ်းလှမ်းခံရတဲ့အချိန်မှာ ဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကိုအခြေခံပြီး လူ့အဖွဲ့အစည်းအတွင်းတစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်ဆက်စပ်ပုံကို ထင်ဟပ်ပြထားတဲ့ဇာတ်ကားကောင်းဆိုရင်လည်းမမှားပါဘူး။ရေဒီယိုရှိုးတင်ဆက်သူရဲ့ သာသာနဲ့နာနာနှပ်တတ်တဲ့ စကားတတ်မှု ၊ ဗဟုသုတကြွယ်မှုရဲ့ အကောင်းအဆိုးကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပြီး Eric Bogosian ရဲ့ ဇာတ်ကောင်ပိုင်နိုင်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။ ...
movie
Talk Radio (1988)
Tales from the Hood 2 (2018)
ဒီဇာတ်ကားလေးကတော့ 1995 မှာထွက်ခဲ့တဲ့ Tales from the Hood ရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆင်းမ် ဆိုတဲ့လူကြီးကို လုံခြုံရေး စက်ရုပ်တစ်ရုပ်ရဲ့ AI ကို သင်ကြားပေးဖို့အတွက် ကုမ္ပဏီတစ်ခုကနေ ဖိတ်ခေါ်ခံရတာနဲ့စပါတယ်။ ဒီတော့ မစ္စတာ ဆင်းမ် ကလည်း လူမျိုးရေး၊ အကြမ်းဖက်မှု၊ လိုအင်ဆန္ဒ နဲ့ပတ်သက်တဲ့ ပုံပြင် လေးပုဒ်ကို စက်ရုပ်သင်ယူနိုင်ဖို့အတွက်ပြောပြပါတော့တယ်။Horror ဆိုတော့ horror ဆန်တာလေးတွေပါသလို မထင်ထားတဲ့ twist လေးတွေလည်းပါတော့ စိတ်ဝင်စားဖို့ကောင်းနေပြန်ပါတယ်။ ကဲ ဒီလူကြီးပြောတဲ့ပုံပြင်ကို နားထောင်ချင်ကြတယ်ဆိုရင်တော့ ခံစားကြည့်ရှူလိုက်ကြပါဦးဗျာ။ File size…(2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre... Comedy, Crime, Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min
movie
Tales from the Hood 2 (2018)
5.1
Sorry, Charlie (2023)
ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie
Sorry, Charlie (2023)
6.5
Tales from the Hood (1995)
ဒီကားလေးကတော့ 1995 ခုနှစ်ကထွက်ထားတဲ့ Horror , anthology ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အသုဘအိမ်တစ်ခုမှာ အဖိုးကြီးတစ်ယောက်ကလူသေတွေရဲ့ ဇာတ်လမ်းတိုလေးတွေကို ပုံပြင်ပုံစံပြောပြတာကို ရိုက်ပြထားတာပါ။ ဒီကားထဲမှာ သွေးသံတရဲရဲ ရိုင်းစိုင်းတဲ့စကားလုံးတွေပါဝင်တာကိုတော့မကြည့်ခင်သတိထားစေချင်ပါတယ်။ File size…(1.7 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Crime, Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
Tales from the Hood (1995)
5.8
The Deliverance (2024)
လူဖြူအမျိုးသမီးနဲ့ လူမည်းအမျိုးသားက မွေးဖွားလာတဲ့ သွေးနှော လူမည်းအမျိုးသမီး အက်ဘနီကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။အက်ဘနီကိုယ်တိုင်က မူးယစ်ဆေးစွဲလို့ ပြုပြင်ထိန်းသိမ်းရေးအရာရှိစောင့်ကြည့်တာကို ခံနေရတဲ့ကာလမှာ အမျိုးသားဖြစ်သူကလည်းကလေးတွေနဲ့သူ့ကိုထားခဲ့ပြီး အီရတ်ကို ထွက်သွားကာ အဆက်အသွယ်ပြတ်သွားပါတယ်။အဲဒီလိုနဲ့ ကလေးတွေကို ကိုယ်တိုင်ပျိုးထောင်မယ်၊ ဘဝသစ်စမယ်ဆိုပြီးပြောင်းရွှေ့လာတဲ့ အိမ်သစ်ကို ရောက်ပြီးကာမှ ကလေးတွေမှာ တစ်ခုပြီးတစ်ခု ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လာပါတယ်...ကိုယ်တိုင်က ဆေးစွဲခဲ့ပြီး အရင်တုန်းက သောင်းကျန်းခဲ့တဲ့ ပြစ်မှုဟောင်းတွေရှိတာကြောင့် ကလေးတွေမှာဖြစ်ပျက်နေတဲ့အရာတွေက သူလုပ်တာမဟုတ်ဘဲ ထူးဆန်းတဲ့အရာတစ်ခုခုကြောင့်ဆိုတာကို ဘယ်သူကမှမယုံကြည်ခဲ့ကြပါဘူး...အဲဒီလိုနဲ့ ကိုယ့်ရင်သွေးတွေကို မွေးစားဖို့ပေးလိုက်ရတော့မလိုအခြေအနေဖြစ်နေရာကနေ ဒီအိမ်မှာစွဲကပ်နေတဲ့နတ်ဆိုးဆိုတာကိုဘယ်လိုရင်ဆိုင်မလဲ..သားသမီးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ပြန်နေရပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီရုပ်ရှင်ကားက အပြင်ကလက်တွေ့ဖြစ်ရပ်မှန်ပေါ် အခြေတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့၊ကိုယ်ဟာ အချစ်ခံရတဲ့သူတစ်ယောက်ဆိုတာကို ယုံကြည်နိုင်ဖို့...အစရှိတဲ့ လူမှုရေးပြဿနာတွေ၊ အရှုပ်အထွေးတွေနဲ့ပတ်သက်ပြီးဖြေရှင်းသင့်တဲ့နည်းလမ်းမျိုးကို ဘာသာရေးဆန်ဆန် Message တွေပေးထားတဲ့ ဇာတ်ကားတစ်ကားပုံစံ ပိုပေါက်တဲ့အတွက် Jump scenes တွေပါဝင်ပြီး ခြောက်လှန့်တာကိုပဲ ဦးစားပေးထားတဲ့ သဲထိတ်ရင်ဖိုသရဲဇာတ်လမ်းမျိုးတွေကြည့်ချင်တဲ့ပရိသတ်အတွက်တော့ အနည်းငယ်မျှော်လင့်ချက်နဲ့မကိုက်တာမျိုးဖြစ်နိုင်ကြောင်း ...
movie
The Deliverance (2024)
7.1
Narc (2004)
Narc ဇာတ်ကားဟာ 2002 မှာထွက်ရှိထားတဲ့Thriller/Crime အမျိုးအစား ဖြစ်ပါတယ်။IMDb7.1 ရရှိထားပြီး Rotten tomatoes 84% ရထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တာဝန်ကရပ်ဆိုင်းခံထားရတဲ့ရဲအရာရှိ နက်ခ် တဲလစ်ကို ရဲတစ်ယောက်အသတ်ခံရတဲ့အမှုကိုပြန်လိုက်ဖို့ တာဝန်ပေးလိုက်ကြပါတယ်။သူရဲ့တွဲဖက်ပါတနာကတော့ ဟင်နရီအုက်ခ် ဖြစ်ပြီးဆုံးသွားတဲ့ရဲအရာရှိရဲ့ တွဲဖက်ဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဟင်နရီအုက်ခ်ဟာ သူ့ရဲ့သူငယ်ချင်းဆုံးသွားတဲ့အပေါ်လက်စားပြန်ချေနိုင်ဖို့ ဘာမဆိုလုပ်ဝံ့သူပါ။ဒါကြောင့် crime ဇာတ်ကားကြိုက်တဲ့သူတွေအဖို့ တဲလစ်နဲ့အုက်ခ် တို့လူသတ်မှုနောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ကြမယ်၊အဖြေရှာကြမယ်ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.51 GB / 1.05GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Crime /Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Paing Zay Phyo
movie
Narc (2004)
6.7
The Bone Collector (1999)
ဒန်ဇယ်ဝါရှင်တန် နဲ့ ဂျိုလီတို့ရဲ့ နာမည်ကျော်ကားလေး တင်ပေးလိုက်ပါတယ်။ လူသတ်ပြီးတိုင်း အရိုးတစ်စကို ဖယ်ထုတ်သွားတတ်တဲ့ ဆန်းကြယ်တဲ့ လူသတ်သမားနောက်ကို သဲလွန်စရှာလိုက်ကြမယ့် ခြေလက်သေနေတဲ့ မှုခင်းဆေးပညာရှင် နဲ့ ရဲမေတို့ရဲ့ စွန့်စားခန်းနဲ့ ရင်တုန်စရာ ဇာတ်လမ်း... File size…(2 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama, Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khant Myo Thu
movie
The Bone Collector (1999)
1999
8.4
Visaranai (2015)
Visaranai (2016) "ထောင်ချောက်"CM ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ဝတ္ထုတစ်ပုဒ်အား ပြန်လည်အသက်သွင်းထားတဲ့ တကားအဟောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရီဗျူးကောင်းတွေရထားသလို ဒီရုပ်ရှင်ထဲက အကြောင်းအရာတစ်ချို့ကြောင့် အတော်လေးလူပြောစရာဖြစ်ခဲ့ပြီး သရုပ်ဆောင်တွေကိုအမှန်တကယ် ရိုက်နှက်ခဲ့တယ်ဆိုကာ ဝေဖန်ခံခဲ့ရပါသေးတယ်တေလဂူးစကားပြောတဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ တမီးလ်ရွှေ့ပြောင်းလုပ်သားတွေက ဘာသာစကားတောင် မတတ်ဘဲ ပင်ပင်ပန်းပန်းရပ်တည်ကြရပါတယ်အိမ်ခြေရာမဲ့ တမီးလ်အလုပ်သမားလေးယောက်ဟာ ပန်းခြံထဲမှာအိပ် ကြုံရာကျပန်းလုပ်ကိုင်ကြရင်း ဘုမသိဘမသိ ရဲဖမ်းတာခံလိုက်ရပြီး စခန်းရောက်တော့ ဘာမပြောညာမပြော ရိုက်နှက်စစ်ဆေးခံရပါတယ်ဘာအကြောင်းရင်းမှ မသိဘဲ ဒုစရိုက်ကျော့ကွင်းထဲ သွတ်သွင်းခံလိုက်ရတဲ့ သူတို့တွေ ဘာဆက်ဖြစ်မှာလဲ ဘယ်လိုမြှုပ်ကွက်တွေရှိနေမှာလဲ ...တမီးလ်မဆလာရုပ်ရှင်တွေနဲ့ ကွဲထွက်နေတဲ့ ဒီရုပ်ရှင်လေးမှာ ပရိသတ်ကြီး ခံစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.79GB / 851MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Visaranai (2015)
1
2
3
Last
Next