Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sport
6.6
Zero to Hero (2021)
Zero to Hero (2021)IMDb - 6.6/10ဒီဇာတ်ကားလေးကတော့ IDMP 6.6 အထိရရှိထားပြီး ၉၄ ကြိမ်မြောက် ဟောင်ကောင်အကယ်ဒမီဆုပေးပွဲ အတွက် တစ်ကြိုစာရင်းပါခဲ့တဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ............................................. ဇာတ်လမ်းအကျဉ်းကို မပြောခင်မှာ မေးခွန်းလေးတစ်ခု အရင်မေးကြည့်ချင်ပါတယ်။ အားကစားနယ်ပယ်အစုံမှာ နိုင်ငံကိုယ်စားပြု ဖြစ်ဖို့ လွယ်ပါသလား။ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ တွေပေါင်းစပ်ပါမှ သာမန်လူတစ်ယောက်ဟာ အားကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်မှာပါ။ ဒီထက်ဆိုးတာက မွေးရာပါရောဂါကြောင့် ကြွက်သားတွေ ထိန်းချုပ်မရဘဲ လမ်းတောင်မနည်းလျှောက်နေရတဲ့ ဘ၀ကနေ အားကစားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် မဖြစ်နိုင်လောက်အောင် ခက်ခဲမှာမဟုတ်လား။ဒီဇာတ်လမ်းဟာ ဒီလိုလူတစ်ယောက်အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာမို့ စိတ်၀င်စားစရာအပြည့်နဲ့ပါ။မွေးရာပါ အာရုံကြောအားနည်းတဲ့ရောဂါကြောင့် ကြွက်သားတွေမသန်စွမ်းဘဲ မွေးဖွားလာတဲ့ လက်ရှိ မသန်စွမ်း အိုလံပစ် မီတာ ၂၀၀ ကမ္ဘာ့စံချိန်ရှင် "ဆို၀ါဝိုက် "ရဲ့ဘ၀ဇာတ်ကြောင်းကို မွေးစမှ နောက်ဆုံးပြိုင်ပွဲအထိ သူ့မိသားစုအကြောင်းပါမကျန် ရိုက်ပြထားတာမို့ လေးစားအတုယူစရာ ဆို့နင့်ကြေကွဲစရာ ရသအစုံပေးစွမ်းတဲ့ ကွမ်တုံစကားပြော ...
movie
Zero to Hero (2021)
2021
6.6
Bend It Like Beckham (2002)
IMDb Rating (6.6) / Rotten Tomatoes (85%)မင်းသမီးကီရာနိုက်တလေပါဝင်တဲ့ဒီဇာတ်ကားလေးက Sport,Comedy,Drama ပုံစံနဲ့ ဟိုးအရင်တုန်းက ကားလေးဖြစ်ပေမယ့် ကြည့်ရှုသူတွေအတွက် လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားလဲ ဖြစ်မှာပါ။ လွမ်းစရာဆိုတာကတော့ မန်ယူဖန်တွေအတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ မန်ယူနဲ့ ဘက်ခမ်းတို့ လျှမ်းလျှမ်းတောက် ကျော်ကြားစဉ်က ထွက်လာခဲ့တဲ့ဒီကားလေးဟာ ပေါ့ပေါ့ပါးပါးနဲ့ အိန္ဒိယ၊ အင်္ဂလိပ် ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယကောင်မလေးတစ်ယောက်ဟာ ယဉ်ကျေးမှုတွေကနေ သွေဖီပြီး ဘောလုံးကန်ချင်တဲ့ ဆန္ဒပြင်းပြနေခဲ့တယ်။ သူ့ရဲ့ အိုင်ဒေါကလည်း ဒေးဗစ်ဘက်ခမ်း။ ဘက်ခမ်းကို အရူးအမူးဖြစ်ရာကနေ ဘောလုံးကန်တဲ့နေရာမှာလည်း ထူးချွန်အောင်ကြိုးစားတယ်။ ဒါပေမယ့် အိန္ဒိယတို့ရဲ့ ထုံးစံအရ ဒါဟာ မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုပြီး မိဘတွေက တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သူကလည်း တစ်ချိန်ကျရင် ဒေးဗစ်ဘက်ခမ်းလို ဝေ့ဝိုက်ကန်ကွက်တွေနဲ့ ကမ္ဘာကျော်ရမယ်လို့ စိတ်ထဲတွေးထားတာ။ အဲဒီလိုနဲ့ ကျောင်း မိန်းကလေးအသင်းက လူတွေနဲ့တွေ့တဲ့အခါ သူဘယ်လိုဖြစ်လာမှာလဲ။ ကမ္ဘာကျော်သွားမှာလား။ ဒေးဗစ်တို့နဲ့ တွေ့ရမလား၊ အိမ်ကကော အသာတကြည်ခွင့်ပြုနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ မန်ယူဖန်တွေအနေနဲ့ကတော့ ဝမ်းနည်းပက်လက်ဖြစ်စေမယ့် ကားလေးဆိုတာ အာမခံပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ...
movie
Bend It Like Beckham (2002)
7.2
Unbroken (2014)
မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie
Unbroken (2014)
HEVC 1080p 5.1
6.3
Rashmi Rocket(2021)
Haseen Dillruba ရုပ်ရှင်ထဲက မင်းသမီးချောလေးTaapsee Pannu ကို ဘယ်သူတွေ လွမ်းနေကြတုန်းဒီတစ်ခါမှာလည်း သူဟာ အရမ်းမိုက်တဲ့ ဇာတ်ကားနဲ့အတူ ပြန်လာခဲ့ပြန်ပါပြီဒီဇာတ်ကားမှာတော့ သူဟာ အဓိကဇာတ်ကောင်ဖြစ်တဲ့ရက်ရှ်မီးနေရာကနေ သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ရက်ရှ်မီးဟာ မိန်းကလေးဆိုပေမယ့်လည်း မိန်းကလေးပီပီသသနေတတ်တဲ့သူမဟုတ်ပါဘူးအရပ်အမောင်းထွားတဲ့အပြင်ကို ဆံပင်ကလည်းစုတ်ဖွားနဲ့ မိန်းကလေးလို့ မြင်စရာကိုမရှိတာပါသူ့ရွာကလူတွေကတော့ ရက်ရှ်မီးကိုနောက်ထပ်နာမည်တစ်မျိုးပေးထားသေးတယ်အဲ့ဒါကတော့ ရော့ကတ်တဲ့ ဘာလို့လဲဆိုတော့ သူကပြေးရင် အရမ်းမြန်တာကိုးအဲ့လို အရမ်းမြန်တဲ့ ရက်ရှ်မီးရော့ကတ်ဟာ ငယ်စဥ်ကအကြောင်းတစ်ခုကြောင့် အပြေးပြိုင်ပွဲကို ရပ်နားခဲ့ရပါတယ်ဒါပေမဲ့ ဗိုလ်ကြီး ဂါဂန်ရဲ့ တိုက်တွန်းမှုကြောင့် ရက်ရှ်မီးတစ်ယောက်အပြေးပြိုင်ပွဲကို ပြန်လည်ဝင်ပြိုင်ရာကနေပြီးတော့ နိုင်ငံလက်ရွေးစင်အဖွဲ့ဝင်အနေနဲ့ယှဥ်ပြိုင်ရတဲ့အထိ တစ်ဟုန်ထိုး အောင်မြင်လာခဲ့ပါတယ်အောင်မြင်လာတာနဲ့အမျှ မလိုမုန်းထားအကောက်ကြံစည်မှုတွေရှိလာတတ်တာ သဘာဝပဲမဟုတ်လားဒီဇာတ်လမ်းထဲမှာကော ရက်ရှ်မီးတစ်ယောက်ဘယ်လိုဒုက္ခတွေကြုံတွေရမလဲ....??ဘယ်လိုမျိုး ကြံ့ကြံ့ခံပြီး အခက်အခဲတွေကို ရက်ရှ်မီးတစ်ယောက်ဘယ်လိုဖြတ်ကျော်သွားမလဲဆိုတာ...ရင်တဒိတ်ဒိတ်နဲ့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်File Size - 1.6 GB / 1.3GB Quality - 1080P & 720P Subtitle - Burmese Translator - Shwe ...
movie
Rashmi Rocket(2021)
6.8
Seetimaarr(2021)
ကာသီ (Gopichand) ဟာရာဂျာမွန်ဒရီအနီး ကာဒီယမ်ရွာကဘဏ်မှာအလုပ်လုပ်ပြီး တစ်ဖက် အမျိုးသမီးကာဘာဒီအဖွဲ့တစ်ဖွဲ့ကို နည်းပြလုပ်ပေးနေပါတယ်။သူ့ကျေးရွာကာဘာဒီဖွဲ့ကနေ အန်ဒရာပရာဒေ့ရှ်ပြည်နယ်ကိုယ်စားပြုပြီးနိုင်ငံတော်ကာဘာဒီချန်ပီယံဆုကိုရရှိဖို့က သူ့အိမ်မက်ပဲဖြစ်ပါတယ်။သူနဲ့ သူ့အဖွဲ့ဟာ ဆီမီးဖိုင်နယ်ပွဲအတွက်မြို့တက်လာချိန်မှာ တစ်ချိန်က ကျောင်းတော်ကရန်စဟောင်းဂျဝါလာရက်ဒီ (Tamannaah) ကလဲ တယ်လန်ဂနာပြည်နယ်ကကာဘာဒီအဖွဲ့နည်းပြအဖြစ်ပြန်တွေ့ရပါတော့တယ်။အဲ့ဒီအချိန်မှာမှ ကိုယ်ရေးကိုယ်တာအငြိုးအတေးတစ်ခုအတွက်သူ့အဖွဲ့ကို လူဆိုးဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အချိန်မှာတော့ကာသီတစ်ယောက် အစွမ်းကုန်ကြိုးစားကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။Seetimaarr ဟာပေါ့ပေါ့ပါးပါးနဲ့ ဖျော်ဖြေရေးအသားပေးပွဲတော်ချိန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဖျော်ဖြေရေးကားထုံးစံအတိုင်း သီချင်းကောင်းကောင်းတွေ၊မင်းသမီးအမိုက်စားတွေ၊ အက်ရှင်ခန်းအလန်းကြီးတွေနဲ့တင်ဆက်ထားတာဖြစ်ပြီးဇာတ်လမ်းဇာတ်အိမ်ဘက်မှာလဲ မလျော့တဲ့ဇာတ်ကားတစ်ကားဖြစ်သလိုမြန်မာပရိသတ်နဲ့ရင်းနှီးတဲ့ ဘာဟူဘာလီ မင်းသမီး Tamannaah,Jalebi မင်းသမီး Digangana နဲ့ Bhumika Chawla တို့လိုအလှပဂေးမင်းသမီးသုံးယောက်တောင်ပါဝင်ထားပါတယ်။File size…2.14GB / 1.31GB Quality…1080p WEB DL DDP5.1 / 720p Format…Mp4 Duration….2h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alias & Sai ThuRein Lynn
movie
Seetimaarr(2021)
2021
9.2
Dangal (2016)
Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie
Dangal (2016)
2016
HEVC 1080p
6.0
Kho Kho(2021)
Kho Kho (2021)IMDb – 6.0/10ငယ်ငယ်ကကျောင်းမုန့်စားဆင်းတဲ့အချိန် ကျောင်းဝန်းထဲမှာကိုယ်တွေ ထုတ်ဆီးတိုး၊ ကြိုးခုန်၊ ပြေးတမ်း လိုက်တမ်းစတဲ့ကစားနည်းပေါင်းစုံကစားခဲ့သလို အိန္ဒိယနိုင်ငံရဲ့ကျောင်းသားကျောင်းသူတွေ ပျော်ပျော်ပါးပါးကစားကြတဲ့Kho Kho (ခိုခို) ဆိုတဲ့ကစားနည်းလေးရှိပါတယ်။ ဒီလိုအားကစားနည်းလေးတွေကစားတာဟာတစ်ချိန်မှာအောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လာနိုင်တဲ့လမ်းစဆိုတာ ဘယ်သူကတွေးမိမှာလဲ ..ဇာတ်လမ်းအစမှာ Perunthuruthu ဆိုတဲ့ရွာလေးက မိန်းကလေးကျောင်းတစ်ကျောင်းကိုMaria လို့ခေါ်တဲ့ အားကစားဆရာမလေးအသစ်ရောက်လာပါတယ်။ သိတဲ့အတိုင်း ကိုယ်တွေဆီမှာလိုပဲကျောင်းမှာကာယဆရာတို့၊ အားကစားဆရာတို့ဆိုတာ လူပိုလိုဖြစ်နေတာလေ။ ဒီတော့ ကျောင်းအုပ်ဆရာကလည်းဆရာမအလုပ် ဘာမှမရှိတာမို့ သက်သက်သာသာနေလို့ရကြောင်းပြောတာပေါ့။ ဒီမှာတင် ဆရာကောင်းပီသတဲ့Maria ဟာ သက်သာရာသက်သာကြောင်းမနေဘဲ ကျောင်းကကလေးတွေ ခိုခိုကစားနည်းကိုစိတ်ပါဝင်စားစွာကစားကြတာကိုတွေ့သွားပြီးအားကစားအသင်းဖွဲ့ဖို့ကြိုးစားပါတော့တယ်။ တပည့်တွေကလည်း သူတို့နှစ်သက်တဲ့ကစားနည်းကိုစနစ်တကျလေ့ကျင့်ဆော့ကစားရမယ်ဆိုတော့ပျော်ကြတာပေါ့။ တကယ်တော့ Maria ဟာလည်း အိပ်မက်တွေကိုစွန့်လွှတ်ခဲ့ရတဲ့အားကစားသမားဟောင်းတစ်ယောက်ပါ။ သူမအောင်မြင်ခဲ့တဲ့အရာတစ်ခုကို သူ့တပည့်တွေနဲ့ကျမှဘယ်လိုအောင်မြင်အောင်လမ်းပြပေးမလဲ .. “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုသလို သူ့တပည့်တွေကရောဆရာမပင်ပန်းရကျိုးနပ်အောင် အောင်ပန်းတွေဆွတ်နိုင်မလားဆိုတာကိုတော့ ဆရာတပည့်ကြားကချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်မှုတွေ နားလည်မှုတွေအပြည့်နဲ့ ဒီ Kho Kho ဆိုတဲ့ဇာတ်လမ်းလေးမှာဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.9GB & ...
movie
Kho Kho(2021)
2021
6.6
Streamline (2021)
IMDb Rating (6.6) / Rotten Tomatoes (90%)ငယ်ငယ်တုန်းက ပီတာပန်မင်းသားလေး Levi Miller တစ်ယောက် အရွယ်ရောက်လာပါပြီ...ဟွင်းဟွင်းဒီဇာတ်ကားမှာတော့ သူ့ရဲ့လူပျိုဖော်ဝင်စ လေးနက်တဲ့ သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာပါ...ဇာတ်ကားကတော့ အားကစားနဲ့ မိသားစုဒရမ်မာ ဇာတ်ကားလေးပါ..ဘင်ဂျမင်လိန်းဆိုတဲ့ ၁၅ နှစ်အရွယ်ကောင်လေးဟာ အိုလံပစ်ပြိုင်ပွဲတွေအထိ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရည်မှန်းခံထားရတဲ့ အလားအလာရှိတဲ့ တက်သစ်စ ရေကူးသမားလေးတစ်ယောက်ပါ။ဒါပေမယ့် သူ့အဖေတစ်ယောက် ထောင်ကလွတ်လာတဲ့အခါမှာတော့မိသားစုတွင်းက အဆင်မပြေမှုတွေကြား သူရုန်းထွက်နိုင်မလားဆိုတာ...။ဒါရိုက်တာ Tyson Wade Johnston ရဲ့ ပွဲဦးထွက်လက်ရာဆိုပေမယ့်ဝေဖန်ရေးဆရာတွေအကြိုက်တွေ့စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.4 GB)/ (800 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nay Lin Thar
movie
Streamline (2021)
4.7
Kicking Out Shoshana (2014)
ဒီဇာတ်ကားကတော့ မမ Gal Gadot သူ့နိုင်ငံအစ္စရေးမှာ ရိုက်ကူးထားတဲ့ ဟီဘရူးစကားပြော ရှားပါးဇာတ်ကားလေးပါ...HD Quality အစစ်နဲ့ ဟီဘရူးအသံရရှိဖို့ ကိုယ်တိုင် Edit ပြန်ထိုင်ထားရတဲ့ ဇာတ်ကားလေးမို့အင်တာနက်ပေါ်မှာ CM ကလွဲပြီး ဘယ်မှာမှမရှိသေးပါဘူး။ဇာတ်လမ်းကတော့ ....ဂျေရူစလင်သားများဆိုတဲ့ ဘောလုံးအသင်းက တိုက်စစ်မှူး အာမီရှူရှန်ဟာပရီးမီးယားလိဂ်တွေ ချန်ပီယံလိဂ်တွေသွားရဖို့ထိ မျှော်လင့်ထားကြတဲ့ ဘောလုံးကစားတစ်ဦးဖြစ်ပေမယ့်အစ္စရေးလိဂ်မှာပဲ တစ်နေရတဲ့ဘဝပေါ့....မမ Gal Gadot ကျတော့ ဒီဇာတ်ကားထဲမှာ တော်တော်ဇာတ်နာရပါတယ်...ငယ်စဉ်ကတည်းက ဆင်းရဲပြီး အကြွေးပေါ်အကြွေးဆင့်နေတဲ့မိဘတွေဆီမှာမွေးဖွားလာတဲ့သူမို့သူ့ကိုကြိုက်နေတဲ့ဂိုဏ်းစတားတစ်ယောက်ရဲ့ မွေးပြီးတော့ စားခြင်းခံနေရတဲ့ဘဝပါ...တစ်နေ့တော့ မမနဲ့ မင်းသားရှူရှန်တို့ နိုက်ကလပ်တစ်ခုမှ မတော်တဆ ဆုံမိကြပါတယ်...ရှူရှန်က ဘာသားနဲ့ထုထားတာမလို့လဲ...ချက်ချင်းပဲ မမကိုကြွေကျတာပေါ့...မမရဲ့အပြုံးတွေကလဲ အပြင်ကအတိုင်းပဲလေ...သေလောက်အောင် ဆွဲဆောင်နိုင်တာကိုး...ဒီတော့ နိုင်ငံကျော်ဘောသမားနဲ့ နယ်မရွေးလူမိုက်တို့ မမရဲ့အချစ်ကိုရဖို့မယ်သီတာရဲ့ ရာမနဲ့ဒဿလို လုကြမှာပါ..သူတို့ကတော့ လေးတော်မတင် စစ်မခင်းဘဲ မီဒီယာစစ်ပွဲဆင်နွှဲကြမှာပါ...ဇာတ်လမ်းက သွက်သွက်လက်လက်နဲ့အခွီတွေပါ တင်ဆက်ထားတာမို့ ကြည့်ရင်းရယ်နေရပါတယ်...ဒါ့အပြင် LGBT နဲ့ပတ်သက်ပြီးတော့လဲ အတွေးအမြင်လေးတချို့ကို ချပြထားနိုင်ပါသေးတယ်...နောက်ထပ်အရေးကြီးတဲ့အချက်ကတော့...ဒို့မမလေ... အရမ်းကိုလှတာပဲဗျာ။ File ...
movie
Kicking Out Shoshana (2014)
12 Mighty Orphans(2021)
မိဘမဲ့ကလေးတွေကို ဘောင်အပြင်ကလူတွေလို အပယ်ခံတွေအဖြစ်နဲ့ တစ်ဆင့်နှိမ့်ပြီး သတ်မှတ်တတ်ကြပါတယ်။သနားစရာကောင်းရင်ကောင်း၊ မကောင်းရင် ကြောက်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။Youtube မှာတွေ့လိုက်တဲ့ အပြေးပြိုင်ပွဲလေးတစ်ခုအကြောင်းကို သွားပြီးသတိရပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကို တညီတည်းရပ်စေပါတယ်။ မိဘရှိသူကို ခြေတစ်လှမ်းတိုးခိုင်းတယ်။ နေစရာရှိသူကို တစ်လှမ်းတိုးခိုင်းတယ်။ အလုပ်ရှိသူ၊ ဘွဲ့ရသူ စတဲ့ အားသာချက်တစ်ခုတိုင်းအတွက် ခြေလှမ်းတစ်လှမ်းစီရှေ့ကိုခိုင်းပါတယ်။နောက်ဆုံး အားလုံးအတွက် နေရာသတ်မှတ်ပြီးတဲ့ အချိန်မှာ အနောက်ဆုံးက လူတွေဟာ သနားစရာအကောင်းဆုံး (သို့) ကြောက်စရာအကောင်းဆုံးလိုလူတွေပဲ ကျန်ခဲ့ပါတယ်။ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ သူတို့က တခြားသူတွေလိုပဲပြိုင်ပွဲဝင်ပါပဲ။ အနောက်ဆုံးမှာဆိုပေမဲ့ သူတို့မှာ ဝင်ရောက်ပြိုင်ဆိုင်ခွင့်၊ ပန်းတိုင်ကို အောင်မြင်စွာရောက်နိုင်ခွင့်ရှိနေပါတယ်။တခြားသူတွေက သူတို့ကို အထင်သေးအမြင်သေးဖြစ်နေပေမဲ့ သူတို့ကိုယ်သူတို့ "ငါသည်လည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲ" ဆိုတဲ့ လေးစားသမှုလေးဝင်ပြီး ပထမရဖို့ကို အားကုန်ပြေးခဲ့ကြပါတယ်။ လူ့လောကကို အပြေးပြိုင်ပွဲလေးတစ်ခုနဲ့ ဥပမာပြသွားတာ အရမ်းကိုသေသပ်ပါတယ်။ နောက်ဆုံးကနေတာထွက်ရတဲ့သူက ပထမမရဘူးလို့ ဘယ်သူကပြောနိုင်မှာလဲ။နောက်ဆုံးကနေတာထွက်ရတောင် လောကအလည်မှာ ပထမနေရာဆိုတာကို ရနိုင်တဲ့အကြောင်းကို စွမ်းပကားကြီးတဲ့ မိဘမဲ့ကလေး ၁၂ ယောက်က ဒီဇာတ်ကားမှာ သက်သေပြသွားကြမှာပါ။မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေးတွေကို အနှိမ်ခံအပယ်ခံဘဝကနေ ...
movie
12 Mighty Orphans(2021)
2021
5.9
Lucky You (2007)
Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie
Lucky You (2007)
8.0
The Class of 92 (2013)
IMDb Rating(8.0) / Rotten Tomatoes (100%)မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုရင် 92 ခုနှစ်အတန်း.. Class of 92 ကစားသမားတွေကို မသိသူရှိမယ်မထင်ပါဘူး ယူနိုက်တက်တို့ရဲ့ရာဇဝင်မှာ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တဲ့ အခိုက်အတန့်ဖြစ်တဲ့ 99 ခုနှစ်ရာသီ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့မှုမှာလဲ Class of 92က အသင်းသားတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြပါတယ် ဒီဇာတ်လမ်းကတော့ Class of 92ကစားသမားတွေဖြစ်တဲ့အပြင် မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်း၊ နစ်ကီဘတ်၊ ပေါလ်စခိုး၊ ရိုင်ယန်ဂစ်၊ ဖီးလ်နဗီးနဲ့ ဂယ်ရီနဗီးတို့ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအကြောင်းကို အသားပေး ဖော်ပြထားတာဖြစ်ပါတယ် 1992 ကနေ 99ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်အထိအကြောင်းတွေပါဝင်ပါတယ်။ ဗြိတိန်ရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကြား အင်္ဂလိပ်ဘောလုံးလောကရဲ့ အနိမ့်အမြင့်အတက်အကျတွေနဲ့အတူ အင်္ဂလိပ်ဘောလုံးပရိတ်သတ်တွေရဲ့ ဘောလုံးအားကစားအပေါ်ရူးသွပ်မှုတွေကိုလဲ သိမြင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားက Documentary အမျိုးအစားဖြစ်ပြီး သရဲနီတစ်ယောက်အတွက်လုံးဝမေ့ထားလို့မရတဲ့ ယူနိုက်တက်ရဲ့ရွှေရောင်နေ့ရက်တွေကို ပြန်လည်ခံစားရင်း Class of 92 ကစားသမားအကြောင်းတွေ ယူနိုက်တက်အကြောင်းတွေကိုပါ အတွင်းကျကျ တစ်ဝကြီးခံစားနိုင်မှာပဲဖြစ်ပါကြောင်း.....။(အညွန်းနဲ့ဘာသာပြန်သူက MarTizasဖြစ်ပါတယ်) File size…(2.5 GB) / (1.6 GB) / ...
movie
The Class of 92 (2013)
6.6
Skater Girl 2021
နက်ဖလစ်ရဲ့ Hindi ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ စကိတ်စီးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့။ ပုံမှန်ဆို ကောင်မလေး စကိတ်စီးတာ ဘာမှတော့ မဆန်းပါဘူး။ ဒါပေမယ့် ဘာမှမတိုးတက်သေးတဲ့ ရှေးရိုးစွဲ ရွာတစ်ရွာက ကောင်မလေးတစ်ယောက် စကိတ်ပြိုင်ပွဲဝင်ဖို့ဆိုတာတော့ အတော်ကို မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ကလည်း အိန္ဒိယဘက်က ရွာတွေဘက်က မိန်းကလေးတွေကို နှိမ်ချထားတာတွေ ဇာတ်ခွဲတာတွေကို ပြထားတာပါပဲ။ လန်ဒန်မြို့ကနေ အိန္ဒိယသူလေးတစ်ယောက်က အကြောင်းတစ်ခုကြောင့် ရွာကလေးကိုရောက်လာတယ်။ သူ့ရဲ့မိတ်ဆွေဆီက စကိတ်ကို ကလေးတွေ ယူစီးရင်း အရမ်းသဘောကျသွားရင်းနဲ့ သူလည်း ကလေးတွေကို စကိတ်စီးနိုင်အောင်နည်းမျိုးစုံနဲ့အားပေးဖြစ်သွားတယ်။ စကိတ်အားကစားကနေ ကလေးတွေကို လွတ်လပ်ခွင့်နဲ့ ဇာတ်ခွဲခြားတာတွေ ပျောက်အောင်ကူညီခဲ့တယ်။ သားယောကျာ်းလေးတွေအတွက် အခက်အခဲ ဒီလောက်မရှိပေမယ့် ပရီရာဆိုတဲ့ မိန်းကလေး တစ်ယောက်က စကိတ်အားကစားကို ရူးသွပ်လာတဲ့အခါ.... File size…(1.5 GB) and (800 Mb) Quality….web 1080p and 720p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
Skater Girl 2021
Manchester United: For the Glory (2020)
မန်ချက်စတာယူနိုက်တက်လို့ဆိုလိုက်တာနဲ့ မသိသူမရှိတဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ ဘောလုံးအသင်းကြီးတစ်သင်းကို အမြန်ဆုံးပြေးမြင်မိကြမှာပါပဲ ကမ္ဘာတစ်လွှားပရိတ်သတ်သန်းပေါင်း ၆၅၀ကျော်ရှိတဲ့ ယူနိုက်တက်ဟာ အခုလက်ရှိ အင်္ဂလန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်သလို ကမ္ဘာ့အကောင်းဆုံး အလပ်အသင်းတွေထဲကတစ်သင်းဖြစ်တယ်ဆိုတာ ဘယ်သူမှငြင်းဆိုကြမယ်မထင်ပါဘူး မန်ချက်စတာယူနိုက်တက်ကို ၁၈၇၈ခုနှစ်မှာ နယူတန်ဟိဒ် ဆိုတဲ့နာမည်နဲ့ စတင်တည်ထောင်ခဲ့ပြီးတော့ အသင်းသက်တမ်းဟာ နှစ်ပေါင်း ၁၄၀ကျော်ခဲ့ပြီပဲဖြစ်ပါတယ် အသင်းသက်တမ်းတစ်လျှောက် အောင်မြင်မှုတွေ ကျရှုံးမှုတွေ ကြမ္မာဆိုးတွေ အနိမ့်အမြင့်အတက်အကျများစွာကို ရင်ဆိုင်ခဲ့ရပါတယ် ဒီဇာတ်လမ်းဟာ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး နည်းပြဘတ်စ်ဘီရဲ့ နာမည်ကျော် Busby Babesအသင်းအကြောင်း မြူးနစ်လေယာဉ်ပျက်ကျမှုအဖြစ်ဆိုးအကြောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ ၉၀ခုနှစ်အသင်းအကြောင်း အသင်းရဲ့အရေးပါဆုံးကစားသမားတွေအကြောင်း မဟာပြိုင်ဖက်အသင်းတွေအကြောင်းနဲ့ ဖာဂူဆန်အနားယူသွားပြီနောက် ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်းများကို အချက်အလက်များနဲ့တကွ ရှင်းလင်းတင်ပြထားတဲ့အတွက် မန်ချက်စတာယူနိုက်တက်ပရိတ်သတ်များနဲ့ ယူနိုက်တက်ရဲ့သမိုင်းကို သိလိုသူများ မဖြစ်မနေကြည့်ရှုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizas ဖြစ်ပါတယ်။ File size…(1.2 GB) and (800 MB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mar Tizas
movie
Manchester United: For the Glory (2020)
7.0
Pawn Sacrifice (2014)
[Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie
Pawn Sacrifice (2014)
8.6
Sir Alex Ferguson: Never Give In (2021)
Sir Alex Ferguson: Never Give InIMDb Rating- 8.6/10မန်ချက်စတာယူနိုက်တက်ဖန်တွေဘာကြောင့် ဒီလောက်ရဲရတာလဲ...ဆိုပြီး ၁၉ သင်းဖန်တွေအနေနဲ့ ဒွိဟဖြစ်ဖူးကြမှာပါ...တကယ်တော့ Manchester is Red ဖြစ်နေကြတာဆာအဲလက်စ်ဖာဂူဆန်ရဲ့ အရှုံးမပေးကြေးစိတ်ဓာတ်နဲ့ မန်ယူခေတ်ကို မှီခဲ့ကြလို့ပါပဲ။"အောင်မြင်မှုဆိုတာ အရှုံးမပေးတာကနေအစပြုပါတယ်..."ဖာဂူဆန်ဟာ ဉုံဖွဆိုပြီး အောင်မြင်လာတာတော့မဟုတ်ပါဘူး။လူတိုင်းလူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ရှိစမြဲပဲမဟုတ်လား..အဲ့လိုပဲ ဖာဂူဆန်အနေနဲ့ ဘောလုံးလောကမှာ ဆာအဲလက်စ်ဆိုတဲ့နာမည်တစ်ခု မရလာခင်ဘာသာရေး၊ နည်းပြမှု၊ ကစားသမားဆက်ဆံရေးစတဲ့ အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ဒီအခက်အခဲတွေကို လုံးဝအရှုံး မပေးဘဲ ကြိုးစားခဲ့တဲ့ပုံကို Interview, Flashback ပုံစံနဲ့ဖာဂူဆန်ရဲ့သား ဂျေဆင်ဖာဂူဆန်ကိုယ်တိုင် ရိုက်ကူးထားတာပါ။The rest is history and You know who he is. File size…(2 GB) and (1.2 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle ...
movie
Sir Alex Ferguson: Never Give In (2021)
7.1
Pelé (2021)
Pelé (2021)=========IMDb Rating 7.1/10ပီလီ... ဘောလုံးချစ်သူတိုင်း ပီလီကို မသိရင် ရာဇဝင်ရိုင်းသွားလိမ့်မယ်လို့တောင် ပြောလို့ရပါတယ်။ သမိုင်းတစ်လျှောက် အကောင်းဆုံးဘောလုံးသမား ပီလီ၊ ဘောလုံးဘုရင် ပီလီ၊ ကမ္ဘာ့ဖလားအကြိမ်ရေအများဆုံးရယူထားနိုင်တဲ့ ကစားသမား ပီလီ သူ့ကိုတော့ မသိတဲ့သူမရှိပါဘူး။ သူ့ကြောင့်ပဲ ကမ္ဘာပေါ်က ဟိုမရောက်ဒီမြောက် နိုင်ငံလေးက တစ်ကမ္ဘာလုံးသိတဲ့ ဘရာဇီးဆိုပြီးဖြစ်လာခဲ့တာပါ။ သူ့ကို ဘရာဇီးနိုင်ငံရဲ့တော်ဝင်မင်းသားလို့တောင် သတ်မှတ်ထားကြပါတယ်။ ဘရာဇီးလူမျိုးဖြစ်ရတာ သူ့ကြောင့် ဂုဏ်ယူတတ်လာကြပါတယ်။ ဒါပေမဲ့ ဘရာဇီးနိုင်ငံကို စစ်တပ်က အာဏာသိမ်းတဲ့အချိန်မှာ သူဘာလုပ်ခဲ့လဲဆိုတော့ ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ရဲ့အရှိန်အဝါကြီးမားမှုကို အာဏာရှင်က အခွင့်ကောင်းယူဖို့ ကြိုးစားတာကိုလည်း သူကမသိကျိုးကျွန်ပြုနေခဲ့ပါတယ်။ သူသာနိုင်ငံရေးမှာဝင်ပါခဲ့ရင် ဘရာဇီးသမိုင်းက အပြောင်းလဲကြီးပြောင်းလဲသွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ သူကတော့ နိုင်ငံရေးမှာ လုံးဝဝင်မစွက်ဖက်ခဲ့ပါဘူး။ သူ့စိတ်ထဲမှာဘောလုံးပဲရှိပါတယ်။ အဲဒါကြောင့် သူ့ရဲ့နိုင်ငံသားတွေအပေါ် တင်နေတဲ့အကြွေးကို ၁၉၇၀ မက္ကစီကိုမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာ အနိုင်ယူပြီး အာဏာရှင်အောက်ကျရောက်နေတဲ့ သူ့နိုင်ငံအတွက် စိတ်အားတက်ကြွစရာတစ်ခုပေးနိုင်လိုက်ပါတယ်။ သူ့ရဲ့အောင်မြင်မှုက အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးအတွက် ဘာမှအထောက်အကူမဖြစ်ပေမဲ့ ဘရာဇီးလူမျိုးတွေက ကမ္ဘာနဲ့ယှဉ်ပြီး ရင်ဘောင်တန်းနိုင်သေးတယ်ဆိုတာကို ပြပေးပြီး မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်စေခဲ့ပါတယ်။ ဘောလုံးဘုရင်ပီလီကတော့ နိုင်ငံရေးမှာ ...
movie
Pelé (2021)
2021
8.2
Raging Bull (1980)
Raging Bull (1980) ==============IMDb Rating - 8.2/10 Directed By Martin ScorseseGoodfellas, The Irishman, Taxi Driver, The Wolf of Wallstreet The Departed, Shutter Island, Gangs of New York, king of Comedy ဒီရုပ်ရှင်တွေကို မိတ်ဆွေကြိုက်တယ်ဆိုရင်တော့ Martin Scorseseကိုသိမှာပါ။ အကောင်းဆုံး Gangsရုပ်ရှင်တွေဟာ သူ့လက်ကထွက်လာတယ်ဆိုကြပါတယ်။Raging Bullကို Martin Scorseseရဲ့ ဒုတိယအကောင်းဆုံး ရုပ်ရှင်လို့တော့ ဝေဖန်ရေးသမားတစ်ချို့က ဆိုပါတယ်။ ပထမကတော့ Goodfellasပါ။မာတင်နဲ့ ရုပ်ရှင်ကိုးကားရိုက်ဖူးတဲ့ Robert De Niroနဲ့ Joe Pesciကိုပဲသုံးထားပြီး အီတာလျံအမေရိကန် လက်ဝှေ့သမား ဟာသပညာရှင်အကြောင်းကိုရိုက်ထားတာပါ။ မာတင်သေချာသိတဲ့ သူတို့အီတာလျံနွယ်တွေရဲ့ အကြောင်းပဲမို့ သူ့ကားတွေရဲ့ အငွေ့အသက်ကို အပြည့်အ၀ရမှာပါ။Gangsကားလို့တော့ ပြောမရပေမယ့် သူရဲ့ Gangsကားတွေလို Brotherhoodsအငွေ့အသက် အပြည့်သုံးထားပါတယ်။Raging Bullဟာ Biography,Drama ,Sport အမျိုးအစား အဖြူအမဲရုပ်ရှင်ပါ။ဒီတော့ တစ်ချို့အတွက်ကတော့ အတော်လေး ပျင်းစရာကောင်းပါလိမ့်မယ်။ ဇာတ်လမ်းကတော့ 1949မှာ ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အီတာလျံအမေရိကန် ဘောက်စင်သမား တစ်ယောက်ဖြစ်တဲ့ ဂျိတ်လာမော့တာရဲ့ဘ၀ အနိမ့်အမြင့်အတက်အကျတွေအကြောင်းပါပဲ။ ဘာမှထူးထူးခြားခြားပါမှာမဟုတ်သလို ထမင်းစားရင်းလေး အပျင်းပြေကျော်လိုက်ရစ်လိုက် ကြည့်မယ်တွေးပြီးကြည့်မယ်ဆိုရင်တော့ စားလက်စထမင်းပန်ကန်ထဲပါ မျက်နှာစိုက် အိပ်ပျော်သွားနိုင်ပါတယ်။ရုပ်ရှင်တစ်ပုဒ်ကို စီးကရက်တစ်လိပ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ခံစားပြီးကြည့်မယ်ဆိုရင်တော့ အတော်ကြည့်ကောင်းမယ့် ရုပ်ရှင်ပါပဲ။ လူတိုင်းရဲ့ဘ၀ဟာ စိတ်၀င်စားစရာ ဇာတ်ကြောင်းတစ်ခုတော့ရှိကြတာကိုး။ရုပ်ရှင်ဟာ ...
movie
Raging Bull (1980)
1980
Born a Champion (2021)
Born a Champion (2021)==================IMDb Rating ကတော့ မထွက်လာသေးပါဘူး . အစောဆုံးတင်ပေးလိုက်ပါတယ်။ အခုဒီကားလေးက ဒီနှစ်ထဲမှာပဲထွက်ရှိထားတဲ့ Action/ Drama/ Sport စတိုင် ဇာတ်ကားကောင်းလေးပါ။ဘရာဇီးကိုယ်ခံပညာတစ်မျိုးဖြစ်တဲ့ ဂျူဂျစ်ဆုမှာထူးချွန်တဲ့ မစ်ကီကယ်လီ…….ဇွဲ၊ သတ္တိရှိပြီး အနိုင်မခံအရှုံးမပေးတဲ့ ကယ်လီ ၊ ခင်ပွန်းသည်ကောင်းတစ်ယောက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ကယ်လီ၊ထိုးသတ်ပွဲတွေကို မကြိုက်တဲ့ သူ့ရဲ့ ချစ်တဲ့ဇနီးသည်ကိုဖြောင်းဖြပြီး တရားဝင်မဖြစ်သေးတဲ့ MMAပွဲကိုဝင်ပြိုင်ခဲ့တဲ့ကယ်လီ……… သူ့ဘဝမှာမရခဲ့တဲ့အရာကို မိသားစုကိုပေးချင်ခဲ့တဲ့ကယ်လီ၊ သားဖြစ်သူကိုသိပ်ချစ်ပြီး သားဖြစ်သူကို သူ့လိုမဖြစ်စေချင်ခဲ့တဲ့ ကယ်လီဆိုတဲ့ MMAဖိုက်တာကြီးအကြောင်းကို ရသစုံနဲ့ခံစားကြည့်ရှုရင်းဝေဖန်သုံးသပ် ကြည့်ကြပါအုံးလို့…………..(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 52minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Drama, SportSource : 1080p.WebRipTranslator – ...
movie
Born a Champion (2021)
2021
6.6
Sangkar (2019)
Sangkar 2019 IMDb 6.6ကြမ်းလည်းကြမ်းအဓိပ္ပါယ်လည်းရှိတဲ့ရုပ်ရှင်ပါMMA ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့အဒမ် နဲ့ ဂျိုဟန်တို့ လေးကြိမ်မြောက်ပြန်တွေ့ကြတဲ့ပွဲမှာ အဒမ်က မတရားတဲ့နည်းလမ်းနဲ့ အနိုင်ရသွားခဲ့ပါတယ်ပွဲပြီးတဲ့နောက် ရပ်ကွက်ရန်ပွဲတစ်ခုမှာသူတို့နှစ်ယောက်လုံးပါရင်းကနေအဒမ်ကြောင့်ပဲ ဂျိုဟန်တစ်ယောက်လည်ပင်းအရိုးကိုထိခိုက်သွားပြီးတစ်ကိုယ်လုံးအကြောသေသွားခဲ့ပါတယ်ငယ်စဉ်တည်းက မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ အလျောက်ဆိုးပေပြီး ထင်ရာစိုင်းခဲ့တဲ့အဒမ် ဟာ သူ့ကြောင့်လူတစ်ယောက်ဘဝပျက်သွားတဲ့ အချိန်မှာ နောင်တအကြီးအကျယ် ရခဲ့ပါတော့တယ်အဲ့ဒီအတွက် ဂျိုဟန်ရဲ့ခွင့်လွှတ်မှုကိုရဖို့သူကိုယ်သူလည်း ခွင့်လွှတ်နိုင်ဖို့ဂျိုဟန်မိသားစုက လဂာ်မခံပေမဲ့ဂျိုဟန်ကို ပြုစုခွင့်ရဖို့ ကြိုးစားပါတယ်အားကိုးစရာမရှိတော့တဲ့ဂျိုဟန်ရဲ့မိသားစုအတွက် ရပ်ကွက်ကြေးစားပွဲတွေထိုးပြီး ပိုက်ဆံရှာပေးခဲ့ပါတယ်"အမှားလုပ်မိရင် တောင်းပန်တတ်ရတယ်ပြင်နိုင်ရမယ်ဆိုတဲ့"မိခင်ရှိစဉ်က ပြောခဲ့တဲ့ ဆုံးမစကားကြောင့်သူ့အမှားအတွက် ခွင့်လွှတ်မှုရှာရင်းပြောင်းလဲသွားတဲ့လူဆိုးတစ်ယောက်အကြောင်းပါMMA ပွဲတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်းကောင်းတဲ့အတွက် ကြည့်ရတာစိတ်ကျေနပ်သလို စိတ်ထဲမှာလဲတစ်ခုခုရှိသွားစေခဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက်လဂာ်မလွတ်ဖို့ အကြံပေးပါရစေ ခင်ဗျာ Translated by Rico suaveEncoded by YKFile Size :1.6GB and 832MBQuality : 1080p WEB DL and 720pSubtitles : Myanmar (Hardsub)
movie
Sangkar (2019)
2019
First
6
7
8
9
10
Last
Previous
Next