Channel Myanmar

Sport

Next Goal Wins (2023) 6.6
Next Goal Wins (2023) Next Goal Wins (2023)~ IMDb - 6.6/10, RT - 44%, Meta - 44% ~ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က "American Samoa" တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ...
movie

Next Goal Wins (2023)

2023
4K HEVC
M.S. Dhoni: The Untold Story (2016) 8
M.S. Dhoni: The Untold Story (2016) MS.Doni The Untold Story (2016) "ခရစ်ကတ်ကစားသမား ဒိုနီရဲ့ ဘဝစာမျက်နှာ"IMDb 8/10 RT score 75% ရုံတင်ငွေအရလဲ အောင်မြင်ခဲ့ပြီး cast နဲ့တင် လဲသေလို့ရတဲ့ biographical sport drama ကားလေးကို CM Bollywood ပရိသတ်ကြီးအတွက် ပြန်တင်ဆက်ပေးပါရစေအဓိကဇာတ်ဆောင်တွေအဖြစ် PK ကားထဲက ဇာတ်ပို့မင်းသား ဆူရှန့်ဆင်းဂ် Shershaah ထဲက အချောလေး ကီရာရာ နဲ့ မြင်သူငေးမင်းသမီးလေး ဒီရှားတို့က ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ Test, ODI, T20I ချန်ပီယံ အိန္ဒိယခရစ်ကတ်နိုင်ငံ့လက်ရွေးစင်ဟောင်း မဟင်ဒရာဆင်းဂ် ဒိုနီရဲ့ ဘဝဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ် ဗမာပြည်နဲ့ထူးမခြားနား စာမရမှာစိုးလို့ အားကစားမလုပ်ခိုင်းတဲ့ ကျောင်းပညာရေး ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ ခရစ်ကတ်ဆိုတာကို စတင်သိရှိခဲ့ပြီး ကျောင်းလက်ရွေးစင်ကနေ နိုင်ငံ့ကိုယ်စားပြုတစ်ယောက်အထိ ဖြစ်လာဖို့ အောင်မြင်မှုတွေရရှိလာဖို့အတွက် နောက်ကွယ်က ပေးဆပ်ရုန်းကန်ခဲ့ရတဲ့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားလေးမို့ အားကျအတုယူဖို့လဲကောင်း ကြည့်ရတာလဲရသစုံလင်ပါတယ် Cast တွေနဲ့တင်ကြည့်ရတာတန်နေပြီမို့ မိုတီကားကောင်းလေးတွေကြိုက်နှစ်သက်တဲ့ Bollywood ပရိသတ်ကြီးအတွက် ...
movie

M.S. Dhoni: The Untold Story (2016)

2016
Race for Glory: Audi vs Lancia (2024) 5.8
Race for Glory: Audi vs Lancia (2024)  ဇာတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ Audi vs Lancia ကားတံဆိပ်နှစ်ခုကြားက ပြိုင်ပွဲအကြောင်းကောင်းကောင်းသိနိုင်ပါတယ်ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ၁၉၈၃ခုနှစ် ကမ္ဘာ့ချန်ပီယံတာဝေးခရီးကြမ်းကားပြိုင်ပွဲက ယှဥ်ပြိုင်မှုကို ရိုက်ကူးထားတာပါ။ထိုခေတ်အခါက ကားထုတ်လုပ်သူတွေဟာ ကားတွေကို ကြော်ငြာပြီးရောင်းတာထက် ဒီလို ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခိုင်းပြီး အရောင်းသွက်အောင်လုပ်လေ့ရှိပါတယ်...။အ‌ကောင်းဆုံးကားက အနိုင်ရမယ်၊ ပုရိတ်သတ်တွေက သဘောကျမယ်လူတွေပိုဝယ်ကြမယ်ပေါ့...။ဒီထဲမှာအပြိုင်အဆိုင်ပိုပြင်းထန်တာကတော့ ဂျာမန်ကားကုမ္ပဏီAudi နဲ့အီတလီကားကုမ္ပဏီLanciaပါ။ ဂျာမန်တွေအနေနဲ့ ဒီလိုကားပြိုင်ပွဲမျိုးမှာAudi Quattroဆိုတဲ့ four-wheel drive လေးဘီးမောင်းစနစ်ကို ချပြလိုက်တဲ့အခါအီတလီကားလုပ်ငန်းစုတစ်ခုလုံးက ခေတ်နောက်ကျသွားခဲ့ရပါတယ်။အီတလီတွေမှာက နှစ်ဘီးမောင်းစနစ်ပဲရှိသေးတာကိုး...။ဒါပေမဲ့ ပြိုင်ပွဲဆိုတာမျိုးက ကားပေါ်ပဲ၊ ဘတ်ဂျက်ကိုပဲ အားကိုးလို့မရဘူးဆိုတာ အီတလီတွေကလုပ်ပြသွားပြန်ပါတယ်။lancia 037ကားဟာ နှစ်ဘီးမောင်းဆိုပေမယ့် Audiရဲ့ လေးဘီးမောင်းစနစ်ကိုကောင်းကောင်းယှဥ်ပြသွားတာမျိုးတွေမြင်တွေ့ရမှာပါ..။ကားမောင်းသမားတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်မှုတွေ၊ အသင်းကွပ်ကဲသူမန်နေဂျာရဲ့ဖြတ်ထိုးဉာဏ်တီထွင်ဉာဏ်ကောင်းချက်တွေကိုပါ စိတ်ဝင်တစားမြင်တွေ့ရဦးမယ့်ကားလေးပါပဲ....။ File size…1.89 GB / 844 MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Biography , Drama , Sport Subtitle….Myanmar ...
movie

Race for Glory: Audi vs Lancia (2024)

Shelter (2007) 7.6
Shelter (2007) Shelter (2007) ============ IMDb Rating - 7.6/10ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေ ပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာ တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ...။ဇာတ်လမ်းအကျဉ်း - ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ် ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေး နေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက် street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ် ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်း တက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက် မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည် ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှု ကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက် ၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အ ကြောင်းဖန်လာပါတော့တယ်။ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာ လား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦး မလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ...
movie

Shelter (2007)

2007
Remember the Titans (2000) 7.8
Remember the Titans (2000) Remember the Titans (2000)“အသားဖြူသည်ဖြစ်စေ အသားမည်းသည်ဖြစ်စေ အတော်ဆုံးကစားသမားကတော့ ကစား‌မှာပဲ”မင်းသားကြီး Denzel Washington ရဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားကိုCM Fan တွေ အတွက် ထပ်မံ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကား‌လေးကတော့ လူဖြူလူမည်းခွဲခြားဆက်ဆံမှု‌ပြင်းထန်ဆဲကာလဖြစ်တဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်က ဗာဂျီးနီးယား၊ အလက်ဇန်ဒရီးယားမှာရှိတဲ့ တီစီဝီလီယမ်အထက်တန်းကျောင်းမှာဖြစ်ပွါးခဲ့တဲ့ လူဖြူလူမည်းခွဲခြားမှုတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့တဲ့ American football အသင်းအကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇနီးသည်နဲ့ကွာရှင်းပြီး သမီးဖြစ်သူနဲ့အတူ တီစီဝီလီယမ်အထက်တန်းကျောင်းရဲ့ ဘောလုံးနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဘေလ်ရို့စ်... တစ်နေ့မှာတော့ မြို့ထဲမှာ လူဖြူစတိုးဆိုင်ပိုင်ရှင်တစ်ယောက်က လူမည်းတစ်ယောက်ကို သတ်လိုက်တဲ့အတွက် လူမည်းတွေက ဆန္ဒပြအုံကြွလာကြပါတယ်။ အာဏာပိုင်တွေက အုံကြွနေကြတဲ့လူမည်းတွေကို ငြိမ်သက်သွားစေဖို့ ရို့စ်ကို နည်းပြရာထူးကဖယ်ရှားပြီး တခြားမြို့ကနေပြောင်းလာတဲ့ ဟာမန်ဘွန်းလို့ခေါ်တဲ့ လူမည်းတစ်ယောက်ကို နည်းပြရာထူးခန့်အပ်လိုက်ပါတယ်။ ဒီလိုနဲ့ ဟာမန်ဘွန်းနဲ့ ဘေလ်ရို့စ်တို့က နည်းပြနဲ့ လက်ထောက်နည်းပြအဖြစ် လူဖြူလူမည်းရောနေတဲ့ အသင်းကို လေ့ကျင့်ပေးဖို့ဖြစ်လာပါပြီ။ လူမျိုးရေးခွဲခြားမှုပြင်းထန်ခြင်းကြောင့် ကောင်လေးတွေ အချင်းချင်းမတည့်ကြတာကို နည်းပြနှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲ...လူမျိုးရေးခွဲခြားရေးဝါဒီသမားတွေရဲ့ အမြင်ကို ဘယ်လိုမျိုး ပြောင်းလဲပစ်ကြမလဲ... သူတို့ရဲ့ ဘောလုံးအသင်းအနေနဲ့ အခက်အခဲတွေများစွာရှိတဲ့ကြားထဲကနေမှ အောင်မြင်မှုတွေကို ဆွတ်ခူးကြပုံကို IMDb rating 7.8 ၊ Rotten Tomatoes rating 72% ရရှိထားပြီး ဆုပေါင်း ...
movie

Remember the Titans (2000)

2000
4K HEVCHDR
The Crash Reel (2013) 8.2
The Crash Reel (2013) Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက်ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက်ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီးအမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေလည်းတသီကြီးရရှိထားပါတယ်။ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရအသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်းရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ်ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။  File size…    1.3 GB /  760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Documentary Subtitle…. ...
movie

The Crash Reel (2013)

2013
The Boxer (1997) 7.0
The Boxer (1997)  ဒီကားလေးကတော့ ratingလဲကောင်း critics‌တွေလဲအကြိုက်တွေ့ခဲ့တဲ့ Dramaကားကောင်းလေးပါ။ ပါဝင်ထားတာကလဲ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Day-Lewis နဲ့ Emily Watsonတို့ဖြစ်တဲ့အတွက် ကားကောင်းတစ်ကားဆိုတာသိနိုင်ပါတယ်။နိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့် ထောင်ထဲမှာ၁၄နှစ်‌နေခဲ့ရပြီး ပြန်ထွက်လာခဲ့တဲ့ လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီဟာ သူ့ရဲ့အရင်အိပ်မက်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေပဲကျင်းပပြီး နေချင်တဲ့သူပါ။ သူအရမ်းချစ်ရတဲ့ ချစ်သူဟောင်းဖြစ်တဲ့ မက်ဂီကိုလဲ ပိုင်ဆိုင်ဖို့ကြိုးစားနေတုန်းပါပဲ။ ဒါပေမဲ့လည်း အတိတ်က ဖြစ်ရပ်တွေရဲ့ ရန်သူဟောင်းတွေက ရန်ငြိုးတွေမပြတ်နိုင်ဘဲ ဒုက္ခ‌တွေပေးဖို့ကြိုးစားလာခဲ့အခါမှာတော့... ထိုဒုက္ခတွေကြားမှာ သူနဲ့ မက်ဂီနဲ့ ဘယ်လိုရုန်းကုန်ရမလဲဆိုတာကို လှလှပပရိုက်ကူးကားတဲ့ Dramaကားကောင်းလေးပါ။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre...Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maestro
movie

The Boxer (1997)

Lady Ballers (2023) 6.4
Lady Ballers (2023)  ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola
movie

Lady Ballers (2023)

The Queenstown Kings (2023) 6.6
The Queenstown Kings (2023) The Queenstown Kings (2023) ====================== IMDb Rating - 6.6/10မိဘတစ်ယောက်ဖြစ်လာရင် ကိုယ်ရဲ့သားသမီးကို ကိုယ်ဖြစ်စေချင်တဲ့ လမ်းကို လျှောက်ခိုင်းမလား သူရဲ့ရည်မှန်းထားတဲ့ပန်းတိုင်အတိုင်း လျှောက် ခွင့်ပေးမလားဆိုတာ ဒီကားကို ကြည့်လိုက်ရင် စဉ်းစားစရာအတွေးတစ်ခု ဝင်လာမှာပါ။ဇာတ်လမ်းက အာဖရိကနယ်မြို့လေးရဲ့ကွင်းစတောင်းကင်း ဘောလုံးအသင်းနဲ့ ဆက်စပ်ပြီး ပုံဖော်ထားတာပါ။ အာဖရိကရဲ့နာမည်ကျော်ဘောလုံးသမား တယ်ရာက ငယ်ရွယ်စဉ်မှာ ဇနီးနဲ့သားကိုထားခဲ့ပြီး အောင်မြင်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့တယ်။ ငယ်ရွယ်စဉ်က ငွေကိုတပ်မက်ပြီး အဖေဖြစ်သူအမ်ကူလူရဲ့ စကားကိုနားမထောင်ဘဲ ထွက်လာခဲ့တယ်။ တယ်ရာရဲ့သားကို အဘိုးအဘွားနဲ့ဦး လေးတို့က ပျိုးထောင်ပေးခဲ့လို့ အဖေဖြစ်သူ ငယ်ငယ်ကလို ခြေစွာတဲ့ကစားသ မားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တယ်ရာက မွေးရပ်မြေမှာနာမည်ကြီးပေမဲ့ သူရဲ့မိသားစုက သူ့ကိုသဘောမကျကြဘူး သားဖြစ်သူရဲ့ အမုန်းဆုံးလူလည်းဖြစ် နေတယ်။ နောက်ပိုင်းမှာ တယ်ရာရဲ့အဖေအမ်ကူလူက ကွင်းထဲမှာ နှလုံးဖောက်ပြီး ဆုံးပါးသွားရာက တယ်ရာတစ်ယောက် မွေးရပ်မြေကိုပြန်လာဖို့ အကြောင်းဖန်လာ တဲ့အခါ...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(2.47 GB) / (1.09 GB) Quality............WEB-DL 1080p / 720p Duration.........2Hr 17Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sport Translator.......ZWT Encoder..........SWM
movie

The Queenstown Kings (2023)

2023
Schumacher (2021) 7.4
Schumacher (2021) Schumacher (2021) ============== IMDb Rating - 7.4/10" Michael Schumacher " ကားတွေနဲ့အတူတူမွေးဖွားလာသူတစ်ယောက် လို့တောင် တင်စားရမလိုပါပဲ။ ၆နှစ်သားအရွယ်ကတည်းက Go-Kart ( Sport Car အသေးစား ) တွေကို Service ပိုင်းစစ်ဆေးတတ်နေပါပြီ။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ World Driver's Championship ကို 7ကြိမ်တိုင်တိုင်ဆွတ်ခူးထားပြီး၊ အအောင်မြင်ဆုံးကစားသမားအဖြစ် ဗြိတိန်နိုင်ငံသား Lewis Hamilton နဲ့ပူးတွဲ ရပ်တည်ထားပါတယ်။ ယခုလက်ရှိအချိန်ထိ သူ့ရဲ့ အမြန်ဆုံးမောင်းနှင်ထားနိုင်တဲ့ ပတ်လမ်းစုစုပေါင်း 77ပတ် ဆိုတဲ့စံချိန်ကို ချိုးဖြတ်နိုင်တဲ့သူမရှိသေးပါဘူး။ ဖော်မြူ လာဝမ်းပြိုင်ပွဲမှာ Jordan, Benetton, Ferrari နဲ့ Mercedes တို့အတွက် ကိုယ်စား ပြုမောင်းနှင်ပေးခဲ့ပြီးတော့ ပထမဆုံး World Championship ကို 1994 ခုနှစ်မှာ Benetton နဲ့အတူရယူနိုင်ခဲ့ပြီး နှစ်နှစ်ဆက်တိုက်ရရှိခဲ့တာပါ။ အအောင်မြင်ဆုံးနဲ့ အခက်ခဲဆုံးအခိုက်အတန့်တွေကတော့ Ferrari နဲ့အတူလက်တွဲခဲ့တဲ့ 1996 ကနေ 2006 ထိ 10 နှစ်တာကာလပဲဖြစ်ပါတယ်။Ferrari နဲ့အတူတူ ...
movie

Schumacher (2021)

2021
800 (2023) 9
800 (2023) 800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

800 (2023)

2023
Higuita: The Way of the Scorpion (2023) 6.6

Higuita: The Way of the Scorpion (2023)

Forever (2023) 6.4
Forever (2023)  ဒီဇာတ်လမ်းလေးကတော့ Sport Dramaအမျိုးအစား‌ လေးဖြစ်ပြီးတက်သစ်စလူငယ်ဘဝရဲ့ အိပ်မက်တွေ၊ ခင်မင်မှုတွေ၊ရင်းနှီးပေးဆပ်မှုတွေကိုဖော်ညွှန်းပြထားတဲ့ Swedish movieလေးဖြစ်ပါတယ်.....။အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီလာ နဲ့ ကီယာဟာ ငယ်ကတည်းကဘောလုံးကန်ရတာကို ဝါသနာထုံခဲ့ကြပြီး အိပ်မက်တွေကိုယ်စီရှိကြသူ‌တွေပါ....။ဒီထဲမှာမှ မီလာလေးဟာ ဘောလုံးကစားနည်းကို ပိုရူးသွပ်ပြီးဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့ အကျင့်လည်းရှိတာမို့ ကီယာလေးကဘေးမှာအမြဲလိုက်ထိန်းပေးနေကျပေါ့....။တစ်နေ့မှာတော့ သူတို့ရဲ့ဘောလုံးအသင်းလေးကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ဖူးုတဲ့ လိုလိုဟာ နည်းပြအဖြစ်ရောက်လာခဲ့ပါတယ်....။နည်းပြအသစ်ကို အားကျစိတ်နဲ့အတူ သူတို့ရဲ့အိပ်မက်တွေဆိုတာလည်းလက်တစ်ကမ်းအလိုမှာရောက်နေပြီဆိုတာသိလိုက်ရတော့မီလာနဲ့ကီယာလေးဟာ အစွမ်းကုန်ကြိုးစားကြတာပါတော့တယ်....။ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေ၊စည်းမျဉ်းတွေအောက်မှာ ကိုယ်စီအိပ်မက်‌တွေဆီရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ပေးဆပ်မှုတွေ၊ဂရုဏာဒေါသလေးတွေ၊ လူငယ်သဘာဝစိတ်ခံစားချက်လေးတွေကို မြင်တွေ့ရမယ်ဇာတ်ကားလေးဖြစ်ပါတယ်....။  File size…2.16GB / 1.05GB Quality…WEB-Rip 1080p  5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Forever (2023)

Ghoomer (2023) 8.6
Ghoomer (2023) Ghoomer 2023 ( ခရစ်ကတ်ဘုရင်မ) IMDb 8.6ခရစ်ကတ်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိလာတဲ့ အသစ်စက်စက် ရုံကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်ကားရဲ့ ၂နာရီကျော်လုံးမှာ ဇာတ်နိမ့်ဇာတ်မြင့်တွေနဲ့ ရင်တမမကြည့်ရှူရမဲ့ကားဖြစ်တဲ့အပြင် အားလုံးရဲ့အချစ်တော် မင်းသားကြီးအမီတာဘချမ်းကြီးအပြင် သားဖြစ်သူ အဘီရှိတ်ခ်တို့လို ဝါရင့်သရုပ်ဆောင်နှစ်ဦးလဲပါဝင်ထားပြန်ပါတယ်အန်နာ..ခရစ်ကတ်ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံ့ပွဲ‌တွေထိတက်ချင်ခဲ့တာက သူမရဲ့အိပ်မက်ပေါ့ အစမ်းပွဲလေးတွေမှာ ဝင်ပြိုင်ကစားရင်း ဒိုင်တွေရဲ့ မျက်စိကျခြင်းခံရတဲ့သူမ ..ဒီလိုနဲ့ အင်္ဂလန်_အိန္ဒိယ ခရစ်ကတ်ကစားသမား List ထဲ သူမပါဝင်လာခဲ့ပြီး နောက်ဆုံးဆင့် ရွေးချယ်ပွဲအတွက် လူရွေးပွဲနောက်ပိုင်းမှာ သူမဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့တယ်ဒါကတော့ ခရစ်ကတ်ကစားသမားဖြစ်သူက လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ပါပဲ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဖြစ်ချင်တဲ့သူမရဲ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ဆရာတွေကရော သူ့ကိုဘယ်လိုတွေကူညီသွားမလဲဆိုတာကတော့... (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ Tomo ~ BpL ~ Cherry တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.14GB Quality…1080p  ...
movie

Ghoomer (2023)

2023
NYAD (2023) 7.1
NYAD (2023)  Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိကပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော်မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Fosterတို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီးအဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိတစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကိုကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူးခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ...
movie

NYAD (2023)

Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023
Race to the Summit (2023) 6.7
Race to the Summit (2023) Race to the Summit (2023) ==================== IMDb Rating - 6.7/10CM ပရိသတ်ကြီးအတွက် တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Netflix က ထုတ်လုပ်တဲ့ Documentary Film တစ်ခု တင်ဆက် ပေးလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား တောင်တက်သမား အူလီ ဆက်ခ် အကြောင်းကို လိုက်လံ့မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းရုပ် ရှင်ပါ။အူလီဆက်ခ်ဟာ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှာ မွေး ဖွားခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့ နီပေါနိုင်ငံမှာ တောင်တက်ရင်း မတော်တဆဖြစ်ပြီး ဆုံးပါးသွား ခဲ့တာပါ။ သူဟာ ကမ္ဘာတစ်လွှားက နာမည်ကြီးတောင်တွေကို ထိန်း ကြိုးမပါဘဲ အမြန်တက်ရင်း စံချိန်တွေတင်ခဲ့တဲ့သူပါ။ အရမ်းအန္တရာယ် များတဲ့ တောင်တွေကို ထိန်းကြိုးမပါဘဲ တက်ခဲ့တာမို့ မီဒီယာတွေ ကြားမှာ၊ တောင်တက်သမားတွေကြားမှာ အရမ်းကို နာမည်ကြီးပါ တယ်။အူလီဆက်ခ်တစ်ယောက် ဒီစံချိန်တွေကို ဘယ်လိုတင်ခဲ့တာလဲ၊ ဘယ် လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရလဲဆိုတာမှတ်တမ်းရုပ်ရှင်ထဲမှာ ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Race to the Summit (2023)

2023
Blue Crush (2002) 5.7
Blue Crush (2002) Blue Crush (2002)~ IMDb - 5.7/10, Rotten Tomatoes - 62% ~ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ... မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ...ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး ...
movie

Blue Crush (2002)

2002
Dragon Lord (1982) 6.3
Dragon Lord (1982)   ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie

Dragon Lord (1982)

We Are Marshall (2006) 7.0
We Are Marshall (2006) Huntingtownဆိုတဲ့ မြို့ငယ်လေးမှာ Marshallလို့အမည်တွင်တဲ့ တက္ကသိုလ်တစ်ခုရှိပါတယ်။ ကျောင်းကိုယ်စားပြု American Footballအသင်းဖြစ်တဲ့ The Herd ပြိုင်ပွဲဝင်ချိန်တိုင်း မြို့သူမြို့သားတွေဟာ မြို့လုံးကျွတ်အားပေးခဲ့ကြပြီး သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြတယ်။ ငယ်ရွယ်နုပျိုတဲ့ လူငယ်တွေကလည်း မြို့ရဲ့ဂုဏ်သိက္ခာအတွက် အင်တိုက်အားတိုက်ကြိုးစားကြတယ်။ ဒါပေမယ့် မမျှော်လင့်တဲ့ ကံကြမ္မာဆိုးဟာ HuntingTownနဲ့  Marshallအတွက် ခြောက်ခြားစရာဖြစ်ရပ်ဆိုးကြိးတစ်ခုကို သယ်ဆောင်လာခဲ့ပါတယ်။ဒီနာကျင်ကြေကွဲရတဲ့ ဒဏ်ရာတွေကို ခံစားနေရတဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ မြို့ခံလူထုဟာ ဘောလုံးအသင်းကို ဘယ်လိုဆက်ပြီး တည်တံ့အောင်ကြိုးစားကြမလဲ၊  မိုင်၃၀၀ကျော်အဝေးက နည်းပြဂျက်လန်ရေးကရော Marshallနဲ့ ဘယ်လိုများရေစက်ဆုံလာမလဲ။We are Marshallလို့ ကြွေးကြော်လိုက်တိုင်း သူတို့ရဲ့နာကျင်ဆုံးရှုံးမှု၊  အသင်းသားစိတ်ဓာတ်၊ အချင်းချင်းတန်ဖိုးထားမှု၊ လက်မလျှော့တဲ့ စိတ်အားထက်သန်မှု တွေကို ခံစားမိစေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။၂၀၀၆ခုနှစ်က ထွက်ရှိခဲ့ပြီး ၁၉၇၀ခုနှစ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ဟာ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ကားထက်ပိုတဲ့  ဒီရုပ်ရှင်မှာ နာမည်ကြီး အနုပညာရှင်များဖြစ်တဲ့  The Wedding Planner,How to ...
movie

We Are Marshall (2006)