Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sport
6.7
Sprinter(2023)
Sprinter(2023)*************ကိုရီးယားရဲ့မီတာ၁၀၀အပြေးပြိုင်ပွဲကို နိုင်ငံတော်အဆင့်ရွေးချက်ဖို့ တာတိုအပြေးသမားတွေကိုလူစုနေကြတယ်... အမျိုးသားလက်ရွေးစင်အဆင့်မို့ အရင်က နာမည်ရှိပြီးသားသူတွေရော လက်ရှိကြိုးစားနေတဲ့သူတွေရော လက်ရွေးစင်ဖြစ်ဖို့ကြိုးစားနေကြပါတယ်.. အသက်အလိုက်ရွေးချယ်ကြမှာမို့ ဒီလက်ရွေးစင်ဖြစ်ဖို့ အသက်အရွယ်အလိုက် စိတ်ခံစားချက်တွေ ရုန်းကန်ရပုံတွေကိုရိုက်ပြထားတာမို့ အားကစား ဒရမ်မာကြိုက်တဲ့သူတွေအဖို့ ကြည့်သင့်ပါကြောင်း...File size__( 904MB) and (403MB) Quality__WEB-DL 1080p, 720p Format__mp4 Duration__01:27:48 Type__Sport ,Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chothet_mlmt Encoded by Phyo Pyae
movie
Sprinter(2023)
6.3
Chalet Girl (2011)
IMDB 6.3/10 Rotten Tomatoes 53%ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကိုပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်းမိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာသေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာအယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်းအကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့အခွင့်အရေး ရလာတဲ့အခါမှာတော့…သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမကဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက်ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie
Chalet Girl (2011)
6.4
Pegasus ( 2019 )
ဒီကားလေးဟာ2019 februaryလမှထွက်ရှိထားတဲ့ဇာတ်ကားသစ်လေးဖြစ်ပါတယ်.. Imdb6.4ရရှိထားပြီး chinese box officeမှာ$255millionထိ ဝင်ငွေရရှိထားပါတယ်.. 5ကြိမ်ဆက်တိုက်ပြိုင်ကားမောင်းချန်ပီယံဖြစ်ခဲ့တဲ့ကျန်းချေတစ်ယောက်ဟာ တရားမဝင်ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်မိရာမှရဲတွေရဲ့ချောင်ပိတ်ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်... သူ့ရဲ့ပြိုင်ပွဲဝင်ခွင့်ပိတ်သိမ်းခံရတဲ့အပြင် ယာဉ်မောင်းလိုင်စင်ပါပိတ်သိမ်းခံလိုက်ရပါတယ်..ဒီလိုနဲ့၅နှစ်ကြာ ထမင်းကြော်ရောင်းပြီးဇာတ်မြှုပ်နေခဲ့ရင်း လူငယ်မျိုးဆက်တွေမှာသူ့လိုပဲ၅နှစ်ဆက်တိုက်ပြိုင်ကားမောင်း ချန်ပီယံဖြစ်လာတဲ့လင်ကျိန့်တုံးကိုတွေ့မြင်မိရာကနေ ပြိုင်ပွဲတစ်ဖန်ပြန်ဝင်လိုစိတ်တွေဖြစ်ပေါ်လာပြီး ပြိုင်ပွဲဝင်ခွင့်ရဖို ့ပြန်လည်ကြိုးစားပါတော့တယ်... ဒီလိုနဲ့ပြိုင်ပွဲဝင်ခွင့်ရဖို့ ယာဉ်မောင်းလိုင်စင်ပြန်ဖြေဆိုရချိန်မှာဘယ်လိုအခက်အခဲတွေကြုံရမလဲ..ပြိုင်ပွဲဝင်ဖို့ ပြိုင်ကားအဆင်သင့်မရှိ...ကားအလန်းဆင်ဖို့ရာလည်း ငွေကြေးထောက်ပံမယ့်သူမရှိ..သူ့နောက်မှာဘယ်အဖွဲ့အစည်းမှ မရပ်တည်ပေးချိန်..ပြိုင်ပွဲဝင်ဖို့ ကားငှါးစင်တာကတောင် နာမည်ပျက်ရှိတဲ့သူ့ကိုကားမငှါးပေးတော့တဲ့အခါ.. သူ့ရဲ့လမ်းညွှန်တွဲဖက်ဖြစ်တဲ့ယွီရှန်နဲ့ စက်ပြင်သမားကျိရှင်းတို့နဲ့အတူ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... အခက်အခဲမျိုးစုံကြုံတွေ့ချိန်မှာတောင်အားမလျှော့ပဲ ကြိုးစားကြပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ပြိုင်ကားမောင်းခရေဇီတွေအတွက်တော့ အကြိုက်တွေ့စေမယ့််ဇာတ်ကားတစ်ပုဒ်ပါပဲ.. Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Sport , Action Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Pegasus ( 2019 )
2019
7.4
Southpaw(2015)
Southpaw(2015) ===========သိပ်မကြာသေးခင်က Jake Gyllenhaal ရဲ့Road House(2024) UFC Boxer အက်ရှင်ကားတစ်ကားထွက်လာတယ်...ကောင်းမွန်တဲ့အက်ရှင်ကားဆိုသော်ငြား တစ်ချို့သူတွေအတွက်Southpaw(2015) လောက်ရင်ထဲမရောက်ဘူးလို့ဆိုကြတယ်...ဒါ့ကြောင့် Southpaw ကားကို Quality လုံးဝအလန်းဖြစ်အောင်လုပ်ပြီးတင်ပေးထားပါတယ်... ဘီလီဟုပ် ပွဲ ၄၀ ကျော်လာပြီသူ့ဘဝမှာ ရှုံးပွဲဆိုတာ တစ်ခါဖူးမျှမှ မရှိခဲ့...ပွဲတိုင်းအောင်ပွဲဆင်ခဲ့တာချည်း ဒါပေမယ့် သူ့ထိုးသတ်မှုနည်းဗျူ ဟာက အခြားသူတွေနဲ့မတူပါဘူး ။ပြင်းထန်တဲ့ ရန်သူ့လက်သီးချက်တွေကို တပျော်တပါးကြီးခံစားပြီးမှ သွေးဆာလောင်မှုကိုမွေးမြူ တတ်သူ ။ဒါပေမယ့်သူ့မိန်းမမော်ရင်းကအဲဒီလို ထိုးသတ်တာကိုမကြိုက်ဘူး ။တစ်ဘဝလုံးဇနီးဖြစ်သူရဲ့စီစဉ်ပေးမှုအောက်မှာပဲ နေထိုင်လာတဲ့ဘီလီတစ်ယောက်...ဇနီးဖြစ်သူက သူထိုးပါလို့ပြောတဲ့သူနဲ့မှထိုးတဲ့ အရိုင်းကောင်ကြီးဘီလီ...ကံကြမ္မာဆိုးကဆိုက်ကလုန်းလိုမွှေနောက်ပြီးတဲ့အခိုက်မှာ သမီးလေးနဲ့ နှစ်ယောက်တည်း ဖိအားတွေ အောက်မှာပြားပြားဝပ်ပေါ့ ။လက်စားချေလိုမှုတွေအမုန်းတရားအာဃာတတွေနဲ့ ဖုံးလွှမ်းနေတဲ့ဘီလီတစ်ယောက် သူအမှောင်ထဲမှာအလင်းပြပြလေးတွေ့ခဲ့တယ် ။' သူ့လက်သီးချက်တွေကိုအဓိပ္ပာယ်ရှိစေမယ့်အလင်း '' ဒီဖိုက်တာကောင်ကြီးရဲ့မာန်စွယ်တွေကို ထက်ရှနေအောက်သွေးပေမယ့် အလင်း 'ဘီလီဟုပ် အော် ဘီလီဟုပ်တဲ့ Billy Hope ရှိနေသ၍ Hope ဆိုတဲ့မျှော်လင့်ချက်ကရှိနေဦးမှာပါပဲ ။ဒီကားမှာ အဓိကထားပြောချင်တာတော့ ...
movie
Southpaw(2015)
6.1
Crakk: Jeetega… Toh Jiyegaa (2024)
Crakk: Jeetega... Toh Jiyegaa (2024) "ယောကျ်ားဘသား" IMDb - 6.2/10Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Dattနဲ့ အဲဒီရုပ်ရှင်ထဲကပဲ သရုပ်ဆောင်ဖြစ်တဲ့ Vidyut Jammwalတို့ အတူတူတွဲပြီး တစ်ဖက်စွန်းရောက် အားကစားလို့ခေါ်ဝေါ်ကြတဲ့ အားကစားနည်းတစ်မျိုးကိုရိုက်ကူးထားတဲ့ အိန္ဒိယရဲ့ပထမဆုံးလို့တောင်ခေါ်တဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အသက်နဲ့လောင်းကြောင်းထပ်ထားရတဲ့ ဒီအားကစားကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ကြတာ ကမ္ဘာပေါ်တစ်လွှားမှာ ရေပန်းစားလာခဲ့ပါတယ်။အောင်မြင်ကျော်ကြားလာတဲ့သူတွေအတွက် စပွန်စာနဲ့ ဂုဏ်ဒြပ်ငွေကြေးတွေနောက်ကလိုက်လာတတ်ပေမဲ့ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြသူတွေလည်း ဒုနဲ့ဒေး။ဒီလိုအားကစားကိုမှ ခုံခုံမင်မင်နဲ့ ရူးသွပ်ပြီး ကြိုးစားနေတဲ့သူတွေထဲမှာ မွမ်ဘိုင်းက ဆစ်ဒူးနဲ့ နီဟာလ်ဆိုတဲ့ ညီကိုနှစ်ယောက်လည်း အပါအဝင်ပေါ့။ညီကိုနှစ်ယောက် အောင်မြင်ဖို့ကြိုးစားရင်းနဲ့ အစ်ကိုဖြစ်သူအသက်ဆုံးရှုံးရချိန်မှာတော့ ပင်စင်စားဖခင်ကြီးက သားငယ်ဖြစ်သူကို ဒီအားကစားကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ်ဖြောင့်ဖြနေခဲ့ပေါ့။ဒါပေမဲ့ ခုံမင်ရူးသွပ်ရတဲ့ ဒီအားကစားကိုမစွန့်လွှတ်နိုင်တဲ့ ဆစ်ဒူးတစ်ယောက် ဘယ်လိုအတားအဆီး အခက်အခဲနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာလဲ။တစ်ဖက်မှာလည်း ဒီအားကစားကို ဗန်းပြပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကလည်း ရှိနေပြန်ပါရော။ဒီလိုနဲ့ ဆစ်ဒူးတစ်ယောက် ဒီအကြောင်းတရားတွေမှာ ဘယ်လိုပတ်သက်ပါဝင်ရင်ဆိုင်ရမှာလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…3.49GB /1.56GB Quality…WEB ...
movie
Crakk: Jeetega… Toh Jiyegaa (2024)
2024
6.3
Pride (2007)
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie
Pride (2007)
8.3
Gemencheh Boys (2023)
Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ) IMDb- 8.3/10ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊ အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။ သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။ တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာ လူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာ အနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ ..... ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ ..... ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ ..... လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ...
movie
Gemencheh Boys (2023)
2023
5.0
Kickboxer 2: The Road Back (1991)
Kickboxer 2: The Road Back (1991) ==============================Kickboxer 2 ကတော့ ကတ်ဆလုန်းနဲ့ အဲရစ်ဆလုန်းတို့ရဲ့ညီ ဒေးဗစ်ဆလုန်းအကြောင်းပါ။ ဒေးဗစ်ဟာ ကြိုးဝိုင်းထဲကိုပြန်မဝင်တော့ဘဲ သူ့အစ်ကိုတွေဖွင့်ထားပေးခဲ့တဲ့ အားကစားရုံမှာ ကလေးတွေကို ကစ်ဘောက်ဆင်သင်ပေးရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ပညာဒါနလုပ်ပါများပြီး လူကမွဲတဲတဲမို့ အားကစားရုံပါ အပိတ်ခံရတော့မဲ့ကိန်းဆိုက်နေပါပြီ။ ကိုယ်လူချောကတော့ အကြွေးတွေပတ်လည်ဝိုင်းနေလည်း ဖင်အေးအေးနဲ့ပဲ ထိုင်နေချိန်မှာ သူ့အစ်ကိုတွေကိုသေစေခဲ့တဲ့ ထိုင်းပွဲကပြိုင်ဘက်တချို့က ဆလုန်းမျိုးရိုးကို မကြေပွဲပြန်နွှဲဖို့ ကြိုးစားနေတယ်ဆိုတာတော့မသိရှာပါဘူး။ တစ်နေ့တော့ ဒေးဗစ်ကို ကြိုးဝိုင်းလောကထဲပြန်ဝင်ဖို့ အလုပ်လာကမ်းလှမ်းရာကနေ ဒေးဗစ်ရဲ့ငြိမ်သက်နေတဲ့ကံကြမ္မာလေး ဂယက်ထဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လိုက်ဒေးဗစ်နေရာမှာကတော့ Dallas (1978)စီးရီးနဲ့ Step by Step (sitcom)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Sasha Mitchellပါ။ ဟောင်ကောင်မင်းသားကြီး Dennis Chan ကသူ့ဆရာနေရာကနေ ပါဝင်ထားပါတယ်။Sasha Mitchell ငယ်ငယ်ကအတော်ချောခဲ့တာမို့လို့ ကစ်ဘောက်ဆင်ကားတွေသိပ်မကြည့်ဖြစ်တဲ့ကျွန်တော်တောင် သူ့မျက်နှာငမ်းရင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံးပြီးသွားတာပါ။ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းတာမို့ ကြည့်ရတာတန်မဲ့ကားလေးလို့ ပြောရင်းနဲ့ပဲ ...
movie
Kickboxer 2: The Road Back (1991)
6.4
Kickboxer (1989)
Kickboxer (1989) ================ IMDb rating - 6.4/10ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် Action,sport,thriller ရုပ်ရှင်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...Champ ဟာ အနောက်နိုင်ငံတစ်ခွင်မှာ သူ့ကိုဘယ်သူမှအနိုင်မယူနိုင်တဲ့ ချန်ပီယံကောင်းတစ်ယောက်ပါ။ဒီလိုနဲ့သူအားလုံးကိုအနိုင်ပိုင်းပြီးတဲ့နောက်မှာတော့ အားလုံးက kickboxing စတင်ဖြစ်ပေါ်လာတဲ့ ထိုင်းနိုင်ငံကချန်ပီယံကိုလည်း Champ တစ်ယောက်အနိုင်ယူနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်။ဒီလိုနဲ့ ထိုင်းနိုင်ငံရဲ့ချန်ပီယံရဲ့ယှဉ်ပြိုင်တိုက်ခိုက်ပြီးတဲ့နောက်မှာ တစ်ဖက်ပြိုင်ဘက်ရဲ့မညှာတာမှုကြောင့် အကြောသေသွားတဲ့အထိအဖြစ်ဆိုးကြီးနဲ့ကြုံခဲ့ရပါတော့တယ်။ဒီလိုနဲ့ သူ့ညီကနေ သူ့အစ်ကိုအတွက် ဘယ်လိုတရားမျှတမှုကို လက်စားချေပြီးပြန်ယူပေးမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ )File size_(1.8GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Action, Sport, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June
movie
Kickboxer (1989)
7.6
Guru (2017)
Guru 2017 "မြတ်ဆရာ"IMDb 7.6/10 Action/ Drama/ Sportဒီတစ်ခေါက်မှာတော့ အဟောင်းပေမယ့် အကောင်းဖြစ်တဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။လက်ဝှေ့သမားကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ အာဒီဟာ အိုလံပစ်ရွှေတံဆိပ်နဲ့မိန်းမဖြစ်သူကို တစ်ချိန်တည်းမှာ ဆုံးရှုံးခဲ့ရပြီး လက်ဝှေ့သမားဘဝကို စွန့်လွှတ်ခဲ့ပါတယ်။ စိတ်နာစရာတွေရှိခဲ့ပေမယ့် လက်ဝှေ့အားကစားကို မစွန့်လွှတ်နိုင်သေးတဲ့အာဒီဟာ အမျိုးသမီးလက်ဝှေ့အားကစားအသင်းမှာ နည်းပြအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ဒေါသကြီးပြီး စိတ်မရှည်တတ်တဲ့အာဒီကို သဘောမကျတဲ့ကော်မတီက ဗိုင်ဇက်ကိုပြောင်းရွှေ့ဖို့လွှတ်လိုက်ပြီးနောက်မှာ အာဒီရဲ့ဘဝက စပြီးပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။လက်ဝှေ့အားကစားကို စိတ်အားထက်သန်တဲ့ လက်ရှ်မီးနဲ့ရာမေ့ရှ်ရွှာရီတို့ ညီအစ်မနှစ်ယောက်နဲ့ အာဒီတွေ့ဆုံခဲ့ပါတယ်။ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ပြီးယှဉ်ပြိုင်နေတဲ့ လက်ရှ်မီးကို လျစ်လျူရှုပြီး ရာမေ့ရှ်ရွှာရီကိုပဲ လေ့ကျင့်ပေးဖို့မျက်စိကျနေတဲ့ အာဒီ..... စိတ်အားထက်သန်မှုအပြည့်ရှိနေတဲ့ ရာမေ့ရှ်ရွှာရီ....နှစ်အတော်ကြာကစားခဲ့ပေမယ့် လေ့ကျင့်ဖို့ရွေးချယ်မခံရလို့ မနာလိုဖြစ်နေတဲ့ လက်ရှ်မီး... သူတို့သုံးယောက်ကြား ဘယ်လိုတွေဆက်ဖြစ်မလဲ...အာဒီရဲ့နည်းပြမှုကရော အဆင်ပြေနိုင်မလား...အောင်မြင်မှုတွေရသွားဦးမလားဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။) File size…2.55GB / 1.14GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Guru (2017)
2017
5.3
Balls of Fury (2007)
Balls of Fury (2007) Genre – Comedy, Crime, Sport IMDB – 5.3/10 ပင်ပေါင်အားကစားကို အခြေခံထားတဲ့ အရင်တုန်းကကားဟောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်။အားကစားဆိုလို့ အတည်မထင်လိုက်ပါနဲ့သောက်ခွက်ပြောင်ထားတဲ့ ဟာသကားလေးပါ။သရုပ်ဆောင်တွေဆိုရင်လည်း ရုပ်ရှင်ကြည့်နေကြလူတွေနဲ့မစိမ်းတဲ့လူတွေကို မြင်ရမှာပါ။ အဓိကမင်းသားဆိုရင် Fantastic Beasts ဇာတ်ကားတွေထဲကလူချစ်များတဲ့ Mr. Jacob လုပ်တဲ့ ဝတုတ်ကြီးပါနောက်ပြီး ဆရာကြီး Christopher Walken တို့လည်းပါပြီးငယ်ချစ်ဖြစ်တဲ့ မမ Maggie Q တောင် ပါဝင်ထားပါသေးတယ်ဗျာ။Terry Crews တောင် မျက်ခွက်ဝင်ပြောင်ထားပါသေးတယ်။ဇာတ်လမ်းကလည်း ပြောရမယ်ဆိုအလေကြီး ၁၉၈၈ ခုနှစ်အမေရိကန်မှာ ပါရမီရှင် ၁၂ နှစ်အရွယ်ပင်ပေါင်ကစားသမားလေး ရန်ဒီဆိုတာ ရှိတယ်။ တစ်နိုင်ငံလုံးက အသေအားပေးကြတာပေါ့ ဒီလိုနဲ့ ဆိုးလ်အိုလံပစ်ပွဲမှာပြိုင်ရတဲ့အချိန်ကျ ဖအေဖြစ်သူနဲ့ ပြဿနာတစ်ခုတက်ပြီးပရမ်းပတာဖြစ် ရှုံးခဲ့ရတဲ့အပြင် အရှက်တွေပါ ကွဲအဖေဖြစ်သူလည်း သေဆုံးရတဲ့ထိ ဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာလာတော့ ရန်ဒီတစ်ယောက်သူ ကျွမ်းကျင်တဲ့ ပင်ပေါင်အားကစားကို ပြပွဲလေးတစ်ခုမှာပြစားပြီး အသက်မွေးဝမ်းကြောင်းနေရတာပေါ့။ တစ်ရက်ကျ ...
movie
Balls of Fury (2007)
5.7
Little Wing (2024)
ဒီဇာတ်လမ်းလေးကတော့ coming-of-age ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး တစ်ခါလောက် ငယ်မူပြန်ရင်းပေါ့ပေါ့ပါးပါးကြည့်ရှုလို့ကောင်းမယ့်ကားလေးပါ...။မိသားစုဆိုတာဘာလဲ...၊ဘဝမှာ ကိုယ်လိုချင်တာထက် ကိုယ်ဖြစ်သင့်တာ၊အများအတွက်လုပ်ပေးသင့်တာကိုဦးစားပေးရတဲ့ခံစားချက်မျိုး၊ချစ်ခြင်း၊မုန်းခြင်း၊ဝါသနာ၊လိုအင်စတဲ့ စိတ်ခံစားချက်အစုံကိုငယ်ဘဝရုပ်ရှင်လေးတစ်ခုတည်းမှာ ပြန်မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ကိတ်တလင်းဟာ ရှစ်တန်းကျောင်းသူအရွယ်လေးဖြစ်ပြီးမိဘနှစ်ပါးရဲ့ ကွာရှင်းမှုကြောင့် စိတ်ဓာတ်ကျနေသူလေးပါ။ဖခင်ဖြစ်သူကထားသွားပြီးနောက် အကြွေးတွေဝိုင်းဝိုင်းလည်နေလို့လက်ရှိနေနေတဲ့အိမ်ကလေးရောင်းချဖို့ အခြေအနေကြုံလာရပါတယ်။ကိတ်တလင်းက ဒီလိုမဖြစ်ချင်ပါဘူး မိသားစုအမှတ်တရတွေရှိတဲ့လက်ရှိ အိမ်လေးမှာပဲ နေချင်ရှာပါတယ်...။ဒါကြောင့် အကြွေးတွေဆပ်နိုင်ဖို့ အိမ်ကိုမဆုံးရှုံးဖို့ ကြံရင်းကဒေါ်လာ တစ်သိန်းနှစ်သောင်းတန် ခိုတစ်ကောင်အကြောင်းကိုကြားမိပါလေရော...။ဒီခိုလေးဟာ ပြိုင်ပွဲဝင်ခိုတွေထဲမှာ အမြန်ဆုံးလို့ကျော်ကြားတာကြောင့် ဒီလောက်ထိတန်ကြေးရှိတာပါ...။အသက် ၁၃နှစ်အရွယ်ကလေးသာသာ ကိတ်တလင်းဟာဒီခိုကိုသာရအောင်ခိုးနိုင်ရင် အဆင်ပြေပြီဆိုပြီး ကြံမိကြံရာကြံပါတော့တယ်....။ကိတ်တလင်းတစ်ယောက် ဒီဒေါ်လာသိန်းချီတန်တဲ့ ခိုလေးနဲ့ဘယ်လိုနှစ်ပါးသွားကြမလဲ ၊ တကယ်ပဲခိုးနိုင်မလား၊ အိမ်ကိုရောကယ်တင်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ။ File size…1.31GB / 584MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Little Wing (2024)
7.4
The Greatest Game Ever Played (2005)
ဖရန့်ဆစ် အူမန့်ဟာ ဂေါ့ဖ်ရိုက်တာကို ဝါသနာပါတဲ့ လူငယ်လေးတစ်ယောက်ပါ. သူဟာ ဝါသနာကြီးလွန်းလို့ ငယ်ငယ်ကတည်းက ဂေါက်ကွင်းမှာ အိတ်သယ်အဖြစ် လုပ်ရင်း ဂေါ့ဖ်ရိုက်တဲ့ပညာကို လေ့လာခဲ့ပါတယ်.တစ်နေ့တော့ သူအရမ်းလေးစားအားကျရတဲ့ ဂေါ့ဖ်သမား ဖြစ်တဲ့ ဟယ်ရီ ဗာဒန်ဆိုတဲ့ ပုဂ္ဂိုလ်ကို အပြင်မှာတွေ့ဖို့ ဖြစ်လာပါတယ်. ဟယ်ရီဟာ လက်ရှိမှာ အအောင်မြင်ဆုံး ဂေါ့ဖ်ကစားသမားဖြစ်နေပေမယ့် သူငယ်ငယ်တုန်းကလဲ ဖရန့်ဆစ်လိုမျိုးပဲ ဘဝက ခက်ခဲကြမ်းတမ်းခဲ့တာပါ.အဲဒီ့နောက်တော့ ဖရန့်ဆစ်တို့ ဂေါက်ကွင်းမှာ US Open ပြိုင်ပွဲကြီးလာကျင်းပတဲ့အချိန်မှာ ဖရန့်ဆစ်တစ်ယောက် ပြိုင်ပွဲဝင်ရဖို့ ဘယ်လိုမျိုးတွေ ရင်ဆိုင်ရမယ်. ဒါ့အပြင် ဂေါ့ဖ်ရိုက်တယ်ဆိုတာ အားကစားတစ်ခုထက်ပိုတဲ့ ပြိုင်ပွဲနောက်ကွယ်က နိုင်ငံရေးလှည့်ကွက်တွေလည်းပါတဲ့ ကစားနည်းတစ်ခုလည်း ဖြစ်နေပြန်ပါသေးတယ်. ဆိုတော့ ဖရန့်ဆစ်တစ်ယောက် ဘယ်လိုပြိုင်ပွဲဝင်တွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူသွားနိုင်မလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ကျရှုံးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်.ဒါ့အပြင် ၂၀၀၆ ခုနှစ်အတွက်လည်း Best ...
movie
The Greatest Game Ever Played (2005)
7.5
Blue Star (2024)
Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie
Blue Star (2024)
2024
6.2
Dirt (2018)
ကားပြိုင်တာကိုမှ ခပ်ကြမ်းကြမ်းလေးပြိုင်တာကို ကြိုက်တယ်ဆိုတဲ့လူတွေအတွက် သဲတွေရွံ့တွေကြားမှာ ကြမ်းကြမ်းတမ်းတမ်းယှဉ်ပြိုင်ရတဲ့ Dirt Racing နဲ့ဒရာမာကောင်းကောင်းလေးတွေကိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Dirt ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး Rotten Tomatoes မှာ 84%ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့ ဒက်ဇ်ဆိုတဲ့ကောင်လေးကတန်ဖိုးကြီး Roll Royce ကားကိုခိုးလာပြီး ခိုးရာပါကားတွေရောင်းတဲ့အလုပ်ရှင်ဆီသွားအပ်တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမယ့်ကံဆိုးချင်တော့ သူ့နောက်ကိုရဲတွေလိုက်လာပြီး အဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် သူကအသက်မပြည့်သေးတဲ့အပြင် ဆယ်နှစ်အရွယ်ညီမလေးကိုလည်း ပြုစုစောင့်ရှောက်ပေးနေရတဲ့အတွက် သူ့ကိုအုပ်ထိန်းပေးမဲ့သူရှိရင် ထောင်မကျနိုင်တာကြောင့်ရဲမှူးရဲ့အကူအညီနဲ့ရစ်ခ်ရက်ဒန်ဆိုတဲ့ လူဆီရောက်သွားပါတော့တယ်။ရစ်ခ်ရက်ဒန်ဆိုတာကတစ်ချိန်က ဂန္တဝင်လမ်းကြမ်းပြိုင်ကားသမားဖြစ်ပြီး မတော်တဆမှုကြောင့်အနားယူရကာ လက်ရှိရက်ဒန်ဆိုတဲ့ပြိုင်ကားအဖွဲ့ကိုထောင်ထားတဲ့သူဖြစ်ပါတယ်။ရစ်ခ်ကဒက်ဇ်ကို ဒီအတိုင်း မျက်ကန်းတောတိုးလက်ခံခဲ့တာမဟုတ်ဘဲ ဒက်ဇ်ရဲ့ကားမောင်းကျွမ်းကျင်မှုတွေကြောင့် ခေါ်ယူခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ ရက်ဒန်အဖွဲ့ရဲ့ ပင်တိုင်ပြိုင်ကားမောင်းသမားကထွက်သွားရတဲ့အခါမှာတော့ ဒက်ဇ်တစ်ယောက်သူ့ရဲ့အရည်အချင်းတွေကိုထုတ်ပြခွင့်ရမလား သူတို့မောင်နှမနှစ်ယောက်ရဲ့ဘ၀လည်း ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့ဒရာမာ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.82 GB / 875 MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , ...
movie
Dirt (2018)
7.1
Forever Strong (2008)
အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ဇာတ်လမ်းအကျဉ်းကတော့ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။ သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.2 GB) Quality….Blu-Ray 720p Format…mp4 Duration….01:52:00 Genre...Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
Forever Strong (2008)
8
The Iron Claw (2023)
The Iron Claw (2023)~ IMDb - 8/10, RT - 89%, Meta - 73% ~National Board of Review က အကဲဖြတ်ပေးထားတဲ့ ၂၀၂၃ ရဲ့ Top 10 ၁၀ကားထဲက တစ်ကားပါ။ ဝေဖန်ရေးသမားတွေတော့ တော်တော်ချီးကျူးထားကြပေမဲ့ အော်စကာတော့ တစ်ခုမှကိုမဝင်သွားခဲ့ပါဘူး။ ဒီစာရင်းထဲပါပြီး နောက်ထပ်အော်စကာတစ်ခုမှမဝင်သွားတာကတော့ Ferrari ပါ။ ကျန်တဲ့၈ကားကတော့ Best Picture စာရင်းဝင်ကားတွေချည်းပါပဲ။ A24 က ထုတ်ထားသလို သရုပ်ဆောင်တွေကလည်း Zac Efron, ဒီနှစ်ဆုတွေမနည်းသိမ်းသွားတဲ့ The Bears စီးရီးရဲ့မင်းသား Jeremy Allen White, Triangle of Sadness နဲ့ Where the Crawdads Sing က မင်းသား ...
movie
The Iron Claw (2023)
2023
4K HEVC
6.7
The Hill (2023)
The Hill (2023)~ IMDb - 6.7/10, RT - 44%, Meta - 48% ~Professional Baseball Player Rickey Hill ရဲ့ ဘဝအကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။တက္ကဆက်ပြည်ရဲ့ မြို့ငယ်လေးမှာ မွေးခဲ့တဲ့ ရစ်ကီဟေးလ်ဆိုတဲ့ ကလေးဟာ မွေးရာပါ ခြေထောက်တွေ မသန်မစွမ်းဖြစ်နေပြီး အသက်ကိုးနှစ်အရွယ်ထိ လမ်းလျှောက်ဖို့တင်ကို Brace တွေတပ်ပြီး နေခဲ့ရပါတယ်။ ရစ်ကီရဲ့အဖေက သင်းအုပ်ဆရာဖြစ်ပြီး သူ့အလုပ်ကို မိသားစုထက်အရင် အလေးပေးရှေ့တန်းတင်ခဲ့သူပါ။ ရစ်ကီရဲ့ မထင်မှတ်စရာ သူ့အိပ်မက်က တစ်နေ့မှာ ပရော်ဖက်ရှင်နယ်ဘေ့စ်ဘောကစားသမား ဖြစ်လာပြီး Major League ပွဲမှာ ကစားရဖို့ပါတဲ့။ ရစ်ကီရဲ့အဖေ ဂျိမ်းစ်က သူ့သားရဲ့အခြေအနေကြောင့်ရော သူလို သင်းအုပ်ဆရာဖြစ်စေချင်တာကြောင့်ပါ ရစ်ကီကို ဘေ့စ်ဘောကစားခွင့်မပြုခဲ့ပါဘူး။ ရစ်ကီရဲ့ အစ်ကိုနဲ့အစ်မကတော့ ...
movie
The Hill (2023)
2023
5.8
Warrior Strong (2023)
Warrior Strong [2023] (IMDb 6.2/10)ဇာတ်လမ်းစစချင်းမှာ ဘစကတ်ဘောကွင်းထဲက နည်းပြ ရှမစ်ဒ်တစ်ယောက် နှလုံးဖောက် ဆေးရုံရောက်ပါတယ်.. ဒီအချိန်မှာပဲ ရှမစ်ဒ်ရဲ့ တချိန်က တပည့်ဟောင်း ဘီလာဟာလည်း သူ့ရဲ့ NBA နည်းပြကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ အသင်းလက်မဲ့ဖြစ်သွားခဲ့ရပါတယ်... နာမည်ဆိုးနဲ့ကျော်ကြားသွားပြီမို့ လိဂ်တစ်ခုလုံးကရော ပရိတ်သက်များကပါ ဝိုင်းဝန်ပယ်ကျဉ်တာကို ဘီလာ ခံရပါတော့တယ်... ဒီလိုနဲ့ အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဘီလာတစ်ယောက် နာမည်ကို ပြန်အဖတ်ဆယ်ပြီး NBAလောကထဲ ပြန်ဝင်ဖို့ လိုလာပါတော့တယ်... ဒီအတွက် အေးဂျင့် လုပ်သူ ကာတာရဲ့ အကြံပေးချက်အတိုင်း ဘီလာလို့ စတင်ကျော်ကြားလာတဲ့ သူ့ရဲ့မွေးရပ်မြေကလေးက Warriors အသင်းကို သွားရောက်ပြီး နည်းပြ ရှမစ်ဒ်အစား နည်းပြဝင်လုပ်ဖို့ ဖြစ်လာရပါတော့တယ်... ဒီလိုနဲ့ နာမည်အဖတ်ဆယ်ရုံသက်သက် သွားရောက်ခဲ့တဲ့ ဘီလာတစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ... သူ ပြန်သွားချင်တဲ့ NBA ဘတ်စကတ်ဘော ထိပ်သီးလောကထဲကိုရော ပြန်ဝင်နိုင်ပါ့မလားဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung ...
movie
Warrior Strong (2023)
2023
7.1
The Boys in the Boat (2023)
The Boys in the Boat (2023)~ IMDb - 7.1/10, Rotten Tomatoes - 57% ~George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက ...
movie
The Boys in the Boat (2023)
2023
4K HEVC
1
2
3
4
Last
Previous
Next