Channel Myanmar

Special Package

The Prequel of Gold Convoyers 10 : A Decisive in Tianya Village ( 2010 ) 5.7
The Prequel of Gold Convoyers 10 : A Decisive in Tianya Village ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်ဒီအပိုင်းမှာတော့ ဝမ်ကျောက်ရှင်းနဲ့ ဂူဖျင်အန်းတို့ လက်ထပ်ပြီးနောက် အေးချမ်းသာယာတဲ့ ဘဝမှာ ဝမ်ကျန့်ဝေးဆိုတဲ့ သားလေးတစ်ယောက်မွေးခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်ကျောက်ရှင်းဟာ ရုတ်တရက် နဂါးတပ်ရဲ့ အမိန့်ကိုလက်ခံရရှိခဲ့ပါတယ်။ဖျင်အန်းရဲ့ ထောက်ခံအားပေးမှုကြောင့် ဝမ်ကျောက်ရှင်းတစ်ယောက် ယိုးလန်ဆိုတဲ့ နာမည်ပြောင်းနဲ့ နဂါးတပ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ တာဝန်ထမ်းဆောင်နေစဉ်မှာ နဂါးတပ်တစ်ခုလုံး ကျရှုံးသွားခဲ့ပြီး ဝမ်ကျောက်ရှင်းလည်း အဖမ်းခံခဲ့ရပါတယ်။ နဂါးတပ်ထဲမှာ သူလျှိုရှိနေတဲ့အတွက် နဂါးတပ်တစ်ခုလုံး ကျရှုံးခဲ့တာဖြစ်ပြီး အဲ့သူလျှိုကို ကလဲ့စားချေဖို့ ဝမ်ကျောက်ရှင်းတစ်ယောက် ကျိန်ဆိုခဲ့ပါတယ်။ရန်သူလက်ထဲမှ ထွက်ပြေးလွတ်မြောက်လာပြီးနောက် အိမ်ပြန်ရောက်လာတဲ့ ဝမ်ကျောက်ရှင်းဟာ မိသားစုဝင်တွေအကုန် အသတ်ခံလိုက်ရပြီး ဖျင်အန်းကို ကိုယ်ရံတော်တပ်က ဖမ်းသွားခဲ့တာကို သိလိုက်ရပါတယ်။ တိုင်းပြည်အနှံ့ ဖမ်းမိန့်ထုတ်ခံထားရတဲ့ ဝမ်ကျောက်ရှင်းတစ်ယောက် အကူအညီရှာဖို့အတွက် ထျန်းယာရွာကို ရောက်လာခဲ့ပါတယ်။လူအများအပြားကို လိုက်လံသတ်ဖြတ်နေတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူ ဖြစ်မလဲ...... သူတို့လို ဖမ်းမိန့်ထုတ်ခံထားရတဲ့လူတွေကိုလက်ခံပေးထားတဲ့ ထျန်းယာရွာက ရွာသားတွေကရော ဘယ်သူတွေဖြစ်မလဲ...... အမြစ်ပြတ်ရှင်းလင်းနိုင်ပါ့မလား.ဆိုတာကို ရုပ်ရှင်ထဲမှာ အဖြေရှာလိုက်ရအောင်နော်။ Quality : HDTV ...
movie

The Prequel of Gold Convoyers 10 : A Decisive in Tianya Village ( 2010 )

Aquaman and the Lost Kingdom (2023) 6.0
Aquaman and the Lost Kingdom (2023) (function(f,b,n,j,x,e){})();အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။ File size…( 9.47 GB)/( 2.84 GB) /(2.2 GB) Quality….Webrip  4K HEVC/ 1080p / 720p Format…mp4 Duration….02:04:00 Genre... Action, Adventure, ...
movie

Aquaman and the Lost Kingdom (2023)

4K HEVC
Hellraiser: Hellseeker (2002)
Hellraiser: Hellseeker (2002) Hellraiser: Hellseeker (2002)Hellraiser Franchise ရဲ့ ခြောက်ကားမြောက်ဖြစ်တဲ့ Hellseeker က ငါးကားမြောက် Inferno နဲ့ ခပ်ဆင်ဆင်တော့တူနေပါတယ်။ ဒီဇာတ်ကားမှာတော့ ပထမဆုံး ဇာတ်ကား Hellraiser (1987) က အဓိကဇာတ်ကောင် ခရစ္စတီ ပြန်ပါလာပါတယ်။ ဒါရိုက်တာက နာမည်ကျော် စီးရီးဖြစ်တဲ့ Supernatural ရဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ Rick Bota ပါ။Inferno မှာ ပြောမထားတဲ့ ဆီနိုဘိုက်တွေရဲ့ သဘောသဘာဝတွေကို ဒီမှာ ပြန်ဖြည့်ထည့်ထားထားသလိုပါပဲ။ ဒီဇာတ်ကားမှာလည်း Body Horror ကို ဦးစားပေးမထားဘဲ ဇာတ်လမ်းကို အဓိကထားပြီး တင်ဆက်သွားပါတယ်။ အဓိကဇာတ်ဆောင်က ထင်ယောင်ထင်မှားဖြစ်တာတွေ များနေတော့ ဇာတ်လမ်းက နည်းနည်းတော့ လည်သွားနိုင်ပါတယ်။ Inferno မှာ ပြထားတဲ့ ငရဲဆိုတာကို ပိုပြီး ထင်ရှားသွားအောင် အရောင်တင်ပေးလိုက်သလိုဆိုတော့... တော်တော်လေးလှတဲ့ ဇာတ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Hellraiser: Hellseeker (2002)

2002
Shanghai Noon (2000) 6.6
Shanghai Noon (2000)  (function(f,b,n,j,x,e){})(); ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်…တနေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်…အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ??? ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့…မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး  File ...
movie

Shanghai Noon (2000)

2000
Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 ) 5.6
The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : HDTV 720p Format : mp4 Genres : Drama , Action  Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Prequel of Gold Convoyers 9 : An Ultimate Task ( 2010 )

The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 ) 5.7
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်​ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား...... လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ...... အတွေးအခေါ်ခြင်း ...
movie

The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong ( 2010 )

Hellraiser: Inferno (2000) 5.4
Hellraiser: Inferno (2000) Hellraiser: Inferno (2000)(function(f,b,n,j,x,e){})();ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser ...
movie

Hellraiser: Inferno (2000)

2000
Rush Hour (1998) 7.0
Rush Hour (1998)  ဂျက်ကီချန်းပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကိုမမေ့ကြသေးဘူးမလား1998 စတင်ထွက်ရှိခဲ့တဲ့ Rush Hour Series တွဲရဲ့ ပထမဆုံးသောဇာတ်ကားဖြစ်ပါတယ်......ဂျက်ကီနဲ့ ကာတာ စတင်ပြီးတွေ့ဆုံတဲ့ ကားပေါ့ဗျာ..မကြည့်သေးတာပဲဖြစ်ဖြစ်..ကြည့်ပြီးသွားတာပဲဖြစ်ဖြစ်..နောက်ဆိုရင် ဒီလိုဇာတ်ကားမျိုးတွေ အကြည်နဲ့စာတန်းထိုးမှန်မှန် ရဖို့မလွယ်တော့လို့ သိမ်းသင့်ကြောင်းပါ......မေ့နေမှာစိုးလို့ ဇာတ်လမ်းအကျဉ်း လေးနည်းနည်းပြန်ပြောလိုက်ပါမယ်....အင်စပက်တာ လီဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့စုံထောက်အရာရှိတစ်ဦးပါ.....သူဟာ တရုတ်ကောင်စစ်ဝန်နားမှာအမြဲနေပြီး..ကောင်စစ်ဝန်ကလည်းအရေးပေးပါတယ်......တနေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာတရုတ်တွေရဲ့ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေ တဲ့ ဂျွန်တာအို ရဲ့အဖွဲ့ကိုဖမ်းမိပါတယ်.ခေါင်းဆောင်တော့မပါဘူးပေါ့....အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအိုဟာ အတော်ကြာခြေရာဖျောက်နေပါတယ်.......တရုတ်ကောင်စစ်ဝန်မှာသမီးလေးတစ်ယောက်ရှိ ပါတယ်..အဲ့သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲပြီး ကလဲ့စားပြန်လိုချင်တဲ့အခါမှာတော့........တရုတ်ကောင်စစ်ဝန်ဟာ အမေရိက ကိုရောက်နေတာပါ.......ပြန်ပေးဆွဲတာလည်းအမေရိကမှာပဲဖြစ်ပါတယ် FBI က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ပြောပေမယ့် ကောင်စစ်ဝန်က " လီ " ကို ပါဝင်စေချင်လို့ တရုတ်ကနေလှမ်းခေါ်လိုက်ပါတယ်..ဒါကို FBI က သဘောမကျပဲ တွဲဖက်တစ်ဦးတွဲပေးလိုက်ပါတယ်......အဲ့တွဲဖက်ရဲ့တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေဘဲ ပထုတ်ထားဖို့ပဲဖြစ်ပါတယ်.......တွဲဖက်ကတော့ LA ရဲ ဘက်ငှာန က ဂျိမ်းကာတာပဲဖြစ်ပါတယ်......ပေါက်ကရတွေလျှောက်ပြောပြီး ...
movie

Rush Hour (1998)

1998
Friday the 13th Part VI: Jason Lives (1986) 6
Friday the 13th Part VI: Jason Lives (1986) Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie

Friday the 13th Part VI: Jason Lives (1986)

1986
Hellraiser: Bloodline (1996) 5.1
Hellraiser: Bloodline (1996) Hellraiser: Bloodline (1996)သေတ္တာတွေရဲ့ အစနဲ့ အဆုံးအကြောင်းကိုတွေ့ရမှာပါ။Pinhead ရဲ့ ရုပ်ထွက်ကတော့ တစ်ကားထက်တစ်ကား ပိုကောင်းလာပါတယ်။ ဒီဇာတ်ကားမှာတော့ မင်းသမီးကိုမငမ်းရဘဲ နတ်ဆိုးမကို ငမ်းရမှာပါ။Hellraiser ရဲ့ အစောပိုင်းဇာတ်လမ်းတွေနဲ့တော့ ဒီဇာတ်လမ်းက တော်တော်လေးကွဲပါတယ်။ Cenobite လို့ တစ်လုံးမှ သုံးမသွားဘဲ Demon လို့ပဲ သုံးသွားတာက တော်တော်လေးထင်ရှားပါတယ်။ လူဆိုးကျော်ကြီး လဗိုင်ယာသန်လုံးဝမပါပါဘူး။ ဒီထဲမှာတော့ Pinhead က ဆရာအကျဆုံးပါ။ ငရဲက ကမ္ဘာပေါ်ရောက်လာတာထက်ကြမ်းပါတယ်။ အာကာသထဲထိရောက်လာတာပါ။ဇာတ်လမ်းအကျဥ်းကတော့ Toymaker ဆိုတဲ့ အရုပ်ဖန်တီးသူတစ်ယောက်က သေတ္တာကို အောက်လမ်းဆရာတစ်ယောက်အတွက် ဖန်တီးပေးမိပြီး သူ့ရဲ့အမှားကို ပြန်ပြင်ဆင်နိုင်ဖို့ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် တာဝန်ကို လက်ဆင့်ကမ်းရင်း ကြိုးစားသွားတာကို အချိန်သုံးခုနဲ့ ပြသွားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 730MB Quality - 1080p, 720p IMDb Rating ...
movie

Hellraiser: Bloodline (1996)

1996
Friday the 13th: A New Beginning (1985) 4.7
Friday the 13th: A New Beginning (1985) Friday the 13th: A New Beginning (1985)ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Friday the 13th: A New Beginning (1985)

1985
The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 ) 5.7
The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 ) ဒါကတော့ The Prequel of Gold Convoyers ရဲ့(၇)ကားမြောက်ကားပဲဖြစ်ပါတယ်။စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းတို့ပို့ဆောင်ရေးအဖွဲ့ဟာ ဆားဂိုဏ်းဂိုဏ်းချုပ်ကြီးအပ်တဲ့ပစ္စည်းကိုပို့ရတာပဲဖြစ်ပါတယ်။ ရှေးခေတ်မှာ ဆားကိုတရားမဝင်ရောင်းဝယ်တဲ့သူဟာ အပြစ်တော်တော်ကြီးပါတယ်။ဆားဂိုဏ်းဆိုတာကတော့ ဆားမှောင်ခိုအရောင်းအဝယ်အားလုံးထိန်းချုပ်ထားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အရမ်းကိုချမ်းသာပါတယ်။ ဘုရင်ကဆားရောင်းဝယ်တာတွေကိုပြန်စီမံမယ်ဆိုတော့ စံပြနမူနာအနေနဲ့ ဆားဂိုဏ်းဂိုဏ်းချုပ်တူဝရီးကိုအရင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဝမ်ကျောက်ရှင်းက ဆားဂိုဏ်းကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတဲ့အတွက် ဆားဂိုဏ်းဂိုဏ်းချုပ်ဖမ်းဆီးဖို့စစ်ဆင်ရေးမှာ သူပါပါဝင်ရတော့တာပေါ့။နဂါးတော်ဝင်တပ်ရဲ့ရန်အပြင် အတွင်းရေးပဋိပက္ခတွေပါရှိနေတဲ့ ဆားဂိုဏ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ။ ဝမ်ကျောက်ရှင်းတို့အဖွဲ့ဟာ ဒီတာဝန်ကိုရောဘယ်လိုအောင်မြင်အောင်လုပ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။ Quality : HDTV 720p Format : mp4 Genres : Action , Drama Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

The Prequel of Gold Convoyers 7: A Supernumerary Candidate ( 2010 )

Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Hellbound: Hellraiser II (1988) 6.4
Hellbound: Hellraiser II (1988) Hellbound: Hellraiser II (1988)~ IMDb - 6.4/10, RT - 53%, Meta - 41% ~Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ...
movie

Hellbound: Hellraiser II (1988)

1988
The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 ) 5.7
The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 ) အရင်ဇာတ်ကားရဲ့အဆက်ပဲဖြစ်ပါတယ် စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်ဒီတစ်ခါမှာတော့ ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေတဲ့အကြောင်းအမှုကို အခြေခံထားတယ်။ယိုယွိနယ်စပ်မှာ စစ်ပွဲပြင်းထန်နေပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့အချိန် ဖျင်အန်းပို့ဆောင်ရေးစခန်းက ရဲမက်တွေအတွက် စားနပ်ရိက္ခာပို့ဆောင်တဲ့ ခရီးကိုစတင်ခဲ့တယ်။ဒီလိုနဲ့စစ်သည်အင်အားမမျှ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ ယန်အိမ်တော်တပ်ကို နန်းတော်ကအာဏာပါးကွက်ကြား မှူးမတ်တွေရဲ့မျက်ကွက်ပြုမှုပါခံထားရတယ်။ အဲ့အချိန်မှာ မြို့ထဲမှာကြွက်သေအမြောက်အမြားဖြစ်ပွားနေတဲ့ တချိန်တည်းမှာရန်သူတပ်ဘက်ကနေ အလောင်းကိုလွှင့်ပစ်လာတယ်။ဒီလိုအကျပ်ရိုက်နေတဲ့ယန်အိမ်တော်စစ်တပ် ဘယ်လိုတွေကြုံတွေ့လာရမလဲ။ ဒီကြွက်သေနဲ့ လူသေအလောင်းဘယ်လိုပတ်သက်နေလဲ။ ဖျင်အန်းပို့ဆောင်ရေးအဖွဲ့ကကော ဘယ်လိုအမှုကိုဖော်ထုတ်ကြမလဲ။ ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတဲ့ အကြောင်းရာတွေကို သိချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းကိုဆက်လက်ကြည့်ရူအဖြေရှာကြည့်ရအောင် ~ Quality : HDTV 720p Format : mp4 Genres : Action , Drama Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The Prequel of Gold Convoyers 6: A Fearful Crisis ( 2010 )

Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982