Channel Myanmar

Science Fiction

Moon Man ( 2022 ) 6
Moon Man ( 2022 ) ဒီဇာတ်ကားလေးဟာဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရုံတင်ခဲ့ပြီးတော့ ရုံဝင်ငွေ ၂ ဘီလီယံကျော်ရရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ပြီးတော့ တောင်ကိုရီးယား ကာတွန်းရေးဆရာတစ်ယောက်ဖြစ်တဲ့ "Cho Seok" ဖန်တီးရေးသားထားသော "Moon You" ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့-❏ အမည်မသိမထင်ရှားတဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းငယ်လေးအဖြစ် - ချန်ထန် ❏ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ကို ကြီးကြပ်ရသူအဖြစ် - မာလိ တို့ကနေပြီးတော့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင် ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့-“လူသားတွေဟာ ဂြိုလ်ငယ်လေးတွေရဲ့ ဝင်ရောက်တိုက်ခတ်မှုကနေပြီးတော့ ကာကွယ်ပြီးတော့ ကမ္ဘာမြေကြီးကိုကယ်တင်ဖို့အတွက် "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် " ကို လက်တွေ့ကျကျစီစဥ်ရေးဆွဲခဲ့ကြပါတယ် ဒါပေမဲ့လို့ မထင်မှတ်ထားပဲ ဥက္ကာခဲကြီးက ကြိုတင်ဝင်ရောက်လာခဲ့တဲ့အတွက် အဖွဲ့ဝင်လုပ်သားတွေအားလုံး အရေးပေါ်အခြေအနေအရ ထွက်​ခွာနေရတဲ့အချိန်မှာ ပြုပြင်ထိန်းသိမ်းရေး ဝန်ထမ်းတစ်ယောက်ဖြစ်သူ တူကူယွဲ့ဟာ မတော်တဆမှုတစ်ခုကြောင့် အဖွဲ့ခေါင်းဆောင် မာလန်ရှင်းရဲ့ အသိပေးချက်ကိုလွဲချော်ခဲ့ပြီး တစ်ယောက်ထဲ လကမ္ဘာပေါ်မှာကျန်ရစ်ခဲ့ပါတော့တယ်မထင်မှတ်ထားပဲ "လကမ္ဘာပေါ်က ကာကွယ်ရေးဒိုင်းကာအစီအစဥ် "ဟာ မအောင်မြင်သွားပဲ တူကူယွဲ့ဟာ စကြဝဋ္ဌာအတွင်းမှာ နောက်ဆုံးသော အသက်ရှင်ကျန်ရစ်သူတစ်ဦးဖြစ်သွားခဲ့ပါတော့တယ် အဲဒီမှာ သူ့ရဲ့ဘဝကို လကမ္ဘာပေါ်မှာ အချိန်ကုန်ရင်းနဲ့.....?”❏ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ ရင်ဆိုင်ရမလဲ ? ❏တစ်ယောက်ထဲ အထီးကျန်ဆန်တဲ့ဘဝကို ဘယ်လိုတွေကုန်ဆုံးမလဲ ? ❏ သူဒီစကြဝဋ္ဌာအတွင်းကနေရော ...
movie

Moon Man ( 2022 )

Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )

Battlefield: Fall of The World ( 2022 ) 6.4
Battlefield: Fall of The World ( 2022 ) CM ကနေမှ ဒီတစ်ခါမှာတော့ တင်ဆက်နေကျ ပုံစံမျိုးမဟုတ်တဲ့ သိပ္ပံရုပ်ရှင်အမျိုးအစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် လူသားတွေအတွက်တော့ အိမ်မက်ဆိုးတစ်ခုလို နည်းပညာမြင့်မားလာတဲ့ တခြားဂြိုလ်တစ်ခုက ဂြိုလ်သားတွေဟာ ကမ္ဘာကြီးကို ကျူးကျော်ဝင်ရောက်ပြီး လူသား‌‌တွေကို အမြစ်ပြတ်ချေမှုန်းပစ်ဖို အကောင်ထည်ဖော်နေချိန်မှာ ကောင်းရန့် ဦးဆောင်ပြီး လင်ချန် ကျောက်လိကျင်းတို ကနေပြီးတော့ ခုခံရေးတပ်ဖွဲငယ်လေးကို ဖွဲပြီး ကမ္ဘာကြီးကို ဂြိုလ်သားတွေ လက်ထဲကနေ ကယ်တင်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတာဖြစ်ပါတယ်ကမ္ဘာကြီးက ဂြိုလ်သားတွေကြောင့် ပျက်စီးလုနီးပါးဖြစ်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို ဘယ်လိုကြိုးပမ်းသွားမှာလဲဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖိုစရာ ဇာတ်ကား လေးမှာ ကြည့်ရှုလိုရပါတယ်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science-Fiction Runtime : 1h 40 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team
movie

Battlefield: Fall of The World ( 2022 )

Mozart from Space ( 2022 ) 6.3
Mozart from Space ( 2022 ) ဒီဇာတ်ကားလေးကတော့ မျက်နှာချင်းဆိုင်လို့မရတဲ့ သားအဖနှစ်ယောက်ကြားထဲက အကြောင်းလေးပဲဖြစ်ပါတယ်။ နက္ခတ္တဗေဒကို အလွန်ရူးသွပ်တဲ့ သားဖြစ်သူရန့်ရှောင်ထျန်းကို အဖေလုပ်သူက စန္ဒယားပညာရှင်ဖြစ်စေချင်တယ်။အဲဒီအတွက်ကြောင့်ပဲ သားအဖနှစ်ယောက်ဟာ နေ့တိုင်းကို ရန်ဖြစ်စကားများနေကြပါတယ်။ တစ်ရက်မှာတော့ ဆန်းကြယ်တဲ့ ဂြိုလ်သားလေးမိုးဇက်ဟာ ရုတ်တရက် သူတို့အရှေ့ကို ပေါ်ပေါက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီးတော့ မိုးဇက်ဟာ ရန့်ရှောင်ထျန်းကို သူ့အဖေနှင့် တိုက်ပွဲဝင်ရန် အကူညီပေးခဲ့တယ်။ရန့်ရှောင်ထျန်း မထင်မှတ်ထားမိတာက မိုးဇက် ကမ္ဘာမြေကို ရောက်လာရတာက တခြားတာဝန်တစ်ခုလုပ်ဖို့ ရောက်လာခဲ့တာပဲ။ အဲဒီတာဝန်က ဘာလဲဆိုတာကတော့ ကြည့်ရှုလိုက်ကြပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction, Comedy Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mozart from Space ( 2022 )

The Wolves ( 2022 ) 6
The Wolves ( 2022 ) လေ့လာရေးခရီးထွက်လာတဲ့လေယာဥ်တစ်စီးဟာ နှင်းခဲတွေထူထပ်ပိတ်ဖုံးနေတဲ့ဒေသတစ်နေရာမှာပျက်ကျခဲ့ပါတယ်။ လူအတော်အများ သေဆုံးကုန်ကြပြီး အနည်းငယ်ပဲကျန်ရစ်ခဲ့ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တာကြောင့် ကယ်ဆယ်ရေးကိုမျှော်နေဖို့ရာကလည်း သိပ်မဖြစ်နိုင်လှပါဘူး။နှင်းတောထဲမှာဆက်လက်ရှင်သန်ဖို့ရာ ကိုယ့်အားကိုယ်ကိုးကြရဖို့ပဲရှိတဲ့လူတစ်စု ၊ လူအမျိုးမျိုးပါဝင်နေတဲ့အဲ့ဒီလူတစ်စုဟာ အသက်ရှင်သန်ဖို့ဘယ်လိုကြိုးစားကြလေမလဲ။သူတို့ကိုနောက်ထပ်အန္တရာယ်တစ်ခုကလည်းစောင့်မျှော်နေပါသေးတယ်။ အဲ့ဒါကတော့ ကြီးမားတဲ့ဗီဇပြောင်းဝံပုလွေတွေပါပဲ။ ဝံပုလွေရန်ကြောင့်သေဆုံးတဲ့သူတွေရှိလာတဲ့အခါ၊ ဗီဇပြောင်းဝံပုလွေတွေကို ရင်ဆိုင်ဖို့ဘယ်လိုလုပ်ကြမလဲ။ရှင်ဖို့ထက် သေဖို့လမ်းကများနေတဲ့ ဒီအ​ခြေအနေမှာ ဘယ်သူတွေကဘယ်လို အသက်ရှင်လွတ်မြောက်လာမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်စားကြည့်ရှုလိုက်ကြရအောင်။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Wolves ( 2022 )

Morbius (2022) 5.1
Morbius (2022) မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။  File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL  SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie

Morbius (2022)

2022
4K HEVC Web-DL