Channel Myanmar

Science Fiction

Broken Army X-Files Stealth Man ( 2023 ) 5.8
Broken Army X-Files Stealth Man ( 2023 ) တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်...... လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ...... ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Mystery Runtime : 1h 39 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Broken Army X-Files Stealth Man ( 2023 )

Robot No. 8 ( 2023 ) 5.7
Robot No. 8 ( 2023 ) CM ကနေဒီတစ်ခါစုံထောက်ဇာတ်လမ်းတွဲတွေကမှ အက်ရှင်ဇာတ်ကားလေးတစ်ကားလေးဖြစ်တဲ့ Robot No8 ဇာတ်ကားလေးပဲဖြစ်ပါတယ်။ယနေ့ခေတ်နည်းပညာတိုးတက်လာတဲ့အချိန်စက်ရုပ်တွေ တီထွင်လာတဲ့ခေတ်မှာ အကျိုးအပြစ်ဆိုတာရှိလာတတ်ကြတာပေါ့။ ဇာတ်လမ်းလေးထဲမှာ စက်ရုပ်ကိုသုတေသနလုပ်တဲ့ စင်တာတစ်ခုမှာ လောရှောင်တန်လို့ပါမောက္ခက ကမ္ဘာအပြင်ဘက်ကနေစီလီကွမ် အခြေခံထားတဲ့ ဇီဝရုပ်ဖြစ်တစ်ခုကိုတွေ့ရှိခဲ့ပြီးသူ့ကို စက်ရုပ်ကိုယ်ထဲသွင်းဖို့ကြိုးစားတယ်။သူ့ကို စက်နှလုံးသားလို့ခေါ်ပြီးသူသာလူ့ခန္ဓာကိုယ်ထဲ ရောက်သွားရင်ရက်စက်ကြမ်းကြုတ်ပြီး အထိန်းအကွပ်မဲ့သွားတဲ့ လူသားအဖြစ်ပြောင်းလဲသွားမှာဖြစ်တယ်။ တစ်ရက်ကျတော့ ချန်နန်ဆိုတဲ့ မိန်းကလေးဟာ လောရှောင်တန်ကိုတစ်ဖက်သတ်ကြိုက်နေပြီး အဲ့ဒီ့ စက်နှလုံးသားကိုသူ့ခန္ဓာကိုယ်ထဲ ထည့်သွင်းစမ်းသပ်ဖို့ ကြိုးစားတဲ့အချိန်မှာတကယ်ပဲ အထိန်းအကွပ်မဲ့ပြီး လူတွေကိုရက်ရက်စက်စက် သတ်ဖြတ်တဲ့လူသားအဖြစ် ပြောင်းလဲသွားတဲ့အချိန် ရှောင်ခယ်ဆိုတဲ့လောရှောင်တန်ပါမောက္ခရဲ့ သမီးရှေ့မှာ သူ့အဖေအသတ်ခံရတာကို မြင်သွားခဲ့တာပေါ့။အဲ့အချိန်မှာသူ့အဖေကိုယ်တိုင် လုပ်ထားတဲ့ ပါးဟောက်ဆိုတဲ့ စက်ရုပ်လေးကနိုးထလာပြီး သူ့သမီးနဲ့သူ့အဖေသူငယ်ချင်းကို လိုက်လံကာကွယ်ပေးသလို အသိဉာဏ်မဲ့သွားတဲ့ စက်ရုပ်တွေတိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးတယ်။ ကဲဒီတော့ဒီစက်ရုပ်သုတေသန စင်တာတစ်ခုလုံးမှာ အသိဉာဏ်မဲ့နေတဲ့စက်ရုပ်တွေကြားက ဒီပါးဟောက်စက်ရုပ်ဘယ်လိုဖြစ်ပြီး အသိဉာဏ်အပြည့်အဝရှိနေတာလဲ။ လောရှောင်တန်ပါမောက္ခကကော ဘာရည်ရွယ်ချက်နဲ့များဒီစက်ရုပ်ကို ထွင်ထားခဲ့တာလဲ။ အချစ်ကနေအမုန်းအဖြစ်ပြောင်းလဲသွားတဲ့ ချန်နန်တစ်ယောက်ဘယ်လိုတွေလိုက်တိုက်ခိုက်နေမလဲ။ အသိဉာဏ်မဲ့စက်ရုပ်တွေကို ဘယ်လိုအဆုံးသတ်ရှင်းပစ်မလဲစတဲ့ စိတ်ဝင်စားစရာကောင်းစရာတွေကိုကြည့်ရူလိုက်ရအောင်။ဒီဇာတ်ကားလေးကတော့ အချစ်အမုန်းခံစားချက်ရှိတဲ့လူသားနှလုံးသားကို တုပပြီးစက်ရုပ်ကိုယ်ထဲထည့်ဖို့တီထွင်ဖန်တီးနေကြတဲ့ ယနေ့ခေတ် နည်းပညာလောကရဲ့ဖြစ်တည်လာမယ့်ဆိုးကျိုးတွေကို မီးမှောင်းထိုးပြသွားတာဖြစ်သည့်အတွက်ကြည့်ရူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , Adventure Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Robot No. 8 ( 2023 )

Perfect Sense (2011) 7.0
Perfect Sense (2011) Perfect sense review ပါရှင့်။ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ 2011တုန်းက ထွက်ရှိခဲ့တဲ့ Perfect sense ဆိုတဲ့ ရုပ်ရှင်လေးပဲဖြစ်ပါ‌တယ်။ ဒီကားလေးက ကမ္ဘာတဝှမ်း ဗိုင်းရပ်စ်ပျံ့နှံတဲ့အကြောင်းကို အခြေခံပြီး ရိုက်ထားပေမယ့်လို့ တခြားဗိုင်းရပ်စ်ကားတွေလို ထိတ်လန့်စရာမကောင်းဘဲ ဒီလိုဒုက္ခဆိုက်ရောက်နေတဲ့အချိန်မှာတောင် လူတွေရဲ့ ကြားမှာရှိတတ်တဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုတွေနဲ့ ထက်သန်တဲ့ စိတ်ဓာတ်ခွန်အား‌တွေကို ပေါ်လွင်အောင် သဘာဝကျကျဖန်တီးပုံဖော်ထားတဲ့ ကားလေးဖြစ်လို့ ကြည့်ရတာ လုံးဝနောင်တမရမှာသေချာပါတယ်။အဓိကဇာတ်ဆောင်အနေနဲ့ကတော့ မင်းသမီး Eva Greenက ကူးစက်ရောဂါပိုး‌‌တွေ‌ လေ့လာတဲ့ သိပ္ပံပညာရှင် ဆူဆန်‌ဆိုတဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသား Ewan McGregor က စားသောက်ဆိုင်တစ်ခုရဲ့ ခေါင်းဆောင်စားဖိုမှူးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားရာကနေမှ ချစ်မိသွားကြတယ်၊ ဒါပေမယ့် အဲ့အချိန်မှာ ကူးစက်ရောဂါကလည်း တဖြည်းဖြည်း ပိုပိုဆိုးလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ‌‌တွေကရော တည်တံ့နိုင်ပါ့တော့မလား... သူတို့ဘယ်လိုအခက်အခဲတွေ ...
movie

Perfect Sense (2011)

The Legend of Jade Sword (2020) 7
The Legend of Jade Sword (2020) ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ ကျိယိချွမ်းအနေနဲ့ မင်းသား(Jiang Qi Lin) ၊ ယွိချီရွှယ်အနေနဲ့ မင်းသမီး(Tang Jing Mei) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ The Legend of Jade Sword (2020)ဆိုတဲ့ Movieလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ သုံးလောကဘုံမှာ ရက်စက်ကြမ်းတမ်းနေတဲ့ နတ်ဧရာဇ်ကြီးဝူကျန့်ကို နွီဝါးမယ်တော်က ချိတ်စည်းပိတ်ထိန်းသိမ်းလိုက်ပြီး ကျိမျိုးနွယ်နဲ့ ယွိချီမျိုးနွယ်ကို စောင့်ကြည့်ထားစေခဲ့တယ်။ ဒါပေမဲ့ နတ်ဧရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ ရှောက်ယန်ဘုရင်က ချိတ်စည်းကို ဖယ်ရှားဖို့ကြိုးပမ်းနေခဲ့ပြီး မျိုးနွယ်စုကြား ပဋိပက္ခတွေလည်း ထိန်းမရနိုင်အောင်ဖြစ်ခဲ့တယ်... ကျိမျိုးနွယ်စုဝင်ဖြစ်တဲ့ ကျိယိချွမ်းက မျိုးနွယ်စုအတွက် မကောင်းဆိုးဝါးကို ဖမ်းပေးပြီးရင် ဆရာတူညီမလေးဖြစ်တဲ့ ယွိချီရွှယ်နဲ့ လွတ်လပ်တဲ့ကောင်းကင်ဘုံရတနာမြေဆီ ထွက်ခွာဖို့လုပ်ခဲ့ကြတယ်...မကောင်းဆိုးဝါးဖမ်းဆီးရာကနေ သူတို့တွေ ဘယ်လိုအဖြစ်အပျက်တွေကြုံတွေ့>ရမလဲ ... သူတို့တွေ ကောင်းကင်ဘုံရတနာမြေဆီသွားတဲ့ခရီးလမ်းမှာ ဘယ်တွေဖြစ်ကြဦးမလဲ....နတ်ဧကရာဇ်ကြီးရဲ့ မျိုးဆက်ရဲ့ အကြံအစည်ကရော ဘာများဖြစ်နေမလဲ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ တရားမျှတမှုကို ရရှိဖို့အတွက် သူတို့အပေါင်းအဖော်တွေ နွီဝါးလောကကို ပြန်သွားတဲ့အခါမှာ ဘယ်လိုတိုက်ပွဲတွေဖြစ်လာဦးမလဲဆိုတာကိုတော့ CMကနေ ကြည့်ရှုအားပေးကြပါဦးနော်~ Quality - WEB DL 1080p,720p Format - mp4 Genres - Science Fiction, Fantasy Runtime - 1 hr 19 min Subtitle ...
movie

The Legend of Jade Sword (2020)

Apollo 18 (2011) 5.2
Apollo 18 (2011)  horror, sci-fi ဇာတ်ကားဖြစ်ပြီးလကမ္ဘာပေါ်ကိုခရီးသွားခဲ့တဲ့ Apollo 18 အာကာသယာဉ်ပေါ်ကအာကာသယာဉ်မှူးတွေအကြောင်းကိုရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်း.... အာကာသယာဉ်မှူးသုံးယောက်ဟာလကမ္ဘာကိုစူးစမ်း‌လေ့လာဖို့အတွက်လျှို့ဝှက်မစ်ရှင်နဲ့ခရီးသွားခဲ့ရာကနေ လပေါ်ကတခြားအရာတစ်ခုနဲ့ကြုံတွေ့လာရပါတော့တယ် အဲဒီအရာဟာလူတွေကိုဒုက္ခပေးနိုင်တာကိုသိရပေမဲ့ အဲဒါကဘယ်လိုအရာလဲ ဘယ်လိုဒုက္ခပေးနိုင်သလဲဆိုတာကိုမသိတာကြောင့်ရှောင်လွှဲဖို့နည်းလမ်းကလည်းမရှိသလောက်ပါပဲ ကြာတော့သူတို့ဟာဘယ်သူ့ကိုမှမယုံကြည်နိုင်တော့ပါဘူး အစိုးရကလပေါ်မှာတခြားအရာတွေရှိနေတာကိုသိနေခဲ့တာလား ဒီကိုဘာလို့လွှတ်လိုက်တာလဲဆိုတာကိုပါသံသယဝင်လာပါတော့တယ် ဒီလိုနဲ့အာကာသယာဉ်မှူးသုံးယောက်သားဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ သူတို့ကမ္ဘာမြေပေါ်ကိုဘယ်လိုပြန်လာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Apollo 18 (2011)

Prime Angel ( 2019 ) 5.7
Prime Angel ( 2019 ) လူတွေက အပြင်လောကထဲက နာကျင်မှုတွေဆီက ရှောင်ပြေးဖို့ လောကအတုမှာ အတုအယောင်တွေကို ခံစားကြတယ်။ နည်းပညာတွေ တိုးတက်လာတဲ့အလျောက် VR ဆိုတဲ့အရာဟာလည်း လူတွေနဲ့ ရင်းနှီးလာပါတယ်။2050 ခုနှစ်မှာ ကျိုင်းထိန်စနစ်ရဲ့ဒါရိုက်တာရှီအန်းနာ့ဟာ ပရိုဂရမ်ထဲကို ဟက်ကာတွေဝင်ရောက်တိုက်ခိုက်ခြင်းခံရတာကို သတိထားမိခဲ့ပါတယ်။ ဟက်ကာတွေက စနစ်ကိုဖျက်ဆီးပိတ်ပင်မှုကြောင့် အွန်လိုင်းအသုံးပြုသူ သိန်းပေါင်း 2700 က လိုင်းပေါ်မှ ထွက်ခွါလို့မရပဲ ပိတ်မိနေပါတယ်။ အဲ့ဒီပြဿနာကို မဖြေရှင်းနိုင်ပါက ၁၂ နာရီကြာလျှင် အသုံးပြုသူအားလုံး ဦးနှောက်သေသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ရှီအန်းနာ့ဟာ နည်းပညာမန်နေဂျာဖြစ်သူ စူးဖေးနှင့် ရွှီထျန်းတို့ကို ဟက်ကာကို ရှာဖွေရန် အကူအညီတောင်းခဲ့ပါတယ်။ ဟက်ကာဟာ အဖေ့ရဲ့ရည်းစားဟောင်းဖြစ်သူ ရဲ့ပါးလိကျီးဖြစ်နေပါတယ်။ ရဲ့ပါးလိကျီးဟာ ရှီအန်းနာ့ကို ကလဲ့စားချေဖို့အတွက် ကျိုင်းထိန်စနစ်ထဲ ဝင်ရောက်ပြီး ရှီအန်းနာ့ရဲ့အဖေကို ဖျက်ဆီးပြီး ဗိုင်းရပ်စ်တွေနဲ့ အန်းနာ့ကို လိုက်လံတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာ တရားခံတွေကို အနိုင်ယူနိုင်ပါ့အလား..... ရှီအန်းနာ့ရော သူမအဖေကို ပြန်လည်သတိဝင်အောင်လုပ်နိုင်ပါ့မလား...... လူသားကမ္ဘာကို VR ပရိုဂရမ်တွေက အနာဂတ်ကို ပြောင်းလဲသွားနိုင်မလား...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action ...
movie

Prime Angel ( 2019 )

Last Sunrise ( 2019 ) 5.8
Last Sunrise ( 2019 ) "တကယ်လို့ ဒီနေ့ဟာကမ္ဘာပျက်မယ့်နေ့ဆိုရင် မင်းဘာလုပ်မှာလဲ" "ကျွန်တော်အသက်ဆက်ရှင်သွားမယ်"အနာဂတ်တစ်နေ့မှာ ကမ္ဘာပေါ်ကသဘာဝစွမ်းအင်တွေကို ထုတ်ယူသုံးစွဲလို့ကုန်ခန်းသွားတဲ့အခါ နေရောင်ခြည်စွမ်းအင်ကိုအားကိုးပြီးသုံးစွဲရပါတယ်။ ဒီတောက်ပနေတဲ့နေမင်းကြီးဟာ တစ်နေ့မှာပျောက်ကွယ်သွားမယ်လို့ ဘယ်သူကမှမထင်ထားခဲ့ပါဘူး။ ဆိုလာစွမ်းအင်ခေတ်ကြီးမှာ နေကြီးကရုတ်တရက်ပျောက်သွားခဲ့ပြီး တစ်ကမ္ဘာလုံးမဲမှောင်သွားခဲ့ပါတယ်။ နေမရှိတော့တဲ့အတွက် ကမ္ဘာအပါဝင်ဂြိုလ်ကြီး(၉)လုံးနဲ့လည်ပတ်နေတဲ့ နေအဖွဲ့အစည်းကြီးဟာ နေပတ်လမ်းကြောင်းတွေပျောက်ပြီး ကစဉ့်ကလျားဖြစ်သွားပါတော့တယ်။ကမ္ဘာပေါ်မှာအောက်စီဂျင်တွေတဖြည်းဖြည်းကျလာပြီး အပူချိန်ကလဲအရှိန်နဲ့ကျနေတဲ့အတွက် လူသားတွေဟာ အသက်ရှင်နိုင်ဖို့ ကြိုးစားပြီးနည်းလမ်းရှာကြရပါတော့တယ်။အဲ့ဒီအချိန်မှာ နက္ခတ်ဗေဒအလွတ်တမ်းပညာရှင် စွန်းယန် နဲ့ သူ့ရဲ့ဘေးတိုက်ခန်းက ချန်မု တို့ဟာ အသက်ရှင်ဖို့အတွက်အတူအဖော်ပြုရင်း အခက်အခဲတွေအတူကျော်ဖြတ်ပြီး နယ်မြေတစ်ခုပြီးတစ်ခုကျော်ဖြတ်ကာ မျှော်လင့်ချက်တွေရှိတဲ့နယ်မြေကို ခရီးနှင်ကြပါတယ်။ အချိန်နဲ့အမျှအေးခဲလာပြီး အသက်ရှင်ဖို့ခက်ခဲတဲ့ကမ္ဘာမြေကြီးပေါ်မှာ သူတို့နစ်ယောက်ဟာ အသက်ဆက်ရှင်နိုင်ပါ့မလား......Sci-fi Drama ဇာတ်ကားကောင်းလေးကို မလွတ်တမ်းကြည့်စေချင်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Adventure , Drama , Science-Fiction Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Last Sunrise ( 2019 )

Comic Girl Squad ( 2019 ) 5.7
Comic Girl Squad ( 2019 ) ဒီတစ်ခါ CM တရုတ်ကားချစ်သူတို့အတွက် Comic Girl ဆိုတဲ့ တရုတ်ဇာတ်လမ်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်....ဒီကားလေးကတော့ manhua ကို ရူးးသွပ်ပြီး အိပ်မက်မက်ခဲ့သူ ကျောက်ယိချန်းတစ်ယောက် လောကဓံဒဏ်မခံနိုင်တဲ့အဆုံး ဖန်တီးသူကနေ မန်နေဂျာအဖြစ်ပြောင်းသွားပြီး အိ ပ်မက်ဆိုတာထက် ငွေနောက်လိုက်လာတဲ့ လောဘသားအဖြစ် ပြောင်းသွားခဲ့တယ်ပေါ့...ဒါကြောင့် တစ်နေ့မှာ ယိချန်းရဲ့ လောဘနဲ့ ဆန္ဒတွေက သူ့မူလအိပ်မက်ကို ဖျက်စီးလုနီးနီးဖြစ်တဲ့အတွက်ကြောင့် သူ့အတွင်းစိတ်လောကထဲ ရောက်သွားခဲ့ပြီး.. သူငယ်စဉ်က အိပ်မက်မက်ကာ စိတ်ကူးယဉ်ဖန်တီးခဲ့တဲ့ ကျောင်းသူအဖွဲ့ ကို သူအတွင်းစိတ်လောကထဲရောက်ပြီးချိန် တစ်ဦးပြီးတစ်ဦးကို ရှာဖွေ နှိုးထဖို့ဖြစ်လာခဲ့တယ်...ကျောက်ယိချန်းကတော့ အမြန် သူ့လက်တွေ့လောကကိုပြန်ရောက်ချင်ပြီး ဒီဗိုင်းရပ်စ်ကို စိတ်မဝင်စားဘူးဆိုပေမယ့်လည်း ... အတွင်းစိတ်လောကကို ကြီးစိုးနေတဲ့ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှ ပြန်နိုင်တာမို့ ချေမှုန်းဖို့ ကြိုးစားတာပေါ့...ကဲ ဇာတ်သိမ်းမှာ ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်မှာလား... ကျောက်ယိချန်းတစ်ယောက် နောက်ပြီး လက်တွေ့ဘဝကို ပြန်နိုင်မှာလား... နောက်ပြီး ဗိုင်းရပ်စ်နောက်ကွယ်က ကြိုးကိုင်သူကရော ဘယ်သူဖြစ်မလဲ... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Science-Fiction Runtime ...
movie

Comic Girl Squad ( 2019 )

Caviar (2023)
Caviar (2023) လူသိများတဲ့ ဆိုရှယ် influencer တစ်ဦးဖြစ်သူ Antigone ဟာ သိပ်မကြာသေးခင်က ဆုံးသွားတဲ့ သူ့အစ်ကို နာမည်ကြီးသတင်းထောက်အတွက် ပူဆွေးဝမ်းနည်းနေတဲ့အချိန်မှာ ဇာတ်လမ်းစထားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူ ကမ္ဘာ့ကြီးကို မြင်တဲ့အမြင်၊ လောကကြီးရဲ့ကံကြမ္မာနဲ့ပတ်သတ်ပြီး ယုံကြည်ချက်တွေနဲ့ပတ်သတ်ပြီး မေးခွန်းထုတ်သွားစေမဲ့ ဗွီဒီယိုတစ်ခုရောက်လာပါတယ်။ အဲဗွီဒီယိုကတော့ သေသွားပြီလို့ သိထားတဲ့သူ့အစ်ကိုဆီကပဲဖြစ်ပါတယ်။ တကယ်ပဲ သူ့အစ်ကိုဆီကလား… ဗွီဒီယိုထဲမှာရော ဘာတွေပြောထားသလဲ ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(940 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror, Mistery, Thriller, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Myat Noe Cho
movie

Caviar (2023)

Take Your Bible and Get the Fuck Out of Here/ Prends Ta Bible Et Tire-Toi (2023) 5.6

Take Your Bible and Get the Fuck Out of Here/ Prends Ta Bible Et Tire-Toi (2023)

LOLA (2023)
LOLA (2023)  2022 ခုနှစ် အင်္ဂလန်နိုင်ငံ Sussex ပြည်နယ်ရှိ နေအိမ်တစ်လုံးရဲ့ ထပ်ခိုးပေါ်မှာ မှတ်တမ်းရိုက်ကူးထားတဲ့ ဖလင်လိပ် တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲဒီ ဖလင်လိပ်ထဲပါတဲ့ အကြောင်းအရာ အများစုက ၁၉၄၁ ခုနှစ်တုန်းက Thomasina နဲ့ Martha ဆိုတဲ့ ညီအစ်မ နှစ်ယောက် နဲ့ LOLA လို့ သူတို့ အမည်ပေးထားတဲ့ စက် အကြောင်းတွေ ပါတယ်။ ဖလင်လိပ်ကို ရိုက်ကူးခဲ့တဲ့သူက အဓိက Martha ဖြစ်ပြီး LOLA စက်ကို သူ့အစ်မ Thomasina က ဘယ်လိုထွင်ဖြစ်ခဲ့တဲ့အကြောင်း LOLA စက် နဲ့ သူတို့တွေ အနာဂတ်က ရုပ်သံလိုင်းတွေ သတင်းအချက်အလက်တွေကို ဘယ်လို ကြည့်နိုင်ခဲ့သလဲဆိုတဲ့အကြောင်း သူ့အစ်မ Thom က ဘယ်လိုလူမျိုးလဲဆိုတဲ့ အကြောင်းတွေကို ရိုက်ကူးရင်း Martha က ပြောပြသွားတယ်။ဖလင်လိပ် ...
movie

LOLA (2023)

Grabbers (2012) 6.3
Grabbers (2012)  IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie

Grabbers (2012)

Guardians of the Galaxy Volume 3 (2023) 8.4
Guardians of the Galaxy Volume 3 (2023) Guardians of the Galaxy Volume 3 (2023)**************************************WEB-DL ကြည်တောက်ရှင်းထွက်ရှိလို့လာပါပြီဒါရိုက်တာ ဂျိမ်းဂန်းပဲ ရိုက်ကူးထားပြီး မူရင်းသရုပ်ဆောင်တွေပဲ ပါဝင်ထားတာဖြစ်ပါတယ်။ Rating 8.4 အထိ IMDb မှာတက်နေတာမို့ အတော်လေးကောင်းမယ်ဆိုတာ သိသာပါတယ်။ GotG 1 တုန်းကတောင် 8 အထိပဲ တက်ခဲ့တာပါ။ဇာတ်လမ်းအကျဉ်းဂါဒီယံတွေဟာ နိုးဝဲမှာ အေးအေးဆေးဆေးအနားယူနေချိန်၊ ပီတာကြီးလည်းအသည်းကွဲပြီးမူးရူးလို့ကောင်းနေချိန်မှာ အန္တရာယ်အသစ်ပေါ်ပေါက်လာပါတယ်။ပထမဆုံးအန္တရာယ်ကောင်ကတော့ အဒမ် ဝေါလော့ခ်ပါပဲ။ အဲဒီနောက်မှာတော့သူ့ကို ခိုင်းစေနေတဲ့ဟိုက်အီဗော်လူရှင်နရီဆိုတဲ့ ဉာဏ်ကြီးရှင်ကြီးတစ်ယောက်ပါလာပါတယ်။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ပေါင်းများစွာ မျိုးဗီဇတွေကို ဆန်းသစ်တီထွင်ပြီး ပြီးပြည်စုံတဲ့မျိုးစိတ်တွေနဲ့ကမ္ဘာကို ဖန်တီးဖို့ပါပဲ။ အဲဒီမတိုင်ခင် မျိုးစုံစမ်းသပ်ထားတဲ့ ကမ္ဘာတွေပါ ရှိနေတာမို့ သူ့ကိုနတ်ဘုရားအဆင့်လို့တောင် သတ်မှတ်ကြပါတယ်။ အဲဒီလို အင်အားကြီးတဲ့ဟိုက်အီဗော်လူရှင်နရီက ဂါဒီယံအဖွဲ့ထဲက ရော့ကတ်ကို အသေရရ အရှင်ရရ လိုချင်နေတာပဲဖြစ်ပါတယ်။အဲဒီအကြောင်းရင်းက ဘာဖြစ်မလဲ ဂါဒီယံတွေကရော အရမ်းအင်အားကြီးတဲ့ ဗီလိန်ကိုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စွန့်စားခန်းတွေနဲ့ ထုံးစံအတိုင်းဟာသတွေနဲ့ကြည့်ရမှာပါပဲ။ဒါလေးကိုမကြည့်ခင် Guardians ...
movie

Guardians of the Galaxy Volume 3 (2023)

4K HEVC
Fear the Invisible Man (2023)
Fear the Invisible Man (2023) British Movie လေးဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိက သရုပ်ဆောင်မင်းသမီးကတော့ Mhairi Calvey မင်းသားကတော့ Mike Beckingham ဖြစ်ပြီးတော့ ဇာတ်ကားရဲ့ Title အတိုင်းပဲ ကိုယ်ပျောက်လူသားကားလေးတစ်ကားပေါ့နော်ဇာတ်လမ်းကတော့ 1897 ခုနှစ်အချိန်တေတုန်းက သိပ္ပံပညာကို အရူးအမူး စူးစမ်းရှာဖွေနေကြတဲ့ အချန်ကာလလေးကို ဇာတ်အိမ်တည်ထားတာပါ ဘဝတစ်ခုလုံးကို သိပ္ပံပညာရပ်အတွက်ပဲ ပုံအောထားတဲ့ ဂရစ်ဖင်ဆိုတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ထားတဲ့ စမ်းသပ်ချက်တွေ့ရှိမှုတွေကနေ ကိုယ်ဖျောက်နိုင်ခဲ့ပြီး ဘယ်လိုကြီးကျယ်တဲ့အရာတွေလုပ်မလဲဆိုတာကိုတော့.......စိတ်လှုပ်ရှာရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Crime/Horror ဇာတ်ကားကောင်းလေးတစ်ကားမို့ ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်  File size…(970 MB)/(420 MB)/(240 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Thriller, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Fear the Invisible Man (2023)

Coyote (2023)
Coyote (2023)  အခုမှအသစ်စက်စက်ထွက်ရှိထားတဲ့ ရုပ်ရှင်ကားဟာဆိုရင် တကယ်ကစိတ်ဝင်စားဖွယ်ကောင်းတဲ့အပြင် dystopian era ထဲမှာရိုက်ကူးထားတဲ့ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင်ဖြင့် လူတိုင်းဟာ teleportation နည်းပညာကိုအသုံးပြုပြီးတော့ ခရီးသွားလာနေကြတဲ့အချိန်မှာ ဒုက္ခသည်တွေကလည်း ယူကေ ယူအက်စ် စတဲ့နိုင်ငံတွေကို အဲ့နည်းပညာတွေအသုံးပြုပြီး ခိုးဝင်နေကြတာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယူ‌‌ကေမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အန်ယာနဲ့ အက်ကတရီနာတို့ဟာ သူတို့ရဲ့နိုင်ငံကနေ ယူကေကိုထွက်ပြေးဖို့ကြိုးစားနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တစ်ညမှာတော့ အန်ယာရဲ့အဖေကသူတို့နေတဲ့အိမ်ကိုရောက်လာပြီး အန်ယာကိုပြန်ခေါ်ဖို့ကြိုးစားရာကနေ အသတ်ခံလိုက်ရပြီးတော့ သူတို့နှစ်ယောက်ဟာလည်းချက်ချင်းပဲ အဲ့ teleportationနဲ့ ယူကေကိုပို့ပေးတဲ့ ပွဲစားဆီ ကိုအပူသွားကပ်တာကနေ ဘယ်လိုတွေဖြစ်ပြီးတော့ သူတို့နှစ်ယောက်လုံး ယူကေမှာ ဘေးကင်းကင်းနဲ့နေရမလား ဆိုတာကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ sci fi thirller ရုပ်ရှင်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်File size…(1 GB)/(470 MB)/(270 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Coyote (2023)

Antiviral (2012) 5.4
Antiviral (2012) (IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလို‌လိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်‌ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်‌ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ...
movie

Antiviral (2012)

The Incredible Melting Man (1977)
The Incredible Melting Man (1977)  1977 ကထဲကထွက်ရှိထားတဲ့ horror & sci-fi ရုပ်ရှင်ဖြစ်ပြီး IMDb ကတော့ 4.2/10 ပါ 20ရာစုအတွင်းမှာ လူတွေဟာအာကာသထဲကိုစတင်ခြေဆန့်ခဲ့ကြပြီးအဲ့နှစ်‌တွေမှာထုတ်လုပ်ခဲ့ကြတဲ့အာကာသနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးထဲကတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းမှာတော့ စနေဂြိုလ်ကိုအာကာသယာဥ်တစ်စင်းလွှတ်တင်လိုက်ရာကနေမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့်အာကာသယာဉ်မှူးတစ်ယောက်ဟာအရည်ပျော်နေတဲ့လူအဖြစ်ကိုပြောင်းသွားခဲ့ပြီးသူဘာတွေဆက်လုပ်မလဲ၊ဘာတွေဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့ရွံစရာဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်သည်းခြေမခိုင်တဲ့သူတွေမကြည့်သင့်ပါဘူး File size…(2.0 GB)/(933 MB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror , Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

The Incredible Melting Man (1977)