Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Science Fiction
5.8
The Apostles ( 2014 )
ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie
The Apostles ( 2014 )
South Park: Joining the Panderverse (2023)
Dark humour တွေကြိုက်တဲ့လူတိုင်း South Park Series လေးကိုတော့ သိမယ်ထင်ပါတယ်ဒီတစ်ကားမှာလည်း ထုံးစံအတိုင်း ဒီခေတ်မှာ ဖြစ်ပျက်နေတာကို သိသိသာသာ Troll ထားတာပါ Disney က ထုတ်သမျှ ဇာတ်ကားတိုင်း လူမည်းနဲ့ အစားထိုးပြီး လူမျိုးရေးခွဲခြားတာလို့ ထိုင်အော်နေတဲ့ အကြောင်းနဲ့ AI ကို အားကိုးလာကြတဲ့ လူတွေအကြောင်းကို သရော်ထားတာဖြစ်ပါတယ်အဲရစ်ကာမန်းဟာ သူ့ပတ်ဝန်းကျင်ကလူတွေ အစားထိုးခံလိုက်ရတယ်ဆိုတဲ့ အိမ်မက်ကို အမြဲမက်နေခဲ့တာပါ တစ်ရက်မှာတော့ သူ့အပေါ်ကို ဂိတ်ပေါက်တစ်ခုဖွင့်လာပြီး တခြား ကမ္ဘာတစ်ခုကို ရောက်ရှိသွားတဲ့အခါ အဲရစ်တစ်ယောက် လူမှန်နေရာမှန်ပြန်ရောက်အောင် လုပ်ရပါတော့တယ် File size…(760 GB)/(350 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:48:00 Genre...Animation, Comedy, Science Fiction, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
South Park: Joining the Panderverse (2023)
Johnny Z (2023)
ဒီတစ်ခေါက် ဇွန်ဘီ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ သာမန် ဇွန်ဘီရုပ်ရှင်တွေက ဆေးဝါးကြောင့်ပဲဖြစ်ဖြစ် တီထွင်ဆန်းသစ်မှုကြောင့်ပဲဖြစ်ဖြစ် ဇွန်ဘီ ဗိုင်းရက်စ်က ပြန်နှံ့ပြီး ရောဂါ Outbreak ဖြစ်တတ်တာပါ။ ဒါပေမယ့် အခု ရုပ်ရှင်မှာကတော့ ရှုထောင့်အသစ်ကနေ အမြင်အသစ်နဲ့ ကြည့်ရှု့လို့ ရမယ့် ဇွန်ဘီ ရုပ်ရှင်လေးပါ။ကမ္ဘာကြီးမှာ ရောင်ခြည်ကြောင့် လူတွေနဲ့ ဓာတ်ပြုပြီး လူသားတွေကို မကောင်းဆိုးဝါး မိစ္ဆာ ဇွန်ဘီတွေအဖြစ် ပြောင်းလဲပစ်လိုက်ပါတော့တယ်။ ဒါပေမယ့် နော်ဒက်ခ် ဆေးဝါးကုမ္ပဏီက ဇွန်ဘီတွေကို စမ်းသပ်ပြီး ကုသဆေးကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်က အခုမှ စမှာပါ။နော်ဒက်ခ် ဆေးကုမ္ပဏီက လူတစ်ပိုင်း၊ ဇွန်ဘီတစ်ပိုင်းဖြစ်နေတဲ့ လူနာဇီကို စမ်းသပ်ပြီး ဆေးတွေဖော်နေတာပါ။ ကုသဆေးပေါ်တာကောင်းပေမယ့် ကုမ္ပဏီတွေရဲ့ ထုံးစံအတိုင်း ရောဂါကို အမြဲတမ်း လုံးဝ ကာကွယ်နိုင်မယ့် ဆေးမျိုးကို မထုတ်ဘဲ တစ်ပါတ်တစ်ခါ ဆေးပြန်ထိုးရတဲ့ ကုသဆေးမျိုးကိုပဲ ...
movie
Johnny Z (2023)
Gentlemen Broncos (2009)
Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။“တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ ...
movie
Gentlemen Broncos (2009)
The Quantum Devil (2023)
ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ် File size…(1.4 GB)/(733 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror, Science Fiction, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie
The Quantum Devil (2023)
5.6
Guidance ( 2021 )
AI ခေတ်ကြီးထဲ AI ကို အဆုံးမဲ့စွမ်းအင်အဖြစ် အသုံးပြုပြီး လူတွေရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်မယ်ဆို ဘယ်လို ကမ္ဘာကြီးဖြစ်လာမှာလဲ စဉ်းစားတဲ့သူရှိကြမှာပဲ..ဒီလူငါ့ကို လိမ်နေတာလား... အမှန်အတိုင်းပြောနေတာလား ဆိုပြီး အလိုလိုသိချင်တဲ့သူရှိမှာပဲ.. သူတွေးလိုက်တိုင်း ငါသိနေတယ် ဆိုတာမျိုး ဖြစ်ချင်ကြသူလည်း နည်းမှာမဟုတ်ပါဘူး....ဒီဇာတ်ကားလေးက Guidance ဆိုတဲ့ လူတွေရဲ့ စိတ်ခံစားချက်ကို လိမ်ညာမရအောင် ခံစားချက်အမှန် ဖော်ပြပြီး ထိန်းချုပ်ထားတဲ့ App အကြောင်း နောက်ခံထားပြီး ရိုက်ကူးထားတာပေါ့.... NIS ဆေးလုံးလေးသောက်လိုက်တာနဲ့ အချင်းချင်း ကိုယ့်ကို လိမ်နေတာလား.... အမှန်ပြောနေရဲ့လား... သူ့ခံစားချက် အစစ်အမှန်က ဘာလဲ မြင်ရမယ်ဆို သောက်ကြည့်ကြမှာလား...ဇာတ်လမ်းထဲက ဟန်မြောင်ဆိုတဲ့ ကောင်မလေးနဲ့ သူ့ချစ်သူ မိုက်ဇီရွှမ်တို့ကတော့ သောက်ခဲ့ကြပါတယ်... အပြန်အလှန် သိချင်တဲ့ အချက်လေးတွေက တွန်းအားပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်...ကဲဒီတော့ သဘာဝလွန် ဒီစိတ်ကူးယဉ် ဆေးလုံးလေးက တကယ်ပဲ လူတွေကို ထိန်းချုပ်နိုင်သွားမှာလား... တကယ်ရော ချစ်သူနှစ်ဦးကို ပိုကောင်းတဲ့ အဆုံးသတ်ဆီ ပို့ပေးမှာလား... တကယ် ဒီ App က ချစ်ကြည်ရေးတွေ သယ်ဆောင်ပေးပြီး လူသားတွေအတွက် လိုအပ်ရဲ့လား... ကြည့်လိုက်ကြရအောင်~ Quality : ...
movie
Guidance ( 2021 )
The Fourth Kind (2009)
Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ...
movie
The Fourth Kind (2009)
Forgotten Experiment (2023)
ဇာတ်လမ်းကတော့ တီထွင်သူ စီးပွားရေးသမား အီသန်ဘလိတ်ခ်ရယ် သူ့ညီ ဂျေးကော့ဘ် ဘလိခ်ရယ် အခြားသိပ္ပံပညာရှင်တွေက စွမ်းအင်အသစ်နဲ့လေယာဉ်ကို စမ်းသပ်ရင်းနဲ့ ကျွန်းပေါ်ရောက်သွားကြတယ်ကျွန်းအသစ်ကို လေ့လာနေတုန်းမှာပဲ ပဟေဠိဆန်တဲ့ မြူတွေက အတိတ် အနာဂတ် ပစ္စုပ္ပန် အကုန်လုံးကို ရောထွေး ပုံဖော်နေတာကို သိလိုက်ကြရတယ် အနာဂတ်မှာဖြစ်မယ့် စစ်ပွဲကို ကာကွယ်ဖို့လုပ်တာရယ် ညီကိုနှစ်ယောက်ကြားက လောဘကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေရယ်ကို စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ် File size…(1.5 GB)/(824 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Science Fiction, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie
Forgotten Experiment (2023)
Skyline (2010)
ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ်ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Skyline (2010)
Apocalypse Clown (2023)
ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။(ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 ...
movie
Apocalypse Clown (2023)
Maid Droid (2023)
ဂေါင်းကြီးတို့သာ လူသားနဲ့တစ်ပုံစံတည်းတူတဲ့ အိမ်ဖော်စက်ရုပ်မလေးကို အချိန်ပိုင်းနဲ့ငှားပြီး ကိုယ်ကြိုက်တာလုပ်ခွင့်ရမယ် ကိုယ်တတ်နိုင်တဲ့ ငွေကြေးပမာဏအတိုင်း ငှားလို့ရမယ် ငှားကြမလား???ဟုတ်ပါတယ် ဒီဇာတ်ကားက အပေါ်မှာပြောထားသလိုပါပဲ ရန်ဒယ်ကုမ္မဏီဟာ လူသားနဲ့တစ်ပုံစံတည်း ထပ်တူညီတဲ့ ခံစားချက်ရှိတဲ့ လုပ်ဆောင်မှုစနစ်တွေ ပါဝင်တဲ့ အိမ်ဖော်စက်ရုပ်မလေးတွေကို အမျိုးသားတွေအတွက် အချိန်ပိုင်းအလိုက် ငွေကြေးတတ်နိုင်မှုအလိုက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ကျော်ကတော့ ဟယ်ရီဆန်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ပါ။ သူဟာ သူ့ထက်အသက်ထက်ဝက်ခန့်ငယ်တဲ့သူ့ကောင်မလေးက သူ့ကို ထားခဲ့တဲ့အတွက် ကြေကွဲလူငယ်လေးဖြစ်နေပြီး ဘားမှာသူ့သူငယ်ချင်းနဲ့ ထိုင်သောက်နေချိန်မှာ သူ့သူငယ်ချင်းက ဒီကုမ္ပဏီကို မိတ်ဆက်ပေးပြီး အိမ်ဖော်စက်ရုပ်မလေးတွေ ငှားလို့ရကြောင်း လမ်းညွန်လိုက်ပါတယ်။ဒီလိုနဲ့ သူဟာ ပထမဆုံးတစ်ကြိမ် လေးနာရီစာဆက်ရှင် စမ်းယူကြည့်ပြီး သဘောကျတဲ့အတွက် ဆက်ငှားဖြစ်ပါတော့တယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကောင်မလေးက သူနဲ့ဇာတ်လမ်းပြန်ဆက်ချင်တယ်ဆိုပြီး ပြန်ဆက်သွယ်လာတဲ့အတွက် သူဟာ စက်ရုပ်မလေးကို ကုမ္ပဏီပြန်အပ်ဖို့လုပ်ပါတော့တယ်။ ဒီအချိန်မှာ လူသားခံစားချက်တွေကိန်းအောင်းနေတဲ့ စက်ရုပ်မလေးကို မပြန်ချင်တဲ့အတွက် တစ်ခုခုကြံစည်ပါတော့တယ်။ ဒီလောက်ဆို ...
movie
Maid Droid (2023)
The Box (2009)
sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
The Box (2009)
The Thaw (2009)
Horror/Sci-fi အမျိုးအစားကားလေးပါ.......ဂေဟဗေဒ သုတေသန ကျောင်းသားလေးယောက်က ကြီးမားတဲ့ အာတိတ်မှာ ကမ္ဘာကြီးပူနွေးလာမှုရဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့တဲ့အခါ... အခုတော့ ကမ္ဘာတစ်ဝှမ်း ကပ်ဘေးကို ရပ်တန့်ရန် သူတို့အပေါ်မှာ မူတည်နေပါပြီဒီဇာတ်ကားရဲ့ ဇာတ်ကွက်က အာတိတ်မှာ သေစေနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိတဲ့ သိပ္ပံပညာရှင်အုပ်စုနဲ့ ပတ်သက်နေပါတယ်။ အရမ်းအမိုက်စားရုပ်ရှင်တစ်ကားမဟုတ်ပေမဲ့ ဒီကားကပရိသတ်များအတွက် စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အချို့နဲ့ ဆန်းကြယ်သောအကြောင်းအရာတွေပါတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(728 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Freddy
movie
The Thaw (2009)
Monsters of California (2023)
ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဂြိုဟ်သားတွေ ရောက်နှင့်နေပြီးသားလို့ ပြောရင် ယုံကြမလား❓Sci-fi, Adventure သမားတွေအတွက် ဇာတ်လမ်းပဲ ဆိုပါတော့။အဓိကဇာတ်ဆောင်မင်းသားဖြစ်သူ ဒဲလက်စ်အက်ဝေါ့ဒ်က ဖခင်ဖြစ်သူ အကြောင်းမဲ့ ပျောက်ဆုံးသွားရတဲ့ကိစ္စကို တူးဖော်ဖို့ ကြိုးစားနေရင်း ဖခင်ဖြစ်သူရဲ့ အလုပ်အကြောင်းကို မတော်တဆ သိသွားခဲ့တယ်။ အဲနောက်မှာတော့ သူ့ဖခင်က အားလုံးယုံကြည်ထားသလို သေဆုံးသွားခြင်းမဟုတ်ဘူးဆိုတဲ့ သူ့ယုံကြည်မှုက ပိုပြီး ခိုင်မာလာခဲ့ပြီး သူ့အဖေထားတဲ့ သဲလွန်စတွေ၊ မှတ်စုတွေနဲ့ ဒီအဖြစ်အပျက်နောက်ကွယ်က အကြောင်းအရာတစ်ခုလုံးကို နောက်ကြောင်းလိုက်ဖော်ဖို့ သူငယ်ချင်းကောင်း ၂ ယောက်နဲ့အတူ မဆုတ်မနစ်ကြိုးစားတော့တယ်။ကမ္ဘာကြီးမှာ ကိုယ်တိုင်မတွေ့သရွေ့ ယုံနိုင်မှာ မဟုတ်တဲ့ အကြောင်းအရာတွေမှ အများကြီးပါ။ ဒီထဲက ဇာတ်ကောင်တွေကရော ကမ္ဘာကြီးရဲ့ ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို တွေ့ခဲ့ရမယ်လို့ ထင်ပါသလဲ❓ဒီကားထဲမှာ ဘာထူးခြားသလဲလို့ ပြောရရင် Sci-fi ဆိုပေမဲ့ ကိုးကွယ်မှုအကြောင်းတွေလဲပါတယ်၊ ဒသနိကဆိုင်ရာအကြောင်းအရာတွေလဲပါလဲ၊ သရဲ၊ တစ္ဆေအကြောင်းအရာတွေလဲ ပါတယ်။ ဒါတွေက မဆိုင်ဘဲ ...
movie
Monsters of California (2023)
5.8
Infestation (2009)
ကူပါ ဆိုတဲ့ကောင်လေးက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတတ်တဲ့ ကောင်လေးဖြစ်ပါတယ်။ အလုပ်တောင်မှ သူ့အဖေက ရှာပေးလို့ အလုပ်ရပြီး အလုပ်ရတာတောင် အလုပ်ထဲမှာ ရုံးက တခြားဝန်ထမ်းတွေနဲ့ ရေလားဝါးလား နေတတ်တဲ့ လူဖြစ်ပါတယ်။တစ်ရက်မှာ ကူပါ သူဌေးနဲ့ စကားပြောနေတုန်း အသံတစ်ခုကြားလိုက်ပြီး မေ့လဲသွားပါတော့တယ်။ သတိပြန်ရတဲ့အချိန်မှာ ကမ္ဘာကို ပိုးကောင်ကြီးတွေက အုပ်စိုးထားပြီး လူတွေကိုလည်း ပိုးအိမ်ထဲထည့်ထားပြီး ဖမ်းထားပါသေးတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ကူပါ တစ်ယောက် အသက်ရှင်ဖို့ ဘယ်လိုကြိုးစားမလဲ။ ပိုးကောင်ကြီးတွေ ရန်ကနေ ဘယ်လိုထွက်ပြေးကြမလဲ၊ ပိုးကောင်ကြီးတွေကို ဘယ်လိုသတ်ကြမလဲ ဆိုတာကို Character developmentတွေနဲ့အတူ ရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။2009ခုနှစ်က ရုပ်ရှင်တစ်ခုအတွက် CGIက ကြည့်လို့အဆင်ပြေတဲ့ထဲပါပြီး ဇာတ်လမ်းဇာတ်သွားကလည်း ကြည့်လို့ကောင်းပါတယ်။ အကောင်တွေပါပြီး Survival ပုံစံမျိုးကို ကြည့်ရတာ နှစ်သက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါလို့ ပြောရင်း reviewကို ...
movie
Infestation (2009)
Monster High 2 (2023)
Halloween အတွက် 2022က ထွက်ခဲ့တဲ့ Monster High ရုပ်ရှင်ရဲ့ sequel ဖြစ်တဲ့ Monster High 2 ထွက်ရှိလို့လာပါပြီ ဝံပုလွေလူသားတစ်ယောက်ဖြစ်တဲ့ ကလောဒင်းဝုဖ်ဟာ သူမရဲ့ ကျောင်းအသစ်ဖြစ်တဲ့ မွန်းစတားဟိုက်ခ်ကို ပြောင်းရွှေ့လာပြီးတဲ့နောက် အတန်းဖော်တွေဖြစ်တဲ့ ဖကန်ကီစတိန်း၊ ဒရက်ကူလော်ရာတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ကလောဒင်းဝုဖ်ဟာ မွန်းစတားဟိုက်ခ်မှာ မွန်းစတားမျိုးစပ်တွေကို လက်ခံပေးဖို့ရာ ရပ်တည်ခဲ့တာကြောင့် မွန်းစတားဟိုက်ခ်ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Eek Tok မှာ နာမည်ကြီးပြီး လူချစ်လူခင်ပေါနေသူတစ်ယောက်ပါ။ တစ်ချိန်တည်းမှာပဲ စံပြကျောင်းသူဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ရာလိုင်းစတွိုက်ပ်ဟာ ပြင်သစ်မှာ တစ်နှစ်တာ ကျောင်းသွားတက်ပြီးနောက် မွန်းစတားဟိုက်ခ်ကိုပြန်လာခဲ့ပါတယ်။ စာသင်နှစ်ရဲ့ ကျောင်းသားခေါင်းဆောင် ရွေးချယ်ပွဲမှာ တော်ရာလိုင်းနဲ့ ကလောဒင်းတို့နှစ်ယောက်ဟာ ကျောင်းသားခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်ဖို့ရာ ရွေးချယ်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းကို အမည်မသိ ခြိမ်းခြောက်မှုတစ်ခုရောက်လာပြီး ဒီခြိမ်းခြောက်မှုဟာ စုန်းတစ်ပိုင်း ဗန်ပိုင်းယားတစ်ပိုင်းဖြစ်တဲ့ ဗန်ပိုင်းယားမင်းသမီး ဒရက်ကူလော်ရာရဲ့ စုန်းအတတ်နဲ့သက်ဆိုင်နေတယ်လို့ ...
movie
Monster High 2 (2023)
6.4
Hot Tub Time Machine (2010)
လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie
Hot Tub Time Machine (2010)
5.7
The Pod Generation (2023)
MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း..... မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း - အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ် File size…(1.3 ...
movie
The Pod Generation (2023)
6.6
Sound of My Voice (2011)
Psychological thriller ကြိုက်သူတွေအတွက် Sound Of My Voice ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ပီတာနဲ့လော်နာတို့ချစ်သူစုံတွဲက လျှို့ဝှက်ဘာသာရေးကျင့်စဥ်အဖွဲ့တစ်ခုအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ဖို့အတွက် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး သက်ဝင်ယုံကြည်သူတွေအဖြစ်ဟန်ဆောင်နေခဲ့ကြတယ် အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကတော့ မက်ဂီဆိုတဲ့အမျိုးသမီးပါ သူမက သူမကိုယ်သူမ 2054 ကနေလာတဲ့အချိန်ခရီးသွားသူလို့ဆိုပြီး အဖွဲ့ဝင်တွေစုဆောင်းတယ် အနာဂတ်ကအကြောင်းတွေကိုပြောပြတယ် နောက်ပြီး သူမရဲ့အဖွဲ့ဝင်တွေကိုဘေးကင်းလုံခြုံတဲ့နေရာကိုခေါ်သွားပေးမှာဖြစ်ကြောင်းလည်းပြောဆိုစည်းရုံးထားတယ် ပီတာဟာ ငယ်ဘဝကအဖြစ်အပျက်တစ်ခုကြောင့် ဘာသာရေးကျင့်ထုံးတွေကိုမုန်းတီးနေသူတစ်ယောက်ပါ မှတ်တမ်းရုပ်ရှင်ရိုက်ပြီး ဒီလိုအဖွဲ့တွေရဲ့ရူးကြောင်ကြောင်နိုင်တာတွေကိုဖော်ထုတ်ချင်နေတာပါ အဲ့လိုမုန်းတီးနေသူတစ်ယောက်က ဒီဘာသာရေးကျင့်စဥ်အဖွဲ့ဝင်အဖြစ်ဟန်ဆောင်နေရတဲ့အခါ အဆင်ပြေပါ့မလား မက်ဂီရဲ့သရုပ်မှန်ကရောဘာဖြစ်မလဲ ပီတာကလည်းမှတ်တမ်းရုပ်ရှင်ကိုအောင်မြင်အောင်ရိုက်နိုင်ပါ့မလား ဒီဇာတ်ကားလေးဟာ တစ်ကားလုံး အေးအေးငြိမ်ငြိမ်လေးဆိုပေမယ့် အသည်းတယားယားနဲ့ကြည့်ရမယ်ကားကောင်းလေးပါ File size…(1.4 GB)/(693 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Drama, Mystery, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Sound of My Voice (2011)
Cosmoball (2020)
2020 ထွက် ရုရှားသိပ္ပံစိတ်ကူးယဉ်ကားကောင်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အနာဂတ်ကာလမှာ စကြဝဠာစစ်ပွဲကြီးဖြစ်သွားခဲ့ပြီး ကမ္ဘာမြေရဲ့ လပျက်စီးခြင်းနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ကမ္ဘာေပါ်မှာလည်း လူသားတွေမဖိတ်ခေါ်ပဲရောက်လာတဲ့ စစ်ပွဲအန္တရာယ်ကြောင့် ရာသီဥတုပြောင်းလဲမှုတွေ၊ ရောဂါအသစ်တွေပေါ်ပေါက်လာခဲ့ပြီး ဒုက္ခတွေရောက်နေကြရပါတယ်။ ဒီလိုဒုက္ခရောက်နေကြပေမဲ့လည်း ကမ္ဘာပေါ်ကလူသားတွေရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နောက်တစ်ဆင့်တက်ချိန်ဖြစ်နေတာကြောင့် တယ်လီပို့ လုပ်နိုင်စွမ်းရှိသူ သုံးယောက် ပေါ်လာခဲ့ပါတယ်။မော်စကိုမြို့ ပေါ်မှာလည်း "ဒုဓလီ" လို့ခေါ်တဲ့ အားကစားရုံယာဉ်ပျံကြီးရောက်နေပြီး အားကစားနည်းအသစ်ဖြစ်တဲ့ ကော့စမိုဘော ဆိုတဲ့ ဘောလုံးအားကစားနည်းကို တယ်လီပို့လုပ်နိုင်စွမ်းရှိတဲ့ အားကစားသမားတွေက ကစားရပါတယ်။ အန်တွန်ကတော့ ခေတ်ပျက်ကြီးထဲမှာမွေးဖွားလာခဲ့တဲ့သူဖြစ်တဲ့အပြင် လုပ်သမျှအလုပ်တိုင်းကလည်းအလွဲလွဲအချော်ချော်ဖြစ်နေတဲ့လူပါ။ တစ်နေ့မှာ သူ့အမေအတွက် ဆေးတွေလိုအပ်လို့ ဆေးဆိုင်မှာသွားခိုးရင်း ရဲကလိုက်ဖမ်းလို့ပြေးတဲ့လမ်းမှာ ကားဖြတ်တိုက်တာခံလိုက်ရပြီး သူ့ရဲ့တယ်လီပို့လုပ်နိုင်စွမ်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကော့စမိုဘော ဆော့ဖို့အတွက် သူ့ကိုလာစည်းရုံးကြပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ကော့စမိုဘောကစားပွဲတွေရဲ့ နောက်ခံအကြောင်းအရင်းတွေက ထင်သလောက်မရိုးရှင်းတဲ့အခါမှာတော့ အန်တွန်တစ်ယောက် ဘယ်လိုဖြစ်ရပ်တွေကို ဆက်ပြီးကြုံတွေ့လာရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile size…(2.8 GB)/(1.5 ...
movie
Cosmoball (2020)
First
2
3
4
5
6
Last
Previous
Next