Channel Myanmar

Science Fiction

The Captives ( 2024 ) 5.8
The Captives ( 2024 ) ၂၁၅၀ခုနှစ်မှာ ကမ္ဘာပေါ်ကို တခြားဂြိုလ်ကပိုးကောင်သားရဲတွေ ဝင်ရောက်ကျူးကျော်လာတဲ့အကြောင်းကို ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားဖြစ်ပါတယ်။ ၂၁၅၀ခုနှစ်မှာ တခြားဂြိုလ်ကပိုးကောင်သားရဲတွေဟာ ကမ္ဘာကိုရောက်လာပြီး လူသားတွေကိုတိုက်ခိုက်ခဲ့တယ်။လူသားနဲ့ပိုးကောင်စစ်ပွဲကြီးဟာ နှစ်(၂၀)ကြာတဲ့အထိပြီးဆုံးမသွားသေးပါဘူး။ ဒီပိုးကောင်မျိုးနွယ်ဟာ အရေခွံမာပြီး အားကြီးတဲ့ပြင် မှန်းဆလို့မရတဲ့ ဉာဏ်ရည်တွေရှိတာကြောင့် လူသားတွေဟာသူတို့ကိုအပြီးသတ်နှိမ်နင်းနိုင်ဖို့ခက်ခဲနေပါတယ်။နှစ်လရှည်ကြာလာတာနဲ့အမျှ ပိုးကောင်တွေဟာ ကမ္ဘာမှာနေသားကျပြီး မျိုးရိုးဗီဇတစ်ဆင့်တက် ဆင့်ကဲပြောင်းလဲလာပါတယ်။ ကမ္ဘာကြီးပေါ်မှာရှိတဲ့လူသားတွေမျိုးသုန်းသွားမယ့် အန္တရာယ်ကျရောက်တော့မယ့် အရေးပေါ်အခြေနေကိုရောက်ရှိလာပါပြီ။ ဒီဉာဏ်ရည်ရှိတဲ့ဂြိုလ်သားပိုးကောင်တွေကိုဘယ်လိုအနိုင်ယူနိုင်မလဲ...... ကမ္ဘာကြီးဟာဒီပိုးကောင်တွေရဲ့နယ်ချဲ့ရန်ကနေလွတ်မြောက်နိုင်ပါ့မလား...... Quality : WEB-DL 2160p (4K), 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 14 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Captives ( 2024 )

Red vs. Blue: Restoration (2024)
Red vs. Blue: Restoration (2024) Red Vs Blue လို့ခေါ်တဲ့ comic science fiction ရုပ်ရှင်စီးရီးရဲ့ နောက်ဆုံးကားပါ။ ဒီရုပ်ရှင်ထဲက စက်ရုပ်စစ်သားတွေက Xbox ရဲ့နာမည်ကြီး Game franchise တစ်ခုဖြစ်တဲ့ Halo ထဲကပါ။ဒီစက်ရုပ်တွေမှာ အနီ နဲ့ အပြာဆိုပြီး နှစ်ဖက်ရှိကြတာပေါ့။ အနီတွေနဲ့ အပြာတွေက ဘယ်တုန်းကမှမတည့်ခဲ့ကြဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲတွေဆင်နွဲလာခဲ့ကြတာ နောက်ဆုံးမှာ အနီရောင်အဖွဲ့ထဲက စစ်သား လက်တဆုပ်စာလောက်ပဲကျန်တော့တဲ့အထိပေါ့။တစ်နေ့မှာ အနီရောင်‌စစ်သားတွေကို အပြာရောင်စစ်သားတစ်ယောက်ကဆက်သွယ်လာပြီး စကြ၀ဠာထဲက အဆိုးရွားဆုံးဗီလိန်ကြီးက အဆိုးရွားဆုံးပုံစံနဲ့ပြန်ရောက်လာပြီး အားလုံးကိုသတ်ဖြတ်ဖြစ်တော့မယ့်အကြောင်း သတိပေးလာတဲ့အခါမှာတော့ အနီနဲ့အပြာတွေက မတူညီမှုတွေကို ဘေးချိတ်ထားပြီး Meta လို့ခေါ်တဲ့ ဗီလိန်ကြီးကို အတူ‌ပူးပေါင်းနှိမ်နင်းကြဖို့ ကြိုးစားကြရပါတော့တယ်။File size…(1.8 GB)/(990 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Animation, Comedy, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Red vs. Blue: Restoration (2024)

Parallax (2023)
Parallax (2023) ဇာတ်ကားတွေကို တွေးပြီးမှကြည့်ချင်တဲ့ လူတွေရှိလား။ ဇာတ်လမ်းကိုကြည့်ပြီးသွားလို့ တစ်စိမ့်စိမ့်တွေးပြီးကျန်ခဲ့ချင်တာပါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်သင့်တဲ့စာရင်းထဲ ထည့်လိုက်သင့်ပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဇာတ်လမ်းကို ဘာသာပြန်ပြီးသွားတဲ့ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကျန်ခဲ့နေတုန်းပါပဲ။ဆိုတော့ ဇာတ်လမ်းအကျဉ်းလေးနည်းနည်းပြောရအောင်။ နေအိုမီနဲ့ လူးကပ်စ် ဖရိုင်းတို့က စေ့စပ်ပြီးအတူနေနေကြတဲ့ကာပယ်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းအစမှာကတည်းက စိတ်မကောင်းစွာနဲ့နေအိုမီက စိတ္တဇလိုလို စိတ်ကျရောဂါလိုလိုခံစားနေရပါတယ်။ လူးကပ်စ်ကလည်း စိတ်ကုဆရာဝန်တစ်ယောက်နဲ့ ဘာလုပ်ရမလဲ တိတ်တဆိတ်တိုင်ပင်နေတာပေါ့။ ဘယ်ကနေဘယ်လို ဖြစ်သွားမှန်း သူလည်းမသိပါဘူး။ နေအိုမီဖြစ်တဲ့ပုံကလည်း ထူးဆန်းပါတယ် သူက သူ့ကိုယ်သူဘယ်သူမှန်းမသိတော့ပါဘူး။ သူ့ကိုယ်သူ သူမသိတဲ့ တခြားကမ္ဘာတစ်ခုခုမှာ နေထိုင်နေရသလိုခံစားနေရတာပါ။နောက်ထပ်ရှိတာက သူမက်တဲ့အိပ်မက်ပါ။ အမြဲရေနစ်နေပြီး ရေပေါ်ကိုသူလုံးဝတက်မလာနိုင်သလို ဘယ်မှာရေနစ်နေမှန်းလဲ သူမသိပါဘူး။ ဆိုတော့ မသိခြင်းပေါင်းများစွာပေါ့။ ဒါပေမဲ့ ဆေးစစ်ကြည့်တော့လည်း နေအိုမီ့ဦးနှောက်မှာ ဘာမှထူးဆန်းတာ ရှာမတွေ့ပါဘူးတဲ့။ ဆိုတော့ နေအိုမီကဟန်ဆောင်နေတာလားမေးစရာရှိပါတယ်။ ဒါမှမဟုတ် သူကမရူးဘဲ ဘေးက လူတွေရဲ့ပယောဂတစ်ခုခုကြောင့်လား။ ဆိုတော့ ဇာတ်ကားလေးကတော့ ပဟေဠိတွေ ...
movie

Parallax (2023)

Ghost in the Shell (1995) 8.0
Ghost in the Shell (1995)  AI တွေဆိုတာဟာ အခုလိုခေတ်မှ ခေတ်စားလာတယ်ဆိုပေမယ့် ဒီ Ghost In The Shell ဆိုတဲ့ Anime ကားထဲမှာတော့ 1995 ခုနှစ်လောက်ထဲက စိတ်ကူးဉာဏ်ကွန့်မြူးပြီ ဒီ Anime ကို ဖန်တီးသူတွေက ပုံဖော်ခဲ့ကြတာပါ.ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ရုပ်သေးဆရာဆိုတဲ့ AI က အစိုးရအဖွဲ့က လူကြီးတွေကို သူတို့စမ်းသပ်ထားတဲ့ တစ္ဆေဆိုတဲ့ ခန္ဓာကိုယ်တွေကိုသုံးပြီး ချိမ်းခြောက်အကျပ်ကိုင်တဲ့ ဇာတ်အိမ်မျိုးကို တည်ထားပါတယ်. ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က မိုတိုကို ကူဆာနာဂီဆိုတဲ့ အမျိုးသမီး ဗိုလ်မှူူးတစ်ယောက်ဖြစ်ပြီး သူကိုယ်တိုင်ကလည်း စက်ရုပ်တစ်ပိုင်း လူတစ်ပိုင်းခန္ဓာကိုယ်ဖြစ်တဲ့အပြင် အထူးပြုလုပ်ထားတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ အေးဂျင့်တစ်ယောက်ပါ. သူတို့ လိုက်နေရတဲ့ လူက အင်တာနက်ကွန်ရက်ထဲကို လိုသလို သွားလာနိုင်ပြီး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတဲ့လူတွေကို စိတ်ရှိတိုင်း ခိုင်းစေလို့ရနေပေမယ့် အဲဒီ့ ရုပ်သေးဆရာလို့ခေါ်တဲ့ AI ဟာ ဘယ်လိုကိစ္စရပ်မျိုးတွေမှာ ပါဝင်ပတ်သက်နေမလဲဆိုတာကို ...
movie

Ghost in the Shell (1995)

1995
Mutant ( 2024 ) 5.8
Mutant ( 2024 ) ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , War , Romance Runtime : ...
movie

Mutant ( 2024 )

Mars Express (2023)
Mars Express (2023)  IMDb 7.6 ရထားတဲ့ ပြင်သစ် သိပ္ပံစိတ်ကူးယဥ် animation လေးကို တင်ဆက်ပေးလိုက်ပါတယ်ခေတ်လွန်မားစ်ဂြိုဟ်မှာ ဇာတ်လမ်းတည်ထားပြီး Aline ဆိုတဲ့ အလွတ်စုံထောက်မလေးနဲ့ သူ့ရဲ့ပါတနာ Carlos ဆိုတဲ့ စက်ရုပ်တစ်ရုပ်တို့က ဟက်ကာတစ်ယောက်ကို လိုက်ဖမ်းရင်း ... နက်နဲတဲ့ လျှို့ဝှက်ကြံစည်မှုတစ်ခုကို သိလာတဲ့ ဇာတ်လမ်းပါ သူတို့ခေတ်မှာ စက်ရုပ်တွေနဲ့ လူသားတွေ ယှဥ်တွဲနေထိုင်ကြပြီး Aline ရဲ့ ပါတနာ Carlos ဟာဆိုရင်လည်း တစ်ချိန်က လူသားတစ်ယောက်ပါပဲသေဆုံးသွားပြီးနောက်မှာမှ Back-up လို့ ခေါ်တဲ့ စက်ရုပ်အမျိုးအစားအဖြစ် ပြန်အသက်သွင်းခြင်း ခံလိုက်ရတာပါ လူသားနဲ့စက်ကြားက ဆက်နွယ်မှု ခေတ်လွန်ကာလက နေ့စဥ်ဘဝ အခက်အခဲတွေကို တွေ့မြင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် File size…(1.1 GB)/(606 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Animation, Science Fiction, Action, Mystery Subtitle….Myanmar Subtitle ...
movie

Mars Express (2023)

Atlas (2024)
Atlas (2024) ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ...
movie

Atlas (2024)

4K HEVC
End of the World ( 2018 ) 5.7
End of the World ( 2018 ) ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီးတော့ Auroras ဥတ္တရအလင်းတန်းတွေကို ဝင်ရိုးစွန်းဒေသတွေတင်မှာမကဘူး ဥရောပအလယ်ပိုင်း အမေရိကန်နိုင်ငံအလယ်ပိုင်းဒေသနဲ့ ဩစတေးလျတိုက်နဲ့ နယူးဇီလန်တို့မှာပါမြင်ရလာတဲ့ Trendလေးအမီ (၂၀၁၈)ကထွက်ထားတဲ့ဒီကားလေးကိုတင်ပေးလိုက်ပါတယ်။ဒီ Auroras တွေဟာ နေပေါ်မှာဖြစ်ပေါ်တဲ့ အလွန်ပြင်းထန်တဲ့မုန်တိုင်းကြောင့်ဖြစ်လာတာဖြစ်တယ်။ ယခု (၂၀၂၄)ခုနှစ်ဟာ နှစ်(၂၀)အတွင်း အပြင်းထန်ဆုံး နေမုန်တိုင်း ကမ္ဘာကိုရိုက်ခတ်တာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နေမုန်တိုင်းပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ Corona Mass Ejection (CME)ရဲ့အားဟာအရမ်းပြင်းတဲ့အခါ ကမ္ဘာလေထုကိုပါသက်ရောက်သွားပြီး ရာသီဥတုတွေဖောက်ပြန်ကာ သဘာဝကပ်ဘေးတွေကျရောက်လာတဲ့အကြောင်းကိုရိုက်ထားတာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်အမေနဲ့ စစ်တပ်ထွက်အဖေတို့ဟာ သားနဲ့သမီးကို သဘာဝကပ်ဘေးကနေအစွမ်းကုန်ကြိုးစားပြီး သူရဲကောင်းဆန်ဆန်ကာကွယ်သွားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ Low Budget ကားဖြစ်လို့Effectတွေသိပ်မကောင်းလှပေမယ့် solar flares တွေ solar storms တွေအကြောင်း ဗဟုသုတတွေရပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Adventure , Science Fiction Runtime : 1h 28 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by ...
movie

End of the World ( 2018 )

Light (2024)
Light (2024)  ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါအနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ်Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ်သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ... အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလားနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Science Fiction, Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Light (2024)

New Life (2024)
New Life (2024)  သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica -- သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ်သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် - တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်...ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ File size…(1.1 GB)/(562 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Thriller, Science Fiction, Horror, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

New Life (2024)

The Nomad (2023)
The Nomad (2023)  ဒီဇာတ်ကားကတော့ 2023 ခုနှစ်ထွက် Crime/Drama ကားဖြစ်ပါတယ် ဒနင်း ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ နောက်ဆုံး ရှာဖွေတွေ့ရှိမှုအပြီးမှာ အယ်လ်ရွန်က အရမ်း ဒေါသထွက်ပြီး ဘုန်းတော်ကြီးတွေကို လိုက်သတ်တော့တယ် သတင်းထောက်မလေး လေယာက အယ်လ်ရွန် လူသတ်မှုကို ဗီဒီယို မှတ်တမ်း အရယူလိုက် နိုင်တယ်ဒါပေမဲ့ လီယာက အယ်လ်ရွန် အဖမ်းခံရဖို့ထက် ပိုအရေးကြီးတဲ့ Personal ကိစ္စလေးတွေရှိနေပြန်တယ် အဲ့တော့ ဒီကနေ ဘယ်လိုဘာဆက်ဖြစ်ကြမလဲ သူတို့ ရှာဖွေတွေ့ရှိမှုကရော ဘာမို့လို့ အယ်လ်ရွန်က ဘုန်းတော်ကြီးတွေကို လိုက်သတ်နေတာလည်း သတင်းထောက်လေးကရော အယ်လ်ရွန်ကို ရဲလက်အပ်မှာလား အသုံးချမှာလားဒနင်းကရော ဒီ အရှုပ်ထုပ်ထဲ ဘယ်လို ၀င်ပတ်သက်မှာလည်း ကြည့်ရမှာ ဖြစ်ပါတယ်... ဘာသာရေး/ဘ၀ရဲ့ အဓိပွါယ် စတဲ့ themes တွေနဲ့ပတ်သက်ပြီး တွေးစရာ dialgoues တစ်ချို့ပါပါတယ် File size…(896 MB)/(440 MB) Quality….Webrip 1080p ...
movie

The Nomad (2023)

A Sound of Thunder (2005)
A Sound of Thunder (2005)  2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက Sci-fi/thriller အမျိုးအစားဖြစ်ပြီး Warner Bros. ကနေ ဖြန့်ချိခဲ့တာပါ။ Time Travelling လုပ်တာကို စိတ်လှုပ်ရှားစရာ ရင်ဖိုစရာကောင်းအောင် ကြည့်ရမှာပါ။ဇာတ်လမ်းကတော့ Time Safari ဆိုတဲ့ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ အတိတ် နှစ်သန်းပေါင်း ၆၅နှစ်ကျော်ဆီ အချိန်ခုန်ကူးပြီး ဖောက်သည်တွေကို ရင်ဖိုစရာစွန့်စားခန်းတွေပေးပြီး စီးပွားရှာနေတာ ဖြစ်ပါတယ်။ Travisဆိုတဲ့ ဇာတ်ဆောင်ကတော့ အဲ့ဒီ ကုမ္ပဏီက သိပ္ပံပညာရှင်၊ အချိန်ခုန်ကူးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ တစ်ရက် ကုမ္ပဏီမှာ ညစာစားပွဲကျင်းပနေတုန်းမှာ ဒေါက်တာ Sonia Rand ဆိုသူ အမျိုးသမီးက အတင်းဝင်ရောက်လာပြီး အားလုံးကို သတိပေးသွားခဲ့ပါတယ်။Travis နဲ့ Sonia နဲ့ စကားတွေ ပြောဖြစ်ကြပြီး Sonia က အခုလို အချိန် ခုန်ကူးပြီး အတိတ်က ရှေးဟောင်းသတ္တဝါကြီးတွေကို ...
movie

A Sound of Thunder (2005)

Justice League: Crisis on Infinite Earths Part Two (2024)
Justice League: Crisis on Infinite Earths Part Two (2024)  DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(1.6 GB)/(825 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Animation, Science Fiction, Action  Subtitle….Myanmar Subtitle ...
movie

Justice League: Crisis on Infinite Earths Part Two (2024)

The Void (2016)
The Void (2016)  ရဲဝန်ထမ်းဒန်နီရယ်ကာတာက တစ်ညမှာ လမ်းမပေါ်ကင်းလှည့်ရင်း ဒဏ်ရာတွေနဲ့လူတစ်ယောက်ကိုတွေ့ပြီး ဆေးရုံကိုခေါ်လာခဲ့ပေးတယ်။ ဆေးရုံကိုရောက်ပြီးပြီးချင်းမှာပဲ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်။ ဆေးရုံကလူတွေက အကောင်အဖြစ်ပြောင်းသွားတာတွေ၊ အသတ်ခံရတာတွေအပြင် ဆေးရုံအပြင်မှာလည်း အမည်မသိတဲ့အရာတွေက စောင့်ကြပ်ထားလို့ ဒန်နီရယ်တို့ အပြင်ထွက်ပြေးလို့လည်းမရပါဘူး။ဒီကိစ္စတွေအားလုံးရဲ့လက်သည်က ဘယ်သူလဲ ၊ အဆောင်အအုံထဲမှာရော အပြင်ဘက်မှာရောမလုံခြုံတော့တာကြောင့် ဒန်နီရယ်တို့ ဘယ်လိုတွေရင်ဆိုင်သွားမလဲ။ ဇာတ်လမ်းထဲကလူသတ်သမားမှာ သဘာဝလွန်စွမ်းအားတွေရှိနေတာကြောင့် ကိုးကွယ်ယုံကြည်မှုနဲ့ဆိုင်တဲ့ horror သို့မဟုတ် သိပ္ပံ horror ဆိုပြီးယူဆလို့လည်းရပါတယ်။ File size…(1.1 GB)/(527 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Mystery, Horror, Science fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra 
movie

The Void (2016)

Memory Journey ( 2024 ) 5.7
Memory Journey ( 2024 ) ဒီဇာတ်ကားလေးကတော့ duration တိုတိုလေးနဲ့ လူတွေရဲ့ မှတ်ဉာဏ်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုသဘောတရားထားသင့်တယ်ဆိုတဲ့ အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။မန်မိုရီ ( မှတ်ဉာဏ် ) ဟော်တယ်မှာ လူကြီးမင်းယန်က ဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ပါတယ် ။ သူကဟော်တယ်ကို ရောက်လာတဲ့သူတွေကို သူတို့စိတ်ထဲကအရောက်ချင်ဆုံးနေရာတွေကို ဖော်ပြပေးတဲ့ မှတ်ဉာဏ်အခန်းတွေဆီ ခေါ်သွားပြီးတော့ ဟော်တယ်ဝန်ဆောင်မှုပေးတဲ့သူပါ ။အဲဒီလိုနဲ့ ဟော်တယ်ကိုရောက်လာတဲ့ တည်းခိုသူတွေကို သူတို့မှတ်ဉာဏ်တွေဆီခေါ်သွားပေးတဲ့အချိန်မှာတော့...မှတ်ဉာဏ်နဲ့ပတ်သတ်ပြီး ထားသင့်တဲ့စိတ်နေသဘောထားတွေ လူတွေရဲ့နောင်တဲ့ဝမ်းနည်မှုအကျိုးဆက်တွေကို လိုတိုရှင်းလေး အဓိပ္ပာယ်ဖွင့်ဟထားလို့ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းလေးပဲဖြစ်လို့ လိုက်ပါကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။ Quality : WEB-DL 1080p  Format : mp4 Genres : Sci-Fi , Science Fiction Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK  
movie

Memory Journey ( 2024 )

Tideland (2005)
Tideland (2005)  IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် ...
movie

Tideland (2005)

Eternal 831 (2022)
Eternal 831 (2022)  အခုတစ်ခါမှာတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်စိတ်ကူးယဉ် animation ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်လမ်းလေးထဲမှာဆိုရင် စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေအပြင် ဂျပန်ဇာတ်လမ်းလို့မထင်မှတ်ရလောက်အောင် ကောင်းတဲ့ Animation လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်.ဇာတ်လမ်းအကျဉ်းဆူဇူရှီရိုဆိုတဲ့ သတင်းစာပို့တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပြီး ပညာသင်ဆုအတွက် ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆူဇူရှီရိုမှာ အချိန်ကိုရပ်တန့်နိုင်တဲ့ စွမ်းအင်တစ်ခုရှိနေပါတယ်။ အဲ့ဒီ့စွမ်းအင်ရှိနေတာကိုလည်း ဆူဇူရှီရိုတစ်ယောက် သိခဲ့တာတော့ သိပ်မကြာသေးပါဘူး. ဒါပေမယ့် သူတို့နေတဲ့ နေရာမှာ ဆူဇူရှီရိုအပြင် နောက်ထပ်အချိန်ကို ရပ်တန့်နိုင်တဲ့ လူတွေရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နဲ့ ဆူဇူရှီရိုတို့ မထင်မှတ်ပဲ တွေ့ဆုံဖြစ်ခဲ့ပြီး ဇာတ်ရဲ့အဓိက အလှည့်အပြောင်းက ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ.အချိန်ရပ်တန့်နိုင်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြသထားတဲ့ Mystery, Adventure နဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ဘာသာပြန်နဲ့ အညွှန်းကိုတော့ Jo Joe မှ ရေးသားထားပါတယ်။ File size…(1.6 ...
movie

Eternal 831 (2022)

28 Weeks Later (2007)
28 Weeks Later (2007)  Zombie ကားလိုမျိုး တစ်တိုင်းပြည်လုံးဗိုင်းရပ်စ်ကူးစက်ခံရလို့ပြေးရတဲ့ Survival ကားမျိုးကြိုက်သူတွေအတွက် 2007ခုနစ်ခုနှစ်ကထွက်ရှိထားတဲ့ 28 weeks later ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ Jeremy Rennerလည်းပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့အင်္ဂလန်နိုင်ငံမှာ ကုသလို့မရတဲ့ဗိုင်းရပ်စ်တစ်မျိုးကူးစက်ပြန့်ပွားနေပြီး တစ်နိုင်ငံလုံးနီးပါးရောဂါကူးစက်ခံထားရပါတယ် ခြောက်လအကြာမှာတော့ ကူးစက်ခံထားသူတွေဟာအစာငတ်မွတ်မှုကြောင့်သေဆုံးသွားကြပါတယ် လန်ဒန်ကနေရာတစ်ခုမှာ ဗိုင်းရပ်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ပြီး အသက်ရှင်လွတ်မြောက်လာတဲ့သူတွေကအဲ့မှညပဲနေရပါတယ် အမေရိကန်စစ်တပ်နဲ့ဆေးအဖွဲ့ကလည်း ပြန်လည်ထူထောင်ရေးအတွက်ကူညီပေးနေပါတယ်တမ်မီနဲ့အန်ဒီတို့မောင်နှမနှစ်ယောက်ဟာ ကျောင်းလေ့လာရေးခရီးသွားနေတာကြောင့် ဒီဖြစ်ရပ်နဲ့မကြုံတွေ့လိုက်ရပါဘူး သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ အသက်ရှင်သူတွေထဲမှာ သူတို့အဖေပဲပါလာပြီး သူတို့အမေပါမလာတော့တာကိုတွေ့လိုက်ရပါတယ် သူတို့နှစ်ယောက်သူ့အမေရဲ့ဓာတ်ပုံကိုလိုချင်လို့ လုံခြုံတယ်လို့သတ်မှတ်ထားတဲ့နေရာကိုကျော်ပြီး သူတို့အရင်အိမ်ကိုပြန်သွားရာကနေ ဗိုင်းရပ်စ်ပိုးပြန်လည်ပြန့်ပွားလာတဲ့အခါ........ File size…(3.5 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Thriller, Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

28 Weeks Later (2007)

Molli and Max in the Future (2024)
Molli and Max in the Future (2024)  ဒီရုပ်ရှင်ကတော့ အရင်နှစ်ကမှထွက်ထားတဲ့ Sci-fi, Drama, Comedy သုံးမျိုးကို ရောသမမွှေထားတဲ့ရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်က အာကာသထဲက သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ထားတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ မက်စ် နဲ့ မော်လီက အနာဂတ်က အာကာသထဲက ဂြိုဟ်တွေမှာနေကြပါတယ်။ အဲဒီအနာဂတ်မှာက ကမ္ဘာကြီးကတော့ လူသားတွေလုပ်လို့ပျက်သွားပါပြီတဲ့။တစ်ရက်မှာ မော်လီ နဲ့ မက်စ်က အာကာသတစ်နေရာမှာဆုံရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်က အကျင့်စရိုက်ရော ကိုယ်ရည်ကိုယ်သွေးတွေပါ မတူကြတဲ့သူနှစ်ဦး။ဒီလိုနဲ့ သူတို့နှစ်ဦးက သူငယ်ချင်းအဆင့်ကနေမတက်ခင်မှာ အကြောင်းတခုကြောင့်ခွဲလိုက်ရတယ်ပေါ့။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ဂလက််ဆီရဲ့တနေရာမှာ ကံမကုန်ဘဲ ပြန်ဆုံကြပြန်ပါတယ်။ အဲဒီအခါမှာလည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းကောင်းတွေအဖြစ် ရှိပေးပြီးတော့ အချိန်အတူကုန်ဆုံးကြပြန်တယ်။ဒီလိုနဲ့ မော်လီနဲ့မက်စ်တို့က ဘ၀အတွက်လက်တွဲဖော်ရှာကြဖို့အချိန်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးလုံးအတွက် ဖူးစာဖက်တွေကိုရှာကြတဲ့နေရာမှာ သင့်တော်တဲ့သူမတွေ့ဘဲ နောက်ဆုံးမှာ သူတို့အတွက်အကောင်းဆုံးဖြစ်တဲ့သူက သူတို့နှစ်ယောက် အချင်းချင်းပဲဖြစ်နေတာကို သိလိုက်ကြရတယ်ပေါ့။ဒါပေမဲ့ ရွေးချယ်မယ့်လမ်းတွေ၊ ပင်ကိုယ်စရိုက်တွေမတူညီနေတဲ့သူတို့နှစ်ဦးဟာ ရှေ့ဆက်တိုးလိုက်ရင် ကြုံတွေ့လာရမယ့်အခက်အခဲတွေကို ကြောက်ရွံ့ပြီး ဖရန့်ဇုန်ထဲကနေရုန်းထွက်ဖို့ရာကို ...
movie

Molli and Max in the Future (2024)

Doomsday Warrior ( 2024 ) 5.7
Doomsday Warrior ( 2024 ) ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ - မျိုးသုဉ်းခြင်းလျို့ဝှက်နယ်‌မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ‌ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေက‌ရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ...
movie

Doomsday Warrior ( 2024 )