Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Science Fiction
Solaris (2002)
CM ပရိသတ်ကြီးအတွက် sci-fi romance ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်Chris ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကို တစ်နေ့မှာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်က Solaris အမည်ရ ဂြိုဟ်တစ်ခုကို လာရောက်ပေးဖို့ အကူအညီတောင်းလာပါတယ်အကြောင်းကတော့ Solaris က အာကာသယာဥ် အဖွဲ့သားတွေဟာ ထူးဆန်းတဲ့ ပုံရိပ်တွေကို မြင်နေရပြီး ရှင်းပြလို့မရတဲ့ စွဲလမ်းမှုတွေ ရှိနေတာကို အဖြေရှာလို့ အားလုံးကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်နိုင်ဖို့ပါဒါကို အဖြေရှာဖို့ Solaris ဂြိုဟ်ကို ရောက်လာတဲ့ Chris ကိုယ်တိုင်ကပါ သေဆုံးသွားပြီးဖြစ်တဲ့ ချစ်သူ Rheya သူ့ဆီ ပြန်ရောက်လာတာကို တွေ့ကြုံလာရတဲ့အခါမှာတော့ ....မင်းသား George Clooney ရဲ့ ရုပ်ရှင်အဟောင်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦး File size…(1.4 GB)/(585 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Science Fiction, Mystery Subtitle….Myanmar Subtitle ...
movie
Solaris (2002)
White Plastic Sky (2023)
စိတ်ဝင်စားဖို့ကောင်းတဲ့ ဟန်ဂေးရီးယန်းအန်နီမေးရှင်းရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းရော တင်ဆက်ပုံရောဆန်းကျယ်ပြီး အဆင့်တစ်ခုထိရှိတယ်လို့ ကျွန်တော်တော့ခံစားရတာမို့ ခဏလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။2123ခုနှစ်....၊ ကမ္ဘာကြီးပျက်စီးစပြုနေပြီး မြို့ကြီးနှစ်မြို့ပဲ ကျန်တော့တဲ့အချိန် လူတွေမှာ အစားအသောက် ရှားပါးပြတ်လတ်နေခဲ့။ဒီမှာပဲ ပရော်ဖက်ဆာတစ်ယောက်တီထွင်ခဲ့တဲ့ မျိုးစေ့ကြောင့် လူတွေဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ပြန်ပြီးပေးဆပ်ရတဲ့တန်ဖိုးက အသက်ငါးဆယ်ပြည့်တာနဲ့ ဆန္ဒအလျောက်မိမိကိုယ်ကိုယ်စတေးပြီး အစားအသောက်တစ်ခုဖြစ်လာဖို့ ခန္ဓာကိုယ်တွင်း မျိုးစေ့ထည့်သွင်းပြီး စားသောက်ဖို့ အပင်တစ်ပင်ဖြစ်ပေးရတာပါ။သုံးဆယ်ဝန်းကျင်ပဲရှိသေးတဲ့ စတက်ဖန်တို့ဇနီးမောင်နှံနှစ်ဦး။ စိတ်သောကတွေ ခံစားနေရတာမို့ ငါးဆယ်မပြည့်ခင်မှာပဲ ဇနီးဖြစ်သူ နိုရာက ဆန္ဒအလျောက် သူ့ကိုယ်သူစတေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာပဲ ဇနီးဖြစ်သူကို မစွန့်လွှတ်နိုင်တဲ့ စတက်ဖန်တစ်ယောက် ဇနီးဖြစ်သူကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(837 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre... Adventure, Animation, Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
White Plastic Sky (2023)
Casshern (2004)
ဒီဇာတ်ကားကတော့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ရန်သူအသစ်ကို တိုက်ထုတ်ဖို့အတွက် superhuman စွမ်းအားနဲ့ အသက်ပြန်ရှင်လာခဲ့တဲ့ လူငယ်တစ်ံယောက်အကြောင်းကို ရိုက်ကူးထားတဲ့ ဂျပန် sci-fi ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ စစ်ပွဲတွေရဲ့ အကျိုးဆက်တွေအပေါ် လေးလေးနက်နက်သုံးသပ်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပြီး အက်ရှင်ပြကွက်အကြမ်းစားတွေနဲ့ သူ့ခေတ်သူ့အခါက အကောင်းဆုံး CGI တွေပေါင်းစပ်ထားတဲ့အတွက် ကြည့်ရတာ အရသာတစ်မျိုးတော့ဖြစ်နေမှာပါ။ ဇာတ်သွားက ကြည့်ရတာရှုပ်ထွေးနိုင်ပေမယ့် ရှုပ်ထွေးတာကိုမှကြိုက်တဲ့သူတွေအတွက်ကတော့ ဇာတ်ကားကောင်းလို့ပြောလို့ရပါတယ်။ File size…(1.6 GB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min
movie
Casshern (2004)
Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)
IMDb-6.7/10Sword Art Online: Progressive ဇာတ်လမ်းတွဲတွေထဲက ပထမတွဲမှာပါတဲ့အခန်းတစ်ခုကို ပုံဖော်ထားတဲ့ အန်နီမဲရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။၂၀၂၂ နှစ်ကုန်ခါနီးအချိန် ALSနဲ့ DKBဆိုပြီး ဂိမ်းကစားသမားတချို့ပါဝင်ပေါင်းစည်းထားတဲ့ ဂိုဏ်းနှစ်ခု ဦးဆောင်နေတဲ့အချိန် ဂိုဏ်းနှစ်ခုကြား အာဏာလုမှုကလည်း ပြင်းထန်နေပါတယ်။ ဂိုဏ်းခေါင်းဆောင်နှစ်ယောက်က ရန်သူတော်ကြီးကိုရှင်းလင်းပြီး အနိုင်ယူဖို့ အပြင်းအထန်ပြိုင်ဆိုင်နေကြပါတယ်။အာဆူနာဆိုတဲ့ကောင်မလေးကတော့ သူငယ်ချင်းဖြစ်သူကြောင့် ဂိမ်းထဲမှာပိတ်မိနေတဲ့ကောင်မလေး။ ဒီဂိမ်းမှာ သေဆုံးသွားခဲ့ရင် အပြင်လောကမှာလည်းသေဆုံးသွားမှာဖြစ်လို့ အသက်ရှင်သန်ဖို့အရေး ရုန်းကန်နေရပါတယ်။ နှစ်သစ်ကူးအကြိုညအတွက် ပါတီလုပ်ဖို့ ဂိုဏ်းကြီးနှစ်ဂိုဏ်းပူးပေါင်းထားကြပေမဲ့ ပါတီညမှာ ရန်သူတော်ကြီးကို အဖွဲ့တစ်ခုက သွားရှင်းဖို့ကြံထားတာကို အာဆူနာ မတော်တဆကြားသွားခဲ့ရာကစ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ စစ်မက်မဖြစ်ပွဲရေးအတွက် သူငယ်ချင်းတွေအကူအညီရယူပြီး တားဆီးဖို့ကြိုးစားပါတော့တယ်၊(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Animation, Action, Fantasy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie
Sword Art Online the Movie – Progressive – Scherzo of Deep Night (2022)
6.7
A Quiet Place: Day One (2024)
WEB-DL ရုပ်သံအကြည်ထွက်လာလို့ Update ထားပါတယ်။A quiet place ရုပ်ရှင်တွေရဲ့ ၃ ကားမြောက်ရုပ်ရှင်လာပါပြီ။ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ နှစ်ကားရဲ့ အဆက်မဟုတ်ပါဘူး။ပထမဆုံး ဂြိုလ်သားတွေစဆင်းလာတဲ့အချိန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။အရင်နှစ်ကားကိုလည်း Channel Myanmar Web နဲ့ App မှာကြည့်ရှုနိုင်ပါတယ်။ အဓိက သရုပ်ဆောင် မင်းသမီး Lupita Nyong'oကတော့ 12 Years A Slave, Black Panther, Us တို့လိုကားကြီးတွေမှာ ပါဝင်ခဲ့တဲ့သူမျိုး ကောင်းပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ကင်ဆာရောဂါနောက်ဆုံးအဆင့်နဲ့ ဆာမီရာဟာ မြို့ထဲကိုပီဇာစားဖို့ နောက်ဆုံးတစ်ခေါက်အဖြစ်ထွက်လာပါတယ်။အဲဒီအချိန်မှာပဲ အသံထွက်တာနဲ့ လိုက်သတ်တဲ့ ဂြိုလ်သားတွေဆင်းလာပြီး ကမ္ဘာစပျက်တော့တာပါပဲ။အားလုံး လွတ်ရာကို ပြေးဖို့ကြိုးစားနေတုန်းမှာ ဆာမီရာတစ်ယောက် မသေခင် ပီဇာစားနိုင်ဖို့ ဘယ်လိုရုန်းကန်သွားမလဲဆိုတာမြင်ရမှာပါ။ ထုံးစံအတိုင်း သည်းထိပ်ရင်ဖို အသက်ရှင်ဖို့ကြိုးစားရတဲ့ စွန့်စားခန်းတွေကို ကြည့်သွားရမှာပါ။ကြည့်လိုက်ကြပါဦး....A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(2.4 ...
movie
A Quiet Place: Day One (2024)
4K HEVC
Appleseed (2004)
အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ နာမည်ကြီး japanese manga ကို movieအဖြစ်အသက်သွင်းထားတဲ့ Appleseed ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးက 2131ခုနှစ်ကိုဇာတ်အိမ်တည်ထားပါတယ် လူသားတွေရဲ့ အမုန်းတရားတွေ အမျက်ဒေါသတွေ မတော်လောဘတွေကြောင့် တစ်ကမ္ဘာလုံးစစ်မြေပြင်ဖြစ်သွားပြီး အားလုံးနီးပါးပျက်စီးပြီးသွားတဲ့အချိန်မှာ တိုးတက်လှတဲ့နည်းပညာတွေနဲ့ဖန်တီးတည်ဆောက်ထားတဲ့ အိုလံပတ်စ်ဆိုတဲ့ စိတ်ကူးယဥ်နိုင်ငံလေးက တစ်ကမ္ဘာလုံးကိုအုပ်ချုပ်လျက်ရှိပါတယ်ဒူနန်နွန့် ဆိုတဲ့အမျိုးသမီးစစ်သည်တော်လေးဟာ တိုက်ရည်ခိုက်ရည်မှာထူးချွန်တာကြောင့်ရော ချောမောလှပသောရုပ်ရည်ရှိတာကြောင့်ရော ထင်ရှားကျော်ကြားတဲ့သူပါ သူမကို သူမရဲ့ချစ်သူဟောင်းဖြစ်တဲ့ ဘရီယာရီယိုစ်က စစ်မြေပြင်ကနေ ကယ်ဆယ်ပြီး အိုလံပတ်စ်ကိုခေါ်လာပေးခဲ့ပါတယ် ဘရီယာရီယိုစ်ကယခုအချိန်မှာစက်ရုပ်ခန္ဓာကိုယ်တပ်ဆင်ထားရတဲ့စက်ရုပ်တစ်ပိုင်းဖြစ်နေပါပြီ အဲ့ဒီအိုလံပတ်စ်ဆိုတဲ့စိတ်ကူးယဥ်နိုင်ငံလေးမှာ လူသားတွေနဲ့ထပ်တူကျအောင်ဖန်တီးထားတဲ့ ဘိုင်အိုရွိုက်ဆိုတဲ့ လူသားကလုန်းတွေက လူဦးရေတစ်ဝက်လောက်ရှိပါတယ် "ဘိုင်အိုရွိုက်"တွေဟာ တိကျတဲ့ စိတ်ခံစားမှုတွေမရှိဘဲ သူတို့ရဲ့အဓိကတာဝန်က လူသားတွေအတွက် ငြိမ်းချမ်းမျှတအောင်ထိန်းညှိပေးဖို့ပဲဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာနေရာရထားတဲ့ ဘိုင်အိုရွိုက်တွေကို မကျေမနပ်ဖြစ်ပြီး အတိုက်အခံလုပ်နေတဲ့ လူသားတစ်စုလည်းရှိပါတယ် အဲ့ဒါကြောင့် လူသားနဲ့ဘိုင်အိုရွိုက်တွေ့ရဲ့ကြားမှာ တင်းမာမှုတွေ ပဋိပက္ခတွေရှိနေပါတယ် ဒူနန်တစ်ယောက် အိုလံပတ်စ်ကိုရောက်သွားပြီးနောက်မှာ အိုလံပတ်စ်ကိုထိပါးလာတဲ့ လူတစ်စုရဲ့တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ရင်း သူမ,မမှတ်မိတဲ့ သူမရဲ့အတိတ်ကအကြောင်းတွေကိုပါ သိရှိလိုက်ရပါတယ်..... File size…(2.2 GB)/(1.2 ...
movie
Appleseed (2004)
Population Purge (2024)
ဒီနှစ်မှထွက်ရှိထားတဲ့ Action/Thriller ဇာတ်ကားဖြစ်ပါတယ်။ Brian Johnson ဆိုသူက ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။ Post Apocalyptic ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စတန့်သမားတစ်ဦးဖြစ်တဲ့ Lamar Wilson က အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လူဦးရေထိန်းချုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရက လူသန်းပေါင်းများစွာကို အဆိပ်ခတ်သုတ်သင်ခဲ့ပါတယ်။ ရှားပါးအေဘီ ပေါ့စတစ်သွေးပိုင်ရှင်တွေပဲ အသက်ချမ်းသာရခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ မြေးအဘိုးနှစ်ဦးဟာ အေဘီပေါ့စတစ် သွေးပိုင်ရှင်တွေဖြစ်ပြီး အပန်းဖြေဥယျာဉ်တစ်ခုမှာ ပုန်းအောင်းနေပါတယ်။ သူတို့မြေးအဘိုးနှစ်ဦးကို သွေးမှောင်ခိုသမားတွေနဲ့ အစိုးအရာရှိတစ်ဦးက အမဲလိုက်သလို ရှာဖွေသုတ်သင်ဖို့ကြိုးစားရကနေ မြေးအဘိုးနှစ်ဦးလည်း အသက်ရှင်ကျန်ရစ်ဖို့ ခုခံကာကွယ်ရပါတော့တယ်။Low Badget ဇာတ်ကားဖြစ်တာကြောင့် အများကြီး မမျှော်လင့်ထားမှ အဆင်ပြေပါလိမ့်မယ်။ ဒါရိုက်တာရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး အက်ရှင်ပြကွက်တွေကို ခပ်စိပ်စိပ်တွေ့ရတဲ့အတွက် Thriller ထက် Action ဖက်ကို အလေးကဲထားတယ်လို့မြင်ပါတယ်။ File size…(1 GB) Quality….Webrip 720p Format…mp4 Duration….01:40:00 Genre... Horror, Thriller, Action, Science ...
movie
Population Purge (2024)
5.7
Jurassic Invasion ( 2024 )
သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကို ရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိတွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့ စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။ အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေ တရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရောက်စစ်ဆေးချိန်မှာတော့... ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်က အမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီး အသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရော ဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး Filesize : 763 MB , 454 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay ...
movie
Jurassic Invasion ( 2024 )
Justice League: Crisis on Infinite Earths Part Three (2024)
DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Animation, Science Fiction, Action Subtitle….Myanmar ...
movie
Justice League: Crisis on Infinite Earths Part Three (2024)
The Garfield Movie (2024)
လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ်ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး...ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre... Science Fiction, Comedy, ...
movie
The Garfield Movie (2024)
4K HEVC
Arctic Armageddon (2023)
ဒီကားလေးကတော့ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဘူမိဗေဒသိပ္ပံပညာရှင်နှစ်ယောက် အတ္တလန်တိတ်သမုဒ္ဒရာမှာ အချက်အလက်ယူဖို့ ရေကြောင်းပြဗော်ယာတွေကိုနေရာချနေရင်း ငလျင်ကြီးလှုပ်ခတ်ပြီး သမုဒ္ဒရာကြီး ရုတ်တရက်စတင်အေးခဲလာပြီး အဲဒီပညာရှင်နှစ်ယောက်သေဆုံးသွားပါတယ်။အဲဒီအဖြစ်အပျက်ကြောင့် စီနီယာဘူမိသိပ္ပံပညာရှင်နှစ်ယောက်ကို ပင်တဂွန်ရဲ့ အတွင်းရေးမှူးက ခေါ်ယူပြီးဖြေရှင်းချက်ရှာကြပါတယ်။ ငလျင်ကြောင့် အပျက်အစီးရေခဲထုကြီးဖြစ်လာပြီး ပင်လယ်ရေအောက်ရေနွေးစီးကြောင်းကိုပိတ်ဆို့နေတာကြောင့် အပူချိန်ထိုးကျပြီး သမုဒ္ဒရာတစ်ခုလုံးခဲသွားတဲ့အပြင် ကုန်းမြေတွေပါ ထိခိုက်လာပါတယ်။ အဲဒါကြောင့် ရေငုပ်သင်္ဘောလွှတ်ပြီး ဒေတာယူ အပျက်အစီးရေခဲထုကြီးကိုဖျက်ဆီးဖို့ ကြိုးစားကြပုံတွေကို စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.3 GB)/(600 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Science Fiction, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
Arctic Armageddon (2023)
Dreamcatcher (2003)
IMDb - 5.5 ဆရာကြီး Stephen King ရဲ့ Dreamcatcher စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းရိုက်ကူးထားတဲ့ သဘာဝလွန်သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားအမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျုံးစီ၊ ဘီဗာ၊ ပိပ်နဲ့ ဟင်နရီဆိုတဲ့ သူငယ်ချင်းလေးယောက်မှာ ငယ်ငယ်လေးကတည်းက ထိန်းသိမ်းလာခဲ့ကြတဲ့ လျို့ဝှက်ချက်တစ်ခုရှိပါတယ်။သူတို့ အသက်ကြီးသွားပြီး ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်နေတောင်မှ တစ်နှစ်ကို တစ်ကြိမ်တော့ မိန်းပြည်နယ်မှာရှိတဲ့ တောအုပ်ထဲကိုစခန်းချသွားနေကျပါပဲ။ ဒီနှစ်မှာလည်း စခန်းချသွားကြရင်း နှင်းမုန်တိုင်းတိုက်တာနဲ့ ကြုံခဲ့ရပြီး သူတို့ရဲ့စခန်းချအိမ်ရှိတဲ့ တောအုပ်တဝိုက်မှာ ကူးစက်ရောဂါတမျိုးပြန့်နှံ့လာတဲ့အချိန်မှာတော့ ထူးခြားတဲ့ လက်ဆောင်မွန်တွေရရှိထားကြတဲ့ သူငယ်ချင်းေလးယောက် ဒီဖြစ်ရပ်ဆိုးကို ဘယ်လိုတားဆီးကြရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။R-rated ဖြစ်ပြီး သွေးထွက်သံယိုပြကွက်တွေအပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် 18 နှစ်အောက် ကလေးတွေမကြည့်သင့်ပါဘူး။File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Horror, Science Fiction,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Dreamcatcher (2003)
Quantum Cowboys (2023)
Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို ...
movie
Quantum Cowboys (2023)
From the Shadows (2022)
Hidden Wisdom လို့အမည်ရတဲ့ သဘာ၀လွန် အစွန်းရောက်ဂိုဏ်းတစ်ခုဟာ မီးလောင်မှုကြီးတစ်ခုနဲ့ကြုံတွေ့လိုက်ရပြီး အသက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်ဆိုးကနေ လွတ်မြောက်နိုင်ခဲ့တဲ့ ဂိုဏ်းသား လူငယ်ငါးယောက်နဲ့ ဒေါက်တာရို၀မ်လို့အမည်ရတဲ့ စိတ်ပညာပါမောက္ခတစ်ဦးက မှတ်တမ်းရုပ်ရှင်တစ်ခုရိုက်ကူးဖို့အတွက် Zoom meeting နဲ့တွေ့ကြပါတယ်။ဒီလိုနဲ့ ဒေါက်တာရို၀မ်နဲ့ ဂိုဏ်းသားလူငယ်ငါးယောက်တို့ဟာ Hidden Wisdom မီးလောင်မှုကြီးနဲ့ လူသေမှုတွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆွေးနွေးရင်းကနေ အားလုံးရဲ့မျက်စိရှေ့မှာတင် ဒီကျန်ရစ်သူငါးယောက်ဟာ မမျှော်လင့်ထားတဲ့အသက်ဘေးတွေနဲ့ကြုံတွေ့ရပါတော့တယ်။ ဒါကတော့ ဘယ်ကနေ ဘယ်လိုရောက်လာလဲဆိုတာမသိတဲ့လူတစ်ယောက်ဟာ Zoom Meeting ခေါ်ဆိုနေချိန်အတွင်းမှာပဲ ဂိုဏ်းသားတစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်တာပါ။ဒီလိုနဲ့ Hidden Wisdom ဂိုဏ်းရဲ့နောက်ကွယ်က အဖြစ်မှန်ကဘာလဲ၊ ဂိုဏ်းသားတွေကိုလိုက်သတ်နေတဲ့ သဘာ၀လွန်ပုဂ္ဂိုလ်ကရော ဘယ်သူလဲ၊ ဒေါက်တာရို၀မ်ကရော ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးဖို့ရာ ကြိုးစားရမလဲ၊ နောက်ဆုံးမှာရော ဒီပဟေဠိတွေကို ဖြေရှင်းနိုင်သွားပြီး အသက်ဘေးကလွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(932 MB)/(532 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thriller, Science Fiction, ...
movie
From the Shadows (2022)
Immortal (2004)
အနာဂတ်ကာလကို အခြေခံပြီးတော့ နတ်ဘုရားတွေနဲ့ လူသားတွေကြားက ဖြစ်ရပ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ၂၁ရာစုအနှောင်းပိုင်းကာလခေတ်ကို အခြေခံထားပြီးတော့ အဲဒီခေတ်အခြေအနေမှာ ကမ္ဘာကြီးကို နတ်ဘုရားတွေနဲ့ လူသားတွေက ပိုင်စိုးထားပါတယ်။ ဒီလိုနဲ့ နတ်ဘုရားတစ်ပါးဟာ မသေနိုင်ဖို့အတွက်နဲ့ လူသားအမျိုးသမီးတစ်ယောက်နဲ့ ကလေးရအောင်လုပ်ဖို့ ကြိုးစားဖို့ လိုအပ်လာပါတော့တယ်။ဒီလိုလုပ်နိုင်ဖို့အတွက်လက်ခံကောင်လိုအပ်လာပြီး လက်ခံကောင်ကို ရှာဖွေကာ လူသားအမျိုးသမီးတစ်ယောက်ကို ချည်းကပ်ပြီး ကိုယ်ဝန်ရအောင် ကြိုးစားတဲ့အခါမှာတော့ ......... နတ်ဘုရားက လက်ခံကောင်အဖြစ်ရွေးထားတဲ့ လူသားကရော အသာတကြည်နဲ့ လက်ခံပေးလိုက်လား..... လူသားအမျိုးသမီးနဲ့ ကိုယ်ဝန်ရဖို့ကြိုးစားတဲ့နေရာမှာရော ဘယ်လိုတွေဖြစ်ပျက်မလဲ .... ဆိုတာတွေကို ကြည့်ရှုရမယ့် Sci-fi ဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Drama, Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Immortal (2004)
Godsend (2004)
ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။File size…(1.6 GB)/(670 ...
movie
Godsend (2004)
The Beast (2024)
မနှစ်က ထွက်ရှိထားတဲ့ Sci-fi/Romance ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီး Léa Seydoux နဲ့ မင်းသား George MacKay တို့ ဦးဆောင်ပါဝင်ထားပြီး rotten tomatoes - 86% ရရှိထားပါတယ်။ Artificial Intelligence တွေ စိုးမိုးတဲ့ ခေတ်မှာ လူသားတွေဟာ ခံစားချက်တွေကို ခြိမ်းခြောက်မှု တစ်ခုအနေနဲ့ မြင်နေကြပါတယ်။ဒီ ခံစားချက်တွေကို ရှင်းထုတ်ပြီး DNA ကို သန့်စင်ဖို့ အတွက် Gabrielle ဟာ သူ့ရဲ့ အရင်ဘဝတွေကို ခုန်ကူးရမှာဖြစ်ပါတယ်။ သူ့ရဲ့ အတိတ်ဘဝမှာ မသေဆုံးဘဲ ထာဝရရှင်သန်နေတဲ့ အချစ်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစွာနဲ့ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်တွေပဲ ကြုံခဲ့ရပါတော့တယ်။File size…(2 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:26:00 Genre... Drama, Romance , ...
movie
The Beast (2024)
Road Wars: Max Fury (2024)
ကပ်ဘေးကြီးအပြီးမှာ လူသားတွေတစထက်တစလျော့နည်းလာခဲ့တယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုတွေနဲ့အတူ ရှင်ကျန်ရစ်တဲ့ လူနည်းစုတွေစုပေါင်းပြီး နယ်မြေတွေအုပ်စိုးနေခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းကတော့ ရှင်ကျန်ရစ်ခဲ့တဲ့အုပ်စုတွေထဲက အုပ်စုတစ်စုရဲ့ဇာတ်လမ်းပါ။ သူတို့အုပ်စုမှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ လူတစ်ယောက်ကို နယ်နှင်ဒဏ်ပေးခဲ့လိုက်ကြတယ်။နယ်နှင်ဒဏ်ပေးတဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေဖြစ်ပြီး ခေါင်းဆောင်တစ်ယောက် ဆုံးပါးသွားခဲ့ပေမဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့သူကတော့ နာကျည်းမှုတွေနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာတော့ သေဆုံးသွားသူရဲ့ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်အရွယ်ရောက်လာပြီး လက်စားချေလိုမှုတွေနဲ့ သူ့ကိုနယ်နှင်ဒဏ်ပေးလိုက်တဲ့ ကျန်ရစ်တဲ့ခေါင်းဆောင်တွေကို လိုက်ရှာနေခဲ့တဲ့လူနဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(1.7 GB)/(993 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Action, Adventure, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Road Wars: Max Fury (2024)
The Final Cut (2004)
လူသားတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ထဲကို မိုက်ခရိုချစ်ပ်လေး ထည့်လိုက်ပြီးတော့ လူသားတွေရဲ့ မွေးဖွားလာတဲ့အချိန်မှစ ဘဝတလျှောက်လုံးကို မှတ်တမ်းတင်ထားနိုင်တဲ့ အချိန်ကာလတစ်ခုမှာ ဒီဇာတ်လမ်းကို တည်ထားပါတယ်။ Implant ထည့်ထားတဲ့ လူသားက သေဆုံးသွားရင်တော့ ကွယ်လွန်သူမိသားစုရဲ့ ခွင့်ပြုချက်နဲ့ ကွယ်လွန်သူရဲ့ ဘဝအတွေ့အကြုံတွေ၊ အပျော်ရွှင်ရဆုံး အချိန်တွေ၊ အမှတ်တရတွေ၊ ဂုဏ်ယူရတဲ့ အခိုက်အတန့်တွေကို ပြန်ယူထားပြီး မိသားစုက သိမ်းထားခွင့် ရှိပါတယ်။အဲ့လိုမျိုး အမှတ်တရတွေကိုပဲ တည်းဖြတ်ပေးရတဲ့ လူတွေကို Cutter လို့ ခေါ်ပြီးတော့ အဓိကဇာတ်ဆောင် အယ်လန်ဟက်ခ်မန်း (Robin Williams) က အတော်ဆုံးကတ်တာ/ တည်းဖြတ်သူ ဖြစ်ပါတယ်။ အယ်လန်က ငယ်ရွယ်စဉ်အချိန်မှာတုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတာကြောင့် စိတ်ဒဏ်ရာလည်း ရှိထားသူပါ။သူ့အနေနဲ့ ချားလ်စ်ဘန်နစ်စတာ ဆိုတဲ့ ရှေ့နေတစ်ယောက် ကွယ်လွန်သွားလို့ သူ့ဘဝရဲ့ အမှတ်တရအချိန်တွေကို တည်းဖြတ်မှုပြုဖို့ ဇနီးဖြစ်သူက သူ့ကို လာရောက်ငှားရမ်းတဲ့အခါ... ဖလက်ချာ (Jim ...
movie
The Final Cut (2004)
6.2
Crazy Alien ( 2019 )
တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK
movie
Crazy Alien ( 2019 )
2019
1
2
3
Last
Next