Channel Myanmar

Sci-Fi

Animalia (2023) 5.8
Animalia (2023)  IMDb 5.8 ရထားတဲ့ Sci-Fi/Fantasy ကားလေး Animalia ကတော့ အစ်တိုရဲ့ အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။အစ်တိုက ကိုယ်ဝန်ရှိနေတယ်။ သူ့ယောက်ျားနဲ့ယောက္ခမတွေက ခရီးထွက်သွားတယ်။ သူက‌တော့ လူ‌နေပါးတဲ့ မော်ရိုကို ကျေးရွာလေးမှာ တစ်ယောက်တည်းကျန်ခဲ့တယ်။ ထူးဆန်းတဲ့ဖြစ်ရပ်တွေကြောင့် လူတွေအကုန် Panick ဖြစ်ပြီး အစ်တိုကလည်း သူ့ယောက်ျားနောက် လိုက်ပါတယ်။ဒါပေမယ့်ခရီးလမ်းက ကြမ်းတမ်းပြီး ရင့်ကျက်ဖို့ သူ့ရဲ့အမြင်တွေ ယုံကြည်မှုတွေကို ပြောင်းလဲ‌စေခဲ့ပါတယ်။ သူ့ရဲ့ယုံကြည်မှုတွေက ဘာတွေလဲ။ ဘယ်လိုပြောင်းလဲစေလဲဆိုတာကိုတော့ ရုပ်ရှင်လေးကြည့်လိုက်ကြပါလို့.. Acting နဲ့ Cinematography ကောင်းပါတယ် File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB
movie

Animalia (2023)

The Primevals (2023) 5.5
The Primevals (2023)  နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်းနိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်းမမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှအများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်းအဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက်ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီးIMDb Rating 5.5 ရရှိထားပါတယ်။ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်ကဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေအကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကိုပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကိုကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာတခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့်နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက်ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်းနိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…3.64GB / 1.11GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h ...
movie

The Primevals (2023)

Crazy Alien ( 2019 ) 6.2
Crazy Alien ( 2019 ) တရုတ်မှာတောင်5ပတ်မြောက်ရုံတင်နေဆဲဇာတ်ကားဖြစ်ပြီး ဝင်ငွေအားဖြင့်လည်း ၂ ရက်အတွင်းမှာ 100 Milions ရရှိထားတဲ့ နောက်ဆုံးထွက်ဇာတ်ကားအသစ်ပဲဖြစ်ပါတယ်..ကြားထဲမှာလည်း အပတ်စဉ်တိုင်းမှာ China Box Office ရဲ့ Top 10 ဝင်ငွေအကောင်းဆုံး ကားအဖြစ် 5 ပတ်ပတ်တိတိရပ်တည်နေဆဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုတင်ဆက်ပေးလိုက်ပါမယ် တရုတ်ပြည်ရဲ့မျောက်လေ့ကျင့်ပေးသူတစ်ယောက်ဆီကို တခြားဂြိုလ်ပေါ်က ဂြိုလ်သားတစ်ကောင်ဟာ သူတို့ရဲ့ DNA Ball ကို လူသားတွေနဲ့ လဲလှယ်ရာကနေ မှားယွင်းမှုဖြစ်ပြီး ကမ္ဘာပေါ်ကိုပြုတ်ကျလာခဲ့တယ်..ဖြစ်ချင်တော့ သူဟာ မျောက်ကလေးနဲ့ပေါင်းစပ်သွားတယ်..ဒါကို မျောက်လေ့ကျင့်ပေးသူက ဂြိုလ်သားကိုမျောက်တစ်ကောင်လိုကျင့်ပေးနေပါတော့တယ်ဒီလိုနဲ့ဂြိုလ်သားလေးဟာ သူ့စွမ်းအားတွေပြန်ရလာတဲ့အချိန်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , Science Fiction Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie

Crazy Alien ( 2019 )

2019
Human Lost (2019) 5.2
Human Lost (2019) Human Lost ( 2019 ) IMDb - 5.2/10လူတစ်ယောက်က ဆေးပညာအကူအညီမပါဘဲ နှစ်ရာကျော်တဲ့အထိ‌ နေနိုင်ပါတယ်လို့ပြောရင် လူကြီးမင်းတို့ အံ့ဩမိကြမှာလား အခုတစ်ကြိမ် cm ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးချင်တဲ့ သိပ္ပံစိတ်ကူးယဉ် ဂျပန် anime ‌ထဲမှာတော့ ဖြစ်နိုင်ပါတယ်Plot အနေနဲ့ကတော့ နည်းပညာတွေ အလွန့်အလွန်တိုးတက်ထွန်းကားနေတဲ့ ခေတ်ကာလကို ဇာတ်ကြောင်းတည်ထားပါတယ် သေသူကိုတောင် ပြန်ရှင်စေပြီး လူတွေကို သာမန်သက်တမ်းထက် နှစ်ပေါင်းများစွာပိုရှင်သန်နိုင်အောင် စွမ်းဆောင်ပေးနေတဲ့ "SHELL"နည်းပညာမှာ ချို့ယွင်းချက်တချို့ ရှိနေခဲ့ပါတယ် ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင် အီအိုဇိုရဲ့ သူငယ်ချင်းဟာလည်း အဲဒီခြွင်းချက်တွေကြောင့် သေဆုံးသွားခဲ့ရ‌တဲ့အခါမှာတော့ အီအိုဇိုအနေနဲ့ အခြေအနေအရပ်ရပ်ထဲကို ဝင်ပါဖို့ဖြစ်လာပါတော့တယ်ဒီစနစ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေကြိုးကိုင်နေတာလဲလူသားတွေကိုရော အမှန်တကယ် အကျိုးပြုနေတာမှန်ရဲ့လား စတဲ့ ဒွိဟအရပ်ရပ်နဲ့ စိတ်ဝင်စားစွာကြည့်ရှုရမဲ့ movie တစ်ခုပဲ ဖြစ်ပါတယ်File size…    1.6 GB /  786 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 50m Genre ...
movie

Human Lost (2019)

Bade Miyan Chote Miyan (2024) 5
Bade Miyan Chote Miyan (2024) Bade Miyan Chote Miyan (2024)Sultan (2016)၊ Bloody Daddy (2023)တို့လိုရုပ်ရှင်တွေရဲ့ ဖန်တီးသူ ဒါရိုက်တာကြီး Ali Abbas Zafarရဲ့လက်ရာ ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်ကြီးကတော့ဖြင့် လူကြီးမင်းတို့ရှေ့မှောက်မှာ မြန်မာစာတမ်းထိုး ကြည်တောက်ရှင်းရယ်နဲ့ ရောက်ရှိလို့လာခဲ့ပါပြီ။ ဆိုနက်ခ်ရှီ၊ အာလေယာနဲ့ မာနူရှီတို့လို မင်းသမီးချောတွေလည်းပါဝင်အားဖြည့်ထားပါတယ်။နာမည်မရှိ၊ အကြောက်တရားမရှိ၊ မျက်နှာကိုတောင်မသိမမြင်ရဘဲ သူ့ကိုယ်သူကြမ္မာဆိုးလို့ခေါ်တဲ့ မကောင်းဆိုးဝါးလို ဗီလိန်ကြီးလိုချင်တာက လက်စားချေမှု။အားအပြင်းဆုံး အန္တရာယ်အပေးနိုင်ဆုံးလက်နက်ကို စစ်တပ်ယာဉ်တန်းနဲ့ သယ်ဆောင်လာတုန်းမှာပဲ ဖြတ်လုခံလိုက်ရပြီး လိုက်ပါစောင့်ရှောက်တဲ့လူတွေပါ အသတ်ခံလိုက်ရတယ်။ လုယူသွားတဲ့သူက လက်စားချေဖို့ ဆန္ဒပြင်းပြနေတဲ့ အကြမ်းဖက်သမားဗီလိန်ကြီး။ဒီလိုစိတ္တဇဆန်ဆန် ဗီလိန်ကို ရင်ဆိုင်နိုင်ဖို့က သူ့ထက်ပိုစိတ္တဇဆန်နိုင်မဲ့ စစ်သည်နှစ်ယောက်ကိုစုစည်းဖို့ပဲရှိတယ်ဆိုတဲ့ ဗိုလ်မှူးအမိန့်နဲ့ မီရှာတစ်ယောက် ဆရာကြီးအရှေးနဲ့ ဆရာလေးတိုက်ဂါးတို့ကို သွားပင့်ရပါတော့တယ်။ဘာအထောက်အထားမှမသိရတဲ့ ဗီလိန်ဆရာကြီးလိုချင်တဲ့ လက်စားချေမှုကဘာလဲ။ အရွှန်းတွေဖောက်ရင်း မျက်နှာကြောမတည့်ကြတဲ့ အရှေးနဲ့ တိုက်ဂါးတို့ကရော အဲဒီဗီလိန်ကိုတားဆီးနိုင်မှာလား။ အပစ်အခတ် အတိုက်အခိုက်ခပ်ကြမ်းကြမ်းတွေနဲ့ အိန္ဒိယအက်ရှင်ရုပ်ရှင်ကားကြီးပီသစွာ ပုံဖော်တင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.5GB / 1.6GB  Quality…WEB ...
movie

Bade Miyan Chote Miyan (2024)

2024
Transit (2012) 7.0
Transit (2012) ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

Transit (2012)

The Last Loner (2019)
The Last Loner (2019) The Last Loner [2019] (IMDb 4.8/10)ချာနိုင်ဘိုင်းပေါက်ကွဲမှု ဖြစ်စဉ်ပြီးနောက်မှာ ရုရှားအစိုးရဟာ အဲ့နယ်မြေတဝိုက်ကို ကန့်သတ်ပိတ်ဆို့လိုက်ပါတယ်... ဒီလို ကပ်ဘေးစိုက်ထားတာကိုမှပဲ အခွင့်ကောင်းယူပြီး ကန့်သတ်ဇုန်အတွင်း လျှို့ဝှက်ဓာတ်ခွဲခန်းကွန်ယက်ကြီးတစ်ခု ဖြန့်ကျက်ခဲ့ပါတယ်... ဒီနောက်မှာ ထူးဆန်းတဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားရင်း သေဆုံးသူအရေအတွက်လည်း တိုးပွားလာပါတယ် …. ဒိလို အခြေအနေဆိုးကြီးမှာ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေရောင်းချနေတဲ့ အမဲလိုက်သမားတွေ ရှိနေပါတယ်.... ဇာတ်လမ်းကတော့ အမဲလိုက်သမားဖြစ်သူ ဟက်တာရဲ့ ညီဟာ သူ့အစ်ကိုကို ရှာဖွေဖို့အတွက် ဒီဇုန်ကြီးထဲကို ရောက်လာပြီး မျိုးစုံသော ဒုက္ခသုက္ခတွေအပြင် ရေဒီယိုဓာတ်သတ္တိကြွမှုတွေကြောင့် မျိုးရိုဗီဇပြောင်းလဲနေပြီဖြစ်တဲ့ လူသူသတ္တဝါတွေနဲ့လည်း ယှဉ်ပြိုင်တိုက်ခိုက်ရင်း အသက်မသေအောင် ကြိုးစားရပါတော့တယ်... ဒီတော့ ညီဖြစ်သူက ဟက်တာကို ရှာတွေ့နိုင်လိမ့်မလား ရှာမတွေ့နိုင်ဘူးလားဆိုတာ ပရိသတ်ကြီးကိုယ်တိုင် ရှုစားလိုက်ပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Action, Sci-fi Quality…. 1080p | 720p File size… 1.1GB | 579MB Format… mp4 Duration…. 1h 10min Subtitle…. Myanmar Subtitle ...
movie

The Last Loner (2019)

2019
State of Emergency (2011) 5.2
State of Emergency (2011) State of Emergency (2011) =======================ဒီဇာတ်လမ်းကိုတော့ ဆိုးဆိုးရွားရွားအရာတစ်ခုဆီကနေ ပုန်းရှောင်ထွက်ပြေးနေကြတယ်လို့ယူဆရတဲ့လူအုပ်စုတစ်စုနဲ့အစပျိုးထားပါတယ်... ဒီလိုနဲ့ ဒီအရာဟာဘာမှန်းမသိလိုက်ခင်မှာပဲ ဇာတ်ကားဟာ လွန်ခဲ့တဲ့ ၄ ရက်ကို နောက်ကြောင်းပြန်သွားပါတော့တယ်...ဒီမှာတော့ စောစောတုန်းက လူအုပ်စုထဲကတစ်ယောက်ဖြစ်တဲ့ ဂျင်မ်ဆိုတဲ့ကောင်လေးဟာ သူ့ကောင်မလေးဖြစ်သူကိုချီပြီးပြေးလာတာကိုတွေ့ရမှာပါ... သူ့ကောင်မလေးမှာ ဒဏ်ရာရနေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲဆုံးပါးသွားပါတော့တယ်... အဲဒီနောက်မှာတော့ ပတ်ဝန်းကျင်မှာ လူသူခြောက်ကပ်နေပြီး မူမမှန်ဖြစ်နေတာကို ဂျင်မ်တစ်ယောက်သတိထားမိသွားပါတယ်...ဒီလိုနဲ့ဂျင်မ်တစ်ယောက် ဘာတွေဆက်လုပ်သွားမလဲ၊ ပတ်ဝန်းကျင်မှာလည်း ဘာတွေဘယ်လိုဖြစ်နေတာလဲ၊ ဇာတ်လမ်းအစမှာတွေ့ရတဲ့ သူတိ့ပုန်းရှောင်နေကြတဲ့အရာကရော ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုတော့ ဒီ "State of Emergency" ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှရင်းနဲ့ပဲအဖြေရှာကြည့်လိုက်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Fiona Gillen ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Horror, Sci-Fi , Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Fiona Gillen 
movie

State of Emergency (2011)

Foil (2023) 5.0
Foil (2023)  ကျောင်းသားဟောင်းတွေ့ဆုံပွဲကို မသွားဖို ဆုံးဖြတ်ပြီးကန္တာရထဲက ထူးဆန်းထွေလာအမည်တွင်တဲ့နေရာတစ်ခုဆီကို သွားကြည့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဖို စွန့်စားခန်းထွက်လာကြတဲ့ရက်စ်နဲ့ ဒက်စ်တာဟာ လမ်းတစ်ဝက်မှာပဲမဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။ဒီလိုနဲ့ သူတိုဟာ ဂြိုဟ်သားပန်းကန်ပြားပျံက ကျလာတဲ့အရာတစ်ခုလို မှတ်ယူနိုင်တဲ့ ခဲပတ်စက္ကူစကို တွေ့လိုက်တဲ့အခါမှာ သူတိုရဲ့ကြားမှာ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိလာမလဲ..စွန့်စားခန်းဟာလည်း ဘယ်လို အလှည့်အပြောင်းရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…3.35GB/ 866MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Foil (2023)

Threads (1984) 8.0
Threads (1984)  ဒီတစ်ခေါက်ကတော့ IMDb 8/10 ရရှိထားပြီး Rotten tomatoes မှာ 100%ထိရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက စစ်ပွဲကာလအတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ နျူကလိယစစ်ပွဲအကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်အတွင်း စီမံအုပ်ချုပ်ပုံတွေ လူ့သဘာဝတွေကိုပါ ရိုက်ကူး တင်ဆက်ပေးထားတာပါရုသ်နဲ့ ဂျင်မီတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ခြေလွန်လက်လွန်ဖြစ်ကာ ရုသ်တစ်ယောက် ကိုယ်ဝန်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဂျင်မီနဲ့ ရုသ်တို့ လက်ထပ်ဖို့ အကြောင်းဖန်လာပေမဲ့ အချိန်ကာလအားဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ရေးဟာလည်း တင်းမာနေချိန်ဖြစ်ပါတယ်။ ရုသ်နဲ့ ဂျင်မီတို့ အတူတူနေထိုင်နိုင်ရန် ကြိုးစားနေကြချိန် သူတို့မြို့လေးရဲ့ မိုင် ၂၀အကွာ နေတိုး အခြေစိုက်စခန်းဟာ နျူကလိယနဲ့ တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားချိန် သူတို့စုံတွဲလည်းကွဲကွာသွားကြပါတော့တယ်။စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်သန်နိုင်အောင်ရုန်းကန်ကြပုံတွေ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲပုံတွေအပြင် နျူကလိယရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအား ...
movie

Threads (1984)

Time Addicts (2023) 5.3
Time Addicts (2023)  ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအ‌နေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ်အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike
movie

Time Addicts (2023)

Sting (2024) 5.8
Sting (2024)  IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူးပြထားတာဖြစ်ပြီး တခြားပင့်ကူကားတွေနဲ့မတူတာကတော့ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံတစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူတစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကိုစွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်ကမွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလိုချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီးစတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်းချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီးအိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီးချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကိုခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။  File size…1.77GB / 615MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Sting (2024)

Slyth: The Hunt Saga (2024)
Slyth: The Hunt Saga (2024) Sltyth : The Hunt Saga (2024)Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ... အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့ လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Char Ou ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Slyth: The Hunt Saga (2024)

2024
Godzilla Raids Again (1955) 5.7
Godzilla Raids Again (1955) ကမ္ဘာ့အရှည်ကြာဆုံးfranchiseအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ Toho Godzilla franchiseရဲ့ ဒုတိယကားဖြစ်တဲ့ Godzilla Raids Againဟာ 1954ဂေါ်ဇီလာ အောင်မြင်ပြီးနောက် သူနဲ့တစ်ဆက်တည်း နောက်ဆက်တွဲအနေနဲ့ ထပ်ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ မူရင်းဒါရိုက်တာနဲ့ creatorဖြစ်တဲ့ အိရှိရိုဟွန်ဒါကတော့ Lovetideဆိုတဲ့ ရုပ်ရှင်ကိုကိုင်နေလို့ မအားတာကြောင့် ဒီကားကိုမကိုင်ထားပေမဲ့ တွဲဖက်ဖန်တီးသူနဲ့ အထူးပြုလုပ်ချက်ပညာရှင် Eiji Tsuburayaကတော့ ဒီကားအတွက်လည်း သူပဲ special effectsတွေ လုပ်ပေးခဲ့တာပါ။ Godzilla Raids Again ဟာ monster vs monster formulaကို အစပျိုးပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ပထမကားမှာ ဂေါ်ဇီလာတစ်ကောင်တည်းရှိခဲ့ပေမဲ့ ဒီကားမှာတော့ နောက်ဂေါ်ဇီလာတစ်ကောင်ပေါ်လာသလို တခြား သတ္တဝါဆန်းတွေလည်းရှိသေးတယ်ဆိုတာကို ဂျပန်အာဏာပိုင်တွေ ပြည်သူတွေ သတိထားမိလာကြာပြီ။ ဒါပေမဲ့ အောက်စီဂျင်ဒတ်စတွိုင်ရာမရှိတော့သလို ဒီလိုဆန်းပြားတဲ့လက်နက်ကို ဖန်တီးခဲ့တဲ့ ဒေါက်တာဆဲအိဇာဝလည်းမရှိတော့တဲ့နောက် ဒီဂေါ်ဇီလာကို နှိမ်နင်းနိုင်မယ့်လက်နက် သူတို့မှာ မရှိနေပါဘူး။ ဂေါ်ဇီလာနဲ့ နောက်ထပ်မွန်းစတားတစ်ကောင်ရဲ့ ...
movie

Godzilla Raids Again (1955)

Godzilla (1954) 7.5
Godzilla (1954) Godzilla ( 1954 )Directed by  Ishirō HondaKaiju  Genreကို အစပျိုးပေးခဲ့တဲ့ ပထမဆုံး ဂေါ်ဇီလာရုပ်ရှင်ကို ၁၉၅၄မှာ အိရှိရိုဟွန်ဒါက ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့တယ်။  Special effects ပိုင်းကိုတော့  Eiji Tsuburayaက ကိုင်ခဲ့တယ်။ သူတို့နှစ်ယောက်တွဲဟာ Kaiju  Genreကို ထောင်ခဲ့တဲ့လူတွေ ဂေါ်ဇီလာယူနီဗာ့စ်ကြီးကို စဖန်တီးခဲ့သူတွေပါပဲ။ ဒီဂေါ်ဇီလာကားတွေကို နာမည်ကျော် တိုဟိုကနေ ထုတ်ပေးခဲ့တယ်၊ ဒီဂေါ်ဇီလာတစ်ကားရဲ့ အောင်မြင်မှုကနေ Godzilla franchiseကြီးဖြစ်ခဲ့လာပြီး တိုဟိုက ထုတ်ခဲ့တဲ့ ဂျပန်ဂေါ်ဇီလာရုပ်ရှင်တင် ၃၃ကား , ခုနောက်ပိုင်းထွက်တဲ့ အမေရိကန်ရုပ်ရှင် ငါးကား , စုစုပေါင်း ၃၈ကား ထွက်ခဲ့ပြီးပြီ။ တိုဟိုက ထုတ်ခဲ့တဲ့ ၃၃ကားထဲမှာ မူရင်းဖန်တီးရှင်တွေဖြစ်တဲ့ အိရှိရိုနဲ့ အိဂျီတို့ ရိုက်ခဲ့တာက ၈ကားပဲရှိခဲ့တယ်။ သူရိုက်ခဲ့တာတွေက အအောင်မြင်ဆုံးနဲ့ အခမ်းနားဆုံး Godzilla (1954), ...
movie

Godzilla (1954)

Videodrome (1983) 7.2
Videodrome (1983)  IMDb rating - 7.2 ရထားပြီး Rotten tomato -83% ထိ ရထားတဲ့ Vidoedrome (1983) ဟာ Horror-SiFi ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး Horror ရုပ်ရှင်တွေရဲ့ဖခင်ကြီးဖြစ်တဲ့ David Cronenberg ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲကတစ်ခုဖြစ်ပါတယ်၊ Cast တွေအနေနဲ့ကလည်း Once Upon A Time in America, Casino စတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး လက်ရှိ Oscar ဆုရ ရုပ်ရှင်ကြီးဖြစ်တဲ့ Oppenheimer ရဲ့ တွဲဖက် ပရိုဂျူဆာကြီးဖြစ်တဲ့ James Woods က အဓိကဇာတ်ကောင် မက်စ်ရန် အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ရုပ်မြင်သံကြားပရိုဂရမ်တစ်ခုကို ထုတ်လွှင့်နေတဲ့ ပရိုဂျူဆာ မက်စ်ရန်ဟာ ပရိတ်သတ်တွေအတွက် ထူးခြား ကွဲပြားတဲ့ ရသကိုပေးစွမ်းနိုင်ဖို့ လူကြီးဇာတ်လမ်းတွေကိုရှာဖွေရင်းက ဗီဒီရိုဒရုန်းဆိုတဲ့ ထူးဆန်းပြီး စက်ဆုပ်စရာ ဗီဒီယိုဖိုင်တစ်ခုကိုအမှတ်မထင်ကြည့်လိုက်မိရာမှ ...
movie

Videodrome (1983)

These Final Hours (2013) 6.6
These Final Hours (2013)  ခင်ဗျားတို့မှာသာ အသက်ရှင်သန်ဖို့အတွက် အချိန်၁၂နာရီသာကျန်တော့မယ်ဆိုရင် ဘာလုပ်ကြမလဲကိုယ်ချစ်ခင်ရသူတွေ အနားမှာပဲ နေမှာလားဒါမှမဟုတ် ဘဝကိုစိတ်ရှိလက်ရှိပျော်ပျော်ကြီးလုပ်ချင်ရာတွေလုပ်ပြီး ဖြတ်သန်းပစ်လိုက်မလားဒီဇာတ်ကားက ကမ္ဘာပျက်ခါနီး အချိန်၁၂နာရီအလိုမှာလူတွေရဲ့ သဘာဝကို ဒါရိုက်တာ Zak Hilditchရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..ဒီဇာတ်ကားက ဆန်ခါတင်စာရင်းများစွာ မှာပါဝင်ခဲ့ပြီးလူငယ်အမျိုးသမီးအကောင်းဆုံးဇာတ်ဆောင်ဆုအကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု အကောင်းဆုံးဒါရိုက်တာဆု စတဲ့ဆုများစွာကို ဆွတ်ခူးရရှိထားပါတယ်ဒီ These Final Hours ဆိုတဲ့ မင်းသား Nathan Phillips ,မင်းသမီးလေး Jessica De Gouwတို့ပါဝင်သရုပ်ဆောင်ထားပြီး rating 6.6/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..ဒီဇာတ်လမ်းအစမှာ ဂျင်မီတစ်ယောက် ကမ္ဘာပျက်ခါနီး အချိန်မှာကိုယ်ဝန်ရှိနေတဲ့ ရည်းစားကိုထားခဲ့ပြီး ရည်းစားအသစ်နဲ့ပျော်ပါးဖို့ အဆုံးသတ်ပါတီပွဲကျင်းပရာဆီကို ထွက်လာရာလမ်းမှာမမျှော်လင့်ဘဲ ရို့စ်ဆိုတဲ့ ဖခင်နဲ့ကွဲသွားပြီး ခိုကိုးရာမဲ့နေတဲ့ဆယ်နစ်သမီးအရွယ် ကလေးမလေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ဒီလိုနဲ့ ပါတီပွဲကိုသွားမယ့် ဂျိမ်းစ်တစ်ယောက်ကလေးမလေးကို ဖခင်နဲ့ပြန်လည်တွေ့ဆုံပေးဖိူကြိုးစားရာမှာဘာတွေဆက်ဖြစ်လာမလဲ..ဘယ်လိုတွေ့ကြုံရမလဲ ကလေးမလေးကရာ သူမရဲ့ဖခင်နဲ့ပြန်လည်စုံစည်းနိုင်ပါ့မလားတဖြည်းဖြည်းကမ္ဘာပျက်ဖို့ အချိန်တွေနီးကပ်လာတာနဲ့အမျှဂျိမ်းစ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်လာမလဲပါတီပွဲကိုသွားပြီး ရည်းစားအသစ်နဲ့ပျော်ပါးမလား ဒါမှမဟုတ်ကိုယ်ဝန်သည်ကောင်မလေးဆီကိုပဲ ပြန်ပြေးမလား ဆိုတာကြည့်ရှသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ စီးမျောကြည့်ရှုလိုက်ပါဦးဒီဇာတ်ကားကိုအပြီးထိသေချာလေးကြည့်ပြီးသွားရင်တော့ခင်ဗျားတို့ရဲ့ရင်ထဲမှာ တစ်ခုခုကိုဆို့နှစ်ပြီး ကျန်ခဲ့မှာအသေချာပါပဲဇာတ်ညွှန်းရေးဆရာကိုပဲအပြစ်တင်ရမလား ...
movie

These Final Hours (2013)