Channel Myanmar

Sci-Fi

A Quiet Place Part II (2020) 7.8
A Quiet Place Part II (2020) A Quiet Place Part 2 (2020)IMDb Rating (7.2) / Rotten Tomatoes (91%)Quiet Place 2 လာပါပြီ။အသံထွက်တာနဲ့ ချက်ချင်းလာသတ်တဲ့ ဂြိုလ်သားလို သတ္တဝါဆိုးတွေကို မှတ်မိဦးမှာပါ။အပိုင်း ၁ မှာတုန်းကတော့ အသက်ရှင်သန်ဖို့ အဓိက ကြိုးစားနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ ပြန်တိုက်ခိုက်နိုင်မယ့်နည်းကို တွေ့သွားခဲ့ပါပြီ။အခု အပိုင်း ၂ မှာတော့ ကျန်ခဲ့တဲ့ မိသားစုဝင်လေးဟာ အခြားနေရာတစ်ခုကို ရွှေ့ဖို့ကြိုးစားရင်းလူအသစ်တွေနဲ့ တွေ့ပြီး လွတ်မြောက်နယ်မြေတစ်ခုကိုရောက်နိုင်မယ့် သဲလွန်စ တွေ့လာတဲ့အခါ....။ပထမရုပ်ရှင်က ဇာတ်ကောင်တွေဖြစ်တဲ့ Emily Blunt နဲ့ သူ့ကလေးတွေပါဝင်ထားပြီး Cillian Murphy က အသစ်ပါဝင်ထားပါတယ်။A Quiet Place ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=a+quiet+place ကြည့်ပါ။ File size…(7 GB)/(1.7 GB ) / (830 MB) Quality….BluRay 4K ...
movie

A Quiet Place Part II (2020)

2020
4K HEVC
A Quiet Place (2018) 7.9
A Quiet Place (2018) A Quiet Place (2018)IMDb Rating (7.5) / Rotten Tomatoes (96%)အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ်တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစုလေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက်မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာအနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင်စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက်တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။အီဗလင်းတို့မှာ သမီးတစ် ယောက်၊ ...
movie

A Quiet Place (2018)

2018
4K HEVC
Left Behind (2014)
Left Behind (2014) Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie

Left Behind (2014)

2014
OpenMatte
The Time Machine (2002) 6.0
The Time Machine (2002) The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie

The Time Machine (2002)

2002
Space Sharks (2024) 5.0
Space Sharks (2024)  ဒီဇာတ်ကားကို Sci-fi Genre ရုပ်ရှင်တွေ အရိုက်များတဲ့Director Dustin Ferguson က ရိုက်ကူးထားပြီးတော့သရုပ်ဆောင်တွေအနေနဲ့ကတော့ ဂန္တဝင်သရုပ်ဆောင်တွေဖြစ်တဲ့ Eric Roberts, Brinke Stevens တို့က ပါဝင်အားဖြည့်ပြီး သရုပ်ဆောင်ပေးထားပါတယ်။Sci-fi Genre ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် အမေရိကန်အစိုးရဟာ သက်ရှိတွေနေထိုင်နေတယ်လို့ ယူဆရတဲ့ဂြိုလ်တစ်ခုပေါ်ကနေ နမူနာပစ္စည်းတွေကိုယူလာဖို့အတွက်အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပါတယ်။အဲဒီယာဉ်ဟာ ယူလာပြီးတော့အပြန်လမ်းမှာ ဥက္ကာခဲတွေနဲ့တိုက်မိပြီးတော့ ကမ္ဘာပေါ်ကိုပျက်ကျလာပါတယ်။အဲဒီလိုနဲ့ ယာဉ်ပေါ်မှာပါလာတဲ့ သက်ရှိတွေဟာကမ္ဘာပေါ်မှာလွတ်ကုန်ပြီးတော့ သောင်းကြမ်းကုန်ပါတယ်။ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲ၊ နောက်ကွယ်မှာရောဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာတွေကိုသည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…  2.29GB / 1.04GB Quality… WEB-DL 1080p  / 720p Format…mp4 Duration….1h 38m Genre ….. Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Space Sharks (2024)

GG: Good Game (2024) 5.7
GG: Good Game (2024)  ဂိမ်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဖိလစ်ပိုင် ဂိမ်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆသ်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ အဘွားဖြစ်သူနဲ့ပဲ အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့ရသူလေးတစ်ယောက်ပါ။ စာဘက်မှာ မထူးချွန်ပေမယ့် ဂိမ်းဘက်မှာ ပိုအားသာပြီး ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ ဆသ် တက္ကသိုလ်တက်နေတဲ့အရွယ်မှာပဲ အဘွားဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆသ်ဟာ ဂိမ်းဘက်ကိုပဲအားသာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ချင်နေသူဖြစ်တဲ့အလျောက် Requiem National ဖိုင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရယူချင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ Tokwa't Bad Boisဆိုတဲ့ အဖွဲ့ကို ဝင်ရောက်ပြီးတော့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရမလဲ ...... အခက်အခဲတွေကို ဖြတ်ကျော်ပြီး အောင်မြင်မှုတွေကို ဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဂိမ်းဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.9 GB)/(1 ...
movie

GG: Good Game (2024)

Superman: Brainiac Attacks (2006)
Superman: Brainiac Attacks (2006) Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animationဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size…    1.2 GB /  544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff
movie

Superman: Brainiac Attacks (2006)

Space Command Redemption (2024) 5
Space Command Redemption (2024)  အာကာသ သိပ္ပံ sci-fi ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် 2024 ခုနှစ်အသစ်စက်စက်ထွက်ထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းမကောင်းသူပယ် ကောင်းသူကယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အာကာသယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ ဂျက်ခမ်မာဟာ နယ်မြေစူးစမ်းလေ့လာရေး ထွက်ရင်း စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျတော့မယ် ယာဉ်ငယ်တစ်စင်းကို သူလက်ထောက်ယာဉ်မှူးဘဝမှာ ယာဉ်မှူးအမိန့်ကို ဖီဆန်ပြီး ကယ်ဆယ်ရင်း ပိုင်းလော့ ယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ဂြိုဟ်ပေါ်မှာ စက်ရုပ်လူသားတွေဟာ တဟုန်ထိုး နာမည်တွင်လာပြီး နေရာအသီးသီးမှာ နေရာယူနေတာဖြစ်ပါတယ်။လူတွေကို လုံးဝအာဏာဖီဆန် ဆန့်ကျင်တာမျိုးမလုပ်ဘူးလို့ အာမခံပြီးတော့ပေါ့။ ဒါပေမဲ့ မိုင်းတွင်းလုပ်သားအနေနဲ့ အလုပ်လုပ်နေတဲ့ စက်ရုပ်လူသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုထဲမှာပါသွားပြီး သူ့ကိုထိန်းချုပ်ထားတဲ့ ချစ်ပ် ဆားကစ်လေး ပျက်သွားပြီး မူမမှန်တဲ့အပြူအမူတွေ လုပ်လာပါတော့တယ်။ ယာဉ်မှူးဖြစ်လာတဲ့အချိန်မှာ ဂျက်ခမ်မာဟာ သူကယ်ခဲ့တဲ့ အမျိုးသမီးက သူ့ကို သူတို့လုပ်နေတဲ့ မိုင်းတွင်းအောက်က တူးဖော်လေ့လာရေးအကြောင်းတွေကို ပြောပြပြီး ဂြိုဟ်သားတွေနဲ့ပတ်သက်တာ တစ်ခုခုတွေ့နိုင်တယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။ဆိုတော့ တကယ်ပဲဂြိုဟ်သားတွေနဲ့ ပတ်သက်တာလား ...
movie

Space Command Redemption (2024)

JLA Adventures: Trapped in Time (2014) 5.7
JLA Adventures: Trapped in Time (2014) JLA Adventures: Trapped in Time(2014) IMDb: 5.7/10 Rotten Tomatoes: 74% Genre: Animation/Action/Sci-FiJLA Adventures: Trapped in Time ဟာ DC Animation မှဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်း လက်ရှိ ၂၁ ရာစုမှာ လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီး "Legion of Doom" ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ကမ္ဘာကြီးကိုအုပ်စိုးဖို့အကြံနဲ့ လုပ်ကိုင်နေတုန်းမှာ"Justice League" ရဲ့တားဆီးခြင်းကိုခံလိုက်ရပါတယ်။ ပိုပြီးဆိုးတာက လက်စ်လူသာ ဟာရေခဲထဲမှာပိတ်မိသွားပါတယ်။ ဘယ်လောက်ထိပိတ်မိသွားလဲဆိုရင် ၃၁ ရာစုမှာမှပြန်လည်တူးဖော်တွေ့ရှိခဲ့ပါတယ်။ဒါတောင်မှ ရှာလို့တွေ့တာမဟုတ်ပဲ ကမ္ဘာကြီး ဒုတိယအကြိမ်ပူနွေးလာပြီး ရေခဲတွေအရည်ပျော်ကျလာလို့ဖြစ်ပါတယ်။ ၃၁ ရာစုရောက်တဲ့အချိန်မှာတော့ စူပါမန်းနဲ့ "Justice League" တို့ဟာ ပြတိုက်ထဲမှာဂုဏ်ပြုတဲ့အနေနဲ့ပြသထားပြီး "Legion of Doom" အဖွဲ့ကိုလည်းပြသထားပါတယ်။အဲထဲမှာ ရေခဲထဲပိတ်မိနေတဲ့ လက်စ်လူသာလည်းပါပါတယ်။"Dawnstar" နဲ့ "Karate Kid" တို့နှစ်ယောက်ဟာ ၃၁ ရာစု မှ ...
movie

JLA Adventures: Trapped in Time (2014)

Agent Recon (2024)
Agent Recon (2024)  2024 ခုနှစ်အတွင်းထွက်ရှိခဲ့ာတဲ့ "Agent Recon"ရုပ်ရှင်ကတော့ အက်ရှင်သိပ္ပံဇာတ်ကား‌ကောင်းတခုဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကမ္ဘာမြေလုံခြုံရေးတာဝန်တပ်ဖွဲ့ရဲ့ လျှို့ဝှက်တပ်မှူးကြီး Alastair ဟာ စူပါပါဝါရှိတဲ့လူသစ် Jim ကို သူ့တပ်ဖွဲ့ထဲဝင်ရောက်စေခဲ့ပြီး တိုက်ပွဲအတွေ့အကြုံရင့် ဗိုလ်ချုပ် Green နဲ့ကျွမ်းကျင်မရိန်းတပ်သားတွေ ဦးဆောင်တဲ့ မစ်ရှင်တခုမှာ ပါဝင်ဆောင်ရွက်ဖို့တာဝန်ပေးခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ နယူးမက္ကဆီကိုကဂြိုလ်သားနည်းပညာကို စမ်းသပ်နေတဲ့ လျှို့ဝှက်အခြေစိုက်စခန်းတခုမှာ ထူးခြားလျှို့ဝှက်ဆန်းကြယ်တဲ့စွမ်းအင်နှောင့်ယှက်မှုကို ခြေရာခံဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ဒီမစ်ရှင်အတွင်းမှာ သာမန်ထက်သာလွန်တဲ့ ခွန်အား၊အမြန်နှုန်းနဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားပြီး အသိဉာဏ်ကင်းမဲ့တဲ့စစ်သားတွေကိုထိန်းချုပ်နေတဲ့ အမည်မသိသတ္တဝါကြီးကိုရင်ဆိုင်ရပါတော့တယ်။ဒီဂြိုဟ်သားခံတပ်နောက်ကွယ်က အမှန်တရားကို Jimတယောက်ရှာဖွေတဲ့အခါ ဘယ်လိုအရာတွေကို တွေ့ရှိလာမှာလဲ၊လူသားမျိုးနွယ်ပျက်သုဉ်းမှုကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကိုသဲထိတ်ရင်ဖိုစောင်ကြည့်ခံစားရမှာဖြစ်ပါတယ်။ File size…1.78GB / 752MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Agent Recon (2024)

Wonderland(2024) 7.4
Wonderland(2024) Wonderland(2024)******************Tae Wei, Bae Suzy, Park Bo Gum, Jung Yu-Miနဲ့ Choi Woo-sik စတဲ့ဒိတ်ဒိတ်ကြဲတွေ ပါဝင်ပါတယ်... တကယ်လို့များ နှုတ်မဆက်လိုက်ရဘဲနဲ့ ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့ ကိုယ့်ရဲ့ ချစ်ရသူတွေကိုvideo call ကနေ တစ်ဆင့် ဆက်သွယ်နိုင်မယ်ဆိုရင် ဘယ်လိုခံစားရမလဲ...ဒီဇာတ်ကားထဲမှာ Wonderland ကုမ္ပဏီက မိမိချစ်ရတဲ့ ဆုံးပါးသွားပြီးသားသူတွေကိုAI နဲ့ ပုံစံတူပွား video call နဲ့ ဆက်သွယ်နိုင်အောင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ် ...ဘာအီရီဆိုသူကလည်း Wonderland ရဲ့ ဝန်ဆောင်မှုကြောင့်ပဲ သမီးဖြစ်သူနဲ့ အမြဲအတူရှိနေသလိုဆက်သွယ်စကားပြောနိုင်နေတာ ဖြစ်ပါတယ်... လေယာဉ်မယ်လေး ဂျောင်အင်ကလည်း ကိုမာဖြစ်နေတဲ့ သူ့ကောင်လေးကို လွမ်းလွန်းတဲ့အတွက် Wonderland service ကို ယူပြီးတော့ သူ့ကောင်လေး ပုံတူပွားပြီး နေ့စဉ်နေ့တိုင်း ပုံမှန် video call ပြောနေခဲ့ပါတယ်.... နည်းပညာက အရမ်းကို တိုးတက်တဲ့အတွက် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာသွားပေမဲ့လည်းvideo call ...
movie

Wonderland(2024)

UFO (2018) 6.2
UFO (2018)  ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်ကဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီးယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီးကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာအစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိတတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာUFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက်အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDbRating 6.2 ‌အထိရရှိထားပါတယ်။ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသားတစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFOတွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကိုပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံတို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကိုပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေကသူလိုချင်တဲ့အတိုင်း ...
movie

UFO (2018)

Batman Unlimited: Mechs vs. Mutants (2016) 5.8
Batman Unlimited: Mechs vs. Mutants (2016) Batman Unlimited Mechs vs. Mutants(2016) IMDB: 5.8 Rotten Tomatoes: 90% Genre: Animation/Action/Sci-fiBatman Unlimited Mechs vs. Mutants ဟာ DC Animation ဇာတ်လမ်းတစ်ခုဖြစ်ပြီးBatman Unlimited ရဲ့သုံးကားမြောက် (သို့) နောက်ဆုံးကားဖြစ်ပါတယ်။အတော်လေးလည်းကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ညွှန်း ပင်ဂွင်းတစ်ယောက် ဘတ်မန်းရဲ့နယ်နှင်ခြင်းကိုခံလိုက်ရပြီး မစ္စတာဖရိဇ်ရဲ့ နယ်မြေကိုရောက်နေပါတယ်။သိတဲ့ အတိုင်း မစ္စတာ ဖရိဇ်ဆိုတာကလည်း အတိတ်မှာသနားစရာဇာတ်လမ်းတွေရှိခဲ့ပြီးဗီလိန်ဆိုတာထက် တစ်ယောက်တည်းနေချင်နေတဲ့ ကြေကွဲလူကြီးဖြစ်ပါတယ်။ခက်တာက ပင်ဂွင်းဆိုတာက လည်း အကျော်အခွလေးတွေနဲ့ ကုတုံးပေါ်ထိပ်ကွက်တဲ့ကောင်ခေါင်းကိုမှခေါက်တတ်တဲ့အကျင့်လေးကရှိတော့ နှစ်ယောက်သားဘုဘောက်ဖြစ်နေပါတယ်။ မစ္စတာဖရိဇ်ဟာတကယ်တမ်းပြောရရင် တစ်ယောက်တည်းပဲနေချင်ခဲ့တာဖြစ်ပါတယ်။သူ့ဆီမှာအကောင်သေးသေးလေးတွေကိုတောင်အကြီးကြီးအဖြစ်ပြောင်းလို့ရတဲ့စက်ကရှိနေပြန်ပါတယ်။ သိတဲ့အတိုင်းပင်ဂွင်းဆိုတဲ့ကောင်ကလည်း အမြဲကွက်ကျော်ရိုက်ဖို့ချောင်းနေတာဆိုတော့ ဘာများဆက်ဖြစ်မှာလဲ။ File size…    1.2 GB /  628 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 12m Genre ..... Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Batman Unlimited: Mechs vs. Mutants (2016)

Kill Command (2016) 5.8
Kill Command (2016)  ၂၀၁၆ ကထွက်ရှိထားတဲ့ဗြိတိန်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်Kill Command ကတော့ မရိန်းစစ်သားတွေနဲ့ AIစက်ရုပ်တွေကြမ်းကြမ်းတမ်းတမ်းချကြမယ့် အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ Mission: Impossible ရုပ်ရှင်တွေထဲကမင်းသမီးချော Vanessa Kirby က အဓိကဇာတ်ကောင်တစ်ခုဖြစ်တဲ့ Cyborg မလေး Mills အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။နည်းပညာအရမ်းတိုးတက်နေတဲ့ခေတ်ကာလ တစ်ခုကိုအခြေခံထားပြီး Harbinger Corporation အတွက်အလုပ်လုပ်တဲ့ Cyborg မလေး Millsဟာ လူသူကင်းမဲ့တဲ့ကျွန်းတစ်ခုမှာတည်ရှိတဲ့ Harbinger I လေ့ကျင့်ရေးကွင်းမှာတိုက်ခိုက်ရေး AI စနစ်တစ်ခုက တစ်စုံတစ်ခုလွှဲမှားနေမှန်းရိပ်စားမိနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Mills ဟာ ကပ္ပတိန် Bukes ခေါင်းဆောင်တဲ့Reaper I မရိန်းအဖွဲ့အတူ Harbinger I ကို သွားရောက်ရဖို့ဖြစ်လာခဲ့ပါတယ်။ ကပ္ပတိန် Bukes နဲ့အဖွဲ့က သာမန်စစ်ရေးလေ့ကျင့်မှုတစ်ခုလို့ပဲထင်ပြီး ခပ်ပေါ့ပေါ့ပဲလာခဲ့ကြပေမယ့်တပ်ဖွဲ့ဝင်တချို့သေဆုံးသွားပြီးတဲ့နောက်မှာမှ ကျွန်းပေါ်ကစနစ်ချွတ်ယွင်းနေတဲ့ AI တိုက်ခိုက်ရေးစနစ်နဲ့ အသေအကြေရင်ဆိုင်တိုက်ခိုက်ရမှာကိုသိရှိလာခဲ့ရပါတယ်။Mills နဲ့ကပ္ပတိန်  Bukes တို့အဖွဲ့ဟာ နည်းပညာအဆင့်မြင့်ပြီးသူတို့ကိုသားကောင်တွေလိုသဘောထားအမဲလိုက်မယ့်ခေတ်လွန်စက်ရုပ်ကြီးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…1.48GB ...
movie

Kill Command (2016)

Infini (2015) 5.5

Infini (2015)

Morgan (2016) 5.8
Morgan (2016)  မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများကမွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်..သူဟာသိပ္ပံပညာ​ရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီးရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီးထားတာဖြစ်တဲ့အတွက် ဉာဏ်​ရည်ဉာဏ်သွေးကောကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာကောင်းမွန်တဲ့သူတစ်ယောက်ပေါ့..တစ်နေ့မှာ​တော့​မော်ဂန်လေးဟာစိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ်ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကိုလွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလားအဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့​ အသက်5နှစ်အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲအဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ....အသက်ရှင်ခွင့်ရမလား​ အဆုံးသတ်ခံရမလားဆိုတာကိုတော့ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ......... File size…1.30GB / 611MB Quality…Blu-Ray 1080p   / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Morgan (2016)

Furiosa: A Mad Max Saga (2024) 7.8
Furiosa: A Mad Max Saga (2024) ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် ...
movie

Furiosa: A Mad Max Saga (2024)

4K HEVC
War of the Worlds (2005) 6.5
War of the Worlds (2005) War of the Worlds (2005)IMDb Rating  (6.5) / Rotten Tomatoes (76%)ဒီဇာတ်ကားက ဒါရိုက်တာကြီး Steven Spielberg ရဲ့လက်ရာဖြစ်ပြီး မင်းသား Tom Cruise , မင်းသမီး Dakota Fanning က ကလေးသရုပ်ဆောင်တို့အဖြစ် အဓိကပါဝင်ထားပါတယ်။ နာမည်ကြီး ဂန္တဝင်စာရေးဆရာ H.G Wells ရဲ့  Science fiction ဝတ္ထုဖြစ်တဲ့ " War of the Worlds ” ကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ရေးဖာရာက သင်္ဘောကျင်းမှာ ကုန်တင်ကုန်ချလုပ်တဲ့ ကရိန်းအော်ပရေတာတစ်ယောက်။ သမီးတစ်ယောက် သားတစ်ယောက်ရှိပေမဲ့ ဇနီးဖြစ်သူနဲ့အိမ်ထောင်ကွဲနေတာကြောင့် သူနဲ့အတူမနေကြပါဘူး။ တစ်ရက် ဇနီးဖြစ်သူက သူ့ရဲ့နောက်ယောကျ်ားနဲ့အတူ ဘော်စတွန်မှာရှိတဲ့မိခင်ဖြစ်သူဆီသွားမှာမို့ ရေးဆီကို ရက်ပိုင်းလောက်နေဖို့ သားနဲ့သမီးကို လာပို့သွားပါတယ်။ သားဖြစ်သူက ဆယ်ကျော်သက်ဆိုတော့ ရေးနဲ့မတည့်ပေမဲ့ ဉာဏ်ကောင်းတဲ့သမီးငယ်လေးကတော့ အဖေကိုချစ်ရှာပါတယ်။အဲ့လိုနေနေကြတုန်းမှာပဲ ရေးတို့သားအဖတွေနေတဲ့နေရာမှာ လျှပ်စီးမုန်တိုင်းတွေတိုက် မိုးကြိုးတွေတရပ်စပ်ပစ်ပါတော့တယ်။ အကုန်ငြိမ်သွားတဲ့အချိန် မြေကြီးမှာ အက်ကြောင်းရာကြီးဖြစ်ပြီး ဘာမှန်းမသိတဲ့အရာကြီးတွေပေါ်လာပါတယ်.... ကမ္ဘာကြီးက ...
movie

War of the Worlds (2005)

4K HEVC
Doomsday Meteor (2023) 5.0
Doomsday Meteor (2023)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်ကထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်.အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူးတင်ဆက်ထားတာပါ..ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီးမင်းသားPatrick Labyorteaux ,Joseph Michael Harris ,Anthony Jensen , Karan Sagoo နဲ့ မင်းသမီး CarolineWilliams ,Kennedy Porter , Eva Ceja စတဲ့ မင်းသားမင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်းနှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီးအိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကိုတွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာသူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ်အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးကအဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့ပြင်ဆင်ကြပါတော့တယ် ...
movie

Doomsday Meteor (2023)