Channel Myanmar

Sci-Fi

Monsters of Man (2020) 5.2
Monsters of Man (2020) Monsters of Man (2020)===================IMDb Rating - 5.2/10 ဇာတ်လမ်းကိုတော့ ရွှေတြိဂံလို့ လူသိများကြတဲ့ ဘိန်းနဲ့ မူးယစ်ဆေးတို့ ကြီးစိုးရာနယ်မြေထဲ နှိမ်နင်းရေးမှာအသုံးချဖို့ စီအိုင်အေက နည်းပညာမြင့် စက်ရုပ်တွေကို စမ်းသပ်ဖို့ရာ အတော်ဆုံးနည်းပညာရှင်တစ်ဖွဲ့ကိုအဲ့ဒီဒေသနားမှာ ငှားရမ်းခေါ်ယူထားပါတယ်။ ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ် ပရိုဂရမ်က ဘယ်လောက်တောင်အသုံး၀င်ကြောင်းပြသဖို့ပါ။ ထင်မှတ်မထားတာက အဲ့ဒီနယ်မြေထဲက ရွာလေးတစ်ရွာမှာ မရိန်းတပ်သားဟောင်းမေဆန်တစ်ယောက် တိတ်တဆိတ်အခြေချနေထိုင်နေတာရယ် လုပ်အားပေးဆေးကျောင်းသားတစ်ဖွဲ့ လမ်းပျောက်လို့ရောက်လာတာရယ်ပါ။ ဒီပရိုဂရမ်ကို လူသိခံလို့မဖြစ်တဲ့ စီအိုင်အေအနေနဲ့ နည်းပညာအဖွဲ့နဲ့ပူးပေါင်းပြီး မျက်မြင်သက်သေမကျန်အောင် လက်စဖျောက်ဖို့ကြိုးစားမယ့်ကြားက မေဆန်တို့အဖွဲ့လွတ်မြောက်မလား အဲ့ဒီစက်ရုပ်ပရိုဂရမ်ကရောဘယ်လိုတွေဖြစ်လာမလဲဆို‌တာ ကြည့်ရှုရမဲ့ Sci-fi Action ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chuck Chuck ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CHDuration - 2h 11minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie

Monsters of Man (2020)

2020
The Midnight Sky (2020) 5.6
The Midnight Sky (2020) The Midnight Sky (2020)===================IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင်အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင်တဲ့သူတစ်ယောက်ပါ။ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ်ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်းကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့်အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ်တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်ကအခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် ...
movie

The Midnight Sky (2020)

2020
Max Cloud(2020) 6.0
Max Cloud(2020) Max Cloud(2020)အက်ရှင်မင်းသားကြီး Scott Adkins ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ...၁၉၉၀ခုနှစ်က ဗီဒီယိုဂိမ်းတွေခေတ်စားတဲ့အချိန်ပေါ့...Brooklynမြို့က ဆယ်ရာဆိုတဲ့ကောင်မလေးကလည်း လူငယ်ပီပီ ဂိမ်းစွဲတဲ့သူပါ....တစ်နေ့တော့ သူနှိပ်နေကျဂိမ်းထဲက “အာကာသစုန်းမ”ရဲ့လက်ချက်ကြောင့် ဆယ်ရာတစ်ယောက် ဂိမ်းထဲကိုဝင်သွားပါတယ်....အပြင်လည်းထွက်လို့မရ၊ သူဝင်သွားတဲ့ဇာတ်ကောင်နေရာကအသက်တစ်ချောင်းပဲကျန်တော့တဲ့အတွက် ဆယ်ရာဒုက္ခအကြီးအကျယ်ရောက်ပါတယ်...ဆယ်ရာရဲ့သူငယ်ချင်းကောင်းဘွိုင်က ဆယ်ရာ့ရဲ့ဂိမ်းဇာတ်ကောင်ကို ဆော့ပေးပြီးဆယ်ရာအပြင်ပြန်ထွက်ဖို့ “အာကာသစုန်းမ”ကိုရှာဖို့ ကြိုးစားကြပါတယ်....ဒီလိုကြိုးစားတဲ့အချိန်လူစွမ်းကောင်း ကပ္ပတိန် မက်စ်ကလောက်နဲ့တွေတဲ့အခါမှာတော့....ဘယ်လိုအန္တရယ်တွေက ကြိုဆိုနေမလဲ...တော်လှပါတယ်ဆိုတဲ့ ကပ္ပတိန်ကြီးကရောက်အကြမ်းစား ရန်သူတွေကိုနှိမ်နှင်းနိုင်ပါ့မလားဆိုတာကိုတော့....File Size :(1.55GB) and (830MB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:28:00 Genre :  Action, Comedy, Sci-F Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie

Max Cloud(2020)

What Lies Below (2020) 5.0
What Lies Below (2020) [Unicode]အိမ်ကအရှုပ်ထုပ်ပေါင်းများစွာကြောင့် ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်နေတဲ့ လစ်...အမေဖြစ်သူက အိမ်မှာနေပြန်နေဖို့ လာခေါ်ပြီးနောက် သူ့ရဲ့ ပထွေးဖြစ်သူနဲ့ တွေ့ရပါတော့တယ်သူ့အမေက ၄၂နှစ်ပေမယ့် သူ့ပထွေးကတော့ ၃၀၀န်းကျင် ဗလခပ်တောင့်တောင့် ဆွဲဆောင်မှု့အပြည့်နဲ့ပါပထွေးဖြစ်သူက သဘာဝဖြစ်စဉ်တွေကို သဘောကျတဲ့သူဖြစ်ပြီး အရမ်းဂရုစိုက်တတ်တာကြောင့်ကိုယ်တိုင်တောင်စိတ်ယိုင်ချင်သလိုဖြစ်ပေမယ့် မထင်မှတ်ဘဲ လုံးဝမဖြစ်နိုင်စရာ မယုံနိုင်စရာတွေကို ခဏ ခဏတွေ့လာရလေတော့...သူ့ပထွေးက ဘာလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ပါ။ [Zawgyi]အိမ်ကအရှုပ်ထုပ်ပေါင်းများစွာကြောင့် ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်နေတဲ့ လစ်...အမေဖြစ်သူက အိမ်မှာနေပြန်နေဖို့ လာခေါ်ပြီးနောက် သူ့ရဲ့ ပထွေးဖြစ်သူနဲ့ တွေ့ရပါတော့တယ်သူ့အမေက ၄၂နှစ်ပေမယ့် သူ့ပထွေးကတော့ ၃၀၀န်းကျင် ဗလခပ်တောင့်တောင့် ဆွဲဆောင်မှု့အပြည့်နဲ့ပါပထွေးဖြစ်သူက သဘာဝဖြစ်စဉ်တွေကို သဘောကျတဲ့သူဖြစ်ပြီး အရမ်းဂရုစိုက်တတ်တာကြောင့်ကိုယ်တိုင်တောင်စိတ်ယိုင်ချင်သလိုဖြစ်ပေမယ့် မထင်မှတ်ဘဲ လုံးဝမဖြစ်နိုင်စရာ မယုံနိုင်စရာတွေကို ခဏ ခဏတွေ့လာရလေတော့...သူ့ပထွေးက ဘာလဲဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ပါ။ Quality__1080p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Horror , Mystery , Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Zin Min Lwin Encoded by Naing ...
movie

What Lies Below (2020)

Face/Off ( 1997 ) 7.3
Face/Off ( 1997 ) အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie

Face/Off ( 1997 )

1997
Skylines (2020) 5.5
Skylines (2020) Skylines (2020)=============IMDb Rating - 5.5/10#UnicodeSci-fi , Adventure ကား ကြိုက်သူတွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းတစ်ခုပါပဲ။Skylines မူဗီဟာ 2010, 2017 တို့မှာ နှစ်ကားထွက်ရှိထားခဲ့ပြီး . အခု 2020 မှာတော့နောက်ထပ်ထွက်ရှိလာပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ရို့စ် ကောလီ ဟာ ဂြိုလ်သားနဲ့မျိုးစပ်ဖြစ်ပြီး အရွယ်ရောက်တာမြန်လွန်းလို့ အရွယ်ရောက်တာ နှေးအောင် သွေးသွင်းနေရတဲ့သူ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ ၅ နှစ်က ရို့စ်ဟာ သူရဲ့အမျိုးအနွယ် ဂြိုလ်သားတွေ ထောင်ပေါင်းများစွာကို သူ့လက်နဲ့စီရင်ခဲ့ရပါတယ်။ အခု ၅ နှစ်အကြာမှာ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဂြိုလ်သားတွေ နဲ့ ကမ္ဘာမြေအကြား ပြဿနာတွေပေါ်ပေါက်လာတဲ့အခါမှာတော့ ရို့စ်တစ်ယောက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကိုတွေ့မြင်ရမှာပါ . . .ဒီဇာတ်လမ်းထဲမှာ သဘောကျတဲ့စကားတစ်ခွန်း ရှိပါတယ်။"စစ်တိုက်ရတာ လွယ်တယ် ငြိမ်းချမ်းရေး ယူရတာ ခက်တယ်" ဆိုတဲ့ စကားပါပဲ။ ရို့စ်နဲ့ အဖွဲ့ကရောဒီပြဿနာကို ဘယ်လိုရှင်းနိုင်ကြမှာလဲဆိုတာကိုတော့ ...
movie

Skylines (2020)

2020
Lapse (2020)
Lapse (2020) တကယ်မိုက်တဲ့ကားလေး ကြည့်ကြမလား? ပျင်းလည်းမပျင်းရဘူး ဆန်းလည်းဆန်းမယ်၊ မိသားစုနဲ့လည်း ကြည့်လိုအဆင်ပြေမယ့်ကားမျိုး ရှာနေရင်တော့ ဒီကားကသင့်အတွက်ပါပဲ . . . ဇာတ်လမ်းကတော့ သဘာဝလွန်စွမ်းအားကားလေးပါ ။ ဒါပေမဲ့လည်း တခြားကားနဲ့မတူတာက အစွမ်းကို ဉီးစားပေးမပြဘဲ ချစ်ခြင်းမေတ္တာ ညီအကိုသံယောဇဉ် စသည့်ခံစားချက်တွေအစုံကို ရိုက်ပြထားတာမို့ အရမ်းမိုက်ပါတယ်။ ကျုံးချန်းမင် ဆိုတာက ဖုန်းနဲ့ ဗွီဒီယို ရိုက်တတ်တဲ့ကျောင်းသားလေးတစ်ယောက်ပေါ့ ။ သူအမြဲတမ်းခိုးခိုးပြီး ဗွီဒီယို ရိုက်တတ်တဲ့ ကျီလင် ဆိုတဲ့ ကောင်မလေးရှိတယ်... ပြီးတော့ သူအရမ်းအားကိုးရတဲ့ အကိုဟွေး ဆိုတဲ့ သူငယ်ချင်းအကိုတစ်ယောက်ရှိတယ်။ သူတို့ သုံးယောက်ရင်းနှီးသွားပြီးနောက် ကြယ်ကြွေတာကို လိုက်ကြည့်ကြရင်း မတော်တဆမှုဖြစ်ပါတယ် ။ အဲ့အဖြစ်အပျက်ပြီးနောက် ချန်းမင် မှာ အရာဝတ္ထုတွေကို ရွေ့နိုင်တဲ့ စွမ်းအားရှိလာပါတော့တယ်. . .တစ်ခုပဲ သူက စွမ်းအားကိုအရမ်းသုံးရင် မှတ်ဉာဏ်တွေက တဖြေးဖြေးတွေ ပျောက်လာတတ်ပါတယ် ချန်းမင်က အရမ်းစိတ်ထားကောင်းတဲ့ ကျောင်းသားလေးတစ်ယောက်ပါ၊ ဒါပေမဲ့လည်း ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံ က သူ့ကိုဘယ်လိုတောင် အမှောင်ဖုံးသွားလဲ ပြီးတော့ ...
movie

Lapse (2020)

2020
Boss Level 2020
Boss Level 2020 Time Loop ကားကောင်းကောင်းလေးတွေ ကြည့်ချင်လို့စောင့်မျှော်နေတဲ့ CM ပရိတ်သတ်ကြီးအတွက် ကားကောင်းကောင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။ Boss Level(2020)ပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရွိုင်ဆိုတာကတော့ တစ်နေ့တည်းကိုပဲထပ်ကာထပ်ကာနိုးထနေရတဲ့ စစ်သားတစ်ဦးပါ။ထူးဆန်းတာက သူနိုးလာတာနဲ့ သူ့ကိုအသေအကြေသတ်မယ့်လူတွေက ဆီးကြိုနေတာပါပဲ။တစ်ယောက်လက်ကလွတ်ရင် တစ်ယောက်က ထပ်ပြီးတော့ သတ်ဖို့ကြိုးစားနေတဲ့ ဒီဘ၀ကြီးမှာ သူကလည်း ကြိုးစားရှင်သန်နေထိုင်ပေမယ့် အချိန်တန်ရင် အသတ်ခံရတာပါပဲ။ဒီလိုနဲ့ရက်ပေါင်းများစွာ ကြာလာခဲ့ချိန်မှာတော့ သူချစ်ရတဲ့အမျိုးသမီးအသတ်ခံလိုက်ရကြောင်း သူသိလိုက်ရပါတော့တယ်။သူကိုယ်တိုင်ကလည်း ရန်သူတွေပတ်လည်၀ိုင်းနေချိန် ဇနီးသည်ချန်ထားခဲ့တဲ့ သဲလွန်စလေးတွေနောက်ကိုလိုက်ရင်း လက်စားချေဖို့ကြိုးစားပါတော့တယ်။ အထပ်ထပ်၀ိုင်းနေတဲ့ လုပ်ကြံသူတွေလက်ကဘယ်လိုပြေးပြီး ဒီပိတ်မိနေတဲ့အချိန်ထဲကနေ ဘယ်လိုလွတ်အောင်ကြိုးစားမလဲ? လွတ်မြောက်ဖို့ရောဖြစ်နိုင်မှာလား?ဆိုတာ အရမ်းကိုစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ။ ရိုးတာနေတဲ့ Time loop movie လမ်းကြောင်းကနေခွဲထွက်ခဲ့တဲ့ ဒီကားလေးနာမည်ကတော့ Boss Level(2020)ပါ။ Channel Myanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.4 Gb / 700 Mb Quality… webrip 1080p Format…mp4 Duration….01:41:00 Genre … Action, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw   
movie

Boss Level 2020

[18+] The 33D Invader (2011)
[18+] The 33D Invader (2011) [ Dark Side Production မှ တင်ဆက်သည်။]Science Fiction ,Sex Comedy အမျိုးအစား ဟောင်ကောင်ဇာတ်ကားပါ...ဇာတ်ကောင်မင်းသမီးများရဲ့ညှိုယူဖမ်းစားမှူတွေကြောင့် ရင်ခုန်လှိုက်ဖို အသည်းတယားယားခံစားရမှာပါ..အဖော်အချွတ်ခန်းတွေလဲ ဖောဖောသီသီပါတာကြောင့် အသက် ၁၈ နှစ်ပြည့်သူများသာ ကြည့်သင့်ပါတယ်...ဇာတ်လမ်းကတော့...သက္ကရာဇ် ၂၀၄၆ မှာ ယောကျာ်းတွေက ကျန်းမာတဲ့ သုတ်လွှတ်နိုင်စွမ်းနည်းပါးလွန်းတာကြောင့် ၂၀၁၁ ခုနှစ်ဆီကို future ဆိုတဲ့မိန်းမလှလေးတစ်ယောက်ကိုစေလွှတ်လိုက်ပါတယ်... သူမဟာ ကျန်းမာတဲ့ ယောကျာ်းလေးတစ်ယောက်ကိုရှာဖွေပြီး လိင်ဆက်ဆံဖို့တောင်းဆိုကာ ကိုယ်ဝန်ဆောင်ပြီး ၂၀၄၆ကိုပြန်ကာ မျိုးဆက်ပြန့်ပွားပေးနိုင်မှ မစ်ရှင်ကိုအောင်မြင်မှာပါ... ဒါကိုသိသွားတဲ့ Sucker Planet ဆိုတဲ့ဂြိုလ်ပေါ်က ဂြိုလ်သားတွေက Sucker-1နဲ့ Sucker-2ကိုစေလွှတ်ကာ futureဆိုတဲ့ကောင်မလေးကိုဖျက်ဆီးစေပြီး အစီအစဥ်ပျက်အောင်လုပ်တဲ့အခါ... Future က ကျန်းမာတဲ့ယောကျာ်းလေးကိုရှာတွေ့နိုင်ပါ့မလား... မစ်ရှင်ကိုအောင်မြင်နိုင်ပါ့မလား....။ File Size : (1.7 GB) and (880 MB) Quality : BluRay 1080p & 720p Running Time : 01:22:00 Format : mkv Subtitle : Myanmar Subtitle ...
movie

[18+] The 33D Invader (2011)

CJ 7 (2008) 6.5
CJ 7 (2008)  Cj7 (2008) 🤖 Imdb_6.5အထိရရှိထားပြီး ချောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ၊သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးကားတစ်ကားပဲဖြစ်ပါတယ်။ 2008 ခုနှစ် Janauary 31 ရက်နေ့ မှာ ဟောင်ကောင်၌ ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပညာပေး၊ရသပေး ဇာတ်ကားလေးပါ။ဇာတ်ညွှန်းရေးသူက ချောင် အပါအဝင် ၆ ယောက်နီးပါးရှိပါတယ်။ အမေရိကန် အခြေစိုက် Columbia Pictures မှ ထုတ်လုပ်ဖြန့်ဝေခဲ့ ပြီး ဇာတ်ကားဘက်ဂျက် USD $20 မီလံယံ ခန့် ကုန်ကျသော်လည်း Box Office မှာ USD $47 မီလံယံ (၂ဆကျော်) နီးပါး ပြန်ရခဲ့ပါတယ်။ ××××××××× Plot,, Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။ ချောင် ရဲ့ ...
movie

CJ 7 (2008)

2008
Waterworld (1995) 6.2
Waterworld (1995) Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung  Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie

Waterworld (1995)

1995
Cowboys & Aliens (2011) 6.1
Cowboys & Aliens (2011) Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie

Cowboys & Aliens (2011)

2011
The Night of the Undead 4.8
The Night of the Undead Night of the Undead (2019) ဒီကားကတော့ ၂၀၁၉ ကထွက်ထားတဲ့ Sci-fi Thriller အမျိုးအစားကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ ဆိုအီဆို တဲ့ မိန်းကလေးဟာ မန်းဂီးဆိုတဲ့ လက်ထပ်ပြီးအိမ်ထောင်သည်ဘဝကိုပျော်မွေ့နေသူတစ်ယောက်ပါ ဒါပေမယ့် သူမအမျိုးသားမှာ ထူးဆန်းတဲ့အကျင့်တစ်ခုရှိပါတယ် အမြဲအလုပ်များနေတတ်ပြီး ဘယ်လောက်အလုပ်များများ အနားမယူတတ်တာပါ တစ်ခါတစ်လေ ဒီ အပြုအမူတွေကြောင့်ဆိုအီကသူယောကျ်ားကို လူသားတစ်ယောက်လို့ မခံစားမိတော့အောင်ဖြစ်လာပါတယ် ဒါကြောင့်သူမအမျိုးသား ဘာတွေလုပ်နေတယ်ဆိုတာကို အလွတ်စုံထောက်တစ်ယောက်ကိုငှားပြီး နောက်ယောင်ခံစေခဲ့ပါတယ် အဲ့ဒီအခါမှာ သူမအမျိုးသားဟာ သူမအရင်ကလက်ထပ်ထားသူတွေ ရှိနေခဲ့ပြီး အဲ့ဒီမိန်းမတွေကလည်း ပုံစံတူသေဆုံးခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ် သူမယောက်ျား က ဘယ်လိုလူမျိုးလဲ အစပိုင်းမှာတော့မိန်းမကိုအရမ်းချစ်တတ်ပြီး ကြင်နာတတ်တဲ့ယောက်ျားရဲ့နောက်ကွယ်ကအဖြစ်မှန်ကဘာလဲဆို တာကို စိတ်ဝင်စားဖွယ်တွေ့ရမှာပါ Sci fi ကားကြိုက်တတ်သူတွေအတွက် ပျင်းစရာ မကောင်းပဲ စိတ်ဝင်စားစရာကြည့်ရမယ့်ကားလေး ဆိုလည်းမမှားပါဘူး Translated by : Moe Pwint Encoded by : Thit San Khant
movie

The Night of the Undead

2019
The New Mutants 2020 5.5
The New Mutants 2020 X men ရုပ်ရှင်အသစ်ထွက်လာနြပ်ပါပြီ။ ဒါကတော့ စူပါဟီးရိုးကို ဟော်ရာနဲ့ ပေါင်းထားတာပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံး ရင်းနှီးထားတဲ့သူတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် သန္ဓေပြောင်းလူသားမှန်း ခုမှ စသိလာတဲ့ လူငယ်လေးတွေကို အိမ်ကြီးတစ်လုံးထားမှာ ပိတ်ထားပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အစွမ်းတွေက အန္တရာယ်များလွန်းပြီး မထိန်းချုပ်နိုင်သေးတဲ့အတွက် လူတွေ မတောတဆ သေတာတွေ ဖြစ်ခဲ့လို့ပါပဲ။ သူတို့ အဲဒီမှာ စိတ်ကုထုံးတွေခံယူပြီး၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီဆိုမှာ X-Men တွေရဲ့ ကျောင်းကို လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေချည်းပဲ စုနေတဲ့ အိမ်ထဲမှာမှ ပဟေဠိဆန်တဲ့ ကြောက်စရာတွေ ဖြစ်လာတဲ့အခါ File size… 1 Gb / 500 Mb Quality… Bluray 1080p / 720p Format…mp4 Duration….01:35:00 Genre … Horror, Sci-Fi, Action Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo
movie

The New Mutants 2020

Possessor Uncut 2020 18+ 6.5
Possessor Uncut 2020 18+ အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ.....   File size… 900 Mb ...
movie

Possessor Uncut 2020 18+

Yes ! I Do ( 2020 ) 6.1
Yes ! I Do ( 2020 ) စက်ရုပ်မလေးကို ချစ်မိသွားတဲ့ ကောင်လေးအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်လမ်းလေးကတော့ ဂျပန်ကားတစ်ကားရှိပြီးသားမို့ကြည့်ဖူးတဲ့လူတွေ သိမယ်ထင်ပါတယ်။version ပြောင်းသလို တချို့အခန်းလေးတွေပြောင်းကောင်းပြောင်းသွားနိုင်ပေမယ့်လူသားကောင်လေးတစ်ယောက်က ခံစားချက်မဲ့တဲ့ ကောင်မလေးကို ခံစားချက်တွေမွေးဖွားလာစေပြီး ချစ်တတ်လာအောင် သင်ပေးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့မပြောင်းလဲဘဲ တူနေဆဲမို့ ဇာတ်လမ်းလေးကြည့်ပြီး အားလုံးလည်း အချစ်တစ်ခု ခံစားမိမယ်မျှော်လင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ကောင်လေးဟာ မတော်တဆကြောင့်တစ်သက်လုံး မသေရုံတမယ် ဒုက္ခိတဘဝနဲ့ နေသွားရတဲ့အတွက် အနာဂတ်ကနေသူတီထွင်ထားတဲ့စက်ရုပ်ကောင်မလေးကို စေလွှတ်ပြီး အတိတ်က အက်စီးဒင့်ကို တားစေခဲ့ပါတယ်။ဒါပေမယ့် အတိတ်က ကောင်လေးက သူမနှစ်က မထင်မှတ်တဲ့ပုံစံနဲ့ မြင်ထားတဲ့ကောင်မလေးနဲ့တူနေတဲ့ စက်ရုပ်မလေးကို စက်ရုပ်ဆိုတာ ယုံကြည်ဖို့ခက်ခဲသလို ရင်မခုန်ဖို့လည်း မလွယ်ကူခဲ့ပါဘူး။စက်ရုပ်နဲ့လူကြားက အချစ်ဇာတ်လမ်းလေးရယ် အနာဂတ်က စက်ရုပ်မလေးကိုအတိတ်ကသူ ဘာလို့ကြိုမြင်ဖူးခဲ့တယ်ဆိုတာရယ်ကတော့ ဇာတ်လမ်းလေးကြည့်မှသိနိုင်ခံစားနိုင်မှာမို့ ဒေါင်းကြည့်လိုက်တော့နော်Translated & Review By Chu ChuEncoded By LK
movie

Yes ! I Do ( 2020 )

Surrogates (2009) 6.3
Surrogates (2009) Surrogates (2009)===============IMDb Rating - 6.3/10#Unicodeအနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါအစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်းချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလိုပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကိုလူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်းမလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ်သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို ...
movie

Surrogates (2009)

2009
Immortal Combat the Code 2019 5.1
Immortal Combat the Code 2019 Immortal combat the code ဆိုတဲ့ဇာတ်​ကား​လေးက​တော့ အက်​ရှင်​ခန်း​​တွေ ဖိုက်​တင်းခန်း​တွေကို ​ဝေ​ဝေဆာဆာ​တွေ့ရမယ့် science - fiction ကား​လေးပဲဖြစ်​ပါတယ်​။​လေထုညစ်​ညမ်းမှု​ကြောင့် ဖြစ်​​ပေါ်လာတဲ့ ကမ္ဘာကြီးပူ​နွေးမှု​တွေ​ကြောင့် လူသား​တွေ ​သေဆုံးပြီး အခက်​ကြုံ​နေရပါတယ်​။ ဒီအရာ​တွေကို ​ဖြေရှင်းဖို့အတွက်​ သိပ္ပံအဖွဲ့အစည်းတစ်​ခုက ​လေထုကိုသန့်စင်​​ပေးမယ့် သ​င်္ကေတစနစ်တစ်​ခုဖန်​တီးခဲ့ပါတယ်​။ ဒီသ​င်္ကေတစနစ်​​ကို Four's 11 ဆိုတဲ့အဖွဲ့အပါအဝင်​ ​ကြေးစားအဖွဲ့​တွေက လိုက်​လံရှာ​ဖွေ​နေကြတာပါ။ ဒီသ​င်္ကေတစနစ်​ဟာ ကံအား​လျော်​စွာပဲ ဓာတ်​ကြီး​လေးပါး အဖွဲ့ဝင်​ "တိမ်​တိုက်​"ဆီကို​ရောက်​လာပါတယ်​။ သဘာဝစွမ်းအင်​​တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်​ကြီး​လေးပါးအဖွဲ့ဝင်​ "​ရေ" ဟာ ညီမဖြစ်​သူ အယ်​မာကိုသတ်​သွားတဲ့ လူသတ်​သမားကို လိုက်​ရှာ​နေသူပါ။ ညီမဖြစ်​သူ သတ်​သွားတဲ့ Four's 11 အဖွဲ့ကို လိုက်​စုံစမ်းရင်း သူတို့ရဲ့အဖွဲ့ဝင်​ တိမ်​တိုက်​ ကိုယ်​တိုင်​က Four's 11 ရဲ့အဖွဲ့ဝင်​တစ်​ဦးဖြစ်​​နေခဲ့တဲ့အခါ..... အယ်​မာရဲ့​သေဆုံးမှု ဖြစ်​ရပ်​မှန်​​နောက်​ကွယ်​မှာ ဘာ​တွေရှိမလဲ......? သ​င်္ကေတစနစ်​ကို အပြိုင်​အဆိုင်​လုယက်​ဖို့ကြိုးစားရင်း အဖွဲ့ဝင်​အချင်းချင်း ဘယ်​လိုသစ္စာ​ဖောက်​မှု​တွေ ကြုံလာရမလဲ.....? တိမ်​တိုက်​ရဲ့ ​နောက်​​ကြောင်းမှန်​​ပေါ်သွားပြီး​နောက်​မှာ​ရော ဘာ​တွေဆက်​ဖြစ်​ကြမလဲ ...?ဆိုတာကို ဒီသိပ္ပံကား​လေးထဲမှာ စိတ်​ဝင်​စားဖွယ်​ ...
movie

Immortal Combat the Code 2019