Channel Myanmar

Sci-Fi

Seobok(2021) 8.3
Seobok(2021) Seobok(2021)အညွှန်း******************IMDb...8.3 ပထမဆုံး လူသားပုံတူဖြစ်တဲ့ "Seobok"သူ့ဘဝတစ်လျှောက်လုံး စမ်းသပ်ခန်းထဲမှာပဲ နေထိုင်ခဲ့ရပြီး အပြင်လောကကြီးအကြောင်း ဘာတစ်ခုမှမသိနားမလည်တဲ့ လူသားပုံတူကလုန်း Seobok အဖြစ် Park Bo Gum က ပါဝင်ပေးထားပါတယ်။ တရုတ်အင်ပါယာချင်လက်ထက်မှာ မသေဆေးရှာဖို့ စေလွှတ်ခံရတဲ့ Xu Fu ကို အစွဲပြုပြီး Seobok လို့ နာမည်ပေးထားတဲ့ လူသားပုံတူဟာ ထာဝရအသက်ရှင်ခြင်းကို ပိုင်ဆိုင်ထားတဲ့ immortal တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောရိုးမကြီးထဲက ပရိုတိန်းဓာတ်တွေက လူသားတွေရဲ့ ရောဂါမှန်သမျှကို ပျောက်ကင်းစေနိုင်တဲ့ အစွမ်းလည်း ရှိတယ်။ဒီလို အဖိုးတန်လူသားပုံတူတစ်ယောက်ကို သူ နေထိုင်လာတဲ့ စမ်းသပ်ခန်းထဲကနေ တခြားလုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့အခါ...စုံစမ်းထောက်လှမ်းရေးအေးဂျင့်ဟောင်း "Gi Heon"အတိတ်က မတော်တဆမှုတစ်ခုကြောင့် စိတ်ကျန်းမာရေးပြဿနာတစ်ချို့အပြင် ကုသဖို့မဖြစ်နိုင်တဲ့ ရောဂါတစ်ခုကိုပါ ခံစားနေရသူအေးဂျင့်ဟောင်း Gi Heon အဖြစ် Gong Yoo က ...
movie

Seobok(2021)

Chaos Walking(2021) 6.0
Chaos Walking(2021) Chaos Walking(2021)အညွှန်း**************************မင်းသားကတော့ တွမ်ဟော်လန်ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံစွန့်စားခန်း ရုပ်ရှင်ကားကြီးဖြစ်ပါတယ်....။ တော့ဒ် ဟီးဝစ်ဟာ ကမ္ဘာသစ်မှာ အခြေချနေတဲ့ လူသားတွေထဲက အငယ်ဆုံး ကောင်လေးတစ်ယောက်ပါ။အဲဒီ ကမ္ဘာသစ်ရဲ့ ထူးခြားချက်က လူတွေရဲ့ အတွေးတွေက အသံတွေပုံရိပ်တွေအဖြစ် ခေါင်းထဲက ထွက်ပေါ်နေတာပါပဲ။ဒီတော့ တစ်ယောက်ကို တစ်ယောက် လိမ်ဖို့ အတော်ခက်ပါတယ်။ပြီးတော့ နောက်ထပ်ထူးခြားတာက မိန်းမ တစ်ယောက်မှ မရှိတော့တာပါ။အဲဒီဂြိုလ်ရဲ့ စပက်ကယ်ဆိုတဲ့ ဂြိုလ်သားတွေက မိန်းမတွေအားလုံးကို သတ်ဖြတ်ခဲ့လို့ပါပဲ။တစ်နေ့မှာတော့ လူသားတွေပါတဲ့ ယာဉ်တစ်ခု အဲဒီဂြိုလ်ပေါ် ပျက်ကျလာပြီး မိန်းမတစ်ယောက် အသက်ရှင်ကျန်နေခဲ့တဲ့အခါ.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.1GB) and (936MB) Quality : HEVC5.1CH,WEB-DL720p Format…mp4 Duration…01:30:00 Genre :  Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie

Chaos Walking(2021)

HEVC 1080p 5.1
Doors (2021) 3.8
Doors (2021) Doors (2021)============IMDb Rating - 4.7/10 "တံခါးပေါက်တွေ ....."တစ်နေ့နေ့မှာ ခင်ဗျားရှေ့မှာ တံခါးတစ်ပေါက် ရောက်လာမယ် ဆိုပါစို့။ ဘယ်ဆီရောက်မယ်မှန်းမသိတဲ့ တံခါးပေါက်တစ်ချပ်ရဲ့ ဆွဲဆောင်မှုနောက်ကို ခင်ဗျား ကောက်ကောက်ပါအောင် လိုက်မလား? တံခါးတစ်ပေါက်ရဲ့ ဆွဲဆောင်မှုက ဘယ်လောက် အားကောင်းတယ်ဆိုတာ ခင်ဗျား စဉ်းစားဖူးရဲ့လား?ဇာတ်လမ်းအကျဉ်းကတော့ အပေါ်မှာ ညွှန်းထားသလိုမျိုးပါပဲ။သိပ္ပံ ဇာတ်လမ်းတို့ရဲ့ ထုံးစံအတိုင်း ထူးဆန်းမှုတွေနဲ့ပဲ စပါတယ်။ ကမ္ဘာမြေပေါ်မှာ ထူးဆန်းတဲ့ တံခါးပေါက်တွေ ပေါ်လာခဲ့ပါတယ်။ အဲဒီတံခါးပေါက်တွေရဲ့ ဆွဲဆောင်မှုကို နည်းအမျိုးမျိုးနဲ့ ခံရတဲ့လူတွေဟာလည်း တံခါးပေါက်ထဲကို ရောက်သွားကြပါတယ်။ ဒါပေမယ့် ဘယ်ကို ရောက်လို့ ရောက်သွားကြမှန်းလည်း မသိပါဘူး။ ဒီတံခါးပေါက်တွေအကြောင်း စုံစမ်းပေးမယ့် စေတနာ့ဝန်ထမ်းတွေကတော့ အသီးသီး အသသ ပေါ်ပေါက်လို့ လာခဲ့ပါတယ်။ သူတို့ကိုတော့ "တံခါးခေါက်သူများ" လို့ ခေါ်ကြပါတယ်။တံခါးခေါက်သူတွေကရော တံခါးပေါက်တွေရဲ့အကြောင်းကို အဖြေရှာနိုင်ကြပါ့မလား? တံခါးပေါက်ထဲ ရောက်သွားတဲ့သူတွေကရော ဘယ်ကို ရောက်သွားကြတာလဲ? တချို့ကတော့ ပြောတယ် ဂြိုလ်သားတွေ ဖန်တီးထားတဲ့ တံခါးပေါက်တဲ့။ ဒါဆို ဂြိုလ်ပေါ်ကို ရောက်သွားတာများလား?ဒါကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ပြီး ...
movie

Doors (2021)

2021
The Day the Earth Stood Still (2008) 5.5
The Day the Earth Stood Still (2008) Keanu Reeves ပါဝင်သရုပ်ဆောင်ထားတဲ့ သိပ္ပံအက်ရှင် ရုပ်ရှင်ဇတ်ကားကောင်း တစ်ကားဖြစ်ပါတယ်ဇတ်လမ်း ပုံစံကတော့ နောဧ ရဲ့ လှေကြီးနဲ့ ခပ်ဆင်ဆင်တူမလား ပဲ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဒါပေမယ့် တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီးကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်...ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး...ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ ...
movie

The Day the Earth Stood Still (2008)

2008
HEVC 1080p 5.1
Come True(2021) 6.5
Come True(2021) Come True(2021)အညွှန်း***********************IMDb...6.5Sarahဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးက အိမ်မက်ဆိုးတွေကို ထပ်တလဲလဲမက်တတ်တဲ့သူပါ....တနေ့တော့ Sarahတစ်ယောက် အိမ်မက်ဆိုးတွေကလွတ်မြောက်အောင်အိပ်စက်ခြင်းကိုလေ့လာတဲ့ သိပ္ပံပရောဂျက်တစ်ခုမှာ ပါဝင်ခဲ့ပါတယ်....ဒီပရောဂျက်ကို စပါဝင်တဲ့ညမှာတော့ ခါတိုင်းလိုအိမ်မက်ဆိုးမမက်တော့ဘဲSarahဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ ပျော်ရွှင်ခဲ့ရပါတယ်....ဒါပေမဲ့ နောက်ညတွေမှာ Sarahအတွက် အိမ်မက်ဆိုးတွေက ခါတိုင်းထက်ပိုပိုဆိုးရွားပြီး အရင်ကထက် စိတ်ခြောက်ခြားလာရပါတော့တယ်...သိပ္ပံပရောဂျက်မှာလည်း မသင်္ကာစရာတွေတွေ့လာတဲ့အခါထပ်တလဲလဲမက်နေတဲ့ အိမ်မက်ဆိုးကနေ Sarahတစ်ယောက်လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့  Horror, Sci-Fiကားမို့  ခံစားကြည့်ရှူကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Waiပဲဖြစ်ပါတယ်....File Size : (2GB) and (1GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…01:45:00 Genre :  Horror, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie

Come True(2021)

HEVC 1080p 5.1
Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021
R.I.A.(2021) / Override
R.I.A.(2021) / Override ရီယာဆိုတဲ့မိန်းမငယ်တစ်ယောက်ဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက် ဆင်ခြေဖုံးဒေသမှာ ခင်ပွန်းသည်နဲ့အတူနေထိုင်တယ်။ မနက်လင်းတဲ့အခါအိပ်ယာကထ မနက်စာပြင်မယ် ခင်ပွန်းကိုနှိုးမယ်၊ တစ်နေ့တာအစီအစဉ်တွေအကြောင်း ဖလှယ်ကြမယ်။ ခင်ပွန်းသည်က နှုးနှပ်ဖို့ကြိုးစားရင် ညအထိစောင့်ဖို့ပြောမယ်။ အိမ်အလုပ်တွေလုပ်၊ တစ်ခါတစ်လေလဲ ယောဂကျင့်၊ ညကျရင်အချိန်မှန်လာတတ်တဲ့ဇာတ်လမ်းတွဲကြည့် ပုံမှန်နေ့စဉ်ဘဝပေါ့။ သူ့ခင်ပွန်းသည်နာမည်က ဂျက်ခ်တဲ့။ ဒီအထိဘာမှမထူးဆန်းဘူး၊ နောက်တစ်နေ့မနက် သူပြန်နိုးလာတယ်။ သူ့ခင်ပွန်းကိုနှိုးမယ် မနက်စာပြင်မယ်။ ဒါပေမယ့် သူ့ခင်ပွန်းဆိုတဲ့သူက နောက်တစ်ယောက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် နာမည်ကတော့ ဂျက်ခ်ပဲ။ သူကတော့မသိဘူး ပုံမှန်စကားတွေပြောတယ်။ ပုံမှန်လည်ပတ်မှုအတိုင်း တစ်နေ့တာကို ဆက်သွားတယ်။ သူ့ဘဝဟာ ဒီလို Loop တစ်ခုထဲမှာ ထပ်တလဲလဲလည်ပတ်နေရတယ်ဆိုတာ ရီယာ ဘယ်တော့ရိပ်မိလာမလဲ? သူက ဘယ်သူလဲ? သူ့ခင်ပွန်းသည်ဆိုသူတွေကရော? အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်တွေအားလုံးကို ကြိုးကိုင်နေသူတွေက ဘယ်သူဖြစ်နေမလဲ? ဆက်လက်ရှုစားကြပါ။ Black Mirror ကိုရုပ်ရှင်တစ်ကားကြည့်ရသလိုမြင်ရမယ့် sci-fi, Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။  File size…(1.8 GB) and (1 GB) Quality…WEB-DL 1080p & 720p Format…mkv Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

R.I.A.(2021) / Override

V for Vendetta (2005) 8.2
V for Vendetta (2005) V For Vendetta (2005) IMDB - 8.2/10_____Rotten - 73%    နိုဝင်ဘာ၅ရက်နေ့ဟာဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကိုGuyFawkesနေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာGuyFawkesဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာသူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။    ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံပြန်ကြမလဲ။ နိုင်ငံတနိုင်ငံရဲ့အာဏာဟာဘယ်သူ့ဆီမှာရှိသင့်လဲ။ အဲဒါတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက်ကတော့ ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ၊ အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ်။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံပေးမယ့်ကားလေးလုံးဝမဟုတ်ရပါဘူး။ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီးတကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Ratingမြင့်ကားလေးတကားဖြစ်ပြီးimdb rating 8.2ထိရထားပါတယ်။    (မူရင်းဇာတ်ကားရဲ့အနှစ်သာရမပျက်အောင်အကောင်းဆုံးဘာသာပြန်ထားပါတယ်။ တခုခုမှားယွင်းသွားတာရှိရင်ဘာသာပြန်သူအနေနဲ့တောင်းပန်ပါတယ်ဗျာ။) (ဘာသာပြန်သူကတော့ The Fridays ပဲဖြစ်ပါတယ်)    File size…(900 MB) and 3GB Quality…Blu-Ray Rip 720p and HEVC 1080p 5.1 Format…mp4 Duration….02:12:00 Subtitle….Myanmar Subtitle (Hardsub) Translator…..The Fridays Encoder….CM
movie

V for Vendetta (2005)

2005
HEVC 1080p 5.1
Bliss (2021) 5.3
Bliss (2021) Bliss (2021) ******************(IMDb 5.3)ဇတ်လမ်းအညွှန်းBliss ဇာတ်ကားလေးက ၂၀၂၁ မှာထွက်ရှိထားတဲ့ ကားသစ်လေး ဖြစ်ပါတယ် IMDbမှာ rating 5.3 ရရှိထားပြီး နာမည်ကြီးမင်းသား Owen Wilson ပါဝင်ထားတဲ့ အချစ် Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်Bliss ဇာတ်လမ်း ကတော့ ကွာရှင်းထားခံရပြီး ဂရတ်ဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို အတွေးထဲမှာ အမြဲပေါ်နေတတ်ပြီး ရင်းနှီးနေသလို ခံစားနေရတယ်..လုပ်သမျှ အဆင်မပြေဖြစ်ကာ အလုပ်ကနေအထုပ်ခံလိုက်ရတဲ့အချိန်မှာ လမ်းပေါ်မှာနေပြီး ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံမိခဲ့တယ်... သူမ နာမည်က အစ်စဘဲလ် အစ်စဲဘဲလ်နဲ့ တွေ့ဆုံရပြီး သူမသိရသေးတဲ့ အကြောင်းအရာတွေ သူနေထိုင်ရာ ကမ္ဘာကြီးရဲ့ လှို့ဝှက်ဆန်းကျယ်မှုတွေကို သိလိုက်ရတယ်ဒါပေမဲ့ အစ်စဲဘဲလ် ပြောပြတာကကော တကယ်လား... လမ်းဘေးမှာနေတဲ့ အစ်စဲဘဲလ်ရဲ့ စကားတွေကြောင့် မရှိတာကို ရှိတယ်လို့ ထင်နေမိမလား... တကယ်သူတို့နေတဲ့ ကမ္ဘာကြီးကကော ဘယ်မှာရှိတာလဲ ... ဒီဇာတ်လမ်းထဲလေးက လောကကြီးမှာ တစ်ချိန်တည်းမှာ နောက်ကမ္ဘာကြီးကို ခံစားနိုင်တဲ့ ဖန်တီးသူ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံပြီး ...
movie

Bliss (2021)

2021
Space Sweepers(2021) 9.3
Space Sweepers(2021) Space Sweepers(2021)အညွှန်း**************************ကမ္ဘာကြီးဟာ အချိန်ကြာလာတာနဲ့အမျှ အမှိုက်သရိုက်တွေ နေထိုင်ဖို့မသင့်လောက်တဲ့အထိဆိုးရွားတဲ့အခြေအနေမျိုးဖြစ်လာတယ်....ဒီအခြေအနေကိုကျော်လွှားဖို့ သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလို့ခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်....အဲ့ဒီနေရာမှာ ထယ်ဟိုခေါင်းဆောင်တဲ့အဖွဲ့ငယ်လေးတစ်ဖွဲ့ရှိတယ်..သူတို့ကတော့ စွန့်ပစ်ပစ္စည်းတွေအာကာသထဲမှာလိုက်ကောက်ပြီး ဈေးကောင်းကောင်းနဲ့ပြန်ရောင်းလေ့ရှိတဲ့အဖွဲ့ပေါ့.....ဆန်တို့ သဘာဝအသီးအနှံတို့ဆိုတာ သိပ်ကိုဈေးကောင်းရတဲ့ပစ္စည်းတွေ...တစ်ရက်စွန့်ပစ္စည်းတွေလိုက်ရှာနေတုန်း မမျှော်လင့်ဘဲ ကလေးလေးတစ်ယောက်ကိုတွေ့တယ်...ပုံမှန်ဆို UTSက ရဲတွေကိုအပ်လိုက်သင့်ပေမဲ့ ထယ်ဟိုတို့အဖွဲ့ဟာ ဒီကလေးမလေးကိုသံယော်ဇဉ်တွယ်မိတာနဲ့တိတ်တဆိတ်ထိန်းသိမ်းထားမိတယ်...အဲ့ဒီလို သူတို့နဲ့အတူခေါ်ထားလိုက်ခြင်းကပဲ ပြဿနာမျိုးစုံကိုလက်ယတ်ခေါ်လိုက်သလိုဖြစ်သွားတော့တာပါပဲ....ဒီကလေးမလေးဟာ ဘယ်ကြောင့်အန္တရယ်များတာလဲ...သူ့ကို ဘယ်လိုရန်သူတွေကများလိုချင်နေတာလဲ...ထယ်ဟိုတို့အဖွဲ့ကရော ကလေးမလေးကိုကယ်နိုင်ပါ့မလား...သူတို့အသက်အန္တရယ်တွေကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဉီး....ဆောင်ဂျွန်ကီရဲ့ကားသစ်ဖြစ်ပြီး  သိပ္ပံအက်ရှင်ကားဖြစ်ပါတယ်...တော်တော်ကြီးကိုကြည့်လို့ကောင်းတာမို့ လက်မလွှတ်သင့်ပါကြောင်း... File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:16:00 Genre : Action, Adventure, Drama ,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung, Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie

Space Sweepers(2021)

HEVC 1080p 5.1
Superintelligence (2020) 5.3
Superintelligence (2020) Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊  ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016)  စတဲ့ Comedy,Action ...
movie

Superintelligence (2020)

2020
A.I. Artificial Intelligence(2001) 7.1
A.I. Artificial Intelligence(2001) A.I. Artificial Intelligence(2001)အညွှန်း ***********************************(နင်းကန်ကောင်းတဲ့ကားမို့ HEVC 1080p 5.1, 720pတို့ဖြင့်ပြန်လည်တင်ဆက်ပေးထားပါသည်...) IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင်  ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(2.9GB) and (1.4GB) Quality…HEVC 1080p 5.1, Blu-Ray 720p Format…mkv Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest ...
movie

A.I. Artificial Intelligence(2001)

2001
HEVC 1080p 5.1
Agent Revelation (2021) 5.6
Agent Revelation (2021) Agent Revelation (2021)===================IMDb Rating - 5.6/10 ဇာတ်လမ်းအကျဉ်းကတော့ စွမ်းအားကြီးဂြိုဟ်သားမျိုးနွယ်ဟာလူသားတွေကိုAsh ဆိုတဲ့စွမ်းအင်တစ်မျိုးကိုအသုံးချပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းတထိန်းချုပ်လာခဲ့တာပါ၊ နောက်ပိုင်းမှာ လူသားတွေရဲ့လောဘတရားကြောင့်သူတို့ဟာAsh စွမ်းအင်ကိုသုံးစရာမလိုတော့ဘူးသတ်မှတ်ခဲ့ပါတယ်၊ ကမ္ဘာပေါ်ကAsh စွမ်းအင်သက်ရောက်ခံရတဲ့သူတွေ စွမ်းအင်ကြောင့်ဖြစ်လာတဲ့သွေးနှောပါအကုန်ရှင်းခဲ့ပြီး ကမ္ဘာကိုခဏတာဘေးမဲ့ပေးလိုက်တယ်၊ တစ်နေ့မှာတော့ ဂျင်တို့သူငယ်ချင်းတစ်သိုက် ခရီးထွက်နေရင်းနဲ့ မတော်တဆကြောင့် ကမ္ဘာပေါ်မှာဖွက်ထားတဲ့ Ash စွမ်းအင်တွေထွက်လာပြီးတော့ဂျင်တို့သူငယ်ချင်းတွေကိုထိန်းချုပ်ခံလိုက်ရတယ်၊ အဲ့အချိန်မှာပဲ ဒီစွမ်းအင်ကိုစမ်းသပ်ရှာဖွေနေတဲ့လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနဲ့တွေ့ပါတော့တယ်၊ ထိန်းချုပ်ခံထားရတဲ့သူကိုရှင်းလင်းပစ်ခတ်ကြရင်းနဲ့ထိခိုက်မှုတွေရခဲ့ပါတယ်။ အခြားလူတွေအတွက်ကတော့ထိန်းချုပ်ခံရတယ်ဆိုပေမယ့် ဂျင်ကတော့ စွမ်းအင်တစ်ခုကိုရလိုက်သလိုဖြစ်သွားပါတယ်။ကမ္ဘာပေါ်ကိုဂြိုဟ်သားတွေ ကြီးစိုးထိန်းချုပ်လာမှာကိုကာကွယ်နေတဲ့လျို့ဝှက်အဖွဲ့အစည်းကတော့ဂျင်ကဘာကြောင့်ထိန်းချုပ်ခြင်းမခံရတာလဲဆိုတာကိုစမ်းသပ်ရှာဖွေရင်းနဲ့ ဘယ်လိုတွေဖြစ်နိုင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 26minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Sci-Fi, ThrillerSource : 1080p.WebRipTranslator – Tin Myo LwinEncoder – SWM
movie

Agent Revelation (2021)

2021
Space Pirate Captain Harlock (2013) 6.4
Space Pirate Captain Harlock (2013) IMDb - 6.4/10Rotten Tomatoes - 54%MyAnimeList - 7.4/10ဒီကားကတော့ Terminator, Avatar, Titanic, Alienဇာတ်ကားတွေရဲ့ဟောလီဝုဒ်ဒါရိုက်တာကြီး James Cameronကိုယ်တိုင်အရမ်းကြိုက်ပါတယ်လို့ချီးကျူးခံရပေမယ့် မြန်မာနိုင်ငံမှာတော့လူမသိသူမသိကပ်ကျော်နေတဲ့ဇာတ်ကားပါ။ ဒီကားရဲ့အဓိကဇာတ်ကောင်တွေထဲကတယောက်ဖြစ်တဲ့ Captain Harlockဆိုတာဟာ animeလောကရဲ့ရွှေခေတ်ဖြစ်တဲ့ 1980ဝန်းကျင်လောက်မှာ နာမည်ကြီးခဲ့တဲ့ဇာတ်ကောင်ပါ။ ဆိုတော့ကာ ရွှေခေတ်က နာမည်ကြီးဇာတ်ကောင်ရဲ့ဇာတ်လမ်းကို 3D animationနဲ့ထုတ်တယ်ဆိုတော့ 1980လောက်က ထွက်တဲ့ဇာတ်လမ်းတွဲတွေကိုကြည့်ဖို့လိုမလားဆိုပြီးမေးလာခဲ့ရင်တော့ မလိုဘူးလို့ပဲပြောပါရစေ။ ဒီကားဟာ အရင်ဇာတ်လမ်းတွဲတွေကိုrebootပြန်ရိုက်တာပြောလို့ရသလို Captain Harlockရဲ့နောက်ခံဇာတ်ကြောင်းကိုပြသတဲ့ ဇာတ်ဝင်ခန်းတွေလည်းပါတဲ့အတွက် ဒီကားတကားထဲကြည့်ရုံနဲ့လုံလောက်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ဟိုရှေးရှေးတုန်းကလို့ပြောရမလားလာမယ့်အနာဂတ်မှာလို့ပြောရမလားအဲ့ဒီအချိန်မှာ လူသားဦးရေအရမ်းများပြားလာတဲ့အတွက် ကမ္ဘာပေါ်ကအရင်းအမြစ်တွေမလောက်မငှဖြစ်လာလို့ လူသားတွေဟာ အာကာသထဲထွက်ပြီး နေထိုင်လို့ရမယ့်‌နယ်မြေသစ်တွေကိုရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာအောင်ရှာခဲ့ပေမယ့် ကမ္ဘာကြီးလိုနေဖို့သင့်တော်တဲ့ဂြိုဟ်မျိုး ရှာမတွေ့တဲ့အတွက် မိခင်ကမ္ဘာကြီးဆီပ‌ဲ ပြန်လာဖို့လုပ်ခဲ့ကြပါတယ်။ အဲ့လိုအလုအယက်ပြန်လာဖို့လုပ်ရင်းကနေ စစ်ကြီးတခုပါထဖြစ်ခဲ့တဲ့အတွက် ဗဟိုအစိုးရကိုဖွဲ့စည်းပြီး ကမ္ဘာမြေကိုမြင့်မြတ်နယ်မြေအဖြစ်ကြေညာခဲ့ကာ ဘယ်သူ့ကိုမှခြေချခွင့်မပေးခြင်းဖြင့် စစ်ကြီးကိုရပိတန့်သွားအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အာကာသဓါးပြကြီး ကပ္ပတိန်Harlockဆိုတဲ့လူရုတ်တရက်ပေါ်လာခဲ့ကာ ဗဟိုအစိုးရကိုပုန်ကန်ပါတော့တယ်။- အဲ့ဒီကပ္ပတိန်Harlockဆိုတဲ့လူကိုဘယ်သူလဲ- ဗဟိုအစိုးရကိုဘာလို့ပုန်ကန်ဖို့လုပ်နေရတာလဲ- ဗဟိုအစိုးရမှာရော လျှို့ဝှက်ချက်တွေရှိနေလားဆိုတာကို ...
movie

Space Pirate Captain Harlock (2013)

2020
Psycho Goreman (2020) 6.2
Psycho Goreman (2020) Psycho Goreman (2020)===================IMDb Rating - 6.2/10 မနေ့ကမှ ပူပူနွေးနွေး ထွက်ရှိလာတဲ့ Sci-Fi, Horror ဇာတ်ကားလေးပါ။သတ်တာဖြတ်တာတွေကတော့ ကြမ်းပါတယ်။ ဇာတ်လမ်းကလည်း ထူးဆန်းပါတယ်။ စကြဝဠာကိုဖျက်စီးမယ့် အမည်မဲ့မကောင်းဆိုးရွားကို ကမ္ဘာပေါ်က တစ်နေရာမှာ ပိတ်ထားတာကို မောင်နှမနှစ်ယောက်က မတော်တဆ သွားလွှတ်ပေးမိပြီး သူ့ကို ထိန်းချုပ်နိုင်တဲ့ကျောက်တုံးကိုရသွားပါတယ်။ကလေးမလေးက ခပ်ဆိုးဆိုးကိုမှ စကြဝဠာတစ်ခုလုံးကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိတဲ့သူကို ထိန်းချုပ်နိုင်တဲ့အစွမ်းရနေတော့ ဘာတွေဖြစ်ကုန်မလဲ စဉ်းစားသာကြည့်ပါတော့။ သူက အဲဒီမကောင်းဆိုးရွားကို PsychoGoreman(အတိုကောက် PG) လို့နာမည်ပေးထားပြီး သူစိတ်တိုင်းကျလျှောက်လုပ်နေပါတော့တယ်။ အမှောင်ရှိရင် အလင်းရှိသလို သူ့ကိုတားဆီးမယ့် Pandora လည်းရှိနေပါတယ်။ သူတို့တွေရဲ့တိုက်ပွဲက ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ ဇာတ်သိမ်းရော Theme ကပါ ပုံမှန်မဟုတ်တဲ့ကားတစ်ကားလို့ပြောလို့ရပါတယ်။အဲဒါနဲ့ ဒီကားကို Comedy အမျိုးအစားထဲမှာပါတယ်လို့လည်း သတ်မှတ်ထားတာကိုတွေ့ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို d3mon မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Jack, d3mon တို့ပဲဖြစ်ပါတယ်။) Quality ...
movie

Psycho Goreman (2020)

Spontaneous (2020) 6.5
Spontaneous (2020) Spontaneous (2020)================IMDb Rating - 6.5/10 ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်သာဆိုရင် ထိပ်တိုက်ရင်ဆိုင်မလား? ရှောင်ဖယ်နေမလား?သေချာတာတစ်ခုကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်ကြိုတွေးရင်း စိတ်သောကရောက်နေမယ်ဆိုရင် လူဖြစ်ရှုံးရချည်ရဲ့......ဒီကားအကြောင်းပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်း ဘယ်ကနေ ဘယ်လိုဖြစ်လာမှန်းမသိတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးကျောင်းသားအတော်များများ သေကြေ ပျက်ဆီးကြပါတယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဇာတ်ကားပြီးဆုံးတဲ့အထိ ဘာကြောင့်ဖြစ်လဲဆိုတာကို ခင်ဗျားလည်း သိမှာမဟုတ်ပါဘူး။ဒါဆို ဘာသိလိုက်မှာလဲ......မျက်စိတမှိတ်အတွင်း အသက်ဘေးအန္တရာယ်တဲ့ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝကိုဘယ်လိုမျိူး ရှေ့ဆက်ဖြတ်သန်းကြလဲ.....အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြလဲ.....ခင်ဗျားဆိုရင်ကော ဘာဆက်လုပ်မလဲ၊ ဒီဇာတ်ကားက rating 6.5 ရှိပြီး rotten tomatoes 98% ထိရထားတာပါ။Aaron Starmer ရေးတဲ့ Spontaneous စာအုပ်ကို အခြေခံထားပြီး ၂၀၁၆မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ကားထဲမှာပဲ Romance, comedy , Sci-fi ပေါင်းစုံပြီး ရသမျိုးစုံ ခံစားနိုင်မှာ အသေအချာပါပဲ.......(ဒီဇာတ်လမ်းရဲ့ ...
movie

Spontaneous (2020)

2020
A Clockwork Orange (1971) 8.3
A Clockwork Orange (1971)  [Unicode]A Clockwork Orange =============== IMdb Rating - 8.3/10 Directed by Stanley Kubrick"ရူးနေတ‌ဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူးတဲ့။ ဒါဆိုခင်ဗျားက ခင်ဗျားကိုခင်ဗျားရူးနေတယ်လို့ တွေးကြည့်လိုက်။ ခင်ဗျားရူးတာ ခင်ဗျားသိတယ်ထားလိုက်။ ဒီတော့ ခင်ဗျားရူးတာ ခင်ဗျားသိတော့ ခင်ဗျားမရူးတော့ဘူး။ ဒီမှာ ခင်ဗျားမရူးဘူးလို့ ခင်ဗျားအတည်ပြုလို့ရပြီမလား။ ခင်ဗျားမရူးဘူး။ ခင်ဗျား ဒါကိုလက်ခံသွားပြီ။ ဒါပေမဲ့ မမေ့နဲ့ဦး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ် ရူးတယ်ဆိုတာမသိဘူး။ ခင်ဗျားမရူးဘူးလို့ အတည်ပြုလို့ရတာ ခင်ဗျားရူးနေလို့ပဲ။ ဒီတော့ခင်ဗျားရူးနေတာ သိသွားပြီမလား။ ‌သိသွားရင် ခင်ဗျားမရူးတော့ဘူး ရူးနေတဲ့လူက ကိုယ့်ကိုယ်ကိုယ်ရူးတယ်ဆိုတာမသိဘူး။"ကျွန်တော် ဒီမှာမေးချင်တဲ့ မေးခွန်းက ခင်ဗျားရူးနေလား မရူးနေဘူးလား။ ခင်ဗျားအဖြေကို ကျွန‌်တော်လိုချင်တာမဟုတ်ပါဘူး။ ခင်‌ဗျားကိုယ် ခင်ဗျားပြန်မေးစေချင်တာ။ အပေါ်ကပြောထားတဲ့ မေးခွန်းက Paradoxလိုပါပဲ။ ခင်ဗျားကို ဒီသံသရာထဲပဲ တဝဲလည်လည်ဖြစ်စေလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဒီလိုမေးခွန်းမျိုးပါတယ်။ အကျဉ်းဖျဉ်းပြောရရင် အနာဂတ်ကာလမှာ လူတွေကို ထောင်မချတော့ဘဲ ‌မကောင်းမှုလုပ်မရအောင် ဆေးကုလွှတ်ဖို့ စပြီးစီစဉ်လာကြတယ်။ သူတို့ယူဆတာ မကောင်းမှုလုပ်တဲ့လူတွေဟာ ရူးသွပ်နေတဲ့လူတွေပေါ့။ သူတို့ကိုမကောင်းမှုမလုပ်အောင်လုပ်နိုင်ရင် ကုသပျောက်ကင်းပြီလို့ ယူဆကြတယ်။ ဒါပေမယ့် ဒါကဟုတ်ရောဟုတ်လား။ အဲလက်စ်ဆိုတဲ့ လူမဆန်တဲ့လူသတ်မှုနဲ့ ထောင်ဆယ့်လေးနှစ်ကျတဲ့ကောင်လေးကို သူတို့ဒီကုထုံးကို ပထမဆုံးစမ်းသုံးခဲ့ကြတယ်။နက်မှောင်ရှည်လျားလှတဲ့သံသရာခရီးမှာ လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ကိုယ့်ကျောပေါ်ခွနင်း လိုက်ပါလာမယ့်အရာနှစ်ခုရှိတယ်။ လူသားမျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်သာ ကူးပြောင်းသွားကြပေမယ့် ဒီအရာနှစ်ခုက မပြောင်းလဲပါဘူး။ ကမ္ဘာဦးရဲ့ပထမနေ့မှာ ...
movie

A Clockwork Orange (1971)

Synchronic (2019) 6.3
Synchronic (2019) Synchronic (2019)===============IMDb Rating - 6.3/10 Rotten Tomatoes 81% November 2020 မှာထွက်ရှိထားတဲ့ Drama, Horror, Sci-Fi ကားလေးကို တင်ဆက်ပေးချင်ပါတယ်။စတိဗ်နဲ့ ဒန်းနစ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဆေးဘက်အကူ၀န်ထမ်းတွေပဲဖြစ်ပါတယ်။တစ်နေ့ သူတို့သွားရောက်ကူညီရတဲ့ နေရာတိုင်းမှာ ဒဏ်ရာရသူတွေ သာမန်မဟုတ်ဘဲ ထူးဆန်းတဲ့အခြေအနေတွေနဲ့ သေဆုံးသူဆိုရင်လည်း ထူးဆန်းတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတာကို ကြုံလာရပါတော့တယ်။ သေသေချာချာစုံစမ်းပြီးတဲ့ နောက်မှာ ဒီလိုဖြစ်ရပ်တွေဟာ synchronic ဆိုတဲ့ ဆေးတစ်မျိုးကြောင့်ဖြစ်တာကို သိရှိလိုက်ရပါတယ်။ဒီကိစ္စကို လိုက်လံဖြေရှင်းနေရင်းမှ ဒန်းနစ်စ်ရဲ့ သမီးဖြစ်သူကပါ ဒီဆေးသုံးမိပြီး ပျောက်ဆုံးသွားပါတော့တယ် .........synchronic ဆိုတဲ့ ဆေးဟာ ဘယ်လိုဆေးမျိုးလဲ ဒီဆေးသုံးတဲ့သူတိုင်း ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ကြတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ မင်းသား Jamie Dornan နဲ့ Anthony Mackie တို့က ဒန်းနစ်စ်နဲ့ စတိဗ်အဖြစ်သရုပ်ဆောင်ထားပြီး တကယ်ကို စိတ်၀င်စားဖို့ကောင်းတဲ့ ...
movie

Synchronic (2019)

2019
Robo (2020) 5.2
Robo (2020) Robo (2020)==========IMDb Rating - 5.2/10 ဒီဇာတ်ကားလေးကတော့ အသက် ၁၂ အရွယ် မီဂျာဆိုတဲ့ ကောင်လေးနဲ့ စက်ရုပ်တစ်ရုပ်တို့ ရဲ့ အခက်အခဲကျော်ဖြတ်ကြပုံတွေ၊သံယောဇဉ်တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ခေတ်လွန် စွန့်စားခန်း ဇာတ်ကားလေးပါ။ပန်းချီအနုပညာရှင် တစ်ယောက် သိပ်ဖြစ်တဲ့ မီဂျာနဲ့ သူ့ကို အင်ဂျင်နီယာ ဖြစ်စေချင်တဲ့ သူ့မိဘတွေရဲ့ ဆန္ဒက အမြဲတမ်း မထပ်တူမကျခဲ့ပါဘူး။မီဂျာ့ မိဘတွေက လူသားတွေကို ကာကွယ်ပေးနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ကြပါတယ်။ အဲ့ဒီစက်ရုပ်လေးဟာ အလွန်ချစ်စရာကောင်းပြီးတစ်နေ့တစ်ခြားသူ့ရဲ့ AI စနစ်ဟာလည်း ကောင်းမွန်တိုးတတ်လာနေခဲ့ပါတယ်။တစ်နေ့မှာတော့  ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်လေးက သူရဲ့မိသားစုကို ရှာဖွေဖို့ စမ်းသပ်ခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမယ့် ထိန်းချုပ်သူမရှိတဲ့ စက်ရုပ်ဆိုတာဟာ အန္တရာယ်များလွန်းတတ်ကြပါတယ်။အဲ့ဒီ ထွက်ပြေးသွားတဲ့ စက်ရုပ်လေးဟာ ဖြစ်ချင်တော့ မီဂျာနဲ့တွေ့ဆုံခဲ့ပြီး စိတ်ဝင်စားဖွယ်ရာလည်းကောင်း . ကြည်နူးစရာလည်းကောင်းတဲ့ဖြစ်စဥ◌်တွေတောက်လျှောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မီဂျာကကော စက်ရုပ်ကို ထိန်းချူပ်နိုင်ပါ့မလားဆိုတာကိုတော့ ရင်ခုန်စွာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်.......အဲ့တော့ ...
movie

Robo (2020)

2020
2046 (2004) 7.4
2046 (2004) [Unicode]IMDB Rating. = 7.4/10"2046"... ဒီနံပါတ်ဟာ အချိန်ကာလတစ်ခုဖြစ်ချင်ဖြစ်မယ် ဟိုတယ်အခန်းတစ်ခုရဲ့နံပါတ် ဖြစ်ချင်ဖြစ်မယ်။ အချိန်လား‌ နေရာလား ထားလိုက် အရေးမပါဘူး။ အရေးပါတာက အဲ့ဒီမှာ ဘာမှမပြောင်းလဲဘူးဆိုတဲ့ အချက်။ ချစ်မိသူတွေဟာ မပြောင်းလဲနိုင်တဲ့ ကမ္ဘာကြီးကိုလိုလားကြတယ်။ အထူးသဖြင့် သူတို့ချစ်တဲ့သူတွေရဲ့နှလုံးသားတွေမပြောင်းလဲဖို့ လိုလားကြတယ်။ ၂၀၄၆ဟာ ဘာမှ မပြောင်းလဲ တဲ့နေရာ။ ဒီတော့ သူတို့၂၀၄၆ကိုသွားကြတယ်။တစ်ရံတစ်ခါမှာ ပဟေဠိဆန်တဲ့ ရထားတစ်စီးက ၂၀၄၆ကို ထွက်ခွာတယ်။ ၂၀၄၆ကိုသွားတဲ့ ခရီးသွားတိုင်းမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုရှိတယ် သူတို့က သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ မှတ်ညဏ်တွေကို ပြန်လည်ဖမ်းဆုပ်လိုကြတယ်။ တစ်ချို့ကတော့ ၂၀၄၆ကို လွယ်လွယ်လေးရောက်သွားကြပေမယ့် တစ်ချို့အတွက်ကျတော့ခရီးက အများကြီးပိုရှည်ကြာတယ်။ခရီးသည်လက်စွဲ အပိုဒ်၂၀၁မှာ ဧရိယာ ၁၂၂၄-၁၂၂၅မှာ အရမ်းအေးတယ်လို့ သတိပေးထားတဲ့အပြင် ခရီးသည်တွေအနေနဲ့ အနွေးဓာတ်ရအောင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြဖို့ အကြံပြုထားသေးတယ်။ ၁၂လပိုင်း ၂၄ရက်နေ့ ၁၂လပိုင်း ၂၅ရက်နေ့ ခရစ္စမတ်အကြိုနေ့နဲ့ ခရစ္စမတ်နေ့။ ဒီလိုအချိန်တွေမှာ လူတွေက ပုံမှန်ထက်ပိုပြီးနွေးထွေမှုကိုလိုကြတယ်တဲ့။ ဒါကဧရိယာ ၁၂၂၄-၁၂၂၅ဆိုတဲ့နိမိတ်ပုံရဲ့ ဖွင့်ဆိုချက်ပါပဲ။ ဒါဆို ၂၀၄၆ဆိုတာကရော..။ ရထားကြီးကရော.....။ အဖြေတွေစုပေါင်းရရှိပြီးတဲ့နောက် ဒီရုပ်ရှင်မှာ အချစ်ဆိုတဲ့အရာကိုပဲ ထင်ရှားမြင်နေရတယ်။ဇာတ်ကောင်တွေတိုင်းရဲ့ အချစ်တွေဟာ နာကျင်ကြေကွဲစရာ ...
movie

2046 (2004)

HEVC 1080p 5.1