Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sci-Fi
6.3
Dark Skies (2013)
Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie
Dark Skies (2013)
2013
7.0
Venom (2018)
DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie
Venom (2018)
2018
4K HEVC
7.1
Titane (2021)
TITANE(2021) ==============IMDb Rating (7.1) / Rotten Tomatoes (87%)Directed By Julia DucournauArt Filmတွေကို ရွေးတာများတဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ပွဲတော်ဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Orကို ရခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီနှစ်ရဲ့ ခုထိအချိန်အတွင်းမှာ Art Filmလိုင်း Horrorလိုင်းမှာ အနောက်ရုပ်ရှင်ဖန်တွေကြား လူပြောအများဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။တစ်ချို့ကတော့ Titaneကို ဘာမှန်းမသိခြင်းနဲ့ surrealismဆန်ခြင်းဆိုတဲ့အပိုင်းမှာ သူ့လိုင်းက နာမည်ကြီးကားတွေဖြစ်ခဲ့တဲ့ Midsommarနဲ့ David Lynchရဲ့ Earserheadထက်ကို အတော်သာတဲ့ မာစတာပိစ်ရုပ်ရှင်လို့ဆိုကြပါတယ်။ ရှင်းရှင်းပြောရရင် ဘာမှန်းမသိတဲ့နေရာမှာ သာတာပါ။ Horror/Thrillerလိုင်းရဲ့ နတ်ဘုရားသဖွယ်ဖြစ်နေတဲ့ A24 Fanတွေကလည်း Titaneကို အတော်သဘောကျနေကြတယ်။ဇာတ်ကြောင်းကို စာ၂ကြောင်းလောက်ရေးပြ လိုက်ရင် အတော်စိတ်၀င်စားသွားကြမှာပေမဲ့ ကျွန်တော်လည်း ဘာမှန်းမသိဘဲ ကြည့်ရင်းမှ ဘာလဲဟဆိုပြီး ဖြစ်ခဲ့ရတာမို့ အဲဒီ၂ကြောင်းလောက်ကို ပြောမိရင်ကို နည်းနည်းပေါ့သွားမယ် ယူဆလို့ မပြောတော့ပါဘူး။ ကိုယ့်ဘာသာကြည့်ပြီးပဲ ဘာလဲဟ လိုက်ကြပါတော့။Cinematographyအပိုင်းမှာလည်း အတော်လေးချီးကျူးခံထားရပါတယ်။ လက်ရှိခေတ်ထထားတာ မကြာသေးတဲ့ နီယွန်ညဆန်ဆန်တွေလည်း တွေ့ရတယ်။ သတိချပ်စရာက Horror Thrillerပေမဲ့ Body Horrorပါ။ကျန်တာတော့ လန့်စရာ မပါပါဘူး။ဟုတ်ကဲ့ ဒီရုပ်ရှင်ဟာ မာစတာပိစ်ရုပ်ရှင်ပါပဲ။ သောက်ကျိုးနဲ ကြောင်တောင်နေတဲ့ ဘာပြချင်တာလဲဆိုတဲ့အချက်ကို ဖမ်းမရတဲ့ ဘုရားစူး မာစတာပိစ်ပါပဲ။ ရုပ်ရှင်ဟာ ဘာကိုမှ ပြဖို့ တာ၀န်မရှိပါဘူး။ Art Houseရုပ်ရှင် ပီပီသသပဲ ဒါရိုက်တာရဲ့ တင်ဆက်ပြသပုံက ပရိတ်သတ်ဘက်ကိုငဲ့ပြီး အကုန်ချပြမထားဘဲ သူပြချင်တဲ့နားကို ...
movie
Titane (2021)
6.5
The Faculty (1998)
Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
The Faculty (1998)
5.0
Warning (2021)
Warning (2021)=============အနာဂတ်ခေတ်တစ်ချိန်မှာ ကမ္ဘာပေါ်ကို အန္တရာယ်တစ်ခုကျရောက်လာတဲ့အခါလူတွေရဲ့နေ့စဥ်ဘဝတွေအပေါ်သက်ရောက်ပုံကို Sci-fi, thriller အမျိုးစားပုံစံနဲ့သရုပ်ဖော်ထားတာဖြစ်ပါတယ်။ ဂြိုလ်တုတစ်ခုပေါ်ကနေ ဘေးအန္တရာယ်ကြောင့် မတော်တဆ အာကာသထဲလွင့်ထွက်သွားတဲ့အာကာသယာဥ်မှူးတစ်ယောက်ကစလို့ သီးခြားဇာတ်ကောင်တွေကိုယ်စီရဲ့ မိသားစုရေး အချစ်ရေးဘာသာရေး စတဲ့ကိစ္စတွေ အဆင့်မြင့်နည်းပညာတွေနဲ့ဆက်နွယ်နေပုံကို ပြထားတာပါ။18+ခန်းအနည်းငယ်ပါလို့ မိသားစုနဲ့တော့ သိပ်မကြည့်သင့်ပါဘူး။ ဒီဇာတ်လမ်းမှာအဖြစ်အပျက်တွေကိုဒါကဒီလိုဖြစ်နေတယ်ဆိုပြီး ပေါ်တင်မပြောပြပဲ ကြည့်ရင်းအဓိပ္ပါယ်ကောက်သွားရမှာမျိုးပါ။Sci-fi ကားမျိုး thriller ကားမျိုးကြိုက်သူတွေ၊ ကြည့်ရင်းတွေး တွေးရင်းကြည့် သွားရမယ့်ကားမျိုးကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ကားမျိုးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pyi T. Nyein မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Pyi T. Nyein တို့ပဲပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 25minSubtitle – Myanmar HardsubFormat – Mp4Genre : Sci-Fi, ThrillerSource : 1080p.WebRipTranslator – JimX, Pyi ...
movie
Warning (2021)
2021
5.9
Parallel (2020)
Parallel (2020)============IMDb Rating - 5.9/10Sci-fi ဇာတ်ကားကောင်းကောင်းလေးတွေကို သဘောကျတဲ့သူတွေအတွက် ဒီ Parallel ဆိုတဲ့ဇာတ်ကားလေးကစိတ်ကျေနပ်မှုရစေမှာပါ။ Multiverse,doppelganger စတာတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ နိုအယ်လ်၊ လီနာ၊ ဒယ်ဗင်နဲ့ ဂျော့ရှ်တို့ သူငယ်ချင်းတစ်စုဟာ apps တွေတီထွင်ဖို့ကုမ္ပဏီအသေးလေးတစ်ခု ထောင်ထားကြပါတယ်။ App တစ်ခုကိုလုပ်ဖို့ကြိုးစားနေကြတဲ့အချိန်မှာ ယိုင်နဲ့နဲ့ သူတို့ကုမ္ပဏီဟာလည်း ကျဥ်းထဲကျပ်ထဲ ရောက်နေတာပေါ့။ တစ်နေ့ သူတို့အုပ်စု စိတ်ညစ်ညစ်နဲ့ ဘားမှာ အရက်သောက်နေကြတဲ့အချိန်မှာ အသိတစ်ယောက်ဆီကနေ သူတို့ကုမ္ပဏီထောင်ဖို့ လက်ရှိငှားထားတဲ့အိမ်ကြီးမှာ အရင်က မိန်းမကြီးတစ်ယောက် ထူးထူးဆန်းဆန်း ပျောက်သွားဖူးကြောင်း ဒီအိမ်ကြီးက ညာဥ်မကောင်းကြောင်း စသဖြင့်ပြောလာပါတယ်။အဲ့ညမှာ သူတို့အိမ်ကိုပြန်ရောက်ကြတဲ့အချိန် အိမ်နံရံနောက်မှာ လျှို့ဝှက်စွာတည်ဆောက်ထားတဲ့အခန်းကြီးကို သူတို့တွေ့သွားကြတယ်ပေါ့။ အဲ့ဒီအခန်းထဲမှာ မှန်တစ်ချပ်လည်းရှိနေပြီး ထူးခြားချက်ကတော့ တခြား Multiverse တွေဆီသွားလာနိုင်တဲ့ ဂိတ်ပေါက်သဖွယ် ပစ္စည်းတစ်ခုပါပဲ။ ဒီပစ္စည်းကနေတစ်ဆင့် တခြား universe တွေဆီ ...
movie
Parallel (2020)
2020
5.0
Tremors: A Cold Day in Hell (2018)
ဒီကားလေးဟာဆိုရင် ဂရက်ဘွိုက်လို့ခေါ်တဲ့ လူသားစားဧရာမတီကောင်ကြီးတွေကတော့ tremor ဆိုတဲ့ titleလေးအတိုင်းပဲ ကြောက်စရာ ရင်ထိတ်စရာကောင်းပါတယ် အဲ့သတ္တဝါတွေက ပူနွေးတဲ့ရာသီဥတုမျိုးမှာပဲ နေထိုင်ကြတာများပါတယ် ဒါပေမဲ့ အိမ်မက်ဆိုးကြီးတစ်ခုလို ကနေဒါက အေးခဲနေတဲ့အာတိတ်ဝင်ရိုးစွန်းလိုနေရာဘက်ကို အကောင်တွေပြောင်းရွေ့လာကြပါပြီတဲ့ဒီလို ထူးဆန်းတဲ့အကြောင်းတရားတွေကို ဖော်ထုတ်နေတဲ့အချိန်မှာပဲ ဘာ့တ်ဆိုတဲ့သူမှာ ဂရက်ဘွိုက်အကောင်ဆီကနေ သေနိုင်တဲ့ပြင်းထန်တဲ့ အဆိပ်မိထားပါလေရောလူသားစား ဧရာမတီကောင်ကြီးတွေလက်က သူတို့တွေ ဘယ်လိုလွတ်အောင်တိုက်ကြမလဲ ဒီကြားထဲ အကောင်ကြီးကို ဇီဝလက်နက်အဖြစ်နဲ့ အမြတ်ထုတ်မယ့် သူတစ်ချို့ရယ် အဆိပ်မိနေတဲ့ ဘာ့တ်ကရော ဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကတော့ ဒီကားလေးကို ကြည့်ပြီးရင် သိရမှာဖြစ်ပါတယ်Horror ကားအမျိုးအစားလို့ဆိုပေမဲ့ စွန့်စားခန်းတွေ actionတွေနဲ့ ရယ်စရာဟာသလေးတွေပါပါနေတဲ့ ကားတစ်ကားပါTremors: Shrieker Island (2020) ကိုတော့ https://channelmyanmar.to/tremors-shrieker-island-2020/ မှာကြည့်ပါ။ Qty - 720p BlurayGern - Action /Horror/ThrillerDuration - 1hr 55minTranslator - May Phyu KhinEncoder - Kyaw Ye Aung
movie
Tremors: A Cold Day in Hell (2018)
2018
6
Invisible Alien ( 2021 )
ဒီတစ်ခါတော့ CMကနေ သိပ္ပံဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဇာတ်ကြောင်းလေးကတော့...လူသားတွေဟာ Messenger လို့အမည်ရှိတဲ့ ဂြိုလ်တုကနေ အချက်ပြချက်ရရှိခဲ့ပြီးအဲ့ဒီဂြိုလ်တုမှာ ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်ဒါကြောင့် အနက်ရှိုင်းဆုံးအာကာသယာဉ်ဟာ Messenger ဆီသို့ သုသေသနလုပ်ဖို့ရွက်လွင့်သွားခဲ့ပါတော့တယ် အနက်ရှိုင်းဆုံးအာကာသယာဉ်က Messengerဂြိုလ်တုအတွက် ၇၁နှစ်ကြာရွက်လွင့်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ချိန်မှာတော့ဝန်ထမ်းပေါင်း ၉၃ယောက်ထဲမှ ယင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပဲ ပြန်ပါလာခဲ့ပါတယ်အဲ့ဒီအချိန်မှာ...ယင်က လူသားတွေကို သူတို့ယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့ပြီးဘယ်လိုသက်ရှိမျိုးတွေနဲ့ ကြုံခဲ့ရတဲ့တာကြောင့် သူတစ်ယောက်တည်းကမ္ဘာမြေကို ပြန်ရောက်လာတာလည်းဆိုတာ တဆင့်ချင်းစီပြန်လည်ရှင်းပြပေးသွားမှာမို့လို့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ Quality : WEB-DL 1080pFormat : mp4During : 1h 13minGenres : Sci-Fi , ThrillerSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie
Invisible Alien ( 2021 )
7.4
Back to the Future Part III (1990)
ဒီတစ်ခေါက်part 3မှာတော့ part 1 နဲ့ part 2 မှာတုန်းကလို အနာဂတ်ကိုပြန်သွားမှာမဟုတ်ဘဲ အတိတ်ကိုပြန်သွားတာကို ရိုက်ပြထားတာဖြစ်ပါတယ်ခင်ဗျာ.. back to the future 1 ရဲ့ဇာတ်သိမ်းခန်းနဲ့ချိတ်ဆက်ပြီးရိုက်ပြထားပါတယ်။ မာတီနဲ့ဒေါက်တာတို့ရဲ့သံယောဇဉ်ကို ဒီအပိုင်း၃မှာ ပိုပြီးကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာပါ။ ကောင်းဘွိုင်ခေတ်မှာပိတ်မိနေခဲ့တဲ့ဒေါက်တာဟာ အသက်ရှည်ရှည်မနေရဘဲ အသတ်ခံလိုက်ရတဲ့အတွက် မာတီဟာ ဒေါက်တာ့ကိုကယ်ဖို့ အတိတ်ကိုခရီးလွှင့်လာပါတော့တယ်။ ကောင်းဘွိုင်ခေတ်စွန့်စားခန်းတွေနဲ့သိပ္ပံပေါင်းစက်ထားတဲ့ ဤဇာတ်ကားကိုပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲခင်ဗျာ.. ဤpart 3 ကို part 1 နဲ့ part 2 ကိုကြည့်ပြီးကြည့်မှသာပိုသဘောပေါက်နိုင်မှာမို့ ပထမ၂ကားကိုအရင်ကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.. ပရိသတ်ကြီးပေးလိုက်ရတဲ့အချိန်နဲ့တန်အောင်ရသမျိုးစုံပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__7.4/10 Format__mp4 Duration__1h 58min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by Yoon Sandi Aung Encoded by ...
movie
Back to the Future Part III (1990)
1990
HEVC 1080p 5.1
7.8
Back to the Future Part II (1989)
ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie
Back to the Future Part II (1989)
1989
HEVC 1080p 5.1
8.5
Back to the Future (1985)
ဒီဇာတ်ကားက ၁၉၈၅ ခုနှစ်က ထွက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Time Machine နဲ့အတိတ်ကိုသွားတဲ့ ပုံစံရိုက်ကူးထားပြီး အဲ့ဒီခေတ်လောက် ကတည်းကဆန်းသစ်တဲ့ Idea...ပစ္စည်းတွေကို သုံးပြီး ရုပ်ရှင်ရိုက်ကူးထားတာ ချီးကျူးဖွယ်ရာပါ။Adventure, Comedy, Sci-Fi အမျိုးအစားဇာတ်ကားဖြစ်ပါတယ်....ရယ်လဲရယ်ရသလို အဲ့ဒီခေတ် အဝတ်အစား ...ဒီဇိုင်း ...ပြောပုံဆိုပုံ... သရုပ်ဆောင်မှုတွေအကုန်လုံးရိုးသားသန့်စင်တဲ့အမူအရာနဲ့ နှစ်သက်ဖို့ကောင်းလွန်းပါတယ်။IMDb Rating (8.5/10) ထိရရှိထားသလို Rotten Tomatoes မှာလဲ (96%) ထိရရှိထားတဲ့ဇာတ်ကားပါ။Time Travel ဇာတ်ကားတွေထဲမှာတော့ အကောင်းဆုံးနဲ့ လူကြိုက်အများဆုံးလို့ သတ်မှတ်ရမယ့် ဇာတ်ကားပါ။Back to the Furure Trilogy အစအဆုံးကို back to the future – Search Results – Channel Myanmar မှာ ဝင်ပြီး ဒေါင်းလို့ရပါတယ် Quality__1080p Bluray HEVC IMDb Rating__8.5/10 Format__mp4 Duration__1h 56min Type__Adventure, Comedy, Sci-Fi Subtitle__Myanmar ...
movie
Back to the Future (1985)
1985
HEVC 1080p 5.1
5.6
Another Gantz(2011)
Another Gantz (2011)--------------------------၂၀၀၄ခုနှစ်မှာ Animeအဖြစ်ထွက်ရှိထားခဲ့တဲ့ ဂန့်ဇ်ဆိုတဲ့စီးရီးဟာ လူငယ်တွေကြား အတော်လေးကြိုက်နှစ်သက်ခဲ့ကြပါတယ်.၂၀၁၀ခုနှစ်မှာတော့ ဂန့်ဇ်ဟာ ပထမဆုံး ရုပ်ရှင်အဖြစ် ထွက်ရှိလာခဲ့ပါတယ်..အဲ့ဒီနောက်မှာတော့ ၂၀၁၁မှာ ဂန့်ဇ်ရဲ့နောက်ဆက်တွဲရုပ်ရှင်အဖြစ်Perfect Answerကို ပြသခဲ့တဲ့အပြင် Another Gantzဆိုတဲ့ ရုပ်ရှင်တခုကိုပါဆက်စပ်ထုတ်ဝေပေးခဲ့ပြီး ၂၀၁၆မှာတော့ GantZ Oဆိုတဲ့ Animationရုပ်ရှင်တခုကိုပါရိုက်ကူးတင်ဆက်ခဲ့ပါတယ် .............ဇာတ်လမ်းအကျဉ်း ---------------------- ကာတိုက တနေ့ ရထားဘူတာမှာ လူတစ်ယောက်ရထားလမ်းပေါ်ကို ပြုတ်ကျနေတာကြောင့်ဝင်ရောက်ကယ်ဆယ်ရင်း ကာ့တိုကို ကူညီတဲ့သူငယ်ချင်းဖြစ်သူ ခဲအိပါ ရထားတိုက်ခံခဲ့ရပါတယ်......ပုံမှန်ဆို သူတို့နှစ်ဦးဟာ သေဆုံးရမှာဆိုပေမယ့်သေရမယ့်အစား အခန်းငယ်တခုထဲကို ရောက်ရှိသွားခဲ့ပါတယ်...အခန်းထဲမှာလဲ သူတို့လိုဘဝတူလူတချို့ရှိနေပြီး ထူးဆန်းတဲ့စက်ဝန်းပုံ အလုံးတလုံးပါ အတူရှိနေပါတယ်....သိပ်မကြာခင်မှာပဲ အဲ့ဒီစက်လုံးကနေ သူတို့ကို မစ်ရှင်တခုခိုင်းခဲ့ပါတယ်..အဲ့ဒီမစ်ရှင်ကတော့ သူတို့ကို ကမ္ဘာပေါ်ရဲ့နေရာတခုက ဂြိုလ်သားတကောင်ကိုသတ်ခိုင်းတာဖြစ်ပြီး သတ်နိုင်တဲ့လူကို အမှတ်ပေးမှာဖြစ်ပါတယ်...သူတို့တွေ ဘာမှန်းမသိတဲ့ မစ်ရှင်တခုကို တူတူလုပ်ကြရင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကို အတော်လေးစိတ်ဝင်စားဖို့ကောင်းအောင်လဲ ဇာတ်အိမ်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့၂၀၁၀လောက်က Effectတွေဟာလဲ မညံ့ကြောင်းမြင်ရမှာပါ...ဒါကြောင့်မို့ ကျွန်တော်တို့ Channel MyanmarကနေGantzရဲ့ ရုပ်ရှင်လေးကားလုံးကို Qualityအကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ပါတယ် File ...
movie
Another Gantz(2011)
2011
6
Restart The Earth ( 2021 )
ကမ္ဘာကြီးမှာ အပင်တွေဟာ ရုတ်ချည်း သန္ဓေပြောင်းလဲကြီးမားလာပြီး လူတွေတိရိစ္ဆာန်တွေကို အာဟာရအဖြစ်စားသုံးကာ မြေနေရာရဲ့ ၉၃ရာခိုင်နှုန်းကိုဖုံးလွှမ်းသွားပါတော့တယ် အဲ့လိုကပ်ဘေးကြီးမှာ ယန်ဟောက် နဲ့ သူ့ရဲ့သမီးဟာနောက်ဆုံးအကြိမ်လွတ်မြောက်ရေးအဖွဲ့ထဲမှာပါမသွားဘဲ နှစ်ဦးတည်းအန္တရာယ်ဇုံထဲမှာ ကျန်ရစ်ခဲ့ပါတယ် အဲ့နောက်မှာ အစိုးရက ကပ်ဘေးမှလွတ်မြောက်ဖို့ တာဝန်တွေထမ်းဆောင်ရမဲ့ ပူးတွဲအဖွဲ့၄၇ဖွဲ့ကို ဖွဲ့စည်းပေးပြီးကမ္ဘာ့ နိုင်ငံအသီးသီးကို စေလွှတ်လိုက်ပါတယ် ၄၇ဖွဲ့ထဲကမှ C8683စစ်ဆင်ရေးအဖွဲ့နဲ့သူတို့သားအဖနှစ်ယောက် တွေ့ဆုံမိကြပြီး အကြောင်းအမျိုးမျိုးကြောင့်ပူးပေါင်းစစ်ဆင်ရေးလုပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့... သူတို့တစ်တွေအမျိုးမျိုးသော အန္တရာယ် အခက်အခဲတွေကြားမှာ ကိုယ်ကျိုးစွန့်ကာကမ္ဘာကြီးကို ဘယ်လိုတွေ အတူတူကယ်တင်ကြမလဲဆိုတာရင်တမမနဲ့ စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Quality : WEB-DL 1080pFormat : mp4During : 1h 29 minGenres : Drama , Sci-FiSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie
Restart The Earth ( 2021 )
7.2
Dikkiloona (2021)
Dikkiloona(2021) ---------------------- (1080pခဏနေ ရပါမယ်)Mendala ကားထဲက မင်းသားကြီးYogi Babu ပါဝင်သရုပ်ဆောင်ထားတဲ့Tamil Comedy ဇာတ်ကားသစ် ထွက်ရှိလာပါပြီခင်ဗျားမှာ Time Machine နဲ့ အချိန်ခရီးသွားဖို့အခွင့်အရေးရလာရင်ဘာလုပ်ကြမှာလဲအတိတ်ကိုရော အနာဂတ်ကိုပါ အချိန်ခရီးသွားလို့ရရင်ဘယ်အပိုင်းအခြားကို သွားဖြစ်ကြမလဲမီတာရုံးမှာ အလုပ်လုပ်တဲ့ မီးသမားလေး မာနီကတော့ဘဝမှာ ဖြစ်ခဲ့တဲ့ အန္တရာယ်အရှိဆုံးမတော်တဆမှုကြီးကို တားဆီးဖို့ အတိတ်ကို ပြန်သွားခဲ့ပါတယ်ဟော်ကီကစားသမားတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တဲ့ မာနီဟာလက်တွေ့မှာ မီးသမားပဲဖြစ်နေရတယ်ယောက္ခမအိမ်မှာလည်း သူနေရတာ အဆင်မပြေသလိုသူ့မိဘအိမ်ပြန်တော့လည်း ယောက္ခမနဲ့ချွေးမမတည့်ကြလို့စိတ်ဆင်းရဲမှုများစွာနဲ့ ဖြတ်သန်းနေရတဲ့ လက်ရှိဘဝကနေအတိတ်ကို ပြန်သွားပြီး ပြင်ဖို့ဆုံးဖြတ်ခဲ့တဲ့အရာက ဘာဖြစ်မလဲ??????Fiction Comedy ဇာတ်ကားဖြစ်လို့ တစ်ကားလုံးဒိုင်ယာလော့ အလန်းစားတွေနဲ့ ရယ်နေရမှာပါအဲ့ဒါကြောင့် မရယ်ရမှာ စိတ်မပူပါနဲ့Yogi Babu တစ်ယောက်ရော ဒီကားထဲမှာဘယ်လို Character နဲ့ ပါဝင်သွားဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ Amelia နဲ့ Jerrica တို့ပဲဖြစ်ပါတယ် File size…1.38GB/ 2.19Gb Quality…720p / 1080p ...
movie
Dikkiloona (2021)
2021
6.5
The Happening(2008)
The Happening(2008)အညွှန်း**************************မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီကားတော်တော်ဝင်ငွေကောင်းသလို အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ A Quiet Place , Bird Box တို့လို့ ဇာတ်ကားတွေကိုတော့ အတော်များများသိကြမှာပါ...တစ်မျိုးစီကောင်းကြတယ်ဆိုပေမဲ့ The Happening(2008) ရဲ့ လူသေခန်းတွေနဲ့ဖြစ်ရပ်တွေဟာအတော်ကြောက်စရာကောင်းပါတယ်...ကြည့်နေရင်း ကြက်သီးမွေးညင်းတွေထောင်ထလောက်အောင်ပါပဲ...ဆိုတော့ဒီကားဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိလောက်မှာပါ....A Quiet Palace ကတော့ ကြားလို့မရ BirdBox ကတော့ ကြည့်လို့မရ အမျိုးအစားပေါ့...ဒီကားကိုတော့ စပွိုင်လာဖြစ်နေမှာစိုးလို့ တခြားအရာတွေမညွှန်းတော့ပါဘူး..Mark Wahlberg လည်းပါတယ်..Suspense, thrill အဆန်ဆုံးစာရင်းဝင်လို့ဒီလိုကားမျိုးနှစ်သက်တဲ့သူတွေအတွက်တော့ KBZ Atm မှာ ၂သိန်းထုတ်တုန်း၁၀သိန်းလောက်တစ်ခါထဲထွက်တဲ့ ခံစားချက်မျိုးကို ရရှိစေမှာမို့လက်မလွှတ်သင့်ပါကြောင်း...File Size :(1.7GB) (910 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Mystery , Drama,Sci-Fi Subtitle : Myanmar Subtitle (Hard ...
movie
The Happening(2008)
6.2
Outlander (2008)
IMDb Rating (6.2)ဒီဇာတ်ကားလေးကတော့ Action , Adventure ,Sci-Fi အမျိုးအစား ဇာတ်ကြမ်းလေးပါ...ဇာတ်လမ်းလေးကလဲ ဗိုက်ကင်းခေတ်ကို ထူးခြားတဲ့ ပုံစံ တစ်မျိုးနဲ့ တင်ဆက်ထားတာပါမင်းသားတို့နေတဲ့ဂြိုလ်သားကမ္ဘာက ခေတ်လွန်နေပြီး တခြားဂြိုလ်တွေကို ကျူးကျော်ရေးလုပ်နေကြတာပါ...တစ်နေ့ မင်းသားတို့ အာကာသယာဥ်နဲ့ ခရီးသွားနေတုန်း မော်ဝီဆိုတဲ့ အကောင်ကြောင့်ကမ္ဘာပေါ်ကို အဲ့ဒီ့ယာဉ်ပျံကြီး ပျက်ကြလာခဲ့ပါတယ်....ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးက အဲ့ဒီချိန်မှာ ဗိုက်ကင်းခေတ်ပဲရှိပါသေးတယ်တဲ့...ဒီတော့ အာကာသကနေပါလာတဲ့ အကောင်ကြီးနဲ့ ဗိုက်ကင်းတွေ ဘယ်လိုဖိုက်ကြမယ်မင်းသားကရော ဗိုက်ကင်းတွေကြား ဘယ်လို Survive လုပ်မလဲဆိုတာ...သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ...Graphic ပိုင်းတွေ Setting ပိုင်းတွေလဲ ကောင်းမွန်သပ်ရပ်စွာဖန်တီးထားတာမို့ကြည့်လို့မိုက်နေမယ့် ဇာတ်ကြမ်းကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားတာပါ။) File size…(2 GB)/ (1.1 GB)/ (500 MB) Quality…BluRay 1080p /720p / 480p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Outlander (2008)
5.1
Zone 414 (2021)
Memento ထဲက မင်းသားကြီး Guy Pearce , Vikings နဲ့ Warcraft ထဲက မင်းသား Travis Fimmel နဲ့Revenge ဖိုက်တာဇာတ်ကားထဲက အီတလီမင်းသမီး Matilda Lutz တို့လို ဇာတ်ဆောင်တွေနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ဒေးဗစ်ကာမိုက်ကယ်ဟာ မရိန်းတပ်သားဟောင်းတဖြစ်လဲ ရဲစုံထောက်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမှုတစ်ခုနဲ့ထွက်လာခဲ့တဲ့နောက်ပိုင်း အလွတ်စုံထောက်အဖြစ်အသက်မွေးနေပါတယ်။တစ်နေ့တော့ သူ့ကို ဇုန် ၄၁၄ လို့ခေါ်တဲ့ လူသားအသွင်နဲ့စက်ရုပ်တွေရဲ့နယ်မြေ ရိုဘော့မြို့တော်လို့ခေါ်ကြတဲ့ နေရာကြီးကိုတည်ထောင်ထားတဲ့ မာလွန်ဗိဒ်ဆိုသူကဆက်သွယ်လာခဲ့ပြီး အဲ့ဒီဇုန်ထဲကိုထွက်ပြေးသွားခဲ့တဲ့ သူ့သမီးကို ရှာဖွေပြီးပြန်ခေါ်လာခဲ့ဖို့ အမှုအပ်လာပါတယ်။အဲ့ဒီဇုန်ထဲမှာ ပထမဆုံးတွေ့ဆုံရတဲ့သူကတော့ ဂျိန်းဆိုတဲ့ဖောက်သည်တွေဆန္ဒကို နည်းမျိုးစုံနဲ့ဖြည့်ဆည်းပေးဖို့တာဝန်ယူထားတဲ့စက်ရုပ်မလှလှလေးတစ်ယောက်ဖြစ်ပါတယ်။ ဗိဒ်သမီးရဲ့ ပျောက်ဆုံးမှုဟာ သာမန်အိမ်ပြေးမှုတစ်ခုအဖြစ်စတင်ခဲ့ပေမယ့် ရှုပ်ထွေးပွေလီတဲ့လူတွေရဲ့အကောက်ဉာဏ်၊ ရူးသွပ်မှု ၊ အတ္တတွေကြားမှာ သူတို့အတွက် အန္တရာယ်ဟာ ပိုမိုနက်ရှိုင်းလာပါတော့တယ်။မြင်နေတွေ့နေကျဇာတ်လမ်းမျိုးဖြစ်ပေမယ့် ပုံဖော်ထားတဲ့ CGI တွေ Cinematography အမိုက်စားတွေနဲ့အတူ 90s ဝန်းကျင်ကခေတ်စားခဲ့တဲ့စက်ရုပ်လူသားကားတွေ ခေတ်လွန်မြို့တော်တွေရဲ့ vibe မျိုး တစ်ခါတစ်လေ Blade runner လိုပုံစံမျိုးကိုတောင်ပြန်အမှတ်ရစေတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.7 GB) / (999 MB) / ...
movie
Zone 414 (2021)
5.2
The Sun Does not Move (2021)
The Sun Does not Move (2021)ဒီတစ်ခါတော့ ကြည့်ရခဲတဲ့ ဂျပန် သိပ္ပံအက်ရှင်ကား ပါ။ကြည့်ရခဲသလို အတွဲအစပ်ကလည်း ထူးခြားပါတယ်။Death Note ဇာတ်ကားတွေထဲက Kira လို့ အများသိထားကြတဲ့ မင်းသားကြီး Tatsuya Fujiwar နဲ့ My Teacher, My Love ထဲက မင်းသားချောလေး Ryoma Takeuchi တို့က ခေါင်းဆောင် မင်သားအနေနဲ့ ပါဝင်ထားပြီးတော့ မင်းသမီးကတော့ W :Two Worlds က မင်းသမီးချော Han Hyo Joo ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ခန္ဓာကိုယ်ထဲမှာ ၂၄ နာရီအတွင်း ပေါက်ကွဲပြီး သေစေနိုင်တဲ့ Chip အပြားလေးတွေကို ထည့်ထားရတဲ့ AN ဆက်သွယ်ရေးဆိုတဲ့ သတင်းအရောင်းအဝယ်လုပ်တဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သူလျှိုတွေဖြစ်တဲ့ Takano နဲ့ Taoka တို့နှစ်ယောက်ဟာ တိုးတက်လာတဲ့ နေစွမ်းအင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကိုယ်ကျိုးစီးပွားအတွက်လိုချင်နေကြတဲ့ နိုင်ငံပေါင်းစုံက အတော်ဆုံးသူလျှိုတွေနဲ့ အားပြိုင်ပြီး ဘယ်လိုရအောင်ယူမလဲဆိုတာကို ကြည့်ရှူရမှာ ဖြစ်ပါတယ်။ဘာသာပြန် ...
movie
The Sun Does not Move (2021)
2021
8.5
The Prestige (2006)
THE PRESTIGEIMDb (8.5/10) / Rotten Tomatoes (76%)ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ...
movie
The Prestige (2006)
2006
7.4
Limitless (2011)
မင်းသား Bradely Cooper နဲ့ မင်းသားကြီး Robert De Niro တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ ခုနှစ်ထွက် Limitless ဇာတ်ကားကို မကြည့်ဖူးချင်နေမယ် မသိတဲ့သူတော့မရှိလောက်ပါဘူး။Thriller, Action ဆိုတဲ့အတိုင်း ဇာတ်လမ်းကတော့ Fighting ခန်းများများစားစားမပါဘဲ သွက်သွက်လေးသွားပါတယ်။ဇာတ်လမ်းအကျဉ်းလေးနည်းနည်းလောက်ပြန်ပြောပါမယ်။ပိုက်ဆံကမရှိ ရည်းစားကပစ် အလုပ်ကအဆင်မပြေဖြစ်နေတဲ့ စာရေးဆရာ အက်ဒ်ဝက်မိုရာ အိမ်ခြေရာမဲ့ ပုံပေါက်တဲ့အထိ စုတ်ပြတ်နေလေရဲ့။လမ်းပေါ်မှာ လျှောက်သွားနေရင်း ဆေးရောင်းသမား ယောက်ဖဟောင်းနဲ့ ပြန်တွေ့တယ်။သူက ဆေးလုံးတစ်လုံးပေးတယ် NZT တဲ့။ ဦးနှောက်ရဲ့ ၁၀၀% ကို အသုံးချနိုင်အောင်လုပ်ပေးတဲ့ ဆေးလို့ပြောပြီး ဆေးရောင်းသမားထုံးစံ ပထမတစ်လုံးကို အလကားပေးသွားတယ်။အဲဒီတော့ ဘဝဆုံးပြီးလို့တွက်ထားတဲ့ အက်ဒီ ပေါက်တဲ့နဖူးထူးချင်ထူးလာမှာပဲဆိုပြီး သောက်ကြည့်လိုက်တော့ ညွန်းတဲ့အတိုင်း ဆေးကစွမ်းတာကိုသိလာတယ်။ဆေးနောက်ထပ်ရဖို့အသွား ယောက်ဖဟောင်းက သတ်ခံရပြီး သူကျန်ခဲ့တဲ့ဆေးတွေ ရလာတော့ စိတ်ကြိုက်သုံးပါလေရော။အရင်က စာတစ်လုံးမှ ခေါင်းထဲပေါ်မလာတဲ့ စာရေးဆရာ စာတစ်အုပ်လုံးကို ၄ ရက်နဲ့အပြီးရေးနိုင်လာတယ်။နောက်တော့ ...
movie
Limitless (2011)
2011
First
24
25
26
27
28
Last
Previous
Next