Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sci-Fi
7.3
Attack (2022)
အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။ File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie
Attack (2022)
2022
4K HEVC Web-DL
6.6
John Carter (2012)
WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie
John Carter (2012)
2012
1080p HEVC
6.6
The Running Man (1987)
ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie
The Running Man (1987)
4K HEVC
3.5
Dark Cloud (2022)
Dark Cloud (2022)ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ...Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration ...
movie
Dark Cloud (2022)
2022
6.2
Dual (2022)
Dual (2022)~ IMDb - 6.2/10, Rotten Tomatoes - 72% ~ဘာရောဂါနဲ့မှန်းမသိ သေတော့မယ့် ကောင်မလေးတစ်ယောက်ကို ဆရာ၀န်က သေဖို့သေချာနေပြီလို့ ပြောတော့ ကောင်မလေးက သူ့မှာ ဘာများရွေးချယ်စရာ ရှိသေးလဲလို့မေးတော့ ဆရာ၀န်ကပြန်ဖြေတယ်။ "မြေမြုပ်မလား မီးသင်္ဂြိုလ်မလား ရေထဲမျှောမလား ရွေးချယ်လို့ရပါတယ်"ဆိုပြီး သူသာဆို မြေပဲမြုပ်မယ့်အကြောင်း ဋီကာချဲ့ပြီးနောက် ကိုယ်သေသွားပေမဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွား အစားထားခဲ့လို့ရတဲ့အကြောင်း ကြော်ငြာစာရွက်ကလေးပေးလိုက်တယ်။ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားပွားပေးတဲ့ဆီ ကိုယ်ပွားသွားပွားတယ်။ Ethic စောက်ရမ်းရှိတဲ့ ဆရာ၀န်က ကိုယ်လုံးတီးဖြစ်နေတဲ့ သူ့ကိုယ်ပွားကို ဘူးသွားတာကလွဲ အားလုံးအဆင်ချောပါတယ်။ နောက်မှ ဆရာ၀န်က ဘာမှားလဲမသိပေမဲ့ မသေတော့ပါဘူး ကောက်လုပ်ပြန်တော့ ကောင်မလေးခဗျာ ကိုယ်ပွားကြီးအဖတ်တင်ပါရော။ ပြဿနာက ခုနကိုယ်ပွားက လူစစ်စစ်ပဲ။ စက်မဟုတ်ဘူး။ ဆိုတော့ သူ့ကိုဖျက်သိမ်းဖို့က သတ်ပစ်ရတာပဲ။ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားပွားလို့ မရတော့ တစ်ယောက်ပဲရှင်ရမယ်။ ...
movie
Dual (2022)
2022
8.4
Blade Runner 2049 (2017)
လောလောလတ်လတ်ထွက်ရှိလာတဲ့Blade Runner 2049(2017)ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ အရင် Blade Runner 2017(1982)ကားကို အခြေတည်ပြီး ထွက်ရှိလာတဲ့ ကားသစ်လေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားတွေနဲ့ ချွပ်စွပ်တူတဲ့ Replicantဆိုတဲ့ လူသားပုံတူတွေဟာ 2049မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။အဲ့ဒီမှာ K ဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာ Replicant ဗားရှင်းအဟာင်းတွေကို လိုက်သုတ်သင်ရင်း ထူးဆန်းမှုတစ်ခုကိုသိထားမိလာပါတော့တယ်။မီးဖွားထားတဲ့ လက္ခဏာနဲ့ Replicantအရိုးစုစက်ရုံကထုတ်လုပ်တဲ့ Replicantတွေက မျိုးပွားနိုင်သလားမွေးလာတဲ့ကလေးကရော ဘယ်မှာလဲOfficer Kကရောဘာလဲအရင်ကBlade Runner အရာရှိ ဒတ်ကတ်ကရောဘယ်မှာလဲ- စတဲ့ သိုလော့သို့လော မေးခွန်းတွေနဲ့ဇာတ်လမ်းကို အဆုံးထိဖမ်းစားနိုင်တဲ့ကားပါ။Rating မြင့်မြင့်နဲ့ သမာရိုးကျဇာတ်လမ်းတွေထဲက ခွဲထွက်လာတဲ့Mysteryကားကောင်းလေးကို ကြည့်ရှုလိုတဲ့ CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size…(2.2 GB)/(999 MB) Quality….Open Matte 1080p HEVC / 720p Format…mkv/mp4 Duration….02:43:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Thanhtike Zaw Translated by Aye Mon Kyaw
movie
Blade Runner 2049 (2017)
2017
8.2
Blade Runner (1982)
1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / ...
movie
Blade Runner (1982)
1982
6.3
Mondocane (2021)
Mondocane (2021) Dogworld လို့လည်း လူသိများတဲ့ ဒီဇာတ်ကားလေးဟာ အက်ရှင်ကား ကောင်းကောင်းလေးတွေမှ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ အီတလီ အက်ရှင် ဇာတ်ကားလေး ဖြစ်ပါတယ်။ဘုရားသခင်ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူငယ်ချင်း၂ ယောက် ပင်လယ်ထဲမှာ ငါးမျှားလိုက် ရေကူးလိုက်နဲ့ အိမ်ခြေရာမဲ့ လွင့်ချင်တိုင်း လွင့်နေခဲ့ကြတယ်။ သူတို့ရဲ့ အိပ်မက်က Ants ဆိုတဲ့ ဂိုဏ်းထဲကို ဝင်ပြီး လူမိုက်လုပ်ဖို့ပေါ့။တစ်နေ့ အခွင့်အရေးတစ်ခုက သူတို့ဆီ ဆိုက်ရောက်လာတယ်။ စတိုးဆိုင်တစ်ခုကို မီးရှို့ပေးပြီး Ants အဖွဲ့ထဲကို ဝင်ခွင့်ရသွားတယ်။ နယ်မြေရဲတွေကလည်း Ants အဖွဲ့ကို လိုက်ဖမ်းနေတာ ၁ နှစ်ရှိပြီ တည်နေရာကို မသိရသေးဘူး။ လူဆိုးဂိုဏ်းထဲကို ရောက်သွားတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ ဦးမှာ တစ်ဦးက လက်ရဲဇာက်ရဲ ဂိုဏ်းနဲ့ ကိုက်တယ်ပေါ့။ ကျန်တဲ့ တစ်ယောက်ကတော့ လူသတ်တာမျိုး ...
movie
Mondocane (2021)
2021
4.6
Firestarter (2022)
Firestarter (2022) 1980 တုန်းက ထွက်ခဲ့တဲ့ စတီဖင်ကင်း ၀တ္တုဖြစ်တဲ့ Firestarter ကို 1984 မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ခုတစ်ဖန် ၂၀၂၂မှာ Reboot ပြန်ရိုက်ထားတာပါ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ထဲပါတဲ့ ရုပ်ရှင်ပါပဲ။ Zac Efron လို နာမည်ကြီး မင်းသားလည်း ပါ၀င်သရုပ်ဆောင်ထားသလို အဓိကဇာတ်ကောင်ကလေးမလေးကလည်း ရုပ်ရှင်သမားအတော်များများ မြင်ဖူးကြလောက်မယ့်သူပါပဲ အရင်ကားအဟောင်းကိုပဲ တီးခတ်ပေးထားတဲ့ ဂန္ထဝင် Composer John Carpenter ကြီးကပဲ နောက်ခံဂီတကို တီးခတ်ပေးထားပါတယ်။သူကတော့ Horror, Science Fiction လို့ ရေးထားပေမဲ့ စူပါဟီးရိုးကား အရသာတော်တော်ရပါတယ်။ အဓိက ဇာတ်ကောင်ကလေးမလေးက မီးကိုထုတ်ချင်သလိုထုတ်လို့ရပါတယ်။ သို့ပေမဲ့ သူ့ပုံစံက X menထဲက ဂျင်းဂရေးနဲ့အတော်တူပါတယ်။ သူတို့လို စွမ်းအားတွေရဲ့ရင်းမြစ်က ဓာတုကွန်ပေါင်းတစ်မျိုးဖြစ်တာကြောင့် The Boys ထဲက ဟီးရိုးတွေနဲ့လည်း ...
movie
Firestarter (2022)
2022
6.2
Land of the Dead (2005)
Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့နောက် Old but gold zombie ကားကောင်းတစ်ကားကို CM fanတွေ မကြည့်ဖူးမရှိရအောင် တင်ဆက်ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်ဘေးတစ်ခုကြောင့် တစ်ကမ္ဘာလုံးက လူအများစု ဖုတ်ကောင်တွေ ဖြစ်သွားတဲ့နောက် လူကုံထံတွေက လုံခြုံရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီးနေထိုင်ကြပါတယ်၊ ကပ်ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲတွေကိုတော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုးတွေနဲ့ အနီးဆုံးမှာပဲ ပေးနေပါတယ်၊ ရိက္ခာကိုတော့ ကြေးစားလူစွန့်စားတွေကို ငှားရမ်းပြီး ဖုတ်ကောင်တွေပြည့်နေတဲ့ မြို့ပျက်ငယ်တွေမှာ ရှာဖွေခိုင်းပြီး အသက်ဆက်နေကြတာပါ။ရိုင်လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ ကြေးစားအဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာတော့ ဖုတ်ကောင်တွေက လမ်းလျှောက်တတ်တဲ့ လူသေကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်နေ့မှာတော့ ဆင့်ကဲပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသားတွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie
Land of the Dead (2005)
Corrective Measures (2022)
Corrective Measures (2022) (မူရင်းကိုက 1080p မထွက်တဲ့အတွက် 720, 480p နဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်)ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ...
movie
Corrective Measures (2022)
2022
(18+) Iron Girl: Final Wars (2019)
၂၀၁၂နဲ့ ၂၀၁၅ခုနှစ်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားရဲ့ အဆက်ဖြစ်ပြီးဒီဇာတ်လမ်းလေးကတော့ နောက်ဆုံးပိတ်ဖိုင်နယ်ရုပ်ရှင်ပဲဖြစ်ပါတယ်....ရှေ့ဇာတ်လမ်းတွေမှာ မပြီးဆုံးခဲ့တဲ့ နောက်ဆုံးတိုက်ပွဲကိုပုရိသတို့အကြိုက်မင်းသမီးKirara Asukaကသရုပ်ဆောင်ထားပြီး Action SciFiဇာတ်အိမ်နဲ့ဆိုတော့သဘောကျနှစ်ခြိုက်ကြဦးမယ့် ဇာတ်လမ်းတပုဒ်ပါပဲ....တချို့ဇာတ်ဝင်ခန်းတွေမှာ မင်းသမီးရဲ့ကောက်ကြောင်းပြေပြစ်ပုံတွေကိုရှင်းရှင်းလင်းလင်းချပြတင်ဆက်ထားမှုကြောင့်မိသားစုနဲ့တော့အတူမကြည့်သင့်တဲ့ဇာတ်လမ်းပါ.... File size…1.7GB / 700MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie
(18+) Iron Girl: Final Wars (2019)
2.6
Alien Sniperess (2022)
Alien Sniperess (2022)နာမည်ကတော့ဂျွတ်ဆင်ဗျ။ ဂြိုဟ်သားကားလိုလိုဘာလိုလို။ တကယ်လည်းဂြိုဟ်သားကားဟုတ်ပါတယ်။ ဂြိုဟ်သားတစ်ကောင်မှမပါတာလေးကလွဲရင်ပေါ့။ ဂြိုဟ်သားမပါတဲ့ဂြိုဟ်သားကားဆိုပေမယ့်လည်းဇာတ်လမ်းကတော့ ရှယ်မိုက်ပါတယ်။ နေထူးနိုင်ကားတွေလောက်ကိုမိုက်တာပါ။ အရမ်းကြည့်ချင်သွားပြီမလား။ဇာတ်လမ်းအကျဥ်းကတော့ တစ်ညမှာကမ္ဘာပေါ်ကိုဥက္ကာပျံတွေကြယ်ကြွေသလိုကြွေရင်းအဲဒီဥက္ကာပျံအပိုင်းအစတွေထဲမှာ လူတွေဆီဝင်ပူးပြီး သတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာအောင်လှုံ့ဆော်တဲ့ Virus တစ်မျိုးပါလာပါတယ်။ အဲဒီ ဂြိုဟ်သား Virus ကိုသတ်နိုင်တာကတော့ 5G ထက်မြန်တဲ့ KG ဖုန်းလိုင်းပါတဲ့ခင်ဗျာ။နီကိုးလပ်စ်ကေ့ချ်ရိုက်တဲ့ပေါကားတွေတောင်ဒီလောက်မပေါနိုင်တော့ပါဘူး။ မကောင်းတာတွေခဏထားပြီး ကောင်းကွက်လေးတွေပြောရရင်တော့ ဗီလိန်တွေကြမ်းလို့ဇာတ်အရမ်းနာပြီးလောင်နေရတာမကြိုက်တဲ့သူတွေ၊ ပေါ့ပေါ့ပါးပါးနဲ့ Adventure လည်းဆန်တာမျိုးကိုကြိုက်တတ်တဲ့သူတွေဆိုရင် အားလပ်ရက်မှာအပျင်းပြေကြည့်ဖို့တော့အဆင်ပြေပါတယ်။ ခုနကပြောခဲ့တဲ့အညွှန်းကလည်းအကုန်မဟုတ်ပဲအပေါ်ယံပဲပြောပြထားတာမို့ ကိုယ်တိုင်ကြည့်ရှုရမယ့် plot တွေအများကြီးကျန်ပါသေးတယ်။ ကျွန်တော့်အမြင်မှာပေါပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အမြင်မတူနိုင်တာကြောင့် ကိုယ်တိုင်လည်းကြည့်ရှုပေးကြပါဦး။IMDb Rating (2.6) ထိ ရရှိထားတာဆိုတော့ အလန်းပေါ့ဗျာ။ အကောင်းဆုံးအချက်ကတော့ ရုပ်ထွက်တွေကြည်တောက်နေတာပါပဲ။ File size…(2.6 GB)/(1.1 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo
movie
Alien Sniperess (2022)
5.5
Moonshot (2022)
Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie
Moonshot (2022)
2022
7.1
Captain Nova (2021)
Captain Nova 2021 IMDb 7.1Netflix မှာ အသစ်ထွက်ရှိလာတဲ့ နယ်သာလန်နိုင်ငံက ဒက်ခ်ျစကားပြော Adventure,Sci-Fi အမျိုးအစား ဒီဇာတ်ကားဟာ ထင်မထားရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပါ။Finch တို့ဘာတို့လို ဇာတ်လမ်းအေးအေးနဲ့ ဇိမ်ခံပြီးကြည့်ရမယ် ဇာတ်ကားအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ညောင်းညက်ညောပါတယ်။ဇာတ်လမ်းအကျဉ်လေးကို ပြောရမယ်ဆိုရင်ကမ္ဘာကြီးဟာ လူသားတွေရဲ့ လောဘကြောင့် ပူနွေးစုတ်ပြတ်ကပ်စိုက်နေတဲ့ ခေတ်ကာလတစ်ခုကနေ စပါတယ်။ ဒီလိုဖြစ်သွားစေရတဲ့အကြောင်းအရင်းကလည်း ကိုယ်နေတဲ့ကမ္ဘာကို ကိုယ်ပြန်ဖျက်စီးနေတဲ့ လူသားတွေကြောင့်ပဲဆိုပါတော့။ဒီတော့ ဒီလိုဖြစ်သွားတဲ့ကပ်ဆိုးကြီးကို ပြန်လည်ကယ်တင်ဖို့ နိုဗာဆိုတဲ့ အမျိုးသမီးလေးကို ဒီလိုကပ်ဆိုးကြီးစတင်ခဲ့ရာ အတိတ်တစ်ချိန်စီပြန်ပို့ရင်း၊ ပို့ရမယ့်နေရာနဲ့အချိန် သေးသေးလေး လွဲမှားကျရောက်သွားတဲ့အခါ ကမ္ဘာမြေပေါ်မှာ ဘယ်လိုအခက်အခဲတွေ ကြုံရမယ်၊ သူ့ကိုစေခိုင်းလိုက်တဲ့ မစ်ရှင်ကိုရော အောင်မြင်နိုင်ပါ့မလား၊ ဘယ်လိုမျိုး အလှည့်အပြောင်းတွေနဲ့ဆိုတာ......။ File size…(1.3 GB)/(550 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:25:o6 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie
Captain Nova (2021)
8.0
Solaris (1972)
Solaris (1972)တာကော့စကီးမှာ Features Film ၇ကားရှိတဲ့အထဲ Solarisနဲ့ Stalker နှစ်ကားပဲ Science Fictionပါ။ သူများဝတ္တုကို ရိုက်တာလည်း ဒီ၂ကားပဲ ရှိပါတယ်။ Solarisရဲ့ လက်ကျန်အတွေးစကနေ Stalkerဆက်ဖြစ်လာတယ်လည်း ပြောကြတယ်။ Solarisဟာ Stanisław Lemရဲ့ ဝတ္တုကိုရိုက်ထားတာဖြစ်ပြီး တာကော့စကီးနောက်မှာ Steven Soderberghက တစ်ခါရိုက်ခဲ့ပြီး ရူဆုခဲ ဟမဂုချိကလည်း သူ့ဆရာခိရိုရှိ ခုရိုဆ၀ အကြံပေးမှုနဲ့ ကျောင်းသားဘဝက ရိုက်ခဲ့ဖူးပါတယ်။ တာကော့စကီးရဲ့ Solarisကတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Sci-fiတွေထဲက ထိပ်ဆုံးစာရင်းဝင်ကားဖြစ်ခဲ့ပါတယ်။အကြောင်းအရာကတော့ ဆန်းသလိုလို မဆန်းသလိုလိုပါပဲ။ Solarisဆိုတဲ့ ဂြိုဟ်ကြီးကို လေ့လာတဲ့သူတွေရဲ့ အာကာသစခန်းထဲက အဖြစ်အပျက်တွေအကြောင်းပါပဲ။ သိပ္ပံအကြောင်းအရာတွေကလည်း တခြားဘယ်ကားမှာမှ မတွေ့ဖူးတဲ့ အဆန်းကြီးတွေပါပါတယ်။ တာကော့စကီး ရုပ်ရှင်ဆိုတော့ ကိုယ့်အတွေးကို ဒီသိပ္ပံဇာတ်အိမ်ထဲ ဘောင်ဘင်မခတ်တာ အကောင်းဆုံးပါပဲ။ကဗျာဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖို့နေရာလည်း ဟုတ်ပါတယ်။ တာကော့စကီးရုပ်ရှင်ဟာ ...
movie
Solaris (1972)
4.1
(18+)Dirty Blondes from Beyond(2012)
မိန်းကလေးတွေချည်းပဲရှိတဲ့ဂြိုလ်တွေ စကြာဝဠာကြီးထဲမှာရှိနေပါတယ်အဲဒီထဲမှာ Vulvian ဂြိုလ်နဲ့ Byfrexia ဂြိုလ်က ပြိုက်ဖက်ဂြိုလ်တွေဖြစ်နေပါတယ်တစ်နေ့မှာတော့ Byfrexia ဂြိုလ်ကရာသီဥတုဆိုးရွားတဲ့ဒါဏ်ကို အပြင်းထန်ခံစားရပါတယ်Byfrexia ဂြိုလ်အရှင်သခင်မက ပြိုင်ဖက်ဂြိုလ် Vulvian သခင်မဆီနည်းပညာအကူညီလှမ်းတောင်းပါတယ်Vulvian သခင်မကလည်းအကူညီပေးမယ်ဆိုပြီး ကတိပြုလိုက်ပါတယ်တကယ်တော့ အဲဒီကတိက လိမ်ညာကတိပါပဲသူ့ရဲ့ရည်ရွယ်ချက်ရှိနေပါတယ် အဲဒါကတော့ Byfrexia ဂြိုလ်ကိုကျူးကျော်ပြီးမင်းသမီးကိုလိုချင်လို့ပါပဲByfrexia ဂြိုလ်သခင်မကတော့ သူထင်သလိုဖြစ်မလာပဲ တိုက်ခိုက်ခံရမှန်းသိလာတော့ခြေဦးတည့်ရာ ပြေးရပါတော့တယ်ပြေးရင်းပြေးရင်းပဲ ယာဉ်ချို့ယွင်းပြီး ကမ္ဘာဂြိုလ်ပေါ်ဆင်းသက်လိုက်ရပါတော့တယ်အဲဒီအချိန်မှာပဲ သူတို့ မမြင်ဖူးပဲ ကြားဖူးနားဝရှိတဲ့ပေါင်သုံးချောင်းမျိုးစိတ်နဲ့စတွေ့ပါတော့တယ်တစ်ဖက်မှာလည်း သူတို့နောက်ကို သဲကြီးမဲကြီးလိုက်နေတဲ့Vulvian ဂြိုလ်သူမအဖွဲ့ကလည်း ရှိနေပြန်ပါတယ်ယာဉ်ပျံပြင်ဖို့ ပစ္စည်းတွေရှာရင်း မျိုးစိတ်သစ်နဲ့ ထူးဆန်းတဲ့အရာတွေကိုတဝကြီး လေ့လာတဲ့ အကိတ်ဂြိုလ်သူမတွေသူတို့ရဲ့ ထူးခြားတဲ့ခံယူမှုသူတို့ရဲ့အမြင် တွေက လိင်ပိုင်းဆိုင်ရာကိုဦးစားပေးထားခြင်းဖြစ်လို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး File size…1.3GB / 575MB Quality…1080p / 720p Format...mp4 Duration…. 1h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder…X Cross Translated by Ki Mu Chi
movie
(18+)Dirty Blondes from Beyond(2012)
2012
5.2
Without Ward (2022)
Without Ward (2022) ဇာတ်လမ်းအညွှန်းSci-Fi romantic ဇာတ်ကား အမျိုးအစားလေးတစ်ခုပါ။ အင်မတန်တော်တဲ့ တီထွင်သူ ဝေါ့ဒ်ဟာ လူတွေ ဟေ့စ်လို့ခေါ်တဲ့ ကိုယ်ပိုင် စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနိုင်ဖို့အတွက် ဆေးတစ်ခု တီထွင်ခဲ့တယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကစလို့ ငွေကြေးတတ်နိုင်သူတွေဟာ စည်းစိမ်တွေပုံအောပြီး အဲ့ဆေးကို သုံးခဲ့ကြတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ကမ္ဘာ့လူဦးရေ ၅၀% လောက်ဟာ အဲ့ဆေးကို သုံးပြီး ဟေ့စ်ထဲမှာပဲ ရှင်သန်ကြတော့တယ်။ အက်စကွိုင်ရာလို့ခေါ်တဲ့ သေနတ်ကိုင်ဆောင်ထားတဲ့ ရှေ့နေတွေက ဆေးသုံးသူတွေကို စောင့်ရှောက်ပေးဖို့ စာချုပ် မချိုးဖောက်ဖို့ ကြီးကြပ်ပေးရတယ်ပေါ့။တစ်ကမ္ဘာလုံးကို Contractualiam လို့ခေါ်တဲ့ အစိုးရ တစ်ရပ်က ချုပ်ကိုင်ထားတယ်။ တစ်နေ့ ဆေးကို တီထွင်သူ ဝေါ့ဒ်ဟာ ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်။ ဟေ့စ်ထဲမှာပဲ တစ်သက်လုံးနေပြီး မနိုးလာတော့ဘူးလို့ ယုံကြည်ခဲ့တဲ့သူတွေဟာ ဝေါ့ဒ်မရှိလို့ ဆေးပြတ်သွားပြီး လက်တွေ့ဘဝထဲမှာ နိုးလာကြတယ်။တစ်ချို့က ...
movie
Without Ward (2022)
5.0
After the Pandemic (2022)
After The Pandemic (2022)====================CM ရဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ After the Pandemic ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Virus outbreak ဖြစ်ခဲ့တဲ့အတွက်ကြောင့် လူပေါင်းသန်းချီသေဆုံးခဲ့ရာမှ တွေ့ရှိခဲ့ရတဲ့အချက်တစ်ချက်ကတော့ လူငယ်တွေကိုတော့ ရောဂါပိုးဟာ သက်ရောက်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီတော့ Elite အလွှာ လူတန်းစားများဟာ လူငယ်တွေရဲ့ ရောဂါခုခံနိုင်စွမ်းနဲ့ တိုက်ခိုက်နိုင်စွမ်းကိုရယူချင်တဲ့အတွက် လူငယ်တွေကို Lab ခန်းထဲမှာ analysis လုပ်ဖို့ ကြံစည်လာပါတယ်။လူငယ်တွေအတွက်တော့ အိမ်မက်ဆိုးကြီးပေါ့ အဲ့တော့ ထွက်ပြေးပုန်းရှောင် ကြတဲ့အတွက် လူငယ်တွေမရှိသလောက်နီးပါးဖြစ်သွားပါတယ်။ အယ်လီဟာလည်း ထိုအထဲမှတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ နောက်ကနေလိုက်ဖမ်းနေတဲ့ အစိုးရအဖွဲ့ဝင်တွေလက်ကလွတ်အောင် ကြိုးစားရင်းနဲ့ ကွင်းဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ရပြီး ဘယ်လိုအသက်ရှင်နေထိုင်ရမလဲဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်ခဲ့ရပါတယ်။ဒီဇာတ်ကားလေးဟာ virus outbreak ဖြစ်တဲ့အခြေအနေကိုရိုက်ကူးထားပြီး ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ရဲ့ survival အတွက်ကြိုးစားရပုံကို ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုဖို့တန်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုတာကိုညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah Theint ဖြစ်ပါတယ်)File Size - (1.35 GB) / (644 MB) / (424 MB) Quality – WEB-RIP 1080p / 720p/480p Duration - ...
movie
After the Pandemic (2022)
2022
5.5
Laguna Ave. (2021)
Laguna Ave. (2021) ဇာတ်လမ်းအညွှန်း ထူးထူးခြားခြား အဖြူအမည်းကာလာနဲ့ Science Fiction Genre ဖြစ်ပါတယ်။ ရက်ဆဲလ်ဆိုတာ လက်တစ်ဖက်မရှိတော့တဲ့ တီးဝိုင်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။ လောလောလတ်လတ် အလုပ်ပြုတ်ထားပြီး ဘဝကို စိတ်ပျက်ငြီးငွေ့စွာ ဖြတ်သန်းနေတဲ့သူပေါ့။ ပိုက်ဆံမရှိလို့ အိမ်လခကိုတောင် ရည်းစားဖြစ်သူ ရီတာက စိုက်ပေးနေရပြီး အလုပ်သစ်ရှာပေမဲ့ မရသေးလို့ လက်မှိုင်ချနေရသူပါ။ပြဿနာကတော့ သူတို့တိုက်ရဲ့ အောက်ထပ်ခန်းကို လူသစ်တွေပြောင်းလာရာက စတာပါပဲ။ ညဆို တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ အိပ်မရအောင်လုပ်တတ်တဲ့ အဲဒီလူသစ်နဲ့ ပတ်သက်မိခဲ့ရာကနေ ထူးဆန်းတဲ့ အာအီးဂျီဆိုတဲ့ အဖွဲ့အစည်းအကြောင်း သူ သိလာရတဲ့အခါ ...အဲဒီအဖွဲ့အစည်းက ဘာကြီးလဲ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုခံစားကြပါဦးစို့။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat ပါ။) File Size : 2.2GB, 901MB & 422MB Quality ...
movie
Laguna Ave. (2021)
2021
First
20
21
22
23
24
Last
Previous
Next