Channel Myanmar

Sci-Fi

7Aum Arivu (2011) 6.5
7Aum Arivu (2011) 7 Aum Arivu (2011)အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ...တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း...သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်..၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ ...
movie

7Aum Arivu (2011)

2011
Hidden(2015) 6.4
Hidden(2015) Hidden (2015)===========IMDb - 6.4/10 Rotten tomatoes - 80%ဒီကားကတော့ သည်းထိတ်ရင်ဖို post-apocalypse ရုပ်ရှင်တွေကိုမှကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကင်းစ်ဗီးမြို့မှာနေတဲ့ သာမာန်မိသားစုလေးဖြစ်တဲ့ ရေးလ်၊ ကလာရာနဲ့သူတို့ရဲ့သမီးလေး ဇိုဝီတို့ဟာ သူတို့ရဲ့မြို့ငယ်လေးမှာ ဗိုင်းရပ်စ်ကူးစက်တဲ့ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့အပြီးနောက်မှာ "ဘရီသာ" ဆိုတဲ့အမျိုးအမည်မသိသတ္တဝါတွေဆီကနေ ပုန်းနေဖို့အတွက် မြေအောက်ဗုံးခိုကျင်းထဲမှာပဲနေနေခဲ့ကြရတာ ရက်ပေါင်း 301 ရက်ရှိနေခဲ့ပါပြီ။ဒီအချိန်မှာသူတို့ရဲ့ ရိက္ခာတွေကိုလာခိုးတဲ့ ကြွက်တ‌စ်ကောင်ကို အကြောင်းပြုပြီးသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမဲ့ဖြစ်ရပ်ကြီးတခုဖြစ်သွားခဲ့ပြီးဘရီသာ" တွေကို သူတို့ရဲ့နေရာကိုဖော်ပြလိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ဒီတော့ "ဘရီသာ" ဆိုတဲ့ အမျိုးအမည်မသိသတ္တဝါတွေကပဲ သူတို့ကိုရှာတွေ့သွားမလား၊ "ဘရီသာ" တွေကရော ဘာသတ္တဝါတွေလဲ၊ ဗိုင်းရပ်စ်ကရောဘယ်လိုကူးစက်တာလဲ၊ သူတို့မိသားစုကရောလွတ်မြောက်သွားမှာလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ post-apocalypseဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ခင်ဗျ။ File size…1.16GB / 394MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 24m Genre ..... Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Hidden(2015)

Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
Tang And Me (2022) 5.5
Tang And Me (2022) Tang And Me (2022)နည်းပညာတွေ တိုးတက်မြင့်မားလာပြီး အနာဂတ်နဲ့ မဝေးတော့တဲ့ကာလမှာ လူသားတွေရဲ့ နေ့စဉ်ကိစ္စတွေကို အကူအညီပေးဖို့ လှပကျော့ရှင်းတဲ့ စက်ရုပ်တွေလည်း ကိုယ်စီကိုယ်စီရှိနေကြပါပြီ။ ဒီလိုခေတ်ကြီးထဲမှာ တန်ဂ်ဆိုတဲ့ ဟောင်းဟောင်းနွမ်းနွမ်း ရိုးရိုးယဉ်ယဉ်စက်ရုပ်လေးဟာ စက်ရုပ်တွေမှာမရှိတဲ့ စိတ်ခံစားချက်တွေရှိနေပါသတဲ့။တစ်နေ့ ကန် တို့မိသားစု အိမ်နောက်ကခြံလေးကို စက်ရုပ်လေးတန်ဂ် ရောက်လာတယ်ပေါ့နော်။ ကန် ဆိုတာက အလုပ်သင်ဆရာဝန်လုပ်ရင်း အကြောင်းကိစ္စတစ်ခုကြောင့် ဆေးပညာလောက ကနေ အနားယူပြီး အလုပ်မလုပ်ဘဲ အိမ်မှာပဲတစ်နေကုန် ဂိမ်းဆော့အချိန်ဖြုန်းနေသူပါ။ဇနီးဖြစ်သူ အဲမီဟာ ရှေ့နေအလုပ်လည်းလုပ်၊ အိမ်အလုပ်လည်းလုပ်ပြီး မိသားစုကိုဦးဆောင်နေသူ၊ ခင်ပွန်းသည်ကိုလည်း အလုပ်လေးတစ်ခုလောက်ဖြစ်ဖြစ် လုပ်စေချင်သူပေ့ါ။ကန် တစ်ယောက် အလုပ်အင်တာဗျူး မသွားတာကို အဲမီသိသွားတဲ့အခါမှာ‌တော့ စိတ်ဆိုးပြီး အိမ်ကမောင်းချလိုက်ပါတော့တယ်။ ဒီလိုနဲ့ အဲမီ စိတ်ဆိုး‌နေတာချော့ဖို့ သူမ လိုချင်တဲ့ စားဖိုမှူးစက်ရုပ်ကို တန်ဂ်နဲ့ လဲလှယ်ယူဖို့ဆိုပြီး ကန်နဲ့တန်ဂ်တို့ ခရီးကို စတင်ခဲ့ပါတော့တယ်။လမ်းခရီးမှာဘာတွေဆက်ဖြစ်ကြမလဲ? တန်ဂ်ရဲ့ ပုံပြင်ကရောဘယ်လိုမျိုးလဲ? စတာတွေကို ပေါ့ပေ့ါပါးပါးလိုက်ပါခံစားလို့ရမယ့်အပြင် ...
movie

Tang And Me (2022)

2022
Dr. 56 (2022) 9.4
Dr. 56 (2022) Dr. 56 (2022) Crime, Mystery. Sci-Fi IMDb 9.4/10 (2.1K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကန်နန်ဒါးဘာသာစကားပြော မှုခင်းစုံထောက်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဒီကားမှာ ကနဦးအနေနဲ့ လူသတ်မှုတစ်ခုကနေ စတင်ထားပါတယ်။ အသတ်ခံရတဲ့ ကောင်မလေးနာမည်ကတော့ နန်ဒီပေါ့။ ဒါပေမဲ့ ဆန်းတာက လူသတ်သမားဟာ နစ်နာသူကို ခေါင်းတည့်တည့်ရိုက်ထည့်ပြီးတာတောင် မေ့ဆေးသုံးပြီး ပြန်ပေးဆွဲပါတယ်။ဒါတင်မသတ်သေးဘဲ နာရီပေါင်းများစွာ နှိပ်စက်ခဲ့ပြီးမှ သတ်ဖြတ်ပစ်ပြီး အိမ်တစ်အိမ်ရဲ့အရှေ့မှာ လာစွန့်ပစ်သွားတတ်ပါတယ်။သူသတ်တဲ့လူဟာ ဆရာဝန်တွေဖြစ်ကြပြီး အလောင်းလာစွန့်ပစ်တဲ့အိမ်ကလည်း ဆရာဝန်ရဲ့အိမ်တွေဖြစ်နေပါတယ်။ဒီလိုနဲ့ နောက်ထပ်လူသတ်မှုတွေဆင့်ကဲဖြစ်ပေါ်လာခဲ့ပါပြီ။တရားခံဟာ ဘယ်သူဖြစ်နေမလဲ...။ File size…1.5GB / 705MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye
movie

Dr. 56 (2022)

2022
Don’t Look Deeper (2022) 5.6
Don’t Look Deeper (2022) Don't Look Deeper (2022)2020 က ထွက်ခဲ့တဲ့ Short film လေးကို အခြေပြုပြီး ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်း ...ကယ်လီဖိုးနီးယားက အအီရှာတို့တက်နေတဲ့ မက်ဂနက်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် လူနဲ့တူတဲ့ စက်ရုပ်တွေထားကြတယ်။ စက်ရုပ်တွေဟာ ကုမ္ပဏီတစ်ခုရဲ့ လက်အောက်မှာပဲရှိပြီး သူတို့ သတ်မှတ်ရေးသားထားတဲ့ ပရိုဂရမ်အောက်မှာပဲ ထားကြတယ်။တစ်နေ့ အအီရှာရဲ့ ချစ်သူလီဗိုင်ဟာ cheat code ကိုအသုံးပြုပြီး အမ်မာဆိုတဲ့စက်ရုပ်ကို bj ပေးခိုင်းနေတာကို အအီရှာကတွေ့သွားတယ်။ အအီရှာလည်း ချစ်သူရှိလျက်နဲ့ ဒီလိုလုပ်နေတဲ့ ဘဲကို စိတ်ဆိုးပြီးတော့ ပါတီပွဲမှာသွားကဲတယ်။ ပါတီပွဲမှာ ကေလာဆိုတဲ့ ကောင်းလေးတစ်ယောက်နဲ့ ဘုမလို့ လုပ်နေတုန်းမှာ လီဗိုင်နဲ့တွေ့ပြီး ပြဿနာတွေဖြစ်ကြတယ်။စိတ်ဆိုးဆိုးနဲ့ အအီရှာတစ်ယောက် အရက်တွေတ အားသောက်ပြီး မူးလဲသွားရာကနေ နောက်နေ့မနက်လည်းရောက်ရော သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေတွေ့လိုက်ရတယ်။ဒါပေမယ့် သူဟာ လူသားတစ်ယောက်လိုမဟုတ်တော့ဘဲ စက်ရုပ်ခန္ဓာကိုယ်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ...
movie

Don’t Look Deeper (2022)

2022
Mars Attacks! (1996) 6.4
Mars Attacks! (1996)  နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / ...
movie

Mars Attacks! (1996)

RoboCop (1987) 7.6
RoboCop (1987) RoboCop (1987)=============== Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက်Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကိုကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ဒက်ထရွိုက်ရဲဌာနကို မာဖီ‌ဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုးဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက်ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာသေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက်သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက်အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရောပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရောရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုလိုက်ကြပါ။  File size…1.98GB / 733MB Quality…Blu-Ray ...
movie

RoboCop (1987)

Phantoms (1998) 5.4
Phantoms (1998) Phantoms (1998)မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ...လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl ...
movie

Phantoms (1998)

1998
[18+]The Invisible Maniac (1990) 4.1
[18+]The Invisible Maniac (1990) The Invisible Maniac (1990) ====================ငယ်ငယ်လေးကတည်းက တဏှာရူးတဲ့ ဉာဏ်ကြီးရှင်ကောင်လေးကို သူ့အမေက ထိုညစ်ညမ်းတဲ့စိတ်တွေပျောက်သွားအောင် 'မ'မုန်းတီးရေး စိတ်ဓာတ် ရိုက်သွင်းခဲ့ရပါတယ်။ အရွယ်ရောက်ပြီး သိပ္ပံပညာရှင်ဖြစ် လာတဲ့နောက်မှာတော့ ကိုယ်ပျောက်ခြင်းနဲ့ပတ်သတ်တဲ့ သီအိုရီတွေ၊ လေ့လာမှုတွေ၊ စမ်းသပ်တီထွင်မှုတွေလုပ်ခဲ့ပြီး အောင်မြင်လုစဲစဲထိ ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်ဘဲ ရာဇဝတ်ပြေးတစ်ယောက်ဖြစ်ခဲ့ရပြီးနောက်မှာတော့ ကျောင်ဆရာဘဝနဲ့ စကီလေးတစ်သိုက်ကို စာသင်ပေးရင်း နာမည်ဖွက် နေထိုင်ခဲ့ပါတယ်။ ထိုကျောင်းမှာပဲ သူလုပ်နေတဲ့ စမ်းသပ်မှုတွေကို ဆက် လုပ်ပြီး စကီလေးတွေအပေါ်ဘယ်လိုစိတ်တွေဖြစ်မိမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ရှင်းရှင်းဘွင်းဘွင်းပြသထားပြီး သတ်ဖြတ်ခန်းတွေပါမယ့် ၁၉၉၀ခုနှစ်က 18+စိတ္တဇလူသတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size..........(2.38 GB) / (846 MB) / (424 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror, Sci-Fi Translator.......ZMT Encoder..........Admin X
movie

[18+]The Invisible Maniac (1990)

Deep Impact (1998) 6.2
Deep Impact (1998) Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deep Impact (1998)

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002
Twelve Monkeys (1995) 8.0
Twelve Monkeys (1995) [Unicode]12 Monkeys (1995)ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို ...
movie

Twelve Monkeys (1995)

Churuli (2021) 7.1
Churuli (2021) IMdb Rating (7.1)ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ...
movie

Churuli (2021)

They Nest (2000) 5.7
They Nest (2000) They Nest (2000)==============ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးကခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့်လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူကဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကိုထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူကသူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေးကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းကသေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကိုချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ဇာတ်ကားထဲမှာ ...
movie

They Nest (2000)

War Of The God Monsters (1985) 4.2
War Of The God Monsters (1985) ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း ...
movie

War Of The God Monsters (1985)

Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Gattaca (1997) 7.8
Gattaca (1997)  သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ်အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ...Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude ...
movie

Gattaca (1997)

Something in the Dirt (2022) 6
Something in the Dirt (2022) Something in the Dirt (2022)Sci-Fi ဇာတ်လမ်းတွေကိုနှစ်သက်သူတွေ ကြည့်စရာဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ "Something in the Dirt" ပါ။ ဒီဇာတ်ကားက ကိုဗစ်၁၉ လော့ခ်ဒေါင်းကာလမှာ ဒါရိုက်တာအိမ်မှာပဲ လူဆယ့်နှစ်ယောက်လောက်နဲ့ရိုက်ကူးထားတာမို့ ဘတ်ဂျက်မူဗီအနေနဲ့ကတော့ တော်တော်အရည်အသွေးမှီတဲ့ဇာတ်လမ်း နဲ့ရိုက်ချက်တွေပါပဲ။ဒီကမ္ဘာကြီးမှာ ဘယ်သူမှမဖြေရှင်းနိုင်တဲ့ပဟေဋိတွေအများကြီးပါ ဥပမာ ကွင်းဆက်လူသတ်သမား ဂျက်ရစ်ပါကဘယ်သူလဲ JFK ကိုဘယ်သူသတ်တာလဲ ပိရမစ်တွေကဘာအတွက်ဘယ်လိုတည်ဆောက်ခဲ့လဲစသဖြင့်ပေါ့။ဒီဇာတ်လမ်းမှာတော့ လီဗိုင်ဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အိမ်အသစ်တစ်ခုကိုပြောင်းလာပါတယ်။ သူကဘားမှာအလုပ်လုပ်သူဖြစ်ပြီး သူ့ဘဝကဘာမှအဓိပ္ပါယ်မရှိပဲလွင့်မြောနေသူ ဆိုပါတော့။ သူပြောင်းလာတဲ့တိုက်ခန်း၊ ဘာမှမရှိတဲ့တိုက်ခန်းထဲမှာ ဘာမှမထူးခြားတဲ့နေ့လည်ခင်းတစ်ခုမှာ အပေါ်ကပြောခဲ့သလိုမဖြေရှင်းနိုင်တဲ့ပဟေဋိမျိုးနဲ့ကြုံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့အိမ်နီးချင်းကလဲရှိနေတယ် ပြီးတော့ဒါကသရဲခြောက်တာလို့သူတို့ထင်တော့ သူတို့နှစ်ယောက်ပေါင်းပြီးဒါကိုမှတ်တမ်းဗီဒီယိုရိုက်မယ် ပြီးရင်နက်ဖလစ်မှာ ရောင်းစားကြမယ်ပေါ့။ ဒါပေမဲ့တကယ်တမ်းကျတော့ ဒါကသရဲခြောက်တာမဟုတ်ဘဲ သိပ်နက်နဲတဲ့ပဟေဋိဖြစ်နေတော့ အခုမှတွေ့တဲ့သူစိမ်းအိမ်နီးချင်းနှစ်ယောက် ဘာတွေများရှာတွေ့ဦးမလဲ သူတို့ရဲ့မှတ်တမ်းတင်ရုပ်ရှင်ကိုရော နက်ဖလစ်မှာ မကြာခင်ကြည့်ရတော့မလားဆိုတာ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Sci-fi Quality…. 1080p | 720p | 480p File size… Format… mp4 Duration….1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ...
movie

Something in the Dirt (2022)

2022
Yashoda(2022) 8.4
Yashoda(2022) Yashoda (2022)IMDb-8.3/10ဒီတစ်ခါတော့ ဇာတ်လမ်းအစတည်းက ရှုပ်ထွေးမှုတွေ မြှုပ်ကွက်တွေနဲ့ အစပြုထားတဲ့ ကားလေးတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအစမှာ -‌‌ဟောလိဝုဒ်အကျော်အမော်မင်းသမီးဟာ အိန္ဒိယလာပြီး ထူးထူးဆန်းဆန်းသေဆုံးသွားခဲ့တယ် -အိန္ဒိယရဲ့ သူဌေးကြီးတစ်ဦးဟာ သူ့ချစ်သူ Miss India Pageant က ထိပ်တန်းမော်ဒယ်တစ်ဦးအာရူရှီနဲ့အတူ ကားအက်ဆီးဒင့်နဲ့ သေဆုံးသွားခဲ့တယ် ဒီလို အကျော်အမော်နှစ်ဦးကားအက်ဆီးဒင့်ဖြစ်သေဆုံးရတာဟာ သွေးရိုးသားရိုးလား နောက်ကွယ်က အကြောင်းအရင်းတွေရှိနေလားဆိုတာ အားလုံးကသိချင်နေကြပါတယ် လိုက်စစ်ဆေးရင်း အာရူရှီဟာ ကြော်ငြာတွေလက်မခံခင်စစ်ဆေးတတ်တဲ့သူ ဖြစ်ကြောင်းတွေ့ရှိခဲ့တယ် သူ့ရဲ့ မေးလ်တွေထဲကနေ ပစ္စည်းတစ်ခုဟာသံသယဝင်စရာကောင်းတာမို့ စာချုပ်မချုပ်ဖို့ သတိပေးထားတဲ့ မေးလ်တစ်ခုတွေ့ရှိခဲ့တယ် အဲဒီပစ္စည်းဟာ နိုင်ငံအကြီးအကဲတစ်ယောက်နဲ့ ဆက်စပ်သူထုတ်လုပ်တဲ့ပစ္စည်း-တစ်ဖက်မှာလည်း ယာရှိုဒါဟာ သူ့ညီမလေးခွဲစိတ်ခအတွက် အငှားကိုယ်ဝန်ဆောင်ပြီးဖြေရှင်းဖို့ လုပ်နေပါတယ် ဒီမှာလည်း သူ့ရဲ့သားအိမ်အားနည်းချက်ကြောင့် ကိုယ်ဝန်ကို ဒီတစ်ကြိမ်ပဲဆောင်ခွင့်ရတော့မယ်ဆိုတာကို ဆရာဝန်ကထိမ်ချန်ထားပါတယ် ဗိုက်ထဲက ကလေးအတွက် အမည်မသိနေရာတစ်ခုမှာ အသုံးအဆောင်အပြည့်အစုံနှင့် နေရာတစ်ခုမှာ ပိတ်ခံထားရတယ် အဲဒီနေရာကလည်း ဆရာဝန်တွေ ကြီးကြပ်သူတွေ အစောင့်တွေနဲ့ မဝင်ရဇုန်တွေ လျှို့ဝှက်ချက်တွေနဲ့ နေရာကြီးဖြစ်နေတယ်ဒီဖြစ်ရပ်တွေအားလုံး အချိန်နေရာ‌ဒေသအသီးသီးမှာဖြစ်တည်ခဲ့ပေမယ့် ဘယ်လိုဆက်စပ်မှုတွေရှိနေမလဲဇာတ်လမ်းအစတည်းက ဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားအတွက် အညွန်းထက်ကြည့်ဖြစ်အောင်ကြည့်ကြည့်ဖို့ပဲ တိုက်တွန်းချင်ပါတယ် File size…3.8GB / 1.8GB ...
movie

Yashoda(2022)

2022
4K HEVC