Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Sci-Fi
4.4
(18+)Rusted Body: Guts of a Virgin III (1987)
Rusted Body: Guts of a Virgin 3 (Gômon kifujin) (1987) Female Inquisitor 1987စစ်ကြီးပြီးသွားတော့ လူတွေက ဦးရာလူစနစ်နဲ့ ရသလောက်အနိုင်ကျင့်နေကြတဲ့အချိန် ပိုက်ဆံအများကြီးပိုင်ထားတဲ့သူတွေ မလုံခြုံတဲ့အချိန်...သူတပါးပိုင်ဆိုင်တဲ့ပိုက်ဆံတွေကို ငမ်းငမ်းတက်လိုချင်နေတဲ့ ဂိုဏ်းတဂိုဏ်းရှိနေပါတယ် အဲဒီဂိုင်းက ရက်စက်လွန်းလို့ နာမည်ကြီးလှပါတယ် အဓိက ဦးဆောင်နေတာက မထင်ရက်လောက်အောင် လှပချောမောတဲ့ အမျိုးသမီးနှစ်ဦး ဦးဆောင်ထားတယ်သူတို့နှစ်ယောက်က ညှင်းပန်းနည်းတွေက ကြောက်စရာကောင်းလှတယ် တနေ့ သူတို့ ယန်း သန်း ၁၄၀ အနံ့ရပြီးလိုက်ကြတဲ့အခါ သူတို့ရဲ့ ညှင်းပန်းမှုတွေက ခက်ထန်သလို နူးညံ့တာလေးတွေရော ရောယှက်နေတာ မမကြီးတစ်ယောက်နဲ့ အရွယ်ငယ်ကောင်မလေးတယောက်ရဲ့ အတိုင်ဖောက်ညီညီ သတင်းလိုက်တာလေးတွေက DS Fans တွေအကြိုက်ဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ် File size…1.45GB / 604MB Quality…1080p BluRay /720p Format…mp4 Duration….1h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie
(18+)Rusted Body: Guts of a Virgin III (1987)
1987
The Black Demon (2023)
မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie
The Black Demon (2023)
5.7
Natural City (2003)
Natural City (2003)မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေဟာ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းဖို့အတွက် စက်ရုပ်တွေကို မှီခိုလာကြပါတယ်။ လူသားတွေနဲ့ စွမ်းဆောင်ရည်တူအောင် ထုတ်လုပ်ထားတဲ့ အဆိုပါ ဆိုင်ဘော့ စက်ရုပ်တွေဟာ သုံးနှစ်သာ သက်တမ်းရှိကြပြီး သက်တမ်းပြည့်တဲ့အခါ ဖျက်ဆီးစွန့်ပစ်ရုံကို ပို့ဆောင်ခံရမှာပါ။ဒါပေမဲ့ စမ်းသပ်ပေါင်းစည်းသူ ပညာရှင်တွေဟာ လူသားတွေနဲ့ ဆိုက်ဘော့စက်ရုပ်တွေရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်တဲ့ လုပ်ငန်းစဉ်ကို တီထွင်ခဲ့တဲ့အခါ တင်းကျပ်စွာ ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းမှာ အပျက်အစီးတွေ စတင်ဖြစ်ပေါ်လာပါတယ်။တိုက်ခိုက်ရေး ဆိုက်ဘော့တွေဟာ သူတို့ရဲ့ သုံးနှစ်တာသက်တမ်းကို ရှည်ကြာစေမယ်လို့ ယူဆရတဲ့ DNA နမူနာကို ရှာဖွေဖို့ ပင်မဓာတ်ခွဲခန်းကို ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ ...အဆိုပါ ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ရဲအရာရှိတွေဖြစ်ကြတဲ့ R နဲ့ Noma တို့က ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမလဲ? အဆုံးသတ်မှာရော လူသားတွေနဲ့ ဆိုင်ဘော့ကြားမှာ ဘယ်သူက အနိုင်ရသွားနိုင်မလဲ?ဒီရုပ်ရှင်ဟာ Blade Runner နဲ့ ...
movie
Natural City (2003)
2003
5.8
Mira (2022)
Mira (2023)ရုရှား သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်ကိုတင်ပေးထားပါတယ်။ ဇာတ်လမ်းရော ရုပ်ရှင်ဆက်တင်တွေရောအတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ လေကြောင်းအင်ဂျင်နီယာအာရာဘော့ဗ်ဟာ အာကာသစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့မှာ ဗာလဲရာဆိုတဲ့ သမီးလေးတစ်ယောက် ကမ္ဘာပေါ်မှာ ကျန်ခဲ့တာပေါ့။ အာကာသစခန်းဟာ ကမ္ဘာရဲ့ဘေးကနေ ရှားရှားပါးပါး ဧရာမဥက္ကာခဲကြီးတစ်ခုဖြတ်သွားတာကို စောင့်ကြည့်နေတာပါ။ တွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ဥက္ကာခဲအပိုင်းအစတွေ ကျနိုင်ချေ မရှိသလောက်နည်းတာမို့ ကမ္ဘာပေါ်ကလူတွေကလည်း ဓာတ်ပုံတွေရိုက်ဖို့ ကြည့်ဖို့ စောင့်နေကြပါပြီ။ ဒါပေမဲ့ ထုံးစံအတိုင်း ဥက္ကာအပိုင်းအစတွေ ကမ္ဘာပေါ်ကျကိုကျလာတာပါပဲ။ ကမ္ဘာပေါ်တင်မက ဥက္ကာအပိုင်းအစတွေက အာကာသစခန်းကိုလည်း လာထိမှန်တာမို့ စခန်းလည်းပျက်စီးသွားခဲ့ပြီးအာရာဘော့ဗ်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ သူ့သမီး ဗာလဲရာ ရှိတဲ့မြို့လည်းပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ သူ့သမီးကို အာကာသစခန်းက နောက်ဆုံးလက်ကျန်စွမ်းအင်လေးနဲ့ ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရမှာပါ။ Survival ရုပ်ရှင်အမျိုးအစားမို့ လက်နက်ဆန်းတွေ ဂြိုလ်သားတွေမပါဘဲ ကပ်ဘေးကြီးထဲမှာ အသက်ရှင်ဖို့ ကြိုးစားရတာတွေကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Adventure, Drama, Sci-fi Quality…. 1080p | 720p | 480p File size… 1.8Gb | 976MB ...
movie
Mira (2022)
2022
5.1
Robots (2023)
Robots (2023) ===========ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.24 GB) / ...
movie
Robots (2023)
2023
5.5
Discontinued (2022)
Discontinued (2022)~ Rotten Tomatoes - 89% ~ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ အနာဂတ်မျိုးနွယ်စုတစ်ခုက ဖန်တီးကြိုးကိုင်ထားတဲ့ Simulated Reality တစ်ခု ဖြစ်နေမယ်လို့ တွေးဖူးကြတယ်မလား..အနာဂတ်လူသားတွေဟာ Variables တွေ ပြောင်းလဲသွားရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို စမ်းသပ်ဖို့ Simulation ဘီလျံပေါင်းများစွာ ဖန်တီးခဲ့ပြီးတော့ ကျွန်တော်တို့ကမ္ဘာဟာ အဲဒီဘီလျံပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီကမ္ဘာကြီးက တကယ်ပဲ Simulated Reality ဖြစ်တယ်ဆိုတာကို အဆိုပါ Creators တွေက လူသားအားလုံးကို အသိပေးလိုက်တယ်။ ပြဿနာက အဲဒီ Simulation ကြီးက တစ်ပတ်အတွင်း ရပ်တန့်သွားတော့မှာ။ Creators တွေက လူသားတွေအတွက် ရွေးချယ်စရာ ၂ခုပေးတယ်။မင်းတို့သိခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အရာအားလုံး မရှိတော့ပဲ လူက ထိန်းချုပ်စရာမလိုတဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး ရှင်သန်ဖို့ကြိုးစားမလား ...
movie
Discontinued (2022)
2022
5.3
The Stepford Wives (2004)
The Stepford Wives (2004)မိန်းမတွေက အိမ်ထောင်ရေးနိုင်နင်း (ပြောချင်တာက ထမင်းချက် သန့်ရှင်းရေးလုပ် အိမ်အလုပ်တွေအကုန်လုပ် ကလေးတွေကိုထိန်း ဂရုစိုက်)၊ ယောက်ျားတွေက စီးပွားရှာ ပြန်လာတဲ့အချိန်မှာ ယောက်ျားကို အပြုံးမျက်နှာနဲ့ ပျော်စရာတွေအပြည့်နဲ့ ပြေးကြို လိုအပ်တာတွေလုပ်ပေး အဲဒါမျိုးကို လူတိုင်းလိုချင်ကြမှာပေါ့။ဒါပေမဲ့ ဖြစ်နိုင်ပါမလား။ စိတ်ကူးယဉ်ပုံပြင်တွေထဲက ပြီးပြည့်စုံပြီး ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ အပြင်မှာရော တကယ်ရှိနိုင်ပါမလား။ ထက်လွန်းတဲ့ မိန်းမတွေကို ရထားတဲ့ ယောက်ျားတွေက ဖောက်ပြန်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ပြောကြတယ်။ အဲဒီတော့ အိမ်ထောင်ရေးသာယာဖို့ဆိုတာ မိန်းမတွေက ယောက်ျားတွေထက် မတော်မှဖြစ်တော့မှာပေါ့လို့ ပြောစရာဖြစ်လာရော။ ခပ်တုံးတုံးမိန်းမတွေပဲ အိမ်ထောင်ပြုလို့ ရမယ်ဆိုတဲ့ ကောက်ချက်ကြီးက တော်တော်လေးကို အဆင်မပြေတာပါ။ ဒါပေမဲ့လည်း အိမ်ထောင်ရေးဆိုတာက အများကြီးရှုပ်ထွေးပြီး နားလည်ရခက်ပါတယ်။ အပြန်အလှန်နားလည် ကူညီဖေးမ ထောက်ပံ့နေကြရင် အဆင်အပြေဆုံးဖြစ်နိုင်လောက်တယ် ဆိုတာကလွဲပြီး ဘာမှဝင်မပြောတော့ပါဘူး။ဒီဇာတ်ကားမှာတော့ အိမ်ထောင်ရေးဆိုတဲ့အပိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တော်နေတတ်နေရုံနဲ့ ...
movie
The Stepford Wives (2004)
2004
6.0
The Pink Cloud (2021)
The Pink Cloud (2021) ================= IMDb Rating - 6.0/10တစ်ညလောက်လေးပဲအတူနေခဲ့ရတဲ့ ဂျိုဗားနားနှင့် ယာဂိုတို့ နှစ်ယောက်၊ ထိတွေ့မိတဲ့လူတိုင်းကိုသေစေတဲ့ အပန်းရောင် တိမ်ဆိုင်ကြီးတစ်ခု ကောင်းကင်ပေါ်မှာရုတ်တရက်ပေါ်လာ တဲ့အခါတော့ နှစ်ယောက်စလုံးတစ်အိမ်ထဲမှာပဲပိတ်မိသွား ကြပါတော့တယ်။ အနေနီးရင် သံယောဇဉ်ဖြစ်သွားတတ်တယ် ဆိုတဲ့အတိုင်း တိမ်ဆိုင်ကြီးပျောက်ကွယ်သွားမယ့်နေ့ရက်ကို စောင့်ဆိုင်းနေတဲ့ သူတို့နှစ်ယောက်။တစ်ယောက်အကြောင်းတစ်ယောက်လေ့လာရင်း သူတို့မသိ လိုက်ခင်မှာပဲ သံယောဇဉ်ကြိုးလေးတစ်ခုဖြစ်ပေါ်လာခဲ့တယ်။ ဒါပေမဲ့ ပိတ်လှောင်ပြီးနေရတာကြာလာတဲ့အခါ စိတ်တွေထွေ ပြားပြီး အဆိုးဘက်ကိုဦးတည်လာတဲ့အခါမှာ ဘယ်လိုတွေဆက် ဖြစ်မလဲ၊ ဒီတိမ်ဆိုင်ကြီးက လူသားမျိုးနွယ်ကိုအဆုံးသတ်စေမှာ လားဆိုတာကို ဇာတ်ရှိန်ခပ်အေးအေးလေးနဲ့ကြည့်ရမယ့် ဇာတ် ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(973 MB) / (370 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Sci-Fi Translator.......Khant Sett Naing Encoder..........SWM
movie
The Pink Cloud (2021)
2021
Rupture (2016)
Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie
Rupture (2016)
2016
6.7
Colonials(2023)
Colonials(2023)**************မစ်ရှင်နဲ့ အဂႅါဂြိုဟ်ပေါ်ကနေ ကမ္ဘာကိုသွားဖို့လုပ်ရင်း အိတ်ဇိုင်းလ်တွေတိုက်ခိုက်မှုကြောင့်ဆိုင်းလက်စ်ဆိုတဲ့ ကိုလိုနီတစ်ယောက် အတိတ်မေ့သွားခဲ့ရပါတယ်။ဒါပေမဲ့ သောမတ်စ်နဲ့ ဇိုးအီးဆိုတဲ့ ကမ္ဘာကလူသားနှစ်ယောက် ကယ်တင်တာခံခဲ့ရပါတယ်။ဒါပေမဲ့ အိတ်ဇိုင်းလ်တွေကြောင့် ကမ္ဘာကြီးပျက်တော့မလိုဖြစ်နေရပြီး ဆိုင်းလက်စ်ရဲ့အာကာသယာဉ်ကိုလည်းအိတ်ဇိုင်းလ်တွေယူသွားကြတဲ့အခါ.. ဆိုင်းလက်စ်တစ်ယောက် သူ့မှတ်ဉာဏ်တွေပြန်ရပြီးယာဉ်ကိုပြန်ယူနိုင်ပါ့မလား.. အိတ်ဇိုင်းလ်နဲ့ ကိုလိုနီတွေဆိုတာကရော ဘာတွေလဲဆိုတာကတော့...File Size :(1.8GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:20:00 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie
Colonials(2023)
The Starving Games(2013)
The Hunger Games ရုပ်ရှင်စီးရီးကိုတော့တော်တော်များများရင်းနှီးကြမယ် ထင်ပါတယ်ဗျ။ခရိုင် ၁၂ခုကနေ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်စီ ရွေးချယ်ခံရပြီး ကစားပွဲထဲမှာ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်တဲ့အထိ တိုက်ခိုက်ရတဲ့ ဂိမ်းမျိူးပါ။ယခုတင်ဆက်ပေးလိုက်တဲ့ The Starving Gamesကတော့The Hunger Gamesကို parodyအဖြစ် သရော်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ သူ့ရဲ့မူရင်းဇာတ်လမ်းအတိုင်းကိုမှ မထင်မှတ်ထားတဲ့ ဟာသတွေ အများကြီးထည့်ထားတဲ့ အခွီဇာတ်ကားပဲဖြစ်ပါတယ်။ မူရင်းဇာတ်လမ်းထဲကလိုပဲ ဇာတ်လိုက်မင်းသမီးဟာ သူ့ညီမဖြစ်သူဂိမ်းကစားဖို့အရွေးချယ်ခံလိုက်ရတာကို လက်မခံနိုင်ပဲ သူ့ကိုယ်သူသူ့ညီမကိုယ်စား ဝင်အရွေးခံခဲ့ရာကနေ ဇာတ်လမ်းစပါတယ်။ဒီလိုနဲ့ ဂိမ်းထဲမှာ ဘယ်လိုတလွဲတွေ ဆက်ဖြစ်ကြမလဲဆိုတာဟာသပေါင်းစုံနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။ File size…2.29GB / 1.01GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 23m Genre ..... Adventure , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato
movie
The Starving Games(2013)
I’ll Be Watching (2023)
I'll be watching (2023)သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား??? အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။ အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။ အီလွန်မက်ကြီးပြောသလိုပေါ့ AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I'll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။ တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။ သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ ...
movie
I’ll Be Watching (2023)
2023
6.5
Upstream Color(2013)
ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကိုShane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်းသရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီးရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်ကKris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီးပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကိုရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက ...
movie
Upstream Color(2013)
5.5
Space Oddity (2022)
Space Oddity (2022) ===============စကြဝဠာကြီးထဲမှာ နဂါးငွေ့တန်းဂလက်ဆီပေါင်း ၁၀၀ ထရီလီယံရှိတယ်။ ကျွန်တော်တို့ကမ္ဘာကြီးတည်ရှိတဲ့ Milky Way ဂလက်ဆီကြီးမှာ ဂြိုဟ်ပေါင်း ၁၀၀ဘီလီယံကျော်ရှိနေ တာပါ။ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးမှာ လူဦးရေအဆမ တန်တိုးပွားလာတယ်။ ရာသီဖောက်ပြန်မှုတွေက ပိုပြီးဆိုးရွား လာတယ်။ ဒီတော့လူသားတွေက နေထိုင်လို့ရမယ့် တခြားဂြိုဟ် တစ်ခုကိုရှာဖွေနေကြဆဲပါ။ဒီဇာတ်လမ်းမှာ အဲလက်စ်က မားစ်ကိုသွားဖို့အစီအစဉ်တွေချ ထားတဲ့သူပါ။ သွားရမယ့်ခရီးက ပြန်လမ်းမဲ့နေရာဖြစ်နေတော့ မိသားစုဝင်တွေနဲ့ညှိနှိုင်းတဲ့အခါ အဆင်မပြေမှုတွေဖြစ်လာတယ်။ အဖေဖြစ်သူက သူရဲ့ပန်းစိုက်ခင်းကို လက်လွှဲယူစေချင်တယ်။ ဒါပေမယ့် အဲလက်စ်က လုပ်ချင်တာကိုဖြစ်အောင်လုပ်တတ်တဲ့ လူစားဖြစ်နေတယ်။ ဘော်ဒါတို့လည်း ကြယ်တွေကိုငေးရင် အဲဒီ ကြယ်တွေဆီကို သွားချင်စိတ်ဖြစ်မိလား ကမ္ဘာပေါ်မှာ မကုန်ခမ်း နိုင်တဲ့ အသစ်အဆန်းတွေရှိနေပါရဲ့ အဲလက်စ်က ဘာလို့ထွက်သွား ချင်လဲဆိုတာတော့...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.93 GB) / (700 MB) / (400 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance, Sci-Fi Translator.......ZWT Encoder..........SWM
movie
Space Oddity (2022)
2022
5.1
Simulant (2023)
Simulant (2023)AI စက်ရုပ်တွေအကြောင်း ရိုက်ကူးထားတဲ့ Sci-Fi ဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ခင်ပွန်းသေဆုံးသွားလို့ ပူဆွေးသောကရောက်နေတဲ့ Faye က သူ့ယောက်ျား Evan နဲ့ ပုံစံတူတဲ့ အသွင်တုစက်ရုပ်တစ်ရုပ်ကို ဖန်တီးခဲ့ပြီးတော့မှ သူ့ယောက်ျားမဟုတ်တဲ့အတွက် စက်ရုပ်ကို ပြန်ပိတ်ချဖို့ စိတ်ကူးနေပါတယ်။ တစ်ဖက်မှာတော့ စက်ရုပ်တွေရဲ့ အခွင့်အရေးအတွက် စက်ရုပ်တွေကို လွတ်မြောက်ဖို့ လုပ်ပေးနေတဲ့ Casey ကို စက်ရုပ်ထိန်းသိမ်းရေးအဖွဲ့ AICE က လိုက်ဖမ်းနေပါတယ်။ AICE အဖွဲ့ က အေးဂျင့် Kessler ကလည်း စက်ရုပ်ရဲ့ပေါ့ဆမှုကြောင့် သူ့ကလေးသေဆုံးရတယ်ဆိုပြီး နာကျင်နေတဲ့သူပါ။ Casey နဲ့ Evan တို့ တွေ့သွားကြပြီး စက်ရုပ်တွေကို လွတ်မြောက်အောင် ဘယ်လိုလုပ်ကြမလဲ၊ အေးဂျင့် Kessler က သူတို့ကို ဖမ်းဆီးနိုင်သွားမှာလားဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ စက်ရုပ်တွေလည်း လူသားတွေလို ခံစားတတ်တယ်၊ ချစ်တတ်တယ်၊ လူသားတွေနဲ့ အတူနေထိုင်လို့ရတယ်ဆိုတာကို စက်ရုပ်နဲ့ လူသားကြားထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့လည်း ပုံဖော်ထားပါသေးတယ်။အညွှန်း နဲ့ ...
movie
Simulant (2023)
2023
4.7
Superman IV: The Quest for Peace (1987)
Superman IV: The Quest for Peace (1987) ==============================စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ် လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေ DNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင် လိုက်ပါတယ် ။စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက် ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့က စူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.9 GB) / (646 MB) / (424 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM
movie
Superman IV: The Quest for Peace (1987)
1987
5.2
Superman III (1983)
Superman III (1983) ================စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့ Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်း စူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သား တွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာ ကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ် ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့် ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်း ချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Superman ဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အား ကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက် သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.0 GB) / (1.0 GB) / (500 MB) Quality............BLU-RAY 1080p / 720p / ...
movie
Superman III (1983)
1983
6.8
Superman II (1980)
Superman II (1980) =============== IMDb Rating - 6.8/10၁၉၈၀ ကာလက CGI အထူးပြုလုပ်ချက်တွေ မရှိဘဲ ရိုက်ကူးခဲ့တဲ့ ဂန္တဝင်စူပါမန်းကားတွေထဲက အပိုင်း ၂ ဖြစ်ပါတယ်။အပိုင်း ၁ နဲ့ဆက်နေပြီး ...General Zod တို့သုံးဦးကို ခရစ်ပတွန်ဂြိုလ်မှ နှင်ထုတ်ပြီး ကလာ့ခ်ကန့်ခ် ခေါ် စူပါ မန်းလည်း ကမ္ဘာမြေပေါ်မှာအခြေချနေပါပြီ။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေရဲ့ အာကာသနယ် မြေချဲ့ထွင်ရေးကနေ General Zod တို့ကို ပိတ်လှောင် ထားတဲ့ ထောင်လည်းစွမ်းအားလျော့သွားပြီး လွတ်မြောက် သွားကာ ခရစ်ပတွန်ဂြိုလ်သား စူပါမန်းကို ကလဲံ့စားချေဖို့ ကမ္ဘာမြေကိုအန္တရာယ်ပြုပါတော့တယ်။General Zod တို့ကို ထောင်ဖောက်ပြေးလာတဲ့ လက်စ် လူသာက ပူးပေါင်းကာ စူပါမန်းကို ဒူးထောက်ဖို့အကြပ်ကိုင် ပါတယ်။ အဲဒီတော့ Villain တွေကိုရှင်းလင်းပြီး ကမ္ဘာမြေကို ကယ်တင်ဖို့ စူပါမန်းအပေါ်ပဲတာဝန်ကျလာပါတော့တယ်။ဒီကားက စူပါဟီးရိုးကားဆိုပေမယ့် Comedy , Drama ပုံစံနဲ့ ရိုက်ထားတော့ ဒီဘက်ခေတ်ကားတွေနဲ့ ကြည့်ရတဲ့ အရသာ မတူတာတေ့ာ့ အမှန်ပါပဲ ။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan ...
movie
Superman II (1980)
1980
7.4
Superman I (1978)
Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie
Superman I (1978)
1978
4.8
The Tomorrow Job (2023)
The Tomorrow Job (2023) ===================အကယ်၍ ခင်ဗျားတို့သာ မနက်ဖြန်ကို အချိန်ခုန်ကူးခွင့် ရမယ်ဆိုရင် ဘယ်နှယ့်လုပ်ကြမလဲ။ ဆေးတောင့်လေး ကိုသောက်လိုက်။ မနက်ဖြန်ကို တစ်နာရီတိတိအချိန်ခုန် ကူးလို့ရမယ်။ ဒါပေမဲ့ အသိစိတ်ကပဲကူးသွားမှာ။ ခန္ဓာကိုယ် မပါဘူး။ ပြောရရင် ဒီနေ့အချိန်ကခင်ဗျားက မနက်ဖြန်အ ချိန်က ခင်ဗျားရဲ့အသိစိတ်ထဲရောက်ပြီး အဲဒီမနက်ဖြန် အချိန်ကခင်ဗျားက ဒီနေ့အချိန်ကခင်ဗျားရဲ့ အသိစိတ်ထဲ ရောက်လာမယ်ပေါ့။ တစ်နာရီတိတိဖလှယ်သွားကြမယ်။ စာမေးပွဲမေးခွန်းတို့ ဘာတို့ညာတို့ ကြိုမကြည့်ချင်ကြဘူး လား :P ။လီ တို့အဖွဲ့ကတော့ မကောင်းမှုမှာ အသုံးချနေကြပါတယ်။ လီရယ် မာတင်ရယ် ဖင်းရယ် သုံးယောက်သားဟာ မနက် ဖြန်ကိုခုန်ကူးပြီး အချက်အလက်တွေခိုးကြတဲ့အဖွဲ့ပေါ့။ သူတို့ကို ခိုင်းနေတဲ့ နောက်ကွယ်က အဖွဲ့အစည်းကြီးလည်း ရှိပါသေးတယ်။အဲဒီအချိန်ကူးဆေးတောင့်တွေကို Z+လို့ခေါ်ပါတယ်။ မသုံး တတ်ရင်တော့ ရူးတဲ့အထိ ဘေးဖြစ်တတ်ပါတယ်။ တစ်နေ့ ကျ သုံးယောက်သား မစ်ရှင်တစ်ခုလုပ်ရင်း မာတင်သေသွား တဲ့အချိန်ကစပြီး လီနဲ့ဖင်းတို့ ဒီအလုပ်ကိုရပ်ပစ်လိုက်ပေမဲ့ ပြန်စလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါ....။ ဒီဆေးတောင့် တွေကရောဘာလဲ။ နောက်ကွယ်ကအဖွဲ့အစည်းကရော ဘာလဲ။ လီတို့တွေ ဒီမပြီးနိုင်တဲ့သံသရာကြီးကို အပြီးဖြတ် နိုင်မှာလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / ...
movie
The Tomorrow Job (2023)
2022
First
12
13
14
15
16
Last
Previous
Next