Channel Myanmar

Sci-Fi

Transmorphers: Mech Beasts (2023)
Transmorphers: Mech Beasts (2023)  နာမည်ကြည့်လိုက်တာနဲ့ စက်ရုပ်ကားဆိုတာ အထူးတလည်ညွှန်းနေစရာမလိုပါဘူး....။ဇာတ်လမ်းအကျဥ်းကတော့ 2024ခုနှစ်အရောက်မှာ ကမ္ဘာပေါ်ကသက်ရှိတိုင်းကိုသုတ်သင်ပစ်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပရိုဂရမ်ဆွဲထားတဲ့ Z-botsစက်ရုပ်တွေနဲ့လူသားတွေဟာ စစ်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှတဲ့လူသားတွေဘက်က အရေးနှိမ့်ခဲ့ပါတယ်...။လူသားတွေဟာ ဒီစက်ရုပ်တွေကိုပြန်တိုက်ခိုက်နိုင်ဖို့၊ဗျူဟာချပြင်ဆင်ဖို့အတွက်ကမ္ဘာ့မျက်နှာပြင်အောက်သို့ ‌‌ရွေ့ပြောင်းနေထိုင်ရင်း ခုခံစစ်သာဆင်နွှဲနေခဲ့ရပါတယ်...။နှစ်၃၀၀ကြာသွားပြီးနောက်မှာတော့ လူသားတွေဟာ ဇီဘော့တွေကို အနိုင်တိုက်နိုင်ပြီးကမ္ဘာ့မြေမျက်နှာပြင်ကို ပြန်တက်လာနိုင်ခဲ့ပါပြီ....။ဇာတ်လမ်းက အခုမှစမှာပါ....။ကံဆိုးချင်တော့ လူသားတွေရဲ့အနိုင်ဟာ တကယ့်အောင်ပွဲအစစ်မဟုတ်ခဲ့ဘဲစက်ရုပ်တွေရဲ့လှည့်ကွက်ဖြစ်နေခဲ့ပါတယ်....။ဒီလိုနဲ့ လူသားတွေနဲ့ စက်ရုပ်တွေရဲ့စစ်ပွဲကြီးဟာ နောက်တစ်ကျော့ပြန်လာခဲ့တဲ့အခါ.....။  File size…1.47GB / 743MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 25m Genre ….. Action , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Transmorphers: Mech Beasts (2023)

Rise of the Planet of the Apes (2011) 7.6
Rise of the Planet of the Apes (2011) RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size…   6.3 GB / 1.7 GB /  935MB Quality… BluRay 4K /  1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar ...
movie

Rise of the Planet of the Apes (2011)

2011
4K HEVC
Body Snatchers (1993) 6.0
Body Snatchers (1993) Body Snatchers (1993) ================= IMDb Rating - 6.0/101990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Body Snatchers (1993)

1993
Samara (2023) 7.9
Samara (2023) Samara (2023) "ဇာတ်ရှုပ်" =====================IMDb 8.6အန်တိုနီဆိုတဲ့ ရဲအရာရှိဟာ နှင်းတွေဖုံးလွှမ်းနေတဲ့ အစွန်အဖျားဒေသက မြို့လေးတစ်မြို့ကို တာဝန်ထမ်းဆောင်ဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမြို့လေးမှာ လူတွေဟာ ထူးဆန်းတဲ့ပုံစံနဲ့ တစ်ယောက်ပြီးတစ်ယောက် သေနေပါတယ်။ အန်တိုနီဟာ အဲဒီ လူတွေသေနေရတဲ့အကြောင်းအရင်းကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဇီဝစစ်ပွဲဖြစ်လာနိုင်တဲ့ နောက်ကွယ်ကကိစ္စတွေကို ဖော်ထုတ်မိကုန်ပါတော့တယ်။ဒီ Samara ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် ဒါရိုက်တာ Charles Joseph ရဲ့ ပွဲဦးထွက် သိပ္ပံစိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေက ပရိသတ်တွေအတွက် အမြင်စိမ်းနေနိုင်ပေမဲ့ ဇာတ်လမ်းက စပိုင်ဇာတ်လမ်းဆန်ဆန်နဲ့ ဇာတ်အိမ်ခိုင်တဲ့အတွက် ပရိသတ်တွေ သဘောကျနိုင်မယ့် ရုပ်ရှင်လေးတစ်ခုပါပဲ...။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, V, BpL နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.1GB ...
movie

Samara (2023)

2023
Black Noise (2023)
Black Noise (2023)  Black Noise (2023) ရုပ်ရှင်ဟာ amazon prime က ထုတ်လုပ်ရိုက်ကူးတဲ့scifi action ကားလေးကောင်းလေး တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကို အရိပ်အမြွတ်ပြောပြရမယ်ဆိုရင် အထူးလေ့ကျင့်ထားတဲ့လုံခြုံရေးကုမ္ပဏီတစ်ခုက တပ်ဖွဲ့တစ်ခုကို အရမ်းချမ်းသာတဲ့လူတွေသာသိနိုင် သွားနိုင်ကြတဲ့ ကျွန်းတစ်ကျွန်းကို လူကယ်ဖို့ အတွက် လွှတ်လိုက်ရတာကစတာပါ။ အဲ့ကျွန်းမှာက ရုတ်တရက်ကြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်သွားပြီးမင်းသားတို့တပ်ဖွဲ့က ကယ်ရမဲ့ VIP တစ်ယောက်ရဲ့ GPS signal တစ်ခုသာမိနေခဲ့တာပါ။ မင်းသားတို့က အဲ့ VIP ကို သွားကယ်ဖို့ ကြိုးစားတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ scifi ဆန်ဆန် မြင်နေကြ မဟုတ်တာတွေဘယ်လိုတွေ တွေ့ရမှာလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကို တစ်ကားလုံးဖင်တကြွကြွနဲ့ ကြည့်နေရမှာ ဖြစ်လို့ scifi action ကားကောင်း ကြိုက်သူတွေအတွက်ညွှန်းဆိုပေးလိုက်ပါတယ်ခင်ဗျ။  File size…1.70GB / 837MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ...
movie

Black Noise (2023)

The Adventures of Pluto Nash (2002)
The Adventures of Pluto Nash (2002) The Adventures of Pluto Nash (2002) Genre - Sci-fi, Action၂၀၀၀ ပြည့်နှစ်တွေက Nutty Professor တို့ Norbit တို့နဲ့နာမည်ကြီးခဲ့တဲ့ ဟာသမင်းသား Eddie Murphy ရဲ့၂၀၀၂ ခုနှစ်တုန်းက သိပ္ပံစိတ်ကူးယဉ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းလေး ပြောရမယ်ဆို လူတွေဟာအနာဂတ်မှာ လပေါ်မှာကိုလိုနီလုပ် နေထိုင်နေကြပါပြီ။မှောင်ခိုသမားအနေနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ ပလူတိုတစ်ယောက်ထောင်ထဲကနေထွက်လာတဲ့အခါ ကလပ်လေးတစ်ခုကို တည်ထောင်ပြီးအောင်မြင်စွာ အလုပ်ဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ ခရိုနီလူတစ်စုက သူ့ကလပ်ကို ၁၀ သန်းအတင်းပေးပြီး လာဝယ်ပါတယ်ပလူတိုကလည်း ရောင်းစားဖို့ မဟုတ်ကြောင်း ငြင်းလိုက်ပြီး နှင်ထုတ်လိုက်ပါတော့တယ်။ဒါပေမဲ့ မကြာခင်မှာပဲ ကလပ်တစ်ခုလုံးကို ဖောက်ခွဲပြီးပလူတိုရဲ့ အသက်ကို ရန်ရှာလာတဲ့အထိ ဖြစ်လာချိန်မှာတော့ပလူတိုတစ်ယောက် သူ့ကို ဒုက္ခပေးခဲ့တဲ့ ဒီပဟေဠိလူသားကိုစက်ရုပ်အဖော်ရယ် စားပွဲထိုးမလေးရယ် အတူတကွ ဘယ်လိုရှာဖွေဖော်ထုတ်ပြီးဘယ်လိုတွေ စွန့်စားခန်း ထွက်ကြမယ်ဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ  File size…  2.6 GB ...
movie

The Adventures of Pluto Nash (2002)

2002
Take Shelter (2011) 7.3
Take Shelter (2011)  IMDb 7.3 အထိရရှိခဲ့တဲ့ မင်းသားကြီး မိုက်ကယ်ရှန်နန်ရဲ့ ၂၀၁၁ထွက် ဒရာမာရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်ဟာ ဆုပေါင်း ၄၂ ခု နဲ့ ဆန်ကာတက်ရွေးချယ်ခံရမှု ၄၆ ခု တို့ကိုလည်း ရရှိထားပါသေးတယ်။မိုက်ကယ်ရှန်နန်က "ကားတစ်"အဖြစ် သရုပ်ဆောင်ထားပါတယ်။ ကားတစ်ဟာ လူလတ်တန်းစားမိသားစုတစုရဲ့ အိမ်ထောင်ဦးစီးတဦးဖြစ်ပြီး ပိုက်လိုင်းတူးဖော်နဲ့ကုမ္ပဏီတခုမှာ လုပ်ကိုင်နေသူပါ။ ကားတစ်မှာ သမီးလေးတဦးရှိပြီး ဟန်နာဆိုတဲ့သမီးလေးတဦးရှိပြီး ဟန်နာဟာ မွေးရာပါဆွံ့အနားမကြားသူတဦးပါ။ဒီလိုနဲ့ ကားတစ်တို့ရဲ့ ပျော်ရွှင်နေတဲ့မိသားစုဘ၀လေးထဲကို တနေ့မှာတော့ အဖြစ်ဆိုးတခု မမျှော်လင့်ဘဲရောက်ရှိလာခဲ့ပါတယ်။ ကားတစ်ဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်လာပြီး ဆိုးရွားတဲ့ လေဆင်နှာမောင်းမုန်တိုင်းတခု ဖြစ်ပွားတော့မယ်လို့ ထင်ယောင်ထင်မှားဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကားတစ်ရဲ့ ထင်မြင်မှုတွေဟာ မိသားစုနဲ့ ပတ်၀န်းကျင်ကိုပါ ထိခိုက်လာခဲ့အခါမှာတော့ ကားတစ်တယောက် ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်မလဲ ကားတစ် မြင်တွေ့ခံစားမိနေတဲ့အရာတွေကရော အမှန်တကယ်ဟုတ်ရဲ့လား ကားတစ်ရဲ့ နောက်ကွယ်ကအကြောင်းအရာကရော ဘာများလဲ သူများတွေမမြင်နိုင် မခံစားမိနိုင်တဲ့အရာတွေကို သူတဦးတည်းက ဘာလို့ခံစားမိနေလဲဆိုတာကိုတော့ ...
movie

Take Shelter (2011)

Fingernails (2023) 5.9
Fingernails (2023) Fingernails (2023)Fingernails ရဲ့ ဒါရိုက်တာ Christos Nikou က Dogtooth (2009) လို နာမည်ကျော်ကားမျိုးတွေမှာ Assistant Director လုပ်ရင်းကနေ ဒါရိုက်တာအဖြစ် Apples (2020) နဲ့ ပွဲဦးထွက်ခဲ့တယ်။ သူက ဂရိလူမျိုးဆိုတော့ အဲဒီရုပ်ရှင်ကလည်း ဂရိရဲ့ အော်စကာရွေးချယ်ခံကားအဖြစ် ရွေးချယ်ခံခဲ့ရတယ်။ Apples ဟာ အလိုက်အထိုက်တော့ အောင်မြင်ခဲ့တယ်။ ဒီနှစ်မှာတော့ သူ့ရဲ့ ဒုတိယကားဖြစ်တဲ့ Fingernails ကို ကိတ်ဘလန်းချက်လို နာမည်ကျော်မင်းသမီးက ပရိုဂျူဆာလုပ် ထုတ်လုပ်ပေးခဲ့ပြီး ၂၀၁၉တုန်းက Sound of Metal နဲ့ မင်းသားဆုအော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ Riz Ahmed နဲ့ ၂၀၂၂ တုန်းက The Lost Daughter နဲ့ အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်ဝင်ခဲ့တဲ့ Jessie Buckley တို့ကို သုံးနိုင်ခဲ့တယ်။ နောက်နာမည်ကြီးထဲကပဲ ...
movie

Fingernails (2023)

2023
I, Frankenstein (2014)
I, Frankenstein (2014) ဗစ်တာဖရန်ကင်စတိန်းဆိုတာကတော့ သိကြတဲ့အတိုင်းပဲ စာရေးဆရာမ Mary Shelley ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်ပါတယ်။ခုဇာတ်လမ်းမှာတော့ ဗစ်တာဖရန်ကင်စတိန်းဇာတ်လမ်းထဲက Monster ဖြစ်တဲ့ ဝိဉာဏ်မရှိဘဲအသက်ရှင်နေတဲ့ သတ္တဝါတစ်ကောင်အကြောင်းကို လိုက်ပါခံစားရမှာပါ။သိပ္ပံပညာရှင် ဗစ်တာဖရန်ကင်စတိန်းရဲ့ မတော်မဆဖန်တီးမှုကနေ လူလိုခံစားချက်နဲ့ လူမဟုတ်တဲ့သတ္တဝါတစ်ကောင်ဟာမြေအောက်ကမ္ဘာက မကောင်းဆိုးဝါးနတ်ဆိုးတွေနဲ့  နတ်စစ်သည်တွေကြား ကျရောက်လာပြီးဒီဇာတ်လမ်းတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ......။အက်ရှင်ကြမ်းကြမ်းတွေ သတ္တဝါအဆန်းအပြားတွေနဲ့ ရောမခေတ်ဆန်ဆန် သဘာဝလွန်ဖြစ်ရပ်ဆန်းရိုက်ချက်တွေနဲ့ဒီရုပ်ရှင်ကားက ရုံတင်တုန်းကလဲ လူကြိုက်များခဲ့ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:32:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

I, Frankenstein (2014)

High Life (2018) 5.8
High Life (2018) High Life (2018)၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။)ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ...
movie

High Life (2018)

2018
Karmalink (2022) 6.1
Karmalink (2022) Karmalink (2022)Sci-Fi, Mystery အမျိုးအစား ကမ္ဘောဒီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အတိတ်ဘဝကို အိပ်မက်တွေကနေ ပြန်မှတ်မိနေတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။အရင်ဘဝက ရတနာတစ်ခုကို တစ်နေရာမှာ မြှုပ်ထားခဲ့တယ်ဆိုပြီး ခဏခဏအိပ်မက်မက်နေတဲ့သူပါ။ တစ်နေ့ သူတို့ရပ်ကွက်နေရာမှာ ကျည်ဆံရထားလမ်း ဆောက်လုပ်မှာကြောင့် အိမ်ရာတွေရွှေ့ပေးဖို့ ဖိအားပေးခံလာရတဲ့အပြင် မိသားစုကလည်း စီးပွားရေးအဆင်မပြေတဲ့အခါမှာတော့ သူ့အိပ်မက်ထဲက ရတနာကို သူငယ်ချင်းတွေနဲ့အတူတူလိုက်ရှာဖို့ ကြိုးစားပါတော့တယ်။သူ့အတိတ်ဘဝက တကယ်ရှိခဲ့တာလား၊ သူ့အိပ်မက်ထဲကအတိုင်း အဲဒီရတနာကို တကယ်ရှာတွေ့ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။အညွန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Sci-fi, Drama Quality…. 1080p | 720p File size…  2.2GB | 1GB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron
movie

Karmalink (2022)

2022
Control Zeta (2023) 5.1
Control Zeta (2023)  အချိန်တွေကို နောက်ဆုတ်လို့ရရင်ကောင်းသားကွာ ဒါဆိုရင်မင်းငါ့နားမှာရှိဦးမှာဆိုတဲ့ သီချင်းစာသားအတိုင်း အချိန်တွေကိုတကယ်နောက်ပြန်ဆုတ်လို့ရပြီး ကိုယ်ကယ်တင်ချင်တဲ့လူတွေကိုကယ်တင်လို့ရမယ် ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်ဆိုရင်တကယ်ကောင်းမှာပါပဲ။ဒါမှမဟုတ် အဲ့ဒါက တကယ်ရောကောင်းပါ့မလား။အဲ့ဒီအဖြေကိုတော့ IMDb Rating 5.5 ရရှိထားတဲ့ဒီ Control Zeta ဆိုတဲ့ဇာတ်ကားလေးထဲမှာတွေ့ရမှာပဲဖြစ်ပါတယ်။အချိန်တွေကိုနောက်ပြန်ဆုတ်ပြီး အသတ်ခံရမဲ့လူတွေ သေတော့မဲ့လူတွေကိုလိုက်လံကယ်တင်ပေးနေတဲ့ အချိန်တပ်ဖွဲ့တစ်ခုရှိပြီး ဂရေးဆိုတဲ့လူကတော့အဲ့ဒီတပ်ဖွဲ့ထဲက အတော်ဆုံးအချိန်အေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။အတော်ဆုံးဆိုပေမဲ့ သူ့အလုပ်သက်တမ်းမှာ သူမကယ်တင်နိုင်ခဲ့တဲ့သူတစ်ယောက်တော့ ရှိပါတယ်။အဲ့ဒါကတခြားတော့မဟုတ်ပါဘူးသူ့မိန်းမဖြစ်သူပါပဲ။ဘာလို့အဲ့လို မကယ်တင်နိုင်ခဲ့လဲဆိုတာကတော့ သူတို့အချိန်နောက်ပြန်သွားပြီးကယ်လို့ရတဲ့ အချိန်ကာလက ငါးနာရီပဲအကန့်အသတ်ရှိလို့ပါပဲ။အဲ့ဒီနောက်ပိုင်း သမီးဖြစ်သူနဲ့လဲ ကွဲကွာသွားခဲ့ပြီးအလုပ်ထဲမှာပဲစိတ်နှစ်နေခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကယ်လို့မရအောင် လူတွေကိုသေဆုံးချိန်ငါးနာရီအတွင်း သူတို့မသိနိုင်အောင်လိုက်သတ်နေတဲ့ လူသတ်သမားတစ်ယောက်ပေါ်ပေါက်လာတဲ့အခါမှာတော့ ဂရေးနဲ့သူ့အဖွဲ့သားတွေ အဲ့ဒီလူသတ်သမားကိုလိုက်ရှာပြီး ဘာလို့အဲ့လိုလိုက်သတ်နေတယ်ဆိုတာကို အဖြေရှာကြပုံကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…1.58 GB / 742MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Crime , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Control Zeta (2023)

Bloodthirst (2023) 5.5
Bloodthirst (2023)  Bloodthirst ရုပ်ရှင်ကားဟာ ၂၀၂၃ ခုနှစ်ထွက် scifi horror actionကားတစ်ကားဖြစ်ပါတယ်။SAW ရုပ်ရှင်ကားတွေမှာ ပါဝင်တဲ့ မင်းသားကြီး Costas Mandylor အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ ကမ္ဘာပျက်ပြီးခါစ ကမ္ဘာကြီးပေါ်မှာသွေးစုပ်ဖုတ်ကောင်တွေ ကြီးစိုးနေတဲ့ အချိန်ကာလ တစ်ခုမှာ ဖြစ်ပါတယ်။အဲ့အချိန်မှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်သတ်နေတဲ့ မုဆိုး John Shepardတစ်ယောက် သူရင်ဆိုင်ရမဲ့ သွေးစုပ်ဖုတ်ကောင်အုပ်စုရဲ့ ခေါင်းဆောင်ကနယ်နယ်ရရတော့ မဟုတ်ပါဘူး။ The Master လို့ ခေါ်ကြတဲ့ သွေးစုပ်ဖုတ်ကောင်ခေါင်းဆောင် ဖြစ်ပြီး သူကိုယ်တိုင်လည်း ပြိုင်ဘက် သွေးစုပ်ဖုတ်ကောင်အုပ်စုနဲ့စစ်ပွဲကြီး ဆင်နွဲဖို့ ပြင်ဆင်လူစုနေတာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်အုပ်စု၂ စုရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဇာတ်လိုက်မုဆိုးတစ်ယောက် ဘယ်လိုပါးပါးနပ်နပ်ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ပိတ်ကားထက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်...  File size…2.00GB / 842MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action ...
movie

Bloodthirst (2023)

If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
The Whisperer in Darkness (2011) 6.5
The Whisperer in Darkness (2011) ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာH.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့်Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီးဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့်ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ဂြိုလ်သားတွေတကယ်ရှိသလား။ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကိုအဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာတကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size…  1.06 GB /  638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre .....  Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Whisperer in Darkness (2011)

2011