Channel Myanmar

Romance

The Spectacular Now (2013) 7.1
The Spectacular Now (2013) IMDb Rating (7.1) / Rotten Tomatoes (91%)ဒီဇာတ်ကားဟာRating  မြင့်တဲ့အချစ်ကားလေးဖြစ်သလို သရုပ်ဆောင်တွေကလဲ မခေသူတွေချည်းပါပဲ...Fantastic Four ထဲက မင်းသား Miles Teller , Divergent နဲ့ The Fault in Our Stars ထဲက မင်းသမီးချောလေး Shailene Woodley နဲ့Marvel  ရဲ့  Captain Marvel တဖြစ်လဲ မင်းသမီး Brie Larson တို့ဖြစ်ပါတယ်။အချစ်ဆိုတဲ့အရာကို တချို့ကခံစားတယ်..တချို့ကခုတုံးလုပ်ပြီး အသုံးချတယ်..တချို့က မသိကျိုးကျွံပြုတယ်...ဘယ်လိုပဲအချစ်ကိုသုံးဆောင်သုံးဆောင်ပေါ့...တကယ်တန်ဖိုးထားသူဆီမှာသာ အချစ်တွေက အမြဲနေတတ်တာမျိုးပဲ။ဇာတ်လမ်းလေးကတော့ ၃ ပွင့်ဆိုင် ဇာတ်လမ်းပါ...ဆက်တာဟာ အနာဂတ်ကိုမတွေးထားဘဲ အရာရာကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။ကပ်စ်စီလီဆိုတဲ့ သူသိပ်ချစ်တဲ့ ကောင်မလေးနဲ့ အထင်လွဲခံရမှုတစ်ခုကြောင့် ပြတ်အပြီး စိတ်လေနေချိန်မှာအေမီဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ မထင်မှတ်ဘဲ သူငယ်ချင်းတွေဖြစ်သွားခဲ့တယ်။အေမီဟာ ရည်းစားတောင်မထားဖူးသလို အနေအေးတဲ့ ဖြူစင်တဲ့ကောင်မလေး..ဆက်တာဟာ ...
movie

The Spectacular Now (2013)

Man in Love ( 2021 ) 7
Man in Love ( 2021 ) ဒီတစ်ခေါက်တော့ CMကနေ ခပ်မိုက်မိုက် ထိုင်ဝမ် အချစ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် IMDB ကလည်း 7.0 ပါဇာတ်ကြောင်းလေးကတော့...အားချန်ဟာ မဖြစ်သာတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြွေးသိမ်းသမားတစ်ယောက်ဖြစ်ခဲ့ရပေမဲ့သူ့ရဲ့ အတွင်းစိတ်က နူးညံ့ပြီး အကြွေးသွားတောင်းတိုင်း တစ်ဖက်လူကိုအဆင်ပြေရင်ပြေသလောက်ကူညီပေးတတ်သူပါ တစ်နေ့မှာ ဟောက်ထင်ဆိုတဲ့ကောင်မလေးကို အကြွေးသွားတောင်းရင်း နှလုံးသားပျော့ပြောင်းတဲ့အားချန်တစ်ယောက်သူများတွေနဲ့မတူ အလွယ်လမ်းမလိုက်တတ်တဲ့ ဟောက်ထင်ကိုကြွေဆင်းသွားပါတော့တယ် ဟောက်ထင်ဆိုတဲ့ ကောင်မလေးကတော့အဖေ့အကြွေးတွေနဲ့ လူမမာအဖေကြီးကို ပြုစုရင်း သူ့ရဲ့ဘဝကြီးကအလင်းတွေကွယ်ပျောက်ကာ အမှောင်တွေဖုံးနေသူပါ ဒီလိုနဲ့ သူ့ရဲ့မှောင်မိုက်နေတဲ့ဘဝကြီးထဲမှာ အားချန်ဆိုတဲ့ အလင်းပျပျလေး ပေါ်လာခဲ့ပါတယ်အကြွေးသိမ်းသမားနဲ့ အကြွေးဆပ်မဲ့ သူတို့နှစ်ယောက်ကြားက သံယောဇဉ်တွေတိုးပြီးအချသ်တစ်ခုပေါက်ဖွားလာတဲ့အခါ မဖြစ်နိုင်တဲ့ အချစ်ကိုသူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါ Quality : WEB-DL 720pFormat : mp4During : 1h 55minGenres : Drama , RomanceSubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

Man in Love ( 2021 )

Kabhi Khushi Kabhie Gham(2001) 7.4
Kabhi Khushi Kabhie Gham(2001)  Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။)  File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie

Kabhi Khushi Kabhie Gham(2001)

August Never Ends (2021) 4.1
August Never Ends (2021) August never Ends (2021)MyDramalist - 7.1 /10ကျွန်မအတွက်တော့ အတောမသတ်တဲ့ ဩဂတ်စ်ပါပဲ မောင် ......' ဩဂတ်စ် က ကျွန်မအတွက် ဘယ်တော့မှလည်း အဆုံးသတ်မှာ မဟုတ်ပါဘူး။ဩဂတ်စ်မိုးတွေ ရွာတာ ကျွန်မမျက်ရည်ကို မှီနိုင်မတဲ့လား?????မောင်ရယ် ..... သူရယ် ..... ကျွန်မရယ် ......အစကတော့ သူနဲ့ကျွန်မပဲပေါ့ ..... မောင်။သူက မောင်နဲ့ သက်ဆိုင်သူမှန်း ကျွန်မ မသိခဲ့တာ အမှန်ပါ။ကျွန်မဘဝထဲ မောင် ဝင်မှန်းမသိ ဝင်လာတဲ့အချိန်မှာ ...... အချိန်အတော်နှောင်းသွားခဲ့ပြီ .......ကျွန်မလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားလာခဲ့သလို သူကလည်း ငယ်ငယ်ကတည်းက ကျိုးပျက်နေတဲ့ မိသားစုထဲက မွေးဖွားခဲ့ကြတာမို့သူနဲ့ကျွန်မ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပေါ့ မောင်ရယ် .....အမေ့အတွက် ကျွန်မက တစ်ဦးတည်းသော မိသားစုဝင်ဖြစ်သလို တစ်ဦးတည်းသော ရန်သူဆိုလည်း ဟုတ်တယ်။အမေက ကျွန်မကို အိမ်မြှောင်က မွေးတဲ့ကလေးတဲ့။ သွေးအေးပြီး နှလုံးသား မရှိတဲ့လူပေါ့လေ။ဒါပေမယ့် အမေသိပ်မှားတယ် ...
movie

August Never Ends (2021)

2021
Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)

Devdas (2002) 7.6
Devdas (2002) IMDb Rating(7.6) / Rotten Tomatoes (89%)တည်ငြိမ်နေတဲ့ ပတ်ဝန်းကျင်နဲ့ ထည်ဝါလွန်းတဲ့ အိမ်တော်ကြီး တစ်ခုမှာ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေတယ်ဘာကြောင့်လဲဆိုတော့ ဒေ့ဗ်ဒါးစ် ပြန်လာမယ်လို့ စာရေးလိုက်လို့.. ဒေ့ဗ်ဒါးစ် ဆိုတာ ငယ်စဉ်ကတည်းက လန်ဒန်ကို ပညာသင်လွှတ်လိုက်တဲ့ ဒီအိမ်တော်ကြီးရဲ့ သခင်လေးသားကိုတွေ့ရတော့မှာမို့ ပျော်လွန်းလို့ မျက်ရည်ကျနေတဲ့ အမေ ဘာလုပ်လို့ ဘာကိုင်ရမသိဖြစ်နေတဲ့ အစေခံတွေ "ငါ့သားလေးကို ငါအရင်တွေ့ပါရစေ အားလုံး မျက်လုံးတွေ မှိတ်ထားပေးကြပါ "============================================"နင် လန်ဒန်ကို ရောက်နေတော့ ငါ့ကို သတိရလား တစ်ခါမှ မရပါဘူးငါ့မှာတော့ အကြိမ်ပေါင်း ၂၈၅၀ လောက်စာတွေ ရေးခဲ့တယ် နင့်အတွက် ရည်စူးပြီး ထွန်းညှိထားတဲ့ ဆီမီးတိုင်က ၈၇၆၀၀ နာရီလောက်ကြာအောင် တောက်လောင်နေတာနင့်ကို သတိရတဲ့ တစ်ချိန်တော့ ရှိပါတယ်ဟာ ငါ့ အသက်တစ်ကြိမ် ရှုလိုက်တိုင်းမှာပေါ့"******************************************အမေဖြစ်သူမှာ အရင်တွေ့ချင်ပေမယ့် မြင်တွေ့ခွှင့်မရပဲ ဘေးအိမ်က ပါရိုဆီကို အပြေးသွားခဲ့လေသူ ဒေ့ဗ်သားဖြစ်သူရဲ့ ဦးစားပေးမှုကို လုယူခံလိုက်ရလို့ ပါရိုကို သမီးတစ်ယောက်လို ...
movie

Devdas (2002)

2002
Spin (2021) 5.8/10
Spin (2021) အိန္ဒိယအမေရိကန်ကပြားတစ်ယောက်အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရကွန်ပြူတာကုတ်ရေးပညာကိုကျောင်းမှာသင်ယူရင်းမိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေဒီဂျေသင်ယူဖို့ကြိုးစားရင်းBeat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာသိလိုက်ရပါတယ်။မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူကသဘောမကျတဲ့အခါ ရီယာဟာပညာရေးနဲ့ မိသားစုအလုပ်တွေကြားကလုံးပမ်းရင်းသူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့မက်စ်ကိုကူညီပေးပါတော့တယ်။အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီးအိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကိုရောစပ်ပြသထားတဲ့musical အမျိုးအစားမို့ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲDJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲစိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဘာသာပြန်ပေးထားသူတွေကတော့JimX , JoJoVa , Pyi T Nyein , Yoon Sandi Aung တို့ ဖြစ်ပြီးThit San Khant မှ Encode တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Web Dl Subtitle - Burmese Duration -  01:34:15 Format - MP4 File Size - 1.45 GB & ...
movie

Spin (2021)

2021
77 Heartwarmings (2021) 4.2
77 Heartwarmings (2021) 77 Heart Warmings (2021)၇၇ ကြိမ်လောက် အသည်းကွဲပြီးတော့ ..... ၇၇ ကြိမ်လောက် အသည်းကျွမ်းဖို့ CM ပရိသတ်ကြီးကို ဖိတ်ခေါ်လိုက်ပါတယ်။ဒီကားမကြည့်ခင် 77 Heartbreaks လေးတော့ ပြန်ကြည့်သင့် .....။ဒီကားမှာတော့ ထိုင်းမင်းသားချောလေး မာရီယိုကပါ ပါဝင်ပြီး စိတ်လှုပ်ရှားပေးမှာမို့ ရင်ခုန်စရာဇာတ်လမ်းလေးကို ခံစားကြည့်ရအောင်နော်။"ပျော်ရွှင်မှု" ဆိုတာ အဝေးကြီးမှာ ရှာဖွေစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်းလေးနဲ့ ကိုယ့်အနား ရောက်လာတဲ့ခံစားမှုကို ပျော်ပျော်ရွှင်ရွှင်လေးခံစားတတ်ဖို့ပဲလိုတာပါ။၇၇ ခါမြောက် စိတ်လှုပ်ရှားရဖို့ ၇၇ ကြိမ်လောက် စိတ်ပင်ပန်းခဲ့ရတယ်။ နောက်ဆုံးတစ်ခါ စိတ်ပင်ပန်းခဲ့ရတာကတော့ သူသစ္စာဖောက်တာကို လက်ပူးလက်ကြပ်မိတဲ့အချိန်ပေါ့။သူဘယ်လိုပဲပြင်ပါ့မယ်လို့ပြောပြော စိတ်ထဲမှာတော်တော်ကြောက်နေခဲ့တာ။ သူ့ရဲ့အပြောအဆို၊ အယုအယတွေအောက် ကိုယ်ထပ်ပြီး ကျရှုံးသွားမှာ ကြောက်နေခဲ့မိတယ်။ထပ်ပြီးစိတ်ထိခိုက်မှာကို ကြောက်နေခဲ့မိတယ်။အခုတော့ သူက သူနဲ့မတူအောင်ကို ကိုယ့်အတွက်စဉ်းစားပေးလို့ ပျော်ရွှင်ခဲ့ရတယ်။နောက်ပြီးတော့ ဟိုတစ်ယောက်... ထူးဆန်းတဲ့ပုံစံတစ်မျိုးနဲ့ ကိုယ့်ဆီချဉ်းကပ်လာခဲ့တယ်။အဖြစ်အပျက်တွေ အရမ်းကိုမြန်ဆန်လွန်းပေမယ့် သူနဲ့ဆို လွတ်လပ်သလိုခံစားရတယ်။ ကိုယ့်ကို လက်တွေ့ဘဝထဲက ရုန်းထွက်လာပြီး သူနဲ့အတူတူ ပျော်ရွှင်ရအောင်တဲ့...ကိုယ်ဘယ်လိုလုပ်ရမလဲ.... ? ကိုယ်ဘာကိုရွေးရမလဲ .....? ခံစားချက် နဲ့ ဘဝ ...
movie

77 Heartwarmings (2021)

2021
Dilwale Dulhania Le Jayenge (1995) 8.1
Dilwale Dulhania Le Jayenge (1995) IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie

Dilwale Dulhania Le Jayenge (1995)

1995
Uppena(2021) 6.8
Uppena(2021) Uppena 2021 -------------------- IMDB Rating 6.9/10Action / Drama / Romanceတေလဂူးလ်ကားတွေထဲ အချစ်ကားဆို သိပ်မကြိုက်ပေမယ့် ဒီကားလေးကတော့ အတော်လေး သဘောကျစရာကောင်းတယ်လို့ပဲ ပြောရမှာပေါ့. ဇာတ်လမ်းအစမှာ ကြည်နူးဖွယ်ဇာတ်ဝင်ခန်းတွေ အလယ်လောက်မှာတော့ ခံပြင်းစရာဇာတ်ဝင်ခန်းမျိုးနဲ့ ဇာတ်လမ်းအဆုံးမှာတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့နဲ ဆွဲဆောင်သွားမယ့် ဇာတ်အိမ်မျိုးနဲ့ ရိုက်ကူးထားပါတယ်. မျိုးရိုးမတူတဲ့ လူငယ်နှစ်ယောက်ကြားက မေတ္တာရယ် မျိုးရိုးဇာတ်ဆိုတာကြီးကို သိပ်ကို ပြင်းထန်စွာ ခံယူထားတဲ့ ရာယာနမ်ဆိုတဲ့ လူကြီးရဲ့ အတ္တတရားကို အိုဗာအက်တင်သိပ်မပါပဲ ကြည့်ရမယ့်ကားမျိုးပေါ့. ကုလားပြည်မှာက မျိုးရိုးဇာတ်ခွဲခြားမှုတွေ သိပ်ကိုပြင်းထန်ခဲ့တာပေါ့ဗျာ. လူလူချင်းတူပေမယ့် မျိုးရိုးဇာတ်နိမ့်သူက ပညာတက်ဖြစ်ရင်တောင် အဖတ်မလုပ် မတူမတန်ရွံစရာသလို ဆက်ဆံခံရတဲ့ အန္ဒိယပြည့်ရဲ့ အရိပ်မည်းကြီးကို ဒီကားက အခြေပြု ရိုက်ကူးထားပါတယ်.ဇာတ်လမ်းအကျဉ်း ----------------- ရာယာနမ်ဆိုတဲ့ လူကြီးက ရွာရဲ့မျက်နှာဖုံး မျိုးရိုးဇာတ်အမြင့်ကိုမှ လူလို့ထင်တဲ့လူ. သမီးဖြစ်သူကို ကောလိပ်တတ်ဖို့ ရွာကို မြို့ကောလိပ်က ဘတ်စ်ကားကိုပါ လာခေါ်ခိုင်းနိုင်ပြီး တရွာလုံးကလူတွေကို သေဆိုသေရှင်ဆိုရှင်စေနိုင်တဲ့ထိ အာဏာဆက်ပြင်းတဲ့လူကြီး. သမီးဖြစ်သူ ဆဂီးသာကတော့ ဖြူစင်တဲ့ကောင်မလေးပေါ့. သူမ အဖေရာယာနမ်က သူ့ကိုသိပ်ဂရုမစိုက်ဘူးခံစားရလို့ အားကိုးရမယ့် ချစ်သူကို ရှာဖွေနေသူပါ. တနေ့တော့ မထင်မှတ်ပဲ သူ့ကျောင်းအပြန်လမ်းက ရန်ပွဲမှာ သူ့ရင်ခုန်ရာ ကောင်လေးကိုရှာတွေ့ခဲ့ပါတယ်. ကောင်လေးက သူတို့ရွာနားက ကမ်းစပ်မှာ နေထိုင်စားသောက်ပြီး တံငါသည်လုပ်ငန်းနဲ့ အသက်မွေးရတဲ့ ဆင်းရဲသားမျိုးရိုးဇာတ်နိမ့်သူ. ဒါပေမယ့် ...
movie

Uppena(2021)

[18+] Fast Times at Ridgemont High (1982)
[18+] Fast Times at Ridgemont High (1982) IMDb Rating (7.2)/Rotten Tomatoes (77%)Simple is beautiful ဆိုတာ ဒါမျိုးပေါ့...ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ...ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်...လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ...ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်Teen Comedy Romance Drama ဇာတ်ကားလေးပါ။ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်...ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့ကငါတို့ခေတ်တုန်းက ...
movie

[18+] Fast Times at Ridgemont High (1982)

Light (2021) 8/10
Light (2021)  Light (2021)" အချစ်က နူးညံ့တယ် ပျားရည်လိုချိုတယ် "ကျွန်တော်တို့ ဝတ္တုတွေ ထဲ ရုပ်ရှင်တွေထဲ အခမ်းနားဆုံးအချစ် နဲ့ ပတ်သက်သမျှ အနူးညံ့ဆုံး စကားလုံးတွေ သုံးကြတယ်ကျွန်တော် ပြောပြချင်တဲ့ ကြည့်စေချင်နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ရှိတယ်ဗျရှောင်ကွမ်း(အလင်းလေး) ဆိုတဲ့ ကောင်လေး တစ်ယောက်ရှိတယ်ချစ်စရာမျက်နှာချိုချိုလေး နဲ့ ကလေး ပေါ့နာမည်ကသာ "အလင်း" ဘဝက မှောင်တာမှ မိုက်လို့။ဘဝကို အမှောင်လောကမှာပဲ အသက်မွေးရတယ်။အမေသေပြီးနောက် ပထွေးရဲ့မတရားကျင့်ကြံမှုနဲ့အတူ အမှောင်ကမ္ဘာထဲကိုအရွယ်မတိုင်ခင် အသက်ငယ်ငယ် နဲ့ ရောက်ရှိနေတဲ့ သမင်ဖြူလေး တစ်ကောင်ဖြစ်တဲ့ရှောင်ကွမ်း အသက်ရှင်ဖို့ လမ်းကြားတွေက အန္တရာယ် များလွန်းခဲ့တယ်ခန္ဓာကိုယ် ပေးဆပ်ရတဲ့ အပြင် နှိပ်စက်မှုတွေ ပါ လုပ်သွားတက်ကြတာပေါ့တစ်ရက်မှာတော့ ရှောင်ကွမ်းလေး ကို အားစော ဆိုတဲ့ ကိုကြီး တစ်ယောက်ကဒီလမ်းကြားတွေ ဆီကနေ ကယ်တင်ခဲ့တယ်....ရှောင်ကွမ်းလေး က ကိုကြီး နဲ့ အတူရှိနေတဲ့ ...
movie

Light (2021)

2021
[18+] Young & Beautiful (2013) 6.7
[18+] Young & Beautiful (2013) IMDb Rating (6.7)Rotten Tomatoes ( 74%)ပြင်သစ်မော်ဒယ်သရုပ်ဆောင် မင်းသမီး Marine Vacth အဓိကပါဝင်ထားတဲ့ပညာပေး 18+ အချစ်ရိုမန့်ဘာညာ ဇာတ်ကားလေးဖြစ်ပါတယ်။အစ်ဇဘယ်လာတစ်ယောက် လှသွေးကြွယ်ချိန် ၁၇ နှစ်လောက်မှာချစ်သူနဲ့ ရိုနေချင်ပေမယ့် ချစ်သူက အတူနေပြီးတာနဲ့ အရိုဇာတ်လမ်းက မြန်မြန်ပဲပွဲသိမ်းခဲ့ပါတယ်...ဒီအချိန်မှာ အစ်ဇဘယ်လာတစ်ယောက် သူ့ရဲ့ Secret Life ကို စတင်စမ်းသပ်ဖြစ်ပါတော့တယ်...Call Girl အဖြစ် အသက်ကြီးကြီးဘိုးတော်အများစုနဲ့ ချိန်းတွေ့ ပိုက်ဆံရှာပြီး ဘဝကိုရေစုံမျောနေပါတော့တယ်။ဒီထဲက ဘိုးတော်တစ်ပွေက သူနဲ့အတူနေရင်း နှလုံးအမောဖောက်ပြီးသေသွားတဲ့အခါမှာတော့...။Young & Beautiful ဆိုတဲ့အတိုင်း လှသွေးကြွယ်ချိန်မှာဖြစ်တတ်တဲ့ ခံစားချက်တွေနဲ့မိသားစုကြားကဆက်ဆံရေးအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့ဇာတ်ကားပါ။( Dark Side Production မှ တင်ဆက်သည်။)  File size…(1.6 GB)/ (930 MB)/ (500 MB) Quality…BluRay 1080p /720p / 360p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB BTranslated ...
movie

[18+] Young & Beautiful (2013)

The Kissing Booth 3 (2021) 5.8
The Kissing Booth 3 (2021) ကဲ အားလုံးပဲ အနမ်းပြခန်းကို တတိယအကြိမ်မြောက် သွားကြရအောင်ဗျThe Kissing Booth 2 မှာတုန်းက အယ်လ်တစ်ယောက် အထက်တန်းကျောင်း ဘွဲ့ရသွားတာ အားလုံး သိပြီးဖြစ်ကြမှာပါမာကိုဆိုတဲ့ ကောင်လေးနဲ့ ခြေရှုပ်ခဲ့တာလည်း မေ့ထားလို့ မရပြန်ပါဘူးနော်ချစ်သူနဲ့ သူငယ်ချင်းကြား ဗျာများလွန်းတဲ့ မမလေး အယ်လ်တစ်ယောက်ဒီတစ်ခါမှာလည်း မရိုးတဲ့ အကွက်ဆန်းတွေနဲ့ပြဿနာတွေ ဖန်တီးပါဦးမယ်ဒီဇာတ်လမ်းမှာတော့ ချစ်သူရှိရာ ဟားဗတ် တက္ကသိုလ်ကို သွားတက်ဖို့ ရွေးချယ်လိုက်တဲ့ အယ်လ့်ကိုသူငယ်ချင်းဖြစ်သူ လီက စိတ်ဆိုးရာကနေ ဇာတ်လမ်းကစပါတယ်ဒီတော့ သိပ်ချစ်လွန်းလို့ ကိုကို့နောက်လိုက်မယ့် အယ်လ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို ချွေးသိပ်ရပါတော့မယ်ဒီလိုနဲ့ ငယ်ငယ်က ကောလိပ်မသွားခင် ၂ ယောက်အတူ လုပ်ချင်တဲ့ အရာတွေရေးထားတဲ့ စာရင်းထဲကအတိုင်းလီနဲ့အတူ ဖန်တီးဖို့ကြိုးစားရင်း အရှုပ်ဇယားတွေ ပေါ်လာပုံကိုရိုက်ကူးတင်ဆက်ထားပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Yoon Sandi Aung, Jerrica, Thet Hnin ...
movie

The Kissing Booth 3 (2021)

2021
Waiting for rain(2021) 7.5
Waiting for rain(2021) Waiting for rain(2021) အညွှန်း************************IMDb...7.5Moon lovers ထဲက မင်းသားတစ်ယောက်ဖြစ်တဲ့ Kang Ha Neul ရဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ဝင်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတယ်...ရှေ့(၂)ခါကျထားတော့ သူ့ခဗျာ စိတ်ဓာတ်ကျနေပြီလို့လည်းပြောလို့ရတယ်... တစ်ရက်စာကြည့်တုန်းစာအုပ်ထဲမှာအပြေးပြိုင်ပွဲပုံလေးတွေ့သွားတယ်... သူကလေးဘဝအပြေးပြိုင်တုန်းကကောင်မလေးတစ်ယောက်က ချွေးသုတ်ဖို့ လက်ကိုင်ပဝါလေးပေးဖူးတာကို အမှတ်ရသွားတယ်...ကျွန်တော်တို့ဟာ တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီးရင်ခုန်ခဲ့ဖူး အမှတ်တရရှိခဲ့ဖူးပေမဲ့ အချိန်ကြာလာရင်အနည်ထိုင်သွားတတ်တယ်...သို့ပေမဲ့ အနည်ဆိုတာမျိုးဟာလည်း တစ်စုံတစ်ခုထိ ထိခိုက်မိသွားရင်ပြန်လှုပ်နိုးလာတတ်တာပဲမဟုတ်လား...ဒါ့ကြောင့် ကောင်လေးဟာ လက်ကိုင်ပဝါပေးဖူးတဲ့ကောင်မလေးရဲ့လိပ်စာကိုစုံစမ်းပြီး စာလေးပို့ပေးဖို့ကြိုးစားပါတယ်...သူကြိုးစားတာအောင်မြင်တယ်လို့ပြောရပါ့မယ်...ကောင်မလေးဆီက ပြန်စာလေးတွေရောက်လာတတ်တယ်...သူ့အတွက်နေ့ရက်တိုင်းဟာ အဓိပ္ပါယ်ရှိလာသလိုပါပဲ...ဒါပေမဲ့ ဒီစာလေးတွေရဲ့နောက်ကွယ်မှာ သူလုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်...စာရေးဆရာတစ်ယောက်ရဲ့စကားကိုကိုးကားပြောရမယ်ဆိုရင်ကျွန်တော်တို့ဟာ အားလုံးကိုစွန့်လွှတ်ရရင်တောင်Romance နဲ့ Drama ဇာတ်ကားလေးတွေကိုတော့ ချိုမြိန်စွာခံစားခွင့်ရှိကြတယ်မဟုတ်လား...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...File Size :(2.16GB)(1.1GB) and (450 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myo ...
movie

Waiting for rain(2021)

The Sleeping Dictionary (2003)
The Sleeping Dictionary (2003) IMDb Rating (6.6) / Rotten Tomatoes (67%)ဒီလိုအိမ်တွင်းအောင်းကာလမှာ တစိမ့်စိမ့်သောက်ရမယ့် လက်ဖက်ရည်ကျစိမ့်တစ်ခွက်ဆိုတာ ဒီလိုဇာတ်ကားပါပဲ...မင်းသမီး Jessica Alba နဲ့ မင်းသား Hugh Dancy တို့ပါဝင်ထားပြီးမလေးရှားနိုင်ငံက Sarawak ဆိုတဲ့နေရာမှာ ရိုက်ကူးထားတာပါ။မလေးရှားတိုင်းရင်းသားရိုးရာအလှအပ အဝတ်အစားတွေနဲ့ ၁၉၃၀ ဝန်းကျင်ကာလကို သေချာတင်ဆက်ထားတာမို့ဂျက်ဆီကာအယ်လ်ဘာကိုတောင် တိုင်းရင်းသူလေးအဖြစ် အမှတ်မှားသွားနိုင်ပါတယ်။Romantic Drama ဇာတ်ကားမျိုးထဲမှာ မတူတဲ့ရသတစ်မျိုးနဲ့ အမြဲသတိရသွားစေမယ့်ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည်လေးကလဲ ဆန်းတယ်.. အိပ်စက်ခြင်းအဘိဓာန်တဲ့ ..ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရှေးကျတဲ့ Tiban လူမျိုးတွေနေထိုင်တဲ့မလေးရှားက Sarawak ဒေသကို ယဉ်ကျေးမှုတွေဖလှယ်ပေးဖို့အတွက်အင်္ဂလိပ်လူငယ်လေးတစ်ယောက်ကို တာဝန်ပေးအပ်လိုက်ပါတယ် ..ထိုလူငယ်လေးဟာ မထင်မှတ်ဘဲ ဒေသခံမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်မိသွားခဲ့ပေမဲ့ဂုဏ်သိက္ခာကိုရှေ့တန်းတင်တဲ့ အင်္ဂလိပ်လူမျိုးတွေဘက်ကတော့ လက်ထပ်ဖို့သဘောမတူခဲ့ပါဘူး ..ဒီလိုနဲ့ သူတို့တွေကြားမှာဖြစ်ပေါ်လာတဲ့တင်းမာမှုတွေ၊အချစ်ရဲ့ဂုဏ်သိက္ခာအကြောင်းတွေTiban လူမျိုးတွေရဲ့ယဉ်ကျေးမှုစရိုက်တွေကို အသစ်အဆန်းအနေနဲ့တွေ့ကြုံခံစားရမှာပဲဖြစ်ပါတယ် ..အေးတိအေးစက် အချစ်ဇာတ်လမ်းသိပ်မကြိုက်တဲ့ ကျွန်တော်တောင် ဒီရုပ်ရှင်ကိုသဘောကျပါတယ် .."အိပ်စက်ခြင်း အဘိဓာန်" ကဘာလဲဆိုတာ ခံစားကြည့်စေလိုပါတယ်။ File size…(1.9 GB) / ...
movie

The Sleeping Dictionary (2003)

(18+)Trade Secrets of the Amazing Massage Shop (2021) 6.5
(18+)Trade Secrets of the Amazing Massage Shop (2021) Trade Secrets of the Amazing Massage Shop (2021)အိမ်တွင်းအောင်းနေတဲ့ကာလမှာ အညောင်းမိ အကြောလျှော့ချင်နေတဲ့ ဘဒိုတွေ အတွက် အနှိပ်ခန်း မာဆတ် ဖောင်းဒိုင်းကားကောင်းလေး လာပါပြီ ကိုရီးယား ၁၈+ ကားဖြစ်ပြီးဇာတ်လမ်းက ဆံပင်ညှပ်ဆိုင် ဇာတ်လမ်းနဲ့ နည်းနည်းဆင်ပါတယ် အနှိပ်သီးသန့်ဖွင့်ထားတဲ့ မာဆက်လေးက အချိန်ကြာတဲ့အထိ အလုပ်မဖြစ် ဧည့်သည်တွေပါး ဝင်ငွေကနည်းလာတော့ဆိုင်ရှင်မမနဲ့ ဝန်ထမ်းကောင်မလေးများ အကြပ်ရိုက်စိတ်ညစ်နေတဲ့ အချိန် သူတို့ဘေးဆိုင်ကတော့ ဧည့်သည်တွေ ဝင်လာမစဲ တသဲသဲပေါ့ ဘေးဆိုင်ဘာလို့ လူများလဲဆိုတာ သိချင်နေကြတဲ့အချိန်ဘေးဆိုင်က ဝန်ထမ်းဆော် တစ်ယောက် အလုပ်ပြုတ်လာပြီး အနှိပ်သီးသန့်ဆိုင်လေးကို ရောက်လာတဲ့အချိန် ဘေးဆိုင်လူစည်နေရတဲ့ မဟာလျှို့ဝှက်ချက်ကို သိခွင့်ရခဲ့ပါတယ် အဲ့ဒါကတော့ နှိပ်ပေးတာနဲ့အတူဖောင်းဒိုင်းကို ရှယ်အလှူပေးတာပါပဲ ချဉ်စပ်ကော ချိုချဉ်ကော အရသာစုံကို Service အနေနဲ့ ရှယ်အလှူပေးလို့ လူစည်နေရတာပါ အဲ့တော့ ...
movie

(18+)Trade Secrets of the Amazing Massage Shop (2021)

2021
Lucky You (2007) 5.9
Lucky You (2007) Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။‌ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie

Lucky You (2007)

The Cabbie (2000) 7.0
The Cabbie (2000) IMDb Rating (7/10)ဖီးလ်ရတဲ့ ထိုင်ဝမ် အချစ်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်...မင်းသားက Taxi မောင်းတဲ့ လူပျိုကြီး...မိန်းမ မယူတာက မရတာမဟုတ်ဘူး...သူချစ်ရတဲ့သူကိုပဲ လက်ထပ်မယ်စိတ်ကူးထားတာမို့ အိမ်ကစေ့စပ်သမျှကို အံတုလာတဲ့ အာဂလူပျိုကြီးအချစ်ဆိုတာ ပထမဆုံးအကြည့်တစ်ချက်မှာတင် ငြိတွယ်ရမယ်လို့ သူကလက်ခံထားတာ...ငြိမှငြိတွယ်သွားတော့လဲ Taxi သမားနဲ့ မလိုက်မဖက် ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ရဲမေမလေး...အကြည့်တစ်ချက်မှာတင် သူ့အိမ်သူသက်ထားပဲလို့ လူပျိုကြီးက သတ်မှတ်လိုက်ပြီးယာဉ်ထိန်းရဲမေလေးမျက်နှာကို မြင်ရဖို့အရေး ယာဉ်စည်းကမ်းတွေကို နေ့တိုင်းဖောက်ဖျက် ကျူးလွန်နေပါတော့တယ်...ယာဉ်စည်းကမ်းဖောက်လိုက် ချစ်ရသူရဲမေဆီက ခံဝန်ထိုး ဒဏ်ကြေးစာရွက်လေး ယူလိုက်နဲ့ သာယာနေပါတော့တယ်...ဆိုတော့ကာ ဇာတ်လမ်းက ဘယ်လိုဖီးလ်ရမလဲပေါ့နော်...ဆက်လက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ဒီဇာတ်ကားက ဒီလိုအကြောင်းချည်းသက်သက်တော့ မဟုတ်ပြန်ဘူး...မိသားစုတစ်ခုမှာ ရှိတတ်တဲ့ ဝိဝါဒတွေ...ရယ်စရာ မောစရာတွေနဲ့ ရောယှက်ထားတာမျိုး....ရိုက်ချက်အေးအေးကြီးတွေကြား ရင်ထဲ Deep ဖြစ်စေတဲ့ ခံစားချက်တွေ အုံလိုက်ဆင်းချလာမှာမျိုး။ File size…(1.1 GB) / (700 MB) / (300 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle ...
movie

The Cabbie (2000)

Crouching Tiger, Hidden Dragon (2000) 7.8
Crouching Tiger, Hidden Dragon (2000)  Crouching Tiger Hidden Dragon (2000)ဝူတန်သိုင်းလို့ပြောလိုက်တာနဲ့ Chinese Fanတွေဆိုရင်းရင်းနှီးနှီးသိကြမှာပါဒီကားမှာတော့ ဝူတန်သိုင်းသမားသူရဲကောင်းလီမူဘိုင်က သိုင်းလောကကနေအနားယူပြီး အေးအေးချမ်းချမ်းနေဖို့ သူ့ရဲ့ကျောက်စိမ်းကံကြမ္မာဓားကို ဆရာတီဆီလက်ဆောင်ပေးရာကနေစတဲ့ဇာတ်လမ်းပါသူရဲကောင်းလီမူဘိုင်ရဲ့ဆရာတောင်ပိုင်းကြိုးကြာ(နာမည်ဝှက်)ဆီက ဝူတန်သိုင်းရဲ့လျှို့ဝှက်သိုင်းကျမ်းကို ကျောက်စိမ်းမြေခွေး(နာမည်ဝှက်)ကခိုးယူကျင့်ကြံပြီး တောင်ပိုင်းကြိုးကြာကိုသတ်ပစ်ခဲ့ပါတယ်ကျောက်စိမ်းမြေခွေးက လျှောက်သွားရင်း ရှောင်လုံဆိုတဲ့ချမ်းသာတဲ့မမလေးကို တပည့်တော်ကာပညာသင်ပေးရင်း ဇာတ်မြှုပ်နေရာမှ တပည့်လေးကြောင့် သူ့ကိုရန်သူတွေသိသွားပါတော့တယ်ရှောင်လုံကလည်း ငယ်ငယ်ထဲကဆရာ့ပြောစကားတွေကြောင့် သိုင်းလောကမှာကျင်လည်ပြီးလျှောက်သွားချင်သူပါ နာမည်ကျော်သူရဲကောင်းတွေလို အစွမ်းထက်လက်နက်တွေနဲ့ ဟိတ်ဟန်ထုတ်ချင်သူပါမမျှော်လင့်ဘဲ ရှောင်လုံနဲ့ရှုလျန်တို့တွေ့ဆုံခင်မင်ရာမှ ကျောက်စိမ်းကံကြမ္မာဓားကိုရှောင်လုံတွေ့သွားသောအခါအရမ်းလိုချင်သွားပါတော့တယ် ရှောင်လုံကလည်းဓားရအောင်ဘယ်လိုလုပ်မလဲ...ရှုလျန်ကလည်း သူ့ချစ်သူအတွက်ဓားကို ဘယ်လိုကာကွယ်ပေးမလဲ...လီမူဘိုင်ကရော သိုင်းလောကကနေအနားယူရပါ့မလား...ကဲဇာတ်လမ်းထဲပဲကြည့်လိုက်ရအောင်နော်ရှုလျန်အဖြစ် Michelle Yeoh (သူ့ကိုတော့ The Ladyကားမှာထဲက သိကြမှာပါ)လီမူဘိုင်အဖြစ် Chow Yun-Fatရှောင်လုံအဖြစ် Zhang Ziyiကျောက်စိမ်းမြေခွေးအဖြစ် Cheng Pei Pei( အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ )Quality__1080p, 720p IMDb Rating__7.8/10 Format__mp4 Duration__02:00:00 Type__Action ,Adventure , Fantasy , Romance Subtitle__Myanmar Subtitle (Hardsub) Translated ...
movie

Crouching Tiger, Hidden Dragon (2000)