Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
6.3
Painted Skin (2008)
IMDRating (6.3) ရရှိထားတဲ့ ဒီဇာတ်ကားက ရုံတင်တုန်းကလဲ အတော်ဟော့ခဲ့တာပါ...မင်းသား Donnie Yen ,Chen Kun တို့နဲ့ နာမည်ကြီးမင်းသမီး Zhao Wei,Zhou Xun တို့နဲ့ ရိုက်ကူးထားတဲ့သဘာဝလွန်သိုင်းကား တဖြစ်လဲ အချစ်ရိုမန့်ဇာတ်ကားလေးပါ။လူ့နှလုံးသားကိုစားသုံးပြီး လူတွေကြားမှာ ရှင်သန်နေကြတဲ့ မှင်စာမိစ္ဆာ အချောလေးကို ချစ်မိကြတဲ့ဇာတ်လမ်းလေးပေါ့...ရိုက်ကူးထားတာတွေမိုက်တဲ့အပြင် သိုင်းကားရသလဲအပြည့်ပါတာမို့ သိုင်းကားပရိတ်သတ်ဆို လက်လွတ်မခံသင့်ပါ။ဒီကားရဲ့အဆက် Painted Skin II: The Resurrection(2012) ကိုလဲ တင်ဆက်လိုက်ပါတယ်။ File size…(2.5 GB)/(1.2 MB) Quality….BluRay HEVC 1080p / 720p Format…mkv Duration….01:58:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Li Yuan Jiao & Omi
movie
Painted Skin (2008)
HEVC 1080p 5.1
7.0
Meet the Parents (2000)
Meet the Parents (2000)Night at The Museum တို့ The Secret Life of Walter Mitty တို့နဲ့ လူသိများတဲ့ Ben Stiller ရဲ့ Old But Goldဖြစ်တဲ့ Romance-Comedy ဇာတ်ကားလေးပါဇာတ်ကားက အရမ်းကောင်းသလို ပေါတောတောမဆန်နေဘဲ serious jokes တွေနဲ့ပဲ ၅မိနစ် တစ်ခါလောက် ရယ်နေရမှာ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ဂရက် ဟာ သူ့ကောင်မလေး ပမ် နဲ့ တွဲနေကြတာ ဆယ်လ လောက်ကြာပါပြီ ပမ် ကိုလည်း သူက တကယ် ချစ်မိနေပါတယ် အဲ့ဒါကြောင့် အချိန်ဆွဲမနေဘဲ လက်ထပ် ခွင့် တောင်းဖို့ ကြိုးစားပါတယ်ဒါပေမယ့် အခြေအနေတွေက ထင်ထားသလို ဖြစ်မလာဘဲ လွဲချော်သွားခဲ့ပါတယ် လက်ထပ်ခွင့်မတောင်းရဘဲ ပမ် ရဲ့ မိဘ တွေအိမ်ကို ပထမဆုံး ...
movie
Meet the Parents (2000)
6.0
Very Good Girls (2013)
Very Good Girls (2013)IMDb Rating (6/10)မင်းသမီးချောတွေဖြစ်တဲ့ Dakota Fanning နဲ့ Elizabet Olsen တို့ပါဝင်တဲ့ Very Good Girls ဟာ ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။သူငယ်ချင်း ၂ ယောက်ဟာ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ နေလာရာက ကောလိပ်တက်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီမှာ အမေရိကန်လူငယ်တို့ရဲ့ထုံးစံအတိုင်း ကောလိပ်မတက်ခင် အပျိုစင်ဘဝကို ဆုံးရှုံးချင်ကြပါတယ် ၂ ယောက်လုံးကလည်း ယောကျာ်းလေးတစ်ယောက်တည်းကိုပဲ သွားချစ်မိကြတဲ့အခါ...သူတို့ကြားထဲက အချစ်တွေ၊ ပေးဆပ်မှုတွေ၊ နားလည်မှုအလွဲတွေ၊ ပေါက်ကရလုပ်တာတွေကို ဒီကားထဲမှာ ပေါ့ပေ့ါပါးပါးကြည့်ရှုရပါမယ်။ မင်းသမီးချောလေးတွေကိုလည်းကြည့်ရင်း အချစ် ဒရာမာလည်းဖြစ်တော့ ငြိမ့်ငြိမ့်လေး ခံစားချင်သူတွေအတွက်တော့ အကိုက်ပါပဲ။ကောင်မလေးသူငယ်ချင်းနှစ်ယောက်မှာ ဘယ်သူနဲ့ အဲဒီကောင်လေးနဲ့ ချစ်သူတွေဖြစ်ပြီး ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတော့ကိုတော့ ကြည့်ရှုရင်းနဲ့ပဲ ခံစားကြပါဦးလို့....။ File size…(1.4 GB)/(850 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:00 Subtitle….Myanmar Subtitle ...
movie
Very Good Girls (2013)
7.8
Shiddat (2021)
Shiddat(2021) --------------Imdb 7.8/10အတော်လေး ရိုမန့်ဖြစ်တဲ့ရုပ်ရှင်ကားလို့ပြောရပါမယ်.အချစ်ကို ဘဝကြီးတခုလို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ၃၀ကျော်၄၀ဝန်းကျင် လူလတ်ပိုင်းတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းနှစ်ခုကို ဇာတ်လမ်းတပုဒ်အဖြစ် တွဲလျက် တင်ဆက်ထားပါတယ်...ဇာတ်လမ်းအကျဉ်း ------------------ဂျာဂီက ပျော်ပျော်နေတတ်တဲ့ အားကစားသမားတစ်ယောက်.တနေ့မှာတော့ ရေကူးနေတဲ့ ကာတီကာကို ကျောင်းမှာတွေ့ရင်းကာတီကာ့ကို ချစ်မိသွားတယ် ဆယ်ကျော်သက်အချစ်ဆိုပေမယ့်ဂျာဂီအချစ်က အတော်လေးလေးနက်ပါတယ်....ကာတီကာနဲ့ဂျာဂီတို့နှစ်ယောက်က သိပ်ကိုလဲ လိုက်ဖက်တဲ့စုံတွဲတွေပေါ့...ဒါပေမယ့် အချစ်စစ်တို့လမ်းဟာမဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း တနေ့မှာ ကာတီကာကလန်ဒန်က မိသားစုပြန်သွားရပြီး မထင်မှတ်ပဲ မိဘတွေရဲ့အိမ်ထောင်ချပေးခြင်ကို ခံလိုက်ရပါတယ်....ဂျာဂီလို အန္ဒိယမှာနေတဲ့လူအတွက် လန်ဒန်ဆိုတာသိပ်ဝေးလွန်းပါတယ်...ဒါပေမယ့် ဂျာဂီရဲ့အချစ်တွေကိုနယ်မြေအကွာအဝေးတွေက ကန့်သတ်မထားနိုင်ပါဘူး...ဂျာဂီက လန်ဒန်နဲ့အနီးဆုံးဖြစ်တဲ့ ပြင်သစ်ကို လမ်းလျှောက်လိုက်ကားကြုံစီးလိုက်နဲ့ ကီလိုမီတာပေါင်းထောင်ချီနေတဲ့ ပြင်သစ်ကို ရောက်အောင်သွားခဲ့ပေမယ့်ဗီဇာမပါတာကြောင့် အဖမ်းခံရပြီး သံရုံးကအရာရှိ ဂေါ်သမ်နဲ့ဆုံခဲ့ပါတယ်...ဂေါ်သမ်ကတော့ ကွာရှင်းမလို့ဖြစ်နေတဲ့ အိမ်ထောင်ရေးနဲ့ သွေးအေးသွားတဲ့အချစ်ရေးကြောင့် အချစ်ရေးကို အယုံအကြည်မရှိတဲ့ လူတစ်ယောက်ဖြစ်ပြီးဂျာဂီဘယ်လိုမှရှင်းပြမရတဲ့ လူစားမျိုးပါ...ဂျာဂီတစ်ယောက် လန်ဒန်ကိုရောက်အောင်သွားနိုင်မှာလား သူကြိုးစားသမျှကိုရော သူ့ကောင်မလေးက အသိမှတ်ပြုရဲ့လားသံအမတ်ဂေါ်သမ်ကရော ဂျာ့ဂီကို ပြည်နှင်ဒဏ်ပေးမှာလားးစတဲ့မေးခွန်းတွေနဲ့လူလေးဦးရဲ့ အချစ်အပေါ်ခံယူချက်တွေ ကြိုးစားပုံတွေ အမြင်တွေကိုချပြဖျော်ဖြေထားတဲ့ဇာတ်လမ်းတပုဒ်ဖြစ်ကြောင်း ညွှန်းချင်ပါတယ် File size…1.43GB / 2.36GB Quality…720p ...
movie
Shiddat (2021)
2021
6.9
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊ “ မောင်ဇော်....ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ” “ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ” ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ...။ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြ ပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့ တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့)တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။ လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေ လျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် စတစ်ဂ်ကိုကြိတ်ကြိုက်နေတဲ့အခန်းမျက်စောင်းထိုးကအပျိုဖြန်းလေး၊ ဆရာမရဲ့ခင်ပွန်းသည် အရက်သမား အစရှိတဲ့ဘေးလူတွေပါဝင်လာတဲ့အခါ ရှင်းရခက်တဲ့ ဒီဇာတ်လမ်းကို သူတို့ဘယ်လိုသိမ်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ရှုစားစေချင်ပါတယ်။All Things Fair ဟာကမ္ဘာအနှံ့ကသြဇာကြီးတဲ့ရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး ဆုတွေအမျိုးမျိုးဆွတ်ခူးခဲ့တဲ့ကားဖြစ်ပြီး အဲ့ဒီနှစ် အကောင်းဆုံးဘာသာစကားပြော အော်စကာဆုလဲလျာထားခံခဲ့ရပါတယ်။ ...
movie
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
6.2
A Way Station ( 2021 )
ဟိုးငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့အထက်တန်းကျောင်းသားနဲ့ ကျောင်းသူလေးတို့ နှစ်ယောက်သားအရမ်းချစ်ခဲ့ကြတယ်တစ်နည်းပြောရရင် ငယ်ချစ်ဦးတွေပေါ့ ဒါပေမယ့်လည်း အကြောင်းကြောင်းကြောင့်ကွဲသွားကြတယ် ဒီလိုနဲ့ကောင်မလေးက ဆိုးလ်မှာအလုပ်လုပ်နေရင်း သူ့မှာကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတာ သိလိုက်ရတော့ နယ်မြို့လေးဆီပြန်လာခဲ့တယ်ငယ်သူငယ်ချင်းတွေနဲ့ဆုံဖြစ်တော့ ငယ်ချစ်ဦးလေးလည်းပါတာပေါ့နော်ကောင်လေးမှာက အယ်ဇိုင်းမားဖြစ်နေတယ် ကောင်မလေးကကင်ဆာနောက်ဆုံးအဆင့်ရောဂါသည် နှစ်ယောက်လုံးက ချစ်ရက်နဲ့လမ်းခွဲခဲ့ကြရတော့ကောင်လေးဘက်ကကျ ကျန်ရှိနေတဲ့အချိန်ကို နှစ်ယောက်အတူဖြတ်သန်းချင်တယ်ကောင်မလေးကကျ ကောင်လေးကိုသနားလည်းသနားမိသလို အားလည်းနာတဲ့အတွက်လက်မခံချင်ဘူး နှစ်ယောက်သား သူတို့ဘဝရဲ့လက်ကျန်အချိန်တွေကိုသီးသန့်စီပဲဖြတ်သန်းဖြစ်ကြမလား အတူတူအနားမှာရှိနေပေးကြရင်းကုန်ဆုံးကြမလားကိုတော့ ကိုယ့်ဘာသာကိုယ်ပဲကြည့်လိုက်ကြပါတော့မင်းသားက ZE:A အဖွဲ့ထဲကပါ မင်းသမီးကတော့ ဟိုတလောကပြီးသွားတဲ့Devil Judge ထဲက supporting actress ပါ နှစ်ယောက်လုံးကပရိတ်သတ်တွေရင်းနှီးပြီးသားသူတွေချည်းပါပဲ ဇာတ်လမ်းတစ်ခုလုံးကအဆွေးအမြည့်တွေချည်းမဟုတ်သလို အချိန်ပြည့် ရိုမန်တစ်ဆန်နေတာလည်း မဟုတ်ပါဘူးကောင်မလေးနဲ့ပတ်သက်သမျှသေးသေးလေးတွေကအစအသေးစိတ်မှတ်ထားတတ်တဲ့ ကောင်လေးရယ် ဂရုမစိုက်ဘူးမချစ်ဘူးထင်ရပေမယ့် ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာချစ်နေတဲ့ကောင်မလေးရယ် ကြည့်နေရင်းကို ကြည်နူးမှုကြောင့်ရင်ထဲနွေးသွားမှာပါ Quality : FHDRip 1080pFormat : mp4During : 1h 41minGenres : Drama , RomanceSubtitle : Myanmar ...
movie
A Way Station ( 2021 )
6.5
Singles (2003)
Singles (2003)IMDb - 6.5/10"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ" ဆိုသလိုပဲ ..... လမ်းခွဲတယ်ဆိုတာ လမ်းသစ်ဖောက်ဖို့ပါပဲ။ နိဂုံးဆိုတာ တခြားနိဒါန်းတစ်ခုရဲ့အစလည်း ဖြစ်နေနိုင်တာပါပဲ။ဘ၀မှာ အငြင်းခံရတယ်တို့ အဖြတ်ခံရတယ်တို့ဆိုတာ ရင်နာစရာပေမယ့် ကိုယ့်ကိုဖြတ်တဲ့သူက ကိုယ်နဲ့မထိုက်တန်လို့လည်းဖြစ်နိုင်ပါတယ် .....ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်အတိုင်း အချစ်ရေးကံခေကြတဲ့ စင်ဂယ် BFF သုံးယောက်အကြောင်းရိုက်ထားတာပါ။ (အချစ်ကံခေတယ်ပဲပြောတာပါ .... FA လို့မပြောဘူးနော် FA တွေက ငါ့အတွက်ဟ လို့ ထင်မှာစိုးလို့ 😣)ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာနန်းတစ်ယောက် စားသောက်ဆိုင်ဘက်တာ၀န်ပေးခံတဲ့အခါ .... အရင်ရည်းစားထက် သူ့အပေါ်အရာရာကောင်းပေးတဲ့လူနဲ့တွေ့တဲ့အခါ ...နာနန်းတစ်ယောက် အလုပ်ကိုရွေးမလား ချစ်သူကိုရွေးမလား...ကျန်တဲ့ တစ်အိမ်တည်းနေ Bff နှစ်ယောက်ကရော မူးပြီး အတူတူအိပ်မိသွားတဲ့အခါ .. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...ဒီကားလေးက 2009 ခုနှစ်မှာ အစာအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ နာနန်းနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Jang Jin Young ကို Blue Dragon Films Award မှာ Best Actress ဆုရစေခဲ့တဲ့ကားလေးဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eainy ပဲ ...
movie
Singles (2003)
2003
6.6
Sweet Curse (2021)
Sweet Curse [2021]လူတစ်ယောက်ကိုချစ်မိလာပြီဆို အဲ့လူကို ရယူပိုင်ဆိုင်လိုစိတ် အနည်းနဲ့အများတော့ ရှိကြမှာ မဟုတ်လား?ရယူလိုစိတ်တအားများလာတဲ့အခါမှာတော့ မဖြစ်ဖြစ်တဲ့နည်းလမ်းနဲ့ ရအောင်လုပ်ကြတာ လူ့အကျင့်ပါပဲ။ဟာဂျွန် ဆိုတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ကို ချစ်မိသွားခဲ့တဲ့ မင်အူ ဟာ ဂျွန့်ဆီက ချစ်ခြင်းမေတ္တာထက် သူ့ကိုပဲအပိုင်လိုချင်လာပါတယ်။သူငယ်ချင်းဆက်ဆံရေးပဲ ဖြစ်ကြတဲ့အတွက် မင်အူဟာ အဆင့်တက်ဖို့အတွက် နည်းလမ်းတစ်လမ်းကို ရွေးချယ်လိုက်ပါတယ်။ပိုင်ဆိုင်လိုစိတ်များလွန်းတဲ့ မင်အူ အနေနဲ့ တကယ်ပဲ ဂျွန့်ကို ပိုင်ဆိုင်သွားနိုင်မလား သူရွေးလိုက်တဲ့ လမ်းကရော အန္တရာယ်ကင်းပါ့မလားအသစ်ထွက်ရှိထားတဲ့ Korea Short Movie လေးဖြစ်ပြီး ညစ်ညမ်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ HAW ပဲ ဖြစ်ပါတယ်။Quality….WEB-DL 1080p and 720p File size…462 MB and 212 MB Format…mp4 Duration….31min Subtitle….Myanmar Subtitle (Hardsub) Translator ..... HAW Encoder .....August
movie
Sweet Curse (2021)
3.7
Dil Juunglee (2018)
တာ့ပ်ဆီးရဲ့ ၂၀၁၈ တုန်းကထွက်ရှိထားတဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်..ကိုရိုလီနိုင်ရာ...လန်ဒန်အခြေစိုက်စီးပွားရေးလုပ်ငန်းပိုင်ရှင်ရဲ့ သမီးဖြစ်ပေမယ့် အဖေဖြစ်သူရဲ့ လုပ်ငန်းတွေကို စိတ်မဝင်စားဘဲဘဝကို ပျော်ရွှင်ရိုးရှင်းစွာ နေထိုင်ချင်သူလေး...အချစ်ဝတ္ထုတွေ စိတ်ကူးယဥ်ဇာတ်လမ်းတွေမှာ မျှောပြီး အချစ်စစ်ကို ရှာဖွေ ပျော်ရွှင်စွာအိမ်ထောင်ပြုချင်သူ...အင်္ဂလိပ်စာဆရာမ အဖြစ် သူ့ဘဝသူ ကျေနပ်ပျော်ရွှင်နေတဲ့ မိန်းကလေးတစ်ယောက်...ဆူမစ်အူပယ်လ်...သူကတော့ သရုပ်ဆောင် ဘောလိဝုဒ်လောကကို အခြေချချင်တဲ့ gym trainer...ရည်မှန်းချက်ကြီးပြီး အောင်မြင်တဲ့မင်းသားတစ်လက် ဖြစ်ချင်တဲ့သူနဲ့ကိုရိုလီတို့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ဆုံမိကြတဲ့အခါ...အစပိုင်းတော့ ဆရာမ/ကျောင်းသား ဆက်ဆံရေးကနေ ပိုပိုပြီးရင်းနှီးလာတဲ့ သူတို့၂ယောက်...ချစ်ခြင်းမေတ္တာနဲ့ သံယောဇဥ် အနိမ့်အမြင့် အတက်အကျတွေကြားက ဆုံစည်းနိုင်ကြမလားဆိုတာ...။Romance Comedy ဇာတ်ကားလေးမို့ Rating တွေနည်းပေမယ့် တာ့ပ်ဆီးပရိတ်သတ်မို့ လက်မလွတ်တမ်းတင်ဆက်ပေးလိုက်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားတာပါ။) File size…(1.5 GB ) / (900 MB) Quality…WEB-DL 1080p / 720p Format…mkv Duration….01:56:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie
Dil Juunglee (2018)
5.3
JJ Plus E(2021)
အချစ်ကားလေးတွေမှ ကြိုက်သူတို့အတွက် လာပါပြီဂျွန်ဂျွန်နဲ့ သူ့သူငယ်ချင်းတွေက အပေအတေ လူဆိုးလေးတွေပါအိမ်ဖောက်ထွင်းတာက သူတို့ အလုပ်ပါဒါပေမယ့် ဂျွန်ဂျွန်ကတော့ သရုပ်ဆောင်ဖြစ်ချင်ခဲ့တာစိတ်ရင်းကောင်းတဲ့ ဂျွန်ဂျွန်က ကလေးမလေးတစ်ယောက် ရေနစ်နေတာကို ကယ်ပေးရင်း ကလေးမလေးရဲ့ အစ်မကို ချစ်မိသွားခဲ့တယ်သူဌေးသမီးလေးနဲ့ ပြန်မဆုံနိုင်ဘူး ထင်ထားပေမယ့်အနုပညာ ကျောင်းတက်တော့ တစ်တန်းတည်းကျရောသူ့နာမည်က အဲဘိဇဘတ်တဲ့အဲလိဇဘတ်နဲ့ ရင်းနှီးမှုတွေ ရလာပြီးနောက် ချစ်သူတွေ ဖြစ်လာကြတယ်သူဌေးဖြစ်တဲ့ သူ့အဖေက ထုံးစံအတိုင်း ဆင်းရဲတဲ့ ဂျွန်ဂျွန်နဲ့ သဘောမတူဘူးပေါ့ဘယ်လို အခက်အခဲတွေရှိရှိ ဆက်ချစ်နေတဲ့ သူတို့ရဲ့ ခိုင်မြဲတဲ့ အချစ်နဲ့အတူ မိသားစုတွင်း ပြဿနာကိုပါ စိတ်ဝင်တစား ကြည့်ရမယ့် လူငယ်ဇာတ်လမ်းလေးပါပဲ File size…(1.3 GB)/ (701 MB)/ (294 MB) Quality…WEB-Rip 1080p /720p / 480p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by Oleander
movie
JJ Plus E(2021)
2021
5.8
Ankahi Kahaniya (2021)
Ankahi Kahaniya (2021)ဒီဇာတ်လမ်းလေးကတော့ တစ်မူထူးခြားပါတယ်ဘယ်လိုထူးခြားတာလဲဆိုရင်တော့ ဇာတ်လမ်းတစ်ပုဒ်ထဲကိုမှ ဇာတ်အိမ်သုံးမျိုးခွဲပြီးဒါရိုက်တာ သုံးယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်ကဲ ဒါဆို ဇာတ်လမ်းအကျဉ်းလေးကို အနည်းငယ် မြည်းစမ်းကြည့်လိုက်ကြတာပေါ့နယ်မြို့လေးကနေ တစ်ကိုယ်ထဲ တက်လာပြီးမွန်ဘိုင်းမြို့ကြီးမှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်....မြို့ကြီးပြကြီးမှာ တစ်ဦးထဲနေတာ ကြာလာတဲ့ သူ့အဖို့ အရာရာဟာ အထီးကျန်ဆန်စရာကောင်းလာခဲ့ပါတယ်အထီးကျန်စရာကောင်းတဲ့ လူတွေအဖို့တော့ သူတို့နားမှာ အမြဲတစေရှိနေတဲ့ သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ်အားကိုးတကြီးဖက်တွယ်သွားတယ်ကြတာ သဘာဝပဲ မဟုတ်လားဒီလိုပါပဲ အနှီကောင်လေးကလည်း သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သက်မဲ့ပစ္စည်းတစ်ခုကိုအချစ်တစ်ခုလို စွဲလမ်းမိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမှာလဲ....???အိမ်ရဲ့အပယ်ခံလေးဖြစ်နေခဲ့ပြီး အခြားလူငယ်တွေလို ကျောင်းတက်ခွင့်မရ အိမ်မှာပဲအလုပ်လုပ်ရင်းထိန်းချုပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကရော....တစ်နေ့ ရုပ်ရှင်ရုံမှာအလုပ်လုပ်တဲ့ ကောင်လေးကိုတွေ့ရင်း မြင်မြင်ချင်း ချစ်မိသွားတဲ့အခါအရာအားလုံးကို စွန့်လွှတ်ပြီး အချစ်ကိုယုံစားကာ နှစ်ယောက်အတူ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါတယ် ဒါပေမဲ့သူ ယုံစားခဲ့ရတဲ့ချစ်သူကောင်လေးကရော သူနဲ့ထပ်တူ သူ့အပေါ် ကို သစ္စာစောင့်သိသွားမှာလား ဒါမှမဟုတ် အပယ်ခံကောင်မလေးရဲ့ အချစ်ခံချင်တဲ့စိတ်ကို အသုံးချသွားမှာလား...??အိမ်ထောင်ရေးဘဝကို အများစိတ်ကူးပုံဖော်ထားသလိုမျိုး အိမ်ကြီးအိမ်ကောင်းမှာ ကြွယ်ဝချမ်းသာခင်ပွန်းနဲ့အတူဖြတ်သန်းခွင့်ရလို့ ...
movie
Ankahi Kahaniya (2021)
2021
6.5
The Legend of Condor Heroes The Cadaverous Claw (2021)
မေချောက်ဖုံ ဆိုတဲ့နာမည်လေးကို Conder Heros ကြည့်ဖူး ဖတ်ဖူးသူတွေအားလုံး ကြားဖူးကြမှာပါ...ရင်းလည်း ရင်းနှီးကြမှာပါ...အခု 2019 နောက်ပိုင်းမှာ Conder Herosကို version အစုံနဲ့ ပြန်ရိုက်လာတာအားလုံး သတိထားမိမယ်ထင်ပါတယ်.. ဒီဇာတ်ကားလေးလည်း Conder Herosကို ပြန်ရိုက်ထားတဲ့version တွေထဲက version တစ်ခုပါပဲဒါပေမယ့် ဒီကားကတော့ မေချောက်ဖုံရဲ့ side Story ပေါ့ဒီကားလေးရဲ့ အဓိက ဇာတ်ကောင်ကတော့ Mei Chaofeng ပါပဲ...တချို့ကလည်း လူဆိုးလို့အမှတ်ထင်ကာ အမုန်းကြီးမုန်းခဲ့သလို တချို့ကလည်းမေတ္တာငတ်သူလို့ အသနားပိုခဲ့တဲ့ ဇာတ်ကောင်တစ်ခုပါ... ဒီဇာတ်ကောင်ကိုဒီဇာတ်လမ်းထဲမှာတော့ သူ့ဘဝနဲ့ ပြောင်းလဲလာပုံ ဒီလမ်းရောက်အောင်တွန်းပို့ခဲ့တဲ့ ကံကြမ္မာဇာတ်ဆရာအကြောင်းကို ရိုက်ကူးပုံဖော်ပြထားပါ...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် လှပတဲ့မိန်းမပျိုလေးတွေကိုတန်ဖိုးဖြတ်ရောင်းစားနေတဲ့လောကမှာ အသားနာခံမယ် ဘဝအပျက်မခံဘူးဆိုတဲ့ခံယူချက်နဲ့ သူဖုန်းစားလုပ်ဖို့ ဆုံးဖြတ်ရင်း ငတ်တစ်လှည့် ပြတ်တစ်လှည့် မသေရုံတမယ်ဗိုက်ထဲအစာရောက်ရုံလောက်သာစားရတဲ့ Mei Chaofeng တစ်ယောက်ဘဝအချိုးအကွေ့တစ်ခုမှာ ယောက်ျား ၂ ယောက်နဲ့တွေ့ခဲ့တယ်...တစ်ယောက်ကသူ့ကိုနောက်နောက်ပြောင်ပြောင်နဲ့ ချစ်လို့စတယ်ပဲ ဆိုရမလား အစသန်တဲ့ ...
movie
The Legend of Condor Heroes The Cadaverous Claw (2021)
6.4
(18+)Lover’s Bosomy Friend (2020)
Lover’s Big Tits Friend (2021)နောက်ထပ် ပျိုတို့အတွက် ကြည့်ကောင်းမယ့် ကိုရီးယား ၁၈+ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချုစားတတ်တဲ့ ယောကျာ်းပိုင်းလုံးတစ်ယောက်ကို လှလှပပကြွကြွရွရွနဲ့ မိန်းမလှနှစ်ယောက်က ပညာပြန်ပေးတဲ့ ပညာရေး အချစ်ဇာတ်လမ်းလေးပါပဲ....ကိုရီးယားမလေးတို့ရဲ့ အလှတရားဖြစ်တဲ့ အပေါ်ပိုင်း အောက်ပိုင်း စတဲ့ အလှတရားပေါင်းစုံနဲ့ဇာတ်လမ်းဇာတ်ကွက်အလန်းတွေကြောင့် သဘောကျကြမယ် ထင်လို့Dark Sideကနေ တင်ဆက်ပေးလိုက်ပါတယ် Translated by : FOX Encoded by : DS File Size : 612MB Quality : 720p
movie
(18+)Lover’s Bosomy Friend (2020)
2020
7.6
Dil Se.. (1998)
Dil Se (1998) =========IMDb Rating (7.6)တစ်ခါတလေ ကျွန်တော် တို့ နှလုံးသားမှာ မသိစိတ်နဲ့ စွဲမြဲစွာ ကပ်ငြိမိတဲ့သူ တစ်ဦးဦး ရှိနေတတ်ကြပါတယ်။ သိစိတ်နဲ့လည်း တမ်းတဖြစ်တတ်ကြပါတယ်သူနဲ့သာဆို သေအတူ ရှင်မကွာ လက်တွဲရင်း ဘ၀လမ်းကို လျှောက်လှမ်းနေချင်ခဲ့တယ်။ ဒါဟာ နှလုံးသားရဲ့ တောင့်တမှုဖြစ်ပြီး စိတ်ရဲ့ လိုအင်လည်း ဖြစ်ပါတယ်ဒါဟာ တစ်ဖက်သတ်ဖြစ်နေခဲ့လည်း ဆုပ်ကိုင်ထားတဲ့ သစ်ရွက်နု စိတ်ကူးလေးလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် တရားစီရင်ခဲ့တဲ့ ဥပဒေတစ်ရပ်ဆိုလည်း မမှားဝံ့ပါဘူးဤမျှထိ အစပြုလာသော အချစ်သည် ဘယ်အရပ် မှ စပါသနည်း။ Amar အတွက်တော့ နယ်စပ်ရထားဘူတာရုံငယ်လေး မှ စခဲ့ဟန်တူသည်ရေဒီယို အသံလွှင်ခြင်းကိစ္စနဲ့ပတ်သက်လို့ ခရီးထွက်ရင်း သူမကို Amar စတွေ့ခဲ့သည်။ လေကထန် မိုးကသည်း ရင်း ချမ်းအေးသော ဤချိန်၀ယ် သူမ သည် သဘက်လေးကို ဦးခေါင်းထက်ပေါ် ...
movie
Dil Se.. (1998)
7
Monster’s Ball(2001)
Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie
Monster’s Ball(2001)
2001
6.7
Hamari Adhuri Kahani (2015)
Hamari Adhuri Kahani (2015)======================IMDb Rating - 6.7/10ဗာဆူဒါး..."ပန်းဥယျာဉ်တစ်ခုမှာ ကြွေကျနေတဲ့ပွင့်ချပ်တွေနဲ့သစ်ရွက်ခြောက်တွေမရှိရင်အဲ့ဒီပန်းဥယျာဉ်က အစစ်နဲ့မတူဘူး""စန္ဒာလမင်းမှာတောင် ချိုင့်ခွက်လေးတွေရှိတယ်" အာရဗ်... "မင်းရဲ့နာကျင်မှုကို အလဲအလှယ်လုပ်တဲ့အနေနဲ့လောကကြီးက ပျော်ရွှင်မှုတွေအားလုံး ငါမင်းကိုပေးချင်တယ်" ဟရီ... "ဒီခန္ဓာကိုယ်ကို ငါပိုင်တယ်""ဒီအသက်ရှူသံတွေကို ငါပိုင်တယ်"−−−−−−−−−−−−−−−−−−−−−−−−−−−−−−အိန္ဒိယလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ရိုးရာဓလေ့ဆို တသွေမသိမ်းလိုက်နာပြီး မိဘစကားဆို မြေ၀ယ်မကျနားထောင်တတ်တဲ့မိန်းမပျိုလေးတွေဟာ အိမ်ထောင်ရက်သားကျချိန်မှာလဲ . လင်ယောကျာ်းကိုဆို ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေဘုရားလိုကိုးကွယ်တက်လာကြပါတယ်။ ဒါပေမယ့် အဲ့ဒီလို သိမ်မွေတဲ့ မိန်းမပျိုလေးတွေရဲ့ အနာဂတ်ဟာ လင်ယောကျာ်းအပေါ်သာ မှီခိုနေတာပဲဖြစ်ပြီး လင်ယောကျာ်းက လင်၀တ္တရားကြေပွန်မှု မရှိတဲ့အခါ သူတို့ရဲ့ ရှေ့ရေးဟာ ရင်လေးစရာဖြစ်လာတာပေါ့။ဒီဇာတ်လမ်းလေးက နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေးရဲ့ အရှက်အကြောက်တရားနဲ့ ချစ်ခြင်းမေတ္တာတို့ လွန်ဆွဲရင်း ဖြစ်ပေါ်လာတဲ့အကျိုးဆက်လေးတွေကို အနုပညာဆန်ဆန် တင်ဆက်ပေးထားတာပါ....ဒီဇာတ်လမ်းရဲ့ သဘောလေးကိုက မိန်းကလေးတွေအဖို့ပညာယူစရာအတော်များသလို တချိန်မှာအိမ်ထောင်ဦးစီးဖြစ်လာမယ့် ယောက်ျားသားတို့အနေနဲ့လဲ ပညာရစေမှာမို့ CM မှ တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို သူရ နှင့် YK KY တို့မှရေးသားပေးပြီး။ ...
movie
Hamari Adhuri Kahani (2015)
2015
6.5
Mr. Hong2004)
Mr. Hong (သို့မဟုတ်) ခေါင်းဆောင်ဟုန်(2004)အညွှန်း***********************************************ဒီတစ်ခါမှာတော့ 2004ခုနှစ်က ထွက်ရှိထားတဲ့Mr.Hongဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ် ...အခုတလော hotဖြစ်နေတဲ့ My Hometown Cha Cha Chaရဲ့ မူရင်းဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်...မူရင်းဇာတ်လမ်းဟာ ပိုရယ်ရတယ်လို့ထင်ပါတယ်...၂၀၀၄ ခုနှစ်က ဝါရင့်သရုပ်ဆောင်ကြီး(၂)ဦးပါဝင်ထားလို့ ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင် အဆင်ပြေပါ့မလားထင်ရပေမဲ့ တကမ်းတမ်းတော့တော်တော်ကြည့်ကောင်းပြီး နင်းကန်လည်းရယ်ရပါတယ်...ဇာတ်လမ်းကျောရိုးတူပြီးသားဆိုပေမဲ့ ကွဲလွဲမှုတွေလည်းရှိလို့ထွေထွေထူးထေူးတော့ အညွှန်းမရေးတော့ပါဘူး...မတူညီတဲ့ ရသထူးလေးရမှာမို့ ခေါင်းဆောင်ဟုန်ဖန်တွေအထူးအားပေးသင့်ပါကြောင်းပြောပါရစေ... File Size :(1.4GB) and (816MB) Quality : HDTV1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie
Mr. Hong2004)
5.6
Bad Teacher (2011)
Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့ R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။ File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
Bad Teacher (2011)
7.2
Dikkiloona (2021)
Dikkiloona(2021) ---------------------- (1080pခဏနေ ရပါမယ်)Mendala ကားထဲက မင်းသားကြီးYogi Babu ပါဝင်သရုပ်ဆောင်ထားတဲ့Tamil Comedy ဇာတ်ကားသစ် ထွက်ရှိလာပါပြီခင်ဗျားမှာ Time Machine နဲ့ အချိန်ခရီးသွားဖို့အခွင့်အရေးရလာရင်ဘာလုပ်ကြမှာလဲအတိတ်ကိုရော အနာဂတ်ကိုပါ အချိန်ခရီးသွားလို့ရရင်ဘယ်အပိုင်းအခြားကို သွားဖြစ်ကြမလဲမီတာရုံးမှာ အလုပ်လုပ်တဲ့ မီးသမားလေး မာနီကတော့ဘဝမှာ ဖြစ်ခဲ့တဲ့ အန္တရာယ်အရှိဆုံးမတော်တဆမှုကြီးကို တားဆီးဖို့ အတိတ်ကို ပြန်သွားခဲ့ပါတယ်ဟော်ကီကစားသမားတစ်ယောက် သိပ်ဖြစ်ချင်ခဲ့တဲ့ မာနီဟာလက်တွေ့မှာ မီးသမားပဲဖြစ်နေရတယ်ယောက္ခမအိမ်မှာလည်း သူနေရတာ အဆင်မပြေသလိုသူ့မိဘအိမ်ပြန်တော့လည်း ယောက္ခမနဲ့ချွေးမမတည့်ကြလို့စိတ်ဆင်းရဲမှုများစွာနဲ့ ဖြတ်သန်းနေရတဲ့ လက်ရှိဘဝကနေအတိတ်ကို ပြန်သွားပြီး ပြင်ဖို့ဆုံးဖြတ်ခဲ့တဲ့အရာက ဘာဖြစ်မလဲ??????Fiction Comedy ဇာတ်ကားဖြစ်လို့ တစ်ကားလုံးဒိုင်ယာလော့ အလန်းစားတွေနဲ့ ရယ်နေရမှာပါအဲ့ဒါကြောင့် မရယ်ရမှာ စိတ်မပူပါနဲ့Yogi Babu တစ်ယောက်ရော ဒီကားထဲမှာဘယ်လို Character နဲ့ ပါဝင်သွားဦးမလဲဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကိုတော့ Amelia မှ ရေးသားထားပြီးဘာသာပြန်သူများကတော့ Amelia နဲ့ Jerrica တို့ပဲဖြစ်ပါတယ် File size…1.38GB/ 2.19Gb Quality…720p / 1080p ...
movie
Dikkiloona (2021)
2021
6.1
Red Carpet (2014)
ငယ်စဉ်တည်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ဖို့ အိမ်မက်မက်ခဲ့ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် Porn Director တစ်ယောက်အဖြစ်ရပ်တည်နေရတဲ့ ပတ်ဂျောင်ဝူ... အမေဖြစ်သူနဲ့ လေဖြတ်နေတဲ့အဖေ ကို သူ့ရိုက်ထားတဲ့ ဇာတ်လမ်းလေး TVမှာလာတာကို ပြချင်ခဲ့ပေမယ့် လွှင့်မရတဲ့ဇာတ်ကားဖြစ်နေတော့ အကြောင်းအမျိုးမျိုးပြပြီး လိမ်ထားရတာပေါ့ဒီလိုနဲ့တစ်နေ့ သူ့ဆီကို အိမ်ဝယ်တာ အလိမ်ခံရတဲ့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတယ် အလိမ်ခံခဲ့ရတာကြောင့် နေရာမရှိဘဲ ပတ်ဂျောင်ဝူရဲ့ အိမ်မှာ ကပ်နေရတဲ့သူကတော့ ငယ်ငယ်က ကလေးသရုပ်ဆောင်လုပ်ခဲ့ဖူးပြီး မင်းသမီးဖြစ်ချင်နေတဲ့ ဂျောင်အွန်းဆူပါရုပ်ရှင်ရိုက်ဖို့အတွက် လူသစ်မိန်းကလေးသရုပ်ဆောင်ရှာနေတဲ့ ပတ်ဂျောင်ဝူးက ဒါရိုက်တာဆိုတာသိပေမယ့် ဘာကားရိုက်တဲ့ ဒါရိုက်တာမှန်းမသိဘဲ သူလည်းသွားလျောက်လေတော့...ဘာဆက်ဖြစ်မလဲ ဒီဇာတ်ကားလေးက ဟာသဆန်ဆန်ရိုက်ကူးထားပေမယ့် ပေးချင်တဲ့ မက်ဆေ့ကတော့ တော်တော်ကောင်းပါတယ် Porn ကားရိုက်တဲ့ မိန်းကလေးတိုင်း အပျက်မ မဟုတ်ပါဘူး...အလုပ်တစ်ခုဖြစ်ပြီး ဒါဟာလည်း အနုပညာတစ်ရပ်ပါပဲ ဇာတ်ကားထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်မှာတော့ မိန်းကလေးအားလုံးနဲ့ တန်းတူဆက်ဆံရမှာပါပဲ လေးစားမှု့ရှိရမှာပါပဲ လူတွေနေ့စဉ်ဘဝမှာ ဖြစ်ပျက်နေကြအရာတွေကို ကျန်းမာရေးရှူ့ထောင့်ကဖြစ်စေ ၊ လူ့သဘောသဘာဝကို ဖြစ်စေ ဖော်ပြပေးတဲ့ဇာတ်ကားတစ်ရပ်ပါအနုပညာဆိုတာကို ကျွန်တော်တို့ ဘယ်လို ...
movie
Red Carpet (2014)
First
95
96
97
98
99
Last
Previous
Next