Channel Myanmar

Romance

The Aftermath (2019) 6.3
The Aftermath (2019) The Aftermath (2019)Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။ မိသားစုတွေဆုံးရှုံးရတယ်... နာကျင်ခံစားရတယ်... ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်... အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။ သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ... စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။ ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်... ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။ လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။ ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။ အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း " အမုန်းဆုံးတော့ အချစ် " ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း ...
movie

The Aftermath (2019)

2019
She’s Different (2021) 4.8
She’s Different (2021) She's Different Review"Don't judge a book by it's cover" တဲ့ရုပ်ရည်လှပနေပေမယ့်လည်း အကျင့်စရိုက်မကောင်းတဲ့သူတွေ ( ဥပမာ KSH ရဲ့ Ex လို) , တစ်ခါ ရုပ်ရည်မတင့်တယ်ပေမယ့် စိတ်ထားဖြူစင်လှပကြသူတွေ, စိတ်ရောလူရော လှပကြသူတွေ အစရှိသဖြင့် အမျိုးမျိုးရှိနေကြတဲ့ လူ့လောကကြီးမှာ လူတစ်ယောက်ကို အပြင်ပန်းအရဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲဒီဇာတ်ကားထဲမှာတော့ ၀မ်ဂျွန်းဟာ Perfect ဖြစ်တဲ့သူတစ်ယောက်ဖြစ်ပြီး မကြာမီလက်ထပ်မယ့်ဇနီးလောင်းလေး ဂျီယွန်း ရှိနေသူ .... တစ်ဖက်မှာက ၀မ်ဂျွန်းကို အရင်တည်းက Crush နေတဲ့ ဂျီယွန်းရဲ့သူငယ်ချင်း ယယ်ရီ .... တစ်နေ့ ၀မ်ဂျွန်းဆီ လူကြီးကစားစရာအရုပ်မတစ်ရုပ်ရောက်လာပြီး လူတွေမသိအောင်ဖုံးကွယ်ဖို့ကြိုးစားရတဲ့အခါ .... သူတို့သုံးယောက်ရဲ့ အကျင့်စရိုက်တွေကရော အမြင်နဲ့ဆုံးဖြတ်လို့ရမှာလားဆိုတာ .... သုံးပွင့်ဆိုင်လို့ဆိုရပေမယ့် Villian ရှာရခက်တဲ့ ဒီအချစ်ဟာသကားလေးမှာ၀မ်ဂျွန်းအဖြစ် VIXX အဖွဲ့က အဆင်လေး Hyuk , ဂျီယောင်းအဖြစ် AOA အဖွဲ့က အကိတ်လေး Chanmi တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ...
movie

She’s Different (2021)

2021
Threads – Our Tapestry of Love 6.3
Threads – Our Tapestry of Love Tapestry a.k.a Yarn (2020) =================မမ Nana Komatsu ရဲ့ ၂၀၂၀ တုန်းကထွက်ထားတဲ့ ရုပ်ရှင်လေးပါ။ဘဝဆိုတာ တစ်ဖြောင့်တည်းမျိုးတော့ ဘယ်ဟုတ်မလဲ။ လူပေါင်းများစွာနဲ့ကြုံတွေ့ရတယ်၊ ခွဲခွာရတယ်။ အမှောင်ထဲရောက်လိုက်၊ အလင်းထဲမှာကျင်လည်လိုက်နဲ့ အသက်ရှုနေသမျှကာလပတ်လုံး ရုန်းကန်လှုပ်ရှားရတယ်။ဒီဇာတ်လမ်း‌လေးမှာတော့ ဟဲအီဆေးခေတ်စတင်တဲ့ (၁၉၈၉-၂၀၁၉) မှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ၊ အောင်မြင်မှုတွေနဲ့ လုံးလည်ချာလည်လိုက်နေရမှုတွေ၊ တစ်ယောက်‌သောသူပြန်လာမယ်အထင်နဲ့ မြို့ကနေလုံးဝမခွာတဲ့ကောင်လေးနဲ့ နေရာမျိုးစုံလျှောက်သွားနေတတ်တဲ့ကောင်မလေးတို့ရဲ့ ကံကြမ္မာကိုအဓိကထားပုံဖော်ထားတာဖြစ်ပါတယ်။(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.64GB, 1.12GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 10Min Type - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by ...
movie

Threads – Our Tapestry of Love

2020
May Who? (2015) 7.1
May Who? (2015) IMDb Rating (7.1)ဒီထိုင်းကားလေးက Comedy,Fantasy,Romance လေးဆိုတော့လူငယ်အကြိုက် ပျော်ပျော်ပါးပါး ထူးထူးဆန်းဆန်း ကြည်ကြည်နူးနူး ကြည့်ရှုရမယ့်ဇာတ်ကားလေးပေါ့ကာတွန်းရုပ်လေးတွေနဲ့ ဇာတ်လမ်းဆွဲတတ်တဲ့ ကောင်လေးအဖြစ် ထိုင်းစီးရီးတွေမှာနာမည်ကြီးတဲ့မင်းသား Thiti Mahayotarukစိတ်လှုပ်ရှားလာရင် ခန္ဓာကိုယ်က လျှပ်စစ်ဓာတ်တွေထုတ်လွှတ်တတ်တဲ့ မေနိုင်အဖြစ် မင်းသမီး Sutatta Udomsilpသူတို့နှစ်ယောက်ရဲ့အချစ်ရေး...အချစ်ဇာတ်ကားလေးဆိုပေမယ့် ကာတွန်းဇာတ်ကောင်လေးတွေနဲ့တင်ဆက်ထားတာရော...ကျောင်းသားပီပီသသ ပေါက်ကရလုပ်ကြတာတွေရော...ဇာတ်လမ်းဇာတ်ကွက်နဲ့ဇာတ်ကောင်တွေက တမူထူးခြားနေတာရော...သရုပ်ဆောင်တွေ ပီပြင်ကြတာရောကြောင့်ဒီဇာတ်လမ်းက ထိုင်း Comedy ထဲမှာတော့ နိုင်ငံတကာတန်းဝင်ဇာတ်ကားဖြစ်ပါတယ်။ File size…(1.9 GB) / (999 MB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:01:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Yun Sandi
movie

May Who? (2015)

HEVC 1080p
The 40 Year Old Virgin (2005) 7.7
The 40 Year Old Virgin (2005) The 40 Year Old Virgin (2005) ========================"အသက် ၄၀ လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ" ဆိုတာကြားဖူးကြတယ်ဟုတ်။ အဲဒီလို ရုပ်ရှင်မျိုးပါပဲ ဒီကားလဲ။ ဒါပေမယ့် ဒီကားမှာ သဘောကျစရာလေးတွေပါနေပြန်ပါတယ်။ ကြိုတော့ ပြောထားပါရစေ။ ဒီကားက 18+ ပါ။ ဒါမယ့် အရမ်းရိုင်းတဲ့အခန်းတွေမပါပါဘူး။ အကုန်လုံးလဲ American Pie တို့ဘာတို့ ကြည့်ကြတာပဲမဟုတ်လား။ ဒီလိုပါပဲ။သူက အသက် ၄၀ သာပြည့်သွားတယ်။ အဲဒီအချိန်အထိ လိင်မဆက်ဆံဖူးဘူး။ ပြောရရင် လူပျိုကြီးပေ့ါ။ အိမ်မှာပဲ တစ်ယောက်တည်းနေတယ်။ ရည်းစားလည်းမရှိ၊ အပေါင်းအသင်းလည်းမရှိ။ အိမ်မှာ တီဗီရှိုးတွေကြည့်လိုက်၊ အားကစားလုပ်လိုက်၊ အရုပ်တွေဝယ်စုလိုက်နဲ့ ဘဝကိုလွတ်လွတ်လပ်လပ်နေနေခဲ့တယ်။ ဒါပေမယ့် တစ်ရက်သား အလုပ်ထဲမှာ ဝိုင်းဖွဲ့စားသောက်ရင်း ရည်းစားနဲ့ကြုံဖူးခဲ့တဲ့ အမှတ်တရတွေပြောကြတဲ့အခါမှာတော့ သူ့အကြောင်းကို တစ်ခြားသူတွေသိသွားရော။အဲဒီအချိန်မှာပဲသူ့ကို တွေ့သမျှကောင်မလေးနဲ့ ချိတ်ပေးတော့တယ်။ ရည်းစားစကားဘယ်လိုပြောရလဲ။ intro ဘယ်လို ဝင်ရတယ်ဘာညာ။ ...
movie

The 40 Year Old Virgin (2005)

2005
Highway (2014) 7.6
Highway (2014) Highway Hindi Movie(2014) လမ်းမများရဲ့ဟိုမှာဘက်အိမ်ပြန်ဖို့လမ်းတွေဟာ လူတိုင်းရဲ့ဘဝကိုယ်စီအတွက် အရေးပါလှတာကို အားလုံး လက်ခံနိုင်လောက်ပါမည်။လှို င်းတွေပြေး | ရေတွေဖွေးနေသည့် ရေပြင်ထက်ဝေဆီကနေလား။နွေဦးလေပွေတွေ သုန်သုန်ဖြူးလိုက်တိုင်း ဖုန်တွေ။သစ်ရွက်ခြောက်တွေနှင့် ပလူပျံနေသော မြေနီလမ်းကလေးကနေလား။အိမ်ပြန်စရာလမ်းမတွေက အတွေးနှင့်ပုံဖော်ရလိုက်သည်မှာတင် ကြည်နူးစရာကောင်းလွန်းလှပါသည်။လမ်းမ၏အဆုံးတွင် မွေးချင်းပေါက်ဖော်တွေ ရှိကောင်းရှိမည်။ချစ်သူသက်ထားနှင့်သားငယ်သမီးငယ်တွေရှိကောင်းရှိမည်။အိပ်တန်းပြန်ငှက်ငယ်တွေနှင့်အတူ ပျံသန်းလာသည့် အိမ်ပြန်သူကို ကြို ဆိုကြမှာ သေချာသည်။ဗီရာ၏ အိမ်ပြန်လမ်းကလေးကတော့ ယင်းသို့မဟုတ်နိုင်ချေ။လှောင်အိမ်ထဲကနေသာ အဟုန်ပြင်းသောတောင်ပံခတ်သံတွေနှင့် အသောနှင်လိုသော ငှက်ငယ်မလေးဖြစ်လို့နေလေသည်။အိမ်ပြန်လမ်းကလေး၏ ဝေးရာဘက်ဆီကိုသာ ရှာဖွေနေသူဖြစ်ပါသည်။ခုတော့ ရွှေလှောင်အိမ်ကြီးထဲကနေ ထွက်ခွာပျံသန်းဖို့ မပြောနှင့်။ယခုထက် ခိုင်ခန့်ကျယ်ဝန်းရာဆီကို ထပ်မံအကျဉ်းချဖို့ တာစူလာပြန်ပါပြီ။ဘယ်မှာလဲ။ငှက်ကလေး၏ အဇဋာပြင်ကျယ်က ဘယ်မှာလဲ။ကျယ်ဝန်းလှသည့်ကမ္ဘာ။စိမ်းနေသောတောအုပ်။ရေပြာပြာ။ကလေးငယ်များ၏ ရယ်သံခိုးခိုးခစ်ခစ်။ပန်းပွင့်ပေါ်တောင်ပံခတ်နေသောလိပ်ပြာ။သဘာဝတရား၏အလှသည် သူမ၏အကျဉ်းစံအိမ်နှင့် တပါဒစီခြားကာ ဒဏ်ခတ်ပိတ်ပင်ထားလေတော့မည်။တညသားမှာတော့ ကြမ္မာတရား၏ စေ့ဆော်မှုကို ကြုံလိုက်ရလေသည်။ဗီရာ၏ လက်ထပ်မည့်သတို့သားလောင်းနှင့်အတူ စီးနှင်လာသောကားကလေးအား ဟိုက်ဝေးလမ်းမတစ်နေရာက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေစဉ်၌ ဓါးမြများ၏ စီးနင်းတိုက်ခိုက်မှုအား ကြုံ လိုက်ရတော့သည်။ဗီရာ၏ သတို့သားလောင်းကလည်း သတ္တိနုံနဲ့သူတစ်ဦး ဖြစ်သည့်လျော်စွာပင် ကယ်တင်ခြင်းမပြု ခဲ့။ယင်းသို့်ဖြင့် ...
movie

Highway (2014)

HEVC 1080p
Guzaarish(2010) 7.5
Guzaarish(2010)      Guzaarish (2010) **********************ဒိဇာတ်ကားလေးကတော့ IMdb rating 7.5အထိ ရရှိထားပြီးရီတစ်ရောင်ရှန်၊ အက်ရှဝါးရယားရွိုင်နဲ့ အဒိစ်တယာရွိုင်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Romance / Dramaအမျိုးအစားဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း------------------------------------အီသန်ဟာ ကမ္ဘာ့အတော်ဆုံး မျက်လှည့်ပညာရှင်တစ်ဦးဖြစ်ပြီးမျက်လှည့်ပြပွဲတစ်ခုတွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရကာခြေလက်နှစ်ဖက်စလုံး ‌အကြောသေသွားခဲ့ပါတယ်။သူအကြောသေပြီး ၁၄နှစ်အကြာမှာရောဂါအခြေအနေတွေဟာ တဖြည်းတဖြည်းထပ်မံဆိုးဝါးလာတာကြောင့် သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရှေ့နေဒေ့(ဗ်)ယာနီ ဒတ္တာကို အကူအညီတစ်ခုတောင်းပါတယ်။အီသန်တောင်းတဲ့ အကူအညီကတော့ တခြားမဟုတ်ပါဘူး။သူ့အတွက် ယူသနေးရှားဆိုတဲ့ ညှင်သာစွာ ဇီဝိန်ခြွေခွင့်ရဖို့တရားရုံးမှာ အသနားခံစာ တင်ခိုင်းတာပါ။ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။  File size…2.04GB / 1.21GB Quality…1080o HEVC 5.1CH / 720p  Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San
movie

Guzaarish(2010)

2010
HEVC 1080p 5.1
Bend It Like Beckham (2002) 6.6
Bend It Like Beckham (2002) IMDb Rating (6.6) / Rotten Tomatoes (85%)မင်းသမီးကီရာနိုက်တလေပါဝင်တဲ့ဒီဇာတ်ကားလေးက Sport,Comedy,Drama ပုံစံနဲ့ ဟိုးအရင်တုန်းက ကားလေးဖြစ်ပေမယ့် ကြည့်ရှုသူတွေအတွက် လွမ်းစရာလေးတွေနဲ့ ပြည့်နှက်နေတဲ့ဇာတ်ကားလဲ ဖြစ်မှာပါ။ လွမ်းစရာဆိုတာကတော့ မန်ယူဖန်တွေအတွက်လို့ ပြောရင်ပိုမှန်လိမ့်မယ်။ မန်ယူနဲ့ ဘက်ခမ်းတို့ လျှမ်းလျှမ်းတောက် ကျော်ကြားစဉ်က ထွက်လာခဲ့တဲ့ဒီကားလေးဟာ ပေါ့​ပေါ့ပါးပါးနဲ့ အိန္ဒိယ၊ အင်္ဂလိပ် ဖက်စပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အိန္ဒိယကောင်မလေးတစ်ယောက်ဟာ ယဉ်ကျေးမှုတွေကနေ သွေဖီပြီး ဘောလုံးကန်ချင်တဲ့ ဆန္ဒပြင်းပြနေခဲ့တယ်။ သူ့ရဲ့ အိုင်ဒေါကလည်း ဒေးဗစ်ဘက်ခမ်း။ ဘက်ခမ်းကို အရူးအမူးဖြစ်ရာကနေ ဘောလုံးကန်တဲ့နေရာမှာလည်း ထူးချွန်အောင်ကြိုးစားတယ်။ ဒါပေမယ့် အိန္ဒိယတို့ရဲ့ ထုံးစံအရ ဒါဟာ မိန်းကလေးတွေ လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုပြီး မိဘ​တွေက တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သူကလည်း တစ်ချိန်ကျရင် ဒေးဗစ်ဘက်ခမ်းလို ဝေ့ဝိုက်ကန်ကွက်တွေနဲ့ ကမ္ဘာကျော်ရမယ်လို့ စိတ်ထဲတွေးထားတာ။ အဲဒီလိုနဲ့ ကျောင်း မိန်းကလေးအသင်းက လူတွေနဲ့တွေ့တဲ့အခါ သူဘယ်လိုဖြစ်လာမှာလဲ။ ကမ္ဘာကျော်သွားမှာလား။ ဒေးဗစ်တို့နဲ့ တွေ့ရမလား၊ အိမ်ကကော အသာတကြည်ခွင့်ပြုနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးကြည့်ရှုရင်း ခံစားကြည့်ကြပါလို့ ညွှန်းဆိုပါရစေ။ မန်ယူဖန်တွေအနေနဲ့ကတော့ ဝမ်းနည်းပက်လက်ဖြစ်စေမယ့် ကားလေးဆိုတာ အာမခံပါတယ်...(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ...
movie

Bend It Like Beckham (2002)

Under the Hawthorn Tree (2010) 7.1
Under the Hawthorn Tree (2010) IMDb Rating (7.1) / Rotten Tomatoes (76%)ဒါရိုက်တာ ကျန်းယိမုံ 張藝謀 ရိုက်ကူးထားတဲ့ Under the Hawthorn Tree (山楂樹之戀) ဆိုတဲ့ ၂၀၁၀ ခုနှစ်လောက်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားအကြောင်း ပြောပြချင်ပါတယ်။အဓိက ကြည့်ဖြစ်သွားတာကတော့ (ကျွန်တော့်ချစ်သူလေး) ကျိုးတုန်းယွီ သရုပ်ဆောင်ထားလို့ပါ။ ဒီဇာတ်ကားက စာရေးဆရာမ အိုက်မီ ရေးသားခဲ့တဲ့ Hawthorn Tree Forever (山楂樹之戀) ဆိုတဲ့ ဖြစ်ရပ်မှန် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်ပါတယ်တဲ့။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းဟာ ၁၉၇၀ ခုနှစ်ဝန်းကျင် ယဉ်ကျေးမှုတော်လှန်ရေးကာလကို အခြေခံထားပါတယ်။ ပုံမှန်အားဖြင့်ဆို ဒီဇာတ်လမ်းမျိုးကို တရုတ်အစိုးရက ရိုက်ကူးခွင့် မပေးသလို ရိုက်ကူးဖို့လဲ ဆင်ဆာတွေ တစ်ပြုံကြီးထိနိုင်တဲ့ ဇာတ်လမ်းမျိုး ဖြစ်နေလို့ပါတယ်။ ဒီဇာတ်ကားဟာ လူ ၂ ဦးရဲ့ ချစ်ခြင်းကိုသာမက အဲ့ဒီခေတ်ရဲ့ ...
movie

Under the Hawthorn Tree (2010)

[18+] Sexual Chronicles of a French Family (2012) 5.3
[18+] Sexual Chronicles of a French Family (2012) ရိုမိန်းဆိုတဲ့အသက်ဆယ့်ရှစ်နှစ်ကောင်လေးတစ်ယောက်ဟာ တစ်ခြားသူ့အရွယ်ကောင်လေးတွေလိုပဲ လိင်မှုကိစ္စကို စတင်စူးစမ်းဖို့စိတ်အားထက်သန်နေပါတယ်။ သူ့အစ်ကိုဆိုတဲ့ ငနဲကလဲရုပ်ဖြောင့်စော်ကြည် ဂေါ်ဘဲအထာနဲ့ဆိုတော့ သူ့အစ်ကိုနဲ့ယှဉ်ပြီး သူ့ကိုယ်သူအားငယ်ယုံကြည်စိတ်ချမှုမဝံ့မရဲနဲ့ စိတ္တဇဖြစ်နေရပါတယ်။တစ်နေ့တော့ သူ့အတန်းထဲမှာ ငါးဦးကော်မတီထိုင်(သိတယ်နော်)နေတာကို ဗီဒီယိုရိုက်နေရင်းတန်းလန်းဘိုင်အိုဆရာက မိသွားတဲ့အခါမှာတော့ သူ့အမေကိုခေါ်တွေ့ပြီးကျောင်းခဏနားဖို့ဒဏ်ချခဲ့ပါတယ်။ ဒီမှာပဲမိခင်ဖြစ်သူ ကလဲရ်အနေနဲ့ သူ့ကလေးတွေအပေါ် သူတို့ဟာလိင်ပညာပေးဆွေးနွေးဖို့လိုအပ်နေကြောင်း သတိထားမိသွားပြီး အချင်းချင်းပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးကြရာကနေ ဒီမှတ်တမ်းကြီးဖြစ်ပေါ်လာခဲ့တာပါပဲ။comedy/drama အမျိုးအစားကိုမှ Borat တို့ What we do in the shadow တို့လို mockumentary ပုံစံမျိုးနဲ့တင်ဆက်ထားတာပါ။ ဘာမှဒရာမာတွေမချိုး၊ပညာပေးစကားတွေရှည်ရှည်ဝေးဝေးတွေ မပါပဲနဲ့ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ကြရမယ့်ဇာတ်ကားဖြစ်ပါတယ်။အရေးကြီးတာ အခုမှလာပါမယ်။ လိင်မှုကိစ္စအရာမှာတော့ ရှယ်ပလန်နဲ့ရှယ်ကြမ်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် 21 plus လောက်ဖြစ်သွားပါလိမ့်မယ်။ ဗားရှင်းနှစ်မျိုးရှိတဲ့အနက်မှာမှ ဘာမှတည်းတာဖြတ်တာမပါတဲ့ မူရင်းအော်ရီဂျင်နယ်ပြင်သစ်ဗားရှင်းဖြစ်နေတဲ့အတွက် ကွက်ကွက်ကွင်းကွင်းမုန့်တီဟင်းလို ဘွင်းဘွင်းကြီးတွေမြင်ရတွေ့ရပါလိမ့်မယ်။ကိုယ့်ဖာသာတိတ်တခိုးကြည့်မှအဆင်ပြေမယ့်ကားမျိုးပါပဲ။(Dark Side Production မှ တင်ဆက်သည်။) File size…(1.2 GB) / (700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by ALS
movie

[18+] Sexual Chronicles of a French Family (2012)

Von AKA Please (Her).2020 6.5
Von AKA Please (Her).2020 Von AKA Please (Her).2020 အညွှန်း******************************တက္ကသိုလ်ကျောင်းသားဘဝဆိုတာ အားလုံးကို သင်ယူနေချိန်...ခံစားနေချိန်....ဒီထဲမှာ အချစ်ဆိုတာလည်းပါတယ်....ဗရမ်းပတာ ရင်ခုန်သံတွေကို လိုက်လံဖမ်းဆုပ်ရင်း တစ်စုံတစ်ယောက်ဆီမှာ ကျရှုံးခဲ့ဘူးကြတယ်..ဒီကားလေးကတော့ ထူးထူးခြားခြားကောင်လေး (၃)ယောက်ဟာ ကောင်မလေးတစ်ယောက်တည်းကိုမှချစ်မိသွားတာပါပဲ...အချစ်စစ်လို့ဆိုနိုင်ပေမဲ့ ပုံစံမတူတဲ့ ချစ်ခြင်းမျိုးနဲ့  ချစ်ခဲ့ကြပါတယ်...ဒီလို (၃) ယောက်လုံးကြွေချင်းကိုခံရတဲ့ကောင်မလေးကရော ဘယ်သူ့ကိုရွေးချယ်မလဲ....Cast တွေအကုန်လုံးက အကုန်ခပ်မိုက်မိုက် အလန်းတွေမို့ ကြည့်ရတာတန်တယ်လို့ပြောချင်ပါတယ်...ဇာတ်ညွှန်းရေးရတာ အချို့သော ကောင်မလေးတွေကိုတော့ အားနာပါတယ်နော်...2020 ခုနှစ်က ရုံတင်ခဲ့သော ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ P'Mean တို့ P'Saint တို့ ပါဝင်ထားပါတယ်။(ဇာတ်လမ်းအကျဉ်းကို Mann Mawkunnမှ ရေးသားပေးထားပါသည်)    File Size :(2.2GB)(959 MB) and (331MB) Quality : WEB-DL 1080P5.1CH,720p Format…mp4 Duration…02:01:00 Genre :Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Mann Mawkonn & ...
movie

Von AKA Please (Her).2020

Meet the Fockers (2004) 6.3
Meet the Fockers (2004)  Meet The Fockers (2004)ကဲကဲ Meet The Parents ကြည့်ပြီးတဲ့နောက် အများစု မျှော်လင့်နေကြလောက်မယ့် Meet The Fockers လေး လာပါပြီဗျ ။ပထမတစ်ကားမှာ အလွဲလွဲအချော်ချော်ဖြစ်ပြီး ရယ်ခဲ့ရသလိုမျိုးပဲ အခုကားကလည်း အဲ့ဒီထက် နှစ်ဆ လောက် ထပ်ပြီး ပါးစပ်မပိတ်နိုင်ဘဲ ရယ်နေရမယ် ဆိုတာ အာမခံပါတယ်ဗျာ ဇာတ်လမ်းကတော့ Meet The Parents မှာ ဂျက်ရဲ့ ယုံကြည်မှုစည်းဝိုင်းထဲကို ပြန်ရောက်ခဲ့တဲ့ ဂေး လော့ဒ် တစ်ယောက် ဂျက်ကို သူ့မိဘတွေနဲ့ တွေ့ဆုံဖို့ မိုင်ယာမီအထိ ခေါ်သွားရပါတော့တယ် အဲ့လိုနဲ့ နှစ်ဘက်မိဘတွေ အချင်းချင်း တွေ့ဆုံကြရင်းနဲ့ ဘယ်လို အလွဲလေးတွေ ဖြစ်ပြီး ရယ်နေရမလဲ ဂျက် အနေနဲ့ ဖော်ကာတို့မိသားစုကို နှစ်သက်မလား ဂရက်ကို သူ့သမီးနဲ့ သဘောတူလိုက်မလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ကြပါ ။( ဘာသာပြန်ပြီး ...
movie

Meet the Fockers (2004)

Falling for Figaro(2021) 6.1
Falling for Figaro(2021) Falling For Figaro (2021) ရုပ်ရှင် အညွှန်း"အခြားသူတွေအတွက် ဘယ်လောက်ပဲ အဓိပ္ပါယ်ကင်းမဲ့နေပါစေ ကိုယ့်အိပ်မက်ကို မစွန့်လွှတ်သင့်ဘူး"ဆိုတဲ့ အကြောင်း ကို အဓိက သင်ခန်းစာပေး ရိုက်ကူးထားတဲ့Romance/Comedy ဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေမီလီ ကန့်ဝဲလ် ဆိုတဲ့ အသက်နှစ်ဆယ်ကျော် အမေရိကန် အမျိုးသမီးတစ်ယောက်ဟာရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ တစ်ခုမှာ ငွေကြေးမန်နေဂျာအဖြစ် အလုပ်လုပ်နေသူ ဖြစ်တဲ့အပြင်လစာလည်း အင်မတန်ရပါတယ် ။ ထို့အပြင် တွဲတာ နှစ်အတော်ကြာပြီဖြစ်တဲ့ ချစ်သူတစ်ယောက်လည်း ရှိပါတယ်​အဲ့လိုမျိုး သက်သောင့်သက်သာရှိတဲ့ ဘဝ နဲ့ အလုပ်မှာ သူက ပျော်နေလားဆိုတော့ မပျော်ပါဘူး ၊အကြောင်းရင်းကတော့ သူအရင်ကတည်း ဖြစ်ချင်နေခဲ့တဲ့ အော်ပရာအဆိုတော် အိပ်မက်ကြောင့်ပဲ ဖြစ်ပါတယ် ၊အဲ့ဒါကြောင့် သူ့အိပ်မက်ကို ဖြစ်အောင်လုပ်ဖို့အတွက် သူ့အလုပ်ကိုပါ ထွက်ပြီးတော့ ကြိုးစားပါတော့တယ်ကဲ အများကြီးပြောလိုက်ရင် ဇာတ်လမ်း အရသာ ပျက်သွားမှာဆိုးတဲ့ အတွက် သူ ...
movie

Falling for Figaro(2021)

2021
[18+] The Raffle (1991) La Riffa 5.0
[18+] The Raffle (1991) La Riffa ကျွန်တော်တို့ငယ်ဘဝရဲ့ အိမ်မက်မင်းသမီး မမမိုနီကာဆိုတဲ့ Monica Bellucci ရဲ့ နုပျိုလှပမှုနဲ့ အထာကျတဲ့သရုပ်ဆောင်မှုတွေ အကုန်လုံးထင်ပေါ်အောင် တင်ဆက်ထားတဲ့အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ Comedy,Romance,Drama အမျိုးအစားလေးပါ။ကွက်ကွက်ကွင်းကွင်း ကြည်တောက်ရှင်းလူကြီးခန်း ၂ ခန်း ၃ ခန်းပါတာကြောင့်မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ မိန်းမမာယာ သဲကိုးဖြာအကြောင်းရိုက်တဲ့ကားတွေ ၊ မင်းသမီးရဲ့အလှနဲ့ဇာတ်ကားတစ်ကားလုံးကိုထိန်းတဲ့ကားတွေများတဲ့ခေတ်ပေမို့ ဒီကားလေးဟာလည်း မိန်းမတွေရဲ့မာယာလေးဆယ်၊ ပရိယာယ်တစ်ထောင်အကြောင်းရိုက်ထားတဲ့ကားပဲဆိုပါတော့ဗျာ။ဒီဇာတ်ကားထဲမှာတော့အီတလီမင်းသမီးချောလေး Monica Bellucci ဟာ ကြေးရတက်သူဋ္ဌေးလေးတစ်ယောက်ရဲ့ဇနီးချောလေးဖြစ်ပြီး သူ့ယောက်ျားဖြစ်သူ ယာဉ်တိုက်မှုနဲ့သေဆုံးသွားတဲ့အချိန်မှာ သူ့ကို အကြွေးသန်းရာချီနဲ့ချန်ထားခဲ့ပါတယ်။ အဲဒီအကြွေးတွေကိုပြန်ဆပ်ရဖို့၊ အိမ်ငှားခဆောင်ရဖို့၊ သမီးလေးကျောင်းစရိတ်ရှာဖို့စတာတွေအတွက် ငွေတွေလိုအပ်လာခဲ့တဲ့အခါ တစ်ခြားဘာအလုပ်မှမလုပ်တတ်တဲ့သူဋ္ဌေးမလေးတစ်ယောက် ဘယ်လိုရုန်းကန်းလှုပ်ရှားမာယာများတော့မယ်ဆိုတာ မင်းသမီးချောလေးရဲ့အလှနဲ့ကောင်းကောင်းခံစားကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်တဲ့ The Raffle of a riffa (1991) လေးကို ခံစားကြည့်ရှုပေးကြပါဦး။ File size…(1.4 GB)/(850 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

[18+] The Raffle (1991) La Riffa

[18+] Sex Plate 17 (2017)
[18+] Sex Plate 17 (2017) ကိုရီးယား အခွီဟာသ အချစ် ၁၈+ ဇာတ်ကားလေးပါ...ချစ်သူကောင်မလေးက တခြားတစ်ကောင်နဲ့ ဖောက်ပြားပျော်ပါးနေတာကို တွေ့လိုက်ရပြီးတဲ့နောက်ဂီဟာတစ်ယောက် အစိမ်းလတ်လတ်အသည်းကွဲသွားပြီး အရက်နဲ့အလေလိုက်နေမိတော့တာပေါ့...တစ်နေ့မှာတော့ သူ့ဘေးအိမ်ကို လှလွန်းလန်းလွန်းတဲ့ ချိုဟီဆိုတဲ့ကောင်မလေးတစ်ယောက်တစ်ပွေတည်းလာနေတာ ကြုံရတဲ့အပြင် အဲ့ကောင်မလေးက သူ့ကိုဖောင်းဒိုင်းကြရအောင် တောင်းဆိုလာတဲ့အခါ...အသည်းကွဲနေတဲ့ ဂီဟာတစ်ယောက် အရက်သောက်ကြေကွဲနေရမလား...ဖောင်းဒိုင်းရမလား ဝေခွဲမရဖြစ်ပြီး ဘဝမှာသိပ်ခက်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ရပါတော့တယ်...ချိုဟီက အကန့်အသတ်တော့ရှိပါတယ်...၃ ပတ်ပဲ ဒီမှာနေပြီး ဖောင်းဒိုင်းလို့ရမှာဖြစ်ပြီး၃ ပတ်ကျော်လွန်သွားရင်တော့ ဖြစ်ပျက်သမျှမေ့လိုက်ကြရအောင်တဲ့။အချစ်ကိုကိုးကွယ်တဲ့ အူကြောင်ကြား ဂီဟာတစ်ယောက် ၃ ပတ်စာ ပျော်မွေ့ပြီး ချိုဟီကိုမေ့လိုက်ရမှာလား...ချိုဟီကရော ဘာလို့ဒီကိစ္စကို လာလုပ်ရတာလဲဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့ ဒီဇာတ်ကားကကြည့်လို့ပျော်မြူးရမယ့် ၁၈+ ဇာတ်ကားလေးဖြစ်ပါတယ်။မင်းသမီး Park Kyoung-hee ဟာ နာမည်ကြီးကားတချို့မှာ ပါဝင်ဖူးတဲ့ဇာတ်ရံမင်းသမီးတစ်လက်ဖြစ်ပြီးဒီဇာတ်ကားမှာတော့ သူ့ရဲ့အလှအပတွေကို မကွယ်မဝှက်တင်ဆက်ပြီး ချိုဟီနေရာကနေ အကောင်းဆုံးသရုပ်ဆောင်သွားပါတယ်။၁၈+ မကြည့်ရဲရင်တောင် ရယ်ရတဲ့ကားလေးမို့ မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။  File size…(1.2 GB)/(700 MB) Quality….WEB-DL HEVC 1080p / 720p Format…mp4 Duration….01:21:00 Subtitle….Myanmar ...
movie

[18+] Sex Plate 17 (2017)

HEVC 1080p
Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကိုသိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲတစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲသူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီးမိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Quality : WEB-DL 1080p, 720p , ...
movie

Upcoming Summer ( 2021 )

Cinema Street (2021) 4.6
Cinema Street (2021) Cinema Street (2021)"သင့်မှာ ချစ်လျက်နဲ့ ဝေးကွာခဲ့ရတဲ့ချစ်သူရှိပါသလား"သင့် Ex ကို ချစ်နေပါသေးတယ်ဆိုရင် "ထမင်းစားပြီးပြီလား အဆင်ပြေရဲ့လား"လေး နဲ့ ပြန်စနိုင်ဖို့ ဒီကားလေးက moti ပေးနိုင်ပါလိမ့်မယ်။ရုပ်ရှင်ကို ကိုယ်စီရူးသွပ်ကြတဲ့ ဘူဆန်က ကောင်လေးနဲ့ ကောင်မလေး .... အနာဂတ်အတွက် အိပ်မက်ကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ်ဖောက်ကြရင်း ဘ၀တစ်ဆစ်ချိုးမှာ ဒါရိုက်တာနဲ့ ရိုက်ကွင်းမန်နေဂျာအဖြစ်ပြန်တွေ့ကြတဲ့အခါ ....ဒီဇာတ်ကားကို ကြည့်သင့်တဲ့အချက်တွေထဲက တစ်ခုကတော့ Lee Wan ကြောင့်ပါပဲ။ ဒီဇာတ်ကားဟာ Kim Tae Hee ရဲ့မောင်အဖြစ် လူအများသိကြတဲ့ Tree of Heaven ဇာတ်လမ်းတွဲထဲက မင်းသား Lee Wan ရဲ့ နှစ်အတော်ကြာမှ ရုပ်ရှင်လောကကိုပြန်အခြေချတဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ ( အရင်ထက်ယောကျာ်းပီသတဲ့ရုပ်ရည်နဲ့ Lee Wan က ​Hyun Bin လို Vibe မျိုးရပါတယ်။ သူ့မျက်နှာလေးကြည့်နေရတာနဲ့တင် အမျိုးကောင်းသမီးတို့အတွက် ဒီကားကတန်လွန်းနေပါပြီ 😁)ဘယ်နေရာ ဘယ်ဘာသာစကားနဲ့မှ စာတန်းထိုးမထွက်သေးဘဲ CM တစ်ခုတည်းမှာသာ မြန်မာစာတန်းထိုးနဲ့ ဦးဦးဖျားဖျားကြည့်နိုင်မှာဖြစ်တာကြောင့် လက်လွှတ်မခံသင့်ပါကြောင်း။ဘာသာပြန် နဲ့ အညွှန်းကတော့ ...
movie

Cinema Street (2021)

2021
(18+)Younger Sister Monica (2021) 7.6
(18+)Younger Sister Monica (2021) Young Sister Monica (2021)အခုတစ်ခေါက် သိုင်းသမားပျိုတို့အတွက် အားဆေးလေး Young Sister Monica ဆိုတဲ့ 18+ ကိုရီးယား ကားကောင်းလေးလာပါပြီဇာတ်လမ်းလေးက အိမ်ထောင်သည်ယောက်ျား တစ်ယောက်က အမေရိကားပြန် ကိုရီးယားမလေးနဲ့ အချစ်နယ်ကျွံမိတဲ့ အလန်းစားဇာတ်ကားလေးဖြစ်ပါတယ်အိမ်ထောင်သည်သဘာ၀ အတိုင်း အိမ်ကဟင်းရိုးလာတော့ အပြင်ဟင်းလေး မြည်းစမ်းရင်း အပြင်ဟင်းက အိမ်ချက်ထက် ပိုကောင်း ပိုမိုက်နေသောအခါဘယ်လိုတွေ အပီအပြင်ဆွဲမယ်ဆိုတာ ဇာတ်ကားမှာ ပညာပေးလေးနဲ့ အတူ မင်းသမီးရဲ့စွဲမက်ဖွယ် ခန္ဓာကောက်ကြောင်းအလှကိုရှုစားရမှာပါ ...မင်းသမီးကတော့ ဂေါင်းကြီးတို့အကြိုက် အချွဲအနွဲ့ ဘုရင်မ ကိုရီးယား ရုန်းပတီသီးမလေးရဲ့ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ အသံအနေအထား ခန္ဓာကိုယ် အသားအရည်ဝင်းလဲမှုတို့ကဇာတ်ကားကို ထင်ဟင်ပေါ်လွင်စေတာမို့ DSက တင်ဆက်ပေးလိုက်ပါတယ်..........File size…660MB Quality…720p HD RIP Format…Mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….X-Cross Translated by   FOX
movie

(18+)Younger Sister Monica (2021)

2021