Channel Myanmar

Romance

City of Angels (1998) 6.7
City of Angels (1998) City of Angels (1998)အထိအတွေ့၊ အနံ့အသက်၊ အရသာ အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး...လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ...ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ သေဆုံးခါနီးလူနာတစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့ နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်...အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်... ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်... အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်..."သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ" တဲ့...မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ ...
movie

City of Angels (1998)

1998
Wish You(2021) 7.0
Wish You(2021) Wish You(2021) အညွှန်း******************** ဒီတစ်ခါမှာတော့ blချစ်သူတို့အကြိုက် ကိုရီးယား bl drama movieလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်... သီချင်းထုတ်လုပ်ရေး အေဂျင်စီတစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ Yoon Sang Yi ဟာဂီတကိုချစ်မြတ်နိုးပြီး လမ်းဘေးမှာ သီချင်းတွေသီဆိုဖျော်ဖြေနေတဲ့ Kang In Sooကိုမြင်မြင်ချင်းမှာပဲ ထိုကောင်လေးရဲ့ အမာခံပရိသတ်ဖြစ်လာပါတယ်။သူကနေတစ်ဆင့် In soo ကို အေဂျင်စီက သိရှိသွားပြီး rookie အနေနဲ့ အေဂျင်စီကိုဝင်ရောက်လာဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဝါသနာလည်းတူ ဂီတမှာလည်း ပါရမီထူးကြတဲ့ကောင်လေးနှစ်ယောက်ဟာ အတူလက်တွဲလုပ်ကိုင်ကြရင်း နားလည်မှုတွေတိုးကာ ရင်းနှီးလာခဲ့ကြပါတယ်။တကယ်တော့ In Soo ဂီတကိုဒီလောက် အစွဲအလန်းကြီးစွာ လုပ်ကိုင်နေရတဲ့အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးတယ်။ ထိုအကြောင်းအရင်းကြောင့်ပဲ သူ့ရဲ့ဂီတလမ်းကြောင်းကအမြဲတမ်းပိတ်ပင်ခံခဲ့ရတာပါ။ ဒီတစ်ကြိမ်မှာရော သူအောင်မြင်စွာ ပွဲဦးထွက်နိုင်ပါ့မလား။အချင်းချင်း ချစ်မြတ်နိုးကြတဲ့ ကောင်လေးနှစ်ယောက်ကရော ပျော်ရွှင်စရာဇာတ်သိမ်းလေးအဖြစ် ပေါင်းဖက်နိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းလေးကိုကြည့်ရှုကြည့်လိုက်ပါ။ကောင်လေးနှစ်ဦးရဲ့ကြားက ရိုးရှင်းလှတဲ့ ချစ်ခြင်းမေတ္တာကိုပုံဖော်ထားတဲ့ကားလေးမလို့ ကြည့်ရသူတိုင်းရဲ့ရင်ထဲ ကြည်နူးမှုလေး ခံစားမိစေမှာပါ။     File Size : (1.65GB)(956MB) and ...
movie

Wish You(2021)

Honsla Rakh (2021) 8.8
Honsla Rakh (2021) IMDb Rating(8.8)ဒီနေ့ထွက် ပန်ချာပီစကားပြော အိန္ဒိယရုံတင်ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်။၂၁ ရာစုမှာ အမျိုးသမီးအခွင့်အရေးကအရေးပါလာခဲ့တာ အားလုံးအသိပါ၊ ဒီလိုပဲ Single Mother ဆိုတာက ရေးကြီးခွင်ကျယ်မဟုတ်တော့ပါဘူး။ဒါဆို Single Father ဆိုရင်ရော၊ ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့အချိန်မှာ Soft Skill ကအရမ်းလိုပါတယ်၊ Soft Skill ဆိုတာမျိုးက မိန်းကလေးတွေမှာပဲအတွေ့များတော့ သားသမီးဆိုရင်လည်း ဘယ်လိုနေ ဘယ်လိုစားဆိုတာမျိုးက အမေကပဲ သင်ပေးတာများတာပေါ့လေ။၇နှစ်အရွယ်သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး Single Father လုပ်နေတဲ့ Yanky က ဥစ္စာပေါရုပ်ချောဆိုတော့ နောက်ထပ် လက်တွဲဖော်ရှာဖို့ဆိုတာ ခက်တဲ့အလုပ်တော့ ဘယ်ဟုတ်မလဲ။ လက်တွဲဖော်အသစ်လည်းဖြစ် သူ့ရဲ့အချစ်စစ်လည်းမှန်ပြန်တဲ့ ကောင်မလေး ဂျက်စမင်နဲ့တွေ့ဖို့ ကံတရားကလည်း စီမံပေးလိုက်ပြန်ပါတယ်။ Single Father ဖြစ်တဲ့အတွက် သားလေး ဟွန်စလေကို ဂျက်စမင်တို့ မိသားစုက လက်ခံပါ့မလား၊ လက်မခံရင်ရော ယန်ကီးက ၅၂၈ နဲ့ ၁၅၀၀ ဘာကိုရွေးမိမလဲ။ပေါ့ပေါ့ပါးပါးနဲ့ Single ...
movie

Honsla Rakh (2021)

HEVC 1080p
Priyuraalu (2021) 7.8
Priyuraalu (2021) Priyuraaluအိမ်ထောင်ရေးနဲ့ ဘဝအကြောင်းကို သေချာရိုက်ပြထားတဲ့ အိန္ဒိယတောင်ပိုင်းကားကောင်းလေးတစ်ကား..ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပါစေဆိုတဲ့ဆုတောင်းက တစ်ဘဝလုံး မကြားချင်အဆုံးကြားနေရတဲ့ဆုတောင်းစကားပဲမလား၊ သို့ပေမဲ့ ဆန္ဒနဲ့ဘဝတစ်ကယ် တစ်ထပ်တည်းကျတဲ့သူတွေရော ဘယ်လောက်များများသလဲ။ဘဝဆိုတာ အဲ့ဒါပဲဗျ Desire တွေနောက်ကိုအမြဲတမ်းလိုက်ဖို့ဆိုတာခက်ခဲတယ်။အလုပ်လာလုပ်တဲ့ကောင်လေးနဲ့ မြို့ခံကောင်မလေးတို့ ဆုံမိသွားတာကနေ ‌ရိုမီယို ဂျူးလိယက် ၊ ဘုန်နီ နဲ့ကလိုက်ဒ်တို့ အရှုံးပေးရလောက်‌အောင် ချစ်ကြည်နူးတစ်တီတူးပါတော့တယ်။ဒါပေမယ့် မစားသင့်တဲ့အဆိပ်သီး မဖြစ်သင့်တဲ့အချစ်မီးဆိုသလို မင်းသားကလူလွတ်မဟုတ်ဘဲ အိမ်ထောင်သည်မှန်းသိသွားတဲ့အခါမှာတော့...ဂျူးလိယက် လက်သစ်လေးခင်မျာ ကမ္ဘာပြိုကျပါတော့တယ်။ဘာတွေဆက်ဖြစ်ကြဦးမလဲကတော့ ဇာတ်ကားကိုပဲရှူစားကြပါတော့။ File size…(1.2 GB) Quality….BluRay 1080p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Murphy
movie

Priyuraalu (2021)

Drama Special The Effect of a Finger Flick on a Breakup(2021) 7.0
Drama Special The Effect of a Finger Flick on a Breakup(2021) Drama Special The Effect of a Finger Flick on a Breakup(2021)အညွှန်း***************************************************************ရီးရဲ -ဘာကာ ဒါဘီပွဲ....ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ပွဲကြီးပွဲကောင်းကို ကြည့်နေတဲ့ ချစ်သူစုံတွဲတစ်တွဲရှိတယ်...ကောင်မလေးက ဘာကာဘက်ကလောင်းတယ်..ကောင်လေးက ရီးရဲကလောင်းတယ်..ကြေးကတော့ နဖူးတောက်ကြေး...ဘန်ဇီမာသွင်းလိုက်တဲ့ဂိုးကြောင့် ကောင်လေးဟာ ကောင်မလေးကို နဖူးတောက်တယ်...တကယ်တွယ်မှာနော်လို့ အပြောကိုကောင်မလေးက ပြုံးပြုံးလေးနဲ့တောက်ပါဆိုပြီးမျက်လုံးလေးမှိတ်လို့ပေါ.... အားကြီ:နဲ့ကောင်လေးရဲ့ တောက်ချက်ကြောင့် ကောင်မလေးငိုမဲ့မဲ့ဖြစ်သွားတယ်... အဲ့ဒီနောက် တော့ နဖူးတစ်ချက် နင်းကန်တောက်တဲ့ နောက်ဆက်တွဲ ပြဿနာကဆက်တိုက်လို့ပြောရပါတော့မယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦ:နော်...File Size :(1 GB) and (480 MB) Quality : Web-Dl 720p Format…mp4 Duration…01:06:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Estel & wWin Encoded by Phyo Pyae
movie

Drama Special The Effect of a Finger Flick on a Breakup(2021)

Adbhutham (2021) 8.0
Adbhutham (2021) Abdhutham 2021 IMDb (8/10)Your Name Animated Movie လေးလာပါပြီ :PJapan Anime ကားဖြစ်တဲ့ Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။ တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်းလိုမယ်မထင်ပါဘူး။၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာ Time slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလား တစ်ယောက်အခက်အခဲကိုတစ်ယောက်ဖြေရှင်းနိုင်မလား ဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊ ၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေ‌ကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။ File size…(2.4 GB) / (1.2 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy ...
movie

Adbhutham (2021)

HEVC 1080p
Most Eligible Bachelor (2021) 7.1
Most Eligible Bachelor (2021) IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ​ပေါ့ အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့ အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး CM ပရိသတ်ကြီးတို့​​ကော "အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ" ​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး... မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်... ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie

Most Eligible Bachelor (2021)

HEVC 1080p
The Curse of Turandot (2021) 6.5
The Curse of Turandot (2021) ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

The Curse of Turandot (2021)

Anna Karenina (2012) 6.6
Anna Karenina (2012) Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie

Anna Karenina (2012)

2012
Maha Samudram (2021) 5.9
Maha Samudram (2021) ဒီကားကတော့ IDMB မှာ Rating 6.0 ထိရထားတဲ့ မင်းသားကြီး Jagapathi Babu ပါ၀င်တဲ့Action/Romance အမျိုးအစား တေလ်ဂူ ကားလေးပါ။ မင်းသားကြီး Jagapathi Babu ကိုဗီလိန်နေရာမှာ သရုပ်ဆောင် ပိုင်နိုင်မှုကြောင့် တော်တော်လေးကြိုက်ခဲ့ဖူးပြီး ရှာကြည့်သမျှထဲမှာလည်း ဗီလိန်မဟုတ်တာနည်းပါတယ်။ဇာတ်လမ်းအကျဉ်း ..............................ငယ်ငယ်တုန်းက အရမ်းချစ်ခင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် အာဂျွန်နဲ့ ဗီဂျေး။မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်တဲ့ ဦးလေးရှိပေမယ့် မှောင်ခိုလုပ်ငန်းကို မုန်းတဲ့အာဂျွန်။ ကိုယ့်ဘ၀ကိုပဲဂရုစိုက်မယ် ဘယ်လိုအနှောက်အယှက်မဆို မလိုချင်ခဲ့တဲ့ဗီဂျေး။ခပ်ဆိုးဆိုး ဗီဂျေးကိုမှ သဘောကျခဲ့တဲ့ မဟာ။ သူတို့သုံးယောက်ဆုံပြီးနောက်မှာမှောင်ခိုလောကအတွင်းဘာတွေပြောင်းလဲကုန်မှာလဲ။ မှောင်ခိုလောကရဲ့ဘုရင်အဖြစ်ဘယ်သူက အုပ်စိုးနိုင်မှာလဲ။ အတ္တ နဲ့ ချစ်ခြင်း အနစ်နာခံခြင်းတွေစုံအောင် ၂နာရီကျော်အတွင်းစီးမျောခံစားရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော Lwin Htoo Aung နှင့် JimX တို့ပဲဖြစ်ပါတယ်  File size…2.36GB Quality…1080p AAC 5.1CH Format…Mp4 Duration….2h 3omins Subtitle….Myanmar  Subtitle (Hard Sub) Encoder….YK Translated by JimX & Lwin Htoo ...
movie

Maha Samudram (2021)

2021
Farewell My Concubine (1993) 8.1
Farewell My Concubine (1993) Farewell My Concubine (1993) "မောင်းမငယ် နေလေရစ်"1993ဩဂုတ်မှာ နယူးယောက်တိုင်းသတင်းစာထဲ " တရုတ်က သူ့‌မြေကရုပ်ရှင်ကို သူ့ဘာသာ ပြန်ပိတ်ဆို့လိုက်ပြီး ကိန်းရုပ်ရှင်ပွဲတော်ကတော့ အဲဒီရုပ်ရှင်ကို အမြင့်ဆုံးဆု ပေးလိုက်တယ်"ဆိုတဲ့ ‌ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ 46ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d'Or ရခဲ့တဲ့ Farewell My Concubine ပါပဲ။ဇာတ်လမ်းရဲ့ဦးအစဟာ ၁၉၂၄။၁၉၁၂မှာ ပုရီကို နန်းချပြီးနောက်ပိုင်း ဘုရင်ခေတ်ကနေ သမ္မတနိုင်ငံခေတ်ကိုကူးတဲ့ မတည်မငြိမ်ကာလတွေ ထဲမှာပေါ့။တရုတ်ပြည်မှာ အဲဒီနောက်ပိုင်းကာလတွေဟာ အပျက်ပျက် ကာလတွေချည်းပါပဲ။ ၁၉၁၆ကနေ ၁၉၂၈အတွင်းဖြစ်တဲ့ ငတ်မွတ်သေကြေမှုများခဲ့တဲ့ စစ်နယ်ရှင်ကာလအတွင်းက ခုနှစ်တစ်ခု။ အဲဒီကာလမှာ ပခြုပ်သည်မတစ်ယောက်ဟာ သူရဲ့ လူမမယ်သားကို ပေကျင်းအော်ပရာ လေ့ကျင့်ရေးကျောင်းတစ်ခုကို လာရောင်းခဲ့တယ်။ သူရောင်းခဲ့တဲ့ကလေးက လတ်စလီချောင်ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ပဲစေ့လေး ခေါ် တျဲ့ရီ ။ ပေကျင်းအော်ပရာရော ခေတ်ပျက်တွေရောက ဒီရုပ်ရှင်ရဲ့ သက်မဲ့ဇာတ်ဆောင်တွေဆိုတော့ ...
movie

Farewell My Concubine (1993)

1993
I’m Your Man (2021) 7.1
I’m Your Man (2021) အယ်မာဖာဆာဆိုတဲ့ ဂျာမန်သမိုင်းသုတေသနပညာရှင်ဟာသူ့ရဲ့သုတေသန ပရောဂျက်တွေမှာ ရံပုံငွေရဖို့အတွက်လူသားပုံစံဖန်တီးထားတဲ့ တွန်ဆိုတဲ့ စက်ရုပ်ကိုစစ်ဆေးအကဲဖြတ်ပေးဖို့ ပရိုဂရမ်တစ်ခုမှာ ပါဝင်လိုက်ရပါတယ်.ရည်ရွယ်ချက်ကတော့ ဒီစက်ရုပ်ဟာ ဘဝလက်တွဲဖော်တစ်ယောက်အဖြစ်ဖန်တီးထားတာဖြစ်ပြီး အပျိုကြီး အယ်မာကို ပျော်ရွှင်အောင် လုပ်ဖို့ပါ.အယ်မာကလည်း အရမ်းကို ဆက်ဆံရခက်တဲ့လူတစ်ယောက်ဖြစ်ပြီးအထီးကျန်ဆန်နေသူတစ်ယောက်ဖြစ်ပါတယ် .အယ်မာဟာ တွန်နဲ့ ၃ ပတ်တာအတူနေရမှာဖြစ်ပြီးကောင်းမွန်တဲ့ ဘဝလက်တွဲဖော်ဟုတ်မဟုတ်အကဲဖြတ်စစ်ဆေးရမှာဖြစ်ပါတယ် တွန်ဟာလည်း သူထင်ထားတာထက်အများကြီးထူးကဲတဲ့ လူသားအသိဉာဏ်နဲ့ စိတ်ခံစားမှုရှိတဲ့စက်ရုပ်တစ်ရုပ်ဖြစ်နေခဲ့ပါတယ်.လူသားနဲ့စက်ရုပ်ကြားက ဘဝအဓိပ္ပာယ်နဲ့ ပျော်ရွှင်မှုကို ပုံဖော်သွားမယ့်ဒရမ်မာဇာတ်ကားကောင်းလေးဖြစ်လို့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ တိုက်တွန်းချင်ပါတယ်(ဘာသာပြန်နဲ့ အညွှန်းရေးသားသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size : (1.5 GB) & (900 Mb) Quality : Webrip 1080p & 720 p Running Time : 1:48:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Sci-fi, ...
movie

I’m Your Man (2021)

Sydney White (2007) 6.2
Sydney White (2007) Sydney White (2007)စနှိုးဝှိုက်ဇာတ်လမ်းလေးကို ကျောရိုးယူထားတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။မိတဆိုးကောင်မလေး ဆစ်ဒနီဟာ ဖခင်ဖြစ်သူနဲ့ပဲ ကြီးပြင်းခဲ့ရတော့ ဗိုင်းကောင်းကျောက်ဖိလေးမဖြစ်နေတာတော့ အမှန်ပါပဲ... ပြီးတော့ တက္ကသိုလ်ရောက်လာတဲ့အခါ သူ့ပုံစံကြောင့် အဆက်မပြေဖြစ်ရတာတွေလည်းများလာတာပေါ့...တက္ကသိုလ်မှာက သိတဲ့အတိုင်း ​အဖွဲ့တစ်ခုခုကိုဝင်ပြီး activity တွေလုပ်ဆောင်ရတယ်... အဲဒီအချိန်မှာ သူ့မိခင်ရဲ့ အဆောင်ဟောင်းဖြစ်တဲ့ Kappa အဆောင်ကို ရောက်လာပါတယ်... ပြီးတော့ လူပုလေးခုနှစ်ယောက်လိုပဲ ကောင်ချောလေးခုနှစ်ယောက်က သူ့အနားရောက်လာတဲ့အခါမှာတော့......ဒါက American pie တို့ဘာတို့လို school comedy ပုံစံ ပေါ့ပေါ့ပါးပါး ခေတ်သစ်စနှိုးဝှိုက်ဇာတ်လမ်းလေးပါပဲ... ဟာသလေးတွေ... အလွဲအချော်လေးတွေနဲ့ အမန်ဒါတစ်ယောက် ဘယ်လိုမျိုး ကောလိပ်မှာ အားလုံးရဲ့ အ​လှောင်ခံ ဘဝကနေ မင်းသမီးလေးဘယ်လိုဖြစ်လာမှာလဲ ဆိုတာ....​.. ကျောင်းသားဘဝပျော်စရာတွေ relationship ကိစ္စတွေ... စတာတွေကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးနဲ့ တစ်ယောက်တည်း အေးအေးလူလူ အပန်းဖြေခံစားကြည့်ရှုလို့ရနိုင်မယ့် Entertaining ဖြစ်မယ့်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size ...
movie

Sydney White (2007)

2007
Meenakshi Sundareshwar(2021) 8.2
Meenakshi Sundareshwar(2021) ချစ်တဲ့သူနဲ့ကွေကွင်းရခြင်းမချစ်မနှစ်သက်သူနဲ့ ပေါင်းဖက်ရခြင်းထက် ပိုသောဒုက္ခကားမရှိတဲ့...ငယ်ငယ်က ဝတ္ထုတွေထဲမှာ ဖတ်နေကျ စာသားလေးပေါ့ခုခေတ်ကြီးမှာ အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာနေရတဲ့ စုံတွဲတွေ အများကြီး ရှိမှာပါအလုပ်ကိစ္စ..မိသားစုကိစ္စ..ကျန်းမာရေး..ပညာရေး စသည်စသည်ဖြင့်ပေါ့...LDRS တစ်ခုမှာ ဘာအရေးကြီးသလဲ အချစ်ကအဓိကလား..ချစ်နေရုံနဲ့ ရပြီလား ဘာတွေထပ်လိုအပ်သေးလဲအနေဝေးပြီး သွေးအေးသွားရင် ဘာတွေဖြစ်လာမလဲ...စသည်စသည်ဖြင့် ယနေ့ခေတ်ရဲ့ relationship problem တွေကို မီးမောင်းထိုးပြထားပါတယ်...အနေဝေးတဲ့ချစ်သူတွေ ပြသနာတွေတက်ကြ ရန်တွေဖြစ်ကြတဲ့အခါဒီဇာတ်ကားလေးကိုကြည့်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမလွဲကြပဲအချစ်တွေပြန်တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်...အချစ်ဆိုတာ သူတစ်ခုတည်းလဲ မပြည့်စုံပြန်ဘူး..ခံစားချက်တွေ ဆက်နွယ်မိဖို့ကလည်း လိုသေးတယ်မဟုတ်လား.....Check for more info File size…2.19Gb / 1.2Gb Quality…1080p NF WEB DL AAC 5.1CH and 720p Format…Mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo  Aung & Sai ThuRein Lynn
movie

Meenakshi Sundareshwar(2021)

2021
Inventing the Abbotts (1997) 6.4
Inventing the Abbotts (1997) Inventing the Abbotts (1997)Joker ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ Joaqin Phoenix နဲ့ LoTR ထဲက Liv Tyler တို့ အဓိက သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းလေးမှာ Jennifer Connelly နဲ့ Billy Crudup စတဲ့ နာမည်ကြီးတွေလည်း ပါဝင်ထားကြပါတယ်...ခုလို မိုးအကုန်ကာလမှာ စောင်လေးခြုံပြီး ကော်ဖီလေးတစ်ခွက်နဲ့ စီးကရက်လေးခဲပြီး ဆွေးချင်ရင်တော့ ဒီကားလေးက အဖော်ပြုပေးမှာပါ...မိသားစုနှစ်ခုရဲ့ ပြဿနာတွေ..ချမ်းသာတဲ့ မိသားစုရဲ့ လူတန်းစားခွဲခြားမှုတွေ..စတဲ့ မတူညီမှုတွေ ကြားထဲမှာ ချစ်ခြင်းမေတ္တာဆိုတာ ဒါပါပဲလားလို့ ခံစားမိစေမယ့် ဇာတ်ကားလေးဖြစ်မယ်ဆိုတာ ပြောကြားလိုက်ရင်း...(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Additional hintsSize - 1.6GB, 1.1GB Quality - 1080p, 720p IMDb Rating - 6.4/10 Format - ...
movie

Inventing the Abbotts (1997)

1997
Love Hard (2021) 6.6
Love Hard (2021) CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ...
movie

Love Hard (2021)

Firebird (2021) 7.7
Firebird (2021) Firebird (2021)IMDb 7.7/10 5 Wins and 1 Nominationဒီရုပ်ရှင်ကတော့ ဆုပေါင်း ၅ ဆု၊ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားတဲ့ ရုရှားစစ်နောက်ခံ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။"Call me by your name" လို vibe မျိုးရသွားစေမယ့် လိင်တူချစ်သူ ရုပ်ရှင်မျိုးပါ။ရုရှားနိုင်ငံဟာ ဟိုမိုဖိုးဘစ် (လိင်တူမုန်းတီးစိတ်) အများဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တာမို့ ဒီရုပ်ရှင်က စိန်ခေါ်မှုတစ်ရပ်လိုပါပဲ။ဒီဇာတ်ကားကို ကြည့်ဖို့ လိင်တူချစ်တတ်သူ ဖြစ်ဖို့မလိုပါဘူး။ မေတ္တာတရားကို ခံစားတတ်ဖို့ပဲလိုပါတယ်။လေတပ်စစ်စခန်းတစ်ခုမှာ ဆီဂဲရ်ဆိုတဲ့ ရဲဘော်လေးနဲ့ မက်ဗဲရက်ဆိုတဲ့ တိုက်လေယာဉ်မှူးတစ်ယောက် ချစ်ခင်မိခဲ့ကြတယ်။ ဒါပေမဲ့ စစ်ဥပဒေအရ ယောကျာ်းချင်း ချစ်ကြိုက်ရင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်လောက်အထိ ကျနိုင်တာမို့ လူမသိသူမသိ သိုသိပ်ပြီး ချစ်ကြရင်းနဲ့ အခြေအနေတွေကြောင့် ကွဲကွာသွားလိုက် ပြန်ဆုံလိုက် ပျော်လိုက်၊ ဝမ်းနည်းလိုက် အခက်အခဲတွေကြုံလိုက်နဲ့ အနိမ့်အမြင့်အစုံ ...
movie

Firebird (2021)

2021
Oh Manapenne! (2021) 7.4
Oh Manapenne! (2021) Oh Manapenee (2021) ====================မိသားစုကားလေးတွေကိုမှ နှစ်သက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက်အိန္ဒိယဇာတ်လမ်းကောင်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အင်ဂျင်နီယာဘွဲ့ရဖို့အတွက် အဖေကအစ "ငါ့သားရယ် စာခိုးချပြီးအောင်အောင်သာလုပ်ပါတော့" လို့ပြောရလောက်အောင် ပျင်းရိပြီး ကြိုးစားချင်စိတ်လုံးဝမရှိတဲ့ ကာသစ်..... ကာသစ်တစ်​ယောက် ပျင်းရိပေမဲ့လည်း သူ့ဘဝမှာ အဖြစ်ချင်ဆုံးအိပ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ပါပဲတစ်ဖက်မှာလည်း ဩစတြေးလျမှာ အခြေချဖို့ ရည်မှန်းချက်ထားသူ ကောင်မလေး ဆူရသီ....ဆူရသီရဲ့ ဖခင်ဟာ ယောကျ်ားလေး လိုချင်ပေမဲ့လည်းငယ်ငယ်ပ နွားကို ကျောက်ခဲနဲ့ပေါက်လို့ သူ့မှာသမီးလေး မွေးလာရပါတယ်ဆိုပြီး ရင်ထုမနာဖြစ်နေတဲ့အခါ....ဆူရသီတစ်ယောက် သူဟာ မိန်းကလေးဖြစ်ပေမဲ့လည်းယောကျာ်းလေးများနဲ့တန်းတူစွမ်းစွမ်းတမံ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သက်သေပြဖို့ ကြိုးစားပါတော့တယ်တစ်နေ့မှာတော့ ကာသစ်တို့မိသားစု ကြင်ဖက်တွေ့ဖို့လာရင်းဆူရသီတို့အိမ်ကို မှားဝင်မိတဲ့အခါ....အပျင်းတစ်နေတဲ့ ကာသစ်နဲ့ အမြဲတမ်းတက်ကြွကြိုးစားနေတဲ့ ဆူရသီ.... သူတို့နှစ်ယောက်ကြားဘာတွေဆက်ဖြစ်မလဲ???ဘယ်လို အဖြစ်အပျက်လေးတွေကနေ သူတို့နှစ်ဦးနီးစပ်သွားမလဲဆိုတာ အားပေးကြည့်ရှုပေးကြပါဦးနော်အညွှန်းကို‌တေ့ာ အပျင်းတစ်ရွှေပွင့်မှ ရေးပေးထားပြီးဘာသာပြန်ဆိုထားသူတွေကတော့ Shwe PyaeShwe Pwint & Lai Laii တို့ပဲ ဖြစ်ပါတယ်  File size…2.17GB / 1.24GB Quality…1080p ...
movie

Oh Manapenne! (2021)

2021
Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p