Channel Myanmar

Romance

Four to Dinner(2022) 6.5
Four to Dinner(2022) Four to dinner (2022)ကြည့်ရှုသူတို့ရော soulmateဆိုတာယုံကြည်ကြပါသလား ဒီကားကတော့Netflix ကထုတ်လွှင့်တဲ့ အီတလီကားပါ ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ကကိုယ့်လက်တွဲဖော်က တစ်ယောက်တည်းရှိမယ်ဆိုတာမယုံတဲ့ သူငယ်ချင်းတွေကိုယုံကြည်လာအောင် ဇာတ်လမ်းကိုပြန်ပြောပြသလိုမျိုးပါ ဇာတ်လမ်းအကြောင်းဆိုတာကလူကာနဲ့ဖရီဒီကာတို့ အိမ်သစ်တက် စားသောက်ပွဲကနေစခဲ့တာပါဒီ‌ဇာတ်ကြောင်းကိုနားထောင်ပြီးသွားရင်တော့ soulmate ဆိုတာကိုအယုံအကြည့်ရှိမရှိ တွေးတောကြည့်ရဦးမှာပါဇာတ်ကားနာမည်အတိုင်းပဲ ညစာစားရင်း သူငယ်ချင်းလေး‌ယောက်တွေ့ကြတယ်ပေါ့မိန်းကလေးနှစ်ယောက် ယောကျာ်းလေးနှစ်ယောက်မှာကိုယ်တွဲဖို့စဉ်းစားထားတဲ့လူနဲ့တွဲဖြစ်မှာလား အိမ်ထောင်ရေး/လမ်းခွဲမှု တွေကိုတစ်ကားတည်းမှာစုပြီးရိုက်ပြထားတာဖြစ်လို့ ဇာတ်လမ်းသဘောအရစဉ်းစားရမယ့်အပိုင်းတွေများတာကြောင့် တစိမ့်စိမ့်ထိုင်စဉ်းစားချင်တဲ့ကြည့်ရှုသူတွေအတွက်တော့ recommend ပေးချင်တဲ့ဇာတ်ကားတစ်ကားပါပဲဤဇာတ်ကားအညွှန်းကိုတော့ Yunniမှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni&Eliza ပဲဖြစ်ပါတယ်  File size…1.35GB / 730MB Quality…1080p  / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni & Eliza
movie

Four to Dinner(2022)

2022
Chandigarh Kare Aashiqui (2021) 7.1
Chandigarh Kare Aashiqui (2021) Chandigarh Kare Aashiqui (2021)“Love is love” အချစ်မှာ ဘာကန့်သတ်ချက်မှမရှိပါဘူး ဒါပေမယ့် လူ့အသိုင်းအဝိုင်းက ဝေဖန်နှိမ့်ချတတ်ကြတဲ့အချစ်တစ်ခုကို စတင်မိကြတဲ့အခါ …ဒီအချစ်တစ်ခုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကိုယ်ကိုယ်တိုင်ရောကိုယ့်ပတ်ဝန်းကျင်ရောကိုပါ ဘယ်လိုအားအင်မျိုး ဘယ်လိုနားလည်မှုမျိုးနဲ့ ရင်ဆိုင်ကြရမလဲ ရင်ဆိုင်နိိုင်ပါ့မလား………ဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ Netflix ရဲ့ ရိုမန့်ဒရမ်မာဆန်တဲ့ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်တစ်နေ့တစ်နေ့ ပရိုတင်းဘယ်လောက် ကယ်လိုရီတွေဘယ်လောက်နဲ့ ကြွက်သားတွေကိုသာရူးသွပ်ပြီးကောင်မလေးတွေကိုစိတ်မ၀င်စားတဲ့ bodybuilder တစ်ယောက်ဖြစ်တဲ့ Manu ဟာ gym ကိုရောက်လာတဲ့ ခပ်ဟော့ဟော့ Zumba ဆရာမ Maanvi နဲ့တွေ့ဆုံကာချစ်ကျွမ်းဝင်ခဲ့ကြပါတယ်နှစ်ယောက်သားဆက်ဆံရေး အရမ်းအဆင်ပြေကောင်းမွန်ခဲ့ပြီး Manu ဘက်က လက်ထပ်ဖို့ပြောလိုက်တဲ့အချိန်မှာ …..Maanvi က သူ့ရဲ့ဘဝအမှန်ကိုပြောပြဖို့ ဖန်လာပါတော့တယ်အချစ်စစ်မှာအတားဆီးတွေရှိစမြဲဆိုတော့ Maanvi နဲ့ Manu တို့နှစ်ယောက်ဒီအတားဆီးကို နှစ်ယောက်အတူ ဖြတ်ကျော်နိုင်ကြမလားအတိတ်က ဖြစ်ရပ်ကြောင့် ပြိုကွဲစပြုလာတဲ့သူတို့အချစ်ရေးကရော ပြန်ပြီးချောမွေ့လာမလားဆိုတာChemistry မိမိနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အချစ်ဇာတ်လမ်းလေးကို လှလှပပရိုက်ကူးပုံဖော်ထားတာကြောင့်ကြည့်ရှုသူအပေါင်း ရင်ထဲထိမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်   File size…1.61GB / ...
movie

Chandigarh Kare Aashiqui (2021)

2021
Wheel of Fortune and Fantasy (2021) 7.6
Wheel of Fortune and Fantasy (2021)   Wheel of Fortune and Fantasy (2021 ) ---------------------- Directed By Ryusuke Hamaguchiအားလုံးသောချစ်ခြင်းများဟာ ချစ်ခြင်းနဲ့ ကံကြမ္မာကြားက မှတ်တိုင်ကလေးမှာ မိုးခိုကြရင်း စစ်ကိုင်းလမ်းလို ရူးသွပ်ကြရင်း "မိုးခိုသူတို့ ဘာသာသဘာဝ မိုးတိတ်ရင် ခွဲခွာ"ကြရင်း....တစ်ခါတလေတော့လည်း နဖူးစာမင်ရည်ကျဲခဲ့တဲ့ ချစ်ခြင်းတွေဟာ "လွမ်းသည်ထပ်ဆင့် ဖူးချိန်သင့်ကို မျှော်လင့်ခိုးရှာ"ရင်း ..... ကံစီမံရာကိုသာ "မျှော်ရည်ယုံကြည်တောင့်တ"ရင်း တစ်ခါတလေတော့လည်း "မိုးတွေတိတ်တာတောင် ကိုယ်ကရွာ"နေရင်း "အချိန်တွေကုန်ဆုံးလို့ အရွယ်လွန်လာ"ကြတာပါပဲ။ကဗျာဟောင်းကလေးထဲကလို " အသဲမကွဲတဲ့ အသက်ရှင်ခြင်းဟာ တရားမျှတပါ့မလား"ဆိုဆို ဒီရုပ်ရှင်ဟာ "ကံမဆုံသော အချစ်များ"အကြောင်းပေါ့။ ရှောင်လွှဲလို့မရတဲ့ချစ်ခြင်းနဲ့ သွေဖီလို့မရတဲ့ ကံကြမ္မာကြားက ဘဝတွေကို ဒါရိုက်တာ ရူဆုခဲ ဟမဂုချိ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်လမ်းတို သုံးခုနဲ့ ပုံဖော်ပြသွားတယ်။ဟမဂုချိဟာ Cannes Film Festival 2021မှာ Drive My Car နဲ့ အကောင်းဆုံး ဇာတ်ညွှန်းဆုရထားတဲ့သူ ဖြစ်တဲ့အပြင် ...
movie

Wheel of Fortune and Fantasy (2021)

Once(2007) 7.8
Once(2007) Once(2007) အညွှန်း*****************IMDb...7.8ဒီ ဇာတ်ကားဟာ ဇာတ်ဝင်တေးအော်စကာဆုရရှိခဲ့ပြီးအခြားဆုပေါင်း ၂၄ ခုတောင်သိမ်းပိုက်ခဲ့ပါသေးတယ်...သီချင်းတွေကို နှစ်သက်ပြီး အေး‌အေးဆေးဆေး relax လုပ်ချင်ရင် ကြည့်ဖို့အလွန်သင့်တော်တဲ့ ကားလေးပဲဖြစ်ပါတယ်။၂၀၀၇ မှာ ရိုက်ခဲ့တာဖြစ်ပြီး ဇာတ်ဝင်သီချင်းဖြစ်တဲ့Falling Slowly ဟာလည်း နာမည်အတော်ကြီးခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒက်ဗလင်မြို့က အသည်းကွဲနေတဲ့ဂီတသမားလေး တစ်ဦးအကြောင်းပါပဲ။ အရင်ရည်းစားကို မမေ့နိုင်သေးဘဲ ရေးထားတဲ့သီချင်းတွေကို လမ်းပေါ်မှာ ဆိုနေတုန်း တစ်နေ့မှာ စန္ဒယားတီးတတ်တဲ့ ကောင်မလေးကသဘောကျသွားခဲ့တယ်။ သူနဲ့အတူ မိတ်ဖွဲ့ရင်းနှီးပြီးနောက်ပိုင်းသီချင်းတွေတူတူ ရေးဖြစ်ကြတယ်။ တစ်ဦးနဲ့ တစ်ဦး ခံစားချက်တွေ ရင်ဖွင့်ပြီးအကောင်းဆုံး မိတ်ဆွေတွေ ဖြစ်လာတဲ့ သူတို့နှစ်ဦးဟာ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့...File Size :(1.79GB)(933 MB) and (324 MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:48:00 Genre : Music  , Drama ,Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Once(2007)

Madhuram (2021) 7.9
Madhuram (2021) Madhuram (2021)Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ်ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့…အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်….ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါသွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော်  File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena
movie

Madhuram (2021)

2021
The Worst Person in the World (2021) 8.1
The Worst Person in the World (2021) The Worst Person In The World (2021) ~ IMDb - 8.1/10, Rt - 100%, Meta - 88% ~မျိုးဥနဲ့ သုက် ပေါင်းစည်း ဖြစ်တည်လာပြီးတဲ့နောက် လောကဟာ လူကိုအသက်သွင်းပေးလိုက်တယ်။ ခန္ဓာဟာ အခွံသက်သက်ပဲမို့လား။ ခံစားချက်တွေ စရှိလာတဲ့အခါ လူအသက်ဝင်လာပြီလို့ပဲ ကျွန်တော် ယူဆလိုက်ပါတယ်။ မသိခြင်းနဲ့ သိချင်စိတ်အကြား နှစ်ပေါင်းများစွာကြာပြီးတဲ့အခါ လူဟာ "ငါ ဘယ်သူလဲ"ဆိုတဲ့ မေးခွန်းကို အချိန်တွေအကြာကြီး အဖြေရှာရင်း အိုမင်းလာခဲ့ပြီ။ တွေ့ချင်လည်းတွေ့ကြမယ်ပေါ့။ မတွေ့ချင်လည်း မတွေ့ပါဘူး။ ဇာတ်ကောင်ကတော့ ၃၀ကျော်အသက်မှာ သူ့ကိုယ်သူတွေ့သွားခဲ့တယ်။" အချစ်၏ အစနဲ့အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွဲမသွေ ဖြတ်သန်းသွားရကြောင်း ကျွန်တော် ကောင်းကောင်းသိပါသည်။ " ယုဇနမခင်ပျိုထဲတော့ ဇော်ဇော်အောင်က ဟန်ဆောင်သောအရပ်ဒေသတစ်ခုကို ဖြတ်သန်းသွားရသည်လို့ ဆိုတယ်။ ဇာတ်ကောင်ဟာ ပင်လယ်နဲ့လွင်ပြင်ကြား ...
movie

The Worst Person in the World (2021)

2021
Moffie (2019) 6.9
Moffie (2019) Moffie (2019)====================IMDb Rating - 6.9/10၁၉၈၁ခုနှစ်၊ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SADF)နဲ့ နမ်ဘီယာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLAN)တို့ ကြားဖြစ်ခဲ့တဲ့တောင်အာဖရိကနယ်စပ်စစ်ပွဲကိုအခြေတည်ရိုက်ထားတဲ့ကားပါ။ အဲ့အချိန်က ကွန်မြူနစ်စနစ်ကိုမုန်းတီးမှု၊ LGBTခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကိုရိုက်ပြထားပါတယ်။ စစ်မှုထမ်းဖို့တာဝန်ကျလို့ထွက်လာတဲ့ နီကိုးလပ်ဗန်ဒါဆွတ်ဆိုတဲ့ Homoကောင်လေးတစ်ယောက်....လိင်တူချစ်သူတွေကိုလက်မခံပဲတွေ့တာနဲ့ အပြင်းအထန်အပြစ်ပေးတတ်ပြီး လူမျိုးရေး ခွဲခြားတတ်တဲ့ တပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဒီလိုတပ်ထဲမှာ သူတာဝန်ထမ်းရမယ့်ကာလက နှစ်နှစ်...ဓီနှစ်နှစ်ဆိုတဲ့ကာလမှာ ရက်စက်ပြင်းထန်လှတဲ့တပ်ထဲသူ့အနေနဲ့အဆင်ပြေပြေကျော်ဖြတ်နိုင်မှာလား... ကြမ်းတမ်းရက်စက်လှတဲ့ဒီနယ်ပယ်မှာသူ ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ စစ်ကားတစ်ကားလေးဆိုတာထက် ဒရမ်မာဘက်ကိုပိုအသားပေးထားတဲ့ ကားလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File Size - (1.71 GB)/(900 MB)/(700 MB) Quality – BluRay- (720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Mystery Translator – Chit Tee Encoder – San Win Maung
movie

Moffie (2019)

Fly Me to Polaris (1999) 7.2
Fly Me to Polaris (1999) ဒီတစ်ခေါက်မှာတော့ 1999 ခုနှစ်က ထွက်ရှိထားတဲ့တရုတ်အချစ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDB မှာ 7.2အထိရရှိထားတာမို့။ တကယ်လည်းကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ခံစားလိုက်ပါဦး....ဇာတ်လမ်းအကျဉ်းကြက်သွန်နီ လို့အမည်ရတဲ့ မျက်မမြင် ဆွံ့အကောင်လေးတစ်ယောက်ဟာသူ့ကို ပြုစုပေးတဲ့ ဆရာမလေးကို စိတ်ဝင်စားရင်း ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာမထင်မှတ်ပဲလောကကြီးက ခွဲခွါရတဲ့အချိန် ဘယ်လိုမျိုး အထူးအခွင့်အရေးရတဲ့အချိန်နဲ့တိုက်ဆိုင်သွားမှာလဲဆရာမလေးနဲ့ သူက ကော ပြန်တွေ့ရမှာလား။ ဘယ်လိုမျိုး အချစ်တွေကိုပုံဖော်နိုင်မှာလဲဆိုတာတော့ ဇာတ်လမ်းလေး ကြည့်ပြီး လိုက်ပါစီးမျောကြပါဗျာ။တကယ်ကောင်းတဲ့အချစ်ကားမို့ ထပ်ညွှန်းရင် စပွိုင်းမိမှာစိုးရိမ်တာမို့အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ပဲ ညွှန်းလိုက်ပါရစေဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်  File size…1.36GB / 700MB / 300MB Quality…1080p WEB Rip Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung
movie

Fly Me to Polaris (1999)

1999
Anonymously Yours (2021) 5.7
Anonymously Yours (2021) Anonymously Yours (2021)====================IMDb Rating - 5.7/10လူငယ်Fancy ကားလေးတွေကြိုက်တဲ့သူအတွက် Netflix ကနေထွက်ရှိထားတဲ့ စပိန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗာလယ်က ရုပ်ရှင်ရိုက်ကူးရတာနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ ဗီဒီယိုတွေရိုက်ကူးနေရရင်ကို ပျော်နေတဲ့ကောင်မလေး သူ့မိဘတွေကတော့ ဒါကို အိမ်မက်လို့မမြင်ဘဲနဲ့ စွဲလမ်းမှုလို့ မြင်နေပြီးတော့ သူတို့စီးပွားရေးပဲ လုပ်စေချင်နေတာပါ။ တစ်ဖက်မှာလည်း မက်စ်က အဖေဆုံးသွားတဲ့နောက်မှာ အဖေဖြစ်စေချင်တဲ့အတိုင်း စာအရမ်း တော်ပြီး စကော်လာရှစ်ရတဲ့ ကျောင်းသားတစ်ယာက်ပါ ငါရဲ့အိမ်မက်ကဘာလဲ ငါကဒါကိုတကယ် လိုချင်လို့လုပ်နေတာကောဟုတ်ရဲ့လားဆိုတာလည်း မသိတဲ့ကောင်လေး။ ကဲ ဇာတ်လမ်းနာမည်လေးအမည်မသိ ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ဆက်စပ်မှုက ဘယ်လိုဖြစ်မလဲ ဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့Shwe Pyae, Yoon Sandi Aung တို့ပဲဖြစ်ပါတယ်။)File Size - (900 MB)/(530 MB) Quality – WEBDL- (720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre ...
movie

Anonymously Yours (2021)

2021
New Year’s Gift (2016) 7.2
New Year’s Gift (2016) ဒီရုပ်ရှင်ကားလေးဟာ နာမည်ကျော် ရုပ်ရှင်မင်းသား မင်းသမီးများစွာပါဝင်သရုပ်ဆောင်ပေးထားပြီး အကောင်းဆုံး သီချင်းတွေ နဲ့ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်...ပိုပြီးထူးခြားတာက မကြာသေးခင်ကမှ နတ်ရွာစံတော်မူသွားတဲ့ထိုင်းဘုရင်မင်းမြတ် ဘူမိဘော ရေးထားတဲ့ သီချင်းတွေကိုဒီရုပ်ရှင်မှာ ထည့်သွင်း အသုံးပြုပြီး ထည့်ထားလို့ရုပ်ရှင်ကားကို ပိုပြီး အသက်ဝင်စေပါတယ်...နှစ်သစ်ကူးတော့မယ် ဒီဇင်ဘာ လမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇတ်လမ်းလေး ၃ ခု ကို ဒီရုပ်ရှင်ကားတစ်ခုထဲမှာ ချိတ်ဆက်ပေးထားပါတယ်...ဒီရုပ်ရှင်ကားထဲက မင်းသမီးလေးတွေကချစ်ဖို့ကောင်းလွန်းလို့ ၂ ခါပြန်တောင် ကြည့်ရပါတယ်မင်းသားတွေဆိုရင်လဲ ATM ရုပ်ရှင်ကားထဲက မင်းသားI Fine..Thank You..Love You ရုပ်ရှင်ကားထဲက မင်းသား တို့ပါဝင်ပါတယ် သူတို့ကတော့ CM Fan တွေ နဲ့ မစိမ်းလောက်ပါဘူးနော်...ကဲပါ ကျနော် ဇတ်လမ်းကို ပြောမပြချင်ပါဘူး ကိုယ်တိုင်ကြည့်လိုက်ပါသင့်ဘ၀ မှာ ကြည့်ရလို့ နောင်တ မရစေမယ့် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့မေသဇင်စိုး ဖြစ်ပါတယ်.... File size…1.5GB Quality…1080p  Format…mp4 Subtitle….Myanmar (Hard Sub) Encoder….Thit San Khant Translated by May Thazin Soe
movie

New Year’s Gift (2016)

2016
A Year-End Medley (2021) 7.0
A Year-End Medley (2021) A Year-End Medley (2021) အညွှန်း******************************IMDb...7.0နှစ်သစ်ကူး အားလပ်ရက်မှာ Emors လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ ဆုံကြတဲ့ လူတွေရဲ့ဇာတ်လမ်းအဖုံဖုံနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး ဟိုတယ်ပိုင်ရှင်ကအစဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်မှာလာရောက် တည်းခိုတဲ့ လူတွေအထိလူတွေအများကြီးရဲ့ကိုယ်စီ အချစ်ရေးတွေ လူမှုရေးလေးတွေကို .ဟာသလေးနှောပြီး ရိုက်ကူးထားပါတယ်...Casts တွေက ခေါင်းဆောင် မင်းသား မင်းသမီးနေရာကပဲ သရုပ်ဆောင်တဲ့ သူတွေ အများကြီးပါ၀င်ပါတယ်..ကိုယ်ကြိုက်တဲ့ Casts ပါလို့ ကြည့်မယ်ဆို ရင် တောင်ဒီကားလေးမှာ ကိုယ်ကြိုက်တဲ့သူတွေ အများကြီးကို တစ်ကားထဲ ကြည့်ရမှာပါနော်.... Casts တွေကတော့ Lee Dong Wook, Han Jimin, KangHaNeul, Im Yoona, WonJina, Seo Kangjoon, KimYoungKwang, Lee Kwang Soo, Go Sunghee, Lee Jin Wook, Jo Junyoung,Lee Kyuhyung, Lee Hyeyoung ...
movie

A Year-End Medley (2021)

Honey Lemon Soda (2021) 8
Honey Lemon Soda (2021) Honey Lemon Soda (2021)ဂျပန်ကျောင်းသား အချစ်ဇာတ်လမ်းတွေရဲ့ရိုးရာအတိုင်း စော်ကြည်ဘဲမင်းသားနဲ့ အူတူတူမင်းသမီးလေးတွေရဲ့ ကြောင်နဲ့ကြွက်လိုဆက်ဆံရေးကနေ နောက်ဆုံးကြိုက်သွားကြတာမျိုးမဟုတ်ဘဲနဲ့ ဒီ Honey Lemon Soda ဆိုတဲ့ကားလေးမှာတော့ လူ​ကြောက်တတ်ပြီး အနိုင်ကျင့်ခံရတဲ့ ဇာတ်လိုက်မင်းသမီး Uka ဆိုတဲ့အူကြောင်ကြားလေးကို ကျောင်းမှာနာမည်ကြီးရေပန်းစားတဲ့ Kai ဆိုတဲ့ ကောင်လေးက အစပိုင်းတည်းကစိတ်ရင်းအမှန်နဲ့ချစ်ပြီး လိုက်ကာကွယ်ပေးရာကနေ ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးပါသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလည်းပါပေမယ့် သူငယ်ချင်းအချင်းချင်းမနာလိုပြီး အကောက်ကြံတာမျိုးတွေလည်းမပါလို့ အပျင်းပြေ ပေါ့ပေါ့ပါးပါးလေးကြည့်ချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality….WEB-DL 1080p and 720p and 360p File size… 1.1 GB and 680B and 259MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August
movie

Honey Lemon Soda (2021)

2021
Superstars (2008) 6.8
Superstars (2008) Superstars (2008)“ဘုရားက မျှတပါတယ်လေ” ဆိုပြီး လူတွေပြောပြောနေကျ စကားရှိတယ်မလား။လောကမှာ အရာအားလုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး။ သေးသေးကြီးကြီး ချို့ယွင်းချက်တစ်ခုတော့ အနည်းဆုံးရှိကြစမြဲပါပဲ။ ဒီကားလေးရဲ့ ဇာတ်ဆောင်နှစ်ယောက်ကလည်း ဒီလိုပဲ။ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “တွမ်” နဲ့ “တင်” …“တွမ်” က ရုပ်ရည်ချောမောတယ်၊ အကတော်တယ်။ ဒါပေမယ့် သူ့ရဲ့အသံက ကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းလောက်အောင်ကို “ဘဲ” အသံလိုမျိုး ပြာနေတာ။ ချောမောတဲ့ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားတော့ရှိပေမယ့် အသံပြာတဲ့ ချို့ယွင်းချက်ရှိနေတဲ့သူ ..။“တင်” က ရုပ်ရည်ပိုင်းဆိုင်ရာမှာ အရုပ်ပုပု ဝဝနဲ့ အားနည်းချက်ရှိပေမယ့် သူ့မှာ ဆည်းလည်းသံလိုသာယာတဲ့အသံနဲ့ သီချင်းအရေးကောင်းတဲ့ ပါရမီရှိတယ်။ဒီလို နှစ်ယောက်ပေါင်းမှ ဖိနပ်တစ်ရံလိုပြည့်စုံသွားတဲ့ သူငယ်ချင်းနှစ်ယောက်မှာ အမြဲစနောက်နေကျအကျင့်တစ်ခုရှိတယ်။“Lip-sync” လုပ်တာ ..“တွမ်” က ရှေ့ကနေ လူလုံးပြ “တင်” ကနောက်ကနေ ပြောချင်ရာပြော။ ဒီလိုနဲ့ တစ်နေ့မှာ “တင်” ရေးပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ...
movie

Superstars (2008)

2008
10 Things I Hate About You (1999) 7.3
10 Things I Hate About You (1999) 10 Things I Hate About You (1999) IMDb - 7.3/10_____Rotten - 69%ဒီရုပ်ရှင်မှာ မင်းသားကြီး Health Ledger နဲ့ မင်းသမီး Julia Stiles တို့ အဓိကပါဝင်ထားပြီးသူတို့နှစ်ယောက်ဘယ်လောက်တောင် တွဲဖတ်ညီခဲ့လဲဆိုရင် ဇာတ်ကားရိုက်ကူးနေစဉ်မှာပဲ တကယ်တွဲဖြစ်ခဲ့ကြပါတယ်....ဇာတ်ဝင်ခန်းမှာ Julia ရဲ့တောင်းဆိုချက်ကြောင့်  Frankie Valli ရဲ့"Can't take my eyes off you" သီချင်းကို Health Ledger ကိုယ်တိုင် သီဆိုခဲ့ပြီး ဒီ Scene ဟာ လူတိုင်းရင်ကို ကြည်နူးစေခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ နိုင်ငံတကာက လူငယ်တွေကြား အခုချိန်ထိ အသည်းစွဲနေတဲ့ဇာတ်ကားဖြစ်ပြီး Rating မြင့်တဲ့ Romance Comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့...ကမ်မရွန် ဆိုတဲ့ ကျောင်းသားလေး ပါဒွာ ဆိုတဲ့ ကျောင်းတော်ကြီးမှာကျောင်းစတက်တဲ့ နေ့မှာဘဲ ဘီယန်ကာဆိုတဲ့ စော်ချောချောလေးကို ...
movie

10 Things I Hate About You (1999)

1999
4K HEVC Web-DL
Meow Meow Boss (2021) 6.2
Meow Meow Boss (2021) Meow Meow Bossဆိုတဲ့ဇာတ်ကားကတော့ ဇာတ်ကားနာမည်လေးအတိုင်း ချစ်စရာကောင်းတဲ့ Romantic movieလေးဖြစ်ပါတယ် ဒီဇာတ်ကားမှာ‌တော့ မင်းသမီးကျန်းခယ်ချီက ကြောင်ကနေ လူသားအသွင်ပြောင်းထားတဲ့ မင်းသားလေဟောင်ယန်နဲ့ ချစ်ကြိုက်မိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ကျန်းခယ်ချီက ‌ငယ်ငယ်တုန်းက ကြောင်လေးတစ်ကောင်ရဲ့အသက်ကိုကယ်ခဲ့ပါတယ် အဲ့ကြောင်လေးက‌လည်း မင်းသားလေဟောင်ယန်ဖြစ်နေတော့ လေဟောင်ယန်က မင်းသမီးကိုလိုက်ကာကွယ်ကူညီပြီး ကျေးဇူးပြန်ဆပ်ရာမှ အချင်းချင်းချစ်မိသွားတာပဲဖြစ်ပါတယ် ဒါပေမဲ့ လေဟောင်ယန်က လူသားမဟုတ်တဲ့အတွက် နှစ်ယောက်လုံးတူတူနေထိုင်သွားနိူင်ဖို့ အများကြီးခက်ခဲခဲ့ပါတယ် အထူးသဖြင့်အချိန်တန်ရင် သူ့နယ်မြေကိုပြန်ရမှာဖြစ်ပါတယ် တကယ်လို့မပြန်ရင် တစ်သက်လုံးကြောင်တစ်ကောင်အဖြစ်နေသွားရမလား ဒီလောကကြီးကနေပျောက်ကွယ်သွားမလားဆိုပြီး စိုးရိမ်နေရတဲ့အခြေနေနဲ့ တစ်ခုပေါ်ကျရောက်နေတော့ နောက်ဆုံးမှာ လေဟောင်ယန်က ချစ်ရတဲ့သူကိုထားခဲ့ပြီး နယ်မြေကိုပြန်သွားမလား အသေခံပြီးဘေးမှာရှိနေပေးမှာလား သို့မဟုတ် နယ်မြေကိုပြန်သွားပြီးတော့ချစ်သူကိုပြန်လာရှာပြီး ပျော်ရွှင်ရတဲ့ happy endingလေးဖြစ်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်Quality : WEB-DL 1080p Format : mp4 Duration : 1h 40min Genres : Drama , Romance Subtitle : Myanmar Subtitle ( Hardsub ) Translated by A Pu Lay Encoded By LK
movie

Meow Meow Boss (2021)

[18+] Obsessed (2014) 6.2
[18+] Obsessed (2014) ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်...မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်...ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့လူ့သဘောကိုအချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။(ယခင်တင်ဆက်ဖူးပေမယ့် ဘာသာပြန်စာတန်းထိုး လိုအပ်ချက်တွေရှိခဲ့လို့အခုအသစ်တစ်ဖန် ဘာသာပြန်တင်ဆက်လိုက်တာပါ။) File size…(1.6 GB)/(1.3 GB)/(650 MB) Quality….BluRay 1080p HEVC/ 1080p / 720p Format…mkv/mp4 Duration….02:13:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

[18+] Obsessed (2014)

1080p HEVC
Bunty Aur Babli 2 (2021)
Bunty Aur Babli 2 (2021) ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အမီတာဘဂျမ်းတို့သားအဖနဲ့ငွေကြေးအရရော အနုပညာအရပါအောင်မြင်ပြီး အပြင်မှာပါ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးလိမ်လည်မှုတွေဖြစ်ပေါ်လာတဲ့အထိ ဩဇာကြီးခဲ့တဲ့ Bunty Aur Babli ရဲ့ ​နောက်ဆက်တွဲ​ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ပထမကားနဲ့ ၁၅ နှစ်အကွာမှာ ဇာတ်လမ်းကို ပြန်လည်စတင်ထားပါတယ်။အခုချိန်မှာတော့ ဘန်တီနဲ့ ဘာဘလီတို့ လူလိမ်ဝိဇ္ဇာ ၂​ယောက်ဟာ မိသားစု တစ်ခု ထူ​ထောင်ပြီး ​ အေး​​အေး​ဆေး​ဆေး ဘဝကို ဖြတ်သန်း​နေကြပါပြီ. သား​လေးတစ်​ယောက်နဲ့ ​ပျော်ရွှင်စွာ​နေထိုင်ရင်းနဲ့ တစ်​နေ့မှာ​တော့ ဘန်တီနဲ့ဘာဘလီတို့ရဲ့ လှည့်ကွက်​တွေ ပြန်​ပေါ်လာပါပြီ ဆိုပြီး လူတိုင်းပါးစပ်ဖျား​ပေါ် ပြန်​ရောက်လာကြပါ​​တော့တယ်. သက်လတ်ပိုင်း​ရောက်​နေကြတဲ့ ဘန်တီနဲ့ ဘာဘလီတို့လဲ သူတို့မလုပ်တဲ့ လိမ်လည်မှု​တွေနဲ့ စွပ်စွဲခံရပါ​တော့တယ်။ ရဲအရာရှိ ဂျတာယူဟာ ဒီလက်သစ် ဘန်တီ-ဘာဘလီကို သဲလွန်စ ရှာမရတာ​ကြောင့် မူလ ဘန်တီ-ဘာဘလီတို့ကို က​လေးနဲ့ ခြိမ်း​ခြောက်ပြီး စုံစမ်း​ရေးမှာ ပါဝင်ဖို့ ခိုင်းစေခဲ့ပါတယ်။ ၁၅နှစ်အကြာမှ ဒီနယ်ပယ်ထဲ ပြန်ဝင်လာရတာမို့အနားယူထားတဲ့ ကာလရှည်အတွင်း သူတို့အရည်အချင်းတွေလျော့ပါးကုန်ပြီလား။ ပြောင်းလဲသွားတဲ့ ခေတ်မှီနည်းပညာနဲ့ကွာဟသွားတဲ့ခေတ်အခြေအနေတွေကြားမှာ သူတို့ကိုပုံတူကူးကျူးလွန်နေတဲ့ လူငယ်စုံတွဲနဲ့ ဘယ်လိုဉာဏ်များယှဉ်ပြိုင်ကြမလဲဆိုတာ ဟာသတွေနှောပြီး ရယ်မောပျော်ရွှင်စွာရှုစားကြရမှာပါ။ပထမကားက Abhishek ...
movie

Bunty Aur Babli 2 (2021)

4K HEVC Web-DL
Baran (2001) Rain 7.8
Baran (2001) Rain IMDb Rating (7.8) / Rotten Tomatoes (89%)အချစ်အကြောင်း ခံစားသီကုံးထားတဲ့ ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ဒီဇာတ်ကားလေးက ထိပ်ဆုံးကပါလာတတ်ပါတယ်။ခရမ်းချဉ်သီးလေးတွေဆိုတဲ့ စာရေးဆရာ ပါပီယွန်ရဲ့ အက်ဆေးလေးကို ဖတ်ဖူးကြမယ်ဆိုရင် ဒီဇာတ်လမ်းလေးကို ရေးဖွဲ့ထားကြောင်း သိကြမှာပါပဲ။စစ်ပွဲတွေကြောင့် အရာရာ ကျဆုံးနေပြီး ပျော်ရွှင်မှုတွေဆိတ်သုန်းနေတဲ့အချိန်ကာလနဲ့နေရာဒေသမှာ အီရန်ကောင်လေးတစ်ယောက်က အာဖဂန်မလေးကို ကြွေကျမိသွားတဲ့အကြောင်းလေးပေါ့...အချစ်ဆိုတာ ဘာကြောင့်ဖြစ်ပေါ်လာတယ် အချစ်နဲ့တွေ့ရင် ဘာတွေဖြစ်ကုန်ကြတယ် ဆိုတာ လူတွေကြားမှာ ထူးဆန်းနေကြတုန်းပါပဲ။မိန်းမတစ်ယောက်ရဲ့ ရှိုက်ဖိုကြီးငယ်တွေကို တပ်မက်မိယုံနဲ့ အချစ်လို့ခေါ်သလား... ဒါမှမဟုတ် ဒီထဲက ဇာတ်လိုက်ကျော်ကြီးလို မှန်ထဲမှာမြင်လိုက်ရတဲ့ ခေါင်းဖီးသင်ပုံလေးတွေ မျက်လုံးလေးတွေ အကြည့်လေးတွေကိုပဲ စွဲလမ်းမိတာ အချစ်လား..တပ်မက်ခြင်းမပါ ပိုင်ဆိုင်လိုခြင်း တစ်စိုးတစ်စိမျှ မရှိဘဲ ပေးဆပ်လို့ရသမျှ အကုန်ပေးဆပ်တာကို အချစ်လို့ခေါ်ရမလား...အချစ်ဟာ တကယ်တော့ ရိုးရှင်းပါတယ်...ဖြတ်လို့မရ သတ်လို့မရ... ကိုယ့်ချစ်သူပျော်ရွှင်နေခြင်းက ကိုယ်တိုင်ပျော်ရွှင်ခြင်းမျိုးပါပဲ.....ဆိုတဲ့အနှစ်သာရတွေနဲ့ ဒီအညတရဇာတ်လမ်းလေးတစ်ပုဒ်က ကမ္ဘာကျော် အချစ်ဇာတ်လမ်းတွေလို အချစ်စစ်အကြောင်းကို သက်သေထူနေဦးမှာပါ။ဒီဇာတ်ကားလေးကြည့်ပြီး ကဗျာတစ်ပုဒ်ကို သတိရမိပါတယ်.."တစ်ကောင်ကို တစ်ချက်ပိုင်းရင် တစ်ပိုင်းစီမှာ တစ်ကောင်ဖြစ်တဲ့ ကပ်ပါးတစ်မျိုးရဲ့ ဝိဉာဉ်ကြိုးနဲ့ ငါက ငြိတွယ်ခဲ့တာမျိုး"..................။ File ...
movie

Baran (2001) Rain

Atrangi Re (2021) 7.6
Atrangi Re (2021) Atrangi Re (2021)ရင်ကူး(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။ မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့် ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီး လူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊ အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။ ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။ မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာ တစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအဖြစ်အသက်ဝင်လာပါတော့တယ်။Dhanush ရဲ့နာမည်ကျော် hindi ဇာတ်ကား Raanjhanaa ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Aanand L. Rai ရဲ့လက်ရာဖြစ်ပြီး ဂီတပိုင်းကိုတာဝန်ယူထားတဲ့သူက A R Rahman ဖြစ်နေတဲ့အတွက် သီချင်းကောင်းကောင်းလေးတွေ လှပတဲ့ရှုမျှော်ခင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေကို ရိုးရာဟန်မပျောက်ဘဲ တွဲဖက်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုယ်တိုင်ကလဲ ထွေလာထဲကနဲ့မတူပဲ ထူးခြားတဲ့အချိုးအကွေ့အလှည့်အပြောင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။အညွှန်းကိုတော့ Alias က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Alias, Pyi Ti Nyein ...
movie

Atrangi Re (2021)

2021
4K HEVC Web-DL
The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021