Channel Myanmar

Romance

I Want You Back (2022) 6.7
I Want You Back (2022) ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်‌အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP 
movie

I Want You Back (2022)

Josh (2000) 6.2
Josh (2000) Josh (2000) *************** အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ ...
movie

Josh (2000)

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)

(18+)Pink Curtain (1982) 4.9
(18+)Pink Curtain (1982) Pink Curtain 18+ (1982)အသစ်အဆန်း​တွေကြား ငြီး​ငွေ့လာပြီဆို old but gold​လေး​တွေဖက်ခဏပြန်လည် ခံစားကြည့်ကြရ​အောင်ပါ။ 18+ ဆို​ပေမယ့် အ​ကြောင်းရင်းမရှိ စားမယ်​သောက်မယ် ဆိုတာကြီးမဟုတ်ဘဲ သူ့ဇာတ်လမ်း သူ့ဇာတ်ရှိန်​လေးနဲ့ သွားထားတဲ့ကား​လေးမို့ ကြည့်ရတာ ​တော်​တော်မိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း - အိုကူယာမာ ဆိုတဲ့ မအူမလည် စူပါမားကတ်ဝန်ထမ်း​​​ကောင်လေးဟာ ဘယ်အမျိုးသမီးနဲ့မှ ထိ​တွေ့ဆက်ဆံဖူးခြင်း မရှိပဲ လူ့​လောကကြီးကိုရှူးလာ​ပေါက်ရုံသက်သက် ​ရောက်လာသလို ဖြစ်​နေခဲ့တာ​ပေါ့။ဒါ​ပေမယ့် တစ်​နေ့မှာ​တော့ သူ​နေတဲ့ အခန်းကျဥ်း​လေးကို ​ကွဲကွာ​နေတာ ကြာပြီဖြစ်တဲ့သူ့ရဲ့ အစ်မ နိူရီကို ပြန်​ရောက်လာရာက​နေ မနူးမနပ် ​ကောင်​လေး အိုကူယာမာတစ်​ယောက်သူ့အစ်မရဲ့ ပွင့်လင်းလွန်းလှတဲ့ အ​ပြောအဆို အ​နေထိုင်​တွေ​ကြောင့် မလူးသာမလွန့်သာအ​ခြေ​နေ​တွေအကြားမှာ သူ့ရဲ့ ပြင်းထန်လှတဲ့ နှစ်ချို့ အာသီသ​တွေကို ချုပ်တည်းရင်းဘယ်လိုဆက်လက် နှစ်ပါးသွားကြမလဲ ဆိုတာကို​တော့ သဲတထိတ်ထိတ် ရင်တဖိုဖိုနဲ့ သဲထိတ်ရင်ဖိုဇာတ်ကားတစ်ကားကြည့်ရသလို ဆက်ကြည့်ရမှာပါ။ဇာတ်လမ်းအကျဥ်းလဲ ​ပြောပြီးပြီဆို​တော့ ဇာက်ကားကြည့်ဖို့ ပြင်ဆင်စရာရှိတာ​တွေပြင်ဆင်ပြီး ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါ​တော့ခင်ဗျား။  Translated ...
movie

(18+)Pink Curtain (1982)

1982
The Great Gatsby (2013) 7.2
The Great Gatsby (2013) The Great Gatsby (2013)(၁)တစ်စထက်တစ်စ ဝင်းပလင်းဖြာလာတဲ့ လရိပ်အောက်က... လူသူကင်းမဲ့ရာ ကမ်းဆိပ်စွန်းတံတားပေါ် ကျွန်တော်ရပ်နေခဲ့တယ်။ ဟိုတစ်ဖက်ကမ်း တုရှုက အမှောင်ရိပ်ထဲမှာတော့... အလင်းပွင့်စိမ်းကလေးဟာ တောက်ပတစ်လှည့် မှိန်ဖျော့တစ်လှည့်နဲ့ နီးလာသလိုလို... ဝေးသွားသလိုလို...။(၂)ဒီအလင်းပွင့်စိမ်းကလေးဟာ ကျွန်တော့်အတွက်တော့ ကျွန်တော်ဉာဏ်မမီနိုင်ပါတဲ့ လောကကြီးရဲ့ အမှတ်သညာပါပဲ။ ဂတ်စ်ဘီအတွက်တာ့ မတူခဲ့ဘူးပေါ့။(၃)ကျွန်တော်လူရည်မလည်သေးခင် လူမမည်ဘဝမှာ အဖေက ကျွန်တော့်ကို ဆုံးမခဲ့ဖူးတယ်။ " သူများကို ဝေဖန်မယ်တွေးတိုင်း လူတိုင်းက မင်းလိုမျိုး လောကရဲ့မျက်နှာသာပေး မခံခဲ့ရဘူးဆိုတာကို သတိရ"တဲ့။ ဒီစကားကြောင့် ကျွန်တော် ဘယ်သူ့ကိုမှ ကိုယ့်ဘက်ကအမြင်နဲ့ အကဲဖြတ်ဝေဖန်လေ့မရှိပေမဲ့ ဂတ်စ်ဘီကိုတော့ ကျွန်တော်အကဲဖြတ်စောခဲ့မိတယ် ထင်ပါတယ်။ အဖေ့ဆုံးမစကားက သိပ်မှန်ခဲ့တယ်။(၄)မျှော်လင့်ခြင်းဆိုတာ ဘာများလဲ။ ဒါမျိုးအမေးက အဖြေတိတိပပရှိတဲ့ အမေးတော့ မဟုတ်ဘူးပေါ့။ သို့ပေမဲ့ ဂတ်စ်ဘီအတွက်တော့ မျှော်လင့်ခြင်းဆိုတာ ဒီအလင်းပွင့်စိမ်းကလေးပါပဲ။ လဲကျလိုက် တစ်စစီပြန်ကောက်လိုက် ဘဝမှာတောင် ဒီမျှော်လင့်ချက်ကလေးကို ဂတ်စ်ဘီ မစွန့်လွှတ်ခဲ့ပါဘူး။ ...
movie

The Great Gatsby (2013)

2013
2gether: The Movie (2022)
2gether: The Movie (2022) 2gether: The Movie (2022) အညွှန်း*******************************နာမည်ကြီး BL ဇာတ်လမ်းတွဲဖြစ်တဲ့ 2gether The series နဲ့Still 2gether ကို  အဓိက ကျောရိုးယူတဲ့ 2gether Movie လေးကိုCM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ကြည့်ရှုသူတွေအနေနဲ့ တချို့အခန်းတွေမှာ series ၂ ခုကိုပေါင်းဖို့ ထပ်ပြီးရိုက်ထည့်ပေးထားတဲ့အခန်းအသစ်တွေကိုပါကြည့်ရှုရမှာဖြစ်ပါတယ်သူတို့ ပထမဆုံးတွေ့ဆုံမှုရဲ့ နောက်ကွယ်ကအကြောင်းတွေ ဖုံးကွယ်ထားတဲ့ အကြောင်းလေးတွေကိုဆာလဝါ့တ်ရဲ့ ခံစားချက်ကိုဖော်ပြတဲ့ ပုံစံကနေ ပိုပြီးခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့ အဆုံးသတ်ကလည်း Series နဲ့ကွဲထွက်နေမှာဖြစ်တဲ့ အပြင် ခံစားအသစ် ရှုထောင့်အသစ်တွေလည်း မြင်ရမှာမို့ပရိတ်သတ်တွေအနေနဲ့ Movie လေးကိုပါ ထပ်ပြီးကြည့်ရှုခံစားကြပါဦး... File Size : (700MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:47:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Angel ...
movie

2gether: The Movie (2022)

Marry Me (2022) 6.3
Marry Me (2022) Marry Me (2022)မင်းသား အိုဝင်ဝယ်ဆန် နဲ့ ဂျနီဖာလိုပက်ဇ်တို့ရဲ့ အချစ်ဟာသ ရုပ်ရှင်အသစ်လေး ရပါပြီ။ ပေါ့ပေါ့ပါးပါးနဲ့ အတော်ပျော်စရာကောင်းပြီး ကြည့်ကောင်းပါတယ်။ သီချင်းတွေလည်းကောင်းတယ်။ဇာတ်လမ်းအကျဉ်းကတော့.....ကတ်ဗဲဒက်ဆိုတဲ့ နာမည်ကျော် ပေါ့ပ် အဆိုတော်ဟာ သူ့ရဲ့ စတိတ်ရှိုးမှာ သူ့ချစ်သူ အဆိုတော် ဘက်စတီရန် နဲ့ လက်ထပ်ဖို့အတွက် "ငါ့ကိုလက်ထပ်ပါ" ဆိုတဲ့ သီချင်းကို ရေးပြီးဆိုဖို့ စီစဉ်ထားခဲ့ပါတယ်။ဒါပေမဲ့ပွဲမစခင်မှာပဲ ဘက်စတီရန် ဖောက်ပြန်ခဲ့တာကို သိလိုက်ရပြီးစိတ်ပျက်သွားခဲ့ပါတယ်။ စင်ပေါ်မှာ အရွဲ့တိုက်ပြီး အဲဒီရှိုးကို ဘုမသိဘမသိနဲ့ ပါလာတဲ့ သင်္ချာဆရာ လူလွတ်ကလေးအဖေ ချာလီကို လက်ညှိးထိုးပြီး လက်ထပ်ချလိုက်တဲ့အခါ တစ်ကမ္ဘာလုံး အံ့ဩသွားတာပေါ့။အဲဒီနောက်မှာတော့ ပေါ့ပ်စတား အဆိုတော်ကြီးနဲ့ အူကြောင်ကြောင် သင်္ချာဆရာတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာ.....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Comedy, Music, Romance Quality….WEB-DL 1080p and 720p File size…1.6GB and 826MB ...
movie

Marry Me (2022)

2022
The In Between (2022)
The In Between (2022) The In-Between (2022) ============= Drama, Romance, SupernaturalValentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီတက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ.အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August
movie

The In Between (2022)

2022
Gehraiyaan (2022) 6.0
Gehraiyaan (2022) Gehraiyaan (2022)ဘောလီးဝုဒ်မင်းသမီးချော Deepika ပါဝင်ရိုက်ကူးထားတဲ့ အိန္ဒိယဒရာမာဇာတ်ကားသစ်တစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားရဲ့အကြောင်းအရာကတော့ အခုခေတ် Relationship တွေရဲ့နားလည်ရခက်ပြီးရှုပ်ထွေးတဲ့သဘောသဘာဝတွေကို ကြည့်ရှုသူတွေပါရင်ခုန်စေမယ့် ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်တွေနဲ့တင်ဆက်ထားတာပါ။ယောဂဆရာမလေး Alisha နဲ့ စာရေးဆရာဖြစ်ဖို့ကြိုးစားနေတဲ့ Karan တို့ရဲ့ရည်းစားသက်တမ်းဟာခြောက်နှစ်ဆိုတဲ့ကာလတစ်ခုကိုရောက်လာခဲ့ပါပြီ။ ဒါပေမယ့်သူတို့ကြားမှာထုတ်မပြောပေမယ့်သိသာနေတဲ့ငွေကြေးပိုင်းဆိုင်ရာမကျေလည်မှုလေးတွေရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အိမ်ခြံမြေသူဌေးလေး Zain ကသူတို့နှစ်ယောက်ကြားမှာအဖုအထစ်ဖြစ်စေမယ့်အကြောင်းရင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် Zain ကလည်း Alisha ရဲ့ညီမဝမ်းကွဲဖြစ်သူTia နဲ့တွဲနေတာဖြစ်ပြီး သူတို့ကြားမှာလည်း ငွေကြေးနဲ့ပတ်သက်တဲ့သဘောထားမတိုက်ဆိုင်မှုလေးတွေရှိနေခဲ့တာပါ။ဒါ့အပြင် Alisha၊ Tia နဲ့ Zain တို့ဟာ ဆိုးဝါးလှတဲ့ ငယ်ဘဝတွေ၊ မကောင်းတဲ့မိဘတွေနဲ့ကြုံခဲ့ရတာကြောင့်သူတို့ရဲ့အချစ်ရေးနဲ့သက်ဆိုင်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိသွားခဲ့တာလားဆိုတာကလည်းစဥ်းစားစရာပါပဲ။ အဲဒီဆုံးဖြတ်ချက်တွေကရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဖြစ်ခဲ့ရဲ့လား။ ရက်စက်ခြင်းနဲ့တစ်ကိုယ်ကောင်းဆန်ခြင်းကလည်း လူ့သဘာဝ၊လူသားဆန်ခြင်းတစ်မျိုးပဲမို့ သာမန်အမြင်နဲ့ကြည့်ရင်မှားတယ်လို့ယူဆထားတဲ့အရာတွေကိုလည်း တစ်ခါတစ်ရံမှာအပြစ်တင်လို့မရတဲ့အခါအက်ကြောင်းတွေရှိနေတဲ့စုံတွဲနှစ်ခုရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ။အညွှန်းဖတ်ပြီးလောင်စရာချည်းပဲလို့တော့မတွေးလိုက်ပါနဲ့ဦး။ Romantic,Drama ဖြစ်တဲ့အပြင်ရိုက်ကွင်းပြင်ဆင်မှုနဲ့ သရုပ်ဆောင်၊ဒါရိုက်တာတွေရဲ့အားထုတ်မှုကြောင့် အရင်ဘောလီးဝုဒ်ကားတွေလိုပန်းခင်းထဲပတ်ပြေးပြီးကတာမျိုးထက်မိုက်တဲ့ ချစ်ခန်းကြိုက်ခန်းတွေအများကြီးကို စောင်ကိုက်ပြီးတစ်ဝကြီးကြည့်ရှုရဦးမှာပါ။ နိဂုံးချုပ်ရရင်တော့ အိန္ဒိယဒရာမာတွေကြိုက်တတ်တဲ့ပရိသတ်တွေအတွက်အချိန်နှစ်နာရီခွဲကုန်ရကျိုးနပ်မယ့်ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.45GB / 700MB Quality…1080p WEB DL AAC 5.0CH ...
movie

Gehraiyaan (2022)

2022
Tari Sathe (2021) 9.8
Tari Sathe (2021) Tari Sathe 2021 Family/ Romanceတစ်ခါတလေတော့ အချစ်ကို ကျွန်တော်တို့တိုင်းတာတဲ့စံနှုန်းတွေဟာ တော်တော်ညှိရခက်သား။ အဲလိုညှိရနှိုင်းရခက်လာတိုင်း ခေတ်သစ်၊ စနစ်သစ်ကြီးရဲ့သဘောလို ကွဲကြပြတ်ကြမလား၊ ပြန်လည်ငြိမ်းချမ်းရေးယူမလားကတော့ လူတစ်ဦးနဲ့တစ်ယောက်ချင်း၊ အတွဲတစ်တွဲနဲ့တစ်တွဲချင်း တစ်ထပ်တည်းတော့ကျနိုင်မယ်မထင်ပါဘူး။ တစ်ခါတလေမှာ ယောက်ျားလေးဖက်ကချည်း တစ်ဖက်သတ်ဆွဲထားရတာမျိုးတွေတွေ့နိုင်သလို၊ တစ်ခါတလေကျပြန်တော့လည်း မိန်းကလေးဖက်ကချည်း တစ်ဖက်သတ် ခြေစုံကန်ထားရတာမျိုး၊ တစ်ခါတလေကျပြန်တော့လည်း နှစ်ဦးနှစ်ဖက် ကတောက်တဆညီတူညီမျှဖြစ်ရင်း သူ့အတ္တ၊ ကိုယ့်မာနပြိုင်ကြတာမျိုးတွေပေါ့။ဒါမျိုးတွေဟာဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေမို့၊ ဒါမျိုးတွေကို‌ဖြေရှင်းတဲ့အခါ ညှိနှိုင်းတဲ့အခါ ဘယ်လိုမျိုးချဉ်းကပ်ကိုင်တွယ်ရမယ်နည်းလမ်းပေါင်းများစွာပါဝင်ပါတယ်။ ပထမရည်းစားရဲ့စပါယ်ရှယ်ဘဲပစ်ခံရပြီးပျက်သွားခဲ့ရတဲ့ ဘဲပစ်မလေးဟာ သူ့အမေပေးစားမယ့်သူရှိရာ ဘဒိုဒရာဆိုတဲ့မြို့လေးကိုရောက်လာခဲ့တယ်‌ဆိုပါတော့။ သူက အစကတော့ သူ့အမေပေးစားမယ့်သူကို လူချင်းမျက်နှာချင်း‌ဆိုင်တွေ့ပြီးချေပြီးတော့ ငြင်းဖို့သွားခဲ့တာဗျ။ ဒါပေမဲ့ အဲဒီမြို့က ခရစ်ကတ်ကစားသမားအရမ်းဖြစ်ချင်တဲ့ကောင်လေးနဲ့တွေ့တဲ့အခါ၊ အဲဒီကောင်လေးနဲ့ သူ့အမေပေးစားမယ့်သူကြား ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ....။ဘဲပစ်မလေးတွေပါ ကြည်နူးရမယ့် ဒီဇာတ်ကားလေးက အိန္ဒိယနိုင်ငံရဲ့ Gujarat စကားပြော ဇာတ်ကားလေးဖြစ်ပြီး အကအလှရိုမန့်တစ်တွေနဲ့မို့  ကြည့်ပျော်မယ့်ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ File size…(2 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Tari Sathe (2021)

Love and Leashes (2022) 5
Love and Leashes (2022) Love and Leashes (2022)Will you dominate me? (Age rating - 18+)ရုပ်ရည်ချောမောပြီး ယောက်ျားဆန်ဆန်ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးတွေကြားမှာ နာမည်ကြီးရေပန်းစားလှတဲ့ .. Jung Ji Hooကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Jung Ji Hoo အပေါ် တိတ်တခိုးခံစားချက်ရှိနေတဲ့ .. Jung Ji Wooတစ်နေ့မှာတော့ Jung Ji Hoo ဆီကိုပို့လိုက်တဲ့ ပါဆယ်ထုပ်က ကံကြမ္မာရဲ့လှည့်ကွက်ကြောင့်လို့ပဲဆိုရမလား နာမည်ချင်းဆင်ပြီး သူ့အပေါ်စိတ်ဝင်စားနေတဲ့ Jung Ji Woo ဆီကိုမှ ရောက်သွားပါတော့တယ်။အဲဒီကနေတဆင့် အရာအားလုံးပြီးပြည့်စုံပြီး သူမတူတဲ့ sexual taste ရှိတဲ့ ကောင်ချောလေး Jung Ji Hoo ရဲ့ လျှို့ဝှက်ချက်ကြီးကို Jung Ji Woo သိရှိသွားပြီး နှစ်ဦးသဘောတူ ...
movie

Love and Leashes (2022)

2022
Trust (2021) 5.4
Trust (2021) TRUST (2021)IMDb _ 5.4/10Rotten Tomatoes _71%အိမ်ထောင်တစ်ခုရယ်လို့ရှိလာခဲ့ရင် ကိုယ့်အမျိုးသားဖောက်ပြန်သွားမလားစိုးရိမ်တတ်ကြတာ အမျိုးသမီးတိုင်းရဲ့ သဘာဝပါပဲ နှစ်တွေဘယ်လောက်ကြာကြာတတိယလူဆိုတာပေါ်လာခဲ့ရင် ကိစ္စတွေကမောက်ကမဖြစ်သွားနိုင်ပါတယ်"နင်ငါတို့လိုသာကွာရှင်းရှေ့နေလုပ်ကြည့်ပါလား အချိန်ကြာလာတာနဲ့အမျှလူတိုင်းကဖောက်ပြန်နေကြပါလားဆိုပြီးသိလာလိမ့်မယ်""မိန်းမတွေက သူတို့ခိုးစားတာကိုလူမမိအောင်လုပ်တဲ့နေရာမှာယောကျာ်းတွေထက်ပိုတော်တယ်"ဒီ‌ဇာတ်လမ်းကတော့ ယုံကြည်မှုကိုအခြေခံပြီး အိမ်ထောင်တစ်ခုတည်ဆောက်ထားတဲ့အိုဝင်မ်နဲ့ ဘရော့ခ်တို့ရဲ့ အချစ်စမ်းပွဲအကြောင်းရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်ယုံကြည်မှုနဲ့လက်တွဲခဲ့ပေမယ့် အလုပ်ကိစ္စအကြောင်းပြပြီး အိုဝင်မ်တစ်ယောက်ညဉ့်နက်တွေမှာ ထထသွားနေတာ ဘရော့ခ်တစ်ယောက်စိတ်ထဲဘဝင်မကျလှပါဘူးဒါ့အပြင်ဘရော့ခ်ရဲ့ သူငယ်ချင်းက ကွာရှင်းရှေ့နေတစ်ယောက်ပါ"ဒီခေတ်ကြီးမှာအကုန်လုံးနီးပါးဖောက်ပြန်နေကြတာ နင့်ယောကျာ်းဖောက်ပြန်မပြန်သိချင်ရင်ကြေးစားငှားပြီး စမ်းကြည့်ပါလား" ဒီစကားကိုနားယောင်သွားတဲ့ဘရော့ခ်တစ်ယောက်ဘာတွေဆက်လုပ်သွားမလဲ အိုဝင်မ်ကရော ဘရော့ခ်အပေါ်သစ္စာမဖောက်တဲ့ယောကျာ်းကောင်းတစ်ယောက်လားဆိုတာ ကြည့်ရှုရမယ့်ပညာပေးဇာတ်ကားတစ်ကားပါအိမ်ထောင်တစ်ခုမှာ ယုံကြည်မှုက အရေးအကြီးဆုံးဖြစ်ပြီးသံသယစဝင်တာနဲ့အမှားတွေကပ်ပါလာတတ်ကြောင်းကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် သံသယများတတ်တဲ့လူတွေကြည့်ရှုဖို့အကောင်းဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်(တချို့လူကြီးခန်းတွေနဲ့ စကားပြောတွေပါဝင်တာကြောင့်မိသားစုနှင့်ကြည့်ရှုရန်မသင့်တော်ပါ)ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ကတော့ Yunniမှရေးသားပြန်ဆိုထားပြီး တင်ဆက်ပေးသူက YKပဲဖြစ်ပါတယ်  File size…1.2Gb / 515MB Quality…1080p WEB RIP AAC 5.1CH / 720p AAC 2.0CH Format…mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Trust (2021)

2021
Book of Love (2022)
Book of Love (2022) အချစ်၀တ္ထုလေးတစ်ပုဒ်လောက် ဖတ်လိုက်ကြဦးစို့ ....ဒီတော့ အချစ်ဆိုတာ ဘာလဲ .... အနက်ဖွင့်ရရင်တော့ တစ်ထောင့်တစ်ညပုံပြင်တွေထက်ရှည်သွားမယ်ထင်တယ် .... သီချင်းလေးထဲကအတိုင်းဆိုရင်တော့ အချစ်ဟာအဖြေရှာမရတဲ့ ပုစ္ဆာပေါ့ .... အချစ်နဲ့အတူ ရမ္မက်တွေ၊ တဏှာတွေ၊ မက်မောမှုတွေဒွန်တွဲနေတာကိုလည်း ဘယ်သူမှ ငြင်းဆန်လို့ ရမယ်မထင်ပါဘူး ......သိုပေမဲ့ အချစ်ဆိုတာ သိပ်ကို ရိုးရှင်းတဲ့အရာလို့ လက်ခံချင်နေသေးတဲ့ လူ့ဂွစာစာရေးဆရာကြီးတစ်ယောက် ရှိပါရဲ့.... သူ့နာမည်ကတော့ ဟန်နရီ ကော့ပါးပါ။အောင်မြင်ချက်ကတော့ ထွက်ထားတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ စာအုပ်ဟာ ၆ လအတွင်းမှာ၀ယ်ယူသူက ၂ ယောက်၊ တစ်ယောက်က ကိုယ်တိုင်။ အဲသည်လိုကို ပေါက်စာရင်း၀င်တဲ့အာဂ အချစ်၀တ္ထုကြီး တစ်အုပ်ပါ။ တစ်နေ့တော့ သူ့ရဲ့ ထုတ်ဝေသူက ဟန်နရီ့ကိုဆက်သွယ်လာပြီး သူ့ရဲ့ အင်္ဂလန်မှာ မပေါက်တဲ့ စာအုပ်ဟာ မက္ကဆီကိုမှာတော့စပိန်ဘာသာပြန်နဲ့ ရှိသမျှစာရင်း ထိပ်ဆုံး ရောက်လောက်အောင်၀က်၀က်ကွဲအောင်မြင်နေလေရဲ့ ... ဒီတော့ ကံအလှည့်အပြောင်းနဲ့ ကြုံလာသူစာရေးဆရာကြီးတို့ ...
movie

Book of Love (2022)

500 Days of Summer (2009) 7.7
500 Days of Summer (2009) 500 Days of Summer (2009) IMDb - 7.7/10_____Rotten- 85% ဇာတ်လမ်းကိုတော့    Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။---------------------------------------------------------(500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း(review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။)အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို ...
movie

500 Days of Summer (2009)

2009
4K HEVC Web-DL
Sing A Song (2022)
Sing A Song (2022) Sing a Song (2021)အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ်- သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေ‌နဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့်‌ ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား ...
movie

Sing A Song (2022)

2022
Through My Window (2022) 5.5
Through My Window (2022) Through My Window (2022)=====================ဆယ်ကျော်သက် အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် သိပ်ကောင်းတဲ့ စပိန် ဇာတ်လမ်းလေးလာပါပြီဗျာ။ ခေတ်သစ် စင်ဒရဲလား ဇာတ်လမ်းလေးလို့ ပြောရလောက်တဲ့အထိကို ဇာတ်လမ်းလေးက ဆွဲဆောင်မှု ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့  Hidalgo Mansion မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကြီး တစ်စုရှိပါတယ်။ အကြင်နာ မေတ္တာတွေကို ဘေးဖယ်ထားပြီး စီးပွါးရေးကို ရှေ့တန်းတင်တဲ့ လူချမ်း သာ မိသားစုတစ်စုပေါ့။ အဲဒီမိသားစုမှာမှ ရုပ်ချောချော ခပ်မိုက်မိုက် ညီအစ်ကိုသုံးယောက်ထဲက အလတ်ကောင် Ares Hidalgo ဆိုတဲ့ ကောင်လေး ရှိပါတယ် ဘေးမှာကတော့ Raquel ဆိုတဲ့ အိမ်နီးချင်းမလေး ရှိတာပေါ့လေ။ Raquel တို့ကတော့ သာမန်မိသားစုလေးတစ်စုပါပဲ။ သူမက အလတ်ကောင်ဖြစ်တဲ့ Ares ကို ကြိတ် သဘောကျနေခဲ့ရတာပါ။ ဒီလိုနဲ့ တစ်နေ့တော့ သူတို့နှစ်ဦး နီးစပ်ဖို့ အကြောင်းဖန်လာတာကတော့ wifi ပဲ ဖြစ်ပါတယ်။စင်ဒရဲလား ဇာတ်လမ်းမှာ မင်းသားလေးနဲ့ စင်ဒရဲလားကို နီးစပ်သွားစေတာက ဖန်ဖိနပ်လေးတစ်ရံဆိုရင် ဒီကားထဲမှာ သူတို့နှစ်ဦးကို ...
movie

Through My Window (2022)

2022
(18+) What’s Going On With My Sister (2014) 5.5
(18+) What’s Going On With My Sister (2014) (18+)What's Going On With My Sister (2014) ======================================မီဆူကီက ငယ်ငယ်တည်းက ဖခင်ဖြစ်သူဆုံးပါသွားလို့မိခင်ဖြစ်သူနဲ့ နေထိုင်ခဲ့ရတဲ့ အထီးကျန်ကောင်မလေးပေါ့....မိခင်ဖြစ်သူကလဲ ယောကျာ်းဖြစ်သူဆုံးတည်းကယောကျာ်းတစ်ယောက်မကောင်းတစ်ယောက်ပြောင်းနေပြီးသူမအပေါ် သိပ်အချိန်မပေးတော့ သူမမှာ ပျော်ရွှင်မှုဆိုတာသိပ်ကိုရှားပါးနေတာပေါ့လေ....တနေ့မှာတော့ သူ့ရဲ့ဘဝကို အပြောင်းလဲဖြစ်စေမယ့်ကိုကြီးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ် သူ့နာမည်က ယူယာတဲ့သူ့အမေရဲ့ ဘယ်နှစ်ယောက်မြောက်ယောကျာ်းမှန်းမသိတဲ့ယောကျာ်းဖြစ်သူရဲ့သားပေါ့....ပထမတော့ ယူယာ့ကိုအမြင်ကပ်ပေမယ့် ယူယာက သူမအပေါ် နွေးထွေးပြီးကြင်နာဂရုစိုက်မှုတွေ ပြည့်လျှံ့လာတဲ့အခါ သူမရဲ့စိတ်တွေဟာ.....  File size…700MB Quality…BRip H264 AAC 5.1CH  Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by X Cross
movie

(18+) What’s Going On With My Sister (2014)

[18+] Silip (1985) Daughters of Eve 6.1
[18+] Silip (1985) Daughters of Eve ဒီကားကတော့ ဂန္တဝင်ဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်....လူသားတို့ရဲ့ရမ္မက်နဲ့လိုအင်လောဘ ကြမ်းကြုတ်ရက်စက်တဲ့သဘောသဘာဝတွေကို ကွက်ကွက်ကွင်းကွင်းပုံဖော်ရိုက်ကူးထားပြီး အသက်ဝင်လွန်းတာကြောင့်ရယ် သရုပ်ဆောင်တွေကြောင့်ရယ် ဘာဆင်ဆာမှာမဖြတ်ထားတာကြောင့်ရယ် နာမည်ကြီးခဲ့ပါတယ်။အီလိုကိုစ်ပြည်နယ်အစွန်အဖျားက ရွာလေးတစ်ရွာမှာရွာသူရွာသားတွေဟာလိင်မှုကိစ္စမှာပွင့်လင်းစွာ ဖြစ်ချင်တိုင်းဖြစ်နေကြပါတယ်။ အဲ့ဒီထဲမှာမှ အများသူငါလို ရမ္မက်စိတ်တွေကိုမျိုသိပ်ပြီး ရွာကကလေးတွေကိုဓမ္မပုစ္ဆာတွေ သင်ပေးနေတဲ့ တွန်ညာဆိုတဲ့မိန်းမလှလေးရှိပါတယ်။ အများလက်မခံနိုင်တဲ့အယူအဆတွေကိုသင်ကြားနေတဲ့ သူ့အပေါ်လိုသူတွေရှိသလို သူ့အလှအပကြောင့်မလိုသူတွေလဲရှိပါတယ်။တစ်နေ့တော့ရွာကနေထွက်ခွာသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းဟောင်းအလှပဂေးတစ်ဦးလဲဖြစ်တဲ့ ဆယ်လ်ဒါဟာ အမေရိကန်သားချစ်သူတစ်ယောက်နဲ့အတူပြန်ရောက်လာချိန်မှာ ဒဏ်ရာဟောင်းတွေ အတိတ်ဇာတ်လမ်းဟောင်းတွေနဲ့အတူ ငြိမ်သက်နေတဲ့ တွန်ညာရဲ့ဘဝအပြင် သူတို့နှစ်ဦးရဲ့ အတိတ်ဇာတ်လမ်းထဲက အမျိုးသားတစ်ဦးဖြစ်တဲ့ ဆိုင်မွန်တို့ရဲ့ ဘဝတွေပါ လှုပ်ခတ်ဖို့ဖြစ်လာပါတော့တယ်။ ဆယ်လ်ဒါကတော့ တွန်ညာရဲ့စရိုက်နဲ့ဆန့်ကျင်စွာပွင့်လင်းမြင်သာရှိလွန်းလို့ပါပဲ။Silip: Daughters of Eve ဟာအဲ့ဒီခေတ်အခါမှာခေတ်စားနေတဲ့ လိင်အသားပေး Sexploitation films တွေထဲကအထင်ရှားဆုံးဥပမာ တစ်ခုဖြစ်ပြီး၊ ၁၉၈၂ ဖိလစ်ပိုင်ကိုယ်စားပြု Miss Universe ပြိုင်ပွဲဝင် Maria Isabel Lopez,နာမည်ကျော်အချိုရည်ကြေငြာအလှမယ် Sarsi Emmanuelle တို့အကြမ်းပတမ်းခေါင်းဆောင်ပါဝင်ထားပါတယ်။ရုပ်ရှင်ကားကြီးတစ်ကားလို့ မထင်နိုင်စရာပွင့်လင်းလွန်းတဲ့ လိင်ဆက်ဆံခန်းတွေ၊ ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့မဖွယ်မရာ စကားပြော၊ အပြ၊ အပြုအမူတွေအပြင် သွေးထွက်သံယို သတ်ခန်းဖြတ်ခန်းတွေ ကြမ်းကြမ်းတမ်းတမ်းပါဝင်ပါတယ်။ 2007 dvd အနေနဲ့ထွက်ရှိအပြီး ကာလသားတွေကြားနာမည်ကြီးခဲ့တဲ့ဇာတ်ကားဖြစ်လို့ တစ်ချို့အခန်းတွေမှတ်မိတဲ့သူတွေမှတ်မိကြပါလိမ့်မယ်။ဖိလစ်ပိုင်ရဲ့ခေတ်ဟောင်းရုပ်ရှင်ကားဆိုပေမယ့် ...
movie

[18+] Silip (1985) Daughters of Eve

1080p HEVC
Bliss (2021) 5.4
Bliss (2021) Bliss (2021)==========ကိုယ့်အသွေးအသားခန္ဓာကိုယ်ကိုသုံးကုန်တစ်ခုလို အသုံးချခံနေရတဲ့ ပြည့်တန်ဆာမလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ကိုယ်ပိုင်ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့သူတို့နှစ်ယောက်ကြားမှာ သူတို့အတွက် ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာကိုသိလာရတဲ့နောက်.. ကိုယ်စီအဓိပ္ပါယ်နဲ့ပျော်ရွှင်မှုတွေနောက်ကိုရှာဖွေကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက မိသားစုနဲ့အတူ မကြည့်သင့်တဲ့အခန်းတွေပါဝင်တာမလို့ သူငယ်ချင်း အပေါင်းအဖော်(၁၈)ယောက်အရင်စုပြီးမှကြည့်ရှုကြပါလို့ သတိပေးတင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 2hr 16min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi Translator – Chit Tee Encoder – San Win Maung
movie

Bliss (2021)

2021
Shaadi Mein Zaroor Aana (2017) 7.6
Shaadi Mein Zaroor Aana (2017) Shaadi Mein Zaroor Aana(2017) ******************************* ဒီဇာတ်ကားလေးကတော့ IMDb rating 7.6အထိ ရရှိထားပြီး Rajkummar Raoနဲ့ Kriti Kharbanda တို့ရဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ယခုလို ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့အချိန်မှာ မိဘက တွန်းအားပေးနေတာကို မလွန်ဆန်နိုင်သေးတဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ခု ညွှန်းပေးပါရစေ။တကယ်က မိန်းကလေးဖြစ်ရင် အလုပ်မလုပ်ရဘူးဆိုတဲ့ ရှေးရိုးစွဲအယူကို ခုထိလက်ကိုင်ထားတဲ့သူတွေ ကမ္ဘာပေါ်ရှိနေပါသေးတယ်။ ဒီဇာတ်ကားထဲက မင်းသမီးဖြစ်သူ Aarti ရဲ့အဖေက အဲဒီလိုလူမျိုးပေါ့။ သူ့သမီးကို အလုပ်လုပ်ခွင့်မပေးဘဲ ယောက်ျားပဲအတင်းပေးစားချင်တာပါ။ Aarti ကလည်း အဖေ့ကိုမလွန်ဆန်တဲ့အဆုံး Blind Date မှာ မင်းသားကိုသွားတွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့။ ဘာလို့လဲဆိုတော့ Aarti ကို အလုပ်လုပ်ခွင့်ပေးမယ်လို့ မင်းသားကသဘောတူလိုက်လို့ပါ။ ဒါပေမယ့်လည်း မင်းသားရဲ့အမေကလည်း Aarti ရဲ့အဖေလိုပဲ ရှေးရိုးစွဲနေမှန်း သူမသိခဲ့ပါဘူး။ သိပ်စိတ်ညစ်ဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ ကျားမခွဲခြားဆက်ဆံတတ်တဲ့ ဓလေ့တွေ၊ မိဘလောင်းရိပ်အောက်က မထွက်နိုင်ခဲ့ခြင်းတွေကြားက Aarti ...
movie

Shaadi Mein Zaroor Aana (2017)