Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
9.1
Love Mocktail 2 (2022)
Love Mocktail 2 (2022)IMDb 9.2/10ဘဝမှာအချစ်ရဆုံးလူတွေနဲ့ကွေကွင်းခဲ့ရတဲ့လူတွေရှိကြမယ်ထင်ပါတယ်ဒါက ဘုရားသခင်ရဲ့ကစားပွဲလား ဘဝရဲ့သင်ခန်းစာလား အချစ်စစ် နဲ့ဆုံတွေ့ခဲ့ရပေမယ့်ထင်မထားတဲ့ဘဝရဲ့အဆစ်အပြောင်းကြောင့်အချစ်ရဆုံးလူကိုဆုံးရှုံးခဲ့ရတဲ့ အာဒီတစ်ယောက် လောကဓံရိုက်ချက်တွေကြားမှာအလူးအလဲခံစားနေရပါတယ် ဒါပေမယ့်တစ်နေ့မှာ ချစ်ရတဲ့နစ်ဒီ့ရဲ့ဝိဉာဉ်နဲ့မထင်မှတ်ဘဲ စကားပြောနိုင်လာပြီး ဘဝကိုတစ်ဖန်ပြန်စလာနိုင်ခဲ့ပါတယ်နစ်ဒီက အာဒီတစ်ယောက်ခံစားနေရတာ မကြည့်ရက်လို့သာ ခေတ္တပြန်လာခဲ့ရပေမယ့်သူ့မှာလည်းအချိန်ကအများကြီးမရှိနေတော့ အာဒီရှေ့ လျှောက်ပျော်ဖို့အရေးနစ်ဒီဘာတွေလုပ်မလဲ နစ်ဒီ့ဝိဉာဉ်ကလွဲရင်ဘယ်သူ့ကိုမှမျက်လုံးထဲမမြင်တဲ့အာဒီကရောဘာတွေဆက်ဖြစ်သွားမလဲ ဇာတ်လမ်းကိုအဓိက support ပေးတဲ့လွမ်းမောဖွယ်သီချင်းတွေဟာဆိုရင်လည်း အဆွေး mood ဝင်နေတဲ့ကြည့်ရှုသူတွေအတွက်တော့လုံးဝအကြိုက်တွေ့စေမှာမို့လွမ်းမောကြည့်ရှုနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းရေးသားသူက Yunniဖြစ်ပါတယ်) File size…2.1GB / 1GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Sutbtitle (hard sub) Encoder….YK Translated by Yunni & Haruko & Poe & Yate
movie
Love Mocktail 2 (2022)
2022
6.5
We Couldn’t Become Adults (2021)
We Couldn't Become Adults (2021) ~ IMDb - 6.5/10, Rotten Tomatoes - 67% ~ မရင့်ကျက်ခြင်းများအကြောင်းအလွမ်းသစ်တို့ အဆင့်ဆင့်မြင့်မျောနေသော တိမ်စိုင်တို့ မျောကာလွင့်ကာနေကြ၏။ အချို့တိမ်တို့က ရေခိုးရေငွေ့တို့ကို ထုပ်ပိုးသိမ်းဆည်းထားကြပြီး အချို့တိမ်တို့က အတိတ်မြစ်တို့ကို ထုပ်ပိုးသိမ်းဆည်း ထားကြသည်။ တိမ်ညိုကာမိုးသော မိုးနေ့များတွင် ရွာသွန်းဖြိုးတတ်သော ထိုတိမ်တိုက်တို့ကို မနေ့ကကောင်မလေးနဲ့ အတူ ကျွန်တော် ထားခဲ့လိုက်ချင်ပါသည်။ အတိတ်ကို ထူးထွေစွာ တမ်းတမက်မောမနေတော့ခြင်းသည်လည်း ရင့်ကျက်လာခြင်း၏ ဂုဏ်သတ္တိများထဲမှ တစ်ခုဟု ဆိုကြသည်သာ။မရှိတော့ပြီထင်ရသော တစ်ပိုင်းတစ်စ မှတ်ဉာဏ်ဟောင်းများ ငွေ့ရည်ဖွဲ့လာချိန်တွင် အတိတ်တို့သည် အတိတ်မဟုတ်တော့ပြီ။ ဟောင်းနွမ်းခဲ့ပြီထင်ရသော ရုတ်တရက်အသစ်ဖြစ်သွားတတ်သည့် မှတ်ဉာဏ်များထဲတွင် လွန်လေခဲ့ပြီးသော မနက်ဖြန်တစ်ခုတုန်းကလိုပင် သူမသည် ကျွန်တော့်ဘေး ရှိနေခဲ့သည်ပင်။"ပြန်တွေ့ကြဦးမယ်နော်"လို့ သူမပြောခဲ့ချိန်သည် ကျွန်တော်တို့ချင်း နောက်ဆုံးဆုံတွေ့ကြချိန် ဖြစ်လာလိမ့်မည့်ကြောင်း ကျွန်တော်မသိခဲ့ပါ။ အနှစ်၂၀ကျော်အချိန်သည် အရာရာကို တိုက်စားခဲ့လေပြီ။ ကျွန်တော်တို့ ...
movie
We Couldn’t Become Adults (2021)
2021
5.8
My Wonderful Life (2021)
My Wonderful Life (2021) ===================IMDb Rating - 5.8/10အိမ်ထောင်ရေးနဲ့ မိသားစုတာဝန်တွေကြား နစ်မွန်းနေတဲ့မိန်းမတစ်ယောက် စိတ်ထွက်ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိနေတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးပါ။- အယ်ဇိုင်းမားရောဂါခံစားနေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလိုနေတဲ့ယောကျ်ား - အိမ်ထောင်သည်ဖြစ်နေပေမယ့် အစွမ်းအစမရှိတာကြောင့် အရာရာထောက်ပံ့နေရတဲ့သားကြီးနဲ့ - အကူအညီမရတဲ့သားငယ်တို့ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ဒီလိုဘဝထဲက ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုးဖောက်မိချိန် မှာတော့ ထိုအပြစ်တွေက ဂျိုအန်နာရဲ့နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်းခြောက်လို့ နေပါတော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်တွေက ဘာတွေဖြစ်မလဲ သူ့နောက်ကို လိုက်နေတဲ့ ခြိမ်းခြောက်စာရဲ့နောက်ကွယ်မှာရော ဘယ်သူတွေရှိမလဲ။ သူ့ရဲ့ကမောက်ကမ ဖြစ်နေတဲ့ဘဝကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h ...
movie
My Wonderful Life (2021)
2021
5.6
Don’t Go Breaking My Heart 2 (2014)
Don't Go Breaking My Heart 2 (2014) ==========================IMDb Rating - 5.6/102011 ခုနှစ်ကထွက်ရှိထားတဲ့ Don’t go breaking my heart ကားလေးကတော့ သုံးနှစ်တာစောင့်ဆိုင်းမှုအပြီးမှာ ဒုတိယအတွဲအနေနဲ့ထွက်လာပြီး ပရိသတ်ရင်ကို ဆွဲကိုင်လှုပ်ခဲ့ပြန်ပါတယ်။ အရင်အပိုင်းကို မကြည့်ရသေးရင်တော့ အရင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲ့ဒါမှာ အားရပါးရလောင်ရပြီး၊ အားရပါးရကြည်နူးရမှာဗျ။(** အပိုင်း(၁) မကြည့်ရသေးရင် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ **)အပိုင်း(၁) >>> Click Hereဒုတိယအပိုင်းမှာတော့ ခြေငြိမ်ဖို့ဟန်ပြင်ခဲ့တဲ့ ကျန်းရှန်ရန်တစ်ယောက် ယန်ယန်ရန်ဆိုတဲ့ မမကြီးနဲ့ချစ်သွားကြပါပြီ။ ဒါပေမဲ့ “အချစ်ဦးကို သေခါမှမေ့”ဆိုတဲ့အတိုင်း အတိတ်က ချန်ကျီရှင်းကိုသတိရတိုင်း အတူတူနေခဲ့တဲ့အိမ်လေးဆီသွားပြီး လွမ်းနေတုန်းပါပဲ။ ကမ္ဘာကြီးကဘယ်လောက်တောင်ကျဉ်းလဲဆိုတော့ ချန်ကျီရှင်းရဲ့အလုပ်ရှင်သစ်က ယန်ယန်ရန်ဖြစ်နေပြီး သူ့အစ်ကိုပေါလ်ကလည်း ယန်ယန်ရန်ကိုတစ်ဖက်သတ်သဘော ကျနေသူပါ၊အချစ်တွေများလွန်းတဲ့ ကျန်းရှန်ရန်တစ်ယောက် အချစ်ဦးချန်ကျီရှင်းနဲ့ပြန်တွေ့ရပြီး လက်ထပ်မယ်လို့ရည်ရွယ်ထားတဲ့ ယန်ယန်ရန်ကိုလည်း တစ်ခြားသူကလာကြိုက်နေတော့ ဘယ်သူ့ကိုရွေးမှာလဲ? ဘယ်သူ့ကိုချစ်ရမလဲ? အချစ်စစ်ဆိုတာရော တကယ်ရောရှိရဲ့လား? စတဲ့မေးခွန်းတွေအတွက်အဖြေကို အလွဲလေးတွေ၊ ဟာသလေးတွေ၊ ရိုမန့်စ်လေးတွေနဲ့ ရိုက်ပြထားတာမို့ ဒီကားလေးလည်း ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Jo Jo ...
movie
Don’t Go Breaking My Heart 2 (2014)
2014
6.5
Don’t Go Breaking My Heart (2011)
Don't Go Breaking My Heart (2011) =========================IMDb Rating - 6.5/102011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊ Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့ အချစ်ဒရာမာကားလေး လာပါပြီ။♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့ ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ ကျန်းချန်ရန် ။♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့ ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။ ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။ လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂) ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie
Don’t Go Breaking My Heart (2011)
2011
6.1
Rowdy Boys (2022)
Rowdy Boys 2022 ==================ဒီတစ်ခါတော့ အင်ဂျင်နီယာကျောင်းသားလေးနဲ့ဆရာဝန်မလေးကြားအချစ် ဇာတ်လမ်းလေးလာပါပြီလက်က်ဇ်ဂေစီအင်ဂျင်နီယာကျောင်းရယ် ဘရာမာဆေးကျောင်းရယ်က မျက်နှာချင်းဆိုင်ရှိပြီးတော့လုံးဝမတည့်တဲ့ကမ္ဘာရန်ဘက်ကျောင်း၂ ကျောင်းပေါ့ အင်ဂျင်နီယာဘက်ကခေါင်းဆောင်ကဗစ်ရှ်ဟွာ ဆေးကျောင်းဘက်က ကျောင်းသားက ဗစ်ခရမ်အဲ့ဒီမှာပဲ ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းရေရာရာမသိတဲ့ ပထမနှစ်ကျောင်းသားလေး အက်ရှ်ရှေ ကအင်ဂျင်နီယာကျောင်းနဲ့ဆေးကျောင်းမှားဝင်ပြီးတော့ ရန်သူတော် ဗစ်ခရမ်ရဲ့အသည်းကျော်ကာဗီရာကိုသဘောကျသွားပြီးရည်းစားစာသွားပေးပါတော့တယ် ကာဗီရာနဲ့ဗစ်ခရမ်တို့က ဆေးကျောင်းရဲ့စာအတော်ဆုံးကျောင်းသားတွေ ကျောင်းရဲ့ဂုဏ်ဆောင်တွေပေါ့ ဗစ်ခရမ်ကလည်း ကျောင်းကလူတွေကာဗီရာကို ကြည့်တာလေးတောင် လုံးဝသဘောမကျ သည်းမခံတတ်တဲ့သူမျိုးအဲ့ဒါကို ရန်သူတော်အင်ဂျင်နီယာကောင်လေးက ကာဗီရာ သဘောကျသွားတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်မှာလဲ အက်ဇ်ရှေကရော ကာဗီရာအချစ်ကိုရဖို့ ဘယ်လိုကြိုးစားမှာလဲဘယ်လိုအခက်အခဲတွေ ကြုံရဦးမှာလဲ...ကဲ အင်ဂျင်နီယာကောင်လေးနဲ့ဆရာဝန်မလေးရဲ့ အချစ်ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦး File size…2.6GB / 1.3GB Quality…1080p WEB DL AAC2.0 Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Shwe Pyae & Poe & Yunni & Haruko
movie
Rowdy Boys (2022)
2022
L-O-V-E…… Love (1997)
မင်းသမီးရှုကျီ Shu Qi, Vivian Hsu တို့လို ဟောင်ကောင်မင်းသမီး အချောအလှလေးတစ်သိုက်ကို တစ်ဝကြီးငမ်းလို့ရမယ့် ဟောင်ကောင်မော်ဒယ်ရှိုးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ဟောင်ကောင်ကိုယ်စားပြု မယ်ပြိုင်ပွဲအတွက်လာပြိုင်ကြပေမယ့် တကယ်တမ်းကျ ပိုက်ဆံရှိတဲ့ဘောစိတွေနဲ့ နီးစပ်ဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့ အလှမယ်တစ်သိုက်...တစ်ရက်ကို ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရှိနေပေမယ့် အလုပ်တွေ အရမ်းများတာကြောင့် လူမသိသူမသိဘဝကို ခဏသွားချင်နေတဲ့ လူငယ်သူဌေးသားလေး စူပါ ....အလှမယ်ပြိုင်ပွဲဝင်ပြိုင်ကြရင်း သူတို့ကြားထဲက အလွဲတွေကို ဟာသလေးတွေနဲ့ရိုက်ပြထားတဲ့ အခွီဇာတ်ကားလေးပါ။ငယ်ဘဝက မမတို့ကို တစ်ဝကြီးငမ်းရမှာမို့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း။ File size…(3.9 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST & Jo Jo Va
movie
L-O-V-E…… Love (1997)
5.7
There’s Something About Tott (2015) Love Heaw Feaw Tott
ထိုင်း အခွီမင်းသားချော Nick Kunatip နဲ့ သူ့ရဲ့ဟာသတွဲဖက်တွေနဲ့ ခွီရမယ့် Comedy ဇာတ်ကားဖြစ်ပါတယ်။ Tott ဟာရူပါဖြောင့်တဲ့ကွီးတစ်ယောက်ပါ။မိဘအုပ်ထိန်းသူတွေနဲ့ မနေခဲ့ရဘဲ ကိုယ့်ဘဝကိုယ်ကြောင်းနေတဲ့ ခေတ်လူငယ်တစ်ယောက်ပါ။ဘဝကိုသူငယ်ချင်းတွေနဲ့ဖြတ်သန်းနေရပြီး ကျရာအလုပ်မှာဝင်ငွေကိုဖန်တီးနေရတဲ့ Tott တစ်ယောက်သူ့ကိုကြွေကျနေသူတွေ သူကကြွေကျနေသူတွေကြားထဲ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ...။ပေါ့ပေါ့ပါးပါး ဟာသကားကြည့်မယ်ဆို ကွက်တိပါပဲ။ File size…(2.1 GB)/(940 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:58:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wut Mhone
movie
There’s Something About Tott (2015) Love Heaw Feaw Tott
8.6
Love is Color Blind (2021)
Love is colorblind (2021)ချစ်ခြင်းမေတ္တာဟာ ဘာအရောင်ရှိပါသလဲဒီတစ်ခါမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းကို အရောင်တွေနဲ့ ပုံဖော်ထားတဲ့ ဖိလစ်ပိုင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်ကြားထဲမှာ တဝဲလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါအက်ဆီးဒင့် ဖြစ်ပြီးနောက်ပိုင်း အရောင်တွေကို မခံစားနိုင်တော့ဘဲ အကုန်လုံးကို မီးခိုရောင်အနေနဲ့ပဲ မြင်ရတဲ့ ပန်းချီဆရာကောင်လေးတစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း ကောင်မလေးတို့ရဲ့ ရိုးရှင်းတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်နူးညံ့တဲ့ ချစ်ခြင်းမေတ္တာကို လှလှပပလေး ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးနဲ့အတူ ချစ်ခြင်းမေတ္တာရဲ့ရပ်ဝန်းထဲမှာ ခဏလောက် နားခိုလိုက်ကြရအောင်ပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Comedy, Romance Quality….WEB-DL 1080p and 720p and 499 File size…1.6GB and 864MB and 311MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August
movie
Love is Color Blind (2021)
2021
6.4
Liar x Liar (2021)
Liar x Liar (2021)ဒီကားလေးကတော့ Liar x Liarဆိုတဲ့ Mangaလေးကို Live action ပြန်ရိုက်ထားတဲ့ ကားလေးပါ။"အစကတော့ အလိမ်ညာလေးတစ်ခုပါပဲ။ ဒီအလိမ်အညာလေးက ကျွန်မတို့ရဲ့ ကံကြမ္မာကိုပြောင်းလဲသွားစေမယ်လို့ မထင်ခဲ့မိဘူး"ဒီစကားလေးအတိုင်းပဲ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အလိမ်အညာတစ်ခုကနေ စတင်ခဲ့တာပါ။Minato ဆိုတဲ့ကောင်မလေးက တက်တက်ကြွကြွရှိတဲ့ ချစ်စဖွယ် တက္ကသိုလ်ကျောင်းသူလေးပါ။အလယ်တန်းကျောင်းကစလို့ တက္ကသိုလ်ရောက်တဲ့အချိန်ထိ အေးအေးချမ်းချမ်းနေရတဲ့ရက်ဆိုတာ မရှိခဲ့တဲ့ ကံဆိုးမလေးဆိုရင်လည်း မမှားပါဘူး။ဒီကိစ္စတွေရဲ့ တရားခံကတော့ သွေးသားမတော်စပ်တဲ့ မောင်ဖြစ်သူ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး Toruပါပဲ။ရုပ်ချောသလောက် ပွေရှုပ်လွန်းအားကြီးတဲ့ Toruကတော့ ခန့်မှန်းရခက်တဲ့ ကောင်လေးပါ။သွေးသားမတော်စပ်တဲ့သူတို့နှစ်ယောက်ကြားထဲ အလိမ်ညာတစ်ခုကြောင့် ထူးဆန်းတဲ့ခံစားချက်တွေဖြစ်တည်လာတာကို ကြည်နူးဖွယ်ပုံဖော်ထားတာပါ။Mangaလေးကလည်း ဖတ်လို့ကောင်းသလို ရုပ်ရှင်အနေနဲ့ပြန်ကြည့်တော့လည်း ပါဝင်အားဖြည့်ထားတဲ့ သရုပ်ဆောင်တွေကြောင့် အရသာမပျက်သွားပါဘူး။လိမ်ညာတယ်ဆိုတာ မကောင်းပေမယ့် ဒီဇာတ်လမ်းကတော့ ကောင်းပါတယ်။ ကားကောင်းလေးမို့လို့ တင်ဆက်ပေးလိုက်ပါတယ်နော်။အညွှန်းကိုတော့ Milkeux က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Lai Laii နဲ့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Romance Quality….WEB-DL ...
movie
Liar x Liar (2021)
2021
7.6
DJ Tillu (2022)
DJ Tillu (2022)IMDb 7.8 ထိရရှိထားတဲ့ Comedyဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်အဖေဖြစ်သူက သူ့အကြိုက်ဆုံးဖိုက်တာနာမည်အရ တီလူးလို့နာမည်ပေးခဲ့ပေမယ့်လည်းသူကိုယ်သူ ဒီဂျေတီလူးလို့နာမည်ပေးထားတဲ့တီလူးကတော့အလုပ်အကိုင်ရယ်လို့ ရေရေရာရာမရှိ စိတ်ထဲပေါ်တာလိုက်လုပ်နေတဲ့ယောင်ခြောက်ဆယ်ကောင်ပါဖိုက်တာလုပ်မယ်ဆိုပြီးလုပ်လိုက် တစ်လကြာတော့မျက်ခွက်ထိုးခံရပြီး မလုပ်တော့ပြန်....စီးပွားရေးလုပ်မယ်ဆိုပြီး လုပ်တော့လည်း အရှုံးပေါ်...နောက်ဆုံးမှာ ဆာရိပထမဆုံးဝတ်ဆင်ပွဲဘိုနာလုပွဲစတဲ့ပွဲတွေမှာ ဒီဂျေလိုက်လုပ်နေပါတော့တယ်ဒီလိုနဲ့ကလပ်မှာသူသဘောကျတဲ့ကောင်မလေး ရာဒိယာနဲ့တွေ့ဆုံခဲ့ရပါတယ်ငပျင်းကောင် တီလူးတစ်ယောက်မထင်မှတ်ထားပဲ သူ့ဘဝကြီးကို အပြောင်းအလဲဖြစ်စေနိုင်တာကိစ္စကြီးနဲ့ တွေ့ကြုံလိုက်ရတဲ့ချိန်မှာ...အဲ့ဒီကိစ္စကရော ဘာဖြစ်မှာလဲ...ငပျင်းတီလူးတစ်ယောက် ဘယ်လိုကိစ္စတွေကြုံရမလဲဆိုတာဟာသနှောရင်း ရိုက်ကူးထားတာမလို့ ဆက်လက်ကြည့်ရှုပေးပါဦး File size…1.79GB / 874MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
DJ Tillu (2022)
2022
6.5
Long Story Short (2021)
"မင်္ဂလာဆောင်တာကလွယ်ပါတယ်။အိမ်ထောင်သည်ဘဝကခက်တာပါတဲ့" ဟုတ်ပါတယ် အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာ အင်မန်မှခက်ပါတယ် အချစ်တစ်ခုတည်းနဲ့ အိမ်ထောင်တစ်ခုမတည်မြဲနိုင်ပါဘူး။ နားလည်မှု ရိုးသားမှု အချိန်ပေးမှု ပြီးတော့ အချစ် ဒါတွေကိုလိုအပ်ပါတယ်။ ဒီကားလေးက အိမ်ထောင်တစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုပြောပြပေးထားတဲ့ ဇာတ်ကားလေးဆိုမမှားပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ တက်ဒီနဲ့ လီယန်တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးကိုချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့ ဒါပေမယ့် တက်ဒီကတော့ လီယန်ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံနှစ်ထားပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ နောက်မှဆိုပြီးလုပ်နေခဲ့တဲ့သူပါ။သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ... တက်ဒီတစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီတစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလား..စတာတွေကိုကြည့်ရှုခံစားရမယ့် Comedy,Fantasy,Romance ကားကောင်းလေးတစ်ကားပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__6.5/10 Format__mp4 Duration__01:30:00 Type__Comedy, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie
Long Story Short (2021)
7.6
The Reader (2008)
IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie
The Reader (2008)
6.8
The Liar and His Lover (2013)
The Liar and His Love (2013)လူတစ်ယောက်အပေါ် ထားရှိတဲ့ မကျေနပ်ချက်နဲ့ နာကျည်းမှုကို တခြားသူတစ်ယောက်အပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုးပေါ့။ Aki ဆိုတဲ့ကောင်လေးလည်း ဒီလိုအဖြစ်မျိုး ကြုံတွေ့နေရတာပါ။ အပြင်ပန်းမှာတော့ ဂျပန်ကနာမည်ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်တေးရေး၊ ဂီတပိုင်းပါရမီရှင်တစ်ယောက်ဆိုပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှုတွေကြောင့် ဂီတလောကက အပြီးတိုင် ပျောက်ကွယ်နေချင်သူပေါ့။ဒီလိုနဲ့ တစ်နေ့မှာ Rikoဆိုတဲ့ မိန်းကလေးနဲ့ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်းကျောင်းသူလေးရဲ့ နှလုံးသားကို သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် တေးရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းကလေးတွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒတွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မလေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါပေမဲ့ ကလေးမလေးက သူ့အပေါ် ...
movie
The Liar and His Lover (2013)
2013
8.0
Doctor Zhivago (1965)
Doctor Zhivago (1965)IMDb (8/10) / Rotten Tomatoes 84%ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့် ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့အကြောင်းကို အရင်ပြောပါရစေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ...
movie
Doctor Zhivago (1965)
6.5
The Venus Effect (2021)
The Venus Effect (2021)==================IMDb Rating - 6.5/10သာယာပျော်ရွှင်တဲ့မိသားစုလေးကနေ ဆင်းသက်လာတဲ့ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားတဲ့ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတဲ့ Comedy Romance Film လေးပဲ ဖြစ်ပါတယ်။ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ သာမာန်ဘဝလေးထဲက ကောင်မလေးတစ် ယောက်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်းရှိတဲ့အရာက ဘယ်အရာ ဖြစ်ပါလိမ့်မလဲ။ အချစ်ဆိုတဲ့အရာဟာ ထူးဆန်းပါတယ်။ stereotype တွေကို ဂရုမစိုက်ဘူး ချစ်ချင်ရင် ချစ်ခွင့်ရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ခွင့်ရတာမျိုးက ကောင်းမွန် တဲ့ဘဝကို ပိုင်ဆိုင်ရခြင်းပါ။ ဒီဇာတ်ကားလေးမှာတော့ straight တစ်ယောက်ဖြစ်တဲ့ကောင်မလေးကနေ lesbian အဖြစ် coming out လုပ်ဖို့အတွက် အားယူရတဲ့ momentsတွေ struggles တွေကို ပုံဖော်ရိုက်ကူးပေးထားတာမို့ ပရိသတ်ကြီးအတွက် သဘာဝဆန်သော ဇာတ်ညွှန်းဇာတ်ကွက်များကိုပေးစွမ်းနိုင်တဲ့ ကားကောင်းလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ။ ဒီကားလေးရဲ့အနှစ်သာရကတော့ Love itself is beautiful ပါပဲ။ 18+ scene တစ်ချို့ပါတာကိုလည်း ကြိုတင်သတိပေးပါရစေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Yoonwahwah ...
movie
The Venus Effect (2021)
2021
6.2
My Man (2014)
My Man (2014)အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်...မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်...ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ်တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ်ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ...ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie
My Man (2014)
6.5
Almost Love (2006)
Almost Love (2006)“တကယ်တော့လောကကြီးမှာ တစ်ယောက်ယောက်ကို သဘောကျရတာလောက် အကျိုးမရှိတဲ့အရာ မရှိပါဘူး။ ထမင်းကျွေးတဲ့အရာလည်း မဟုတ်သလို ပိုက်ဆံရှာပေးတဲ့အရာလည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် တကယ်ချစ်မိသွားတဲ့အချိန်မှာတော့ ပေးဆပ်ခြင်းက ရယူခြင်းထက် ပိုပျော်ဖို့ကောင်းသလို .. ကောင်းကင် နဲ့ ကြယ်၊ ပန်းတွေ နဲ့ သစ်ပင် ဘယ်လောက်လိုက်ဖက်တယ်ဆိုတာကိုလည်း ကောင်းကောင်းသိလာတယ်” တဲ့။ဇာတ်လမ်းလေးကတော့ အချစ်ကိုတော့ခံစားနေပေမယ့် တကယ့်အချစ်ကဘာမှန်းမသိဘဲ Friend Zone ထဲမှာ အူလည်လည်ဖြစ်နေတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ကျောင်းသားအရွယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။တိုက်ကွမ်ဒိုကျောင်းသားတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ရိုက်ကွင်းတွေမှာ ဝါသနာအရ စတန့်မင်းသားအနေနဲ့ အချိန်ပိုင်းအလုပ်ဝင်လုပ်တတ်ပြီး တစ်ချိန်မှာ “ဂျက်ကီချန်း”ထက် ပိုသာတဲ့ အက်ရှင်မင်းသားကြီးဖြစ်ချင်တဲ့ .. “ဂျီဟွမ်”“ဂျီဟွမ်” နဲ့ ငယ်ငယ်တည်းကခင်လာကြပြီး ရုပ်ရှင်မင်းသမီးကောင်းတစ်လက်ဖြစ်ဖို့ကြိုးစားနေတဲ့ အနုပညာကျောင်းသူ .. “ဒါလယ်”နှစ်ယောက်လုံးမှာ ရည်းစားကိုယ်စီလည်းရှိသလို ကိုယ့်အိပ်မက်တွေအမှန်တကယ်ဖြစ်လာအောင်ကြိုးစားနေရင်း တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးဖြစ်လာပါတော့တယ်။ဒီအပြောင်းအလဲကြောင့်ပဲ နှစ်ယောက်သားရဲ့အချင်းချင်းအပေါ်မှာထားရှိတဲ့ သူငယ်ချင်းသံယောဇဉ်ကို သံသယဖြစ်လာတဲ့အခါမှာ ...
movie
Almost Love (2006)
2006
6.5
(18+) The Sister’s Scandal (2017)
The Sister’s S-Scandal 2017အရင်ကိုရီးယားလူကြီးကားတွေနဲ့ မတူတဲ့ဒီ 18+ကားလေးကဇာတ်လမ်းလေးကြည့်လို့ကောင်းတယ် ဇာတ်လမ်းကိုပြောရရင်နာမည်ကြီးဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ရည်မှန်းချက်ကြီးတဲ့ယူဂျင်းအီဆိုတဲ့ ကောင်မလေး အဲ့ကောင်မလေးမှာ ယူဂျောင်းဆိုတဲ့ညီမလေး တစ်ယောက်ရှိတယ် သူ့ညီမကလည်း ဂျင်းအီအလုပ်လုပ်နေတဲ့ရုပ်ရှင်ကုမ္ပဏီ က ဝန်ထမ်းမလေးပေါ့ ဒါပေမယ့်သူတို့အလုပ်လုပ်နေတဲ့ ကုမ္ပဏီသူဌေးကတော့ တကယ့်စားနေကျ ကြောင်ဖားကြီး အားနေ ဝန်ထမ်းမလေးတွေကိုစားလိုက် မင်းသမီးတွေကို စားလိုက်လုပ်နေတဲ့ Sugar Daddyကြီးပေါ့ ယူဂျောင်းကသူ့အစ်မဂျင်းအီရဲ့ ကြိုးစားအားထုတ်ထားတဲ့ ဇာတ်ညွှန်းကိုရုပ်ရှင်ရိုက်ဖြစ်အောင်စတေးခံအနေနဲ့ သူ့ကုမ္ပဏီက သူဌေးနဲ့ တူတူအိပ်လိုက်ရတယ်ဒါကိုသိသွားတဲ့ သူ့အစ်မ ဂျင်းအီတစ်ယောက် စားဖားသူဌေးကိုဘယ်လိုလက်စားချေမလဲဆိုတာ ရင်တလှပ်လှပ်နဲ့ ခံစားကြည့်ရဦးမှာပါစားဖားကြီးရဲ့ မင်းသမီးငယ်လေးတွေ စားပုံ၊ဝန်ထမ်းကောင်မလေးကိုနှိုက်မြည်းပုံ 18+အခန်းတွေ ဖောဖောသီသီပါတဲ့အပြင် အရင်ကားတွေနဲ့မတူတဲ့ ရိုက်ကွက်တွေကြောင့် နောက်ထပ်သဘောကျဦးမယ့်ကားလေးလို့ညွှန်းချင်ပါတယ် File size…1.4Gb / 700MB Quality…1080p / 720p Format…mp4 Duration….1h 23mins Subtitle….Myanmar Subtitle (hard sub) Encoder…X Cross Translated by FOX
movie
(18+) The Sister’s Scandal (2017)
2017
7.2
The Tasty Florida (2021)
Tasty Florida (2021)ဇာတ်ကားနာမည်လေးအတိုင်း အရသာကောင်းချက်ကတော့ ပဲခေါက်ဆွဲရော လူတွေရောဖြစ်လို့ BLချစ်သူတို့ ကြည့်ရကျိုး အနပ်လွန်မယ့် ကားကောင်းလေးပါFlower Boysလို့ ခေါ်ရအောင် အရမ်းချောတဲ့ ကိုကို ၄ယောက်က Tasty Floridaဆိုတဲ့ ပဲခေါက်ဆွဲဆိုင်လေးကို အပြင်အဆင် ထူးထူးခြားခြားလေးနဲ့ ဖွင့်ထားတော့ကိုကိုချောချောတွေကို ငမ်းချင်တဲ့ အရွယ်စုံ နှုတ်ခမ်းနီမလေးတွေက တဖွဲဖွဲလာကြရောပေါ့ဒီလိုနဲ့ တစ်နေ့ ဆိုးလ်ကို အလုပ်လုပ်ရင်း အခြေချဖို့ လာခဲ့တဲ့ ကောင်လေး ဆောဟယ်ဝန်နဲ့ ကိုကို၄ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အွန်းဂယူတို့ ရုပ်ရှင်ထဲကလို အမှတ်မထင် ရေစက်ဆုံဖြစ်ကြပြီးဖြစ်ချင်တော့ ၄ယောက်ထဲက နောက်တစ်ယောက်ဖြစ်တဲ့အွန်းဂယူရဲ့ အချစ်ဆုံး သူငယ်ချင်း ဂျီဆူကပါ ဟယ်ဝန့်ကို စိတ်ဝင်စားမိသွားတဲ့အခါ...၃ယောက်ကြားက ကလိကလိ ပိကျိပိကျိ ဖြစ်စေမယ့် ဂျယ်လီချိုချဉ်ရှာလကာရည်ခံစားချက်ပေါင်းစုံကို မြည်းစမ်းရင်း ဖလော်ရီဒါဆိုင်လေးမှာ ဘယ်လိုဇာတ်လမ်းလေး ရှိလာမလဲ ကြည့်ရှုလိုက်ရအောင်ပါ File Size__(1.7GB) / (800MB) Quality__1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:31:00 Type__BL, Drama, Romance, Friendship Subtitle__Myanmar ...
movie
The Tasty Florida (2021)
First
87
88
89
90
91
Last
Previous
Next