Channel Myanmar

Romance

Baba, Baby O… (2022) 7.6
Baba, Baby O… (2022) Baba Baby O 2022ဒီတစ်ခါမှာတော့ IMDb 7.6/10 ထိရရှိထားတဲ့Romance/Comedyဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ အချစ်ကိုစိတ်နာခဲ့ပေမယ့် ကလေးချစ်တာကြောင့်မွေးစားသားနှစ်ယောက်နဲ့ပျော်နေတဲ့လူပျိုကြီး မိဂတ်ဒ်တစ်ယောက်ရေစက်အကြောင်းဖန်လာပြီးဘရစ်ရှတီလေးနဲ့တွေ့ဆုံခဲ့ပါတယ် အချစ်ကိုကြောက်နေပေမယ့်လည်းဘရစ်ရှတီနဲ့တွေ့တဲ့အချိန်မှာတော့မိဂတ်ဒ်ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ် ပြဿနာကတော့ဘရစ်ရှတီမှာ ရှုဗစ်ဒ်လို့ခေါ်တဲ့တွဲနေတဲ့လူတစ်ယောက်ရှိနေတာပါပဲ ဒါ့အပြင်ကိုမိဂတ်ဒ်ကလည်းချစ်ရေးဆိုဖို့ကြောက်ရွံ့နေခဲ့ပါတယ် ဒါပေမယ့်အချစ်စစ်မဟုတ်ရင်ကြာလာတာနဲ့အမျှရိုးလာကြတာဆိုတော့ အချစ်စစ်မဟုတ်ဘဲအရာရာကိုပေါ့ပျက်ပျက်တွေးတဲ့ ရှုဗစ်တစ်ယောက်ကို ဘရစ်ရှတီလည်းစိတ်ကွက်လာပါတော့တယ်ဒါပေမယ့်လည်းသူတို့နှစ်ယောက်ကနိုင်ငံခြားမှာအခြေချဖို့စီစဉ်ပြီးသားဖြစ်နေပြီးသွားလာခွင့်ဗီဇာကျလာခဲ့ချိန်မှာတော့ မိဂတ်ဒ်နဲ့ဘရစ်ရှတီတို့နှစ်ယောက်လမ်းခွဲသွားမှာလားဘာတွေဆက်ဖြစ်သွားမလဲဆိုတာတော့ဆက်လက်ကြည့်ရှုဖို့ပဲညွှန်းပေးချင်ပါတယ်အသက်အရွယ်ကွာခြားတဲ့ ဦးနဲ့ကလေးအရွယ်ပုံစံဖြစ်နေတာကြောင့်အသဲတစ်ယားယားနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင်(အညွှန်းရေးသားသူက Yunni ဖြစ်ပါတယ်)  File size…1.6GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni & Jerrica
movie

Baba, Baby O… (2022)

2022
The Classic (2003) 7.9
The Classic (2003) IMDb Rating (7.9/10) Rotten Tomatoes (93%)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ...My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ...ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့...ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကိုပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီးအမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ အချစ်ဇာတ်လမ်းကို နှစ်ခုယှဉ်တွဲလို့ သရုပ်ဖော် ထားတာပါ။ကံကြမ္မာရဲ့ ဆန်းကျယ်ပုံ ...
movie

The Classic (2003)

Modern Times (1936) 8.5
Modern Times (1936) အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ...အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာအင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာတော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေတစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lightsအသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရောပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်   File size…2.19GB / 1.9 GB Quality…1080p  BluRay / 720p Format…mp4 Duration….1h 27mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated ...
movie

Modern Times (1936)

1936
City Lights (1931) 8.5
City Lights (1931) အသံတိတ်ရုပ်ရှင်တွေဘက်ကို ခဏလောက် ပြန်လှည့်ရအောင်ပါ CM ပရိသတ်ကြီးရေ...အသံတိတ်ရုပ်ရှင်ဆိုတာနဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ အရင်ဆုံး ပြေးမြင်မိတာအင်္ဂလိပ်လူမျိုး ဟာသဇာတ်ဆောင်နဲ့ ရုပ်ရှင်ဖန်တီးသူ Charlie Chaplin ပါပဲ။ဘာစကားမှ မပြောဘဲ လူတွေကို ရယ်အောင်လုပ်နိုင်တဲ့ အရည်အချင်းဆိုတာတော်ရုံ ပါရမီရှိရုံနဲ့ မရပါဘူး။ ဒါပေမဲ့ ဂုရုကြီး Charlie Chaplin ကိုတော့ မြင်လိုက်တာနဲ့အလိုလိုရယ်ချင်ပြီး သဘောကျကြပါတယ်။ ဒါကြောင့်လည်း အခုချိန်ထိတိုင်ပရိသတ်ရင်ထဲမှာ စွဲကျန်နေဆဲဖြစ်နေခြင်းပါ။ ဒီတော့ ကျွန်တော်တို့ CM ကနေတစ်ခါက နာမည်ကြီးခဲ့တဲ့ The Kid, Modern Times နဲ့ City Lightsအသံတိတ်ရုပ်ရှင် သုံးကားကို Charlie Chaplin အလွမ်းပြေအနေနဲ့ရောပရိသတ်ကြီးလည်း ရယ်‌မောပျော်ရွှင် စိတ်အပန်းပြေနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်  File size…2.4GB  / 2GB Quality…1080p / 720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Yoon ...
movie

City Lights (1931)

1931
Bridesmaids (2011) 6.8
Bridesmaids (2011) Bridesmaids (2011)ရုပ်ရှင်သမိုင်းမှာ အမြတ်စွန်းအများဆုံး အမျိုးသမီး R- rated ဟာသရုပ်ရှင် ဖြစ်တဲ့Bridesmaids ဟာ ဘယ်အချိန်ပြန်ကြည့်ကြည့် ဟောင်း မသွားမယ့် ရုပ်ရှင်မျိုးပါ။ကန်ဒေါ်လာ 32သန်းပဲ ရင်းပြီး 285သန်းကျော် ပြန်ရခဲ့တဲ့ ဒီရုပ်ရှင်ကို Empire မဂ္ဂဇင်းကြီးက2011 ခုနှစ်ကို သတ်မှတ်တဲ့ ရုပ်ရှင်အဖြစ် 30 years 30 filmsမှာ ဖော်ပြခဲ့ပါတယ်။ဒီလို R- rated comedy တွေ‌အတွက် အော်စကာဆုဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်အဆင်ပြေလှတာမျိုး မဟုတ်ပေမယ့်၊ ဒီကားကတော့ ကိုင်တိုင် ဇာတ်ညွှန်းရေးသရုပ်ဆောင်တဲ့ မင်းသမီး Kristen Wig အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆု၊မင်းသမီးကြီး Melissa McCarthy အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတွေ ဆန်ကာတင်ဝင်ခဲ့တာပါ။ခပ်ကြမ်းကြမ်း 18+အခန်း နဲ့ စဖွင့်ထားပြီး၊ တစ်ကားလုံး လူကြီးဟာသတွေ ပြည့်နေတာတောင် ဇာတ်လမ်းကပေါမသွားပဲ တကယ်ကို အဓိပ္ပာယ်ပြည့်ဝပြီး ...
movie

Bridesmaids (2011)

2011
Loveland (2022)
Loveland (2022) ကျွန်တော် တို့လက်ရှိနေထိုင်နေတဲ့ ကမ္ဘာကြီးမှာ အတုအယောင်တွေအများကြီး ရှိနေပါတယ် ဒါတောင်မှ လူသားစစ်စစ်တွေပဲနေထိုင်ကြတုန်းရှိပါသေးတယ် လူသားတွေကြားမှာ စက်ရုပ်တွေသာရောက်လာမယ်ဆိုရင်တော့ အစစ်အမှန်နဲ့ အတုအယောင်ခွဲခြားဖို့ဆိုတာ အင်မတန်ကိုခက်ခဲ့သွားမှာပါပဲ အတုအယောင်တွေကြားထဲမှာမှ အဆိုးဆုံး အတုအယောင်ကတော့ ချစ်ခြင်းမေတ္တာပါပဲ အဲဒီလိုဖြစ်လာနိုင်ချေရှိနေတဲ့ ကမ္ဘာမြေကြီးအကြောင်းကို စဉ်းစားစရာတွေအများကြီးဖြစ်သွားအောင် ရိုက်ထားတဲ့ ခေတ်လွန်ဇာတ်ကားကောင်းလေး တစ်ကားပါပဲ အေးအေးလေးဆိုပေမယ့် စဉ်းစားစရာတွေအများကြီးနဲ့ ကျန်ခဲ့မှာတော့ အသေအချာပါပဲ တခါတလေ လမင်းကြီးကိုမြင်လိုက်လို့ အော်…..စစ်မှန်တဲ့အလှတရားဆိုတာ ရှိပါသေးလားလို့တောင် သတိရစေမယ့် အတုအယောင်တွေကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ မှတ်ချက်…… ကေတီဗွီတို့ စင်တင်တို့သွားတဲ့ ဘရိုတွေ့ဆိုရင်တော့ ပိုထိပါလိမ့်မယ်  File size…(1.33 GB )/(643.09 MB )/(422.53 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Romance, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

Loveland (2022)

Phir Bhi Dil Hai Hindustani (2000) 6.3
Phir Bhi Dil Hai Hindustani (2000) မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို  ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Phir Bhi Dil Hai Hindustani (2000)

Tinted With You (2021) 6.7
Tinted With You (2021) Tinted with you (2021)လက်ရှိအချိန်မှာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့တဲ့ "အွန်းဟို"အစ်ကိုတော်ရဲ့ မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ပေးခံရတဲ့အပြင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ကြံခံနေရတဲ့ အိမ်ရှေ့စံမင်းသား "အီဟွန်း" ဟာ အနာဂတ်ကလာခဲ့တဲ့ ပန်းချီကျောင်းသား "အွန်းဟို"နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ ကံကြမ္မာရဲ့ စေခိုင်းမှုမှာ သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ ပြောင်းလဲသွားမလားအရှင့်သား"အီဟွန်"းအတွက် ဘဝတစ်ခုလုံး ပေးဆပ်ပြီး ‌ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော် "ဂွန်းလေး" နဲ့ အရှင့်သားတို့ရဲ့ ဆက်ဆံရေးမှာ "အွန်းဟို" ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲလက်ရှိအချိန်ရဲ့ သမိုင်းစာအုပ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို "အွန်းဟို"နဲ့ "ဂွန်းလေး"တို့ ကယ်တင်နိုင်ကြပါ့မလားကံကြမ္မာကို ပြန်ရေးဆွဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လားHistorical/Romance/Fantasy အမျိုးအစားဖြစ်တဲ့ BL drama ဖြစ်ပြီး လက်ရှိအချိန်ကအထက်တန်းကျောင်းသား ကောင်လေးနဲ့ ဂျိုဆွန်းခေတ်က အိမ်ရှေ့စံမင်းသားလေးတို့ရဲ့ အချစ်ကိုသာမက"အွန်းဟို" ၊ "အီဟွန်း" နဲ့ "ဂွန်းလေး" တို့ သုံးယောက်ကြားထဲက ဖြူစင်တဲ့ မေတ္တာတရားကိုပါ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe ...
movie

Tinted With You (2021)

Love Like the Falling Petals (2022) 6.2
Love Like the Falling Petals (2022) Love like the falling petals (2022)(၁)ဓာတ်ပုံဟူသည် အသိဉာဏ်၊ နှလုံးသားနဲ့ စက္ခုကို မြင်ကွင်းတစ်ခုတည်းအောက် ထည့်ထားလိုက်ခြင်းပင်။ ဓာတ်ပုံဆရာဖြစ်ဖို့ ပါရမီနဲ့ အတတ်ပညာကိုလိုကောင်းလိုပေမဲ့ အရေးအကြီးဆုံးမှာ ဓာတ်ပုံဆရာ၏ နှလုံးသားဟုဆိုသည်။ ကင်မရာခလုတ်ကို နှိပ်လိုက်သောအချိန်တွင် ကိုယ့်နှလုံးသားက ဘာကိုဖမ်းယူချင်စိတ်ရှိလဲဆိုသော အချက်က ဓာတ်ပုံ၏ အနှစ်သာရပင်။ဓာတ်ပုံတို့သည် အခိုက်အတန့်လေးများကို ထာ၀ရတည်တံ့အောင် ထိန်းသိမ်းပေးထားနိုင်စွမ်းရှိ၏။ သူမသည် ဓာတ်ပုံများထဲတွင်တော့ ဟိုအရင်လို မပြောင်းမလဲတမ်း ရှိနေသည်သာ။ နှလုံးသားသည် ပွင့်ဖတ်ကြွေလွင့်လို ဖူးလွယ်ကြေလွယ်သောအရာဟု ရှေးလူတို့ ပြောကြဖူးသည်။ ပသို့ပဲဆိုဆို ဓာတ်ပုံတို့ထဲတွင် ကျွန်တော့်အချစ်တို့ ကျွန်တော်တို့အတိတ်တို့ ထာ၀ရ တည်တံ့နေလိမ့်ဦးမည်။(၂)ချယ်ရီတွေကို သယ်ဆောင်လာတဲ့ နွေဦးမှာ ကိုယ်မင်းနဲ့တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက ကိုယ်ဟာ အိပ်မက်တွေနောက်ကို ရဲရဲမလိုက်ရဲခဲ့တဲ့ ခပ်ညံ့ညံ့ကောင်လေးတစ်ယောက်ပါပဲ။ ဓာတ်ပုံဆရာဖြစ်ချင်ခဲ့ပေမဲ့ ခက်ခဲလွန်းလို့ လက်လျှော့ခဲ့တဲ့သူပေါ့။အစကတော့ အဲဒီနေ့ဟာ သာမန်နေ့တစ်နေ့ပါ။ မထူးခြားနား မိန်းကလေးတစ်ယောက်ရဲ့ သာမန်မဟုတ်တဲ့အပြုံးက တလောကလုံးကို လင်းကျင်းစေနိုင်တယ်လို့ ကိုယ် ဘယ်သိခဲ့ပါမလဲ။ ချယ်ရီတွေလို ပန်းနုရောင် အလင်းဟာ ဒီလိုနဲ့ပဲ ကိုယ့်တစ်ဘ၀လုံး လင်းကျင်းစေခဲ့ဖူးတယ်။(၃)ကြယ်မမြင်နိုင် ...
movie

Love Like the Falling Petals (2022)

2022
April Snow (2005) 6.7
April Snow (2005) April Snow (2005) ~ IMDb Rating - 6.7/10 ~၁ အစတုန်းကတော့အဲ့ဒီလူက ကျွန်မအတွက် အသင့်လျော်ဆုံးသူလို့ ထင်ခဲ့မိတဲ့အချိန်တွေရှိခဲ့ဖူးတာပေါ့... သူ့အတွက်ပဲ တစ်သက်လုံး ဝေယျာဝစ္စလုပ်ပေးခဲ့တဲ့ ကျွန်မပုံစံက ငြီးငွေ့စရာကောင်းနေခဲ့တာလား... အဲဒီလူကြောင့်ပဲ ရှင်နဲ့ကျွန်မနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ကျွန်မ ဟိုးအစကတည်းက ရှင်နဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ.... နွေမှာ နှင်းမကျသလို ရှင်နဲ့ကျွန်မလည်း ပေါင်းစပ်လို့ရနိုင်ပါ့မလား....၂ ချစ်ခြင်းဆိုတာ အခြေ‌အနေအချိန်အခါပဲတဲ့။ အချစ်စစ်ကို စောတွေ့လို့လည်းမကောင်း နောက်ကျမှ တွေ့‌လို့လည်းမကောင်းဘူးလို့တော့ ကိုယ်ကြားဖူးတာပဲ။ နွေဦးကိုချစ်တဲ့မင်းရယ် ဆောင်းကိုချစ်တဲ့ကိုယ်ရယ် မတူညီမှုများစွာနဲ့ အချင်းချင်းချစ်မိကြတဲ့အထိ ချစ်ခြင်းဟာ ဆန်းကြယ်တယ်မို့လား။ တစ်ခုသောကံကြောင့် တို့ဝေးခဲ့ကြရင် တစ်ခုသောကံကြောင့် ကိုယ်တို့ပြန်ဆုံမယ်လို့ ကိုယ်ယုံတယ်။ အဲဒီအချိန်မှာ မင်းအတွက်နောက်မကျသလို ကိုယ့်အတွက်မစောနေခဲ့ရင် ကံမဆုံခဲ့တဲ့အချစ်တွေ ကံဆုံရဦးမှာပေါ့။ ‌ဆောင်းထက်နွေဦးကို ပိုချစ်ပေမဲ့ နှင်းစက်တွေကို သဘောကျတယ်လို့ မင်းပြောဖူးတယ်နော်။ တစ်နေ့နေ့မှာတော့ မင်းရဲ့နွေဦးမှာ ကိုယ့်ရဲ့နှင်းစက်တွေကြွေကျ နွေဦးနှင်းတွေ လှပနေမှာပေါ့။ ခုတော့ "ငါမြင်နေကျ အရင်လိုအပြုံးတွေ ပြုံးပြဖို့တော့ မင်းအားတင်းထား"...။၃ April ...
movie

April Snow (2005)

2005
Feeling Butterflies (2022) 6.8
Feeling Butterflies (2022) Feeling Butterflies (2022)အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့‌လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာ‌လေးတွေကိုမွေး၊ ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။ အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်‌ကူတော့တဲ့ သူမဘ၀ဟာ မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက် ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာ‌တော့ ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊ လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊ အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)Genre.....Comedy, Drama, Romance Quality….WEB-DL 1080p and 720p File size…1.3GB and 650MB Format…mp4 Duration….1h 23min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder .....August
movie

Feeling Butterflies (2022)

2022
Happy Phirr Bhag Jayegi (2018) 4.5
Happy Phirr Bhag Jayegi (2018) Happy Phirr Bhag Jayegi (2018)ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.to/?s=Happy+Bhag+Jayegi ကြည့်ပါ။အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 ...
movie

Happy Phirr Bhag Jayegi (2018)

Happy Bhag Jayegi (2016) 6.5
Happy Bhag Jayegi (2016)  Happy Bhag Jayegi(2016) ************************* IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ....ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.to/?s=Happy+Bhag+Jayegi ကြည့်ပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung ...
movie

Happy Bhag Jayegi (2016)

Color Rush 2 (2022) 7.2
Color Rush 2 (2022) Color Rush 2ကဲ Color Rush S2 Movie Versionလေး လာပါပြီ အရင် S1တုန်းက Mono ယွန်းအူတစ်ယောက် သူ့ရဲ့Probe ဂိုယူဟန်နဲ့ တွေ့ဆုံခဲ့ပြီး တစ်နေ့တော့ ဂိုယူဟန်က ယွန်းအူအစား ပြန်ပေးဆွဲခံခဲ့ရပြီး ပျောက်သွားခဲ့ပါတယ်အခု S2ကို အကျဉ်းချုပ်လေး ပြောပြရရင်တော့ အရောင်တွေကို အဖြူအမဲအနေနဲ့သာ မြင်ရတဲ့ Monoတွေဟာ သူတို့ကို အရောင်မြင်နိုင်စွမ်း(Color Rush)အခိုက်အတန့်ကိုပေးတဲ့ Probeတွေကို တွေ့ဆုံတဲ့အခါ...ပျော်ရသလို စွဲလမ်းလွန်းသွားတတ်တာကြောင့် ပြန်ပေးဆွဲမှု လူသတ်မှုတွေပါထိ ဖြစ်ကြတော့ ရာဇဝတ်ကောင်တွေအဖြစ် Monoတွေကို လူအများက ကျဉ်ပယ်ကြပါတယ်ဝမ်းနည်းမှု မတရားမှု စိတ်အားငယ်မှုတွေနဲ့အတူ ပတ်ဝန်းကျင်ဒဏ်ကို ခံစားရတဲ့ Monoတွေရဲ့ ခံစားချက်တွေကို အခွင့်ကောင်းယူ အသုံးချပြီး အရောင်မြင်နိုင်အောင် ဖန်တီးပေးမယ့် ''Probe ခွဲစိတ်မှု ''ဆိုတဲ့ စီးပွားရေးလောကသားအချို့ရဲ့ လျျို့ဝှက်ရာဇဝတ်မှုတစ်ခု ရှိနေတဲ့အခါအဲ့အမှုထဲ ပါဝင်ပြီး သေဆုံးသွားခဲ့တဲ့ Mono ကျောင်းသူယယ်ဝန်အတွက် ...
movie

Color Rush 2 (2022)

Super Machi (2022) 9.1
Super Machi (2022) Super Machi (2022)အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကိုကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင်အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာအလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်...ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့...ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင်လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိမိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်းရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကိုရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ ...
movie

Super Machi (2022)

2022
[18+] A Flower Aflame Kashin (2016) 5.6
[18+] A Flower Aflame Kashin (2016) A Flower Aflame Kashin (2016)အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဆားမပါတဲ့ ဟင်းလိုပါပဲ...ဒီဇာတ်ကားမှာတော့ ဆိုနိုကို ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိဘတွေ စီစဉ်ထားတဲ့ အမျိုးသားတစ်ဦးကို လက်ထပ်ခဲ့ပါတယ်နှစ်အတော်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့ပေမယ့် သူ့ယောကျ်ားကို လုံးဝမချစ်ခဲ့တာကြောင့် အိမ်ထောင်ရေးသာယာမှု မရှိခဲ့ပါဘူး။အမျိုးသားဖြစ်သူက ရာထူးတိုးပြီး တိုကျိုမြို့ကို ပြောင်းလာခဲ့ပါတယ်။တိုကျိုမြို့ရောက်တော့ ဆိုနိုကို့အမျိုးသားရဲ့ အရာရှိ အိုချီနဲ့တွေ့မှပဲ ချစ်မိသွားပါတော့တယ်။နောက်ပိုင်း ဆိုနိုကိုတို့ အိမ်ထောင်ရေးက အဆင်ပြေပါ့မလား...အိုချီနဲ့ ဆိုနိုကိုတို့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး( ၁၈+ အခန်းတွေ ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ဖို့ မသင့်တော်ပါဘူး ) ဝတ္ထုကို ပြန်ရိုက်ထားတဲ့ drama, romance ကားလေးမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ် ။File Size__(1.77GB) / (850MB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:36:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by ZERO
movie

[18+] A Flower Aflame Kashin (2016)

[18+] Jan Dara: The Finale (2013) 5.5
[18+] Jan Dara: The Finale (2013) Jandara :The Finale ဟာ ပထမဇာတ်ကား Jandara the begining (၂၀၁၂) ရဲ့ မပြီးသေးတဲ့ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။ သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။ သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည် ချေဖျက်ဖို့ ကြိုးစားလာပါတော့တယ်။အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာ ကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။ ဒါကို Janက အခွင့်ကောင်းယူ ပြီး လက်စားချေဖို့ ကြိုးစားတာပါ။ သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ကဲ.....ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့ ပံ့ပိုးမှုတွေက သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကို ပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား?လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး ...
movie

[18+] Jan Dara: The Finale (2013)

2013
[18+] Jan Dara: The Beginning (2012) 5.7
[18+] Jan Dara: The Beginning (2012) ဒီဇာတ်ကားကတော့ ထိုင်းမင်းသားမာရီယို နုစဉ်ကာလက ရိုက်ကူးထားတဲ့ 18+ Erotic Drama ထိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်...မွေးဖွားတုန်းက မိခင်ဆုံးပါးသွားတာကြောင့် ဖခင်ဖြစ်သူရဲ့ မုန်းတီးခြင်းကိုခံခဲ့ရတဲ့ ဂျန် အဘွားဖြစ်သူရဲ့ ကယ်တင်မှုကြောင့် မွေးမွေးပြီးခြင်း အသက်ဘေးကလွတ်ခဲ့ရတဲ့ ဂျန် မိခင်ဖြစ်သူရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုကြောင့် လူလားမြောက်ခဲ့ရတဲ့ ဂျန် ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပေါ့။၁၉၁၅ ခုနှစ် မုန်တိုင်းထန်တဲ့ ညတစ်ည ဘန်ကောက်မြို့ ဗလန်ပူးအိမ်တော်ကြီး မှာ ပျားပန်းခေတ်မျှအလုပ်ရှုပ်နေကြတဲ့ အလုပ်သမားများနဲ့ မခံမရပ်နိုင်နာကျင်မှုကို အံတုပြီး မိမိရဲ့ ရင်သွေးကို မွေးဖို့ ကြိုးစားနေတဲ့ အိမ်တော်ရဲ့ သခင်မ ဒါရာဟာ သူမရဲ့သားလေး ဂျန်ကို မွေးမွေးပြီးခြင်း လောကကြီးကို ကျောခိုင်းစွန့်ခွာသွားခဲ့ပါတယ်။ မိန်းမဖြစ်သူကို ဆုံးရှုံလိုက်ရတဲ့ ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာက ဂျန်ကို သတ်ပစ်ဖို့အထိ မိုက်လုံးကြီးခဲ့ပေမယ့် ဘွားအေဖြစ်သူ၏ကယ်တင်မှုကြောင့် လောကကြီးမှာ ဆက်လက်ရှင်သန်ခွင့်ရခဲ့သလို ဖခင်ဖြစ်သူရဲ့ အမုန်းတရားကိုပါ မွေးမွေးပြီးခြင်းလက်ခံရရှိလိုက်ပါတော့တယ်။ မိခင်ရဲ့ ညီမဝမ်းကွဲ အဒေါ်ဖြစ်သူ ဝက်ဒ်ရဲ့ ပြုစုမှုနဲ့သာ ဂျန်ဟာ လူလားမြောက်ခဲ့ရပါတယ်။ဖခင်ဖြစ်သူ ဝစ်စနန်ဒီချာဟာ မိန်းမဖြစ်သူ သေဆုံးပြီး အစောပိုင်းမှာ ငြိမ်နေခဲ့ပေမယ့် ဗလန်ပူးအိမ်တော်ကြီးရဲ့ ...
movie

[18+] Jan Dara: The Beginning (2012)

2012
(18+)House With A Nice View (2012) 7.6
(18+)House With A Nice View (2012) အိမ်ခြံမြေလောကမှာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ မမတစ်ယောက်အောင်မြင်ဆိုသူ့ရဲ့ မားကတ်တင်းစနစ်က အရမ်းကောင်းတယ်ဒါပေမဲ့ သူက အချစ်ရေးမှာတော့ ခပ်ပေါ့ပေါ့မိန်းမသားပါအချစ်ဆိုတာကို ဟာသတစ်ခုလို့ထင်နေသူအချစ်ကြောင်းပြောရင် သူလက်သည်းနီ အရောင်လောက်တောင်စိတ်မဝင်စားသူ့ကို ကြိုက်လွန်းလို့ အသည်းသန်လိုချင်နေသူသာမောသွားမယ်သူကတော့အရေးမလုပ်တက်သူရိုင်းရိုင်းနှိုင်းရရင် စားဆော်ကြီးဗျသူနဲ့ဆန့်ကျင်ဖက် ဝန်ထမ်းတစ်ယောက်ရှိနေပြန်ပါတယ်မီယာ သူကတော့ အခုမှကုမ္ပဏီကိုစဝင်လာတဲ့ အရောင်းဝန်ထမ်းမလေးသူကျတော့ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်နေသူအချစ်ကြောင်းပြောရရင် ထမင်းမေ့ဟင်းမေ့ပြောရရင် ဘာမှမသိပဲနဲ့ စာတိုလေးတစ်ဆောင်ရရင်တောင်ရင်ခုန်နေသူသူတို့နှဦးရဲ့ အချစ်ပေါ် ခံယူတက်ခြင်းမတူတာလေးတွေကိုဇတ်ကွက်များစွာဖန်တီးပြီးတော့ အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်အချစ်ကို ခံယူချက်ချင်းမတူသူနှယောက် အချစ်ကိုဘယ်လိုဘယ်ပုံတွေ့ရှိမှာလဲတချို့က အချစ်ဆိုတာ အနားမှာရှိပေမဲ့ တန်ဖိုးမထားတက်တာမျိုးတချို့က အချစ်ကို တကူးတကရှာဖွေနေတာမျိုးဘယ်လိုပဲတွေ့ရှိပါစေ တန်ဖိုးထားတက်ဖို့ မီးမောင်းထိုးပြတဲ့ကားကောင်းလေးပါပဲအိမ်ခြံမြေအကျိုး‌ဆောင်က ဘယ်လောက် ဝန်ဆောင်မှုကောင်းသလဲဆိုရင်ကုတင် ငြိမ့်ညောင်းတာကို လက်တွေ့စမ်းသပ်ပြတာတွေပါနေတော့မိသားစုနဲ့ အတူမကြည့်ဖို့ သတိ အထူးပေးလိုပါတယ်  File size…988MB Quality…720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mi Chi
movie

(18+)House With A Nice View (2012)

2012
What We Forgot to Remember (2020) 6.5
What We Forgot to Remember (2020) ဒီတခါတော့ အရှေ့တောင်အာရှဇာတ်ကားလေးဖြစ်တဲ့ ဗီယက်နမ် အချစ်ကားလေး ကိုခံစားကြည့်ကြပါဦး ...ဇာတ်လမ်းအကျဉ်းလေးက...လိုအန်ဆိုတဲ့ ဂျာနယ်လစ်မလေးက အလုပ်ကြိုးစားတဲ့ ထက်ထက်မြက်မြက်ကောင်မလေးပါတနေ့ သူ့အဖေက စိတ်ကျန်းမာရေးဆေးရုံမှာ တက်နေရင်း ရုတ်တရက် ဆုံးပါးသွားခဲ့ပြီးဆေးရုံမှာ မသင်္ကာစရာ ကိစ္စတွေရှိနေတာကို သတိထားမိသွားလို့ ပြသနာရင်းမြစ်ကို စုံစမ်းဖို့လုပ်ပါတော့တယ်။ဒီမှာ လူမိုက်အဖွဲ့တစ်ခုရှိတယ်...ဘင် ဆိုတဲ့ ကောင်လေးက လူမိုက်အဖွဲ့က အောက်ဆုံးအဆင့် တောက်တိုမယ်ရကောင်လေး....လိုအန်စုံစမ်းနေတဲ့ ပြသနာကို ဆက်မစုံစမ်းအောင် ဖြဲခြောက်ခိုင်းလိုက်တဲ့ဘင်နဲ့ ထက်မြက်တဲ့လိုအန်တို့ဘယ်လိုတလွဲတွေနဲ့ ဆုံတွေ့ကြမယ်...ဘယ်လို အချစ်ဇာတ်လမ်းတွေ ဖန်းတီးမိကြမလဲဆိုတာ...။ဗီယက်နမ်ကားလေးဆိုတော့ ယဉ်ကျေးမှုလဲ သိပ်မကွာသလို ဇာတ်လမ်းလေးကလဲ ကြည့်လို့လဲကောင်းတဲ့အတွက်အချစ်ကားလေးတွေ ကြည့်ချင်နေသူတွေအတွက်တော့ အိုကေ စိုပြေပါပဲဗျာ။ File size…(2.5 GB)/(999 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:50:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

What We Forgot to Remember (2020)