Channel Myanmar

Romance

Lovers’ Concerto (2002)
Lovers’ Concerto (2002) Lovers’ Concerto(2002)IMDb 7.2/10မကြာသေးခင်ကမှ အပျိုကြီး ဘဝကို စွန့်လွှတ်သွားခဲ့တဲ့ မင်းသမီး Son Ye-Jin ရဲ့ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားလေးနဲ့ Son Ye-Jin ရယ်လို့ လူသိများလာခဲ့ပြီး “Best New Actress” ဆုကိုလည်း ရရှိခဲ့ပါတယ်My Sassy Girl ဇာတ်လမ်းနဲ့ လူသိများခဲ့တဲ့ မင်းသား Cha Tae-hyun နဲ့ The Scarlet Letter ဇာတ်ကားက မင်းသမီး Lee Eun-ju တို့ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီး Moon Geun-young ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းသုံးယောက်ကြားက ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်တစ်နေ့မှာ အီဂျီဟွမ်း(Cha Tae-hyun)ဆီကို နာမည်မပါ လိပ်စာမပါတဲ့ စာတစ်စောင်ရောက်လာခဲ့ရာကနေ သူငယ်ချင်းသုံးယောက်ရဲ့ အတိတ်ဇာတ်လမ်းကို ပြန်ပြောင်း သတိရဖို့ဖြစ်လာပါတယ်လွန်ခဲ့တဲ့ ၅ နှစ် ကောလိပ်ကျောင်းသား ...
movie

Lovers’ Concerto (2002)

The First Girl I Loved (2021) 6.2
The First Girl I Loved (2021) The First Girl I Loved (2021)ချစ်တယ်လို့ပြောရဲပေမယ့် မချစ်ရဲတဲ့သူတွေအများကြီးထဲမှာ ငါတို့နှစ်ယောက် ထိပ်ဆုံးကပါဝင်ခဲ့ကြတယ်။ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းက ပြန်တွေးကြည့်ရင်ကလေးဆန်တယ်လို့ထင်ကြလိမ့်မယ်တဲ့... ဒါဆိုရင် ငါ ဘယ်တော့မှ လူကြီးမလုပ်တော့ဘူး။ နင့်ကိုပဲဆက်ချစ်မယ်... နင်နဲ့ပဲအတူတူရှိချင်တယ်... ဒါပေမဲ့ နင်ပျော်ရွှင်ဖို့ပဲလေ.... ငါနောင်တမရပါဘူး။ဘဝကြီးက ဇာတ်လမ်းတစ်ပုဒ်ဆိုရင် နင်နဲ့ငါကအဓိကဇာတ်ဆောင်တွေပေါ့။ မဟုတ်သေးဘူး...ငါကနင့်ရဲ့ဇာတ်ကွက်ကို လှပအောင်ကူညီခွင့်ရခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်ပါ။ ဒါပေမဲ့ ငါကျေနပ်တယ်။ အဓိကက နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး။ငါတို့နှစ်ယောက် ဘာကွာခြားခဲ့လို့လဲ? အသက်အရွယ်လား စည်းစိမ်ဥစ္စာလား မိသားစုအခြေအနေကြောင့်လား? သေချာတာကတော့ ပတ်ဝန်းကျင်ကြောင့်ပါ။ အချစ်ကိုအချစ်လို့ မမြင်နိုင်ကြတဲ့ပတ်ဝန်းကျင်၊ အချစ်ကိုလိင်ဆက်ဆံဖို့ပဲသတ်မှတ်ထားကြတဲ့ ပတ်ဝန်းကျင်၊ သူတို့ရဲ့ကျားမစုံတွဲကမှ မြင့်မြတ်တဲ့အချစ်လို့ထင်ကြတဲ့ပတ်ဝန်းကျင်ကြောင့်ပေါ့။ နင်အတွက်ခက်ခဲခဲ့မှန်းသိပါတယ်။ အဲ့ဒါကြောင့် နင်ပျော်ရွှင်ဖို့ပဲလေ... ငါနောင်တမရပါဘူး...ဘဝကြီးကို အတူတူလျှောက်လှမ်းဖို့ ယောကျ်ားတစ်ယောက်ရှိဖို့မလိုပါဘူး။ ကိုယ့်ကိုနားလည်ပေးနိုင်မယ့်လူရှိဖို့ပဲ လိုအပ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ ချစ်နေရရင်ကို ချိုမြိန်ပါတယ်။ တကယ်ချစ်မိရင် တကယ်ခံစားရပါတယ်။ ငါချစ်နေတဲ့သူက နင်ဖြစ်နေတဲ့အတွက် ပိုပြီးချိုမြိန်ပါတယ်။ ပိုပြီးပျော်ရွှင်ရပါတယ်။ ပိုပြီးရင်ခုန်မိပါတယ်။ ။ဒီကားလေးရဲ့ကောင်းတဲ့အချက်ကတော့ Love story ...
movie

The First Girl I Loved (2021)

2021
The One You Love (2019) 7.4
The One You Love (2019) The One You Love (2019)ချစ်သူဆိုတာ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်နေရတဲ့သူ ရယ်လို့ ရှိပါတယ်။ ချစ်ခဲ့ဖူးသူကလည်း ချစ်သူ ဖြစ်ခဲ့ဖူးတာပေါ့။ ချစ်ခဲ့ဖူးသူကိုလည်း ကိုယ်က တကယ်ချစ်ခဲ့ရတယ်။ ကိုယ့်ကို ချစ်လာတဲ့လူကိုလည်း ကိုယ်က ချစ်နေမိပြီ။ ဒါပေမယ့် ဒီလိုအချိန်မှာမှ ချစ်ခဲ့ဖူးသူ ရည်းစားဟောင်းက ကိုယ့်ဆီ ပြန်ရောက်လာတဲ့အခါမှာတော့ .....ဒီဇာတ်လမ်းကတော့ ဒီလိုမျိုး ၃ ပွင့်ဆိုင်ပါပဲ။အင်္ဂလန်မှာ ကြီးပြင်းပြီး အဲဒီမှာပဲ ကျောင်းတက်နေတဲ့ အင်္ဂလန်သားလေး''ဒန်နီ''နဲ့ ဟောင်ကောင်မှာမွေးပြီး အင်္ဂလန်မှာပဲ ကျောင်းလာတက်တဲ့ မင်းသမီးလေး ''ဒါနီ''၊ သူ့ရည်စားဟောင်း ''အဲလက်စ်''တို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပေါ့ တိုက်ခန်းတစ်ခန်းထဲမှာ အတူတူ နေပေမယ့် မသိကြတဲ့ ''ဒန်နီ''နဲ့' 'ဒါနီ'' သူငယ်ချင်း ''ဂျီဂျီ'' မိတ်ဆက်ပေးမှ သိကြရာက ဖြစ်လာမယ့် သူတို့အချစ်ရေးကြောင့် လောလောလတ်လတ်မှာ အသည်းကွဲထားတဲ့ ''ဒါနီ''တစ်ယောက် ''ဒန်နီ''ကို ​ပြန်ချစ်နိုင်ပါ့မလား။ ဒါ့ပြင် ရည်စားဟောင်းက ပြန်လာတောင်းပန်တဲ့အခါ ''ဒါနီ'' ပြန်လက်ခံမလား ဘယ်လိုဖြစ်မလဲ သူတို့၂ယောက်ထဲက ဘယ့်သူ့ကို ရွေးမလဲ ဒါဟာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေပါပဲ။ ကိုယ်သာ ...
movie

The One You Love (2019)

2019
Ae Dil Hai Mushkil (2016) 5.8
Ae Dil Hai Mushkil (2016) Ae Dil Hai Mushkil (2016) " ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်"မထွက်ခင်က သတင်း...၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်...ပါဝင်သူတို့အကြောင်း...ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... ...
movie

Ae Dil Hai Mushkil (2016)

4K HEVC
[18+] Young Mother’s Friend (2018)
[18+] Young Mother’s Friend (2018) [18+] Young Mother's Friend (2018) ဇာတ်လမ်းအညွှန်းဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂျယ်ဝန်းတစ်ယောက် ကျောင်းပြန်တက်ဖို့ သွားတဲ့အခါ နေစရာမရှိတဲ့အတွက် သူ့အမေရဲ့ သူငယ်ချင်းဖြစ်သူ ဟီးဂျယ် အိမ်မှာ နေဖို့ ဖြစ်လာခဲ့ပါတယ်။ ဟီးဂျယ်ရဲ့ သမီး ယွန်းယောင်းလေးကလည်း ရင့်ကျက်တဲ့ မိန်းမပျိုလေးအရွယ်လေးပါ။တစ်နေ့မှာတော့ ယွန်းယောင်းက ကျောင်းစာမေးပွဲကို အကြောင်းပြပြီး စာကြည့်တိုက်မှာ တစ်ညလုံး အိပ်မယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့မှာပဲ ဂျယ်ဝန်းကလည်း သူ့ရဲ့ ကောင်မလေးနဲ့ စာအတူလုပ်မယ်ဆိုပြီး ကောင်မလေးကို အိမ်ခေါ်လာဖို့ ခွင့်တောင်းပါတယ်။ညနေ အဒေါ်ဖြစ်သူ ဟီးဂျယ် ပြန်လာတဲ့အခါ ဂျယ်ဝန်းနဲ့ သူ့ကောင်မလေးတို့ စာလုပ်နေတယ်ဆိုတဲ့ အခန်းထဲမှာ တစ်ခုခု ပုံမှန်မဟုတ်တာကို ရိပ်မိပြီး ကြားဝင်ဖို့ ကြိုးစားတဲ့အခါ ...ယွန်းယောင်းက သူ့ကောင်လေးနဲ့ ဘာညာကိစ္စကို ဘဝင်မကျလှပဲ ဂျယ်ဝန်းကို စတွေ့တဲ့အချိန်ကတည်းက ဂျယ်ဝန်းအကြောင်းပဲ အမြဲတွေးနေခဲ့မိရာကနေ ဂျယ်ဝန်းကို ယောက်ျားလေးတစ်ယောက်အဖြစ် မြင်လာတဲ့အခါမှာတော့ ...ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ...
movie

[18+] Young Mother’s Friend (2018)

2018
Ok Jaanu (2017) 5.1
Ok Jaanu (2017) ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် အရိုမှာနာမည်ကြီးတဲ့ Bollywood အချစ် ဒရမ်မာ ကားလေးတင်ဆက်လိုက်ပါတယ်လက်နောင်မှာနေတဲ့ ဂိမ်းဒီဇိုင်နာလေး အေဒီဟာ အမေရိကန်ကိုပြောင်းပြီး နေထိုင်ဖို့ ဆန္ဒရှိနေသူပါ။သူ့သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ တာရာဆိုတဲ့မိန်းမချောလေးနဲ့ ဆုံတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။တာရာကကျတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဗိသုကာဘွဲ့ရပညာရှင်ပါ။သူမရဲ့အိမ်မက်ကတော့ ပဲရစ်ကိုသွားပြီ အဆင့်မြင့်ဗိသုကာပညာတွေကိုဆည်းပူးဖို့ပါတဲ့။အိပ်မက်တွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြပါတယ်...ဒါပေမယ့် သူတို့ရဲ့အိပ်မက်တွေကတော့ ထပ်တူမကျခဲ့ပါဘူး...အိပ်မက်တွေမတူတဲ့ သူတို့နှစ်ယောက် လမ်းမခွဲခင်ထိ အတူတူနေဖို့ ဆုံးဖြတ်ပြီး ပျော်ရွှင်နေကြပေမယ့်ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲရမယ့်အချိန်တွေ နီးကပ်လာတဲ့အခါမှာတော့...အချစ်က အရာရာကို ကျော်ဖြတ်ပြသွားမလားဆိုတာ...။ File size…(6.5 GB)/(2.7 GB)/(1.2 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:16:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Ok Jaanu (2017)

2017
4K HEVC
Padmaavat (2018) 7.0
Padmaavat (2018) Padmaavat (2018)IMDb - 7.0/10_____Rotten - 56%သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး ...
movie

Padmaavat (2018)

2018
4K HEVC
Crush (2022) 6.3
Crush (2022) Crush (2022) အညွှန်း ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ ...
movie

Crush (2022)

2022
Band Baaja Baaraat (2010) 7.2
Band Baaja Baaraat (2010) IMDb Rating (7.2)မင်းသား ရန်ဗီးဆင်းနဲ့ မင်းသမီး အနွရှ်ကားတို့ ပါဝင်ထားတဲ့ ဒီဘောလိဝုဒ်ဇာတ်ကားက Rating မြင့်တဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...ရွာပြန်ပြီးလယ်လုပ်ရတော့မယ့်ကောင်လေးနဲ့ အိမ်ကယောကျ်ားအတင်းပေးစားခံနေရတဲ့ကောင်မလေးတို့နှစ်ယောက်မင်္ဂလာဆောင်တစ်ခုမှာ အမှတ်မထင်ဆုံကြတဲ့အခါ...ကောင်မလေးရဲ့ချစ်စဖွယ်အမူအရာတွေကို ချစ်မိသွားတဲ့ ကောင်လေး...ပိုင်ရှင်လျာထားခံရတဲ့ကောင်မလေးတို့ဇာတ်လမ်းဘယ်လိုတွေရှေ့ဆက်ဖြစ်မယ်ဆိုတာ...။မင်းသားရော မင်းသမီးရော ချစ်စရာကောင်းသလို ဇာတ်လမ်းလေးကလဲ အရိုအကအလှတွေနဲ့ကြည့်ကောင်းလှတာမို့ဘောလိဝုဒ်ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ File size…(10 GB)/(3.7 GB)/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:23:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Band Baaja Baaraat (2010)

4K HEVC
The Cougar Queen (2018)
The Cougar Queen (2018) The Cougar Queen (2018)======================ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ဗီယက်နမ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ နာမည်ကြီးအစီအစဥ်တင်ဆက်သူ အပျိုကြီးမမ မင်းသမီးရဲ့ နောက်ကွယ်က ဘဝကို ရိုက်ကူးထားတဲ့ အချစ် ဟာသဇာတ်မြူးကားလေးပဲ ဖြစ်ပါတယ်။ဒီအပျိုကြီးမမက အသက်ရလာပေမယ့် အိမ်ထောင်မပြုချင်ဘဲ ယောကျာ်းတွေကို အပျော်ပဲတွဲနေတတ်သူပါ။တစ်ညတာ စံစားဖို့ တစ်ဘဝစာ ချုပ်နှောင်စရာမလို မှော်တုတ်တစ်ချောင်း ကောင်းကောင်းဆောင်ထားရင် ဖြစ်ပြီလို့ ခံယူပြီး သူငယ်ချင်းတွေနဲ့ Single life ကို ပျော်ပါးနေသူပါ။ဒါပေမဲ့ သူတင်ဆက်နေတဲ့ အစီအစဥ်က ရုတ်တရက် ဆိုင်းငံ့ခံလိုက်ရပါတယ်။ဒီလိုဆိုင်းမပါ ဗုံမဆင့်ဘဲ ဖြစ်သွားတဲ့အခါ ကြံရာမရဖြစ်ပြီး နည်းလမ်းစုံသုံးကာ ကြံဖန်ရပါတော့တယ်။ဒီလိုနဲ့ ဖူးစာရှင်ကို ရွာလည်ပြီးတွေ့လေမလား အခက်အခဲတွေပဲ ပိုဆိုးလာမလားဆိုတာဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြရအောင်ဒီကားထဲမှာ တောင့်တောင့်ဖြောင့်ဖြောင့် ဖြူဖြူဖွေးဖွေး ဗီယက်နမ်သူအချောလေးတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.5GB and 763MB and 286MB Format…mp4 Duration….1h 45min Subtitle….Myanmar ...
movie

The Cougar Queen (2018)

2019
Moulin Rouge!(2001) 7.6
Moulin Rouge!(2001) Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor  နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie

Moulin Rouge!(2001)

Kissable Lips (2022) 6.3
Kissable Lips (2022) Kissable Lips (2022)ဒီကားလေးက blကိုမှ သွေးစုပ်ဖုတ်ကောင်နဲ့သွေးသန့်လူသားတို့ရဲ့အချစ်ဇာတ်လမ်းလေးwpတွေမှာ အရမ်းစိတ်ကူးယဥ်ပြီးရေးဖူးတာတွေတွေ့မှာပါ ဒီကားလေးကလည်းအဲ့လိုပါပဲ။"ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်ခဲ့သူတွေမှာ အခံစားရဆုံးက ကျန်ရစ်ခဲ့သူတွေ" လို့ ပြောကြတယ် အဲ့ထဲမှာမှ ကိုယ့်ကြောင့်ချစ်ရတဲ့သူက ထွက်သွားရတာဆို လုံးဝဖြေမဆည်နိုင်အောင်ပါပဲဇာတ်လမ်းလေးထဲမှာလည်း ဂျန်ဟိုဆိုတဲ့သွေးစုပ်ဖုတ်ကောင်ဟာ သူ့စိတ်မထိန်းနိုင်မှုကြောင့် သူ့ချစ်သူဒိုဟွန်းကိုဆုံးရှုံးခဲ့ရပါတယ်ပိုဆိုးတာက သူတို့သွေးစုပ်ဖုတ်ကောင်တွေမှာလဲ စည်းမျဥ်းတွေရှိနေတာပါပဲ လူသား (သို့မဟုတ်) မျိုးတူအချင်းချင်းကိုသတ်မိရင် အဲ့ဒီသွေးစုပ်ဖုတ်ကောင်ဟာ ၁၀ နှစ်အတွင်းပျောက်ကွယ်သွားမှာပါခုလည်းချစ်သူလူသားကိုသတ်မိတဲ့ ဂျန်ဟိုဟာ ပျောက်ကွယ်ဖို့အချိန်နီးကပ်လာပါတော့တယ် ဒါပေမဲ့ ရှင်သန်ချင်ရင် နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး အဲ့ဒါကတော့ သွေးသန့်လူသားကို ရှာပြီးသူ့သွေးကိုစုပ်ရမှာပါ သွေးသန့်လူသားကလည်း ရာစုနှစ်တစ်ခုကြာမှတစ်ယောက်ပဲမွေးဖွားပါတယ်လူသားဖြစ်ဖို့နည်းလမ်းရှာနေတဲ့ဂျန်ဟိုတစ်ယောက် သွေးသန့်လူသားချွဲမင်ဟျွန်းကိုတွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုကြိုးစားမလဲ စိတ်ဝင်စားစရာလေးမို့ကြည့်ကြည့်ပါနော်ပြီးတော့ uke လေးရော seme လေးရောအရမ်းချောတာမို့ ကြည့်ရတာတန်ပါတယ်ရှင်ဂျန်ဟိုအဖြစ် Kim Ji Woong ချွဲမင်ဟျွန်းအဖြစ် Yoon Seo Bin ဟေးဆိုးအဖြစ် Moon Ji Hoo တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre.....BL, Drama, Romance Quality….WEB-DL ...
movie

Kissable Lips (2022)

2022
Forever Out of My League (2021) 5.4
Forever Out of My League (2021) Forever Out of My League (2021)=======================တစ်ခါတလေကျ ချစ်ခြင်းမေတ္တာက နားလည်ရခက်တယ်ဗျ။ အသွားရှိမှ အပြန်ရှိမယ်ပြောကြေးဆို အသွားအပြန်မမျှော်ကိုးဘဲ ချစ်နေတတ်တဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်လိုရှင်းပြနိုင်မလဲဗျ။ တစ်ခါတလေကျ ပြန်တော့ လည်း သံယောဇဉ်ကြိုးဆိုတာ တစ်ချို့လူတွေအတွက်တော့ ကမ္ဘာ့အခိုင့်ခံဆုံး၊ ဖြတ်ရအခက်ဆုံးကြိုးဆိုပေမဲ့ တစ်ချို့တွေကျတော့လည်း အပ်ချည်မျှင်လေး တစ်ကြိုးလို ထောက်ခနဲဖြတ်တောင်နိုင်တာမျိုးပေါ့။ဒီထဲမှာမှ ကျွန်တော်တို့နားလည်ရခက်၊ ရှင်းပြရခက်တဲ့ ချစ်ခြင်းတွေထဲမှာ မိသားစုချစ်ခြင်းဟာ ထိပ်ဆုံးကနေဦးဆောင်နေစမြဲ။ တုနှိုင်းမရအောင် ခိုင်မာ တတ်သလို၊ နားလည်ရခက်‌လောက်အောင်လည်း ခက်ထန်တတ်စမြဲ ဖြစ်တတ်ခြင်း သဘောတွေဟာ ဒီချစ်ခြင်းရဲ့သဘောတွေပဲထင်ပါရဲ့။ တစ်ချို့မိသားစုတွေရဲ့ ချစ်ခြင်းဟာ တကယ့်ကို နှစ်ထောင်းအာရရှိပြီး အားကျချင်စရာကောင်းချိန် တစ်ချို့မိသားစုချစ်ခြင်း အပေါ်ယံဟန်ဆောင် သကာရည်ဖြူး၊ တစ်ချို့ကျ နှစ်ထောင်းအားရစရာမရှိပေမဲ့ သကာရည်မပါဘဲ တစ်ကယ့်ချစ်ခြင်းတွေပါဝင်စမြဲပါပဲလေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)File Size - (983 MB) / (493 MB) Quality – Web-DL 1080p / 720p Duration - 1Hr 54mins Subtitle – ...
movie

Forever Out of My League (2021)

2021
Lan Yu (2001) 7.1
Lan Yu (2001) Lan Yu (2001) Demi gods and Semi Devils, Sword Snow Stride (2021) တို့မှာ လူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Hu Jun နုပျိုစဉ်ကာလက ရိုက်ကူးခဲ့တဲ့ကားလေးပါ။အကောင်းဆုံးတရုတ်LGBTကားတွေထဲမှာပါဝင်ပြီး ဆုတွေအများကြီးရရှိထားတဲ့ R-rated ဒရမ်မာ‌ကားကောင်းတစ်ကားပါ။၁၉၈၈မှာ ကလောင်အမည်ပဲပါပြီး ဘယ်သူဘယ်ဝါရေးမှန်းမသိတဲ့ ပုံနှိပ်တိုက်တွေကမထုတ်ဝေရဲတဲ့ အွန်လိုင်းပေါ်က ဝတ္ထုတစ်ပုဒ်ကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ၁၉၈၀နောက်ပိုင်းခေတ်တွေကို ဇာတ်အိမ်တည်ထားပါတယ်။ ဘဝမှာဝန်မခံချင်ရင်တောင်မှ နှစ်တွေဘယ်လောက်ပဲကြာပါစေ၊ ဘာတွေပဲပြောင်းလဲသွားပါစေ တချိန်ကလူတစ်ယောက်နဲ့ပတ်သတ်ဖူးတဲ့ကိစ္စတွေက လက်ဆတ်နေဆဲ၊ အတွေးထဲဝင်ရောက်နေဆဲဖြစ်တတ်ကြပါတယ်။ဒီလိုပဲ လိင်တူစွဲလမ်းမှုရှိပြီး ကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဆီကိုလည်း လန်ယုဆိုတဲ့ ပိုက်ဆံပြတ်နေတဲ့ မထုံတတ်တေးကောလိပ်ကျောင်းသားတစ်ယောက်က အခကြေးငွေယူပြီး လိင်ဖျော်ဖြေပေးဖြစ်တဲ့အခါမှာတော့ မငြင်းဆန်နိုင်တဲ့ အချစ်နှောင်ကြိုးတွေက တသက်တာလုံး တသသ လွမ်းမဝ ဖြစ်လာအောင် ရစ်ပတ်လာခဲ့ပါတယ်။လိင်တူချစ်ကြိုက်တာတွေကိုပွင့်လင်းစွာချပြခွင့်မသာတဲ့ခေတ်ကာလက ရှူးဂါးဒယ်ဒီနဲ့ သိမ်မွေ့တဲ့ကောင်လေးလန်ယုတို့ရဲ့ချစ်ခြင်းတစ်ခုကို ဒရမ်မာဆန်ဆန်ကြည့်ရှုခံစားရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ 333 ပါ။) File Size      ...
movie

Lan Yu (2001)

2001
366 (2022) 4.6
366 (2022) 366 (2022)ဖိလစ်ပိုင်အချစ်ကားတွေမှာ ဟိုးတုန်းကတော့ တော်တော်ဖီးလ်ရအောင် လုပ်တတ်တဲ့ကားကောင်းတွေရှိခဲ့ပါတယ်။ ဒီတစ်ခါလည်း ဖိလစ်ပိုင်တွေဟာ ပရိသတ်ကို ဖီးလ်ရအောင်လုပ်နိုင်တဲ့ ရုပ်ရှင်တစ်ကားထပ်ထုတ်လိုက်ပါတယ်။ အာရှရိတ်တင်တွေလည်း ကောင်းတဲ့ရုပ်ရှင်ပါပဲ။ အချစ်ကား အဆွေးကား ကြိုက်တဲ့သူတွေနဲ့ သင့်တော်တဲ့ဇာတ်လမ်းပါ။" ၃၆၅ " သံယောဇဉ်ဟာ တစ်ပင်ချင်းနွယ်တတ်သလို တစ်လွှာချင်းကြွေကျတတ်တဲ့အရာပေါ့။ လူတစ်ယောက်ကို သေသေချာချာချစ်မိဖို့ ၃၆၅ရက်လိုသလို လူတစ်ယောက်ကို သေသေချာချာမေ့ပစ်ဖို့လည်း ၃၆၅ရက်လိုတယ်တဲ့။ ဒီရုပ်ရှင်ဟာ လူ၂ယောက်ရဲ့ဘဝတွေ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်ကြတော့တဲ့အခါ မပိုင်ဆိုင်နိုင်တော့တဲ့ အချစ်တစ်ခုကို မေ့ပစ်ဖို့ ကြိုးစားကြတဲ့လူတွေရဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး"ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးနှင်းဆီကိုချစ်တတ်အောင် သင်ကြားပေးဖို့ပေါ့ စောင်းတွေက ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့ တစ်ညနေခင်းလုံး ငါ့ဆီမှိုင်ငေးနေတဲ့တိမ်တွေ အလွမ်းက ကျွတ်လွတ်ဖို့ မြူဆွယ်အားကောင်းကောင်း ကံတရားလှပတာလိုချင်ရဲ့ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူးကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့ နှင်းနဲ့ လောင်ကျွမ်းနေသူ ဆောင်းလေ.... ငါ့ကိုရှာဖွေဆဲ....မောင်သိန်းဇော်" ၃၆၆ "အချစ်မှာ ယုံယုံကြည်ကြည်လည်း မျှော်လင့်ဖူးကြတယ်။ မျှော်လင့်ချက်မဲ့တဲ့နေ့တို့လည်းရှိဖူးကြတယ်။ ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးနိုင်တော့တဲ့အခါတော့ လက်လွတ်တတ်ဖို့ သင်ယူခဲ့ကြတယ်။ တစ်ခါတလေကျ ချစ်ခြင်းဟာ ရှင်သန်ခြင်းပဲဖြစ်နေပြန်တော့ သတ်မှတ်ချက် ၃၆၅ကို ကျော်လွန်မျှော်လင့်ခဲ့မိကြတာတွေလည်းရှိတာပါပဲ။ ...
movie

366 (2022)

Painted Skin (2022)
Painted Skin (2022) Painted Skin 2022 7.4/10 on MyDramaList Action/Romance/ Drama/ Fantasyအသစ်ထွက်ရှိလာတဲ့ Painted Skin ဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ဒီနာမည်နဲ့ ဇာတ်ကားအမျိုးမျိုးထွက်ဖူးတဲ့ လူနဲ့မိစ္ဆာကြားက အချစ်မေတ္တာဇာတ်ကားလေးဆိုလည်းဟုတ်ပါတယ်။အရင်ဇာတ်ကားတွေထက် မနိမ့်တဲ့ တင်ဆက်မှုတွေနဲ့ မိမိုက်နေဆဲ Fantasy Drama ဇာတ်ကားပါ။အချစ်နဲ့ဘဝ..ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း...ယင်နဲ့ယန်...လူနဲ့မိစ္ဆာမတူတဲ့အခြေအနေ ၂ ခု တွေ့ဆုံမှုတိုင်းဟာ ရင်နင့်အောင် ခံစားရတာချည်းပါပဲ။ဇာတ်လမ်းဇာတ်ကွက်လဲမဆိုးလှသလို CGI တွေလဲ မိုက်တာမို့Fantasy ပရိတ်သတ်တွေဆိုရင်တော့ လုံးဝလက်လွတ်လို့မရတဲ့ဇာတ်ကားပါ။ File size…(1 GB)/(530 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

Painted Skin (2022)

The Taming of the Shrewd (2022)
The Taming of the Shrewd (2022) The Taming of the Shrewd (2022)========================Netflix ကနေ အသစ်ထွက်ရှိလာတဲ့ romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရည်းစားက သစ္စာဖောက်လို့ အသည်းကွဲလာတဲ့ သိပ္ပံပညာရှင် ကတ်စ်ကာဆိုတဲ့ ပိုလန်သူလေးက ချီကာဂိုကနေ သူ့ရဲ့မွေးရပ်မြေ ပိုလန်နိုင်ငံကို ပြန်လာခဲ့ပါတယ်။ပိုလန်က သူ့အစ်ကိုဖြစ်သူ ရန်ဒရုရှ် ကတော့ သူတို့နှစ်ယောက်ပိုင်တဲ့ မိဘပိုင်မြေကို ရောင်းထုတ်ချင်နေတာပါ။ သူမပြန်ရောက်လာတော့ ကတ်စ်ကာက သဘောမတူတာကြောင့် အစ်ကိုဖြစ်သူက ညီမကို လင်ပေးစားဖို့ ကြံစည်ပါတော့တယ်။ ပိုလန်ရောက်တော့ သူမ ဘဝသစ်ကို စတင်ဖို့ ကြိုးစားရင်း ခပ်လန်းလန်းကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံတာ ကနေပါ Romance ဇာတ်လမ်းလေးဖြစ်လာတယ်ဆိုပါတော့။အဲ့တော့ ကတ်စ်ကာဟာ ပိုလန်မှာပဲ အခြေချဖြစ်မှာလား၊ ခပ်လန်းလန်း ကောင်လေးကရော သူမနားကို ဘယ်လိုပုံစံနဲ့ရောက်လာမလဲဆိုတာ ဒီ Comedy, Romance ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှူပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (1.71 GB) / (877 MB) / (568 MB) Quality – WebRip ...
movie

The Taming of the Shrewd (2022)

2022
Till We Meet Again (2021) 7.5
Till We Meet Again (2021) ယခုတစ်ခါမှာတော့ CM fan တွေအတွက် Till We Meet Again ဆိုတဲ့ Taiwan Movie လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးက‌တော့ ဇာတ်လမ်းဇာတ်အိမ်လေးတစ်မျိုးဆန်းသစ်ပြီး IMDB rating လည်း 7.5 ထိ ရရှိထားပါတယ်ဇာတ်လမ်းအကျဉ်းရှီရှောင်လန်ဟာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ် ခေါင်းကို မိုးကြိုးထိခဲ့တာကြောင့် သူ့ရဲ့မသေခင်က မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ပါတယ ရှောင်လန်က ငရဲပြည်ကိုရောက်တဲ့အချိန်မှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ဘဲ အချစ်နတ်ဘုရားအဖြစ် အလုပ်လုပ်ပြီး နောက်ဘဝ လူဖြစ်ဖို့ ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ရွေးချယ်ခဲ့တယ်အချစ်နတ်ဘုရားရဲ့ တာဝန်ကတော့ လူနှစ်ယောက်ပေါင်းဖက်နိုင်အောင် ဖူးစာကြိုးနီလေး ချည်ပေးရမှာပါ လူနှစ်ယောက်ကို ဒီလို ဖူးစာဖက်ပေးဖို့အတွက် အချစ်နတ်ဘုရားတွေဟာ နှစ်ယောက်တစ်တွဲအလုပ်လုပ်ရတယ်ပင်ကီက ရှီရှောင်လန်ရဲ့ တွဲဖက်နတ်ဘုရားဖြစ်လာခဲ့ပြီး ရှောင်လန် လူပြည်မှာ ပထမဆုံးထမ်းဆောင်ရမယ့်တာဝန်က လူ့ဘဝမှာကျန်ခဲ့တဲ့ သူ့ချစ်သူအတွက် ဖူးစာဖက်ရှာပေးဖို့ဖြစ်နေခဲ့တယ် ရှောင်လန်တစ်ယောက် လူ့ဘဝရဲ့ မှတ်ဉာဏ်တွေ ပြန်ရသွားတဲ့အခါ...ပုံမှန်အချစ်ဇာတ်လမ်းတွေနဲ့ မတူ တစ်မိုထူးခြားပြီး Fantasy ဆန်ဆန်ရိုက်ကူးထားတာမို့ ရသတစ်မျိုး ကြည့်ရှု့ခံစားရမှာပါ ။( ဘာသာပြန်ပြီး ...
movie

Till We Meet Again (2021)

[18+] Lost in Beijing (2007) 6.8
[18+] Lost in Beijing (2007) တရုတ်နိုင်ငံရဲ့ အချောအလှစာရင်းဝင် မင်းသမီး ဖန်ပင်းပင်းရဲ့ ၂၀၀၇ ခုနှစ်က Drama ဇာတ်ကား​ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီထဲက ဖန်ပင်းပင်းရဲ့ သရုပ်ဆောင်ချက်တွေဟာ ဝေဖန်သူတွေကြားထဲ လက်ခုပ်သံရရှိစေခဲ့ပါတယ်။ IMDB မှာလဲ 6.8 ရရှိထားပြီး Deep ဖြစ်တဲ့ Drama ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်း...​နယ်ကနေ ဘေကျင်းကိုတက်လာပြီးကြုံရာအလုပ်လုပ်တဲ့ လင်မယားနှစ်ယောက်၊ မိန်းမဖြစ်သူက အပျိုဟန်ဆောင်ပြီး Foot Message မှာ အလုပ်ဝင်လုပ်သလို၊ ယောကျာ်းဖြစ်သူကလည်း အထပ်မြင့်မှန်တွေသန့်ရှင်းရေးလုပ်ကာ ဘဝကိုရုန်းကန်နေရင်း တစ်နေ့တော့.......အဲ့ဒီတစ်နေ့ကြောင့်ပဲ ဘဝမှာ ငွေလား အချစ်လား ရမ္မက်လား မေးခွန်းတွေပေါ်ထွက်လာပါတော့တယ်။ ငွေဟာ လူ့သည်းခြေကြိုက်ဒုတိယဘုရားသခင်ဖြစ်ပေမယ့် တကယ့်ရွေးချယ်စရာ အချို့နဲ့ကြုံလာရင်တော့......ဇာတ်လမ်းကိုပဲ စီးမျောခံစားကြည့်လိုက်ပါ။Drama ဇာတ်လမ်းမျိုးဖြစ်ပေမယ့် ဖန်ပင်းပင်းရဲ့ အလှကောက်ကြောင်းတွေနဲ့ စကားကြမ်းကြမ်း အခန်းကြမ်းကြမ်းတွေပါတာမို့ ၁၈ နှစ် အထက်မှသာ ကြည့်ရှုဖို့ သင့်တော်ပါလိမ့်မယ်။ File size…(3.2 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:54:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

[18+] Lost in Beijing (2007)

It’s Your Fault that My Heart Beats (2021) 7.2
It’s Your Fault that My Heart Beats (2021) It's your fault that my heart beats (2021)အထက်တန်းကျောင်းရဲ့ နွေရာသီ ချစ်ဦးပုံပြင်လေးတစ်ပုဒ်ပါ။ ငယ်ချစ်ဦးဇာတ်လမ်းတွေကိုသဘောကျတဲ့သူ၊ လူငယ်ဘဝdramaတွေ သေချာပေါက်ကြိုက်နှစ်သက်မဲ့ ဂျပန်ဇာတ်ကားလေးပါပဲ။"ဆုကစ"ဆိုတဲ့ကျောင်းသူလေးက ကျောင်းအမြဲနောက်ကျတတ်ပြီး ဖရိုဖရဲနိုင်တဲ့ကောင်မလေးတစ်ယောက်ပါ။ အထက်တန်းကျောင်း ပထမနှစ်မှာ ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် "အရိမ"က သူ့ကိုအမြဲကူညီပေးတတ်တဲ့သူတစ်ယောက်ပေါ့။ ဆုကစရဲ့သူငယ်ချင်းတွေကလည်း သူတို့နှစ်ယောက်က အပြန်အလှန်ကြိုက်တာသေချာတယ်လို့ပြောတာကြောင့် သူလည်း ကြင်နာတတ်တဲ့ အရိမကို ဖွင့်ပြောခဲ့ပါတယ်။ အရိမ က "နင်နဲ့အတူရှိနေရင်တောင် ယောက်ျားလေးသူငယ်ချင်းနဲ့ရှိနေတယ်လို့ပဲ ခံစားရတယ်"လို့ပြောပြီးငြင်းလိုက်ပါတယ်။ ဒါပေမဲ့ ဆုကစကတော့ ငြင်းရင်တောင် ဆက်ပြီးချစ်နေမှာပဲလို့ပြောပြီး အနားမှာဆက်ရှိနေပေးခဲ့ပါတယ်။ ဆုကစကို ဂရုစိုက်တဲ့သူနောက်တစ်ယောက်ကတော့ playboyလေး "ဟဆဲဘဲ" ပါပဲ။ မိန်းမရှုပ်ပေမဲ့ ဆုကစကိုတော့ တိတ်တခိုး ဂရုစိုက်ပြီး ချစ်နေခဲ့တဲ့သူပါ။ဒီလိုနဲ့ ၃ယောက်သား ကျောင်းကနွေရာသီcampကိုသွားကြတဲ့အခါ အရိမရဲ့ရည်းစားဟောင်းနဲ့ပြန်ဆုံခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက ဆုကစတို့ ကမ်းခြေကိုခရီးထွက်တဲ့အခါမှာလည်း သူတို့နဲ့အတူလိုက်လာခဲ့ပါတယ်။ ရည်းစားဟောင်းဖြစ်သူက အရိမကိုပြန်လိုချင်တာကြောင့် ဆုကစကို အောင်သွယ်လုပ်ပေးဖို့ပြောတဲ့အခါ ဆုကစတစ်ယောက် ခံစားချက်တွေကိုဖုံးကွယ်ပြီး သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ ကူညီဖို့ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း အရိမက ဆုကစကို တကယ်မချစ်တာမဟုတ်ဘဲ သူကအချစ်နဲ့မထိုက်တန်သူလို့ ...
movie

It’s Your Fault that My Heart Beats (2021)