Channel Myanmar

Romance

[18+] Naked Killer (1992) 6.0
[18+] Naked Killer (1992) Naked Killer (1992) IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size ...
movie

[18+] Naked Killer (1992)

1992
Ma Belle, My Beauty (2021) 5.4
Ma Belle, My Beauty (2021) Ma Belle, My Beauty (2021) ==================== IMDb Rating - 5.4/10ဒီဇာတ်ကားလေးကတော့ 2021 မှာ ထွက်ရှိခဲ့တဲ့ LGBTQ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ပြင်သစ်နိုင်ငံ တောင်ပိုင်းမြို့လေးမှာ ပြန်လည်ဆုံစည်းခဲ့ကြတဲ့ လိန်း နဲ့ ဘာတီ ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ရဲ့ အကြောင်းပေါ့။ ချစ်သူအဖြစ်ကနေ ဝေးကွာကြပြီးတဲ့နောက် အမျိုးသားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့တဲ့ ဘာတီ နဲ့ အနားကို နောက်တစ်ခေါက် ပြန်ရောက် လာခဲ့တဲ့ လိန်း တို့ရဲ့ ဇာတ်လမ်းလေးကို မြင်တွေ့ရမှာပါ။ပြင်သစ်နိုင်ငံကို အခြေခံထားတာမို့ ပြင်သစ်စကားပြောတွေနဲ့ ရှု့ခင်း အလှအပတွေကိုလည်း တဝကြီး ခံစားရင်း အမျိုးသမီးနှစ်ယောက်ကြားက ချစ်ခြင်းတွေ ဝန်တိုမှုတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။  လိန်း အဖြစ် Hannah Pepper၊ ဘာတီ အဖြစ် Idella Johnson တို့က ပါဝင်သရုပ် ဆောင်ထားပြီး ဒါရိုက်တာ Marion Hill က ရိုက်ကူးပုံဖော်ထားတဲ့ အချစ်ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File ...
movie

Ma Belle, My Beauty (2021)

2021
Gully Boy (2019) 8.4
Gully Boy (2019) Gully Boy(2019)IMDb...8.4 / Rotten Tomatoes (96%) "ကျွန်တော့်ဘဝနဲ့ ထပ်တူညီဖို့ ကျွန်တော့် အိမ်မက်တွေကိုပြောင်းလဲမှာမဟုတ်ဘူး.... ကျွန်တော့်အိမ်မက်တွေနဲ့ထပ်တူကျဖို့ ကျွန်တော့်ဘဝကိုပြောင်းလဲပစ်မှာ..။" မင်းသားရမ်ဘီဆင်း...မင်းသမီးအာလီယားဘတ်တို့နဲ့ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ရဲ့ အောင်မြင်မှုတလှေကြီးရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ဇာတ်လမ်းကတော့...အသက် ၂၂ နှစ်အရွယ်မူရတ်ဆိုတဲ့ Rap ဂီတကိုရူးသွပ်တဲ့ မွတ်ဆလင် ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ.... သူ့အဖေဖြစ်သူက ဒါရိုက်ဘာလုပ်ပြီး သူ့ရဲ့ပညာရေးအတွက် ပင်ပန်းဆင်းရဲခံပြီး ငွေကြေးပမာဏအမြောက်အမြားကို ရင်းနှီးမြှုပ်နှံ ပံ့ပိုးပေးခဲ့ပါတယ်..... ဒါပေမဲ့ သူ့အဖေဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ သူတို့အိမ်မှာ နေ့စဉ်ငရဲလို ဖြစ်နေပါတော့တယ်.....မူရတ်ဟာ rap ဂီတကို ရူးသွပ်သူပါ ဒီလိုနဲ့ သူ့ရင်ဘတ်ထဲက မုန်တိုင်းတွေကို သီချင်းတွေအဖြစ် ပေါက်ကွဲပစ်လိုက်ပါတော့တယ်... သူတို့ လမ်းထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲသားတွေရဲ့ ခံစားချက်တွေကို သူကိုယ်တိုင်ရေးဖွဲ့ထားတဲ့ rap သီချင်းတစ်ပုဒ်ကို YouTube မှာ တင်လိုက်ရာက သူ့အတွက် ဂီတခရီးလမ်းမှာ ဆက်လက်လျှောက်လမ်းဖို့ရာ အခွင့်အလမ်းတစ်ခု ပေါ်လာခဲ့ပါတယ်....တစ်ဖက်မှာလည်း သူ့မှာ သဝန်တိုတတ်တဲ့ ချစ်သူ တစ်ယောက် ရှိပါတယ် သူကတော့ သူတို့ ၁၃ ...
movie

Gully Boy (2019)

2019
4K HEVC
My Fake Boyfriend (2022) 4.6
My Fake Boyfriend (2022) My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size…  1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie

My Fake Boyfriend (2022)

2022
Saunkan Saunkne (2022) 6.3
Saunkan Saunkne (2022) Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်   File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey  
movie

Saunkan Saunkne (2022)

2022
The Valet (2022) 6.7
The Valet (2022) The Valet (2022) ============= IMDb Rating - 6.7/10၂၀၂၂မှာထွက်ရှိထားတဲ့ တကယ်ကိုရယ်ရတဲ့ ဟာသကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဘီလီယံနာသူ‌ဌေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတာကို ပါပါရာဇီတွေရဲ့ ဓာတ်ပုံထဲ ရိုက်မိသွားပါတယ်။ ဖြစ်ချင်တော့ သူ‌ဌေးမင်းက မယားကြီးငုတ်တုတ်ရှိနေတော့ သူမသိအောင် လိမ်ရတော့တာပေါ့။ အဲဓာတ်ပုံထဲမှာ ဖြစ်ချင်တော့ သူတို့နှစ်ယောက်အပြင် တခြားလူတစ်ယောက်ကော ရှိနေလေရဲ့။ သူကတော့ ရိုးသားတဲ့ ဖိုးသခွားလေးဖြစ်ပြီး အသက်ကြီးပေမယ့် အလုပ် ကြိုးစားတဲ့ ဧည့်ကြိုဝန်ထမ်းလေးပါ့။ဒီတော့ သူ‌ဌေးမင်းနဲ့ မင်းသမီးတိုင်ပင်ပြီး လှည့်ကွက်တစ်ခုလုပ်ကြပါတယ်။ "ရွှေမင်းသမီးနဲ့ ကိုဧည့်ကြို"ဇာတ်ကို ထွင်ရတာပေါ့။ ကလိမထိုးပဲ ရယ်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ စကားပြောခန်းတွေနဲ့ တကယ်အူတက်စေမယ့်ကားလေးပါ။ စိတ်အမောတွေပြေစေပြီး ဟာသကားကောင်းလေးတွေကို ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်တဲ့ ကားကောင်း လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Zaw Myo Thu, Leonard Lin, Roman NoX တို့ဖြစ်ပါတယ်။)File Size..........(1.42 GB) / (755 MB) / (457 MB) Quality............WebRip 1080p ...
movie

The Valet (2022)

2022
Hidden Gems (2022) 6.5
Hidden Gems (2022) Hidden Gems (2022)~ IMDb rating - 6.5/10 ~အချစ်ဆိုတာ မှော်ဆန်တယ်တဲ့...လူတစ်ယောက်ကို မျက်လုံးထဲ စိုက်ကြည့်လိုက်ရုံနဲ့ တစ်ဘဝလုံးကို သူ့ခြေရင်းမှာ ပစ်ချပြီး အညံ့ခံချင်ရလောက်အောင် ညှို့ငင်ဖမ်းစားနိုင်တဲ့ စွမ်းအားအကြီးဆုံး မှော်အတတ်က အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။တစ်ဘဝလုံး ယုံကြည်လာသမျှကို ပြောင်းပြန်လှန်ပစ်နိုင်တယ်။ တစ်သက်လုံးမှာ အမြဲတမ်းနောက်ဆုတ်နေတတ်တဲ့သူကိုတောင် ရဲရင့်စေနိုင်တယ်။ အချစ်အတွက်နဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်စေတယ်။ချစ်ခွင့်ရတာဟာ ကံကောင်းမှုလို့ ပြောချင်ပါတယ်။ချစ်ခြင်းကို ခံရရင်တော့ အကောင်းဆုံး ကံတရားကို ပိုင်ဆိုင်ခွင့်ရတာပေါ့...Hidden Gems က ၂၀၂၂ ထွက် Romance ဇာတ်ကားလေးပါ။ မိသားစုအတွက် ဘဝကို ပေးအပ်ထားတဲ့ အက်ဒီ အစ်မရဲ့ မင်္ဂလာဆောင်အတွက် အလုပ်ရှုပ်နေပါတယ်။ ဒါတင်မဟုတ်ပါဘူး သူ့အစ်မ ကိတ် ရဲ့ အောင်မြင်စပြုနေတဲ့ ကုမ္ပဏီကိုလည်း ဦးစီးနေရပါသေးတယ်။ကိတ်ရဲ့ ဟာဝါအီမှာ ကျင်းပတဲ့ မင်္ဂလာဆောင်မှာ သူ့ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ အဖြစ်မျိုးနဲ့ကြုံရပြီး ...
movie

Hidden Gems (2022)

2022
Toscana (2022) 5.7
Toscana (2022) Toscana (2022) ============= IMDb Rating - 5.7/10Drama/ Romance ဇာတ်ကားကောင်းကြိုက်သူများအတွက် ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ သီအိုဒါလ် ဟာ စာဖိုမှူးအလုပ်ကိုပဲ အာရုံစိုက်ထားတဲ့ ဒိန်းမတ်က စာဖိုးမှူးတစ်ယောက်ပါ။ ဒေါသလည်းကြီးသလို သူ့အလုပ်ကလွဲရင် ကျန်တာတွေလည်းဂရုစိုက်ပါဘူး။ သူ့ရဲ့ စားသောက်ဆိုင်ဟာ ငွေရေး ကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရပြီး ရင်းနှီးမြှုပ်နှံမယ့်သူကို လိုအပ် လာပါတော့တယ်။စိတ်ဝင်စားသူက လာရောက်ခဲ့သော်လည်း  သူ့ရဲ့ဒေါသကြောင့် ရင်းနှီး မြှုပ်နှံမယ့်သူနဲ့ အဆင်မပြေဖြစ်သွားပါတယ်။  ဒီလိုနဲ့ပဲ အခက်အခဲဖြစ် နေတုန်း သူ့ဆီကို စာစောင်ရောက်လာပါတော့တယ်။ အဆိုပါစာအရ ဟိုးအရင်ကတည်းက ကွဲကွာနေခဲ့တဲ့ အဖေဖြစ်သူ သေဆုံးသွားလို့ အမွေများကို ဆက်ခံဖို့ဖြစ်လာပါတော့တယ်။ သီအိုရဲ့ အဖေဟာ အီတလီ နိုင်ငံ တက်စကာနီဒေသမှာ ရဲတိုက်ကြီးတစ်လုံးနဲ့ ခြံတွေ ထားခဲ့တာပါ။ ပိုက်ဆံလိုနေတဲ့ သီအိုလည်း အဆိုပါ ရဲတိုက်နဲ့ ခြံကို ရောင်းဖို့ အီတလီနိုင်ငံကို ရောက်လာပါတော့တယ်။ ထိုနေရာကိုရောက်လာသည့်အခါ သီအို့အတွက် ဘဝအတွေးအခေါ်၊ အချစ်နဲ့ ပတ်သတ်တဲ့ ခံယူချက်တွေ ပြောင်းလဲဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်း ကောင်းကောင်းကို ကြည့်ရင်း အီတလီနိုင်ငံ တက်စကာနီဒေသရဲ့ အလှအတွေကို ခံစားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်လွတ်မခံသင့်တဲ့ ...
movie

Toscana (2022)

2022
Swordsman’s Romance (2022) 5.9
Swordsman’s Romance (2022) သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့....တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo ...
movie

Swordsman’s Romance (2022)

Heart of the Matter (2022) 6.7
Heart of the Matter (2022) Heart of the Matter (2022) ==================== IMDb Rating - 6.7/10လူနာတွေအပေါ်စိတ်ရောကိုယ်ပါနှစ်ပြီးကုသတတ်တဲ့ နှလုံးကု ဆရာဝန်ပေါက်စမလေး Andie။ ဆရာဝန်ဆိုသဘောမကျတတ် ပေမယ့် သူ့ဆီမှာတော့ကျေကျေနပ်နပ်ကုသမှုခံယူနေတဲ့ မသန်စွမ်း နှလုံးရောဂါလူနာသည်လေး Henry။ဉာဏ်ရည်ချို့တဲ့တဲ့ရောဂါသည်လေးဖြစ်ပေမယ့် အမေဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်ကထွက်ပြီး ကိုယ့်ဘဝကိုလွတ်လပ်စွာထိန်း ကျောင်းဖို့ကြိုးစားနေတဲ့ Henry တစ်ယောက် တစ်နေ့မှာနှလုံးရောဂါ ဖောက်ပြီးရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်မသေဆုံးခင်အချိန်မှာ Henry တစ်ယောက် သူ့ရဲ့ဆရာဝန်ဖြစ်တဲ့ Andieဆီဖုန်းဆက်ခဲ့ပြီး ဆေးရုံ ကိုကိုယ်တိုင်ကားမောင်းလာဖို့လုပ်ခဲ့ပါသေးတယ်။ Henry ရဲ့အဲ့ဒီလုပ်ရပ် ကြောင့်ပဲ Andie တစ်ယောက် ကိုယ့်ကိုယ်ကိုအပြစ်တင်ပြီး သူ့ရဲ့သာယာတဲ့ ဘဝလေးကိုပါလက်လွှတ်ခံဖို့ကြိုးစားလာခဲ့ပါတော့တယ်။ အဲ့ဒီတော့ Andie တစ်ယောက် Henryရဲ့သေဆုံးမှုဖြစ်ရပ်ကြီးထဲကနေရုန်းထွက်နိုင် ပါ့မလား။ သူ့ဘဝ သူ့ရဲ့ရည်မှန်းချက်တွေကိုဆုံးရှုံးရမလား စတာတွေကို ကြည့်ရမယ့် Drama / Emotional ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size..........(1.47 GB) / (637 MB) / (384 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Chit ...
movie

Heart of the Matter (2022)

2022
Downton Abbey: A New Era (2022) 7.6
Downton Abbey: A New Era (2022)  ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်‌တွေ စေတနာတွေကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ ...
movie

Downton Abbey: A New Era (2022)

Downton Abbey (2019) 7.7
Downton Abbey (2019) ဒီကားလေးကတော့ IMDB 7.7 နဲ့ tomatoes မှာ84%တောင်ရထားတဲ့harry potterထဲကပရော်ဖက်ဆာကြီးmaggie smithပါဝင်ထားတဲ့ကားကောင်းလေးပါEnglandရဲ့ဘုရင်နဲ့ဘုရင်မကနယ်လှည့်သွားလာရင်းဒေါင်းတွန်ဆိုတဲ့နယ်လေးကိုလာမယ်လို့သတင်းစကားကြားလိုက်တဲ့အချိန်မှာတစ်နယ်လုံးကလူတွေကဂုဏ်ယူမဆုံးတွေဖြစ်ပြီးဝမ်းသာနေကြတယ်အထူးသဖြင့်လာလည်ရင်းတည်းမယ့်ဒေါင်းတွန်ရဲ့မြို့စားအိမ်ကအလုပ်သမားတွေကဘုရင်နဲ့ဘုရင်မကိုအနီးကပ်တွေံခွင့်ရပြီးအလုပ်အကျွေးပြုရတော့မယ်လို့တွေးရင်းစိတ်တွေလှူပ်ရှားနေခဲ့ကြတယ်ဒါပေမယ့်သူတို့မျှော်လင့်ထားသလိုမဟုတ်ပဲဘုရင်နဲ့ဘုရင်မအတွက်နန်းတော်ကအစေခံ​တွေအိမ်တော်ထိန်းတွေ စားဖိုမှူးတွေအကုန်လာပြီးသူတို့အိမ်မှာချယ်လှယ်ကြမှာကိုသိလိုက်ရတဲ့အခါမှာသူတို့တွေဘယ်လိုတုန့်ပြန်မလဲဘယ်လိုနည်းလမ်းနဲ့ဘုရင်နဲ့ဘုရင်မကိုဧည့်ခံကြမလဲအဲဒါအပြင် ဒေါင်းတွန်ကိုအုပ်စိုးနေတဲ့မိသားစုရဲ့အဖွားကြီးနဲ့မိသားစုထဲကနေခွဲထွက်သွားတဲ့ဘုရင်မနားကအထိန်းတော်နဲ့လည်းအမွေကိစ္စပြဿနာတွေရှိတာကိုဘယ်လိုရှင်းမလဲမိသားစုထဲမှာလည်းတဟ်ယောက်တစ်မျိုးမရိုးတဲ့ဇာတ်လမ်းလေးတွေကဘာတွေဖြစ်မလဲကွန်မြူနစ်ဝါဒီတွေနဲ့ ဘုရင်ကိုလုပ်ကြံမယ့်သူပေါ်လာတဲ့အခါမှာရော ဇာတ်လမ်းကဇာတ်ကောင်တွေများစွာပါဝင်ပြီးတော့မရိုးရအောင်ဟာသတွေပါပါဝင်တဲ့မိသားစုဟာသဇာတ်လမ်းလေးမို့စိတ်ဝင်တစားကြည့်လို့ကောင်းမယ့်ဇာတ်လမ်းလေးပါFile Size : ( 1 GB , 429 MB )Quality :  WEB-DL 720pRunning Time : 2 hr 02 minFormat : Mp4Genre :  Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Downton Abbey (2019)

2019
The Wolf Witch ( 2022 ) 6.9
The Wolf Witch ( 2022 ) ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်...ချန်အန်းဆိုသူ လျို့ဝှက်အမှုစစ်တစ်ယောက်က တာဝန်အရ ပါးစပ်ရာဇဝင်တစ်ပုဒ်လို ပြန့်နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ ရောက်လာခဲ့ရာ..တကယ်စုံစမ်းတဲ့အချိန်မှာ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်းကိုသာမက သိုင်းလောကရဲ့ ရှုပ်ထွေးလှတဲ့ ဂိုဏ်းတွေကြား ဆက်နွယ်မှုတွေနဲ့အတူ လျန်နီရှန်းကို ပုံတူခိုးပြီး နောက်ကွယ်က ချောက်တွန်းနေတဲ့ တခြားဂိုဏ်းအကြောင်းပါသိခဲ့ရတယ်...လျန်နီရှန်းရဲ့ ဇာတ်ကြောင်းကတော့ ဗားရှင်းတိုင်းနီးပါးမှာ ပုံစံစုံနဲ့ တင်ဆက်ပြနေကြမို့ ထူးထွေပြီး မိတ်မဆက်တော့ပါဘူး... အချစ်တစ်ခုကို ကိုးစားမိတဲ့အချိန်မှာ ချစ်ရတဲ့သူရဲ့ရက်ရက်စက်စက် သစ္စာဖောက်တာခံရပြီးနောက် အချစ်ကိုမယုံတော့တဲ့ လျန်နီရှန်းတစ်ယောက်...အတိတ်က နာကျင်စရာ အချစ်ဇာတ်လမ်းတစ်ခုမှာ ကိုယ်တိုင် မင်းသားအနေနဲ့ ကခဲ့ပြီးနောက် ထပ်ပြီးချစ်ရမှာ ကြောက်နေခဲ့တဲ့ ချန်အန်းတို့ ဆုံတဲ့အခါ... အချစ်ခံစားချက် အသစ်တစ်ဖန်ပဲ မွေးဖွားလာမလား... အတိတ်က ဒဏ်ရာကိုမကုစားနိုင်လို့ အလွမ်းနဲ့အဆုံးသတ်မလား... ဒါမှမဟုတ် အသစ်တစ်ဖန်မွေးဖွားလာမယ့် ဒဏ်ရာတစ်ခုက စောင့်ကြိုနေမလားဆိုတာ Channel Myanmar မှာ ဒေါင်းလုပ်ပြီး ခံစားကြည့်လိုက်ကြပါ...  Quality : WEB-DL 1080p , 480p Format : mp4 Genres : Mystery , Romance Runtime : 1h 25min Subtitle : Myanmar Subtitle ( Hardsub ...
movie

The Wolf Witch ( 2022 )

You’re Not Normal, Either! (2021) 6.6
You’re Not Normal, Either! (2021) စာမေးပွဲအနီးကပ် စာသင်ပေးတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ "အိုနို-စံ"က သချင်္ာတွက်ရတာကြိုက်တဲ့စာကြမ်းပိုးတစ်ယောက်ပါ။ သူက ရုပ်ချော အရပ်ရှည်ပေမဲ့ စာကလွဲပြီး ဘာမှမသိတာကြောင့် ပုံမှန်လိုမျိုး ရည်းစားမထားနိုင်ဖြစ်နေတာပါ။ ဥပမာပြောရရင် ကောင်မလေးတစ်ယောက်က သူ့ကိုကြိုက်ကြောင်းဖွင့်ပြောလာရင်တောင် "ဘယ်လောက်ပမာဏထိကြိုက်တာလဲ"လို့ပြန်မေးပြီး လာကြိုက်တဲ့သူကို တပ်ခေါက်သွားအောင် လုပ်နိုင်တဲ့သူတစ်ယောက်ပါ။ သူစာသင်ပေးနေတဲ့ "အခိမိုတို"ဆိုတဲ့ကျောင်းသူလေးမှာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့သူတစ်ယောက်ရှိပါတယ်။ သူကြိုက်နေတဲ့သူက ကလေးတွေအတွက် သင်ကြားရေးအရုပ်တွေရောင်းတဲ့ကုမ္ပဏီကိုဦးစီးပြီး တိုးတက်ရေးဟောပြောပွဲတွေလည်း လုပ်လေ့ရှိတဲ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့ မီရမိုတို-စံပါ။တစ်နေ့ကျတော့ ကျောင်းသူလေးက ဟောပြောပွဲတစ်ခုမှာ မီရမိုတို-စံကိုတွေ့ခဲ့ပါတယ်။ သူ့ကိုစကားသွားပြောပြီး စာတစ်စောင်လည်းပေးခဲ့ပေမဲ့ မီရမိုတို-စံက မကြာခင် လက်ထပ်တော့မယ့်ချစ်သူရှိတယ် ဆိုတာကို သိလိုက်ရပါတယ်။ကျောင်းသူလေး အခိမိုတို-စံ အသည်းကွဲပြီးပြန်လာတုန်း ဆရာအိုနိုနဲ့စာသင်ရင်း စကားပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာပဲ သူကအကြံရသွားပြီး ဆရာ့ကို "ပုံမှန်လူတစ်ယောက်လို ဒိတ်နိုင်အောင် လေ့ကျင့်ပေးမယ်"လို့ လိမ်ပြောပြီး ဆရာနဲ့ မီရမိုတို-စံရဲ့သတို့သမီးလောင်းကို အောင်သွယ်ပေးဖို့လုပ်ပါတော့တယ်။ ပုံမှန်ဆိုတဲ့လူတစ်ယောက်ရဲ့ အတွေးအခေါ် လုပ်ရပ်တွေကရော ထင်ထားသလောက် သဘောကျစရာကောင်းရဲ့လား။ ပုံမှန်လို့သတ်မှတ်ထားကြတဲ့လူတွေရဲ့ လှပတဲ့အဖြစ်အပျက်တွေရော အရုပ်ဆိုးတဲ့လိမ်ညာဟန်ဆောင်မှုတွေကိုရော ဒီကားထဲမှာကြည့်ရမှာပါ။ လူနှစ်ယောက်ကြားက ခံစားချက်ဆိုတာလည်း ...
movie

You’re Not Normal, Either! (2021)

Don (2022) 7.6
Don (2022) Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးက‌တော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie

Don (2022)

2022
Comrades, Almost a Love Story (1996) 8.1
Comrades, Almost a Love Story (1996) Comrades, Almost A Love Story (1996) ~ IMDb - 8.1/10, Rotten Tomatoes - 89% ~Directed By Bunny Chanအချစ်ဇာတ်လမ်းတွေဟာ သိပ်ခမ်းနားပါတယ်။ အထူးသဖြင့် ဘာမှခမ်းနားမနေတဲ့ အချစ်ဇာတ်လမ်းတွပေါ့။ Comrades ဟာ ဘာမှ မထူးဆန်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို အလှပဆုံးသီချင်းတွေ၊ အလှပဆုံးစီနီမာတိုဂရပ်ဖီတွေ သုံးပြီး အလိုက်ဖက်ဆုံး ဇာတ်ကောင်တွေနဲ့ ပုံဖော်ထားတဲ့ ရုပ်ရှင်ပါပဲ။၉၀ပြည့်နှစ် အလယ်ပိုင်းတွေမှာ ပြည်မကလူတွေဟာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စီးပွားရေးအခွင့်အလမ်းကောင်းတဲ့ ဟောင်ကောင်ကို အိပ်မက်တွေအလီလီနဲ့ ပြောင်းလာခဲ့ကြတယ်။ အဲဒီပြောင်းလာခဲ့တဲ့ထဲ နှစ်ယောက်က လီယွန်လိုင်နဲ့ မက်ဂီချောင်တို့ရဲ့ ဇာတ်ကောင်၂ကောင်လည်းပါတယ်။ လီယွန်လိုင်ရဲ့ ဇာတ်ကောင်ကတော့ သူ့ရည်းစားကို ဟောင်ကောင်ခေါ်ပြီး လက်ထပ်ဖို့ လုံလောက်အောင် ငွေရှာချင်ရုံပါပဲ။ မက်ဂီချောင်ရဲ့ ဇာတ်ကောင်ကတော့ အိပ်မက်တွေ ဟိုးအမြင့်ကြီးနဲ့။ သူတို့ဇာတ်ကောင်၂ကောင်ဟာ အဲဒီခေတ်က ပြည်မကနေ ...
movie

Comrades, Almost a Love Story (1996)

1996
Stay With Me (2022) 7.5
Stay With Me (2022) ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You're the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You're the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You're the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။ ပိုစတာမှာသာ လူရုပ်ထွက်မနေတာပါ အထဲမှာလူရုပ်ပါပဲ။ လှပေမဲ့ အပြင်မှာ ဘယ်သူမှပါးစပ်က ထုတ်ပြောမှာမဟုတ်တဲ့ စကားတွေ တစ်ချက်တစ်ချက်ပြောတတ်တာကလွဲလို့ နည်းနည်းပေါတာကလွဲ ကြည့်ပျော်တဲ့ လိုက်ဖီးလ်လို့ကောင်းတဲ့ မဆိုးတဲ့ ရုပ်ရှင်ပါပဲဒီရုပ်ရှင်မှာ ...
movie

Stay With Me (2022)

Mothering Sunday (2021) 6,0
Mothering Sunday (2021)        ဗြိတိန် အချစ် ဒရာမာ ကားကောင်းလေးတစ်ခုလောက် ကြည့်လိုက်ရအောင်။ Graham Swift ရဲ့ နာမည်ကျော် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်နာမည် Mothering Sunday ဆိုတဲ့အဓိပ္ပါယ်ကတော့ အိမ်အကူတွေ ဝန်ထမ်းတွေကို အားရက်ပေးပြီး မိဘ၊ မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးတဲ့နေ့ပါပဲ။ဂျိန်းဆိုတဲ့ အိမ်အကူမိန်းကလေးနဲ့ ပေါလ်ဆိုတဲ့ လူချမ်းသာအသိုင်းအဝိုင်းက လူငယ်တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းရယ် ဂျိန်းရဲ့ အိမ်ထောင်ဘက်ဖြစ်လာတဲ့ ဒေါ်နယ်နဲ့ အချစ်ဇာတ်လမ်းတွေရယ်ကို အခြေပြုပြီး ပြသထားတာပါပဲ။ ဘာတွေဖြစ်လာမလဲတော့ ဆက်ကြည့်လိုက်ပါဦး။ အိပ်ရာခန်းတွေ တုံးလုံးအခန်းအချို့ကိုအနုပညာအသားပေး ရိုက်ကူးထားတာတွေပါဝင်လို့ မိသားစုနဲ့ကြည့်လို့တော့ မသင့်တော်ပါဘူး။ File size…(2.2GB)/(1.08gb)/(518 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama /  Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chevy
movie

Mothering Sunday (2021)

The Spy Who Never Dies (2022) 5
The Spy Who Never Dies (2022) The Spy Who Never Dies (2022)စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့ စပိုင်စစ်သည်တော်ကြီး ဇာတ်လမ်းတွေကို ခဏခဏကြည့်ဖူးနေကြမှာပါ။ ဒီဇာတ်ကားထဲက စပိုင် ဘရတ်ဒလေကလည်း အဲဒီလိုပါပဲ။ဘယ်လိုသတ်သတ်မသေတဲ့ ပစ်သမျှကျည် အကုန်လွဲတဲ့ လူစွမ်းကောင်းကြီးပေါ့။ဒါပေမဲ့ ဒီကားကတော့ ဟာသကားပါ။ ကိုကျော်ဝင်းခေါ် ဂျွန်ဝစ် နဲ့ ဂျိမ်းစ်ဘွန်းကို နာမည်တပ်ပြီး ပြောင်ထားတာတွေပါတယ်။ နောက်ခံတီးလုံးကလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင်လုပ်ထားပါတယ်။ဒီတစ်ခါကတော့ ကမ္ဘာကို ဖျက်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုးတွေကတော့ ထုံးစံအတိုင်း ရုရှားတွေပါပဲ။ဇာတ်လမ်းအကျဥ်း‌ ပြောရရင် နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့ အေးဂျင့် ဘရတ်ဒလေတစ်ယောက် ဝစ်ကီ ခေါ် ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးရလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း သူ့ဘဝရဲ့ အဓိပ္ပါယ်လေး တိရစ္ဆာန်ကု ဆရာဝန်မလေး ဗရော်နီကာနဲ့တွေ့ဖြစ်ပါတယ်။ဆရာဝန်မလေးမှာ ရှားပါးတဲ့နှလုံးရောဂါတစ်ခုရှိနေပြီး သူ့ရဲ့ အငြိမ်းစားဘဝကို နှောင့်ယှက်ချင်နေကြတဲ့ ဗီလိန်တစ်စုရဲ့ လက်က ...
movie

The Spy Who Never Dies (2022)

2022