Channel Myanmar

Romance

By the Sea (2015) 5.3
By the Sea (2015) By the Sea ( 2015 ) =============== ချစ်ခင်စုံမက်၊နှစ်သက်ဖွယ်မှန်သမျှနဲ့ တစ်ချိန်မှာ ကွေကွင်းရမှာဘဲလို့ ငါဘုရား အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ အာနန္ဒာ၊ မြဲတယ်ဆိုတာ ဘာတစ်ခုမှ မရှိဘူး။ >> ပရိနိဗ္ဗူနသုတ် <<တစ်ချိန်ကသိပ်ချစ်ခဲ့ပြီး ကလေးပေါင်းများစွာအတူမွေးစားခဲ့ကြတဲ့ ဘရက်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ လင်မယားလည်း မြဲတယ်ဆိုတာမရှိတဲ့ တရားအတိုင်းပဲ လိုက်သွားပါပြီ။ ဒီရုပ်ရှင်ကတော့ အိမ်ထောင်ရေးပြိုကွဲ လုနီးနီးလင်မယားနေရာက သူတို့ကိုယ်တိုင် သရုပ်ဆောင်ခဲ့ဖူးတဲ့ရုပ်ရှင်ပါ။ အိန်ဂျလီနာဂျိုလီကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့ မြုံနေလို့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ လင်မယား နှစ်ယောက် ဆက်ဆံရေးပြေလည်အောင် သူ့နာမည်အတိုင်း ပင်လယ်ကြီးရဲ့ ဘေးက ဟိုတယ်တစ်ခုမှာ၊  ပြန်လည်အားထုတ်ကြတဲ့အကြောင်းပါ။ဂျိုလီဟာ နာမည်ကျော်သရုပ်ဆောင်ဖြစ်ရုံတင်မကဘဲ ဒါရိုက်တာလုပ်ရာမှာလည်း ကားနည်းနည်းပဲရှိသေးပေမဲ့ အကုန်နီးပါးကောင်းသလို သူ့ဒီကားကလည်း ကားကောင်းတစ်ကားပါပဲ။ မထီတထီနဲ့ ခန့်တဲ့ဘရက်ပစ်နဲ့ ဆက်စီကျလှတဲ့ ဂျိုလီကို တွဲမြင်ရမှာနဲ့တင် တန်နေပါပြီ။ ဂျိုလီရဲ့မပေါ့်တပေါ်အခန်းတစ်ချို့ ပါတာမို့ မိသားစုနဲ့ကြည့်လို့တော့ အဆင်မပြေပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ W ဖြစ်ပါတယ်) File Size..........(1.74 GB) / (564 MB) / (384 MB) Quality............WebDL 1080p / 720p / 480p Duration.........2Hrs ...
movie

By the Sea (2015)

2015
Gabriel’s Rapture:2(2022) 6.7
Gabriel’s Rapture:2(2022) Gabriel's Rapture: Part II(2022) အညွှန်း***********************************နာမည်ကျော်စာရေးဆရာ Sylvain Reynard ရဲ့ Best Selling Novels Series တွေကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး Gabriel's Infernoဆိုပြီး (၃)ကားရှေ့မှာထွက်ရှိပြီးဖြစ်ပါတယ်....Gabriel's Rapture ဆိုပြီးနောက်ထပ် ၃ကားထွက်လာပြီး အခုက ကတော့ Part 2 ဖြစ်ပါတယ်..ရှေ့ (၄)ကားလည်းတင်ထားပြီးသားဖြစ်ပါတယ်...ဇာတ်ကောင်တွေဖြစ်တဲ့ ဂေဘရီရယ်နဲ့ ဂျူလီယာကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ဒီအပိုင်းမှာတော့ ဂျူလီယာတစ်ယောက် ဟားဗတ်ကို ဝင်ခွင့်ရသွားပေမယ့် မမျှော်လင့်ထားတဲ့တိုင်စာတစ်ခုကြောင့် အကုန်ပျက်စီးမလိုဖြစ်နေတာကို သူတို့အတူဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ထုံးစံအတိုင်း စောင်ကိုက်ပြီး ကြည့်ရှူခံစားကြရမှာပါ။မင်းသားနဲ့ မင်းသမီးရဲ့ chemistry မိချက်ကတော့ အင်မတန်အားရစရာပါပဲ   File Size : (1.8GB)(587 MB) and (164 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Gabriel’s Rapture:2(2022)

Gabriel’s Rapture:1(2021) 6.5
Gabriel’s Rapture:1(2021) Gabriel's Rapture: Part One(2021) အညွှန်း**************************************အိပ်ရာခန်းများပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ....ဒီဇာတ်လမ်းကတော့ သူ့ရှေ့မှာ Gabriel's Inferno (Part - 1,2,3) ဆိုပြီး သုံးကားထွက်ထားတာရဲ့နောက်ထွက်လာတဲ့ ကားသစ်တစ်ခုပါ။ Romance လေး ပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့ လူတွေကတော့ ဒီကားကိုစကြည့်လည်း အချိတ်အဆက်မိမိနဲ့ကားကောင်းတစ်ကားဖြစ်တာ ခံစားမိမှာပါ။ ပိုမိုက်တဲ့ခံစားချက်တွေကိုမှ ကြုံချင်တာဆိုရင်တော့သူ့အရင်ထွက်ထားပြီးသားသုံးကားကို အရင်ကြည့်ပြီး ဒီဇာတ်ကားကို ပြန်ကြည့်လိုက်ပါ။ "ဒီကောင်ကွာ ဒီကောင်မကွာ" ဆိုပြီးရေရွတ်နေရလောက်အောင် ခံစားရမှာပါ။ဇာတ်ကားကတော့ ဂေဘရီရယ်ဆိုတဲ့ ပရော်ဖက်ဆာတစ်ယောက်နဲ့ ဂျူလီယာဆိုတဲ့ ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပြီး နှစ်ယောက်လုံးရဲ့ အတိတ်အဖြစ်အပျက်ကိုယ်စီတွေက သူတို့နှစ်ယောက်ရဲ့လက်ရှိအချစ်ရေးခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်လေးတွေဖြစ်လာတာကို ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဒိုင်ယာလော့တွေက ချစ်သူနှစ်ယောက် နှစ်ကိုယ်ကြားပြောတဲ့အပြောအဆိုတွေနဲ့ ဖွဲ့နွဲ့ထားတဲ့အတွက် ရင်သပ်ရှုမောလေးခံစားရမှာဖြစ်ပါတယ်  File Size :(1.8GB)(892 MB) and (280 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Gabriel’s Rapture:1(2021)

Gabriel’s Inferno:3(2020) 7.8
Gabriel’s Inferno:3(2020) Gabriel's Inferno:3 (2020)အညွှန်း ***********************************************IMDb....7.8Gabriel's Inferno ဆိုတဲ့နာမည်ကိုတော့ မသိတဲ့သူ တော်တော်လေးနည်းမယ်လို့ထင်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်တဲ့ ဒီဇာတ်လမ်းဟာဆိုရင်.... တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ ဂေဘရီယယ် အန်မာဆင်န် နှင့် ဘွဲ့လွန်ကျောင်းသူလေး ဂျူလီယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကျောရိုးပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ် အခုဇာတ်လမ်းက နောက်ဆုံးထွက်ရှိထားတဲ့ အပိုင်းဖြစ်ပြီး ....အရှေ့မှာ Gabriel's Inferno နဲ့ Gabriel's Rapture ဆိုပြီး ၂ ပိုင်းထွက်ထားပြီးသား ဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ Gabriel's Rapture မှာ အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးတဲ့နောက်  ဂေဘရီယယ် နဲ့ ဂျူလီယန် ဟာ ချစ်သူရည်းစားဘ၀ကိုရောက်ရှိသွားခဲ့ပါတယ်... ဒီလိုနဲ့ အရာအားလုံးအဆင်ပြေနေပြီလို့ ထင်ရတဲ့အချိန် ရောက်ခါမှ....ရုတ်တရက်ဆိုသလို ဂျူလီယန် ရဲ့ ရည်းစားဟောင်းဖြစ်သူ ဆိုင်မွန် ရောက်လာပြီး သူမနဲ့အတူနေခဲ့စဉ်က ရိုက်ထားတဲ့ Sex Tape တွေကို ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့အခါမှာတော့...... ဒီတစ်ကားလုံးမှာ အချစ်ပါရဂူကြီး ဂေဘရီယယ် ရဲ့ ...
movie

Gabriel’s Inferno:3(2020)

2020
Gabriel’s Inferno 2(2020) 6.0
Gabriel’s Inferno 2(2020) Gabriel's Inferno Part II(2020) သို့မဟုတ် Gabriel's Rapture (2020) အညွှန်း*********************************************************************ဒီကားလေးကတော့ Gabriel's Inferno ဆိုတဲ့အချစ်ဇာတ်လမ်းလေးရဲ့ နောက်ဆက်တွဲ ထွက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်...ကနေဒါလူမျိုး စာရေးဆရာတစ်ယောက်ရဲ့ လက်ရာဖြစ်ပြီးတော့ ဒီ၀တ္ထုဟာဆိုရင်New York မြို့မှာ ရောင်းအားအကောင်းဆုံးစာရင်း၀င်တဲ့အထိ နာမည်ကြီးတဲ့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဆိုတာပြောဖို့လိုမယ်တောင် မထင်ပါဘူး... Scholarship ရထားတဲ့ကျောင်းသူလေးဂျူလီယန် မစ်ချယ် နဲ့ ပရော်ဖက်ဆာ ဂေဘရီယယ် အန်မာဆင်န် တို့အချစ်ဇာတ်လမ်းအဆက်ပါ...အပိုင်း(၁)မကြည့်ရသေးတဲ့သူတွေအဖို့လုံးဝ Spoiler ကြီးဖြစ်မှာစိုးလို့အညွှန်းကိုအများကြီးမရေးပါတော့ဘူး....ဒီကားကိုမကြည့်ခင်Gabriel's Inferno (2020)ကိုကြည့်ပါ...ပြီးမှယခုကားကိုဆက်ကြည့်ကြပါ.... သရုပ်ဆောင်တွေကတော့... ပရော်ဖက်ဆာ ဂေဘရီယယ် အဖြစ် နာမည်ကျော်မင်းသားကြီး Giulio Berruti နဲ့ ဂျူလီယန် အဖြစ် မင်းသမီး Melanie Zanetti တို့က အတွဲညီညီပါ၀င်ထားပါတယ်… ဝုန်းဒိုင်းကျဲနေတဲ့ဇာတ်ကားတွေကြည့်တာ ခဏရပ်ပြီး Romance စစ်စစ်ကိုခံစားကြည့်မယ်ဆိုရင်တော့ ဒီကားလေးကို 100% recommend ပေးပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့Thar Htet ပဲဖြစ်ပါတယ် …File Size : (850MB) and (404MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : ...
movie

Gabriel’s Inferno 2(2020)

Gabriel’s Inferno(2020) 6.9
Gabriel’s Inferno(2020) Gabriel's Inferno(2020)အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီးNew York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီးတချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကိုအခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့်romance ဇာတ်ကားလေး တစ်ကားပါပဲ။ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်...File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Gabriel’s Inferno(2020)

Royalteen (2022) 5.3
Royalteen (2022) လူဆိုတာ ဘဝမှာ တစ်ကြိမ်တစ်ခါတော့မှားတတ်ကြတာပါပဲ အဲဒီအမှားကို ပြန်ပြင်နိုင်ဖို့ကသာ အရေးကြီးတာပါ အဲဒီအမှားရဲ့နွံထဲမှာပဲ နစ်မြှုပ်နေမယ်ဆိုရင်တော့ လူ့ဘဝကြီးက ဘာမှကို အဓိပ္ပါယ်ရှိမှာမဟုတ်တော့ပါဘူး ဒီတစ်ခါတော့ နော်ဝေနိုင်ငံရဲ့ အိမ်ရှေ့မင်းသားလေးနဲ့ အညတရ ကောင်မလေးတစ်ယောက်အကြောင်းရိုက်ပြထားတဲ့ လူငယ်ဆန်ဆန်ကားလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် တခြားမြို့ကနေ ကျောင်းပြောင်းလာပြီး တော်ဝင်အမျိုးအနွယ်တွေတက်တဲ့ ကျောင်းမှာလာတက်တဲ့ လန်နင် ဆိုတဲ့ ကောင်မလေးကို အိမ်ရှေ့မင်းသားလေးက သဘောခွေ့သွားပြီး နှစ်ယောက်သားပျော်ရွှင်နေခဲ့ကြရတာပါအဲဒီအချိန်မှာပဲ မထင်မှတ်ထားတဲ့ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံရပါတော့တယ် အိမ်ရှေ့မင်းသားလေးရဲ့ ညီမကလည်း ကောင်မလေးကိုမကြည် ကောင်မလေးကလည်း တကယ့်အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့တာဆိုတော့ အိမ်ရှေ့မင်းသားလေးနဲ့ ဘာတွေဆက်ဖြစ်ကြမလဲ ကောင်မလေးကရောဘယ်လောက်ဆိုးဝါးတဲ့ အမှားကိုကျူးလွန်ခဲ့မိလို့ အိမ်ရှေ့မင်းသားလေးရဲ့ အစ်မကလုံးဝ ခါးခါးသီးသီးဖြစ်နေရတာလဲ လူတွေအသုံးပြုနေတဲ့ လူမှုကွန်ယက်ရဲ့ ရိုက်ခတ်မှုကဘယ်လောက်ထိ ပြင်းထန်နိုင်လဲဆိုတာကို လူငယ်တွေ့နဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားမို့ အမြန်ဆုံးသာ ကြည့်လိုက်ကြပါတော့ဗျာ......File size…(2.18GB)/(1.17B)/(592MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama ...
movie

Royalteen (2022)

Som Pla Noi (2021) 4.5
Som Pla Noi (2021) Som Pla Noi ( 2021 ) အညွှန်း** အရင်တစ်ခါ တင်ထားတုန်းက ဘာသာပြန်လိုအပ်ချက်လေးတွေ ရှိနေလို့ ပြန်လည်ပြင်ဆင်ပြီး တစ်ဖန် တင်ဆက်ပေးခြင်းဖြစ်ပါတယ် ခင်ဗျာ **အခုတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ 2021 တုန်းက ထွက်ရှိခဲ့တဲ့ " Som Pla Noi " ဆိုတဲ့ အချစ် ဟာသ ရုပ်ရှင် ဇာတ်ကားကောင်းလေး တစ်ကားဘဲ ဖြစ်ပါတယ်။Main Cast တွေ အနေနဲ့ကတော့ ဆုမ် အဖြစ် Oom Eisaya Hosuwon, နွိုင် အဖြစ် Tono Phakin Khamwilaisak, ပလား အဖြစ် Toey Apiwat Boonanak တို့က ပါဝင် သရုပ်ဆောင်ထားကြတာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်များစွာလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ဇာတ်လမ်း အကျဥ်းလေးကတော့...ဒီကားကတော့ နောက်ထပ်ထိုင်းဟာသကားဇာတ်လမ်းလေးတစ်ခုပါပဲ။ ဇာတ်လမ်းနာမည်အတိုင်း စုမ် .. ...
movie

Som Pla Noi (2021)

2021
My Little Monster (2018) 5.9
My Little Monster (2018) My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ ‌သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုး‌မည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie

My Little Monster (2018)

2018
One Week Friends ( 2022 ) 6.0
One Week Friends ( 2022 ) 2017 က ထွက်ခဲ့တဲ့ နာမည်ကြီး Movie One Week Friends ဆိုတဲ့ ဂျပန်ကားလေးရဲ့ Remake Version လေးဖြစ်ပါတယ် ဂျပန်မင်းသားချောYamazaki Kento ဇာတ်ကားကောင်းတွေထဲကတစ်ကားပေါ့... အခုတော့ တရုတ် Remake Versionလေးမှာဘာတွေပြောင်းပြီး ဘာတွေမတူလဲမေးရင်တော့ ဇာတ်ကားလေးကြည့်လိုက်လို့ပဲပြောချင်ပါတယ်... ဗားရှင်း ၂မျိုးလုံးကို ကြိုက်လို့ပါ...အခု တရုတ်ဗားရှင်းမှာဆိုရင် lin yi လေးနဲ့တင် ကြည့်ရတာတန်တဲ့အပြင်တခြားမင်းသား မင်းသမီးအားလုံးလည်း ရူပါပါရမီပြည့်တာမို့ ကြည့်လို့ကောင်းနေတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရရင် ယုံရှုဆိုတဲ့ကောင်လေးက ကျောင်းပြောင်းလာတဲ့ လင်ရှန်းကျီဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း ဘာကြောင့်မှန်းမသိအရမ်းစိတ်ဝင်စားပြီး သူ့အနားရောက်ဖို့ ကြိုးစားခဲ့တာပေါ့...တစ်ချိန်တည်းမှာ လင်ရှန်းကျီကလည်း ပစ်ပစ်ခါခါ ခါးခါးသီးသီးကို ယုံရှုရဲ့ ကြိုးစားမှုတိုင်းကို ငြင်းဆန်တာပေါ့... ဘာလို့လဲဆိုတော့ လင်ရှန်းကျီဟာ ငါးမှတ်ဉာဏ်လိုမျိုးပဲ တစ်ပတ်တာ မှတ်ဉာဏ်ပဲရှိသူမလို့ပါ... ဒါပေမယ့် ဇွဲကောင်းသူ ယုံရှုကတော့ အကြိမ်ကြိမ် အပတ်တိုင်း ပြန်ခင်ဖို့ကြိုးစားတာပေါ့...ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ သူငယ်ချင်းအုပ်စုထဲက ကျန်းဝူနဲ့ရှောင်နန်တို့က လင်ရှန်းကျီရဲ့ လျို့ဝှက်ထားတဲ့ အတိတ်က အဖြစ်ပျက်ကို သိသွားခဲ့တယ်.... ဒီအဖြစ်အပျက်က ထူးခြားစွာနဲ့ပဲ ယုံရှုနဲ့ပတ်သက်နေတယ်...ကျန်တာဆက်ပြီးတော့ မ spoil တော့ပါဘူး... ဇာတ်ကားလေးကြည့်လိုက်ပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : ...
movie

One Week Friends ( 2022 )

The Blue Skies at Your Feet (2022) 5.4
The Blue Skies at Your Feet (2022) The Blue sky at your feet (2022)"တစ်နေ့ကျရင် မိုးတိမ်ကင်းစင်ပြီး ဖဝါးအောက်မှာ ကောင်းကင်ပြာကြီးဖြန့်ကျက်နေတဲ့တစ်နေ့ကို ရောက်လာဦးမှာပါ။ မင်းသာ ပြုံးထားမယ်ဆိုရင် သေချာပေါက် ရောက်လာမှာပါ"ဂျပန် ကျောင်းသားကား romance/dramaကားလေးတွေကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားလေးကို တင်င်ဆက်ပေးလိုက်ပါတယ်။အထက်တန်းတက်နေတဲ့ မိယုနဲ့ ရှုယတို့က တွဲနေတာ ၂နှစ်နီးပါးပါပြီ။ လတိုင်း ၁ရက်နေ့မှာ ရုပ်ရှင်အတူတူကြည့်မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းလည်း တောက်လျှောက်ကြည့်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်လောမှာတော့ ရှုယအနားမှာ "တိုမိုက"ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ နိုဝင်ဘာလ၁ရက်နေ့မှာ ထုံးစံအတိုင်း သူတို့နှစ်ယောက်ရုပ်ရှင်သွားကြည့်ဖို့ ရုပ်ရှင်ရုံကိုသွားကြပါတယ်။ ဒါပေမဲ့ မကြည့်ခင်မှာ ရှုယဆီကို ဖုန်းကောတစ်ခုဝင်လာခဲ့ပါတယ်။ အဲဒီဖုန်းကောကြောင့် ရှုယက ရုပ်ရှင်ကြည့်ဖို့ကတိကို ဖျက်ပြီးထွက်သွားပါတယ်။အဲဒီနောက်တော့ ရှုယကပြန်ရောက်လာပြီး မိယုကိုစိတ်မဆိုးအောင် ရှင်းပြဖို့ကြိုးစားပါတယ်။ ဒါပေမဲ့မိယုကလက်မခံဘဲထွက်သွားဖို့လုပ်တာကို လိုက်တားရင်းနဲ့ ကားမတော်တဆမှုနဲ့ကြုံရပြီး ၂ယောက်လုံးသတိမေ့သွားပါတယ်။မိယုပြန်နိုးလာတဲ့အခါ နောက်တစ်ရက်ကိုရောက်မသွားဘဲ နိုဝင်ဘာ၁ရက်နေ့ကိုပဲ ပြန်ရောက်နေတာကို သိလိုက်ရပါတယ်။ အဖြစ်အပျက်တွေက အရင်နေ့ကနဲ့အတူတူပဲမို့ ရှုယကို ...
movie

The Blue Skies at Your Feet (2022)

[18+] Lampas Langit (2022) 8.6
[18+] Lampas Langit (2022) Lampas Langit (2022)~ IMDb rating - 8.6/10 ~Vivamax ကားတွေ အထွက်စိပ် လူတွေထပ် ဇာတ်လမ်းတွေများလာတဲ့အချိန်မှာ ဝေဖန်သံတွေဟာ အတော်ဆူညံခဲ့ပုံရပါတယ်။ အခုနောက်ပိုင်းလည်း ကားတွေဆက်တိုက်ထွက်မြဲဖြစ်ပေမယ့် တစ်ကားထက်တစ်ကား ဇာတ်လမ်းတွေပိုကောင်း ဇာတ်အိမ်တွေပိုခိုင်မာလာတာလဲ အမှန်ပါပဲ။ဒီကားရဲ့ ဇာတ်လမ်းကို အကြမ်းဖျင်းသဘောပြောရမယ်ဆိုရင် အိမ်ထောင်ရေး အတော်ကြီးကို အဆင်မပြေတော့တဲ့ တက်သစ်စ စာရေးဆရာတစ်ယောက်နဲ့ သူ့ရဲ့အောင်မြင်နေတဲ့ ဖက်ရှင်ဒီဇိုင်နာ ဇနီးသည်တို့ဟာ နှစ်ယောက်တည်းအတူနေကြရင်တော့ ပြန်ပြေလည်နိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိသားစုတွေနဲ့ဝေးတဲ့ ကိုယ်ပိုင်တိုက်ခန်းတစ်ခုဆီကို ပြောင်းလာကြပါတယ်။ အဲ့ဒီတိုက်ခန်းမှာ သူတို့အိမ်နီးချင်းအသစ်အဖြစ်ဆုံလိုက်ရတာကတော့ ခင်ပွန်းသည်ဖြစ်သူ စာရေးဆရာရဲ့ငယ်စဉ်ဘ၀ ကတည်းက အားကျအတုယူရတဲ့ စာရေးဆရာစီနီယာကြီးတစ်ယောက်ပါ။သူတို့ နှစ်ယောက်ရဲ့ အိမ်နီးချင်းစာရေးဆရာအိုကြီးက သူတို့အိမ်ကို တံခါးမရှိ ဓားမရှိ ဝင်ထွက်သွားလာဖို့ဖိတ်ကြားလိုက်တဲ့အချိန်မှာ ဒီဘက်က ဂျူနီယာစာရေးဆရာနဲ့ ဟိုဘက်က စာရေးဆရာ အဘိုးကြီးရဲ့ သမီးငယ်တို့ကြားမှာ ချုပ်ထိန်းခံထားရတဲ့ ရမက်ဇောတွေ ပွင့်ဟလာတော့တာပါပဲ။ဇာတ်လမ်းက အပေါ်ယံထက်အများကြီးပိုရှုပ်ထွေးပါတယ်။ ခုခေတ်ကာလအထိ လူတွေ ...
movie

[18+] Lampas Langit (2022)

2022
Top Gun (1986) 6.9
Top Gun (1986) Top Gun (1986) IMDb - 6.9/10_____Rotten 54% Won 1 Oscar. Another 10 wins & 5 nominations ဒီကားက ၁၉၈၆ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး နှစ် ၃၀ ကျော်ကြာမှာတော့ သူ့ရဲ့အဆက် နံပါတ် ၂ ဇာတ်ကား Top Gun: Maverick (2022) ရုပ်ရှင်ကားလဲ ထွက်ရှိလို့ လာခဲ့ပါပြီ။ Top Gun 1986 ဇာတ်ကားကတော့ ခပ်မိုက်မိုက် အမေရိကန်လေသူရဲတစ်ယောက်နဲ့ ခပ်မိမိဆရာမလေးတို့ရဲ့အချစ်အကြောင်းကို အမေရိကန်တိုက်လေယာဉ်သင်တန်းကျောင်းတစ်ခုမှာ အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီး တွမ်ခရုစ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် အသက် ၆၀ ထိ နုပျိုနေတဲ့ တွမ်ခရုစ်အကြောင်းတွေက မမြင်ချင်မှ အဆုံးပါပဲ။ဒီထဲက မင်းသမီး Kelly McGillis ကိုတော့ အိုစာလွယ်တယ် ပုံပျက်လွယ်တယ်ဆိုပြီး တွမ်ခရုစ်ပုံနဲ့ ယှဉ်ပြီးပြပြတတ်ကြပါတယ်။တကယ်တော့ မင်းသမီး ကယ်လီမက်ဂေးဟာ ဒီဇာတ်ကားမရိုက်ခင် ...
movie

Top Gun (1986)

1986
4K HEVC
The Moment (2017) 6.6
The Moment (2017) ကျင်မ် အဖြစ် Toni Rakkaen ဖရောင် အဖြစ် Toey Jarinporn Joonkiat ကန် အဖြစ် Fluke Kan Kantathavorn ကင် အဖြစ် Yoo Teo သွန့် အဖြစ် Peach Pachara ကျီအပ် အဖြစ် Kao Supassaraဇာတ်လမ်းအကျဉ်းလူတိုင်းမှာ မလွှဲသာလို့လက်လွှတ်လိုက်ရပေမဲ့ မပြီးပြတ်နိုင်တဲ့ သံယောဇဉ်တွေ ၊ မဖြစ်သင့်လို့ မရွေးချယ်လိုက်ရတဲ့ ဆက်ဆံရေးတွေ ရှိကြတယ်ဒီဇာတ်ကားကလည်း လန်ဒန် ၊ ဆိုးလ် နဲ့ နယူးယောက်တို့မှာ ရှိနေတဲ့ စုံတွဲ သုံးတွဲရဲ့ အချစ်ဇာတ်လမ်းတွေကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ကျောင်းတက်ဖို့ လန်ဒန်ကိုရောက်လာခဲ့တဲ့ ဖရောင်က တစ်ချိန်က အနေဝေးခဲ့လို့ လမ်းခွဲခဲ့တဲ့ ချစ်သူဟောင်း ကျင်မ်နဲ့ ပြန်လည်ဆုံတွေ့ခဲ့တယ်အချစ်ဟောင်းကို မမေ့နိုင်ပေမဲ့ ဖရောင့်မှာ ဆိုးလ်မြို့ထဲ အလုပ်ဝင်နေတဲ့ ချစ်သူ ကန်က ရှိနေခဲ့ပြီးပါပြီကန်ကလည်း ဆိုးလ်မှာ ဆိုဂျူရောင်းဝယ်ရေးပရောဂျက်အတွက် ဒါရိုက်တာဖြစ်တဲ့ မစ္စတာကင်နဲ့ အလုပ်တွေများနေခဲ့ပြီး ဖရောင့်နား ...
movie

The Moment (2017)

Look Both Ways (2022) 6.4
Look Both Ways (2022) Look Both Ways (2022) ================= IMDb Rating - 6.4/10ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့  နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို ...
movie

Look Both Ways (2022)

2022
My Favorite Girlfriend (2022)
My Favorite Girlfriend (2022) My Favorite Girlfriend (2022)ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Drama, Comedy ကားကောင်းလေးဖြစ်တဲ့ My Favorite Girlfriend ပါ။ဇာတ်လမ်းအကျဥ်းကတော့ ကွန်ရတ်ဆိုတဲ့ကောင်ချောလေးဟာ တစ်နေ့မှာ စားဖိုမှူးဖြစ်ချင်သူဆိုတော့ စားသောက်ဆိုင်တစ်ခုမှာ တောက်တိုမယ်ရဝင်လုပ်နေသူတစ်ယောက်ပါ။ သူဟာ သိပ်ဇီဇာကြောင်လွန်းတော့ ဘယ်မိန်းကလေးနဲ့မှ ကြာကြာမတွဲဖြစ်ပါဘူး။ တွဲလိုက်တဲ့သူတိုင်းကိုလည်း ဘာမဟုတ်တဲ့အကြောင်းပြချက်လေးတွေနဲ့ လမ်းခွဲပါတယ်။ ပလေးပါတယ်။တစ်နေ့သူ့အလုပ်က သူဌေးက တောက်တိုမယ်ရခိုင်းရင်း မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်စကားပြောဖြစ် ဖုန်းနံပါတ်ပေးကြပြီး ရင်းနှီးသွားကြတယ်။ အဲဒီမိန်းကလေးနဲ့ date လုပ်ရင်း မိန်းကလေးဟာ ရုတ်တရက် တခြားမိန်းကလေးစရိုက်အသွင် ပြောင်းလဲသွားပါတယ်။ ဒါကိုသူကတော့ နောက်နေတယ်ထင်ပြီး အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။ ကောင်မလေးကလည်း အလန်းဆိုတော့ ကွန်ရတ်ခမျာ ကြွေဆင်းပြီး စိတ်ဝင်စားပါတော့တယ်။ဒုတိယအကြိမ်ကောင်မလေး ထပ်စရိုက်ပြောင်းချိန်မှာတော့ ဒါဟာ သာမန်မဟုတ်ဘဲ စရိုက်ကွဲစိတ်ရောဂါရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလို စရိုက်အမျိုးမျိုးကွဲနေတဲ့ မိန်းကလေးကို ကွန်ရတ်တစ်ယောက် ဘယ်လိုကြောင်မလဲ၊ ဘယ်လိုကူညီမလဲဆိုတာတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဒရာမာကောင်းလေးမို့ လက်မလွှတ်ဖို့ ...
movie

My Favorite Girlfriend (2022)

2022
The Next 365 Days (2022) 4.5
The Next 365 Days (2022) The Next 365 Days (2022) ================== 365Days ရဲ့ 3 ကားမြောက် Trilogy အဖြစ် The Next Day ဆိုပြီးထွက်ရှိလာပါတယ်။365 Days - Part 2မှာမပြီးပြတ်ခဲ့တဲ့မာစီမို၊လော်ရာ နဲ့ နာရှိုတို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့ အတူ ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာကို ဒီဇာတ်ကားမှာစောင့်ကြည့် ရမှာပါ။365 Days ရဲ့ထုံးစံအတိုင်း အချစ်အနမ်း ခပ်ကြမ်းကြမ်း တွေကိုသီချင်းငြိမ့်ငြိမ့်လေးတွေနဲ့တဝကြီးကြည့်ရှုရမှာပါ။ နောက်ဆက်တွဲကားလည်းထွက်ဖို့ရှိတာကြောင့်ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာကိုယ်တိုင်ပဲစောင့်ကြည့်ခံစားလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(800 MB) Quality............WebRip 720p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thiha Yan Naing Encoder..........SWM
movie

The Next 365 Days (2022)

2022
365 Days: This Day (2022)
365 Days: This Day (2022) 365 Days: This Day (2022)အားလုံးစောင့်မျှော်နေကြတဲ့ အချစ်အနမ်း ခပ်ကြမ်းကြမ်းအခန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ 365 DNI ရဲ့ အဆက် 365 Days This Day ဆိုတဲ့ နာမည်နဲ့ ထပ်ထွက်လာပါပြီ။ဒီဇာတ်ကားမှာလည်း ပုရိသတို့အကြိုက် Masimo & Laura တို့အပြင် တစ်ခြားအလန်းစား ပြိုင်ဘက် Mafia Gang က ဇာတ်ကောင်အသစ်တွေပါ ပါလာပါတယ်။ ပထမကားမှာ ဥမင်လှိုင်ခေါင်းတစ်ခုမှာ ပြိုင်ဘက် ဂိုဏ်းရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ လော်ရာ ဟာ ကိုယ်၀န်ပျက်ကျသွားရကနေ စပါတယ်။ ဒါပေမယ့် ဒီကိစ္စကို မာစီမိုကို မပြောထားခဲ့ပဲ သာမန်ဘ၀အဖြစ်ဖြတ်သန်းဖို့ လော်ရာက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် မာစီမိုရဲ့ ပျောက်နေတဲ့ ညီ ပေါ်လာခဲ့တဲ့အပြင် ... ပြိုင်ဘက် မာဖီးယားဂိုဏ်းရဲ့ နှောက်ယှက်တိုက်ခိုက်မှုတွေ ကြားမှာ မာစီမို နဲ့ လော်ရာတို့ နှစ်ယောက် ဘယ်လိုကြံ့ကြံ့ခံဖြတ်သန်းသွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါ။365 ကားရဲ့ထုံးစံအတိုင်း Nude scene တွေအများကြီးကို Soundtrack အငြိမ်လေးတွေနဲ့ တစ်၀ကြီးကြည့်ရမှာပါ။ဒါက ...
movie

365 Days: This Day (2022)

2022
365 Days (2020)
365 Days (2020) 365 Days (2020)အရင်ဆုံးပြောချင်တာက Rating ကိုကြည့်ပြီး ဆုံးဖြတ်လိုက်ရင်တော့ နောင်တတွေ တစ်သီကြီးရသွားပါလိမ့်မယ်။ဒီရုပ်ရှင်က Sex scenes ခပ်ကြမ်းကြမ်းတွေ တစ်ပြွတ်ကြီးကို Erotic ဆန်ဆန် ရိုက်ပြထားတဲ့ Italy/ Poland ရုပ်ရှင်ဖြစ်ပါတယ်။သုံးထားတဲ့ Soundtrack တွေလည်း အရမ်း မိုက်ပါတယ် ။ Fifty shades of grey လိုကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း သင့်အကြိုက်ဖြစ်စေမှာပါ။ 18+ အခန်းတွေပါတာကြောင့် 18 ယောက်စုပြီးမှ ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအညွှန်း ---------------မာစီမို က အီတလီ အင်အားကြီး  မာဖီးယားဂိုဏ်းမိသားစုတွေထဲက တစ်ခုရဲ့ သားဖြစ်ပါတယ် ။ ဖခင် သေနတ်ပစ်ခံရပြီးသေဆုံးမှုမှာ မာစီမိုဟာ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ် ။ မာစီမိုက မာဖီးယား ဂိုဏ်းရဲ့ ဆက်ခံသူဖြစ်လာခဲ့ပြီးသူတွေ့ခဲ့တဲ့ မိန်းကလေးကိုလည်း ၅ နှစ်တိတိလိုက်ရှာနေခဲ့ပါတယ် ။တစ်နေ့ သူရဲ့ မာဖီးယားဂိုဏ်းသားတွေ ဒုစရိုက်သမားတွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပွဲတစ်ခုက အပြန် လေဆိပ်မှာ သူ ...
movie

365 Days (2020)

2020
Alone Together (2022) 5.1
Alone Together (2022) Alone Together (2022)ကိုဗစ်ကာလတွင်းက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ကိုဗစ်တွေစဖြစ်တော့ လမ်းတွေ အကုန် ဗလာကျင်းသွားတာကိုတောင် သွားသတိရမိပါသေးတယ်။ အလုပ်တွေပိတ်၊ ဆိုင်တွေ ပိတ်၊ လမ်းပေါ်မှာ ဘယ်သူမှမရှိ။ တစ်ကမ္ဘာလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတာကို မှတ်မိကြမှာပါ။ စားဖို့သောက်ဖို့ကို ဖွင့်တဲ့ဆိုင် ပတ်ရှာရတာလည်း အမော။ ဒီကြားထဲ ကမ္ဘာပဲပျက်တော့မလိုလို ဇွန်ဘီးတွေ ဖြစ်တော့မလို ပေါက်တတ်ကရပြောကြတဲ့လူတွေကရှိသေး။ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုဗစ်ရောဂါကို တာဝန်သိသိ ဂရုစိုက်ပြီး အနိုင်ယူနိုင်တော့မယ့် အနေအထားကို ရောက်လာပြီဆိုတော့ တစ်ရန်အေးရတာပေါ့။ ဒီဇာတ်လမ်းလေးက ကိုဗစ်ကာလမှာ ရောဂါရှောင်ဖို့ လူနေကျဲပါးတဲ့နေရာကို သတင်းစာမှာ အစားအသောက် အညွှန်းရေးတဲ့ သတင်းထောက်မလေးတစ်ယောက် သွားရာက စပါတယ်။သူငှားထားတဲ့ အိမ်ပိုင်ရှင်လင်မယားက နားလည်မှုလွဲပြီး တခြားသူတစ်ယောက်ကိုပါ ငှားထားမိပါတယ်။ သတင်းထောက်မလေးနဲ့ တူတူလိုက်လာမယ့် သူ့ကောင်လေးကလည်း စီစဉ်မထားဘဲ မိဘအိမ်ကို ပြန်သွားတော့ သူ့ခမျာ နေစရာမရှိတဲ့ ဒုက္ခတွေ့ရတော့မယ့်အချိန်မှာ အရင်ရောက်နေတဲ့ သဘောကောင်းတဲ့ ကိုလူစိမ်းက ...
movie

Alone Together (2022)

2022