Channel Myanmar

Romance

What She Likes (2021) 6.8
What She Likes (2021) What she likes (2021)Web novel ကို ပြန်လည်ရိုက်ကူးထားတဲ့ တွေးစရာတွေတစ်ပုံကြီးပါတဲ့ ဆယ်ကျော်သက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျွန် အန်ဒိုဆိုတဲ့ကောင်လေးက ဂေးတစ်ယောက်ဖြစ်ပေမဲ့ come out လုပ်မထားရသေးတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ သူက သူ့ရဲ့ဖြစ်တည်မှုကို အမြဲတမ်းမေးခွန်းထုတ်နေခဲ့တဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မှာ အသက်ကြီးတဲ့ရည်းစားလည်းရှိပါတယ်။ သူ့ရည်းစားကအိမ်ထောင်သည် ကလေးအဖေဖြစ်ပြီးတော့ အားတဲ့အချိန်မှာ သူနဲ့တွေ့လေ့ရှိပါတယ်။တစ်ဖက်မှာလည်း သူ့ကို ငယ်ငယ်တည်းကခင်တဲ့ ကောင်မလေး မိအူရက ဖွင့်ပြောလာပါတယ်။မိအူရက BLဇာတ်လမ်းတွေကို ငယ်ငယ်တည်းကကြိုက်ခဲ့တဲ့ ဖူဂျိုရှီလေးပါ။ မိသားစုဘဝကိုမက်မောတဲ့ ဂျွန်က သူ့ဖြစ်တည်မှုကိုမသိတဲ့ မိအူရကိုတွဲဖို့ လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ ကောင်မလေးကြိုက်တဲ့သူဟာ straightကောင်လေးမဟုတ်ဘဲ ဟိုမိုတစ်ယောက်ဖြစ်နေခဲ့တဲ့အခါမှာတော့... ဂျွန်တစ်ယောက် ကောင်မလေးနဲ့ ရည်းစားကောင်လေးအကြား ခံစားချက်လွန်ဆွဲပွဲတွေ ဘယ်လိုကြုံရမလဲ။သူကိုယ့်ကိုယ်ကိုဖိအားပေးပြီးကြိုးစားယူချင်နေတဲ့ မိသားစုဘဝလေးကရော ဖြစ်မြောက်မှာလား။ ဖူဂျိုရှီလေးရဲ့ စိတ်ကူးယဉ်မှုတွေက လက်တွေ့ဘဝထဲ တကယ်ဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မှာလဲ ။လက်တွေ့ဘဝက ဂေးကောင်လေးတစ်ယောက်ရဲ့ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေ ခံစားချက်တွေအကြောင်း ကောင်းကောင်းပုံဖော်ထားတဲ့ ဆယ်ကျော်သက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ...
movie

What She Likes (2021)

[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
Unlock Your Heart – Open (2021) 6.6
Unlock Your Heart – Open (2021) Open / Unlock your heart / Hiraite (2021)ယခုတင်ဆက်ပေးမှာကတော့ 2021ကထွက်ရှိခဲ့တဲ့ ကျောင်းသားdrama ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပါပဲအာအီ ဆိုတဲ့ စာတော်ပြီး ချစ်စရာကောင်းတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်... ကျောင်းမှာ ပေါ်ပြူလာ အဖြစ်ဆုံးမိန်းကလေးက မထင်မရှား အတန်းဖော်ကောင်လေး တာတိုအဲကို ကြိတ်ခွက်ရှ်နေပါတယ် ကောင်လေးကလည်း အနေအေးသူဆိုတော့ ချဥ်းကပ်ရခက်နေတယ်တစ်နေ့မှာ တာတိုအဲက စာတစ်စောင်ကို ဖတ်ပြီး သိမ်းလိုက်တာကို မြင်သွားပါတယ် တစ်ကူးတက ညဘက်ကျောင်းထဲထိ ခိုးဝင်ပြီး စာကို ခိုးဖတ်လိုက်တဲ့အခါ သူ့ခွက်ရှ်မှာ လျှို့ဝှက်ရည်းစားရှိနေတာကို သိသွားချိန်မှာတော့ ခွက်ရှ်ရည်းစားဖြစ်တဲ့ မီယူကီကို ချဥ်းကပ်ရင်း ပြတ်စဲသွားအောင် မသိမသာ အကြံတွေထုတ်ရပါတော့တယ်သူဘယ်လိုအကြံတွေထုတ်မလဲ အောင်မြင်နိုင်မလား တာတိုအဲကရော သူ့လိုပဲအနေအေးတဲ့ မီယူကီကို ပစ်ပြီး အာအီနောက် ပါသွားမလားဆိုတာ မိုးအေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File ...
movie

Unlock Your Heart – Open (2021)

Liger (2022) 3.1
Liger (2022) Liger (2022)ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဲ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံး Bollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြော ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေး အာနန်ယားပန်ဒေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့ အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်..သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်း ဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်...အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာ လုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့...သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ...။MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား...။ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကို ဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်း အကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်...လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့ ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…8.4GB / 3.98GB / 1.8GB Quality…4k HEVC WEB DL /1080p AVC ...
movie

Liger (2022)

2022
4K HEVC
The Time Capsule (2022) 5.1
The Time Capsule (2022) The Time Capsule (2022) ==================ဒီကားလေးရဲ့ဇာတ်လမ်းအစမှာ ရွေးကောက်ပွဲမှာရှုံးသွားတဲ့ လွှတ်တော်အမတ်တစ်ယောက် မွေးရပ်မြေကို ဇနီးနဲ့အတူ အလည်အပတ်ပြန်လာကြတယ်။ နိုင်ငံရေးလုပ်ဖို့ငွေလိုတော့ သူတို့ရဲ့ အပန်းဖြေအိမ်ကိုပြန်ပြင်ပြီးရောင်းမလို့ပေါ့။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ့ရဲ့ရည်းစားဟောင်းက နှစ် ၂၀ကြာ အာကာသထဲက အချိန်ကိုခဲထားတဲ့ယာဥ်ကနေပြန်လာတဲ့အခါ ထင်မှတ်မထားတဲ့ ရှာဖွေတွေ့ရှိမှုတွေဖြစ်လာတော့မှာပါ။ဒီကားလေးက တိုးတက်နေတဲ့အနာဂါတ်မှာဖြစ်လာမယ့် ပြဿနာ တွေနဲ့ အာကာသကပြန်လာတဲ့ကောင်မလေးရဲ့အချစ်ဇာတ်လမ်းကို ရိုမန်တစ်ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအဆုံးကိုလဲ မထင်မှတ်ထားတဲ့ ဇာတ်ကွက်တွေနဲ့ဖန်တီးထားလို့ ကြည့်ရှုပေးပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Su Myat ဖြစ်ပါတယ်) File Size..........(1.26 GB) / (588 MB) / (350 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance, Sci-Fi Translator.......Su Myat Encoder..........SWM
movie

The Time Capsule (2022)

2022
[18+]Indecent Proposal(1993) 6.7
[18+]Indecent Proposal(1993) [18+]Indecent Proposal(1993) အညွှန်း***********************************ငွေနဲ့အရာအားလုံးကို တကယ်ပဲဝယ်နိုင်လား ငွေရှိရင် အရာအားလုံးက ရောင်းကုန်တွေပဲလား...ဒီဇာတ်ကားကတော့ ဒါရိုက်တာ Adrain Lyne ရိုက်ကူးထားပြီး လူသိများတဲ့သရုပ်ဆောင်တွေဖြစ်တဲ့ Woody Harrelson, Robert Redford နဲ့မင်းသမီးချော Demi Moore တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Romance/Drama ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြီး အနာဂတ်ကောင်းကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ်မာဖီ(Woody Harrekson) နဲ့ ဒိုင်ယာနာမာဖီ(Demi Moore)တို့ လင်မယားဟာ စီးပွားရေးကျဆင်းမှုနဲ့ကြုံပြီး အကြွေးပူမိနေချိန်မှာ လူချမ်းသာတစ်ဦးဖြစ်သူ ဂျွန်ဂေ့ဂျ်(Robert Redford)နဲ့ဆုံပြီး ဒိုင်ယာနာကိုဝယ်ဖို့ကမ်းလှမ်းလာတဲ့အခါ...ချစ်တင်းနှောခန်းနဲ့ ဝတ်လစ်စားလစ်ခန်းများပါဝင်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...  File Size : (1.6GB)(1.1 GB) and (227MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

[18+]Indecent Proposal(1993)

Atithi Bhooto Bhava (2022) 6.5
Atithi Bhooto Bhava (2022) ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူးဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ ...
movie

Atithi Bhooto Bhava (2022)

2022
The Wedding Singer(1998) 7.0
The Wedding Singer(1998) The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

The Wedding Singer(1998)

[18+]Usotsuki Paradox (2013) 6.7
[18+]Usotsuki Paradox (2013) [18+]Usotsuki Paradox (2013) အညွှန်း*********************************   ရုံးဝန်ထမ်းအသစ်ဖြစ်တဲ့ ဆဲအိယုဆိုတဲ့မိန်းကလေးကို ယောခဒိုကသဘောကျနေတယ်၊ ဒါပေမယ့် ဆဲအိယုမှာက LDRS ချစ်သူရှိတယ်၊ နာဂိုယာမှာရှိနေတဲ့ချစ်သူကိုခဏခဏ သွားမတွေ့နိုင်ဘူးတစ်လမှာတစ်ခါလောက်ပဲ ဆဲအိယုကသွားတွေ့နိုင်တယ်၊ Singleလေး ယောခဒိုက ရည်းစားရှိမှန်းသိလျက်နဲ့ ဆဲအိယုကို အိစီကလိလုပ်နေတယ်၊ ဆဲအိယုလည်း သူ့ကိုသဘောကျနေပေမယ့် ချစ်သူအပေါ်သစ္စာဖောက်မိမှာလည်းစိုးရိမ်တယ် ချစ်သူနဲ့တစ်လမှတစ်ခါပဲသွားတွေ့ရတဲ့သူနဲ့ Single ဖြစ်နေတဲ့သူက အထီးကျန်နေရတာကများတယ်၊ အထီးကျန်ဝေဒနာကိုဖြေဖျောက်ဖို့အတွက် လိင်ကိစ္စကလွဲလို့ တစ်ယောက်နဲ့တစ်ယောက်ဟန်ဆောင်ချစ်သူတွေလုပ်ကြဖို့သဘောတူလိုက်တယ် ဒီလိုနဲ့ ယောခဒိုကစည်းမျဉ်းကိုတဖြည်းဖြည်းနဲ့စဖောက်လာတဲ့အခါမှာတော့.... 18+ ဖြစ်တဲ့အတွက်မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူးFile Size :(2.1GB)(600 MB) and (263 MB) Quality : Blu-Ray 720p Format…mp4 Duration…01:25:00 Genre : Romance , Adult Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

[18+]Usotsuki Paradox (2013)

Two Tickets to Paradise (2022) 6.8
Two Tickets to Paradise (2022) Two Tickets to Paradise (2022)~ IMDb rating - 6.8/10 ~မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားမသိဘူး။ ကျွန်တော်ကတော့ ယုံတဲ့ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ကိုချစ်မိဖို့၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းပစ်ဖို့၊ ဉာဏ်အလင်းပွင့်ဖို့က အချိန် တစ်စက္ကန့်ပဲလိုတယ်လို့ ကျွန်တော်ကတော့ဖြင့် ယုံကြည်ပါတယ်။အချစ်ဆိုတာ ပွင့်အာလာအောင် နည်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မပွင့်တတ်ဘဲ အခြေအနေမှန် အချိန်မှန်မှာဆိုရင် အလိုလို ပွင့်အာလာတဲ့ ကြာပန်းတစ်ပွင့်လို့ဆိုချင်ပါတယ်။ လုပ်ယူဖန်တီးယူလို့မရတဲ့ အချစ်ဟာ ဖြစ်တည်လာတဲ့အချိန်မှာ အံ့အားသင့်စရာကောင်းပြီး ခမ်းနား ချိုမြနေမယ်ဆိုတာ လက်တွေ့ကြုံဖူးသူတွေပဲ သိနိုင်ကြမှာပါ။ မကြုံဖူးသေးတဲ့သူတွေအတွက်ကတော့ သုခဘုံကိုသွားမယ့် ခင်ဗျားရဲ့ဘေးခုံက လက်မှတ်ပိုင်ရှင်က တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သေချာပါတယ်လို့ ပြောချင်ပါတယ်။သုခဘုံဆိုတာ နေရာမဟုတ်ပါဘူး သုခဘုံသွားမယ့်လက်မှတ်နှစ်‌စောင်ရဲ့ ပိုင်ရှင်တွေ မျှဝေကြတဲ့ ခံစားချက်တစ်ခုပါပဲ။ခု Two Ticket to Paradise ကားလေးကတော့ အချစ်ကို ကြိုတင်စီစဉ်ထားသလိုဖြစ်လာဖို့ကြိုးစားထားတဲ့သူနဲ့ ...
movie

Two Tickets to Paradise (2022)

2022
Mr. Deeds(2002) 7.0
Mr. Deeds(2002) Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie

Mr. Deeds(2002)

The Stolen Years (2013) 6.2
The Stolen Years (2013) The Stolen Years (2013) (အညွှန်း)လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။“ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” ...
movie

The Stolen Years (2013)

2013
Another Way(2015) 7.0
Another Way(2015) Another Way(2015) အညွှန်း************************" အဆုံးစီရင်ခြင်းက အဖြေလား " ..... ပင်ပန်းလာတဲ့အခါ ကိုယ်လွတ်ရုန်းထွက်သွားခြင်းက အဖြေလား?ဘဝမှာအခက်အခဲတွေရှိလာတဲ့အခါ လူတစ်ယောက်နဲ့တစ်ယောက် ဆုံးဖြတ်ချက်တွေမတူညီကြပုံ နဲ့ လူ့သဘာဝ ၊လူ့စရိုက်တွေကိုချပြထားတဲ့ Life style drama အမျိုးအစားဖြစ်ပါတယ်။Main lead တွေအနေနဲ့တော့ Actor Kim Jae Wook , Actress Seo Ye Ji တို့ပဲဖြစ်ပါတယ်။ အချိန်ပိုင်းအကမယ်ကောင်မလေးတစ်ယောက်နဲ့ ယာဥ်ထိန်းရဲကောင်လေးတစ်ယောက်... Suicide site တစ်ခုကနေ သိကျွမ်းခဲ့ရာကနေ အပြင်မှာအတူတူအဆုံးစီရင်ဖို့ ချိန်းဆိုထားတဲ့အတိုင်းကျွန်းလေးတစ်ခုမှာ အတူဆုံဖို့ဖြစ်လာခဲ့တယ်။ စိတ်ခံစားချက်တစ်ခုတည်း အကြံတစ်ခုတည်းရှိနေကြတဲ့သူစိမ်းနှစ်ယောက် လောကကြီးကိုမနှုတ်ဆက်ခင်မှာနောက်ဆုံးအနေနဲ့ စိတ်လွတ်လက်လွတ်နေလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ....  File Size : (999MB) and (361 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Drama , Romance Subtitle : Myanmar Subtitle ...
movie

Another Way(2015)

Tees Maar Khan (2022) 8.5
Tees Maar Khan (2022) Tees Maar Khan 2022 =============== 8.5/10 IMDb ဒီတစ်ခါတော့ တေလေဂူဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်း.. သာယာမှုမရှိတဲ့မိသားစုနှစ်စုက ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် တစ်ညမှာဆုံမိကြပြီး တစ်ယောက်နဲ့တစ်ယောက်အကူအညီပေးဖို့ကတိပြုခဲ့ကြပါတယ်အမေတစ်ယောက်ထက်သူ့အပေါ်မှာပိုကောင်းတဲ့အမကြီးကို အာဒီက အမေလို့ပဲခေါ်ခဲ့ပါတယ်... သူ့အမေကိုထိဓားကြည့်ဆိုတဲ့အတိုင်းသူ့အမေကိုလူတစ်စုက ထိပါးစော်ကားလို့အဲ့ဒီလူအယောက်သုံးဆယ်ကိုဆုံးမလိုက်ရာကနေ (Aadi)တီးစ်မာခန်းလို့အမည်တွင်လာခဲ့ပါတယ်...တစ်နေ့သူ့သူငယ်ချင်းရဲ့ကိစ္စတစ်ခုကိုလိုက်​ဖြေရှင်းပေးရင်း အာနာဂါ (Payal Rajput)ဆိုတဲ့မိန်းကလေးတစ်ယောက်က သူကတဲ့ကကွက်တွေအတိုင်းလိုက်ကနေတာကိုမြင်ပြီး ချစ်မိသွားရာက ကျောင်းအထိပါလိုက်ကပ်ပါတော့တယ်သူတို့မြို့မှာ ဂီဂျာ (Thakur Anoop Singh)လို့ခေါ်တဲ့ ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့လူဆိုးတစ်ယောက်ရှိနေလို့ ဝန်ကြီးချုပ်က သူ့ကိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်နှိမ်နင်းဖို့ အစီအစဥ်ဆွဲကြိုးစားခဲ့ပါတယ်..ဒီဇာတ်လမ်းထဲမှာ သူတို့ဘယ်လိုတွေထိပ်တိုက်တွေ့လာကြမှာလဲ.. တီးစ်မာခန်းကရော ဘယ်လိုစိန်ခေါ်မှုမျိုးတွေနဲ့ ကြုံတွေ့လာရမလဲဆိုတာ...ဆက်လက်ရှုစားပေးကြပါဦး File size…2.16GB / 1.06GB Quality…1080p AVC / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Kevin
movie

Tees Maar Khan (2022)

2022
To Catch a Thief (1955) 7.4
To Catch a Thief (1955) To Catch A Thief (1955)IMDb Rating (7.4) / Rotten Tomatoes (94%)Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ် ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ...
movie

To Catch a Thief (1955)

4K HEVC
About Fate (2022) 5.8
About Fate (2022) About Fate (2022)~ Rotten Tomatoes - 60% ~လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She's Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ ...
movie

About Fate (2022)

2022
Three Thousand Years of Longing (2022) 6.9
Three Thousand Years of Longing (2022) Three Thousand Years of Longing (2022)~ IMDb - 6.9/10, Rotten Tomatoes - 71% ~ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Mad Max ကားတွေရဲ့ ဒါရိုက်တာ စာရေးဆရာဖြစ်တဲ့ George Miller ဖြစ်တဲ့အပြင်ကို အမျိုးအစားကလည်း Fantasy, ပိုစတာကြည့်တော့လည်း မီးခွက်စောင့်ဘီလူးလိုဘဲနဲ့ဆိုတော့ Fantasy / Adventure ဆန်ဆန်ကားဖြစ်မယ် ထင်ခဲ့မိတာပေါ့။ တက်တက်စင်အောင်လွဲပါတယ်။ Before Trilogy နဲ့များ မှားဒေါင်းမိသလားထင်ရတဲ့အထိ အတိတ်မှာ ဂျင် ဖန်ပုလင်းထဲ ဆော်လမုန်ပိတ်တာခံရတဲ့ ရှီဘာဘုရင်မနဲ့ဆော်လမုန်တို့ခေတ်တို့၊ ကွန်စတန်တီနိုပယ်နန်းတော်ထဲရောက်သွားတာတို့၊ ဒါဗင်ချီလိုလို ဂျီးနီးယပ်စ်မနဲ့ ခေတ်သုံးခေတ်ကလွဲ ကျန်တဲ့တစ်ကားလုံး Tilda Swinton ရဲ့ဇာတ်ကောင် အလစ်သီယာနဲ့ အခန်းထဲ စကားတွေထိုင်ပြောရင်းတင် ပြီးသွားပါတယ်။ ရိုလည်းရိုပါတယ်။ စကားတွေက ဒိလည်းဒိပါတယ်။ ဒါကြောင့် Before Trilogy ...
movie

Three Thousand Years of Longing (2022)

2022
Fatal Love (1988) 5.8
Fatal Love (1988) Fatal Love (1988)မနေ့က စက်တင်ဘာ ၁၂ဟာ တိုနီလျောင်ချူဝေ၊ Takeshi Kaneshiro, ချန်းချန်၊ အန်ဒီလောင်၊ ချောင်ယွန်ဖတ်၊ စတီဖင်ချောင်၊ ဂျက်လီ၊ ဂျက်ကီချမ်း စသဖြင့် သူနဲ့ခေတ်ပြိုင်တွေ မတိမ်းမယိမ်းတွေ သရုပ်ဆောင်ဖော် သရုပ်ဆောင်ဖက်တွေ အကုန်လုံးသက်ရှိထင်ရှားရှိကြသေးပေမဲ့ တစ်ယောက်တည်းကွက်ပြီး အရွယ်မတိုင်မီ ရွေ့လျော အခါနှောင်းသွားခဲ့တဲ့ လတ်စလီချောင်ရဲ့ မွေးနေ့ပါပဲ။ တစ်ရက်နှောင်းသွားပေမဲ့လည်း လတ်စလီကိုချစ်တဲ့သူတွေအတွက် သူ့ရဲ့အစောပိုင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ‌နောက် သူ့အကြောင်းနည်းနည်းပါးပါးရောပေါ့။ ဇာတ်ကားအကြောင်းကတော့ လတ်စလီကိုချစ်တဲ့သူတွေ သဘောကျမယ့်ကားလို့ပဲ ပြောချင်ပါတယ်။လတ်စလီချောင်ဟာ သူ့နာမည် လတ်စလီကို Gone With The Wind ထဲက သူ့အကြိုက်ဆုံးသရုပ်ဆောင်ဖြစ်တဲ့ အက်ရှလေနေရာက သရုပ်ဆောင်ခဲ့တဲ့ Leslie Howard နာမည်ကိုယူပြီးပေးထားတာပါ။CNN’s Icon Gallery (Music) စာရင်းမှာပါတဲ့ တစ်ဦးတည်းသောအဆိုတော်ဖြစ်ပြီး No.3 လည်းချိတ်ခဲ့တယ်ဆိုပါတယ်။ တခြား ၁ကနေ ၅စာရင်းဝင်တဲ့ အဆိုတော်တွေကတော့ ...
movie

Fatal Love (1988)

1988
Haraamkhor (2015) 6.3
Haraamkhor (2015) Haraamkhor (2015)ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး....ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Haraamkhor (2015)

2015
Aloha (2015) 5.4
Aloha (2015)  Emma Stone နဲ့ Rachel McAdams ကို မြင်တာနဲ့တင် ကြည့်ကြတော့မယ်ဆိုတာ သိပေမယ့် ရီဗျူးလေးတော့ ဖတ်သွားပါဦး ညိုကီတို့ဇာတ်လမ်းကတော့ Romance-Comedy ဖြစ်လို့ ပေါ့ပေါ့ပါးပါးလေးရယ်ပါပဲ။ အပျင်းပြေ အချစ်ဒဿနတွေ ဖွင့်ရင်း မမတွေရဲ့ အလှကို ခံစားလို့ ကောင်းမယ့်ကားလေးပါပဲ။ဘရိုင်ယန်က စစ်တပ်ကန်ထရိုက်တာ တစ်ယောက်ပါ။ အတိတ်တုန်းက စောင်ပြဿနာတွေ ရှာခဲ့လို့ အော်ပရေးရှင်းအကြောင်းတွေ အခြေခံကစ ထိပ်ဆုံးထိ နားလည်ပါလျက် အလုပ်ပြုတ်ခဲ့ပြီး အခုမှ ဒုတိယ အခွင့်အရေး ထပ်ရသူပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မစ်ရှင်အတွက် ဟာဝိုင်အီကို ပြန်ရောက်လာခဲ့တယ်။ ဟာဝိုင်အီမှာ လင်နဲ့သားနဲ့ ဖြစ်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ရည်းစားဟောင်း ထရေစီနဲ့ ပြန်ဆုံတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ တွဲဖက်ကောင်မလေး ကပ္ပတိန် အယ်လီဆန် အင်ဆိုတဲ့ ခပ်ချောချော ချာတိတ်မလေးတို့နဲ့ ရေစက်ဆုံလာရာမှာ တာ၀န်တွေနဲ့ အချစ်ရေးကြား ...
movie

Aloha (2015)