Channel Myanmar

Romance

Torn: A Wicked Trilogy (2022) 4.9
Torn: A Wicked Trilogy (2022) Torn: A Wicked Trilogy (2022) ======================လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP ...
movie

Torn: A Wicked Trilogy (2022)

2022
Original Sin (2001) 6.0
Original Sin (2001) မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San ...
movie

Original Sin (2001)

Love Destiny: The Movie (2022) 6.8
Love Destiny: The Movie (2022) Love Destiny: The Movie (2022)အယုဒ္ဓခေတ်မှာသေကွဲကွဲခဲ့ရပေမယ့် အလယ်ခေတ်မှာလူပြန်ဝင်စားလာတဲ့ Bhop နဲ့ Gaysorn မှာ Bhop ကသာ အတိတ်ဘဝကချစ်သူဟောင်းကို ၁၀နှစ်လုံးလုံးအိပ်မက်ထဲမှာပြန်တွေ့ပြီး မှတ်မိနေခဲ့ပါတယ်။အိပ်မက်ထဲကမိန်းကလေးနဲ့တစ်ထပ်တည်းတူတဲ့ Gaysorn ကိုတွေ့လိုက်ရချိန်မှာတော့ Bhop တစ်ယောက် အနောက်ကတကောက်ကောက်လိုက်ရတဲ့အထိကို အရူးအမူးဖြစ်ပါတော့တယ်။Gaysorn ကတော့ ကံမကုန်တာတွေ ပြန်ဆုံတာတွေကိုမယုံတတ်တဲ့မိန်းကလေးပီပီ ခေတ်ဆန်ဆန်ဗန်းစကားလေးတွေညှပ်ညှပ်ပြီးပြောတတ်တဲ့ Mathus ဆိုတဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေပါတယ်။ Mathus ဆိုတာကတော့ အယုဒ္ဓယခေတ်ကမှတ်တမ်းစာအုပ်ထဲမှာပါတဲ့ ရှေ့ဖြစ်ဟောတမ်းတွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကိုက်ညီနေတဲ့ လူထူးလူဆန်းလေးတစ်ယောက်ပေါ့။အနာဂတ်က Time traveler လေး Mathus ခမျာ ကံမကောင်းရှာတော့ ရှေးခေတ်စုံတွဲကြားညပ်ရတဲ့အပြင် နန်းတွင်းပုန်ကန်မှုအရှုပ်တော်ပုံထဲမှာပါ ခြေစုံပစ်လျက်သားဖြစ်ပါတော့တယ်။Cast အနေနဲ့ကလည်း My Ambulance Ost အဆိုတော်လေး P'Paris မို့လို့ ကြည့်ရတာအတော်လေး မျက်စိအားရှိစေမယ့် movie လေးပါနော်။(ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wut Yi  က ရေးပေးထားပါတယ်။)File Size      ...
movie

Love Destiny: The Movie (2022)

2022
An Autumn’s Tale (1987) 7.6
An Autumn’s Tale (1987) An Autumn's Tale ( 1987 ) ================== IMDb Rating 7.6/10An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ...
movie

An Autumn’s Tale (1987)

1987
The Noel Diary (2022) 6.2
The Noel Diary (2022) The Noel Diary (2022) ================ IMDb Rating - 6.2/10"နေရာဒေသဆိုတာ အမှတ်တရတွေကို ပြန်သတိရစေနိုင်စွမ်းရှိတယ်နော့" ခရစ္စမတ်အားလပ်ရက်မှာ ငယ်ငယ်ကကြီးပြင်းခဲ့တဲ့အိမ်ကို ပြန်သွားဖို့ အကြောင်းဖန်လာတဲ့ လက်ရှိမှာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ တစ်ယောက်။"ကိုယ့်အတွက် လုံခြုံပြီးယုံကြည်ရတဲ့ရပ်ဝန်းတွေကို အမြဲရှာနေခဲ့တာ" နာမည်တောင်မသိခဲ့ရတဲ့ မွေးအမေကို ပြန်လိုက်ရှာနေတဲ့ Translator ဆရာမတစ်ယောက်။ကံကြမ္မာကထူးထူးဆန်းဆန်းပဲ သူတို့နှစ်ယောက်ကို ပေးတွေ့ခဲ့တယ်။ သူတို့နှစ်ယောက်ကလည်း တစ်နည်းနည်းလေးနဲ့ ဆက်နွှယ်နေပြန်တယ်။ "အချိန်ဟာ အားလုံးကိုကုစားနိုင်စွမ်းရှိပါတယ်"တဲ့လေ၊ အဲလိုကုစားဖို့၊ ကိုယ်စီကိုယ်စီအတိတ်တွေကို ရင်ဆိုင်ဖို့ ကြိုးစားကြရင်း သူတို့ကိုဆုံ စည်းစေတဲ့ ဒိုင်ယာရီစာအုပ်လေးဟာ "The Noel Diary" ပါတဲ့လေ။ဆောင်းတွင်းအေးအေးလေးမှာ နှင်းတွေဖွေးလှုပ်နေတဲ့ ဇာတ်ဝင်ခန်းတွေ၊ ခရစ္စမတ်အပြင်အဆင်လေးတွေနဲ့မို့ ဇာတ်လမ်းက ငြိမ့်ငြိမ့်လေးနဲ့စီးမျောလို့ ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်)File Size..........(1.7 GB) / (641 MB) / (359 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h ...
movie

The Noel Diary (2022)

2022
[18+] Body Heat (1981) 7.4
[18+] Body Heat (1981) Body Heat (1981)~ IMDb - 7.4/10, Rotten Tomatoes - 98% ~ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း ...
movie

[18+] Body Heat (1981)

1981
Tere Naam (2003) 7.2
Tere Naam (2003) Tere Naam (2003) ဒီဇာတ်ကားလေးကတော့ ဆလမန်းခန်းနဲ့ ဘူမီကာ ချောင်ဝ်လာရဲ့ romance/dramaအမျိုးအစား ဇာတ်တ်ကားလေးတစ်ကားဖြစ်ပါတယ်။ Radhe Mohanဟာအလုပ်မရှိအကိုင်မရှိ လူကြမ်းတစ်ယောက်ဖြစ်ပြီး သူတက်ခဲ့ဖူးတဲ့ ကောလိပ်ကျောင်းကို အမြဲသွားလေ့ရှိတယ်။တစ်နေ့တော့ ကျောင်းကိုရောက်လာတဲ့ Nirjara Bharadwajဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်ကြိုက်သွားခဲ့တယ်။ ဒါနဲ့ပဲ သူက Nirjaraကို ဖွင့်ပြောဖို့ကြိုးစားတော့တာပေါ့။ ဒါပေမဲ့ Nirjaraက သူ့ကို ငြင်းလိုက်တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ۔۔۔۔۔ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွတ်သင့်ပါကြောင်း ۔۔۔۔۔ ဘာသာပြန်တွေကတော့Soe Kalayarနဲ့ Intelligenceတို့ဖြစ်ပါတယ်။ File size…3.1GB / 1.3GB Quality…1080p BluRay / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Soe Kalayr & Intelligence
movie

Tere Naam (2003)

2003
Almost Love ( 2022 ) 6
Almost Love ( 2022 ) အသက်(၁၈)နှစ်အရွယ် ချစ်ရဲကြိုက်ရဲ လုပ်ရဲ သတ္တိရှိတဲ့မိန်းကလေးတစ်ယောက် - ယွီကျောင်းရန် အတန်းဖော်သူငယ်ချင်းတွေက ကျောင်းရန်ကို“အမှိုက်ပုံး”လို့ နာမည်ပြောင်ပေးပြီး ရှောင်ဖယ်ထားကြတဲ့အချိန် သူ့ဘဝကိုအလင်းဓာတ်ပေးခဲ့တဲ့ “ကျိုးချန့်”နဲ့တွေ့ခဲ့တယ်ပန်းချီဆွဲရတာကြိုက်တဲ့ ကျိုးချန့်ကမိဘရဲ့ဖိအားပေးမှုအောက်မှ ဆက်မဆွဲခဲ့ပေမဲ့ ကျောင်းရန်ရဲ့အားပေးမှုကြောင့် ပ န်းချီဆွဲတဲ့လမ်းကြောင်းပေါ် တစ်ဖန်ပြန်လျှောက်ခဲ့တယ် ကျောင်းသားဘဝကနေ လူ့အဖွဲ့အစည်းထဲဝင်တဲ့အချိန်ထိ အတူတူလက်တွဲခဲ့ပြီး အနာဂတ်အတွက် အဆက်မပြတ်ကြိုးစားနေကြတယ် အတူတူကြိုးစားနေစဉ်မှာ ကျောင်းရန်ရဲ့တစ်ခုတည်းသော အိမ်မက်လေးကတော့ တစ်ရက်မှာကျိုးချန့်နဲ့လက်ထပ်ဖို့ပဲနောက်ဆုံးမှာတော့ ကျိုးချန့်မင်္ဂလာဆောင်ပွဲမှာ ကျောင်းရန်ထွက်ပေါ်လာခဲ့တယ် ကျောင်းရန်ကသတို့သမီးအနေနဲ့ပေါ်လာတာလား? တစ်ခြားအနေအထားနဲ့ပေါ်လာခဲ့တာလား? ကျောင်းသားဘဝကတည်းကလက်တွဲခဲ့ပြီး အိမ်ထောင်ရေးအဆင့်ကိုတက်သွားမဲ့Happy Endingဖြစ်မလား?လူ့အဖွဲ့အစည်းမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေ အမြင်တွေမတူတော့လို့ ကိုယ့်လမ်းကိုယ်စီသွားကြမဲ့ Sad Endingဖြစ်မလားဆိုတာကို အလှည့်အပြောင်းမျိုးစုံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Almost Love ( 2022 )

Googly(2013) 7.5
Googly(2013) Googly (2013) Comedy, Romance IMDb 7.5/10 (2.8K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ KGF မင်းသားချောလေး ယာရှ်ရဲ့ အချစ်ဟာသဇာတ်မြူးကားကောင်းလေးပဲ ဖြစ်ပါတယ်..။ဒီကားထဲမှာလည်း ယာရွ္ဟာ အများနဲ့မတူဘဲ တစ်မူထူးခြားတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်...။ခပ်ပြတ်ပြတ် လူမှန်စိတ်တိုကြီးဖြစ်တဲ့ ကောလိပ်ကျောင်းသားလေး ရှရသ်..တစ်ကျောင်းလုံးရဲ့ ချဉ်ဖတ်ဖြစ်နေပေမယ့် ကျောင်းက ပထမအဆင့်ကျောင်းသားတစ်ယောက်..။သူဟာ မိန်းမတွေနဲ့ အချစ်ကိုမုန်းတီးနေတဲ့ သူတစ်ယောက်ပေါ့..ကျောင်းပြပွဲတစ်ခုမှာ ဆြာတီဆိုတဲ့ ကောင်မလေးနဲ့ဆုံပြီး သူတစ်သဝေမတိမ်းလိုက်နာလာခဲ့တဲ့ သူ့ရဲ့ဒဿနတွေဟာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားပြီး ဆွာတီအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ သက်ဝင်လာခဲ့ပါတော့တယ်...။ဆွာတီဟာလည်း ရှရသ်အပေါ် စိတ်ဝင်စားလာပြီး သူတို့နှစ်ဦးဟာ သူတို့ရဲ့အချစ်တွေကို အပြန်အလှန် ဖွင့်ဟလာတော့မယ့်အချိန်မှာပဲ ကံကြမ္မာဟာ သူတို့ကို လှည့်စားသွားခဲ့ပါတော့တယ်...။ဒီလိုနဲ့ ဆက်လက်ပြီး သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ဘယ္လို ဘယ်ပုံ ဇာတ်သိမ်းခန်းဝင်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ပြီးရှုစားပေးကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…3.2GB / 1.5GB Quality…1080p WEB RIP Uncut /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Googly(2013)

2013
What Dreams May Come (1998) 6.9
What Dreams May Come (1998) ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ...
movie

What Dreams May Come (1998)

Can’t Hardly Wait (2022) 6.5
Can’t Hardly Wait (2022) 1998 တုန်းက ထွက်ခဲ့တဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ တကယ်ရယ်ရတဲ့ Comedy ရုပ်ရှင်စစ်စစ်တစ်ကားပါ။ဟန်တင်တန်ဟေးလ်စ် အထက်တန်းကျောင်းကြီးရဲ့ စီနီယာကျောင်းသားတွေဟာ အထက်တန်းပြီးတဲ့ အထိမ်းအမှတ်အနေနဲ့ အိမ်တစ်အိမ်မှာ ပါတီအကြီးကြီးတစ်ခု စုပြီးလုပ်ကြပါတယ်ဗျ။ ကျောင်းသားပါတီဖြစ်တဲ့အလျှောက် ပါတီတက်တဲ့ထဲမှာ ကောင်မလေးတစ်ယောက်ကို နှစ်အကြာကြီး တိတ်တိတ်လေး ကြိတ်ကြိုက်နေတဲ့သူ၊ စော်ကြည်ဘဲ၊ ကျောင်းကပွဲ ကွင်း၊ ဂိ၊ စတဲ့ ကျောင်းသားကျောင်းသူပေါင်းစုံ အများကြီး ပါဝင်ကြပါတယ်။ ကောလိပ်တက်ရမှာမလို့ လူကြီးပုံစံဖမ်းနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ပုံစံပေါင်းစုံနဲ့ ဘရုတ်ကျပုံတွေကို ကျွန်တော်တို့မှာ တကယ်မရှိဖူးခဲ့တဲ့ ကျောင်းသားဘဝကို လွမ်းရင်း ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ကျောင်းသားဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။File size…(2.49GB)  / (671MB) / (703MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Comedy / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan ...
movie

Can’t Hardly Wait (2022)

Angel Is Dead (2017) 6
Angel Is Dead (2017) 18+ Angel is Dead (2017)ဒီတစ်ခေါက်တော့ အထီးကျန်ရတာကို သေရမှာထက် ပိုကြောက်တဲ့ အမျိုးသမီးအကြောင်းကြည့်ရမှာပါ ကိစ္စတစ်ခုနဲ့ ကျွန်းပေါ်ရောက်လာတဲ့ အဲအမျိုးသမီးက ကျွန်းပေါ်ကကောင်လေးနဲ့ မေတ္တာမျှတော့ လူငယ်သဘာဝ နေရင်းက ကိုယ်ဝန်ရတယ် ဒါပေမဲ့ လက်ထပ်ဖို့ပြောတော့ ကောင်လေးက ငြင်းဆန်တယ် ထပ်ပြီး ထပ်ပြီး ငြင်းနေတော့ ကောင်လေးကို မယူယူအောင်နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်တယ် နောက်ဆုံး‌ေကာင်‌ေလးကသူ့ကိုမယူနိုင်တဲ့အခါ ကောင်လေးအိမ်သွားပြီး သွားပြောရင်းက ကောင်လေးအဖေနဲ့ပါ လင်မယားဖြစ်သွားတဲ့ဇာတ်ပါ ဒီလောက် ရိုးရှင်းလှတဲ့ ဇာတ်လမ်းတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာ မြှုပ်ကွက် ကျန်နေသေးတာမို့ ဇာတ်လမ်းကိုသာ ကြည့်ရှုလိုက်ကြပါတော့။ရှုပ်ရှုပ်ထွေးထွေးရှိလှတဲ့ ဒီဇာတ်လမ်းလေးကတော့ Angel is dead ပါ ၁၈ ယောက် စုကြည့်ရမယ့်အခန်းများ ပါတာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality….  720p | 480p File size… 401MB | 233MB Format… mp4 Duration….1h 27min Subtitle…. ...
movie

Angel Is Dead (2017)

2017
Before I Met You (2022)
Before I Met You (2022) Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie

Before I Met You (2022)

Happy Ending (2022) 7.1
Happy Ending (2022) Happy Ending (2022)အချစ်ရဲ့ဆုံဆည်းခြင်း ပုံစံအမျိုးမျိုးရှိပေမယ့် အဆုံးသတ်ကျ အမြဲတစေ Happy Endingsဖြစ်နေနိုင်မလားဒီအချစ်ဟာသဇာတ်လမ်းလေးမှာတော့ စာရေးဆရာဒီရုန်နဲ့ ဘူဝါတို့တွေ့ဆုံမှုကို အခြေခံထားပြီး " မျက်နှာချင်းဆိုင်တိုက်ခန်းကတစုံတယောက်" ဆိုတဲ့ ကျင်နဲ့ဒုမ်တို့ရဲ့ဇာတ်လမ်း "ဘေးချင်းကပ်အိမ်ကတစုံတယောက်"ဆိုတဲ့ တာနဲ့ချာယိန်တို့ရဲ့ဇာတ်လမ်း " မုန်းနေတဲ့တစုံတယောက် " ဆိုတဲ့ အော့ဝ်နဲ့ အနာဂတ်ကလျှို့ဝှက်ကောင်မလေး "လျို့ဝှက်ပိုးပန်းချက်အချို့" ဆိုတဲ့ စီရာနဲ့ကျာတို့ရဲ့ ဇာတ်လမ်းစတဲ့ အတွဲ၅တွဲရဲ့မတူညီ​ေသာဆုံဆည်းခြင်းတွေကို အဓိပ္ပါယ်ဖွင့်ထားတဲ့ Jaifu stoyဆိုတဲ့အချစ်ဟာသဇာတ်လမ်းတွဲမှာ ဇာတ်လမ်းအဆုံးသတ်ရဲ့ဖြစ်စဥ်ကို ဟာသမျိုးစုံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 628MB | 349MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun Encoder ..... August
movie

Happy Ending (2022)

2022
Prince(2022) 4.6
Prince(2022) Prince (2022)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ Hero (2019), Doctor (2021) ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား လူသိများလာခဲ့တဲ့ မင်းသား ရှီဗားကာသီကေယန်းရဲ့ အချစ်ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားမှာ မင်းသားက ကျောင်းဆရာ.. ကျောင်းဆရာဆိုလို့ မြတ်ဆရာတော့ မထင်လိုက်နဲ့နော် အတန်းချိန်မှာ စာမသင်ဘဲ အတန်းလစ်ပြီး ရုပ်ရှင်သွားသွားကြည့်တတ်တဲ့ကျောင်းဆရာ...ကျောင်းသားတွေကို စာမေးပွဲမှာ စာခိုးချခွင့်ပြုတဲ့ ကျောင်းဆရာ...။ပေါ့တီးပေါ့ဆနိုင်လွန်းတဲ့ ဆရာပေါ့ဗျာ...။အဲ...သူ စာသင်တဲ့ကျောင်းကို အင်္ဂလိပ်စာသင်ဖို့ဆိုပြီး ကျောင်းဆရာမလေး တစ်ယောက်ရောက်လာတယ်... သူကတော့ ဗြိတိသျှသူလေး ဂျက်ဆီကာပေါ့နော်...။ဘာမှသေချာအောင်မလုပ်နိုင်တဲ့ ဒီကျောင်းဆရာလေးဟာ အခုသူ့အချစ်ကို ရေရာသေချာစေဖို့ ဆရာမကိုပဲ အသည်းစွဲအောင်ချစ်မိပြီ ဆိုပါပြီခင်ဗျာ...။ဆရာမလေးကလည်း မောင်နဲ့သာဆိုရင် ဆိုပြီးစိတ်ယိုင်စပြုလာနေပါပြီ...။အဲ့မှာပဲ ဒါရိုက်တာက ရက်စက်ပါပြီ..ဘယ်လိုရက်စက်တယ်လို့ထင်လဲမင်းသားအဖေက ဗြိတိသျှကို မုန်းတယ် မင်းသမီးအဖေက အိန္ဒိယသားတွေကို မုန်းတယ် ဆိုတော့ သူတို့နှစ်ဦးကို နှစ်ဖက်မိဘတွေက သဘောမတူကြဘူး...။ကဲ..အချစ်အတွက်ဆို ဓါးတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုဖြတ်ရဖြတ်ရဆိုတဲ့သူများ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားသောတပန်ဆင်လို့ရပါပြီနော်.. File size…2.5GB /1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM ~ Sora ~ Taylor ...
movie

Prince(2022)

2022
Chup (2022) 8.3
Chup (2022) အခုတစ်ခေါက်မှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်အမျိုးသမီးတစ်ယောက် အိမ်ပြန်လာတော့ အိမ်ထဲမှာမှောင်နေတယ် သူ့ယောက်ျားကို သူအော်ခေါ်နေရင်း လိုက်ရှာတော့ အိမ်သာထဲမှာ တွေ့လိုက်ရတာကတစ်ကိုယ်လုံးကို တိတိပပ လှီးဖြတ်ထားတဲ့ ဓားရာတွေနဲ့ သေဆုံးနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်ရတော့တယ်သူ့ယောက်ျားက ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ပြီး သူသေတော့ သူ့နဖူးပေါ်မှာ အမှတ်အသားတစ်ခုရှိနေခဲ့တယ်အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ရထားလမ်းပေါ်မှာ လူတစ်ယောက် ကိုယ်တစ်ပိုင်းပြတ်ပြီး သေနေပြီးသူကလည်း ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်ဖြစ်ကာ သူ့ရဲ့နဖူးမှာလည်း ပထမတစ်ယောက်လိုမျိုး အမှတ်အသားတစ်ခု ရှိနေခဲ့တယ်..အဲဒီလိုနဲ့ လူသတ်မှုတွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ရဲတွေကို ပဟေဠိပေးနေတဲ့ အဲဒီကွင်းဆက်လူသတ်သမားက ဘယ်သူဖြစ်မလဲ ဘာကြောင့် ဒီလိုတွေသတ်နေတာလဲဆိုတာ မှုခင်းကားကြိုက်တတ်သူတွေအဖို့ ဒီကားဟာ တကယ့်ကို ပဟေဠိတွေနဲ့ အဖြေညှိရမယ့် မှုခင်းကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size...1.72GB / 788MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Yunni & Poe & OeliuJ
movie

Chup (2022)

2022
Beyond the Universe (2022) 6.5
Beyond the Universe (2022) Beyond the Universe (2022)(1080p ရပါပြီ)နာမည်လေးက နီနာဆွာစ် တဲ့ ... ပါရမီပါတဲ့အပြင် စန္ဒယားတီးတာကို ငယ်စဥ်ကတည်းက ဝါသနာပါသလို သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နာမည်ကြီးတေးဂီတဝိုင်းမှာ ပါဝင်တီးပြနိုင်ဖို့ ကြိုးစားနေသူပါ။ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသက်ငယ်ငယ်မှာတင် Lupus ဝေဒနာကိုခံစားရတယ်။ တဖြည်းဖြည်းနဲ့ရောဂါကပြင်းထန်လာပြီး ကျောက်ကပ်ကိုပါ ထိခိုက်လာပြီး ဆေးရုံဆိုတာကလည်း အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေရတော့တာပေ့ါ။ဒီလိုနဲ့တစ်နေ့မှာ သဘောမနော ကောင်းတဲ့ ဂါဘရီရယ်ဆိုတဲ့ အလုပ်သင်ဆရာဝန်လေးနဲ့ မထင်မှတ်ပဲတွေ့ဆုံကြတဲ့ အခါ ...ဘာတွေ ဆက်ဖြစ်မလဲ? ဘယ်လိုတွေ ro ကြမလဲ? ဆိုတာတော့ ဒီ Romance, Drama အမျိုးအစား ဒရမ်မာလေးမှာ ဆက်ပြီး ကြည့်ရှု ခံစားလိုက်ကြရအောင်နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။)File Size          : 1.9GB, 756MB, 391MB Quality  ...
movie

Beyond the Universe (2022)

2022
(18+) Still Life of Memories (2018) 5.3
(18+) Still Life of Memories (2018) ¶ကိုယ့်ရဲ့ စားပွဲအိုလေးထက်မှာ ပြန့်ကျဲ စက္ကူအပိုင်းအစတွေ ဆေးလိပ်တိုတွေနဲ့ ကံ့ကော်ပန်းခြောက်တစ်ပွင့် ဒါသက်ငြိမ် ပန်းချီကားပဲ¶ ထူးအိမ်သင်ရင် သက်ငြိမ်သီချင်းကို တိုးတိုးလေးငြီးမိရင်း ဒီဇာတ်ကားလေးရဲ့အညွှန်းကို ပုံဖော်ကြည့်မိသည်။အနုပညာတွင် still art လို့ခေါ်တဲ့ သက်ငြိမ်အနုပညာ ဆိုတာ ခံစားရနက်နဲသည် ပန်းချီတို့ ဓာတ်ပုံတို့သည် သက်ငြိမ်အနုပညာပင်ဖြစ်သည်။ မိုနာလီဇာပန်းချီကားတို့ ဗင်းဆင့်ဗန် starry night အာလူးစားသူများ အစရှိသည်ကနေ ပူလစ်ဇာဆုရ ဓာတ်ပုံများထိ သက်ငြိမ်များပင်..... ခေတ်တွေပြောင်း ရာစုနှစ်တွေကြာညောင်းပါစေ ပန်းချီကား ဓာတ်ပုံကားချပ်များက စကားလှမ်းပြောနေကြသည်။တစ်ယောက်နှင့်တစ်ယောက် ကြားရသည့်အသံတွေတော့ တူမည်မဟုတ်။ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို စီးကရက်ဖွာရင်း ခံစားတတ်သူတွေအတွက် ယခုရုပ်ရှင်က အသိမ်မွေ့ဆုံး သက်ငြိမ်တစ်ခုကို ရုပ်ရှင်အနုပညာထဲတွင် ထုဆစ်ပြသပေးထားသည် ရုပ်ရှင်ပွဲတော်များတွင်လဲ ဆုများရရှိခဲ့ပြီး ပန်းချီပညာ ဓာတ်ပုံပညာ ဒဿနများပြည့်ဝစွာဖော်ကျူးထားသော သက်ငြိမ်ပန်းချီကားတစ်ချပ် မိတ်ဆွေတို့အတွက် တစ်ကိုယ်ရည်ညချမ်းတွေကို အဖော်ပြုပေးနိုင်မှာပါ File size…3.24GB / 1.06GB Quality…1080p BluRay  /720p Format…mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Still Life of Memories (2018)

2018
[18+] Color of Night (1994) 5.2
[18+] Color of Night (1994) Color of Night (1994)Erotic ကားပေမဲ့ ဒီရုပ်ရှင်ကို ရိုက်တဲ့သူက Richard Rush ပါ။ ၁၉၈၀တုန်းက The Stunt Man ကားနဲ့ အော်စကာမှာ ဒါရိုက်တာဆုတွေ ဇာတ်ညွှန်းဆုတွေ ဝင်ခဲ့တဲ့ဘဲပေါ့။ သရုပ်ဆောင်တွေက‌တော့ ဘရုစ်ဝီလီစ်နဲ့ မာစတာပိစ်ကားတွေ အပေါသားရှိတဲ့ ပြင်သစ်မှာ "The Lover"လို့ခေါ်တဲ့ ခုဂန္ထဝင်ဖြစ်နေလောက်တဲ့ ပြင်သစ်အချစ်ကားကို ဟောင်ကောင်ရုပ်ရှင်လောကရဲ့ ဘစ်တိုနီလို့ခေါ်တဲ့ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆာင်ဖူးတဲ့ အလှလေးပါပဲ။ သူပျိုမျစ်တုန်းက အဲဒီကာလမှာ နာမည်ကြီးအောင်မြင်နေတဲ့ ဘရုစ်ဝီလီစ်နဲ့ ရိုက်ထားတဲ့ကားဆိုတော့ ကြည့်ကို ကြည့်သင့်တဲ့ကားပါပဲ။လူနာတစ်ယောက်ကို ကုသနေရင်းတန်းလန်းမှာ တုန်လှုပ်စရာပုံစံနဲ့ ဆုံးရှုံးလိုက်ရတဲ့ စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါတစ်ယောက် သူကိုယ်တိုင်ရလိုက်တဲ့ စိတ်ဝေဒနာကို ကုစားဖို့ စိတ်ကုဆရာဝန်ပဲဖြစ်တဲ့ သူ့သူငယ်ချင်းဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ တစ်မျိုးစီမတူကွဲပြားကြတဲ့ ဝေဒနာရှင်ငါးယောက်ပါ တိုင်ပင်ဆွေးနွေးဝိုင်းမှာ အတူပါဝင်ရင်းနဲ့ နာလန်ထူဖို့ ဘေးလ်ကြိုးစားနေချိန်မှာပဲ ...
movie

[18+] Color of Night (1994)

1994