Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Romance
5.9
Autumn Fairy Tale ( 2019 )
ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယား ဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ် Xu kai နဲ့ Zhao Lusi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲ အန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့ နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီး သူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက် အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့် အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့ အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီး ကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့ အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီး အန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော် Filesize : Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance , Drama , Family Runtime : 1h 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
Autumn Fairy Tale ( 2019 )
2019
Crush (2024)
Crush (2024) ကြင်သူအလိုကျ Genre – Romance, Dramaကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင် ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့ အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊ အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့် ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.84GB / 998MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Crush (2024)
2024
A Moment to Remember (2004)
A Moment to Remember (2004)*********************************အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလိုဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီးအမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက်ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေကဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလိုသင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းကပေါ့။တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာအချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလိုကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ...
movie
A Moment to Remember (2004)
7.3
Hello! (2017)
Hello (2017) IMDb: 7.3/10 Genre: Action/Romanceဒီရုပ်ရှင်ကို "ငယ်ကချစ်နှစ်တစ်ရာ" လို့ပဲဆိုမလား၊ "နဖူးစာရွာလည်တယ်" လို့ပဲဆိုမလားမသိတော့ပါဘူး။တော်တော်လေးကို ရင်ထဲကလိကလိဖြစ်စေတဲ့ အချစ်ဇာတ်လမ်းလေးတစ်ခုဆိုရင်လည်းမမှားပါဘူး။Serendipity ကိုကြည့်ဖူးတဲ့လူတွေဆိုရင်တော့ ဒီဇာတ်လမ်းလေးက ဆင်သယောင်ယောင်ဖြစ်နိုင်ပေမယ့်ပြန်တွေးကြည့်တော့လည်း သိပ်မဆင်ပြန်ပါဘူး။ ပြောချင်တာကတော့ ရင်ထဲမှာနွေးကနဲဖြစ်သွားစေမယ့်ဇာတ်လမ်းလေးပါ။ အတော်လေးလည်း ကြည်နူးဖို့ကောင်းပါတယ်။ဇာတ်ညွှန်း ဂျန်နူးဆိုတာကတော့ အနေအထားကြီးတဲ့ မိသားစုက တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်။ဆီနူးဆိုတာကတော့ မိဘမဲ့လမ်းဘေးက ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်နေ့မှာဘာဆက်ဖြစ်မလဲတောင်မသိတဲ့ ဆီနူးဆိုတဲ့ကောင်လေးနဲ့ ဂျန်နူးလိုကောင်မလေးမျိုးကဖူးစာပါတယ်လို့ပြောရင် ယုံချင်စရာတောင်မရှိပါဘူး။ သူတို့နှစ်ယောက်ဟာ ငယ်ဘဝမှာ အတော်လေးကိုခင်တဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်ခဲ့ပြီး ကံအကောင်းအကြောကင်းမလှတော့ နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။အချစ်တွေများစစ်လာရင် လမ်းက မဖြောင့်ဖြူးတတ်ပါဘူး။ဝေးကွာလိုက်တာမှမဖြစ်နိုင်လောက်တဲ့အထိပါပဲ။လမ်းမရှိတဲ့အမှောင်ထုထဲမှာ အပ်ပျောက်ရှာပုံတော်ဖွင့်နေရသလိုပါပဲ။ကိုဗဒင် ရဲ့ နေရာ(၂)သီချင်းထဲကလိုပဲပေါ့"ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင်အမြဲတမ်းပဲရှင်းလင်းထားပါတယ်" တဲ့။ဒီစာသားလေးထဲကလိုပဲ အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးတည်းသောသူအတွက် ပြန်လာလို့ရအောင် နှလုံးသားတစ်ခါးကိုဖွင့်ထားတတ်ကြပါတယ်။ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဆိုပေမယ့်တကယ့်တကယ် ချစ်သောသူနှစ်ယောက်ဝေးကွာတဲ့အခါမှာတော့ ကမ္ဘာကြီးကထင်သဘောလည်းကျဉ်းမနေပါဘူး။ဂျန်နူးနဲ့ဆီနူးတို့နှစ်ယောက်ရဲ့ ကံတရားကဘယ်လိုများအကြောင်းဖန်လာမှာလဲ။ကျွန်တော်ကတော့ တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့ပဲပြောပါရစေခင်ဗျာ။ File size… 2.7 GB / 1.3 GB Quality… WEBRip 1080p / 720p Format… mp4 Duration…. 2h ...
movie
Hello! (2017)
2017
7.6
Savi (2024)
Savi (2024) (အသွားမတော်တစ်လှမ်း)နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။ တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့ နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာ ဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊ အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်း အခိုင်အမာပြောဆိုနေပါတယ်။နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်း မိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ...... နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား .... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File size…1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Savi (2024)
2024
6.4
Eye on Juliet (2017)
Eye on Juliet ဇာတ်ကားဟာ 2017 မှာ ထွက်ရှိထားတဲ့ Romance/Drama အမျိုးအစား ဖြစ်ပါတယ်။ IMDb 6.4 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရ အဆင်ပြေတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ရီမုထိန်းချုပ်စက်ရုပ်လေးတွေနဲ့ ဆီပိုက်လိုင်း လုံခြုံရေးပေးရတဲ့ ဂေါ်ဒန်ဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံရာမှာ ဘာတွေဆက်ဖြစ်မလဲ။အသဲကွဲနေတဲ့ ဂေါ်ဒန်ဟာ အချစ်ကိုအယုံကြည်ရှိဦးမှာလား၊ သူ့ရဲ့နေ့စဉ်ဘဝကိုဘယ်လိုသက်ရောက်လဲဆိုတာကို မြင်တွေ့ရမှာပါ။ မိုင်ထောင်ချီဝေးနေလည်း ချစ်ရင်ဘာမဆိုဖြစ်နိုင်မလားဆိုတာကိုChannel Myanmar ပရိတ်သတ်ကြီးတို့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာဖြစ်ပါတယ်။ File size… 1.2 GB / 562 MB Quality… BDRip 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by KK
movie
Eye on Juliet (2017)
6.9
Charlie Bartlett (2007)
ချာလီဘာလက်ဆိုတဲ့သူက အရမ်းစိတ်ကူးယဉ်တတ်သူပါ။ ဆယ်ကျော်သက်ဖြစ်တဲ့အလျှောက် သူငယ်ချင်းအသိုင်းအဝိုင်းမှာအရမ်းနာမည်ကြီးချင်သပေါ့။အဲဒီလိုနဲ့သူဟာ တက်သမျှကျောင်းမှာ ပြဿနာတွေလိုက်ရှာပြီး ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းလိုက်ပြောင်းရတဲ့နောက်...ဒီဇာတ်ကားထဲမှာ အားလုံးရဲ့ အချစ်တော် Robert Downey Jr. ကလည်း ပါ၀င်ထားတာမို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ Comedy, Romance ဇာတ်ကားကောင်းတစ်ကားပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_( 2.2GB)/( 1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Charlie Bartlett (2007)
6.7
Imagine Me & You (2005)
Imagine Me & You (2005)IMDb – 6.7/10 Genre - Comdey, Drama, RomanceGOT စီးရီးမှာ ဆာဆီ လန်နစ္စတာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lena Headey၊ Watchmen နဲ့ The Imitation Game မင်းသား Matthew Goode နဲ့ မင်းသမီး Piper Perabo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရေချယ်က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီးချစ်မိသွားခဲ့ပါတယ်။လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင် ၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို ...
movie
Imagine Me & You (2005)
7.7
The Dream Songs (2023)
The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီးဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo)ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေအိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့်ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ...
movie
The Dream Songs (2023)
Virgin Theory (2014)
Virgin Theory (2014) ********************Main Cast များအနေနဲ့ Hwang Woo Seul Hye ၊ Kim Sa Hee နဲ့ The Graceful Family ကားထဲမှ မင်းသား Kim JIn Woo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်း --------------ဂွန်မာဟီး (Hwang Woo Seul Hye) က ရည်းစားတစ်ခါမှ မထားဘူးတဲ့ ၃၃ နှစ်အရွယ် အပျိုကြီးဖြစ်ပါတယ် သူနဲ့ ငယ်ငယ်လေးကတည်းက ခင်လာတဲ့ ဆန်းအူ (Kim JIn Woo) ကို ကြိတ်သဘောကျနေပေမဲ့ ရည်းစားထားဖူးတဲ့ အတွေ့အကြုံ တစ်ခါမှ မရှိတာမို့ အခက်တွေ့နေပါတယ်တစ်နေ့ မာဟီးရဲ့ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် သူတို့အိမ်ကို ဆယ်ယောင်း (Kim Sa Hee ) ဆိုတဲ့ မိန်းကလေး ရောက်လာခဲ့ပါတယ် ဆယ်ယောင်းကတော့ nude ရုပ်ပုံတွေဆွဲတဲ့ ပန်းချီဆရာမပါ ရည်းစားထားတဲ့နေရာမှာ ဆရာမကြီးဖြစ်တဲ့ ဆယ်ယောင်းက ဆန်းအူကိုအပိုင်ရအောင် လုပ်ရမဲ့နည်းလမ်းတွေ ...
movie
Virgin Theory (2014)
Lobola Man (2024)
မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ ......ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ .... သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား ...... အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ... ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Lobola Man (2024)
6.1
The Wedding Date (2005)
Kat Ellis ဆိုတဲ့ကောင်မလေးကတော့ အပျိုကြီးဖြစ်ရမှာကို ကြောက်နေတဲ့သူတစ်ယောက်ပေါ့တစ်နေ့မှာ သူ့ညီမဖြစ်သူက သူ့ထက်အရင် မဂ်လာဆောင်ပြီလို့ သိလိုက်ရတဲ့နောက်...သူ့ညီမ မဂ်လာပွဲကို သွားဖို့ ရည်းစားအဖြစ် လိုက်ပေးမယ့်သူကို ရှာငှားတော့တာပေါ့ဒီလိုနဲ့ သူ့ညီမ မဂ်လာဆောင်မှာ ဘာတွေဖြစ်ကုန််မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ရိုမန့်တစ်ဆန်ဆန်ကားလေးပဲဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော Mark ပါ )File size_(2GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
The Wedding Date (2005)
5.7
Ask the Dust (2006)
ဒီဇာတ်လမ်းကတော့ သူကြိုက်နေတဲ့ ကောင်မလေးကိုမှ စတွေ့ကတည်းက မချေမငံပြောပြီး စော်ကားတတ်တဲ့ မိန်းမတွေအကြောင်းနားမလည်တဲ့ စာရေးဆရာ Arturo Bandini နဲ့ သတ္တိရှိတဲ့ ခပ်စွာစွာ စားပွဲထိုးမလေး Camilla ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။Arturo က Colorado ကနေ LA ကို ဝတ္ထုရေးဖို့ပြောင်းလာတဲ့ အီတလီလူမျိုးစာရေးဆရာဖြစ်ပြီး ဘားတစ်ခုက စားပွဲထိုး မက္ကဆီကန်မလေး Camilla ကို မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဒါပေမဲ့ သူချစ်တာက အဆန်းသား။ Camilla ကို ကော်ဖီသောက်မကောင်းလို့ ရန်တွေ့ပြီး ကော်ဖီကိုသွန်ပစ်ပြီး ထွက်သွားခဲ့တယ်။ ဆင်းရဲတဲ့စာရေးဆရာဖြစ်တဲ့ Arturo နဲ့ ချမ်းသာတဲ့သူကိုမှလက်ထပ်ချင်နေတဲ့ Camilla တို့ နှစ်ယောက် တွေ့တိုင်းရန်ဖြစ်နေရာက တဖြည်းဖြည်း ခံစားချက်တွေပေါက်ဖွားလာရာမှာတော့ နဂိုရှုပ်ပြီးသား သူတို့အချစ်ရေးက လူမျိုးရေးခွဲခြားတတ်တဲ့ခေတ်ရဲ့ ပြဿနာတွေကြောင့် ဘယ်လိုအခက်အခဲတွေ ဆက်ပြီးရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ Romance ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။( ...
movie
Ask the Dust (2006)
6.7
Homme Fatale (2019)
Homme Fatale 2019 IMDb: 6.2/10 Genre: Comedy, History, Romanceဒီဇာတ်လမ်းမှာတော့ 2PM က Lee Joon-Ho ကို playboy အဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ် ပျောက်ချက်သားကောင်းနေတဲ့ Mischievous Kiss က မမ Jung So-Min ကလည်း အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဟောဆဲ့က ကချေသည်မိခင်က မွေးဖွားလာတဲ့ မျိုးရိုးနိမ့်တစ်ယောက်ပါ မိခင်ဆုံးပါးပြီးနောက် ကချေသည်အိမ်မှာပဲ ကချေသည်တွေကြားမှာ ကြီးပြင်းလာခဲ့တယ် ကချေသည်တွေကသာ သူ့ရဲ့ မိသားစုဖြစ်လာခဲ့တယ်တစ်ရက်မှာ ကချေသည်အိမ် အကြွေးနဲ့ သိမ်းခံရမယ့် အခြေအနေကိုရောက်လာတယ် ဟောဆဲ့လည်း မနေသာတော့ပဲ တစ်ဖက်တစ်လမ်းကနေ ဝင်ငွေကူရှာတဲ့အခါမှာတော့ ယောက်ျား ကချေသည်အဖြစ်နဲ့ မိန်းမတွေကို ဖျော်ဖြေရသူဖြစ်လာတယ် တကယ်က သူ့မှာ အရမ်းချစ်တဲ့ မိန်းကလေးရှိတယ် သူ့ရဲ့ ဒီလိုအခြေအနေမှာ သူချစ်တဲ့ကောင်မလေးနဲ့ နီးစပ်နိုင်ပါ့မလားသူတို့ရဲ့ အချစ်ကို ဘယ်လို ပုံဖော်ပြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါနော် File size… 1.5 GB / 816 MB Quality… ...
movie
Homme Fatale (2019)
2019
Lock-On Love (2018)
Lock-On Love (2018) IMDb: 6.1/10 Genre: Comedy, Romance ပေါ့ပေါ့ပါးပါးပေမဲ့ နွေးနွေးထွေးထွေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဂျပန်လူငယ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လိုက်ကတော့ ပင်ကိုယ်ရူပကာ သနားကမားနဲ့ ကောင်မလေးတွေ ဝိုင်းသဘောကျကြတဲ့ အထက်တန်းကျောင်းသားလေးတစ်ဦးပဲဖြစ်ပါတယ်။ မွေးကတည်းကနေ အခုထက်ထိ ဘာမှထွေထွေထူးထူးမလုပ်ရပါဘဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ အော်တိုပြည့်နေသူမျိုးပေါ့။မိန်းကလေးတွေကြားရည်ပန်းစားနေတော့ သူ့ကိုယ်သူလည်း အချစ်ခံရတယ်ဆိုပြီး ဘဝင်လေဟပ်နေပေမဲ့ တစ်ရက်မှာ သူတို့အဖွဲ့ထဲက သာမန်ရုပ်ရည်နဲ့ သူငယ်ချင်းတစ်ယောက် ရည်းစားရသွားတော့မှ သူ့မှာ တကယ်တမ်း ချစ်သူရည်းစားကောင်မလေး တစ်ခါဆိုတစ်ခါမှ မရှိဖူးသေးဘူးဆိုတဲ့ အမှန်တရားကို သွားသတိထားမိလိုက်ပါတယ်။ ဟုတ်ပါတယ်၊ သူဟာ မိန်းကလေးတွေအဖို့ ချစ်စရာလေးဆိုပြီး ဝိုင်းဝိုင်းလည်နေပေမဲ့ အဲ့ဒီထက်မပိုတဲ့၊ ရည်းစားတော်ဖို့ကျ ဘယ်သူမှ မတွေးထားတဲ့ အလှကြည့်ယောကျ်ားသပ်သပ်သာဖြစ်နေခဲ့တာပါ။အဲ့ဒီလိုနဲ့ သူဟာ ရည်းစားတစ်ယောက်တော့မဖြစ်မနေရှာမယ်လို့ အပိုင်ခဲပြီး ဘော်ဒါတွေအကူအညီနဲ့ သူကြိုက်တဲ့မိန်းကလေးကို လိုက်ရှာရင်းကနေ လှလည်းလှ တော်လည်းတော် သွေးလည်းကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိကျပြီး ဖွင့်ပြောလိုက်ရာက ချက်ချင်းအငြင်းခံလိုက်ရပြီး သူ့ရဲ့ ...
movie
Lock-On Love (2018)
5.7
The Night Of The Peak ( 2024 )
သဲထိတ်ရင်ဖိုရုပ်ရှင်ကို ကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် The night of the peak ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အင်တာနက်စာရေးဆရာစူးဖေးဟာ ရည်းစားဖြစ်သူ အသတ်ခံရပြီးနောက် ပုံရိပ်ယောင်တွေကို ထင်ယောင်ထင်မှား မြင်မိနေပါတယ်။ အဲဒီနောက် သူဟာ စိတ်ပြေလက်ပျောက်အပန်းဖြေရအောင် တိတ်ဆိတ်အေးချမ်းတဲ့ စန်းကျားရွာကို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စန်းကျားရွာမှာ သူမဟာ တစ်ရက်မှ အေးချမ်းမှုကို မရခဲ့ဘဲ လူယုတ်မာရဲ့ ထောင်ချောက်ထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ တည်းခိုဆောင်မှာ လာရောက်တည်းခိုနေတဲ့ ပန်းချီဆရာနဲ့ တည်းခိုဆောက်ပိုင်ရှင် ရန်ပေါဆိုသူတို့ထဲမှာ ဘယ်သူက တရားခံအစစ်ဖြစ်မလဲ...... တရားခံကရော စူးဖေးကို ဘာလို့ လိုက်လံနှောင့်ယှက်နေရတာလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Filesize : 653 MB /387 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Romance , Horror , Mystery Runtime : 1h 06 min Subtitle ...
movie
The Night Of The Peak ( 2024 )
7.7
Laila Majnu (2018)
Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ ...
movie
Laila Majnu (2018)
2018
The History of Walking Upright (2017)
The History of Walking Upright (2017)*************************************မကြာသေးခင်ကမှ Lovely Runner ဇာတ်လမ်းတွဲနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့တဲ့ Byeon Woo Seok နဲ့အသွက်လေး Kang Mi Na တို့ အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး IMDb rating 8.4 ရရှိထားတဲ့ Romance Youth Drama လေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..မီနာလို့ခေါ်တဲ့ ကောင်မလေးဟာ ကိုယ်ပျောက်အစွမ်းရှိပြီးမိသားစုနဲ့ ရင်းနှီးတဲ့ အသိအစ်ကိုဂျုံမင်းကို တစ်ဖက်သတ် ကြိုက်နေခဲ့တဲ့သူပါ၇ နှစ်လုံးလုံး ဖွင့်မပြောဘဲ့ အစ်ကိုဂျုံမင်းဘက်ကနေ ဖွင့်ပြောလာဖို့ စောင့်မျှော်နေတာလည်းဖြစ်ပါတယ်ဒါပေမဲ့ ဂျုံမင်းဘက်ကတော့ မီနာက သေးသေးကွေးကွေးနဲ့ ကလေးဆန်ဆန် နေတတ်တဲ့သူမို့ကလေးလေးလို့ပဲ သဘောထားနေခဲ့တာပါတစ်နေ့မှာ ဂျုံမင်းတစ်ယောက် ရည်းစားရသွားတဲ့အခါ ..မီနာတစ်ယောက် ကမ္ဘာတွေပျက်ပြီး ဂျုံမင်းနဲ့ သူ့ရည်းစားကို ကွဲအောင် အမျိုးစုံကြိုးခုန်ပြီး ကြံစည်တာကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ...
movie
The History of Walking Upright (2017)
6.7
Find Me Falling (2024)
"Find Me Falling" ဟာ 2024 ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Stelana Kliris ကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ဟောလိဝုဒ်မင်းသားချောကြီး Harry Connick Jr. ကအမေရိကန်ရော့ခ်စတား John Allman အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရော့ခ်စတား John Allman ဟာ ဂီတလောကကနေခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်းသွားနေခဲ့ပါတယ်။ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေလူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့နေရာဖြစ်နေတာပါ။ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီးသူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ Sia နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ရောယှက်ပြီး John ရဲ့ဘဝထဲကိုရိုက်ခတ်လာပါတော့တယ်။ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို ပရိသတ်တွေကိုအံ့အားသင့်စေနိုင်တဲ့ အတွေးအခေါ်တွေကိုလည်း စောင့်မျှော်ကြည့်ရှုခံစားကြရမှာပါ။ File size… 1.44GB / 614MB Quality… NF WEB-DL 1080p 5.1CH / ...
movie
Find Me Falling (2024)
5.7
Wrong Love ( 2024 )
အချစ်ရုပ်ရှင်လေးတွေပဲ ကြည့်ချင်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တို့အတွက် Wrong love ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျန်းဟဲ့နဲ့ လင်ဖေးတို့ဟာ လူတိုင်းက အားကျရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ နယ်ကနေ မြို့ကိုတက်လာခဲ့ပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေး ၂ ယောက်ဟာ မြို့ပြရဲ့ ရှုပ်ထွေးမှု အောက်မှာ လမ်းပျောက်ခဲ့ရပါတယ်။တစ်ဖက်မှာ ကုမ္ပဏီသူဌေးက လင်ဖေးကို လိုချင်စိတ်ကြောင့် လင်ဖေးရဲ့ သူငယ်ချင်းဖြစ်သူ လိလိကို ကျန်းဟဲ့နဲ့ လင်ဖေးတို့ဆက်ဆံရေးကို ကြားထဲက ဝင်ရှုပ်ခိုင်းခဲ့သလို တစ်ဖက်မှာ ကျန်းဟဲ့ကလည်း ရှယ်ယာကစားပြီး လောဘထောင်ချောက်ထဲ ဝင်သွားပြီး အတိုးမြင့်ချေးငွေတွေထဲ နစ်မြုပ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ ကျန်းဟဲ့တစ်ယောက် ပျောက်သွားခဲ့ပြီး လင်ဖေးကို အကြွေးရှင်တွေက လိုက်ပြီးနှောင့်ယှက်ပါတော့တယ်။ လင်ဖေးတစ်ယောက် အကြွေးဆပ်ဖို့ ဘယ်လိုဆုံးဖြတ်ချက်မျိုး ချခဲ့ရသလဲ...... ကျန်းဟဲ့ကရော အောက်ဆုံးအထိ ကျရှုံးသွားပြီးနောက် ဘဝကို အရှုံးမပေးပဲ ဘယ်လို ကြိုးစားမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Filesize : 1.62 GB / 975 MB Quality : WEB-DL 1080p ...
movie
Wrong Love ( 2024 )
First
5
6
7
8
9
Last
Previous
Next