Channel Myanmar

Romance

Stuck in Love (2012) 7.2
Stuck in Love (2012) Stuck in Love (2012)================ IMDb 7.2 / Rotten Tomatoes 58%မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Loveဇာတ်လမ်းလေးကတော့...ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ်မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်းအချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကိုနှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်.. File size…1.36GB / 544MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ..... Crime , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Stuck in Love (2012)

Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Can’t Help Falling in Love (2017) 6.9
Can’t Help Falling in Love (2017) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်...အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ...
movie

Can’t Help Falling in Love (2017)

2017
Frances Ha(2012) 7.4
Frances Ha(2012) Frances Ha (2012)===============IMDb - 7.4/10 Rotten tomatoes - 93%ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်တွေအတွက် ရုန်းကန်ရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ အကြောင်းကိုB&W နဲ့ အလှပဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အသက် 27 အရွယ် ဖရန့်စစ် ဟယ်လာဒေး (Greta Gerwig) ဟာကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ ကနေ နယူးယော့ခ်မြို့ကိုလာပြီးအကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ်ဝင်လုပ်ရင်း ကိုယ်ပိုင်အိပ်မက်ဖြစ်တဲ့အောင်မြင်တဲ့ အကပညာရှင် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နယူးယော့ခ်က တိုက်ခန်းတစ်ခုမှာ သူငယ်ငယ်လေးကတည်းက ခင်လာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ (Mickey Sumner) နဲ့အတူငှားနေရင်း တနေ့မှာဆိုဖီက တခြားတိုက်ခန်းပို‌ကောင်းတဲ့တစ်ခုကိုပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘာပြဿနာအခက်အခဲပဲရှိရှိ ပေါ့ပေါ့ပါးပါးပဲဖြေရှင်းတတ်ပြီး သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာထင်‌နေခဲ့တဲ့ ဖရန့်စစ်တယောက်နယူးယော့ခ်မြို့ကြီးမှာဆက်လက်ရှင်သန်နိုင်ဖို့ ဘယ်လိုတွေ ဆက်ပြီးရုန်းကန်ရမလဲ၊ သူလုပ်သမျှအလုပ်တွေကရော အကုန်အဆင်ပြေလာမလား၊သူ့ရဲ့အပ်မက်ကရော ဖြစ်မြောက်လာမလား ကျရှုံးသွားမလား ဆိုတာကိုဆက်လက် ရှုစားပေးကြပါဦးခင်ဗျ။ File ...
movie

Frances Ha(2012)

Falling in Love (1984) 6.5
Falling in Love (1984) Falling in Love (1984)~ IMDb - 6.5/10, Rotten Tomatoes - 54% ~ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော... ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို ...
movie

Falling in Love (1984)

1984
Serendipity Love (2022) 5.9
Serendipity Love (2022) ါနောင်တအရဆုံးက မင်းနောင်တရတဲ့ကိစ္စကငါနဲ့သက်ဆိုင်နေတာပဲ အချင်းချင်းချစ်ရဲ့သားနဲ့ ကံစီမံရာကိုမကျော်ဖြတ်နိုင်တော့လည်း......လင်ဟိန်ယွီက ဖြောင့်မတ်လွန်းပြီးစာတော်တဲ့ ဆေးပညာရပ်မေဂျာကမာစတာကျောင်းသားတစ်ယောက် ဆရာရဲ့အလေးထားခြင်းခံရသလို သူငယ်ချင်းတွေကလည်းချစ်ကြတယ်ရှန့်ယန်ကအိမ်အခြအနေကောင်းမွန်တဲ့ ပါရမီပါတဲ့ပန်းချီမေဂျာကကျောင်းသူ ရှန့်ယန်နဲ့လင်ဟိန်ယွီကငယ်ငယ်ကတည်းသိကျွမ်းတဲ့သူတွေဖြစ်ပေမဲ့ ကိစ္စအမျိုးမျိုးကြောင့် ပထမဆုံးအကြိမ်ခွဲခွာခဲ့ရတယ် တက္ကသိုလ်တက်နေတဲ့သာမာန်နေ့တစ်ရက်လေးမှာ သူတို့နှစ်ဦးပြန်လည်တွေ့ဆုံခဲ့တယ်အချင်းချင်းနှစ်သက်နေတဲ့သူနှစ်ယောက်က ကိုယ့်ခံစားချက်ကိုရင်ဖွင့်ပြီး ကျောင်းဝတ်စုံဘဝကနေ မင်္ဂလာဝတ်စုံဝတ်တဲ့အချိန်ထိ စိတ်ကူးရင်ရင်းနဲ့လက်တွဲသွားကြတယ် သူတို့စိတ်ကူးထားတဲ့အတိုင်း မင်္ဂလာဝတ်စုံဝတ်တဲ့အထိ လက်တွဲသွားနိုင်မလား? အသီးသီးကိုယ့်လမ်းကိုယ်စီလျှောက်ကြမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင် [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Serendipity Love (2022)

18 Pages (2022) 7.7
18 Pages (2022) 18 Pages (2022)IMDb 7.7/10 Rowdy Boys တုန်းက ချစ်စရာ့အလှလေး Anupama Parameswaran ရဲ့ဇာတ်ကားသစ်ထွက်ရှိလို့လာပါပြီ Box office မှာ သန်း၁၆၀ ရင်းပြီး သန်း၂၅၀ထိပြန်ရခဲ့လို့ အမြတ်လဲတော်တော်ထွက်ခဲ့တဲ့ဇာတ်ကားလေးပါဇာတ်လမ်းလေးကိုကြည့်ရတာ အိန္ဒိယကားဆိုတာထက် ဟောလီးဝုဒ် အငွေ့အသက်မျိုးထိရအောင်ကို ဇာတ်လမ်းသွားလေးက ရိုးရိုးလေးနဲ့လှပါတယ်လူတစ်ယောက်ကို ဒိုင်ယာရီလေးကနေချစ်မိသွားတဲ့အခါ သူ့ကိုတွေ့ချင်လာတဲ့အခါ ရေဆုံးမြေဆုံးလိုက်ရှာမိရင်း ဒိုင်ယာရီထဲက သူ့အကျင့်တွေပါ ကူးစက်လာမိတဲ့အခါ အချစ်စစ်သာဆိုရင် ဆူးခင်းလမ်းလည်း ပန်းခင်းလမ်းဖြစ်တတ်သွားကြောင်းပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်လက်ကြည်နူးခံစားကြည့်လိုက်ပါဦး File size…2.2GB / 1.03GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~ Yunni ~ BpL
movie

18 Pages (2022)

2022
The Railway Man(2013) 7.1
The Railway Man(2013) The Railway Man(2013)====================၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာအခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်းသေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီးအချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / ...
movie

The Railway Man(2013)

Shotgun Wedding (2023) 5.8
Shotgun Wedding (2023) Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie

Shotgun Wedding (2023)

2023
Rust and Bone(2012) 7.4
Rust and Bone(2012) Rust and Bone(2012)================= လက်ဝှေ့သမားဟောင်း အလီဟာ ကြုံရာကျပန်းလုပ်ကိုင်ရင်းအလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ အစ်မဖြစ်သူအိမ်ကို သားလေးလက်ကိုဆွဲပြီး ရောက်လာပါတယ်။ ကလပ်တစ်ခုမှာဂိတ်စောင့် အနေနဲ့လုပ်ကိုင်ရင်း စတပ်ဖ်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်။တစ်နေ့တော့စတပ်ဖ်ဖနီတစ်ယောက် အလုပ်ကမတော်တဆမှုကြောင့်ထိခိုက်သွားချိန် အလီ နဲ့ပြန်ဆက်သွယ်မိသွားတယ် အလီ ဟာလည်းအလုပ်ကအသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ လက်ဝှေ့ပွဲတွေကိုစတပ်ဖ်ဖနီကိုခေါ်သွားပြီး ထိုးဖြစ်တယ်။ကြုံရာအလုပ်ကို လုပ်ကိုင်ရင်းမိသားစုဝမ်းရေးကို ဖြေရှင်းနေတဲ့အလီ နဲ့ မတော်တဆမှုကြောင့်စိတ်ဓာတ်ကျနေတဲ့ စတပ်ဖ်ဖနီတို့ဘဝအခက်အခဲတွေကိုကျော်ဖြတ်ကြပုံ အလီ တို့သားအဖနှစ်ယောက်ရဲ့သံယောဇဉ်တွေနဲ့ ကံကြမ္မာရဲ့ကျီစားပုံ တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…2.07GB / 823MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….2h Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie

Rust and Bone(2012)

A Sealed Book ( 2022 ) 6
A Sealed Book ( 2022 ) ဟိုးတစ်ချိန်တစ်ခါက လောကကြီး တစ်ခုလုံးဟာအလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းသွားခဲ့ပါတယ် ။ ဒီတော့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့လူတွေဟာ အမှောင်ထုဖုံးလွှမ်းသွားရခြင်းရဲ့ အကြောင်းပြချက်ကို ရှာဖို့ကြိုးစားခဲ့ကြပါတယ် ။အဲ့ဒီအထဲကမှ ရဲအရာရှိလေး ရှောင်ဝူလဲ အပါအဝင်ပါ ။ အမှောင်ထုဖုံးလွှမ်းရခြင်းရဲ့ အကြောင်းပြချက်ကို ရှာပြီး သူဟာ လောကရဲ့ သူရဲကောင်းဖြစ်ချင်နေခဲ့တာပါ ။ သူတို့တွေ ခရီးဆက်လာခဲ့ပြီး လမ်းတစ်ထောက်မှာတော့ အမှောင်ထုဖုံးလွှမ်းရခြင်းဟာ ရှေးခေတ် ထူးဆန်းလှတဲ့ ကောင်းကင်ဘုံစာအုပ်ကြောင့်ဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ မြေအောက်နန်းတော်ကနေ ပျောက်ဆုံးနေခဲ့ပါတယ် ။မြေအောက်နန်းတော်က လူတွေဟာ မသေမျိုးတွေဖြစ်ပြီး အဲ့ဒီထူးဆန်းစာအုပ်ဟာလဲ အဘယ်သူကမှ ရယူနိုင်ခြင်းမရှိတဲ့ အခါမှာ ...? ❏ လောကကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုကြီးကို သူတို့တွေ ဖြိုဖျက်နိုင်ပါ့မလား ? ❏ ဒီကိစ္စကြီးဟာ ရှောင်ဝူ နဲ့ပါ သက်ဆိုင်နေတဲ့အခါ နောက်ကွယ်က အမှန်တရားဟာ ဘာများဖြစ်မလဲ ❏ သူရဲကောင်းဖြစ်ချင်ရှာတဲ့ ရှောင်ဝူတစ်ယောက် အဖြစ်မှန်ကို ရှာပေးပြီး လောကအတွက် အလင်းဆောင်ပေးနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie

A Sealed Book ( 2022 )

Bride for Rent (2018)
Bride for Rent (2018) Bride for Rent (2018)နာမည်ကြီး Bride for Rent ဖိလစ်ပိုင်ဇာတ်ကားကို ပြန်ရိုက်ထားတဲ့ ဗီယက်နမ်ကားလေးပါ။ ဖိလစ်ပိုင်ကားက 2014 မှာ ထွက်ခဲ့တာဖြစ်ပြီးတော့ ဗီယက်နမ်ကားကာတော့ 2018 မှာ ထွက်ထားတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ကားကို ကြည့်ဖူးပြီးသားသူတွေအတွက်တော့ သိပ်မထူးဆန်းပေမယ့် မကြည့်ဖူးသေးတဲ့သူတွေအတွက်တော့ ဟာသ၊ အချစ်ရသကို ခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိသားစုအတွက် အရေးပေါ်ငွေလိုနေတဲ့ Linh ရယ် အိမ်ထောင်ပြုမှ အမွေရမှာမို့ အိမ်ထောင်ဖက်လိုက်ရှာနေတဲ့ Long ရယ် တွေ့သွားတဲ့အချိန်မှာ အဘွားဆီက အမွေတွေရဖို့ ဟန်ဆောင်လက်ထပ်ဖို့ စာချုပ်ချုပ်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ကြည့်သွားပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.3GB | 622MB | 308MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar ...
movie

Bride for Rent (2018)

2018
Ultimate Oppa (2022)
Ultimate Oppa (2022) Ultimate Oppa (2022)ဒီတစ်ခေါက်မှာတော့ My Ultimate Oppa ဆိုတဲ့ မူဗီအသစ်လေးနဲ့မိတ်ဆက်ပေးပါရစေရှင်ဒီဇာတ်လမ်းလေးကတော့ စာရေးဝါသနာပါပြီး စာရေးဆရာဖြစ်ချင်တဲ့ ရာနာ ဆိုတဲ့ကောင်မလေးက သူ့အိုင်ဒေါ ကိုကိုမွန်းရှီဝူး ကို သူ့ရဲ့ Fanfic လေး ပို့ပေးခဲ့ရာကပြန်စာလေး ကံကောင်းစွာနဲ့ရလာခဲ့ပါတယ် အဲဒီအချိန်ကစပြီး ရာနာ့အတွက် ကိုကိုမွန်းရှီဝူးက ကမ္ဘာကြီးဖြစ်လာခဲ့ပါတယ် အဲဒီကိုကိုမွန်းရှီဝူးက သူ့ရဲ့ပထမဆုံးမိန်းကလေး ဖြစ်လာနိုင်တဲ့ “ မွန်းအတွက် ပထမဆုံးမိန်းကလေးနေရာကိုယှဉ်ပြိုင်ပွဲ” ကိုကျင်းပလာတဲ့အခါ ရာနာတစ်ယောက် ကိုရီးယားကို ရောက်လာပြီး သူ့ကိုကိုမွန်းရှီဝူးနဲ့ အနီးကပ် တွေ့ဆုံခွင့်ရလာခဲ့ပါတယ်ကိုရီးယားနိုင်ငံကြီးကိုလာပြီး ဘယ်လိုရင်ခုန်စရာတွေ အခက်အခဲတွေဖြစ်လာမှာလဲ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာမှာ တကယ်ရှိနေတာကဘာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒါ့အပြင် ဒီကားလေးက ဖိလစ်ပိုင်နဲ့ ကိုရီးယား Collaboration ကားလေးဆိုတော့ ပိုပြီးထူးခြားပါတယ် Communicate လုပ်တဲ့နေရာမှာလည်း အင်္ဂလိပ်လိုတွေပဲလုပ်သွားတာမို့ တခြားမူဗီတွေနဲ့မတူတဲ့ခံစားချက်ကိုရမှာအသေအချာပါပဲအများကြီးမညွှန်းတော့ပါဘူး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်လမ်းလေးမို့ အခုပဲကြည့်လိုက်ပါတော့နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p ...
movie

Ultimate Oppa (2022)

2022
Duyen Ma (2022)
Duyen Ma (2022) Duyen Ma / My Biyfriend is a Ghost (2022)ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Boyfriend Is A Ghost လို့အမည်ရတဲ့ Vietnam ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်န်ဆိုတဲ့ တစ်ကိုယ်တော် ရိုးသားကြိုးစားတဲ့ ကောင်လေးက ကံအကြောင်းမလှဘဲ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားပါတော့တယ်။ သေဆုံးခါစ ဝိဉာဉ်အဖြစ်နဲ့ သွားစရာမရှိဖြစ်နေတဲ့ မင်န့်ကို နော့ ဆိုတဲ့ ဝိဉာဉ်တွေ သရဲတွေကိုမြင်ရပြီး ခင်မင်ရတဲ့ဝိဉာဉ်တစ်ချို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်မလေးက သူ့အိမ်က ဝိဉာဉ်တွေနဲ့အတူတူ‌ လာနေထိုင်ဖို့ခေါ်လာခဲ့ရာက စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သေဆုံးသွားတဲ့အဖြစ်ကိုလက်မခံနိုင်ဖြစ်နေတဲ့ မင့်န်ကို ဝိဉာဉ်ဘဝနဲ့နေသားကျသွားအောင် ကူညီပေးနေရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ၊ အချစ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ကမ္ဘာနှစ်ခုခြားနေတဲ့ သူတို့အချစ်ရဲ့ခက်ခဲမှုတွေနဲ့အတူ ဘယ်လိုမျိုး အနှောင့်အယှက်တွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali နဲ့ Shin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Horror, Romance Quality…. 1080p | ...
movie

Duyen Ma (2022)

2022
Crazy Beautiful You (2015) 7.4
Crazy Beautiful You (2015) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ ...
movie

Crazy Beautiful You (2015)

The Yards (2000)
The Yards (2000) Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie

The Yards (2000)

Gurtunda Seetakalam (2022) 7.8
Gurtunda Seetakalam (2022) Gurthunda Seethakalam (2022)IMDb-7.7/10ဒီတစ်ခါတော့ ဘာဟုဗလီမင်းသမီးချောလေး သမန်နားပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်မြူးလေးပါကန်နာဒါဘာသာစကားပြော love mocktail ဇာတ်ကားကို remake လုပ်ထားတဲ့ တေလဂူစကားပြော တောင်ပိုင်းရုပ်ရှင်ပါအိန္ဒိယကားတွေထဲမှာ အိုဗာအက်တင်တွေမပါဝင်ပဲ အချစ်အကြောင်းကို ရိုးရိုးရှင်းရှင်းနဲ့ ဖော်ပြပေးထားတဲ့ ဒီကားလေးမှာ အချစ်ရဲ့အဓိပ္ပာယ်ကို အဓိကဇာတ်ဆောင် ဒေ့ဗ်ရဲ့ အချစ်ရှာပုံတော်ခရီးလေးနဲ့အတူ ဖွင့်ဆိုထားတာကို‌ တွေ့ရပါတယ် မူရင်းကားထဲကလို အိုဗာဟာသတွေဇွတ်ထည့်မနေပဲနဲ့ သင့်တော်တဲ့ရယ်ရွှင်စရာလေးတွေနဲ့ ကြည်နူးတစ်ခါပျော်ရွှင်တစ်လှည့်နဲ့ ကောင်မလေးနဲ့တူတူကြည်နူးနိုင်ဖို့ ပရိတ်သတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.05GB / 916MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai ThuRein ~ Nyein Aye
movie

Gurtunda Seetakalam (2022)

2022
Betty Blue (1986) 18+ 7.3
Betty Blue (1986) 18+ တံကောက်ကြောဖြတ်ထားခံထားရတဲ့မြင်းရိုင်းတစ်ကောင်လို မိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားတစ်ယောက်ရဲ့ သုခ ၊ ဒုက္ခ ၊ ချစ်ဒုက္ခ။ကံကြမ္မာရဲ့မျက်နှာသာမပေးမှုတွေကြောင့် ကမ္ဘာကြီးရဲ့လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပန်းကလေးလို ၊ မြင်းရိုင်းလို ၊ စိတ်ရူးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်လို.. မတရားမှုကို ဆတ်ဆတ်ထိမခံ တုံ့ပြန်တဲ့အရိုင်းလေး ဘက်တီရဲ့ဘဝအတုံ့အလှည့်တွေအကြောင်း။ အဖြစ်အပျက်တွေအကြောင်း။ဒီလိုမိန်းကလေးကိုမှ ချစ်မိတဲ့အမျိုးသားအတွက်တော့ ဒါဟာ ဝဋ်ကြွေးလို့လည်းခေါင်းစဥ်မတပ်ရက်တဲ့ လှလှပပ စိတ္တဇနာမ်လေးတစ်ခုလို့ပဲ ဆိုရမလား။ အရူးမကိုမှ ရွေးချစ်မိတယ်လို့ပဲ ဆိုရမလား။ဘာပဲဖြစ်ဖြစ် ချစ်မိပြီဆိုမှတော့ သူ့အတွက် အရာအားလုံး လုပ်ပေးချင်ခဲ့တာပါပဲ။ ကြယ်တွေ ခူးပေးတာပဲဖြစ်ဖြစ်။ ဓားပြတိုက်ပေးတာပဲဖြစ်ဖြစ်။ သူ့အတွက်နဲ့ တပါးသူကို အမှိုက်ပီဇာ ဖုတ်ကျွေးမိတာပဲဖြစ်ဖြစ်။ အချစ်ဆိုတာ ဒီလိုပဲလားလို့တွေးမိရင် ဒါက အချစ်ပါပဲလို့ညွှန်းရမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ဘက်တီဆိုတဲ့အမျိုးသမီးလေးက Zorg ဆိုတဲ့ယောကျာ်းတစ်ယောက်ဆီကို နေသာတဲ့နေ့တစ်နေ့မှာ ရောက်လာခဲ့ပါတယ်။ သူတို့အတူ ချစ်ရည်လူး တစ်တီတူးနေတာကို မြင်ပြင်းကတ်လှတဲ့လူတွေ သို့မဟုတ် တစ်ဆင့်စကားတွေကြောင့် ဇုရဲ့ အလုပ်ရှင်နားကို ပြန်လည်ပေါက်ကြားသွားတဲ့အခါ... Zorg နေတဲ့တဲကို အလုပ်ရှင်ရောက်လာပြီး ...
movie

Betty Blue (1986) 18+

Reindeer Games Homecoming (2022) 6.9
Reindeer Games Homecoming (2022) Reindeer Games Homecoming (2022)ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ဖို့အတွက် သူ့အဖေချစ်တဲ့ ကစားပွဲတွေကို အားကြိုးမာန်တက် ဆက်ဆော့ပြီး မြို့အတွက် ရန်ပုံငွေရှာပေးနေတဲ့ ကောင်မလေးမက်ခ်ဟာ တစ်နေ့မှာတော့ ကိုယ်ဝန်သည်အစ်မကို ကူညီပေးဖို့မြို့ကိုပြန်ရောက်လာတဲ့ သူ့အထက်တန်းကျောင်းတုန်းက ခရက်ရှ်လည်းဖြစ်၊ ငယ်သူငယ်ချင်းဟောင်းလည်းဖြစ်တဲ့ စူပါစတားနဲ့ပြန်ဆုံတွေ့ပြီး ခရစ္စမတ်မှာ ရန်ပုံငွေရှာတဲ့ပွဲအတွက် အတူတူဆော့ရင်းနဲ့ အတိတ်ကအနာဟောင်းကို ပြန်ဆွမိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။မက်ခ်ဟာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့ ငယ်ငယ်ကတည်းက အရမ်းကြိုးစားခဲ့ပြီး ဉာဏ်လည်းအရမ်းကောင်းပေမယ့် ဘာလို့ ဆရာဝန်အလုပ်မလုပ်ဘဲ အထက်တန်းကျောင်းမှာ ဆရာမဝင်လုပ်နေရတဲ့အကြောင်းအရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးခရစ္စမတ်ကားလေးကြည့်ပြီး ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 747MB | 359MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August
movie

Reindeer Games Homecoming (2022)

2022