Channel Myanmar

Romance

Love So Divine(2004) 6.7
Love So Divine(2004) Love So Divine(2004)*******************ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီးကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကိုသေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာအမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ...ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့....File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae
movie

Love So Divine(2004)

Love Today (2022) 8.1
Love Today (2022) Love Today (2022) IMDb - 8.1/10၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့...ဇာတ်လမ်းအကျဉ်း ချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်...ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား... ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့... ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကို သက်သေပြဖို့ တစ်ယောက်နဲ့တစ်‌ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။အဲ့မှာဇာတ်လမ်းစတော့တာပါပဲ...ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးက ဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ... ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့... File size…2.3GB/ 1.1GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~Nyein
movie

Love Today (2022)

2023
Love in the Maldives(2023) 6.7
Love in the Maldives(2023) Love in the Maldives(2023)*************************ဒီတစ်ခါညွှန်းပေးချင်တဲ့ကားကတော့ Romance ကားပဲဖြစ်ပါတယ် Rae Parker ဆိုတဲ့ ဆောင်းပါးရှင်ဟာ အမျိုးသမီးတွေအတွက် Solo adventure လိုဆောင်းပါးတွေကိုရေးပေးရတာဖြစ်ပါတယ်.... တစ်နေ့မှာ သူ့ရဲ့ Editor က သူ့ရဲ့ဆောင်းပါးတွေဟာတောင်တက်တာဘာညာတွေက အရမ်းများနေပြီမို့လို့ boring ဖြစ်နေလို့ Maldives ကျွန်းကိုသွားပြီးအသစ်အဆန်းလေး ရေးခိုင်းပါတယ်... Rae တစ်ယောက် Maldives သွားပြီး ဘယ်လို adventure တွေရှာလာမလဲ ...အဲ့ဒီကလူတွေနဲ့ရော ဘယ်လိုတွေခင်ခဲ့ကြမလဲ ဘယ်လိုအလှအပတွေတွေ့မလဲ...ကျွန်းအလှတွေ တစ်လှေကြီးခံစားရမဲ့အပြင် ချစ်စရာ ရိုခန်းလေးတွေလည်းမြင်တွေရမှာမို့ခံစားကြည့်ကြပါဦး...........................File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Love in the Maldives(2023)

Labyu with an Accent(2022) 6.7

Labyu with an Accent(2022)

More Than Ever (2022) 7
More Than Ever (2022) More Than Ever (2022)~ IMDb - 7/10, RT - 91%, Meta - 73% ~၂၀၂၂ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ပြင်သစ်-အင်္ဂလိပ် စကားပြော ရုပ်ရှင်ဖြစ်ပါတယ်။ သေရမယ်ဆိုပေဲ့ မသေခင် ရှင်သန်ရမယ့်ဘဝအကြောင်း၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မိန်းမတစ်ယောက်အကြောင်းပါပဲ။ သေရမယ်ဆိုတဲ့အသိဝင်သွားတာနဲ့ တပြိုင်နက် ဘဝတစ်ခုကို ဘယ်လို ခြောက်ခြားစေပြီးတော့ ဘယ်လို ပြန်လည်အားရှိစေလဲဆိုတာကို ရိုက်ပြသွားတာပါ။ ဘဝတစ်ခုရဲ့ အဆုံးသတ် သေခြင်းတရားမှာ ပုံမှန်အားဖြင့် ကိုယ်ချစ်ရသူတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိချင်ပေမယ့် တကယ်တမ်းကျတော့ လိုအပ်ရင် တကိုယ်ကောင်းဆန်စွာနဲ့ပဲ တစ်ယောက်ထဲ သေဖို့ ရွေးချယ်မိတယ်။ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ...
movie

More Than Ever (2022)

2022
The Cheese Sisters (2022) 5.6
The Cheese Sisters (2022) The Cheese Sisters (2022)အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလို့ ထင်ကြလဲ? ပန်းပွင့်လေးတွေလား၊ လိပ်ပြာလေးတွေလား? ဒီကားထဲမှာတော့ အချစ်ဆိုတာ အရောင် အနံ့ အရသာ ပုံစံမျိုးစုံနဲ့ ချိစ်လေးတွေလိုပါတဲ့။ဒီလိုချိစ်လေးတွေ ကိုယ့်ဆီရောက်လာဖို့အတွက် အဆင့် ၄ ဆင့်ရှိပါတယ်တဲ့။၁. နွားနို့ကို ကွာလတီကောင်းအောင် သေချာညှစ်ယူမယ် ၂. ချိစ်လုပ်မယ် ၃. ရလာတဲ့ချိစ်တွေကို ဆိုင်တွေဆီတင်ပို့ရမယ် ၄. ချိစ်လေးတွေကို ကိတ်မုန့်အသွင်ပြောင်းပြီး ကိုယ်ပေးချင်တဲ့သူဆီ လက်ဝယ်အပ်မယ် ဒီဇာတ်ကားထဲက ပရန်ပြောသလိုဆိုရင် ချိစ်ဆိုတာဖြစ်လာအောင် အဆင့်ဆင့်ကြိုးစားကြရသလိုမျိုး အချစ်ဆိုတာဟာလည်း အလားတူပါပဲတဲ့။ဒီကားလေးထဲမှာတော့ နွားနို့ဘဝကနေ ချိစ်ကိတ်မုန့်တုံးလေး လက်ထဲရောက်လာတဲ့အချိန်အထိ timeline တလျှောက်ဖြစ်ပေါ်လာတဲ့ မိန်းကလေးတို့ကြားက ချစ်ခြင်းတရားတွေကို မြင်တွေ့ရမှာပါ။ပထမအဆင့် - ကွာလတီကောင်းတဲ့နွားနို့ရအောင် နွားခြံပိုင်ရှင်ကောင်မလေးဖန်းနဲ့ သူ့သူငယ်ချင်းဖွန်တို့ရဲ့ ရုန်းကန်လှုပ်ရှားပုံ၊ ဒုတိယအဆင့် - ချိစ်လုပ်တဲ့သင်တန်းပိုင်ရှင်သမီး နောင်းနဲ့ အိမ်ရဲ့ဒဏ်မခံနိုင်လို့ ‌နောင်းတို့ရဲ့ဧည့်ရိပ်သာဆီရောက်လာတဲ့ အိုင်ရင်းတို့ရဲ့လက်ရာ ချိစ်လေး၊ တတိယအဆင့် - ချိစ်ကိုမြို့ပေါ်တင်ပို့ရမယ့် Delivery သမားပရန်နဲ့ လမ်းကြုံလိုက်လာတဲ့ တစ်ချိန်ကမြတ်နိုးရသူ မြူတို့ အတိတ်ကချစ်ခြင်းကိုတူးဆွမိသွားတဲ့ ခရီးလမ်းရှည်နဲ့ နောက်ဆုံးအဆင့် ...
movie

The Cheese Sisters (2022)

2022
Even if This Love Disappears from the World Tonight(2022) 7.2
Even if This Love Disappears from the World Tonight(2022) Even if This Love Disappears from the World Tonight(2022)******************************************************** ဒီရုပ်ရှင်လေးဟာ 2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Tomorrow I Will Date With Yesterday’s Youရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးတည်းကပဲရိုက်ကူးထားပြီး ကြည်ကြည်နူးနူး ဆွေးဆွေးမြေ့မြေ့ ခံစားရမယ့်ခံစားချက်vibeလေးကလည်းအတူတူပါပဲ။ ဇာတ်လမ်းအကြောင်းအရာကတော့ Toruဟာသူငယ်ချင်းဖြစ်သူအနိုင်ကျင့်ခံရတာကနေကယ်တင်ဖို့ဆိုပြီး Hinoဆိုတဲ့အတန်းဖော်ကောင်မလေးဆီ ချစ်ကြိုက်ကြောင်းဟန်ဆောင်ဝန်ခံခဲ့ရပါတယ်။ Hinoကလည်း Toruကိုရည်းစားအဖြစ်လက်ခံခဲ့ပေမယ့်စည်းကမ်းချက်လေးသုံးချက်ကိုတော့ လိုက်နာခိုင်းပါသတဲ့။ ၃ချက်ထဲက တစ်ချက်ကတော့ တကယ်ချစ်သွားလို့မရဘူး ဆိုတာပါပဲ။ နောက်ပြီး Hinoဆိုတဲ့အမျိုးသမီးလေးဟာ ကားမတော်တဆမှုတစ်ခုကြောင့်မှတ်ဉာဏ်အသစ်တွေမမှတ်နိုင်ဘဲ အိပ်ပျော်သွားတာနဲ့ ဒီနေ့အတွက်မှတ်ဉာဏ်တွေပျောက်သွားရသူပါ။အဲ့ဒီနောက်မှာတော့...................File Size :(1.4GB) and (549MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…02:01:00 Genre :Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Even if This Love Disappears from the World Tonight(2022)

Suite Francaise (2014) 7.0
Suite Francaise (2014) Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo ...
movie

Suite Francaise (2014)

Tonight You’re Sleeping with Me (2023) 4.3
Tonight You’re Sleeping with Me (2023) Tonight You're Sleeping with Me (2023) =============================ပိုလန်နိုင်ငံရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်ကားလေးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မမနဲ့မောင်လေးဟာ တွေ့ခဲ့ကြတယ်၊ သိပ်ချစ်ခဲ့ကြတယ် စိတ်ကူးတွေယဉ်ခဲ့ကြတယ် ဒါပေမဲ့ မပေါင်းဖက် ခဲ့ရပါဘူး။ ဒီလိုနဲ့ ခုလက်ရှိမှာတော့ မမက သမီးလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် ဖြစ်နေပါပြီ။ဖြစ်ချင်တော့ မောင်လေးက တခြားနိုင်ငံက ပြန်လာပြီး အလုပ်ဝင် လျှောက်တာ မမရဲ့ဌာနကို ကွက်တိ ဖြစ်နေပါတော့တယ်။ မမက လည်း အိမ်ထောင်ရေးမှာက ကတောက်ကဆတွေနဲ့ သာယာတာ မဟုတ် ယောက်ျားဖြစ်သူနဲ့ လိုချင်တာမရ ဆန္ဒမပြည့်ဝနေခဲ့သူ။ မောင်လေးကလည်း ဘယ်နှနှစ်ကြာကြာ မမမှ မမဆိုတဲ့ ကောင်ဇိုး လေးပေါ့။ အဲဒါနဲ့ တစ်နေ့ကျတော့ မမရဲ့ယောက်ျားဖြစ်သူဟာ မမကိုလည်း မတိုင်ပင်ပဲ အပန်းဖြေခရီးဆိုပြီး အိုင်းစ်လန်းကို တစ်လ သွားသာယာပါတော့တယ်။ဘာပြောကောင်းမလဲ ပေါက်ကွဲချင်ပေမယ့်မီးစနက်တံကောင်းကောင်း မရှိလို့ ထိန်းထားရတဲ့ မမတစ်ယောက်မောင်လေးရဲ့လောင်ကျွမ်းမီး တောက်ကြားမှာ ထိန်းမရ သိမ်းမရ ပေါက်ကွဲကုန်ကြပါတော့တယ်။ အဲဒါကြောင့် မမနဲ့မောင်လေး ရှေ့ဆက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ဆန္ဒကို သိက္ခာနဲ့ပဲ ထိန်းကြမလား၊ စိတ်လွတ်လက်လွတ် သားပစ်မယား ပစ် ပျော်ပါးကြမလား၊ ပျော်ရွှင်ရမလား ...
movie

Tonight You’re Sleeping with Me (2023)

2023
Sridevi Shoban Babu (2023) 7.3
Sridevi Shoban Babu (2023) Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့‌ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie

Sridevi Shoban Babu (2023)

2023
A Royal Surprise (2022) 5.9
A Royal Surprise (2022) A Royal Surprise (2022)အခုတင်ဆက်ပေးမယ့် ကားလေးကတော့ ပေါ့ပေါ့ပါးပါး Romance ကားလေးပဲဖြစ်ပါတယ်...ရိုင်လီဆိုတဲ့ စာအုပ်ဆိုင်ပိုင်ရှင်မလေးဟာ သူ့ကောင်လေး မန်ဒလာရဲ့ မိသားစုနဲ့သွားတွေ့ဖို့ မန်ဒလာနဲ့အတူ တောင်အာဖရိက ကို လိုက်သွားရဖို့ ဖြစ်လာပါတယ်။ အဲဒီကိုရောက်သွားချိန်မှာ ရိုင်လီသိလိုက်ရတာက မန်ဒလာဟာ သိပ်ကိုမှ ချမ်းသာတဲ့အပြင် တော်ဝင်မင်းသားတစ်ပါး ဖြစ်နေတာပါ။ဒီလို လျို့ဝှက်ချက်ကို ခုမှ သိလိုက်ရတဲ့ရိုင်လီအနေနဲ့ မန်ဒလာအပေါ် ယုံကြည်မှုက ယိမ်းယိုင်သွားပါတယ်။ မန်ဒလာရဲ့အမေ ဘုရင်မကြီးက ရိုင်လီလို သာမန်မိန်းကလေးကို မလိုလားပဲ မန်ဒလာရဲ့ Ex အယမ်ဒါကို ​ပိုသဘောကျနေတာက ကိစ္စတွေကို ပိုပြီးခက်ခဲရှုပ်ထွေးသွားစေတာပါ။ ရိုင်လီရဲ့ မန်ဒလာရဲ့ ရိုမန့်တစ် ချစ်ခရီးလမ်းမှာ ကြုံလာရတဲ့ အခက်အခဲတွေကို သူတို့ ကျော်ဖြတ်နိုင်ပါ့မလား... မန်ဒလာ့ကို ချစ်နေသေးတဲ့ ex နဲ့ ဘုရင်မကြီးတို့က ရိုင်လီနဲ့မန်ဒလာရဲ့ ဆက်ဆံရေးကို ဝင်နှောင့်ယှက်တာတွေ အောင်မြင်ပါ့မလားဆိုတာကတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun ...
movie

A Royal Surprise (2022)

2022
Love and Love Not (2022) 7.3
Love and Love Not (2022) Love and Love Not (2022)~ IMDb rating - 7.2/10 ~"ကိုယ်အိမ်ပြန်လာပေးရမယ့်သူ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူတစ်စုံတစ်ယောက်ရှိတာ သိပ်ကောင်းတဲ့ကိစ္စတစ်ခုပဲ..." လမ်းခွဲပြီး ရည်းစားဟောင်းကို Move on မလုပ်နိုင်သေးတဲ့သူတစ်ယောက်ရဲ့ အထီးကျန်မှုကိုမြင်လိုက်ရတဲ့ Dialogue ပေါ့။2022 တုန်းကထွက်ခဲ့တဲ့ Romance ဇာတ်ကားသစ်ပါ။ဒါရိုက်တာ Anthony Cally ရဲ့တက်သစ်စသရုပ်ဆောင် Francesco D'Onofrio, Makenna Perkal တို့နဲ့ရိုက်ကူးထားတဲ့ဒီဇာတ်ကားက Romance ဆိုတာထက် Move on Story ဆန်ပါတယ်။နစ်ကီဆိုတဲ့ နယူးယောက်က ရုပ်ရှင်တည်းဖြတ်ရေးဌာနမှ ာအလုပ်လုပ်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးဟာ မွေးရပ်မြေ လော့စ်အိန်ဂျလိစ်က ရည်းစားဟောင်းလီလီကို မေ့မရသေးတဲ့သူပေါ့။ သူနဲ့လီလီရဲ့ဇာတ်ကြောင်းကိုတော့ အကျယ်တဝင့်မဖော်ပြထားပါဘူး။ နစ်ကီတို့ရဲ့ နွေရာသီအားလပ်ရက်သူငယ်ချင်းဟောင်းတွေ့ဆုံပွဲက Conversation အရ နစ်ကီနဲ့လီလီတို့ တွဲခဲ့ကြဖူးတယ်။ နစ်ကီရဲ့သူငယ်ချင်းတစ်ယောက်နဲ့ လီလီအတူအိပ်ခဲ့တဲ့ကိစ္စက နစ်ကီကိုအသဲကွဲစေခဲ့တယ်။နစ်ကီရဲ့မကောင်းတဲ့အချက်တစ်ခုက လိင်ကိစ္စကိုစွဲလမ်းနေတာပါ။ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတာရဲ့ ...
movie

Love and Love Not (2022)

2022
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
The Happy Camper(2023) 6.7
The Happy Camper(2023) The Happy Camper(2023)************************ဇာတ်ကားလေးကတော့ ဒေလွန်မိုက်ကယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူဘရန်ဒန့်နဲ့အတူ ဒိတ်တင်း app ကုမ္ပဏီလေးတစ်ခုကိုအတူတူလုပ်ကြတယ်။ ဘရန်ဒန်က အလုပ်ကိုပဲဦးစားပေးလွန်တဲ့အတွက် ဒေလွန်ဟာသူ့ကိုတဖြည်းဖြည်းစိတ်ပျက်လာပါတယ်။ တစ်နေ့ သူတို့ရဲ့ကုမ္ပဏီကိုရင်းနှီးမြှပ်နှံမယ့်သူဟာ ငွေကြေးထပ်မထုတ်ပေးတော့တဲ့အတွက်ကုမ္ပဏီကို ပိတ်ဖို့ဖြစ်လာပါတော့တယ်၊ ဘရန်ဒန်ကလည်း နောက်ထပ်ရင်းနှီးမြှုပ်နှံသူကိုလိုက်ရှာမယ် ၊ ဒေလွန်ကို ခဏအနားယူဖို့ပြောလိုက်တယ်၊ ဒီလိုနဲ့ ဒေလွန်ရဲ့အဖိုးက သူ့မြေးကိုလွမ်းလို့တွေ့ချင်နေကြောင်းအမေဖြစ်သူက ဖုန်းဆက်တယ်၊ လက်ရှိမှာအလုပ်မရှိတာရော စိတ်ညစ်တာရောဖြစ်နေတဲ့အတွက် မွေးရပ်မြေ ဆေးဗားဒေးမြို့ကို ပြန်သွားတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဘဝရဲ့ အလှည့်အပြောင်းမျိုးစုံတွေဆက်တိုက်ဖြစ်လာပါတော့တယ်...File Size :(1.6GB) and (747MBMB) Quality : WEB-DL1080P,720p Format…mp4 Duration…01:25:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

The Happy Camper(2023)

Chong Zi – The Snow Fairy Love ( 2023 ) 6
Chong Zi – The Snow Fairy Love ( 2023 ) ဟဲလို ဒီတစ်ခါ CM တင်ဆက်မယ့်ရုပ်ရှင်က The Journey of Chong Zi (2023)ရဲ့ Movie Version လေးပဲဖြစ်ပါတယ် ယင်ဆွေရှန်းဟာ ထျန်းစန်းနတ်ဂိုဏ်း ရွှယ်လင်ရဲ့တပည့်ဖြစ်ပြီး ဆရာ့ကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် န တ်ဂိုဏ်းစည်းမျဉ်းချိုးဖောက်မိပြီး နှင်ထုတ်ခံရတယ်။ရွှယ်လင်(နတ်မင်း)တာဝန်ဟာ လူသားတွေကို ကာကွယ်စောင့်ရှောက်ရတယ်။ ရွှယ်လင်ဟာယင်ဆွေရှန်းအပေါ် မေတ္တာသက်ဝင်မှုတွေကို စိတ်ထဲမြိုသိပ်ထားရတယ်။ ‌ ဒီလိုနဲ့ရွယ်လင်ဟာနတ်ဆိုးဘုရင်နီလွင်နဲ့ တိုက်ခိုက်ရမှ သေဆုံးသွားတယ် ယင်ဆွေရှန်း နတ်ဆိုးလောကမှာ ဘယ်လိုအခက်အခဲကြုံတွေ့နိုင်မလဲ ။ ရွှယ်လင်ဟာပြန်လည်နိုးထလာပြီးနောက် ယင်ဆွေရှန်းနဲ့အတူ ဇနီးမောင်နှံအဖြစ် လူ့ပြည်မှာနေထိုင်တယ်။ပြီးနောက် နတ်ဆိုးလောကက မိစ္ဆာမိဖုရား ရွှမ်လွေ့ကို ဖိနှိပ်ဖို့စေလွှတ်တဲ့အခါမှာ ရှောင်လန်(နတ်ပင်)နဲ့ မိစ္ဆာမိဖုရား ရွှမ်လွေ့တို့ရဲ့ အချစ်နဲ့အမုန်းတရားရန်ငြိုးတွေဖြစ်ပွားလာတော့ သူတို့လေးဦးကြားမှာ ဘယ်လိုအချိတ်ဆက်တွေရှိနိုင်မလဲ ယင်ဆွေရှန်း၊ ရွှယ်လင်တို့ကြား ဘယ်လိုအထင်လွှဲမှုတွေဖြစ်လာပြီး ပြေလည်သွားမလဲ သူတို့နှစ်ဦးရဲ့ အချင်းချင်းပေးဆပ်မှု၊ ကာကွယ်မှုနှင့် ယုံကြည်မှုတို့ကို CM ပရိတ်သတ်တို့စောင့်မျှော်ကြည်ရှုကြပါရှင် [ Reviewed By Mei Mei ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance Runtime : 1h ...
movie

Chong Zi – The Snow Fairy Love ( 2023 )

Casando a mi Ex (2023) 5.1
Casando a mi Ex (2023) Casando a mi Ex (2023) =================မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ် ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစား ဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံ လိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့ အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ် ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbian သူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီ မင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလား ပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင် မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူး လေးကြည့်ရမယ့် healing drama လေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.81 GB) / (764 MB) / (441 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Chit Min Thu Encoder..........SWM
movie

Casando a mi Ex (2023)

2023
Soo (2022) 6
Soo (2022) Soo(2022)တောမတ်စ်ဆိုတဲ့ ပန်းချီဆရာ အမျိုးကောင်းသားလေးဟာ ပြစ်သစ်နိုင်ငံ ပဲရစ်စ် ရွှေမြို့တော်ကြီးကနေ မွေးရပ်ဌာနေဖြစ်တဲ့ အက်စတိုးနီးယားက ဆိုရူးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာ အစ်ကိုဖြစ်သူ ယိုဟန်နာ့စ်က မိဘဘိုးဘွားပိုင်ခြံကို ရောင်းပစ်ပြီး ခြံအသစ်မှာ လီစ်ဆိုတဲ့ ဇနီးချောလေးနဲ့ အခြေကျနေပါတယ်။တစ်နေ့တော့ ဆိုရူးရွာစပ်က နွံတွေထူထပ်တဲ့ စိမ့်တောထဲမှာ ပန်းချီဆွဲဖို့ ကုန်ကြမ်းရှာရင်း တောမတ်စ်တစ်ယောက် ဟီလ်ဒါဆိုတဲ့ ကောင်မလေးနဲ့ ဆုံစည်းမိသွားပါတယ်။ဟီလ်ဒါက အရက်သမားအဖေရဲ့ကောင်းမှုကြောင့် လူရမ်းကား မာဂျာ့ခ်နဲ့ အလိုမတူဘဲ လက်ထပ်ရတော့မလို ဖြစ်နေပြီး ခိုကိုးရာမဲ့နေသူပါ။ အဲဒီမှာ မေတ္တာတရားကြီးမားလှတဲ့ တောမတ်စ်က ကောင်မလေးအတွက် လူစွမ်းကောင်း လုပ်ပေးဖို့ ကြိုးစားတဲ့အခါမှာတော့…ပထမကမ္ဘာစစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အက်စတိုးနီးယား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6.1 ရရှိထားပါတယ်။ သည်းထိတ်ရင်ဖို ရိုမန့်ဆန်တာမျိုးကို ကြိုက်ရင်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File ...
movie

Soo (2022)

2022
Ju Dou (1990) 7.6
Ju Dou (1990) Ju Dou (1990)~ IMDb - 7.6/10, Rotten Tomatoes - 100% ~ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ...
movie

Ju Dou (1990)

1990
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004