Channel Myanmar

Romance

Funny Couple (2024) 6.3
Funny Couple (2024)  Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

Funny Couple (2024)

A Very Vermont Christmas (2024)
A Very Vermont Christmas (2024)  ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe's ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ ...
movie

A Very Vermont Christmas (2024)

With Love, Your Sweetly Salted (2023) 6.1
With Love, Your Sweetly Salted (2023)  အယ်လီ ဟာ ချီကာကို က စာဖတ်သူတွေရဲ့ အားပေးမှုကို ရရှိထားတဲ့ Sweety Salted အချိုကဲ အငံဓာတ် နာမည်ပြောင် သုံးပြီး ရေးတဲ့ အစားအသောက်ဝေဖန်သူတစ်ယောက်ပါ......ဂုဏ်သတင်းကျော်ကြားပြီး လူပုံဓာတ်ပုံရိုက်မခံလို့ သူ့ကို နာမည်သာ ကြားဖူးကြပြီး ဘယ်သူမှ မမြင်ဘူးကြတဲ့ စာဖိုမှုး ဆတ်ရေနယ်ဒို ဆိုင်သစ်ဖွင့်တော့ အယ်လီရေးလိုက်တဲ့ သူ့ဆိုင်က ဂျဘရီတို အကြောင်းဝေဖန်ချက်ကြောင့် အယ်လီအတွက်ရော ဆတ်အတွက်ပါ အဆင်မပြေမှုတွေဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ပြီး တခါမှမတွေ့ဘူးတဲ့ သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံကြမယ်ဆိုမလဲဆိုတာ ငြိမ့်ငြိမ့်ညောင်းညောင်းကြည့်ရှုခံစားရမှာပါအစားအသောက်ကားလေးတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

With Love, Your Sweetly Salted (2023)

Still Fabulous (2024)
Still Fabulous (2024) Still Fabulous (2024)ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy/ Romance ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ (18+ Warning အဖော်အချွတ်အခန်းတွေ၊ မိသားစုနဲ့ ကြည့်ရန်မသင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ပါတယ်)။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလေနာဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတီး၊ အထင်သေး၊ ယုံကြည်ချက်မရှိတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ယောက်ပါ။ သူ့ကိုယ်သူလည်း မုန်းတီးနေသလို ယောကျ်ားတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို ကြိုက်မှာမဟုတ်ဘူးလို့ ထင်နေပါတယ်။ အလုပ်ကလည်း တခြားတစ်ယောက်ရဲ့ ကိုယ်စား နောက်ကွယ်ကနေ အစားရေးပေးရတဲ့ ဆရာရေးဆရာမ လုပ်ကို လုပ်နေရတာပါ။ ဒီလိုတွေဖုံးကွယ်ထားရင်း ဘဝကို ရှင်သန်နေသူပါ။ အလုပ်က ဒိုနာတိုဆိုတဲ့ အယ်ဒီတာတစ်ယောက်ကိုလည်း တဖက်သတ် ကြိုက်နေတာပါ။ မက်ဒလေနာလည်း အပြာကားဝဘ်ဆိုဒ်တွေ ဝင်ကြည့်ရင်း ထူးဆန်းစွာပဲ ဗလန်တီနာဆိုတဲ့ အပြာကားမင်းသမီး တစ်ယောက် သူ့အနားမှာ ပေါ်လာပါတယ်။ ဗလန်တီနာ့ကို သူ တစ်ယောက်ပဲ မြင်ရတာပါ။ ဗလန်တီနာလည်း ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ မက်ဒလေနာ့ကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ မက်ဒလေနာတစ်ယောက် ဗလန်တီနာ့အကူအညီနဲ့ သူ့ဘဝကို ဘယ်လိုတွေ ပြောင်းလဲပစ်လိုက်မလဲ......အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ...
movie

Still Fabulous (2024)

2024
Romantic Island (2008) 6.2
Romantic Island (2008) Romantic Island (2008)ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့... မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Romantic Island (2008)

2008
4 Years, 2 Guys, 1 Love (2016) 5.4
4 Years, 2 Guys, 1 Love (2016) 4 Years, 2 Guys, 1 Love (2016)ဘဝမှာ တွေ့ဆုံမှုပေါင်းစုံရှိတယ်။တစ်ချို့တွေ့ဆုံမှုတွေက အခိုက်အတန့်တစ်ခု , တစ်ချို့တွေ့ဆုံမှုတွေက ကြာရှည်သော , တစ်ချို့တွေ့ဆုံမှုတွေက သက်ဆုံးတိုင်။တွေ့ဆုံမှုတိုင်းမှာ သူ့အကြောင်းတရားနဲ့ သူဖွဲ့စည်းထားတယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးကို သူသွေဖီပြီး မသွားဘူးတဲ့။ ဒီလိုနဲ့ ဝင်ရိုးလိုအချစ်တွေဆီ ကမ္ဘာတွေ လည်ပြန်လာကြတယ်။ တစ်ခါတလေလည်း ဝေးကောင်းဝေးကြမှာပေါ့။ ဒါပေမဲ့ ကမ္ဘာလည်နေတာမို့ တစ်နေ့တော့ ဒီဆုံမှတ်ကို ငါတို့ပြန်ရောက်ကြမှာပဲ။ သာယာတဲ့နွေဦးဘယ်နှလီထိ ဝေးကြမလဲ။ ကမ္ဘာဟာ လည်နေတာမို့....အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p File size… 1.32GB | 666MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron
movie

4 Years, 2 Guys, 1 Love (2016)

2016
Polarized (2023) 6.6
Polarized (2023)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်းမိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီးဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာမြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေမန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေဖြစ်လာချိန်မှာတော့...။ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင်တာမို့ ...
movie

Polarized (2023)

Masked Hearts (2023) 6.2
Masked Hearts (2023) Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p ...
movie

Masked Hearts (2023)

The Summer of Sangaile (2015) 6.4
The Summer of Sangaile (2015)  The Summer of Sangaile (2015) Sangailes vasaraIMDb Rating -6.4  ၊ Rotten Tomatoes -75%စကားတွေအများကြီး မပြောပဲ သရုပ်ဆောင်ချက်လေးတွေ နောက်ခံသံစဉ်လေးတွေ ရိုက်ချက်လေးတွေနဲ့ ဖော်ကျူးသွားတဲ့ ဆယ်ကျော်သက် GL ကားလေး တင်ဆက်ပေးလိုက်ပါရစေ။ထူးထူးခြားခြား ဖြစ်တာတော့ ကြည့်ဖူးနေကျ မြင်ဖူးနေကြ နိုင်ငံက ရုပ်ရှင်မဟုတ်ပဲ လစ်သူရေနီးယား ရုပ်ရှင်တစ်ကား ဖြစ်နေတာပါ။ဒါပေမဲ့လည်း Sundance ရုပ်ရှင်ပြပွဲမှာလိုတောင် ထည့်သွင်းပြသခဲ့တဲ့ကားဟောင်း ဖြစ်ပါတယ်။ဆန်ဂါလီဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးက စတန့်ပြလေယာဉ်တွေကို သဘောကျ နှစ်ခြိုက်သူတစ်ဦးပါ။မိခင်ဖြစ်သူရဲ့ တင်းကြပ်တဲ့ အုပ်ထိန်းမှုကြောင့် လေးလေးလံလံနဲ့ အဖော်အပေါင်းမရှိ အထီးကျန်သူလေး တစ်ဦးပေါ့။တစ်နေ့တော့ လေယာဉ်ပြပွဲတစ်ခုကို သွားလည်ရင် သူနဲ့ ဆန့်ကျင်ဖက်လို့ ပြောလို့ရမယ့် တက်တက်ကြွကြွနဲ့ ဖော်ရွေတတ်သူ ကောင်မလေး သြစတီနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ဒီလိုနဲ့ ခင်မင်ကြတဲ့နောက် ဆန်ဂါလီဟာ သူ့ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေ အကြောက်တရားတွေကိုပါ ...
movie

The Summer of Sangaile (2015)

Reversed Destiny ( 2024 ) 6
Reversed Destiny ( 2024 ) အတူတူလျှောက်လှမ်းခဲ့တဲ့လူတွေဟာတစ်ချိန်ချိန်မှာ ခွဲခွာရမှာပဲ ဆုံးရှုံးလိုက်ရတဲ့အရာတွေက အတိတ်လို့ပဲထင်ခဲ့တယ်။ ဒါပေမယ့် ငယ်ရွယ်နုပျိုခဲ့တဲ့အချိန်တွေကိုနောက်ပြန်လှည့်ကြည့်လိုက်မှ ပိုင်ဆိုင်ခဲ့ဖူးတာတွေက အကြီးမားဆုံးကံကောင်းခြင်းဆိုတာသိလိုက်ရတယ်။ သဲနာရီဟာတစ်ဖက်ကနေသဲမှုန်တွေအကုန်ကျသွားဖို့ ၉၉စက္ကန့်ကြာတယ်လို့ဆိုတယ်။ ဘဝမှာအခက်အခဲတွေဘယ်လောက်ပဲကြုံနေရပါစေ ၉၉စက္ကန့်အတွင်းမှာ သဲနာရီလိုအခြေနေတွေပြောင်းလဲသွားဖို့ဖြစ်နိုင်ပါတယ်။ဇာတ်လမ်းလေးကတော့...... အမေဖြစ်တဲ့သူက တခြားကလေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းသေဆုံးသွားတယ်။ အဲဒီအချိန်ကစပြီးတော့ အဖေဖြစ်သူကအရက်ကိုပဲနေ့ညမပြတ်နေခဲ့ပြီးတော့ အတန်းဖော်တွေကရှောင်ဖယ်ပြီး အနိုင်ကျင့်တာခံနေရတဲ့ မိခင်မဲ့သူ ...... မော့ရှင်ရှင် ချမ်းသာပြီး အရာရာပြီးပြည့်စုံတဲ့ တောက်ပတဲ့နေရောင်လို မှောင်မိုက်တဲ့မော့ရှင်ရှင်ရဲ့ဘဝထဲကိုဝင်လာသူ ...... မီရှား ဒါရိုက်တာဖြစ်ဖို့အိပ်မက်ရှိပြီး နွေးထွေးတဲ့စီနီယာတစ်ယောက်ဖြစ်တဲ့လုလီ (၃)ယောက်အတူအမှတ်ရစရာကောင်းတဲ့ အထက်တန်းကျောင်းသားဘဝကိုကျော်ဖြတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။လူငယ်လေးတွေရင်ထဲက ခါးသီးမှု၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်မှုနဲ့ ထိရှလွယ်တဲ့စိတ်ခံစားချက်တွေကြောင့် အချစ်နဲ့ကာကွယ်မှုတွေကိုတွန်းဖယ်မိကြတယ်။ အချိန်နာရီတွေကြာလာတာနဲ့အမျှနုပျိုခြင်းတွေနဲ့ခွဲခွာကြရတယ်။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာတော့ မေ့ပျောက်ခံရတဲ့အတိတ်က အမှတ်တရတွေကို သဲနာရီကပဲအမှတ်ရပေးနေလိမ့်မယ်ထင်ပါတယ်။ အတိတ်ကိုပြန်လှည့်ကြည့်တဲ့အခါ ပြုံးနေနိုင်ဖို့ လက်ရှိပိုင်ဆိုင်ထားတာတွေကို တန်ဖိုးထားနိုင်ဖို့မျှော်လင့်ပါတယ်။ Filesize : 1.27 GB / 774 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance  Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Reversed Destiny ( 2024 )

Mascarpone: The Rainbow Cake (2024) 6.0
Mascarpone: The Rainbow Cake (2024)  ဒီတစ်ခါမှာတော့ ဒါရိုက်တာ Alessandro Guida ရိုက်ကူးထားတဲ့ ၂၀၂၄ ခုနှစ်ထွက် အချစ်ဟာသ အီတလီ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ အောင်မြင်နေတဲ့ကိတ်မုန့်စားဖိုမှူးဖြစ်တဲ့ အန်တိုနီယို နဲ့ သူ့အချစ်ဟောင်း လူကာတို့ ပြန်တွေ့ဖြစ်ကြတဲ့ သူတို့ရဲ့နှစ်ဦးရဲ့သူငယ်ချင်းဖြစ်တဲ့ ဒင်နစ် သေဆုံးပြီး သုံးနှစ်ကြာကာလကို အခြေခံထားပါတယ်။ပြန်တွေ့ချိန်မှာ အန်တိုနီယို ကတော့ လူကာ အပေါ် ခံစားချက်တွေကျန်နေတုန်းပဲ ဆိုပေမယ့် လူကာမှာတော့ တန်ခရက်ဒီ ဆိုတဲ့ နောက်ထပ်ကောင်လေးတစ်ယောက်ရှိနေပါပြီ။ဒါပေမယ့် အန်တိုနီယိုက လက်မလျှော့ဘဲ အတိတ်ကသူတို့ရဲ့ ပတ်သက်မှုကြောင့်ပဲ လူကာ နဲ့ အတူပြန်နေရမှဖြစ်မယ်ဆိုပြီး ယုံကြည်ထားတဲ့အခါ အန်တို တစ်ယောက် လူကာ့ကို ပြန်ရဖို့အရေး ကြိုးစားပါတော့တယ်။အန်တိုနီယို က လူကာနဲ့ပဲ ပြန်တွဲဖြစ်မလား တန်ခရက်ဒီ နဲ့ကရော ဘာဖြစ်သွားမလဲ ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ File size…(1.6 GB)/(760 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre... ...
movie

Mascarpone: The Rainbow Cake (2024)

Atonement (2007) 7.8
Atonement (2007) AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie

Atonement (2007)

2007
Ikaw At Ako (2023) 6.0
Ikaw At Ako (2023) အန်တွန်နဲ့မာဂါတိုက သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ကာလရှည်သီးခြားနေထိုင်ခဲ့ပြီး အခုချိန်မှာတော့ မာဂါက ကွာရှင်းမှုကို တရားဝင်ဖြစ်စေဖို ရှေ့နေနဲ့တိုင်ပင်ပြီး စာရွက်စာတမ်းတွေလည်းပြင်ဆင်ထားပြီးပါပြီ။ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖိုအန်တွန်ကို ဆက်သွယ်လိုက်တဲ့အချိန်မှာ အန်တွန်က သူ့မှာရောဂါဆိုးတစ်ခုကြောင့် လအနည်းငယ်သာအချိန်ကျန်တော့ကြောင်းနဲ့ကျန်ရှိနေသေးတဲ့ နေ့ရက်တွေကို မာဂါနဲ့အတူမိသားစုဘ၀ပြည့်ပြည့်စုံစုံဖြတ်သန်းသွားချင်ကြောင်း တောင်းဆိုလာပါတယ်။ ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်အနာကြီးနာနေတဲ့ မာဂါက အန်တွန်ကို တစ်ပတ်တာ ခရီးစဉ်တစ်ခုသာလိုက်လျောခဲ့ပြီး အဲ့ဒီခရီးစဉ်ကပြန်လာတဲ့အချိန်မှာတော့ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးရမယ်လိုဆိုလာပါတယ်။အဲ့ဒီခရီးစဉ်က သူတိုရဲ့ အချစ်တွေကို တဖန်ပြန်လည်နိုးထလာစေမလား၊ ဒါမှမဟုတ် အတိတ်ကဒဏ်ရာတွေပဲ အုံကြွစရာဖြစ်လာမလားဆိုတာကို ဆက်လက်ရှုစားကြပါ။ ဒီဇာတ်ကားမှာတော့ မတူညီတဲ့အခြေအနေတွေကိုရင်ဆိုင်ဖြတ်သန်းနေရတဲ့ စုံတွဲသုံးတွဲ၊ ဇာတ်လမ်းသုံးခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။အစပိုင်းမှာ သီးခြားဇာတ်ကောင်တွေလိုထင်နေရပေမယ့် တစ်ဖြည်းဖြည်းနဲ့ဇာတ်ရှိန်မြင့်လာတဲ့အခါ သူတိုချင်းရဲ့ဆက်နွယ်မှုတွေအချိတ်အဆက်တွေကိုတွေ့မြင်လာရမှာပါ။ ချစ်စရာ၊ကြည်နူးစရာ ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.3GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias
movie

Ikaw At Ako (2023)

How to Steal a Million (1966) 7.5
How to Steal a Million (1966)  နာမည်အတိုင်းပါပဲ Criminal ကို အချစ်၊ ဟာသလေးတွေနဲ့ အားထပ်ဖြည့်ထားတဲ့ ဇာတ်မြူးဖောက်ထွင်းရေး ရုပ်ရှင် ဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ အဘိုးတို့ခေတ် (၁၉၆၆ ခုနှစ်)က ရုပ်ရှင်ဖြစ်တဲ့အတွက် စိတ်တွေမွန်းကြပ်လို့ ရုပ်ရှင်ကားဟောင်းတွေ ကြည့်ရင်း ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေချင်တဲ့သူတွေအတွက် အံကိုက်စေမယ့် ရုပ်ရှင်လေးတစ်ကားပါ။နီကိုးလ်ရဲ့ အ​ဖေဟာ ပန်းချီကားတွေကို အတုပြန်ဆွဲပြီး ရောင်းချတဲ့သူဖြစ်ပါတယ်။ နီကိုးလ်ကတော့ အဖေဖြစ်သူကို တားမရတဲ့အဆုံးလွှတ်ထာရပြီး တရက်မှာတော့ အိမ်မှာ ဖခင်ဖြစ်သူရဲ့ နာမည်ကျော် ရုပ်တုအတုကို ပြတိုက်မှာပြဖို့ ဖခင်က ဆုံးဖြတ်လိုက်ပါတယ်။ ပြတိုက်မှာ ရုပ်တုဖွင့်ပွဲအတွက် အိမ်မှာ လူမရှိတုန်း အိမ်ကို သူခိုးကပ်လို့ နီကိုးလ်တစ်ယောက် ရင်ဆိုင်ဖြေရှင်းရင်း သူခိုးရဲ့လက်မောင်းကို မတော်တဆ သေနတ်နဲ့ပစ်လိုက်မိပါတယ်။ အဲ့လိုကနေ သူခိုး(ဒါးမော့တ်) နဲ့ နီကိုးလ်တို့ ခဏခဏ တွေ့ဆုံဖြစ်ကြပြီးနောက်မှာတော့ မမြင်ရတဲ့ ကြိုးလေးတွေ ဖြစ်တည်လာပါတော့တယ်။ နှစ်ဦးနှစ်ဖက်ကလည်း အချင်းချင်း ခံစားချက်တွေရှိကြပါတယ်။တရက်မှာတော့ ...
movie

How to Steal a Million (1966)

Do You Love Me as I Love You ( 2020 ) 5.8
Do You Love Me as I Love You ( 2020 ) ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ်ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါတစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါအဲ့ဒါကတော့... တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော် Filesize : 1.78 GB / 1.01 GB Quality ...
movie

Do You Love Me as I Love You ( 2020 )

Ash Is Purest White ( 2018 ) 7.0
Ash Is Purest White ( 2018 ) ပြာဆိုတာ အသန့်စင်ဆုံး အဖြူရောင်ပါတဲ့။ အရမ်းကိုပူပြင်းတဲ့အခြေအနေတစ်ခုမှာ အရာဝတ္ထုတွေက စင်ကြယ်သွားတတ်ပါတယ်တဲ့။ အဲဒါကြောင့် အပူချိန်အများဆုံးကိုခံရတဲ့ ပြာရဲ့ အဖြူရောင်ကို အစင်ကြယ်ဆုံးပါလို့ပြောထားပါတယ်။ဒီဇာတ်ကားမှာမြေအောက်လောက အဖွဲ့တစ်ခုက ခေါင်းဆောင်ရဲ့ ချစ်သူဖြစ်တဲ့ Zhao Qiao ရဲ့ လောကဓံကြားမှာ အပူပြင်းပြင်းပေးခံရပြီး သူ့ရဲ့ အကောင်းဆုံးအရည်အသွေးကို ရရှိလာတဲ့အကြောင်းရိုက်ကူးထားပါတယ်။ပြီးတော့ သူ့ရဲ့ချစ်သူအပေါ်ထားတဲ့ အချစ်ကြီးပုံကို ကြည့်တဲ့သူတိုင်း ကူးစက်ခံစားစေမှာအသေအချာပါပဲ။ မျက်ရည်ဝဲရမယ့် ဇာတ်ကားမဟုတ်ပေမဲ့ မဲ့ပြုံးလေးတော့ ပြုံးဖြစ်မှာ သေချာပါတယ်။ဒီဇာတ်ကားကို Cannes Film Festival မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ IMDB Rating ကတော့ 7 ဖြစ်ပြီး အမှတ်ပေးကပ်စေးကုတ်တဲ့ Rotten Tomato ဆိုတဲ့ ခရမ်းချဉ်သီးတွေကတော့ 100% ပေးထားပါတယ်။ဒီဇာတ်ကားလေးက ခပ်အေးအေး Drama ဖြစ်ပေမယ့် ဇာတ်ကားနဲ့အတူ စီးမျောသွားစေမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်ကတော့ Gone With the Wind ဇာတ်ကားကို Chinese Version နဲ့တွေ့လိုက်ရသလိုပါပဲ။ ဘာသာပြန်နဲ့ အညွှန်း d3mon ဖြစ်ပါတယ် Filesize : 1.85 GB / 1.01 GB Quality : WEB-DL ...
movie

Ash Is Purest White ( 2018 )

Biyaheng Langit (2000) 6.1
Biyaheng Langit (2000) ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Biyaheng Langit (2000)

[18+] Devil in the Flesh (1986) 5.7
[18+] Devil in the Flesh (1986) Devil in the Flesh (1986) Diavolo in corpoဒီဇာတ်ကားကတော့ အီတလီ ရိုမန့်ဒရမ်မာရုပ်ရှင်ကားဖြစ်ပါတယ်။ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။အီတလီရဲ့အချောအလှ မင်းသမီး Rose McGowan နဲ့ မင်းသား Alex McArthur တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....စီနီယာ အထက်တန်းကျောင်းသားဖြစ်တဲ့ Andrea ဆိုတဲ့ကောင်လေးဟာ Guilia ဆိုတဲ့ မမကြီးတစ်ယောက်ကို ကျောင်းပြတင်းပေါက်ကနေတွေ့ပြီး စွဲလမ်းသွားခဲ့တယ်။Guilia မှာက ထောင်ကျနေတဲ့ခင်ပွန်းသည်ရှိပြီး Andrea နဲ့ သူမတို့ဟာ ဘာဘာညာညာဇာတ်လမ်းတွေဆက်ဖြစ်ဖို့ တာစူနေကြပါတယ်။ထူးဆန်းတာက Guilia ဟာ စိတ်ရောဂါဝေဒနာခံစားရနေသူတစ်ယောက်ပါ။သူမကို ကုသပေးနေတဲ့ ဆရာဝန်က Andrea ရဲ့အဖေဖြစ်နေပါတယ်။မကြာခင်မှာပဲ Guilia နဲ့ Andrea တို့ရဲ့ ဆက်ဆံရေးကို Andrea ရဲ့အဖေဖြစ်သူက ရိပ်မိသွားတဲ့အပြင်Guilia ရဲ့ခင်ပွန်းဆိုသူပါ ထောင်ကလွတ်လာတော့မယ်ဆိုတော့ကာ...သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းကြီးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ........။(Dark Side Production မှ တင်ဆက်သည်။) File size…(4.7 GB)/ (1.1 GB) Quality…BluRay ...
movie

[18+] Devil in the Flesh (1986)

Mulan Legend ( 2020 ) 5.8
Mulan Legend ( 2020 ) တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။ Filesize : 1.69 GB / 973 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Mulan Legend ( 2020 )

Vamps (2012) 5.3
Vamps (2012) Vamps (2012) IMDb: 5.3/10 Genre: Comdey, Horror, Romanceဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ File size…    1.9 GB /  973 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie

Vamps (2012)